← Chapters

အခန်း (၅၅၃-၅၅၅)

Vol. 37 Ch. 553-555

အခန်း (၅၅၃-၅၅၅)

Vol. 37 Ch. 553-555

အပိုင်း ၅၅၃ - သိုင်းတစ်ထောင်အရှင်သခင်၏ အစီအစဉ်(၂)

မူလက ကြည်လင်သည့် စိတ်ဝိဉာဉ်ကျောက်သလင်းပေါ်တွင် အရောင်စုံသည့် အရောင်အဝါတစ်ခု စီးဆင်းနေပြီး ဆက်တိုက် ပြောင်းလဲနေ၏။ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ရာသီဥတုလေးခု လှည့်လည်နေသည့် သဖွယ် ရှိသည်။

ခန်းမ၏အနောက်ဘက်တွင် သေးငယ်သည့် စိတ်ဝိဉာဉ်ပုံဆောင်ခဲ အိမ်များစွာ ရှိ၏။ ထိုအထဲမှ အိမ်၅ခုမှာ တံခါးများပိတ်နေပြီး ရှင်းလင်းစွာပင် အတွင်းထဲ၌ တံခါးပိတ်ကျင့်ကြံနေသူ ရှိသည်။

ခဏတာကြည့်ရှု့ပြီးနောက် စိတ်ဝိဉာဉ်သတ္တုတွင်းမှ ခန်းမအတွင်းသို့ စီးဝင်လာသော နက်နဲသည့် အငွေ့အသက်တို့ကို စိတ်ဝိဉာဉ်ပုံဆောင်ခဲအိမ် ၅ခုက စုပ်ယူသွားကြောင်းကို တွေ့ရ၏။

"မျိုးဆက်စုံမဟာမိတ်အဖွဲ့၊ ဝူထန်းနန်.. အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းတွေရဲ့ နက်ရှိုင်းမှုက မင်းတို့နားလည်နိုင်တဲ့အရာ မဟုတ်ဘူး။ ပါရမီရှင်တွေအကြား ယှဉ်ပြိုင်ပွဲမှာ မင်းတို့က သေချာပေါက်ရှုံးနိမ့်မှာ.."

သိုင်းတစ်ထောင်ခန်းမ အရှင်သခင်၏ နှလုံးသားထဲတွင် လူသတ်ငွေ့တို့ ပြည့်လျံလာခဲ့၏။

"အတိတ်တုန်းက အဆုံးမဲ့ကြယ်တာရာ အကယ်ဒမီက များပြားလှတဲ့ စိတ်ဝိဉာဉ်ခန္ဓာပါရမီရှင်တွေကို ခေါ်ယူခဲ့ပြီး စွမ်းအားအချို့ကို ပိုင်ဆိုင်ခဲ့ကြတယ်။ ဒါပေမယ့် ငါတို့ အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းတွေရဲ့ အဓိက ပါရမီရှင်တွေက လှုပ်ရှားမှုတောင် မပြုခဲ့ကြဘူး.."

"ဒီတစ်ကြိမ်မှာ လင်းနယ်မြေရဲ့ လေလွင့်သိုင်းသမားအားလုံးကို ငါတို့ အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းတွေရဲ့ အဓိကပါရမီရှင်တွေရဲ့ အစစ်အမှန်စွမ်းအား ဘယ်လိုဆိုတာ ပြပေးမယ်.."

"ဝူထန်းနန်... မင်းက မဖွံ့ဖြိုးတဲ့နယ်မြေက ကောင်တစ်ကောင်ပဲ... သိုင်းပညာအချို့ကို ကျင့်ကြံထားတာနဲ့၊ စိတ်ဝိဉာဉ်နယ်မြေရဲ့ အကန့်အသတ်ကို ရောက်ပြီးတာနဲ့.. ထင်တိုင်းကြဲနိုင်မယ်လို့ ထင်နေတာလား.."

"မင်းက ဒီဗိုင်းတံတားကို ဖြတ်ကျော်ဖို့အတွက် စိတ်အားထက်သန်နေတယ်ပေါ့။ ဒါပေမယ့် ငါကလည်း ခွင့်ပြုမှာမဟုတ်ဘူး.."

