အခန်း (၅၅၀-၅၅၂)
Vol. 37 Ch. 550-552
အပိုင်း ၅၅၀ - ၅ယောက်တစ်ယောက် ရင်ဆိုင်ခြင်း၊ ဓားတစ်ချက်ဖြင့် ပါရမီရှင်များကို ဖျက်ဆီးခြင်း
ရွှီယန်က ခေါင်းမော့ကြည့်လိုက်ပြီးနောက် လှံရှည်တစ်ချောင်းကို ကိုင်ဆောင်ကာ ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။
သူ၏ဝတ်စုံကို ကြည့်လိုက်သည်နှင့် တစ်ဖက်လူသည် နိုင်ငံ၃နိုင်ငံမှ တစ်ခုဖြစ်သည့် ဝိန်နိုင်ငံမှ ဖြစ်ကြောင်းကို ရှင်းလင်းစွာ သိမြင်နိုင်သည်။
မုမိသားစု၏ သတင်းအချက်အလက် စာအုပ်ထဲတွင် ဝိန်မိသားစုအကြောင်း မိတ်ဆက်ပေးမှု ပါရှိ၏။ ဝိန်တော်ဝင်မိသားစု၏ လက်ရှိမျိုးဆက်တွင် ပါရမီရှင်နှစ်ယောက်တို့ကို မွေးထုတ်ခဲ့ပြီး တစ်ယောက်မှာ လှံပညာကို ကျင့်ကြံသည်။ ဝိန်ယွမ်ဟု ခေါ်၏။
သူသည် အစောပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီးဖြစ်ကာ အလယ်အလတ်အဆင့်သို့ ဝင်ရောက်ရန် ခြေတစ်လှမ်းသာ ကွာဝေးတော့သည်။
သူ၏ ကျင့်ကြံမှုအဆင့်သည်လည်း အလွန်တည်ငြိမ်၏။ ကျင့်ကြံသည့်ကျင့်စဉ်တို့မှာ သိုင်းတစ်ထောင်ခန်းမမှ မြစ်ဖျားခံလာရာ သူ့ကို အဆင့်တူများထက် ပိုမို စွမ်းအားကြီးမားစေသည်။
သို့ပေမယ့် အစောပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့်ရှိ ထိုကဲ့သို့သော ပါရမီရှင်တစ်ယောက်သည် ရွှီယန်၏ မျက်လုံးထဲသို့ ဝင်ခြင်းမရှိပေ။ သူသည် ဒဏ္ဍာရီဆန်သည့် စိတ်ဝိဉာဉ်ခန္ဓာပိုင်ရှင်များကိုသာ အာရုံအနည်းငယ် ထားမည် ဖြစ်၏။
"ရွှီယန်... မင်းက မောက်မာလွန်းတယ်.."
ဝိန်ယွမ်၏ ရောက်ရှိလာမှုနှင့်အတူ နောက်ထပ် ပါရမီရှင်နှစ်ယောက်တို့လည်း ပေါ်လာကြသည်။
'တစ်ယောက်က ဂိုဏ်းကြီး၇ဂိုဏ်းထဲက ဆေဘာ၁၀၀ဂိုဏ်းရဲ့ လူဖြစ်ပြီး နောက်တစ်ယောက်က မိသားစုကြီး၈ခုထဲက ဝိန်မိသားစုရဲ့လူဖြစ်တယ်။ ဒီလောက်ဆိုရင် လုံလောက်လောက်တယ်..'
ရွှီယန်က ကိုယ့်ကိုယ်ကိုယ် ရေရွတ်သည်။
သူသည် ဓားရှည်ဖြင့် ရှေ့သို့ချိန်ရွယ်လိုက်ကာ ပြော၏။
"မင်းတို့သုံးယောက်... တစ်ခါတည်း တိုက်ခိုက်ကြ... ငါအချိန်မဖြုန်းချင်ဘူး.."
"မင်းကို အရမ်းမောက်မာတယ်လို့ ငါအမြဲတမ်း ကြားခဲ့တယ်။ ဒါပေမယ့် ဒီနေ့မှာ နောက်ဆုံး မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ပြီ.."
ဝိန်ယွမ်က အေးစက်စွာပြော၏။
"မောက်မာတယ်ဆိုတာ မသိနားမလည်တဲ့သူတွေ ငါ့အပေါ်ကို မြင်တဲ့အမြင်ပဲ။ ငါရွှီယန်က ဘယ်တုန်းကမှ မမောက်မာခဲ့ဖူးဘူး။ ငါ့ရဲ့ စွမ်းဆောင်ရည်အပေါ် မူတည်ပြီးပဲ စကားပြောတယ်.."
ရွှီယန်က ထူးမခြားနားစွာ ပြောသည်။
တိုက်ပွဲပြင်ဆီသို့ လာရောက်ကြည့်ရှုကြသည့် သိုင်းသမားအရေအတွက်သည် ပိုမိုတိုးပွားလာခဲ့၏။ သိုင်းတစ်ထောင်ဒေသမှ သိုင်းသမားများအပြင် အခြားဒေသများမှ လှည့်လည်ကာ ရောက်ရှိလာသူများလည်း ရှိသည်။
ထို့အပြင် လေလွင့်သိုင်းသမားများနှင့် စိတ်ဝိဉာဉ်ဂိုဏ်းအသီးသီးရှိ သိုင်းသမားများသည် ဆက်တိုက် စုစည်းလာနေ၏။
ဘာပဲဖြစ်ဖြစ် သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးရှေ့တွင် စင်မြင့်တစ်ခုကို တည်ဆောက်ကာ စိန်ခေါ်ပွဲတစ်ခု ကျင်းပခြင်းက မကြားစဖူး ကိစ္စဖြစ်သည်။
လေလွင့်သိုင်းသမားများပဲဖြစ်ဖြစ်၊ စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများမှ သိုင်းသမားများပဲဖြစ်ဖြစ် သူတို့အားလုံးသည် သမိုင်းတစ်ခုကို ကြုံတွေ့ရရန် စိတ်လှုပ်ရှားစွာဖြင့် အမြန်ရောက်ရှိလာခဲ့၏။
နောင်တွင် ဒီသမိုင်းတွင်မည့် အဖြစ်အပျက် တစ်ခုကို ကြုံတွေ့ကာ ပါဝင်ခဲ့ကြောင်းကို ကြွားဝါပြောဆိုနိုင်ပေလိမ့်မည်။
သိုင်းတစ်ထောင်ခန်းမက ထုတ်လွှတ်သည့် ဆုကြေးမှာလည်း စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများ အကြားတွင် ပျံ့နှံ့သွား၏။ သိုင်းတစ်ထောင်ဒေသရှိ ပါရမီရှင်များစွာတို့သည် ဤသည်ကို သိုင်းတစ်ထောင်ခန်းမ အတွင်းသို့ ဝင်ရောက်ရန် အခွင့်အရေးတစ်ခုဟု တွေ့မြင်လာပြီး ပါဝင်ဆင်နွှဲလိုကြသည်။
"မင်းက ဘယ်လောက် စွမ်းရည်ရှိလဲလို့.. ငါကြည့်ပါဦးမယ်.."
ဝိန်ယွမ်က ရှေ့သို့ တက်သွား၏။ သူ၏လှံရှည်က အေးစက်သည့် အလင်းရောင်တစ်ခု ပေါ်လာခဲ့သည်။ ကြီးမားသည့် မြွေကြီးတစ်ကောင်ကဲ့သို့ လှည့်ပတ်ကာ ရွှီယန်ဆီသို့ ပြေးဝင်သွား၏။
"ငါတို့တွေ အနိုင်အရှုံးပဲ ဆုံးဖြတ်ကြမှာလား။ ဒါမှမဟုတ် သေခြင်းရှင်ခြင်း တိုက်ပွဲအဖြစ် တိုက်ခိုက်မှာလား.."
ရွှီယန်က ဝိန်ယွမ်၏ တိုက်ခိုက်မှုကို ကာလိုက်ရင်းက လေးနက်စွာမေး၏။
"တိုက်ပွဲတစ်ခုမှာ သေခြင်းရှင်ခြင်းကပဲ အဆုံးအဖြတ်ပေးနိုင်တယ်.."
ဝိန်ယွမ်က အေးစက်စွာပြောသည်။
"မင်းကြောက်တယ်ဆိုရင် သိုင်းတစ်ထောင်ခန်းမဆီမှာ သွားပြီး ဒူးထောက်တောင်းပန်လှည့်။ ဖြစ်နိုင်တာက မင်းရဲ့အသက်ကို ကယ်တင်နိုင်လိမ့်မယ်.."
ရွှီယန်က နှာခေါင်းရှုံ့ကာ အေးစက်စွာ ပြောသည်။
"မင်းက သေချင်နေတယ် ဆိုတော့လည်း ငါကဖြည့်ဆည်းပေးရမှာပေါ့.."