စိတ်ဝိဉာဉ်ပုံဆောင်ခဲ အိမ်၅ခုတို့ကို ကြည့်ရင်းက သိုင်းတစ်ထောင်အရှင်သခင်၏ မျက်နှာက ပြန်လည်တည်ငြိမ်လာခဲ့သည်။

ရွှီယန်မှာ မည်မျှပင် မကောင်းဆိုးဝါး ဆန်စေကာမူ အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းများရှိ အဓိက ပါရမီရှင်များနှင့် ဘယ်တော့မှ နှိုင်းယှဉ်နိုင်မည် မဟုတ်ပေ။

သမိုင်းတစ်လျှောက်တွင် အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းများရှိ အဓိက ပါရမီရှင်များသည် စိတ်ဝိဉာဉ်နယ်မြေ၌ ပေါ်ပေါက်လာတာ အလွန်ရှား၏။ သူတို့အနေနှင့် လှုပ်ရှားရန် လိုအပ်လျှင်တောင် အမည်ကို ထုတ်ဖော်ပြောကြားခြင်း မပြုပေ။ မည်သူမှလည်း သူတို့ကို မသိကြပါ။

"အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းတွေရဲ့ တည်ရှိမှုက အဓိကပါရမီရှင်တွေ အတွက်ပဲ.."

"ဝူထန်းနန်... မင်းက ရေတွင်းထဲက ဖားတစ်ကောင်ထက်မပိုဘူး.."

သိုင်းတစ်ထောင်အရှင်သခင်က ကိုယ့်ကိုယ်ကိုယ် ရေရွတ်သည်။ ထို့နောက် လွတ်နေသည့် စိတ်ဝိဉာဉ်ပုံဆောင်ခဲ အိမ်တစ်လုံးအတွင်းသို့ ဝင်ကာ စတင်ကျင့်ကြံ၏။

ရွှီယန်မှာ အဆင့်ချိုးဖျက်ရန်အတွက် နေရာတစ်နေရာကို ရှာဖွေနေ၏။ သို့ပေမယ့် ရုတ်တရက် ရပ်တန့်သွားပြီး လျှင်မြန်စွာ ချဥ်းကပ်လာနေသည့် ပုံရိပ်ကို ခေါင်းလှည့်ကြည့်သည်။ ထိုလူမှာ ကျောင်းဆရာတစ်ဦးနှင့် တူ၏။ လက်ထဲတွင် ပေတံတစ်ချောင်း ကိုင်ဆောင်ထားသည်။

"သူက စွမ်းအားကြီးလိုက်တာ.."

သူသည် တစ်ဖက်လူဆီမှ အသန်မာဆုံးပုဂ္ဂိုလ်တစ်ယောက်၏ စွမ်းအားကို ခံစားရသည်။

"မိတ်ဆွေလေးရွှီ... ခဏလောက် စောင့်ပါဦး.."

ဝူထန်းနန်က အပြုံးတစ်ခုဖြင့် နှုတ်ဆက်၏။

"ခင်ဗျားက ဘယ်သူလဲ.."

ရွှီယန်က ပြန်မေးသည်။

"ဝူထန်းနန်.."

ဝူထန်းနန်၏ မျက်နှာသည် အပြုံးဖြင့် ပြည့်နှက်နေ၏။ သူသည် ရွှီယန်အပေါ် အလွန် စိတ်ဝင်စားနေပါသည်။ ဓားပညာမှာ အလွန်နက်ရှိုင်းပြီး ဆန်းကြယ်လှ၏။

"ကျွန်တော့်ကို လာရှာတာ ဘာကိစ္စရှိလို့လဲ.."

ရွှီယန်က ခဏတာ စဉ်းစားသည်။ သူသည် ယခုကဲ့သို့သော စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦးကို ဘယ်တုန်းကမှ မကြားဖူးခဲ့ပါ။

တစ်ဖက်လူ၏ အသွင်အပြင်ကို ကြည့်ရသည်မှာ စိတ်ဝိဉာဉ်ဂိုဏ်းများမှ မဟုတ်ဟန်တူ၏။ ကြီးမားလှသည့်ခွန်အားနှင့် သိုင်းတစ်ထောင်ခန်းမ၏ အရှေ့တွင် ပေါ်လာကာ ခန်းမတစ်ခုလုံးကို ခြိမ်းခြောက်နိုင်လေသည်။ ကြည့်ရသည်မှာ မျိုးဆက်စုံမဟာမိတ်အဖွဲ့ဘက်မှ ဖြစ်ပေလိမ့်မည်။