သူသည် အခြားနှစ်ယောက်တို့ကို ခေါင်းမော့ကြည့်ကာ မေး၏။
"မင်းတို့နှစ်ယောက်ရော.."
"သေခြင်းရှင်ခြင်း တိုက်ပွဲပဲ.."
အခြားနှစ်ယောက်တို့ကလည်း တောင့်တင်းနေသည့် အသံများဖြင့် ဖြေကြားကြ၏။
ရွှီယန်က သက်ပြင်းချကာပြောသည်။
"ဒီစိတ်ဝိဉာဉ်ဂိုဏ်းရဲ့ ပါရမီရှင်တွေက ဘယ်လို သေလမ်းရှာရမလဲ ဆိုတာကို ကောင်းကောင်းသိကြတာပဲ.."
ကြည့်ရှု့နေသည့် သိုင်းသမားများ၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားသည်။ ရွှီယန်သည် အမှန်တကယ်ကို မောက်မာလှ၏။
"ဘုန်း.."
ရွှီယန်၏ မျက်လုံးများက ခက်ထန်သွားပြီး သူ၏ဓားကို လွှဲရမ်းလိုက်သည်။ ဓားချက်သုံးချက်တည်းနှင့် ဝိန်ယွမ်အား နောက်သို့ ဆက်တိုက်ဆုတ်ခွာသွားရစေ၏။ သူ့ကို ဆိုးရွားသည့် အခြေအနေသို့ ရောက်ရှိသွားစေသည်။
"မင်းလောက်နဲ့ ငါရွှီယန်ကို တိုက်ခိုက်ဖို့ အဆင့်မမှီသေးဘူး... ငါမင်းတို့ကို အခွင့်အရေးပေးမယ်။ ၃ယောက်လုံး တစ်ခါတည်းတိုက်ခိုက်ကြ.."
ရွှီယန်က အေးစက်စွာဖြင့် ကြေငြာချက်ထုတ်သည်။
ဝိန်ယွမ်၏ မျက်နှာက မဲမှောင်သွား၏။ ရွှီယန်၏ ခွန်အားသည် သူစိတ်ကူးထားသည်ထက် ကျော်လွန်နေပါသည်။
တစ်ယောက်တည်းဆိုပါက မည်သည့်အခွင့်အရေးမှ မရှိပေ။
အခြားနှစ်ယောက်၏ ပုံစံများကလည်း ပြောင်းလဲသွားကြသည်။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် အကြည့်ဖလှယ်ပြီးနောက် ခေါင်းငြိမ်ကာ စင်ပေါ်သို့ ခုန်တက်ခဲ့ကြ၏။ ဝိန်ယွမ်နှင့်အတူ ယှဉ်ရပ်ကြသည်။
"ရွှီယန်... မင်းက ဒီလောက် မောက်မာနေမှတော့ မင်းရဲ့ဆန္ဒအတိုင်း ငါတို့ တိုက်ခိုက်ပေးမယ်.."
ပါရမီရှင်များသည် မာနကြီးကြ၏။ သို့ပေမယ့် ဤသည်မှာ သိုင်းတစ်ထောင်ခန်းမ၏ အရေးပေးမှုကို ရရှိနိုင်မည့် အခွင့်အရေးကောင်း ဖြစ်သည်။ ထို့အပြင် သေခြင်းရှင်ခြင်း အခြေအနေကို ရင်ဆိုင်ရချိန်၌ သူတို့၏ မာန်မာနတို့ကို ဘယ်လိုလုပ်ပြီး ဆက်လက်ထိန်းသိမ်းနိုင်မည်လဲ။
"ဘုန်း.."
၃ယောက်သား၏ ပေါင်းစည်းလာသည့် အရှိန်အဝါတို့သည် စင်မြင့်ပေါ်၌ ချက်ချင်းပင် ပြည့်နက်လာ၏။ ကြီးမားသည့် စွမ်းအားတစ်ခု စုစည်းလာခဲ့သည်။
"ရွှီယန်ကတော့ အရေးနိမ့်တော့မယ် ထင်တယ်... နိုင်ငံ၃ခု၊ မိသားစု၈ခုရဲ့ ကျင့်စဉ်တွေအားလုံးက သိုင်းတစ်ထောင်ခန်းမကနေပဲ လာခဲ့တာ။ သူတို့တွေသာ အတူတူ ပူးပေါင်းလိုက်ရင် အရှိန်အဝါက ပေါင်းစပ်သွားပြီး ခွန်အားက နှစ်ဆဖြစ်သွားမှာ.."
"အတိအကျပဲ... အဲ့ဒါက သာမန် သိုင်းသမား၃ယောက် ပေါင်းစည်းတာနဲ့ မတူဘူး။ ၃ယောက်သားရဲ့ စွမ်းအားတွေ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားတာနဲ့တူတယ်။ လူတစ်ယောက်က ခြားနားတဲ့ သိုင်းပညာ၃ခုကို ကျင့်ကြံထားသလိုပဲ ဖြစ်သွားတာ.."
"ရွှီယန်က အရမ်းကို ငယ်ရွယ်သေးပြီး စိတ်လောလွန်းတယ်။ အရမ်းလည်း မောက်မာလွန်းတယ်။ တစ်ယောက်ချင်း အနိုင်ယူနိုင်တာနဲ့ ၃ယောက်သားရဲ့ ပူးပေါင်းစွမ်းအားကို ရင်ဆိုင်နိုင်မယ်လို့ ဘယ်လိုလုပ်ပြီး ထင်နေတာလဲ.."
ကြည့်ရှု့နေသူများ အတွင်းတွင် သိုင်းတစ်ထောင်ခန်းမ၏ သိုင်းပညာများအကြောင်းကို သိရှိသူအနည်းငယ် ပါရှိ၏။ ဒီအချိန်၌ သူတို့အားလုံးသည် ခေါင်းရမ်းနေကြပြီး သက်ပြင်းချမိကြသည်။ ရွှီယန်အား အလွန် ပေါ့ဆခဲ့သည်ဟု ယုံကြည်ကြ၏။
ဤသည်မှာ ပုံမှန် သိုင်းသမား၃ယောက် ပူးပေါင်းတိုက်ခိုက်ခြင်းလောက် ရိုးရှင်းနေမည်မဟုတ်ပေ။ စွမ်းအားသုံးခုတို့သည် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီး တစ်ခုနှင့်တစ်ခု ပြန့်ကြဲနေမည် မဟုတ်ပေ။
ရွှီယန်သည် ၃ယောက်တစ်ယောက် ရင်ဆိုင်နေရသည့်အချိန်တွင် ရန်သူ့စွမ်းအားကို ပိုင်းခြားကာ အနိုင်ယူရန်မှာ သေချာပေါက် ဖြစ်နိုင်ခြင်း မရှိပေ။
"ဒီတိုက်ပွဲမှာ ရွှီယန်က သေချာပေါက်ရှုံးမှာပဲ.."
အိုမင်းသည့် သိုင်းသမားတစ်ဦးက လေးနက်စွာဖြင့် မှတ်ချက်ပြု၏။
စင်မြင့်ပေါ်တွင် ရွှီယန်သည် ဓားဆန္ဒဖြင့် လွှမ်းခြုံနေပြီး ဝိန်ယွမ်နှင့် အခြားပါရမီရှင်နှစ်ယောက်တို့ကို ရင်ဆိုင်၏။
ယခုအချိန်၌ သူပင်လျှင် အနည်းငယ် အံ့သြသွားသည်။ ထိုသုံးယောက်တို့၏ ပူးပေါင်းမှုသည် သူတို့၏ အရှိန်အဝါများ တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားသည့်ပုံပေါ်၏။
'အဲ့ဒါလည်း ကောင်းတာပဲ... ဒီတစ်ကြိမ် တိုက်ပွဲပြီးရင် ငါအဆင့်ချိုးဖျက်လို့ရပြီ..'
ရွှီယန်က တိတ်တဆိတ် စဉ်းစားသည်။
"ရွှီယန်... ဒီနေ့က မင်းရဲ့နောက်ဆုံးနေ့ပဲ.."
"ဘုန်း.."
ဝိန်ယွမ်က ဦးဆောင်မှုပြုကာ သူ၏လှံဖြင့် ထိုးစိုက်လိုက်သည်။ လှံအလင်းက ပေါက်ကွဲထွက်လာပြီး ကောင်းကင်တွင် အေးစက်သည့် အလင်းရောင်တို့ ပြည့်နှက်လာ၏။
လေထုကို ထိုးခွဲသွားသကဲ့သို့ ရှိသည်။
ဝိန်ယွမ်က လှုပ်ရှားမှုပြုလိုက်သည်နှင့် အခြားနှစ်ယောက်တို့ကလည်း ဘေးတစ်ဖက်တစ်ချက်မှာ ဝင်ရောက်တိုက်ခိုက်သည်။
၃ယောက်သားသည် အသီးသီးတိုက်ခိုက်နေကြပြီး သိုင်းသမားတစ်ယောက်တည်းက အရပ်မျက်နှာသုံးခုတို့မှ တိုက်ခိုက်နေသည်ဟု ထင်မှတ်ရစေသည်။
ကြီးစိုးလှသည့် သတ်ဖြတ်ခြင်း အငွေ့အသက်တို့က ရွှီယန်ကို လွှမ်းခြုံနေပြီး သူ့ကိုထွက်ပြေးရန် သို့မဟုတ် ပုန်းအောင်းရန် နေရာမရှိအောင် ဖြစ်စေသည်။
"ရွှမ်း.."
ရုတ်တရက် ဓားအလင်းတစ်ခု လေထဲတွင် ပျံ့နှံ့သွား၏။ ရွှီယန်မှာ တည်ငြိမ်စွာသာ ရှိနေသည်။ သူ၏ ဓားအလင်းသည် ခန္ဓာကိုယ်တစ်ဝိုက်တွင် လှည့်ပတ်နေ၏။
မျက်စိတစ်မှိတ်အတွင်းတွင် အဝေးရှိ သစ်ပင်တစ်ပင်သည် ပြင်းထန်စွာ လှုပ်ခါလာပြီး လေထဲသို့ မြင့်တက်လာခဲ့၏။ ဓားတစ်ချောင်းအဖြစ် ပြောင်းလဲကာ ဝိန်ယွမ်တို့ သုံးယောက်ဆီသို့ ထိုးစိုက်လာခဲ့သည်။
လျှပ်တပြက်အတွင်းတွင် မြက်နှင့်သစ်ပင်တို့သည် ထက်မြကာ သေစေနိုင်ပြီး အေးစက်သည့် ဓားအလင်းရောင်တို့ လွှမ်းခြုံလာခဲ့၏။
ဓားဆန္ဒက မြင့်တက်လာကာ ဓားချီက ပေါင်းစပ်နေပြီး တောင်နှင့်မြစ်တို့၏ အသွင်က ဖွဲ့စည်းလာခဲ့သည်။
李 望舒:
အပိုင်း ၅၅၁ - ၅ယောက်တစ်ယောက် ရင်ဆိုင်ခြင်း၊ ဓားတစ်ချက်ဖြင့် ပါရမီရှင်များကို ဖျက်ဆီးခြင်း(၂)
ရွှီယန်၏ ပတ်ဝန်းကျင်တွင် ဓားအလင်းတို့က မြင့်တက်လာပြီး တောင်နှင့်မြစ်အသွင်တို့ ပေါ်လာခဲ့၏။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒမှာ အရပ်မျက်နှာ အားလုံးတို့ဆီသို့ ပျံ့နှံ့သွားသည်။
"တောင်နှင့်မြစ် ဓားအခင်းအကျင်း..."
"ဒါက ဘယ်လို ဓားသိုင်းပညာမျိုးလဲ.."
"မြက်နဲ့သစ်ပင်တွေကို ဓားအဖြစ် အသုံးပြုပြီး တစ်ချိန်တည်းမှာ ထောင်နဲ့ချီတဲ့ ဓားတွေကို ထုတ်လွှတ်တာလား.."
"မဟုတ်ဘူး... ဒါက ဓားထောင်ချီကို ဒီအတိုင်း အသုံးပြုတာလောက် မရိုးရှင်ဘူး။ မင်း သတိမထားမိဘူးလား။ အဲ့ဒီ့ထဲမှာ အထူးဖွဲ့စည်းပုံအချို့ ပါဝင်နေတယ်။ အဲ့ဒါက တိုက်ခိုက်မှုစွမ်းအားကို ပိုပြီးတော့တောင် မြင့်တက်လာစေတယ်.."
တောင်နှင့်မြစ် ဓားအခင်းအကျင်း ပေါ်လာသည်နှင့် ပတ်ဝန်းကျင်ရှိ လူအားလုံးတို့မှာ ထိတ်လန့်သွားကြ၏။ ကောင်းကင်မြင့်ရှိ ဝူထန်းနန်ပင်လျှင် ခဏတာ မှင်သက်သွားသည်။
"ဒါက ဘယ်လို ဓားသိုင်းပညာမျိုးလဲ... လင်းနယ်မြေမှာ ဒီလိုဓားသိုင်းမျိုး ဘယ်တုန်းက ပေါ်လာခဲ့တာလဲ.."
သိုင်းတစ်ထောင်ခန်းမ၏ အတွင်းတွင် သိုင်းတစ်ထောင်အရှင်သခင်တို့အုပ်စုမှာ အလွန် လေးနက်နေကြပြီး ညှို့မှိုင်းစွာ ရှိနေ၏။ ရွှီယန်၏ ဓားပညာသည် အလွန်နက်ရှိုင်းလွန်းလှ၏။ အလွန် ခန့်မှန်းရခက်လှ၏။
"တောင်ကိုဓားအဖြစ် ပြောင်းခဲ့တဲ့ကိစ္စကလည်း အမှန်ဖြစ်မယ် ထင်တယ်.."
အကြီးအကဲတစ်ယောက်က နက်ရှိုင်းသည့် အသံဖြင့် ပြောသည်။
"ဝူထန်းနန်... ဒီလိုဓားပညာမျိုးကို မင်းဘယ်လိုများ တီထွင်နိုင်ခဲ့တာလဲ.."
ဓားကိုကိုင်ထားသည့် အကြီးအကဲတစ်ယောက်က အံကိုကြိတ်ရင်းက ရေရွတ်၏။
ဝိန်ယွမ်တို့၃ယောက်မှာ ဒီအချိန်၌ ဆံပင်မွှေးများ ထောင်ထလာသည်ဟုပင် ခံစားရသည်။ သူတို့၏ မျက်နှာများက ကြီးစွာ ပြောင်းလဲသွားကြပြီး အတူတူမာန်ပြုလိုက်ကြ၏။ တစ်ယောက်နှင့်တစ်ယောက် အားပြုကာ သူတို့၏ သိုင်းပညာစွမ်းအားများက ပေါင်းစည်းသွားကြသည်။
"ဘုန်း.."
ဓားအလင်းမှာ ကျဆင်းလာခဲ့ပြီး ဖြစ်၏။ ဓားအခင်းအကျင်းက လွှမ်းခြုံလာခဲ့သည်။ တောင်နှင့်မြစ်မှာ ပြိုလဲနေပြီး ၎င်းတို့၏ သတ်ဖြတ်ခြင်းဆန္ဒက ထက်မြလှ၏။
"ငါက ကောင်းကင်အောက်မှာ တစ်ဦးတည်းသော ဓားနတ်ဘုရားပဲ။ ဒီနေ့မှာ သိုင်းတစ်ထောင်ခန်းမရဲ့ ငကြောက်တွေကို စစ်မှန်တဲ့ဓားတာအိုက ဘာလဲဆိုတာကို ပြပေးမယ်.."
ရွှီယန်က အေးစက်စွာပြောသည်။
"ဘုန်း.."
"သတ်.."
ဘာပဲဖြစ်ဖြစ် ဝိန်ယွမ်တို့၃ယောက်မှာ စွမ်းအားကြီးမားကြ၏။ သူတို့၏ ပူးပေါင်းခွန်အားနှင့် ကြီးမားလှသည့် စွမ်းအားကို ထုတ်လွှတ်ကာ ပျံသန်းလာနေသည့် ဓားသဖွယ် မြက်များ သစ်ပင်များကို ခုခံကြသည်။
တောင်နှင့်မြစ်မှာ ပြောင်းလဲသွားပြီး ဓားအလင်းမှာ တစ်လွှာပြီးတစ်လွှာ ကျဆင်းလာခဲ့သည်။ တိုက်ခိုက်မှုမှာ ဘယ်တော့မှ ရပ်တန့်သွားခြင်း မရှိပေ။
လက်ထဲတွင် ဓားကိုကိုင်စွဲရင်းက ရွှီယန်သည် အောက်သို့ ခုတ်ပိုင်းချလိုက်၏။ ဓားအလင်းတို့၏ အပြန်အလှန်စီးဆင်းမှုသည် သေခြင်းနှင့်ရှင်ခြင်း စက်ဝန်းတစ်ခုကဲ့သို့ ရှိသည်။
သူသည် တိုက်ခိုက်ခြင်းစင်မြင့်ကို အခင်းအကျင်းဖြင့် မွမ်းမံထားခဲ့ပေမယ့် တိုက်ပွဲအလယ်တွင် ၎င်းသည် စတင်ကွဲအက်လာဆဲ ရှိ၏။
ရွှီယန်၏ မျက်ခုံးများက မျက်မှောင်ကျုံ့သွားပြီး ဝိန်ယွမ်တို့၃ယောက်ကို လေထဲသို့ ခုန်တက်စေကာ စင်မြင့်နှင့် ကင်းကွာသွားအောင် ဖိအားပေးလိုက်သည်။
သူသည် လေထဲသို့တက်ပြီး ခြေတစ်လှမ်း ဓားချက်တစ်ချက်ဖြင့် ထိုနေရာ၌ ဆက်လက်တိုက်ခိုက်၏။ အောက်ရှိသစ်ပင်ကြီးမှာ လျှပ်တပြက်အတွင်း ပြိုလဲသွားခဲ့သည်။
အေးစက်ကာ တောက်ပသည့် ဓားများစွာအဖြစ် ပြောင်းလဲပြီး ဓားဆန္ဒတို့ကို သယ်ဆောင်ကာ ကောင်းကင်သို့ ထိုးတက်လာခဲ့၏။ ဝိန်ယွမ်တို့၃ယောက်အား ဝင်ရောက်တိုက်ခိုက်သည်။
"ဝှေ့ ဝှေ့.."