မျိုးဆက်စုံမဟာမိတ်အဖွဲ့၏ မဟာမိတ်ခေါင်းဆောင် လေလား။

"မင်းကို လေလွင့်သိုင်းသမားတစ်ယောက် ဖြစ်တယ်ဆိုတာ ငါသတိထားမိလိုက်တယ်။ ဒါပေမယ့် လေလွင့်သိုင်းသမားဖြစ်ပြီး မင်းရဲ့ဓားတာအိုက အရမ်းကို အံ့သြစရာကောင်းပြီး ထူးကဲတယ်။ အဲ့ဒါကြောင့် သိလိုစိတ်တွေများတာနဲ့ လိုက်လာခဲ့တာ။ မင်းရဲ့သိုင်းပညာကို ဘယ်နေရာက သင်ခဲ့တာလဲလို့ မေးလို့ရမလား.."

ဝူထန်းနန်က အပြုံးတစ်ခုဖြင့် မေး၏။

"ကျွန်တော့်ရဲ့ဆရာက တစ်သီးတစ်သန့်နေတဲ့ လူတစ်ယောက်ပဲ။ သူသင်ပေးတဲ့ ဓားတာအိုကလည်း လောကကြီးမှာ တစ်သီးတစ်သန့်ဆန်တယ်။ ကျွန်တော့်အတွက် စိတ်ဝိဉာဉ်နယ်မြေရဲ့ ဓားပညာတွေဆိုတာ စတင်ခြင်းအဆင့်ထက် မပိုဘူး။ သူတို့တွေ ရောက်ရှိနိုင်တာက ဓားတာအိုရဲ့ အပြင်ဝအထိပဲ။ အစစ်အမှန် ဝင်ရောက်နိုင်ဖို့ဆိုတာ အလှမ်းကွာလွန်း နေသေးတယ်။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် စိတ်ဝိဉာဉ်နယ်မြေမှာ ဓားသိုင်းပညာပဲရှိတယ်။ ဓားတာအိုမရှိဘူး.."

ရွှီယန်က ခဏတာစဉ်းစားပြီးနောက် ပြော၏။

ဝူထန်းနန်၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားသည်။ စိတ်ဝိဉာဉ်နယ်မြေတွင် ဓားတာအို မရှိပေဘူးလား။ ဤသည်မှာ ရဲတင်းလှသည့် ဆိုလိုချက်ဖြစ်၏။

သို့ပေမယ့် ပြောရလျှင် ရွှီယန်၏ ထူးကဲလှသည့် ဓားတာအိုကိုကြည့်ကာ ထိုကဲ့သို့ စဉ်းစားသည်မှာ ကျိုးကြောင်းဆီလျော်မှုရှိသည်ဟု ခံစားရ၏။

စိတ်ဝိဉာဉ်နယ်မြေရှိ ဓားတာအိုသည် သူကဲ့သို့သော နက်ရှိုင်းမှုနှင့် အံ့သြစရာကောင်းမှုမျိုးကို ပိုင်ဆိုင်ထားခြင်း မရှိပေ။

ရွှီယန်၏ မျက်လုံးထဲတွင် စိတ်ဝိဉာဉ်နယ်မြေ၏ ဓားတာအိုကို ဓားတာအို၏ ဂိတ်တံခါးအတွင်းသို့ ခြေချပြီးခြင်းမရှိသေးဟု မြင်နေသည်မှာ အံ့သြစရာမရှိပါ။

စိတ်ဝိဉာဉ်နယ်မြေတွင် ဓားသိုင်းပညာသာရှိပြီး ဓားတာအိုမရှိဟူသည့် စကားအတွက်လည်း ဝူထန်းနန်သည် ခဏတာ စဉ်းစားပြီးနောက် မှန်ကန်မှုအချို့ ပါဝင်သည်ဟု ခံစားရ၏။

စိတ်ဝိဉာဉ်နယ်မြေ၏ ဓားတာအိုသည် သတ်ဖြတ်ခြင်းပညာနှင့် လက်ရာမြောက်သည့် လှုပ်ရှားကွက်များဖြင့် အခြေခံထားသည်။