ပုံရိပ်နှစ်ခုတို့ ထပ်မံ ရောက်ရှိလာခဲ့၏။ သူတို့သည်လည်း စိတ်ဝိဉာဉ်ဂိုဏ်း၊ မိသားစုကြီးများနှင့် နိုင်ငံ၃နိုင်ငံတို့မှ ပါရမီရှင်များ ဖြစ်ကြသည်။
"ဒါကဘာလဲ.."
အသစ်ရောက်လာသူ နှစ်ယောက်တို့သည် ထိတ်လန့်သွားကြ၏။ ဤသည်မှာ မည်ကဲ့သို့သော ဓားပညာမျိုး ဖြစ်သနည်း။ သူတို့ နားလည်သဘောပေါက်နိုင်သည်ထက် လုံးဝကျော်လွန်နေပါသည်။
တိုက်ပွဲကို ကြည့်ရှု့နေသည့် သိုင်းသမားအားလုံးပင်လျှင် ငိုင်တိုင်နေကြ၏။ ပြီးခဲ့တုန်းက ရွှီယန်ကို သေချာပေါက် ရှုံးနိမ့်မည်ဟု ပြောခဲ့သည့် အဘိုးအိုမှာ ယခုအချိန်၌ မျက်နှာတို့ ပူလာခဲ့သည်။ သူသည် သူ့ဆီသို့ ရောက်ရှိလာသည့် အကြည့်အားလုံးတို့ပင် လှောင်ပြောင်မှုတို့ ပါဝင်နေသည်ဟု ခံစားရ၏။
မျက်နှာကို တည်ငြိမ်အောင် ထိန်းသိမ်းကာ လူအုပ်အတွင်းမှ တိတ်တဆိတ် ထွက်ခွာသွားသည်။ ခြားနားကာ မရင်းနှီးသည့် လူအုပ်တစ်ခုဆီသို့ ဝင်ရောက်သွား၏။
"ရွှီယန်က တကယ့်ကို အနှိုင်းမဲ့တဲ့ ပါရမီရှင်တစ်ယောက်ပဲ။ သူက ဒီမျိုးဆက်ရဲ့ ထိပ်တန်း လေလွင့်သိုင်းသမားတစ်ယောက် ဖြစ်တယ်။ ဝိန်ယွမ်တို့၃ယောက်က သေချာပေါက်ရှုံးမှာ.."
ထိုအဘိုးအိုသည် ခုနက ရွှီယန်အား ရှုံးနိမ့်မည်ဟု ပြောခဲ့သည်မှာ သူမဟုတ်သကဲ့သို့ ရှိ၏။
"မင်းတို့နှစ်ယောက်လည်း ငါ့ကိုလာပြီး စိန်ခေါ်တာလား... အတူတူလာခဲ့လေ.."
ရွှီယန်သည် ရောက်ရှိလာခါစ ရှိသေးသည့် လူငယ်နှစ်ဦးကိုကြည့်ကာ အသာပြောလိုက်သည်။
"မောက်မာတဲ့ကောင်.."
တစ်ယောက်က အေးစက်စွာပြောသည်။ သို့ပေမယ့် အံကိုကြိတ်ကာ ဆေဘာကိုဆွဲပြီး ရှေ့တက်သွားဆဲ ဖြစ်၏။
အခြားတစ်ယောက်မှာလည်း အလွန်ရုပ်ဆိုးသည့် မျက်နှာဖြင့် ရှိနေပါသည်။ သူသည် လက်ထဲတွင် ဓားကိုကိုင်ထားရင်းမှ စိတ်ထဲတွင် မယုံကြည်နိုင်စရာကောင်းလှသည့် အတွေးတစ်ခု ပေါ်လာခဲ့၏။ သူ၏လက်ထဲရှိဓားသည် အချိန်မရွေး ထိန်းချုပ်မှုအောက်မှ လွတ်ကင်းသွားတော့မည့်ဟန် ရသည်။ သူ့ကို ပြန်လည်တိုက်ခိုက်တော့မည်ဟုပင် ခံစားရ၏။
"ရွှီယန်ရဲ့ ဓားပညာက အရမ်း စွမ်းအားကြီးရင်တောင် နောက်ဆုတ်တာနဲ့ ဒီဘဝမှာ ဆက်ပြီး တိုးတက်နိုင်မှာ မဟုတ်တော့ဘူး.."
သူသည် အသက်ကို နက်ရှိုင်းစွာရှူပြီး မာန်ဖီသံတစ်ခုကို ထုတ်လွှတ်ကာ ဓားချီက မြင့်တက်လာခဲ့သည်။ ရွှီယန်ဆီသို့ ပြေးဝင်သွား၏။
ဒီအချိန်၌ ပါရမီရှင်၅ယောက်တို့သည် ရွှီယန်တစ်ယောက်တည်းအား ဝိုင်းဝန်းတိုက်ခိုက်ကြ၏။ ကြည့်ရှု့နေသူများ အားလုံးမှာ အံ့ဩနေကြသည်။
နှလုံးသားထဲ၌ စိတ်လှုပ်ရှားမှုတို့လည်း ကြီးထွားလာခဲ့၏။ ယနေ့တွင် သူတို့သည် သမိုင်းအဖြစ်အပျက် တစ်ခုကို မြင်တွေ့ရတော့မည်ဟန် ရှိသည်။
လေလွင့်သိုင်းသမား ပါရမီရှင်တစ်ယောက်က စိတ်ဝိဉာဉ်ဂိုဏ်း၏ ကြီးစိုးသည့် ပါရမီရှင်၅ယောက်တို့ကို ရင်ဆိုင်နေလေသည်။
ယနေ့တွင် သိုင်းလောက၏ သမိုင်းတွင်မည့် ဖြစ်ရပ်တစ်ခု ပေါ်လာခဲ့၏။ ပြီးနောက် သူတို့အားလုံးမှာ မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့သူများ ဖြစ်ကြသည်။
ပိုမိုပိုမိုကာ များပြားသည့် သိုင်းသမားများ စုစည်းလာကာ တိုက်ပွဲကို လာရောက်ကြည့်ရှု့ကြ၏။ လေလွင့်သိုင်းသမားများနှင့် စိတ်ဝိဉာဉ်ဂိုဏ်းမှ သိုင်းသမားများအားလုံး စိတ်လှုပ်ရှားနေကြသည်။ ရွှီယန်အနေနှင့် ရန်သူ၅ယောက်လုံးကို တစ်ယောက်တည်းဖြင့် အနိုင်ယူနိုင်ရန် မျှော်လင့်မိကြ၏။
သို့ရာတွင် စိတ်ဝိဉာဉ်ဂိုဏ်းမှ သိုင်းသမားအများစုမှာတော့ ညှို့မှိုင်းစွာရှိနေပါသည်။ ဒီတိုက်ပွဲတွင် ရွှီယန်သာအနိုင်ရပါက စိတ်ဝိဉာဉ်ဂိုဏ်းမှ ပါရမီရှင်များ၏ လေလွင့်သိုင်းသမား ပါရမီရှင်များအပေါ် ကြီးစိုးနိုင်သည့် ယုံကြည်ချက်သည် ပျက်ပြယ်သွားမှာဖြစ်၏။
ဤသည်က စိတ်ဝိဉာဉ်ဂိုဏ်းများအတွက် ကောင်းမွန်သည့်အရာ မဟုတ်ပေ။
ရွှီယန်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားသည်။ သူ၏ဓားချီက လှိုင်းထန်လာပြီး ဓားအခင်းအကျင်းကို တည်ဆောက်လိုက်သည်နှင့် တောင်နှင့်မြစ်ဓားတာအိုနှင့် သေခြင်းရှင်ခြင်း ဓားစက်ဝန်းတို့က ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။
ရန်သူ၅ယောက်တို့ကို ရင်ဆိုင်ရရာ၌ သူလည်းပဲ ဖိအားကို ခံစားရ၏။ ဓားအခင်းအကျင်း၏ စွမ်းအားမှာကြီးမားပေမယ့် ဝိန်ယွမ်တို့၅ယောက်မှာ အားလုံး ပါရမီရှင်များ ဖြစ်ကြသည်။
ထို့အပြင် သူတို့၏စွမ်းရည်များက ပေါင်းစပ်ကာ သိုင်းပညာများက လိုက်ဖက်လွန်းရာ ထုတ်လွှတ်လာသည့် ခွန်အားသည် အလွန်ကြမ်းကြုတ်နေ၏။
လူတစ်ယောက်တည်းက လုံးဝခြားနားသည့် တိုက်ခိုက်ခြင်းအတတ်၅ခုကို ထုတ်လွှတ်နေဟန် ရှိသည်။ အားနည်းချက်ကင်းမဲ့စွာဖြင့် ထိုတိုက်ခိုက်မှု ၅ခုတို့သည် အတူတူပေါင်းစည်းနေကြ၏။
ထို့အပြင် သိုင်းခွန်အားအဆင့် အရာတွင် ဝိန်ယွမ်တို့အုပ်စုသည် ရွှီယန်ထက် အဆင့်ကြီးနှစ်ခု ပိုမိုမြင့်မားပါသည်။
"နှလုံးသားဓားအဆင့်မှာ အရာအားလုံးက ဓားဖြစ်နိုင်တယ်။ အဲ့ဒါက ငါ့ရဲ့နှလုံးသားမှာ ဓားတစ်ချောင်းရှိနေတယ်လို့ဆိုလိုတယ်။ ဓားက ငါ့ရဲ့ နှလုံးသားနဲ့ညီမျှတယ်။ အတွေးတိုင်းက ဓားတို့ရဲ့ ဖြစ်တည်ရာပဲ..."