ရွှီယန်၏ ဓားတာအိုနှင့် နှိုင်းယှဉ်ပါက အလွန် နောက်ကျကျန်ခဲ့၏။ ရွှီယန်၏ တိုက်ခိုက်လိုက်သည့် အချိန်တိုင်းတွင် မည်သည့်ဓားသိုင်းပညာ၏ သဲလွန်စကိုမှ ရှာတွေ့ခြင်းမရှိပေ။ သူသည် သိုင်းကွက်များ၏ အတိုင်းအတာအတွင်းမှ ကျော်လွန်ခဲ့တာ ကြာပြီဖြစ်၏။ ထိုသို့ဆိုပါက ဤသည်မှာ စစ်မှန်သည့် ဓားတာအိုလေလား။

"မင်းဆရာရဲ့ ဓားတာအိုက တကယ်ပဲ နက်ရှိုင်းတယ်။ အဲ့ဒါက ငါ့ရဲ့လေးစားမှုကို မြင့်တက်လာစေတယ်။ ဒါကြောင့်မလို့ အလည်အပတ်သွားပြီး အရိုအသေပေးခွင့်ရှိမလား မသိဘူး.."

ဝူထန်းနန်က စိတ်လှုပ်ရှားစွာဖြင့် မေး၏။

ရွှီယန်က ခဏတာစဉ်းစားပြီးနောက် ဖြေကြားသည်။

"ဆရာ့ဆီကို သွားရောက်လည်ပတ်ဖို့ဆိုရင် သူ့ရဲ့ခွင့်ပြုချက်ကို လိုအပ်တယ်။ ကျွန်တော့်မှာ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ရဲ့ဆရာက တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ပြီး ပဋိပက္ခတွေ အနှောင်အဖွဲ့တွေနဲ့ ကင်းလွတ်တယ်။ ခင်ဗျားကမျိုးဆက်စုံမဟာမိတ်အဖွဲ့ရဲ့ မဟာမိတ်ခေါင်းဆောင်ဖြစ်ကတည်းက ယွီကျိုးမဟာမိတ်အဖွဲ့ခွဲရဲ့ ခေါင်းဆောင်ကို ခင်ဗျားရဲ့ ဆန္ဒအကြောင်း ပြောပြပြီး မေးကြည့်သင့်တယ်.."

ဝူထန်းနန်က အံ့ဩသွားသည်။ ယွီကျိုး၏ မဟာမိတ်အဖွဲ့ခွဲခေါင်းဆောင်သည် ရွှီယန်၏ဆရာနှင့် ဆက်သွယ်နိုင်သည်လား။

သူက ခေါင်းကိုရမ်းကာ ပြောသည်။

"မင်းနားလည်မှုလွဲနေပြီ... ငါက မျိုးဆက်စုံ မဟာမိတ်အဖွဲ့ရဲ့ မဟာမိတ်ခေါင်းဆောင် မဟုတ်သလို.. အဖွဲ့ဝင်တစ်ယောက်လည်း မဟုတ်ဘူး.."

"အဲ့ဒါဆိုရင် ခင်ဗျားက ဘယ်သူလဲ.."

ရွှီယန်မှာ အံ့သြသွား၏။ တစ်ဖက်လူသည် မျိုးဆက်စုံမဟာမိတ်အဖွဲ့၏ မဟာမိတ်ခေါင်းဆောင် မဟုတ်သလို အဖွဲ့ဝင်တစ်ယောက်လည်း မဟုတ်ပေ။

ဖြစ်နိုင်သည်မှာ အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းမှ စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ယောက်လေလား။

ဝူထန်းနန်က ခဏတာစဉ်းစားပြီးနောက် မေး၏။

"အဆုံးမဲ့ကြယ်တာရာ အကယ်ဒမီကို မင်းကြားဘူးလား.."

"နည်းနည်းတော့သိတယ်... ပြောကြတာက စိတ်ဝိဉာဉ်ဂိုဏ်းတွေက အဆုံးမဲ့ကြယ်တာရာ အကယ်ဒမီကို ဖျက်ဆီးလိုက်တာကြောင့် ဒေသ၁၈ခုကနေပြီး ပျောက်ကွယ်သွားပြီးပြီတဲ့.."

ရွှီယန်က ခေါင်းငြိမ့်စွာဖြေကြား၏။

"ခင်ဗျားက အဆုံးမဲ့ကြယ်တာရာ အကယ်ဒမီရဲ့ အဖွဲ့ဝင်တစ်ယောက်လား.."

ဝူထန်းနန်မှာ ယွဲ့ချန်မင်ထက် များစွာ ပိုမိုစွမ်းအားကြီး၏။ ယွဲ့ချန်မင်မှာ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီကို စုစည်းကာ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမအချို့ကိုပင် နားလည်သဘောပေါက်ပြီးဖြစ်ပေမယ့် သူ၏ခွန်အားသည် ဝူထန်းနန်လောက် သန်မာခြင်းမရှိပေ။ တစ်ဖက်လူသည် သူရဲကောင်း၃၆ဦးထဲမှ တစ်ယောက်လေလား။

"ငါက တစ်ချိန်က အဆုံးမဲ့ကြယ်တာရာ အကယ်ဒမီရဲ့ ကျောင်းအုပ်ဖြစ်ခဲ့တယ်.."

ဝူထန်းနန်က ခါးသက်စွာ ပြုံးသည်။ ရွှီယန်သည် အဆုံးမဲ့ကြယ်တာရာ အကယ်ဒမီအကြောင်းကို သိ၏။ သို့ပေမယ့် ကျောင်းအုပ်ဖြစ်သူ ဝူထန်းနန်နှင့်ပတ်သက်ပြီး သိရှိခြင်း မရှိပါ။

ဤသည်က အဆုံးမဲ့ကြယ်တာရာ အကယ်ဒမီ၏ အချက်အလက်များသည် ဒေသ၁၈ခုတို့တွင် မည်မျှဖျောက်ဖျက်ခြင်း ခံထားရသည်ကို တွေ့မြင်နိုင်၏။

ရွှီယန်မှာ လုံးဝ အံ့သြသွားသည်။

"ခင်ဗျားက အဆုံးမဲ့ကြယ်တာရာ အကယ်ဒမီရဲ့ ကျောင်းအုပ်လား.."

"အတိအကျပဲ.."

ဝူထန်းနန်က ပြန်ပြောင်းစဉ်းစားစွာ ပြော၏။

"အဲ့ဒီ့နှစ်က အဆုံးမဲ့ကြယ်တာရာ အကယ်ဒမီရဲ့ တိုက်ပွဲမှာ ငါ လုပ်ကြံတိုက်ခိုက်တာကို ခံခဲ့ရတယ်။ ပြီးတော့ သိုင်းတစ်ထောင်ခန်းမရဲ့ လူအိုကြီးက ချောင်းမြောင်းတိုက်ခိုက်ပြီး ဒဏ်ရာအပြင်းအထန် ရသွားခဲ့တယ်။ နောက်ပိုင်းမှာ အကယ်ဒမီလည်း ဆက်ပြီး မရပ်တည်နိုင်တော့ဘဲ ပြိုကွဲသွားခဲ့တယ်။ ပြီးတော့ ဒေသ၁၈ခုကနေ ဆုတ်ခွာခဲ့ရတယ်.."

ရွှီယန်သည် ရုတ်တရက် နားလည်သွား၏။ ဝူထန်းနန်သည် သိုင်းတစ်ထောင်ခန်းမ၏ ရှေ့တွင် ပေါ်လာတာ အံ့သြစရာမရှိပေ။ သူ့တို့အကြားတွင် နက်ရှိုင်းသည့် အမုန်းတရားတို့ ရှိနေ၏။

"ဒါပေမယ့်... အဲ့ဒါလည်း ကောင်းပါတယ်... အခုဆိုရင် ငါ့အတွက် ဝန်ထုပ်ဝင်ပိုးတွေ မရှိတော့ဘဲ လွတ်လွတ်လပ်လပ် ပြုမူနိုင်ပြီ။ စိတ်ဝိဉာဉ်ဂိုဏ်းတွေသာ ပါရမီရှင်တွေအကြား ယှဉ်ပြိုင်ပွဲရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ရင် တုံ့ဆိုင်းမှုမရှိဘဲ ပြန်လည်တိုက်ခိုက်နိုင်ပြီ.."

"ငါဝူထန်းနန် အတွင်းဘက်နယ်မြေက တောင်ရွာလေးတစ်ခုကနေ တောက်လျှောက် ခရီးဆက်ခဲ့တာ။ စိတ်ဝိဉာဉ်နယ်မြေရဲ့ အထွတ်အထိပ်ကို ရောက်လာခဲ့ပြီ။ စိတ်ဝိဉာဉ်ဂိုဏ်းတွေက ငါ့ကို သူတို့စိတ်တိုင်းကျ ခြယ်လှယ်လို့ မရနိုင်ဘူး.."