တိုက်ပွဲအတွင်းတွင် ရွှီယန်က မျက်လုံးများကို မှိတ်လိုက်သည်။ ဒီအချိန်၌ သူသည် လျှို့ဝှက်ဆန်းကြယ်သည့် အငွေ့အသက်တစ်ခု ရလာခဲ့၏။
ဓားအားလုံးတို့သည် သူ၏မျက်လုံးများ ဖြစ်လာဟန်ရသည်။ သူ၏ အမိန့်ပေးမှုနှင့်အတူ ဓားတစ်ချောင်းတိုင်းသည် ခြားနားသည့် တိုက်ခိုက်မှုတစ်ခုကို ဖော်ထုတ်ကြ၏။
ယခုအချိန်၌ နှလုံးသားဓားအဆင့်၏ နားလည်မှုအသစ်တစ်ခု ရရှိလာခဲ့လေသည်။ မသိမသာဖြင့် ဓားဆန္ဒသည် ပြောင်းလဲမှုအချို့ ဖြစ်ပွားခဲ့ပုံပေါ်၏။
သူ၏အတွေးများ အကြားတွင် တောင်နှင့်မြစ် ဓားဆန္ဒနှင့် လျှပ်တပြက်လေ ဓားဆန္ဒတို့မှာ မျက်စိတမှိတ်အတွင်း ပြောင်းလဲနိုင်ကြသည်။ ထို့အပြင် အခြား ဓားဆန္ဒတစ်ခုအဖြစ် အချိန်မရွေးပြောင်းလဲနိုင်သည်ဟုလည်း ရေးတေးတေး ခံစားနေရ၏။ နှလုံးသားထဲရှိ ဓားဆန္ဒအား အချိန်မရွေး ဆန္ဒရှိတိုင်း ဖော်ထုတ်နိုင်သကဲ့သို့ရှိသည်။
"တစ်ခုခု လိုနေသေးတယ်.."
ရွှီယန်က ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။ သူသည် ဉာဏ်အလင်းအသစ်အချို့ ရရှိခဲ့ပြီး သူ၏ဓားတာအိုမှာ အဆင့်မြင့်တက်သွားခဲ့သည်။
သိုင်းတစ်ထောင်ခန်းမဆီသို့ ခေါင်းလှည့်ကြည့်လိုက်ပြီးနောက် အနည်းငယ် နောင်တရစွာ ခံစားလိုက်ရ၏။ သူ့တွင် ခွန်အားတို့ လစ်ဟင်းနေပါသည်။
မဟုတ်ပါက သိုင်းတစ်ထောင်ခန်းမကြီးကို ဓားကြီးတစ်ချောင်းအဖြစ် တစ်ခါတည်းပြောင်းလဲကာ ကိုယ်ပိုင်အတွက် အသုံးပြုပစ်လိုက်သည်။ မျက်စိတမှိတ်အတွင်း ဖျက်ဆီးလိုက်မှာ ဖြစ်၏။
"ငါ့မှာ ခွန်အားအချို့ လစ်ဟင်းနေသေးတယ်.."
ရွှီယန်က နှလုံးသားထဲတွင် သက်ပြင်းချသည်။ သိုင်းတစ်ထောင်ခန်းမအား အတွေးတစ်ချက်နှင့် ဓားအဖြစ်ပြောင်းလဲနိုင်စေရန် မည်ကဲ့သို့သော အဆင့်သို့ ရောက်ရှိရန် လိုအပ်မည်နည်းဟု စဉ်းစားမိ၏။
"ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်လား..."
သိုင်းတစ်ထောင်ခန်းမ အရှင်သခင်နှင့် သူ၏ လက်အောက်ခံအားလုံးတို့မှာ ညှို့မှိုင်းစွာ ရှိနေကြသည်။ မျက်လုံးထဲ၌ လောဘအရိပ်အယောင်တို့ ပေါ်လာခဲ့၏။
ယခုကဲ့သို့ စွမ်းအားကြီးမားကာ လျှို့ဝှက်ဆန်းကြယ်သည့် ဓားသိုင်းပညာသည် အဘယ်ကြောင့် သိုင်းတစ်ထောင်ခန်းမ၏ အပိုင် မဖြစ်ရသနည်း။
"မဟုတ်ဘူး.."
ဒါကသေချာပေါက် ငါတို့ သိုင်းတစ်ထောင်ခန်းမရဲ့ အပိုင်ပဲ...
သူတို့သည် ရွှီယန်၏ သိုင်းတစ်ထောင်ခန်းမအား ဓားအဖြစ် ပြောင်းလဲချင်သည့် စိတ်ကူးကို လုံးဝ သိရှိခြင်းမရှိကြပေ။
တိုက်ပွဲသည် ပိုမို ပြင်းထန်လာခဲ့၏။ ဝိန်ယွမ်တို့၅ယောက်မှာ ခွန်အားအပြည့်ကို ထုတ်ဖော်ကာ သိုင်းစွမ်းအားတို့ကို ပေါင်းစည်းပြီး ထည်ဝါသည့် စွမ်းအင်တို့ကို ထုတ်လွှတ်၏။
ရွှီယန်မှာတော့ မျက်လုံးများကိုမှိတ်ကာ ဓားတာအိုကို လေ့လာနေပါသည်။ ဓားချက် တစ်ချက်တိုင်းကိုပင် ဆင်ခြင်သုံးသပ်နေ၏။
တဖြည်းဖြည်းနှင့် ဓားအခင်းအကျင်းမှာ စတင်ပြောင်းလဲလာ၏။ သူ၏ဓားတာအိုလည်း တူညီစွာဖြစ်သည်။
ဓားတစ်ခုက တောင်နှင့်မြစ် နဂါးဟိန်းသံကို ထုတ်လွှတ်ကာ နောက်တစ်ခုက မိုးကြိုးဓားကို ထုတ်လွှတ်သည်။ ဓားတစ်ခုစီတိုင်းပေါ်တွင် ခြားနားသည့် ဓားကွက်များရှိပြီး ထိုဓားကွက်များသည် အတူတူပူးပေါင်းကာ ဓားအခင်းအကျင်းတစ်ခု ဖြစ်တည်လာခဲ့သည်။ ထို့နောက် ဓားအခင်းအကျင်း တိုက်ခိုက်မှုတစ်ခု ထွက်ပေါ်လာ၏။
"ပြည့်စုံလုနီးပါး ရှိနေပြီ... ငါ့ရဲ့ အခြေခံစုဆောင်းတာ လုံလောက်တော့မယ်။ ဒီအချိန်က မူလဒီဗိုင်းအဆင့်ကို ချိုးဖျက်ရမယ့် အချိန်ပဲ.."