ဝူထန်းနန်က အေးစက်သည့်အပြုံးဖြင့် ပြော၏။

ရွှီယန်မှာ ကြီးစွာ အံ့သြသွားသည်။ ဝူထန်းနန်သည် အတွင်းဘက်နယ်မြေမှ လာခဲ့သည်လား။ ထို့အပြင် အဆုံးမဲ့ကြယ်တာရာ အကယ်ဒမီ၏ ကျောင်းအုပ်ဖြစ်နေလေသည်။ ၎င်းသည် အတွင်းဘက်နယ်မြေရှိ ခုနှစ်စင်ကြယ်အကယ်ဒမီ၏ အထက်အင်အားစု ဖြစ်၏။

ဖြစ်နိုင်သည်မှာ ဝူထန်းနန်သည် ခုနစင်ကြယ်အကယ်ဒမီ၏ တည်ထောင်သူ ဘိုးဘေးလေလား။ ထိုကဲ့သို့ တွေးမိပြီးနောက် ရွှီယန်မှာ ရုတ်တရက် စိတ်ဝင်စားလာခဲ့သည်။

"ခင်ဗျားက အတွင်းဘက်နယ်မြေက လာခဲ့တာလား... ဖြစ်နိုင်တာက ခုနစ်စင်ကြယ်အကယ်ဒမီရဲ့ တည်ထောင်သူဘိုးဘေးများလား.."

ဝူထန်းနန်က အံ့သြသွားသည်။

"ခုနစ်စင်ကြယ်အကယ်ဒမီ အကြောင်းကို မင်းက ဘယ်လိုလုပ်ပြီး သိတာလဲ.."

"ကြားဖူးတာပါ... လင်းယွီဂိတ်တံခါး ပွင့်လာပြီးတဲ့နောက်မှာ အတွင်းဘက်နယ်မြေက လူအချို့ ဒီကိုရောက်လာခဲ့တယ်။ သူတို့ဆီကနေ ကြားခဲ့တာ.."

ရွှီယန်က ခေါင်းငြိမ့်သည်။ သူသည် ကိုယ့်ကိုယ်ကိုယ်အတွင်းဘက်နယ်မြေမှ လာသည်ဟု ထုတ်ဖော်ပြောကြားခြင်းမပြုပါ။ သတိထားရန် လိုအပ်၏။

"ငါသိပြီ.."

ဝူထန်းနန်မှာ နောက်ဆုံးတွင် နားလည်သွားသည်။ သူသည် လင်းယွီဂိတ်တံခါး၏ ဖွင့်လှစ်မှုနှင့်ပတ်သက်ပြီး ကိစ္စအနည်းငယ်ကို သိရှိထား၏။

"ဟုတ်တယ်... ငါက ခုနစ်စင်ကြယ်အကယ်ဒမီရဲ့ တည်ထောင်သူပဲ.."

ထိုကိစ္စအတွက် သူသည် ဖုံးကွယ်ထားစရာ မလိုပါ။

"အခုရော ခုနှစ်စင်ကြယ်အကယ်ဒမီ ဘယ်လိုနေလဲမသိဘူး.."

အတွင်းဘက်နယ်မြေတွင် တည်ထောင်ခဲ့သည့် ခုနစ်စင်ကြယ်အကယ်ဒမီကို ပြောလိုက်ချိန်၌ သူသည် အတိတ်ကို ပြန်ပြောင်းအမှတ်ရစွာ ခံစားလိုက်ရဆဲ ရှိ၏။ နှလုံးသားထဲတွင် သက်ပြင်းချမိသည်။

"ကျွန်တော်ကြားတာတော့ ကျောင်းရဲ့နာမည်ကို ပြောင်းလိုက်တယ်တဲ့.."

ရွှီယန်က ဖြေကြား၏။

"နာမည်ပြောင်းလိုက်တယ်... ဟေး.."