ရွှီယန်သည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ သိုင်းပညာအရှိန်အဟုန် အငွေ့အသက်ကို ခံစားလိုက်ရသည်။ ၎င်းသည် ပြီးပြည့်စုံလုနီးပါးသို့ ရောက်ရှိနေပြီးဖြစ်ကာ ဆက်လက်စုဆောင်းနိုင်ခြင်း မရှိတော့ပေ။
ဝိန်ယွမ်တို့အုပ်စု၏ တိုက်ခိုက်မှုများနှင့် သိုင်းပညာစွမ်းအားတို့ အားလုံးကို တောင်နှင့်မြစ်ဓားဆန္ဒက စုပ်ယူသွားသည်။ သူ၏ သိုင်းပညာအရှိန်အဝါအပေါ် အားဖြည့်ကာ သူတို့သိုင်းပညာများ၏ ခြားနားသည့် သဘောတရားများကို နားလည်လာစေသည်။
နောက်ထပ် ပါရမီရှင်အနည်းငယ် ထပ်မံရောက်လာခဲ့၏။ သူတို့၏ မျက်လုံးများတွင် ထိတ်လန့်မှုတို့ဖြင့် ပြည့်နက်နေပါသည်။
ရွှီယန်သည် တစ်ယောက်တည်းနှင့် ပါရမီရှင်၅ယောက်ကို ရင်ဆိုင်နေသည်လား။ ကောင်းကင်တစ်ခွင်လုံးတွင် ထိုပြန့်ကျဲနေသည့် ဓားအလင်းများသည် မည်ကဲ့သို့ပေါ်လာခဲ့သနည်း။
ကြည့်ရသည်မှာ တစ်ယောက်ယောက် ဝင်ရောက်လိုက်သည်နှင့် သံသယဝင်စရာ မကောင်းလောက်အောင် သေဆုံးရတော့မည့်ဟန် ရှိသည်။
ရွှီယန်က မည်သည်ကိုမှ မဆိုပါ။ ထိုသူများသည် ဝင်ရောက်တိုက်ခိုက်မှု ပြုချင်လျှင်တောင် အရှက်တရားအချို့ရှိသေး၍ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းကြမည်ဖြစ်သည်။
ထို့အပြင် ပါရမီရှင်များသည် ပါရမီရှင်များအကြားပြိုင်ပွဲ၏ စည်းမျဉ်းစည်းကမ်းများကို လေးစားရန် လိုအပ်ကြ၏။
နိုင်ငံ၃ခု၊ စိတ်ဝိဉာဉ်ဂိုဏ်း၇ခု၊ မိသားစုကြီး၈ခုမှ စွမ်းအားကြီးပုဂ္ဂိုလ်များ အားလုံး ရောက်ရှိလာကြ၏။ တစ်ယောက်ချင်းစီတိုင်း၏ မျက်နှာများသည် ညှို့မှိုင်းစွာ ရှိနေကြသည်။
ပါရမီရှင်၅ယောက်တို့ ပူးပေါင်းလျှင်တောင် ရွှီယန်ကို အနိုင်မယူနိုင်ပေဘူးလား။ သူတို့သည် သိုင်းတစ်ထောင်ခန်းမရှိ လက်ရှိပါရမီရှင်များ၏ စွမ်းအားကို တွေ့မြင်ဖူးခြင်း မရှိပေမယ့် ဝိန်ယွမ်ကဦးဆောင်သည့် ပါရမီရှင်၅ယောက်တို့၏ ပူးပေါင်းတိုက်ခိုက်မှုကို တစ်ယောက်တည်း ရင်ဆိုင်နိုင်မည်လား ဟူသည်မှာ မသေချာပေ။
ထိုသို့သာဆိုပါက သိုင်းတစ်ထောင်ခန်းမတွင် ရွှီယန်အား အနိုင်ယူနိုင်မည့် မည်သည့်ပါရမီရှင်မှ မရှိဘူးဟု မဆိုလိုပေဘူးလား။ ရွှီယန်ကဲ့သို့ လေလွင့်သိုင်းသမားတစ်ယောက်သည် ဘယ်လိုလုပ်ပြီး ယခုမျှ စွမ်းအားကြီးနိုင်ရသနည်း။ တစ်ယောက်တည်းနှင့် စိတ်ဝိဉာဉ်ဂိုဏ်းများရှိ ပါရမီရှင်များကို အနိုင်ယူတော့မည်လား။
ရွှီယန်၏ မျက်လုံးများက ပွင့်လာပြီး ၎င်းတို့ထဲမှ ဓားအလင်းနှစ်ခု ထွက်ပေါ်လာသည့်ဟန် ရသည်။
"အဆုံးသတ်ဖို့ အချိန်ရောက်ပြီ.."
ဒီတိုက်ပွဲသည် သူ့အတွက် လုံလောက်သည့် အခြေခံကို ထောက်ပံ့ပေးခဲ့၏။ ယခုအချိန်၌ မူလဒီဗိုင်းအဆင့်သို့ ချိုးဖျက်ရန် အချိန်ကျပါပြီ။
လက်ကိုဝှေ့ရမ်းလိုက်ပြီးနောက် သူ၏ဓားက လက်ထဲသို့ရောက်လာခဲ့၏။ ရှေ့သို့ ခြေတစ်လှမ်းတက်ကာ ဓားချက် တစ်ခုကို ထုတ်ဖော်လိုက်သည်။
"ဘုန်း.."
တောင်နှင့်မြစ် ဓားအခင်းအကျင်း အတွင်းရှိ ဓားတစ်ချောင်းချင်းစီတိုင်းသည် လျှပ်တပြက်အတွင်း လူတစ်ယောက်အဖြစ် ပြောင်းလဲသွားသည့်ဟန် ရ၏။
တစ်ယောက်ချင်းစီတိုင်းသည် ဓားတစ်ချောင်းကို ကိုင်ဆောင်ထားကြပြီး တစ်ပြိုင်နက် တိုက်ခိုက်လိုက်ကြသည်။
"မကောင်းတော့ဘူး.."
ထိုအချိန်၌ ဝိန်ယွမ်က ဦးဆောင်သည့် ပါရမီရှင်၅ယောက်တို့သည် ကြီးမားလှသည့် သေခြင်းရှင်ခြင်းအန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရ၏။
"တိုက်ကြ.."
ထိုအချိန်၌ ၅ယောက်လုံး၏ ခန္ဓာကိုယ်များဆီမှ အလင်းတစ်ခု ထွက်ပေါ်လာပြီး သွေးအဆီအနှစ်တို့ကို လောင်ကျွမ်းစေလိုက်သည်။ စစ်မှန်သည့် သေခြင်းရှင်ခြင်း သိုင်းပညာလျှို့ဝှက်အတတ်ကို ထုတ်ဖော်လိုက်ကြ၏။
"ဘုန်း.."
မှင်သက်နေသည့် သိုင်းသမားအားလုံး၏ မျက်လုံးများရှေ့တွင် ဝိန်ယွမ်က ဦးဆောင်သည့် ပါရမီရှင်၅ယောက်တို့သည် တစ်ယောက်တည်းအဖြစ် ပေါင်းစည်းသွားပြီး သွေးရောင်ရှိသည့် စွမ်းအားကြီး တိုက်ခိုက်မှုတစ်ခုကို ရုတ်တရက် ထုတ်ဖော်လိုက်ကြသည်။
"ဘုန်း.."
ဓားများစွာတို့ ပျက်စီးကာ ထိုတိုက်ခိုက်မှုသည် ရပ်တန့်နိုင်ခြင်း မရှိပုံပေါ်ပြီး ရွှီယန်ဆီသို့ ပြေးဝင်သွား၏။
သို့ပေမယ့် ရွှီယန်က သူ၏ဓားချက်ကို ခုတ်ပိုင်းလိုက်ချိန်၌ ထိုအနှိုင်းမဲ့စွာ တိုက်ခိုက်လာသည့် ဓားသည် နောက်သို့ပြန်လှည့်ကာ တန်ပြန်တိုက်ခိုက်သွား၏။ ဓားချက်တစ်ချက်နှင့် ပါရမီရှင်များအားလုံး သေဆုံးခဲ့လေသည်။
အပိုင်း ၅၅၂ - သိုင်းတစ်ထောင်အရှင်သခင်၏ အစီအစဉ်
ချန်းဝူဒေသတွင် ပါရမီရှင်များအကြား တိုက်ပွဲသည် ပထမဆုံးအကြိမ် ဖြစ်ပေါ်ခဲ့၏။ ရွှီယန်သည် ရန်သူ၅ယောက်တို့ကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့ပြီး သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးအပြင်ဘက်တွင် ပါရမီရှင်၅ယောက်တို့အား အနိုင်ယူသတ်ဖြတ်ခဲ့သည်။
ကြည့်ရှု့နေကြသည့် သိုင်းသမားများအားလုံးသည် စင်မြင့်ပေါ်တွင် အစွမ်းပြသခဲ့သည့် ဓားတစ်ချောင်းနှင့် လူငယ်ကို ကြည့်ကာ အံ့သြနေကြ၏။
သိုင်းတစ်ထောင်ခန်းမရှိ စွမ်းအားကြီးပုဂ္ဂိုလ် တစ်စုမှာလည်း ညှို့မှိုင်းစွာရှိနေပြီး သူတို့၏ မျက်လုံးများထဲ၌ ဒေါသတို့ဖြင့် ပြည့်နက်နေပါသည်။
သို့ပေမယ့် မည်သူမှ ဝင်ရောက်တိုက်ခိုက်ခြင်း မပြုကြပါ။ သူတို့၏ ပါရမီရှင်များကိုလည်း သွားရောက်တိုက်ခိုက်ခိုင်းခြင်း မပြုကြပါ။ ယခုအချိန်၌ အချိန်မကျသေးဟု ခံစားရ၏။
ဝိန်ဧကရာဇ်နှင့် အခြားလူများမှာလည်း ဒေါသဖြင့် အံကြိတ်နေရသည်။ ရွှီယန်ကို နေရာမှာတင် အပိုင်းပိုင်း ဆုတ်ဖြဲချင်ကြ၏။ သို့ပေမယ့် ပါရမီရှင်များအကြားတိုက်ပွဲတွင် ခိုင်မာသည့် စည်းမျဉ်းစည်းကမ်းများ ရှိပြီး သူတို့အနေနှင့် ဝင်ပါနိုင်ခြင်း မရှိပေ။
အထူးသဖြင့် သိုင်းတစ်ထောင်ခန်းမက ယခုကဲ့သို့သော အမိန့်ကို ထုတ်ပြန်ထားရာ မည်သူမှ ဆန့်ကျင်ရဲခြင်း မရှိပါ။
ဒီအချိန်၌ အခြား ပါရမီရှင်များလည်း တိတ်ဆိတ်သွားကြသည်။ သူတို့သည် ရှေ့သို့တက်ကာ တစ်ဖက်လူကို ရင်ဆိုင်သင့်သည်လား။ ဝိန်ယွမ်တို့ ၅ယောက်ပင်လျှင် အနိုင်ယူနိုင်ခြင်း မရှိရာ သူတို့ တစ်ယောက်တည်းသာ သွားရောက်တိုက်ခိုက်ပါက မည်ကဲ့သို့ အနိုင်ရရန် အခွင့်အရေးရှိနိုင်မည်နည်း။
ရွှီယန်၏ အရှိန်အဝါမှာ မြင့်တက်လာပြီး ဒီဗိုင်းဆန္ဒအဆင့်၏ စွမ်းအားသည် အကန့်အသတ်သို့ ရောက်ရှိကာ အဆင့်ချိုးဖျက်ရန် အချိန်သို့ ရောက်ရှိလာပါပြီ။ သူသည် သိုင်းတစ်ထောင်ခန်းမဘက်သို့ ခေါင်းလှည့်ကြည့်ကာ ကျယ်လောင်စွာပြော၏။
"ဒီနေ့မှာ ငါ ချန်းဝူဒေသရဲ့ ပါရမီရှင်၅ယောက်ကို အနိုင်ယူသတ်ဖြတ်ပြီးပြီ။ မင်းတို့ကို ပြင်ဆင်ဖို့အတွက် လဝက်ပေးမယ်။ လဝက်ပြီးရင် ထပ်ပြီးတော့ လာစိန်ခေါ်မယ်.."
"သိုင်းတစ်ထောင်ခန်းမက အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခု ဖြစ်တဲ့အလျှောက် စကားတည်ဖို့ မျှော်လင့်တယ်။ ငါ့ကို စိတ်မပျက်စေနဲ့.."
လဝက်အချိန်အတွင်းတွင် သူသည် မူလဒီဗိုင်းအဆင့် သိုင်းသမားတစ်ယောက် ဖြစ်လာမှာ ဖြစ်၏။ မူလဒီဗိုင်းအဆင့်သို့ ဝင်ရောက်ပြီးသည်နှင့် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့်ရှိ ပါရမီရှင်များကို စိန်ခေါ်ဖို့ မဆိုထားနှင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီကို သန့်စင်ထားသည့် အသန်မာဆုံး သိုင်းသမားများကိုပင် ခွန်အားကို စမ်းသပ်ရန်အတွက် တိုက်ခိုက်ကြည့်နိုင်ပြီ ဖြစ်သည်။
ထိုစကားကို ပြောပြီးနောက် ရွှီယန်သည် ဆက်လက်ကျန့်ကြာ မနေတော့ပါ။ လှုပ်ရှားမှုပြုပြီးနောက် မျက်စိတစ်မှိတ်အတွင်း နေရာမှ ပျောက်ကွယ်သွား၏။
"မြန်လိုက်တာ.."
"ဒါကဘယ်လို ခြေလှမ်းသိုင်းမျိုးလဲ.."
"ရွှီယန်မှာ ဒီလို ယုံကြည်ချက်မျိုးရှိတာ အံ့သြစရာမရှိဘူး။ အသန်မာဆုံး သိုင်းသမားတစ်ယောက်တောင် သူ့ကို လိုက်မှီချင်မှ လိုက်မှီလိမ့်မယ်.."
ကြည့်ရှု့နေကြသည့် လူအုပ်မှာ ရွှီယန်၏ အမြန်နှုန်းသည် မြန်ဆန်မှုဖြင့် ကျော်ကြားသည့် အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများထက်ပင် သာလွန်နေကြောင်းကို နားလည်လိုက်သည်။
သိုင်းတစ်ထောင်ခန်းမ အရှင်သခင်၏ မျက်နှာမှာ ပိုမိုကာပင် မဲမှောင်သွား၏။ ရွှီယန်၏ ခန္ဓာကိုယ်ရွေ့လျားမှုအတတ်သည် အလွန်မြန်ဆန်လှပြီး သာမန် အသန်မာဆုံးသိုင်းသမားတစ်ယောက်ပင်လျှင် လိုက်မှီနိုင်မည် မဟုတ်ပေ။
"ခန်းမအရှင်သခင်... ကျွန်တော်တို့တွေ တကယ်ပဲ လဝက်စောင့်ရမှာလား.."
အကြီးအကဲတစ်ယောက်က နက်ရှိုင်းသည့်အသံဖြင့် မေးသည်။
"ဒီမှာ ဝူထန်းနန်ရှိတာကို မင်းက ဘာလုပ်လို့ရမှာလဲ.."
သိုင်းတစ်ထောင်အရှင်သခင်က ပြော၏။
"ငါတို့တွေ နိုင်ငံ၃နိုင်ငံ၊ မိသားစုကြီး၇ခုနဲ့ စိတ်ဝိဉာဉ်ဂိုဏ်းတွေရဲ့ ပါရမီရှင်တွေကို ရွေးချယ်ပြီး သူတို့ရဲ့ခွန်အားကို ဒီလဝက်အတွင်းမှာ မြှင့်တင်ပေးရမယ်။ စွမ်းအားကြီးမားတဲ့ သတ်ဖြတ်ခြင်း စိတ်ဆန္ဒတစ်ခုကိုပါ ပျိုးထောင်ရမယ်.."
သိုင်းတစ်ထောင်ခန်းမ၏ အရှင်သခင်က ခဏတာစဉ်းစားပြီးနောက် ပြော၏။
ထိုစကားကို ကြားရပြီးနောက် အကြီးအကဲအားလုံးသည် အရိုးထဲအထိ အေးစက်စွာ ခံစားလိုက်ရ၏။ ဤသည်မှာ ဖြတ်လမ်းတစ်ခုနှင့် တူပါသည်။ သို့ရာတွင် အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းများ၏ နည်းလမ်းတစ်ခုဖြစ်ရာ ပါရမီရှင်များ၏ တိုက်ပွဲတွင် မည်သည့် တားမြစ်ထားမှုမှ မရှိပါ။
ထို့အပြင် အဆုံးစွန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒ စုစည်းခြင်းကို အသုံးပြုလိုက်သည်နှင့် လူတစ်ယောက်သည် မသေဆုံးလျှင်တောင် ခွန်အားအဆင့်တို့ ကျဆင်းသွားမှာ ဖြစ်သည်။ ဘယ်တော့မှ ပြန်လည် ကျင့်ကြံနိုင်မည် မဟုတ်ပေ။ ဤသည်မှာ ရန်သူနှင့် ကိုယ်တိုင် နှစ်ယောက်စလုံးကို ပျက်စီးစေသည့် နည်းလမ်းတစ်ခုဖြစ်၏။
အတိတ်တုန်းက ဝမ်ရှင်းသိုင်းပညာများ အကယ်ဒမီနှင့် တိုက်ပွဲတွင်လည်း သူတို့သည် ဂိုဏ်းရှိပါရမီရှင်များကို တူညီသည့် နည်းလမ်းနှင့် အသုံးပြုခဲ့ကြသည်။ ဝမ်ရှင်း၏ ပါဒမီရှင်များကို ကြီးစွာထိခိုက်စေ၏။ ယခုအချိန်၌ ရွှီယန်အပေါ်လည်း ထိုနည်းလမ်းကို ထပ်မံ အသုံးပြုတော့မည် ဖြစ်၏။
သိုင်းတစ်ထောင်အရှင်သခင်က ခဏတာ စဉ်းစားပြီးနောက် ဆက်လက်ပြောသည်။
"ပြီးတော့ ငါတို့ဂိုဏ်းထဲမှာလည်း လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ပါရမီရှင် နှစ်ယောက်သုံးယောက်လောက်ကို ရွေးချယ်ထား။ သူတို့ရဲ့ ခွန်အားကို မြှင့်တင်ပြီး စွမ်းအားကြီးမားတဲ့ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ပျိုးထောင်ခိုင်းမယ်။ ပြီးရင် ဒီဗိုင်းကိရိယာရဲ့ စွမ်းအားကိုလည်း ယာယီအသုံးပြုခိုင်းရမယ်.."
"လိုအပ်ရင် သူတို့ကို လှုပ်ရှားခိုင်းရတာပေါ့။ ဘာပဲဖြစ်ဖြစ် အခုက အချိန်မကျသေးဘူးဆိုတော့ ဟူပူပိုင်တို့တွေ ပွဲထဲကိုဝင်ဖို့ မသင့်တော်သေးဘူး။ သူတို့က လင်းနယ်မြေရဲ့ နောက်ဆုံးပါရမီရှင်တွေနဲ့ ရင်ဆိုင်ဖို့အတွက်ပဲ.."
"ငါတို့တွေ မျိုးဆက်စုံ မဟာမိတ်အဖွဲ့ကို လုံးဝအနိုင်ယူပြီး ဝူထန်းနန်ကို သတ်ရမယ်။ ဒီတစ်ခေါက်ပြီးရင် လင်းနယ်မြေရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပြန်ပြီးတော့ပြင်ဆင်ရမယ်.."
"စိတ်ဝိဉာဉ်သားရဲမျိုးနွယ်နဲ့ မိုးပြာရောင် ပင်လယ်
စိတ်ဝိဉာဉ် မျိုးနွယ်ကလည်း အန္တရာယ်ပဲ။ ဒီဗိုင်းတံတားဖွင့်လှစ်ပြီးတဲ့ အခါကျရင် ငါတို့တွေသူတို့ကို လုံးဝဖိနှိပ့်ထားရမယ်.."
သိုင်းတစ်ထောင်ခန်းမ အရှင်သခင်၏ မျက်လုံးများက အေးစက်သွားပြီး သတ်ဖြတ်လိုမှုတို့ဖြင့် ပြည့်နက်နေ၏။
"ဟုတ်ကဲ့ပါ ခန်းမအရှင်သခင်.."
အကြီးအကဲအားလုံးတို့သည် အေးစက်စွာ ခံစားလိုက်ရ၏။ သူတို့၏ အရှင်သခင်သည် လင်းနယ်မြေတစ်ခုလုံး၏ ဖွဲ့စည်းပုံအား ပြောင်းလဲရန် ပြင်ဆင်နေလေသည်။
သိုင်းတစ်ထောင်အရှင်သခင်က နောက်သို့လှည့်ကာ ထွက်ခွာသွား၏။ သို့ပေမယ့် တစ်ခုခုကို အမှတ်ရလိုက်ပြီး ရပ်တန့်သွားသည်။ သူသည် ပြန်လှည့်ကာ ပြော၏။
"ငါတို့ဂိုဏ်းထဲမှာ အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့်ကို ရောက်ရှိပြီး ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ လင်းကျီကို မကျင့်ကြံနိုင်တဲ့လူတွေ ရှိတယ်မလား။ သူတို့တွေက အသက်ကြီးနေပြီ။ ဒီအချိန်က ခန်းမအပေါ် ပြန်ပြီးပေးဆပ်ရမယ့် အချိန်ပဲ.."
"စွမ်းအားကြီးမားတဲ့ သတ်ဖြတ်ခြင်း စိတ်ဆန္ဒကို သူတို့ကို ကျင့်ကြံခိုင်းလိုက်။ အသက်ဓာတ် လောင်းကျွမ်းခြင်း သိုင်းပညာကိုလည်း ကျင့်ကြံခိုင်းလိုက်။ လိုအပ်ရင် သူတို့ကို ရွှီယန်ကို သတ်ခိုင်းရမယ်.."
"သူတို့ ငါတို့ သိုင်းတစ်ထောင်ခန်းမက ဖြစ်တာကို ဘယ်သူမှသာ မသိဘူးဆိုရင် ဝူထန်းနန်က ဘာလုပ်နိုင်မှာလဲ.."
"အဲ့ဒီ့ကောင်စုတ်က ဝူထန်းနန်ရဲ့ နောက်ခံရှိတယ်ဆိုပြီး ငါတို့ သိုင်းတစ်ထောင်ခန်းမရဲ့ ရှေ့မှာ လာမောက်မာရဲနေတယ်။ ငါသူ့ကို ဘယ်လိုလုပ်ပြီး အသက်ရှင်ရက်ထားနိုင်မှာလဲ.."
"ဝူထန်းနန်က သူတစ်ယောက်တည်းနဲ့ ငါတို့ သိုင်းတစ်ထောင်ခန်းမကို ခြိမ်းခြောက်နိုင်မယ်လို့ ထင်နေတာလား။ ငါတို့ကို မလှုပ်ရှားတော့ဘူးလို့ ထင်နေတာလား။ သိုင်းတစ်ထောင်ခန်းမရဲ့ လုပ်ရပ်လို့သာ သက်သေမပြနိုင်ဘူးဆိုရင် သူဘယ်လို ရန်ရှာနိုင်မလဲလို့ ကြည့်ချင်သေးတယ်.."
ထိုစကားကို ကြားရပြီးနောက် အကြီးအကဲများ၏ မျက်နှာများက လေးနက်သွားကြသည်။ ခန်းမအရှင်သခင်သည် ထိုနည်းလမ်းကို အသုံးပြုရန် စီစဉ်နေသည်လား။
"ခန်းမအရှင်သခင်... အဲ့ဒီ့အဆင့်အထိလုပ်ဖို့ တကယ်ပဲလိုအပ်လို့လား.."
အကြီးအကဲတစ်ယောက်က နက်ရှိုင်းသည့်အသံဖြင့် မေး၏။
"သွေးနတ်ဆိုးကပ်ဘေး ဖြစ်ပွားခဲ့တာက ငါတို့တွေ လုံလုံလောက်လောက် မပျက်သားခဲ့လို့ပဲ။ မဟုတ်ရင် သွေးနတ်ဆိုးက ဘယ်လိုလုပ်ပြီးတော့ မြင့်တက်လာမှာလဲ။ တူညီတဲ့အမှားကို ထပ်လုပ်လို့မဖြစ်ဘူး.."
သိုင်းတစ်ထောင်အရှင်သခင်က ခက်ထန်စွာဖြင့်ဖြေသည်။
"ဟုတ်ကဲ့ပါ ခန်းမအရှင်သခင်.."
အားလုံးတို့သည် ထိုစကားကို ကြားရပြီးနောက် အနည်းငယ် ကြောက်ရွံ့သွား၏။ သွေးနတ်ဆိုးကပ်ဘေးသည် စိတ်ဝိဉာဉ်ဂိုဏ်းများ၏ သမိုင်းတွင် အကြီးမားဆုံး ကပ်ဘေးတစ်ခု ဖြစ်သည်။
ခန်းမအရှင်သခင်၏ မျက်လုံးထဲတွင် ရွှီယန်၏ ခြိမ်းခြောက်နိုင်စွမ်းသည် သွေးနတ်ဆိုးနှင့် အဆင့်တူနေပြီးပြီလား။
သိုင်းတစ်ထောင် အရှင်သခင်မှာ ထွက်ခွာသွား၏။ အကြီးအကဲများက လာမည့်တိုက်ပွဲအတွက် စီမံမှုများကို စတင်ပြုလုပ်သည်။ လဝက်ပြီးပါက ရွှီယန်၏ စိန်ခေါ်မှုကို ရင်ဆိုင်ရန် ပြင်ဆင်ကြ၏။
သိုင်းတစ်ထောင်ခန်းမ၏ အနောက်ဘက်ရှိ အဓိကနယ်မြေတွင် ဂူတစ်ခုမှ လျှောက်လှမ်း ဝင်ရောက်နိုင်သည့် ကြီးမားသည့် မြေအောက်ခန်းမကြီးတစ်ခု ရှိ၏။
ထိုအခန်းမကြီးကို စိတ်ဝိဉာဉ်သတ္တုတွင်းတစ်ခုမှ ထွင်းထုထားခြင်း ဖြစ်သည်။ ခန်းမ၏အထက်တွင် တောက်ပနေသည့် စိတ်ဝိဉာဉ်သတ္တုများရှိပြီး ထူးဆန်းသည့် အငွေ့အသက်တစ်ခုကို ထုတ်လွတ်နေ၏။