ဝူထန်းနန်က နောင်တရစွာဖြင့် သက်ပြင်းချသည်။ သို့ပေမယ့် ဆက်လက်မေးစမ်းခြင်း မပြုတော့ပါ။ သူက လေးစားစွာပြော၏။

"စိတ်ဝိဉာဉ်နယ်မြေရဲ့ အထွတ်အထိပ်ကို ရောက်ရှိပြီးကတည်းက စိတ်ဝိဉာဉ်နယ်မြေမှာ ငါ့အတွက်ထိုက်တန်တဲ့ ပြိုင်ဘက်တစ်ယောက်၊ သိုင်းပညာ ဆွေးနွေးနိုင်တဲ့ အဖော်တစ်ယောက်ကို ရှာတွေ့ဖို့ အရမ်းခက်ခဲလာတယ်... မင်းရဲ့ဆရာက တကယ့်ကို စွမ်းအားကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်မယ်ထင်တယ်။ သူ့ရဲ့ခွန်အားကလည်း စိတ်ဝိဉာဉ်နယ်မြေရဲ့ အထွတ်အထိပ်ကို ရောက်ပြီးလောက်မှာ.."

"ငါသူနဲ့တွေ့ဆုံပြီး အကြံပေးချက်အချို့ တောင်းခံလိုတယ်။ သိုင်းပညာနဲ့ပတ်သက်တဲ့ ဗဟုသုတတွေကို ဆွေးနွေးလိုတယ်။ ပြီးတော့ စိတ်ဝိဉာဉ်နယ်မြေရဲ့ ကောင်းကင်နဲ့ကမ္ဘာမြေကြီး အကြောင်း လျှို့ဝှက်ချက်တွေရောပေါ့.."

သူသည် သူ၏ရည်ရွယ်ချက်ကို ဖော်ထုတ်ပြောကြား၏။

ရှင်းမုန့်ရုံ၏ ခွန်အားမှာ သူ့ထက် အားနည်းခြင်းမရှိပေမယ့် ဘာပဲဖြစ်ဖြစ် သူမသည် ထိုက်မြှောင်ဂိုဏ်း၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်သည်။

အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းများတွင် သူတို့၏ ကိုယ်ပိုင်သိုင်းပညာရှိ၏။ ထို့ကြောင့် စိတ်ဝိဉာဉ်နယ်မြေ၏ ကောင်းကင်နှင့်ကမ္ဘာမြေကြီး လျှို့ဝှက်ချက်များအပေါ် ပိုမိုကောင်းမွန်သည့် နားလည်မှုရှိပါသည်။

နောက်ဆုံးတွင် သူသည် သူ့ထက် ခွန်အားနည်းပါးခြင်း မရှိဟု ယူဆရသည့် သိုင်းသမားတစ်ယောက်ကို ကြားသိခဲ့လေပြီ။ ဓားတာအိုမှာလည်း အမှန်တကယ် နက်ရှိုင်းလှ၏။

ဝူထန်းနန် ယုံကြည်သည်။ သူသည်လည်း သိုင်းပညာ ပညာရှင်တစ်ယောက်ဖြစ်ကာ လေလွင့်သိုင်းသမားတစ်ယောက် ဖြစ်၏။ ထို့ကြောင့် အချင်းချင်းဟု ယူဆနိုင်ပါသည်။ ဖြစ်နိုင်သည်မှာ နောက်ပိုင်းတွင် ရင်းနှီးမှုရလာပြီး စိတ်ဝိဉာဉ်နယ်မြေ၏ ကောင်းကင်နှင့်ကမ္ဘာမြေကြီး လျှို့ဝှက်ချက်များကို အတူတူရှာဖွေနိုင်မှာ ဖြစ်နိုင်သည်။

သို့ရာတွင် ရွှီယန်က ခေါင်းကိုရမ်းကာ ပြော၏။

"ကျွန်တော့်ဆရာဆီက အကြံပေးချက် တောင်းခံလို့တော့ ပြဿနာမရှိပါဘူး... ဆရာက ခင်ဗျားကို သေချာပေါက် ညွှန်ကြားမှုပေးနိုင်မှာ။ ဒါပေမယ့် သိုင်းပညာအတွေ့အကြုံတွေ ဖလှယ်ဖို့ကတော့ ဖြစ်လာမှာ မဟုတ်ဘူး.."

"ဘာလို့လဲ.."

ဝူထန်းနန်မှာ ပဟေဠိ ဖြစ်သွား၏။ ရွှီယန်၏ဆရာသည် သူ၏ သိုင်းပညာ ဗဟုသုတများကို အခြားလူများအား မျှဝေပေးလိုခြင်း မရှိသည့် ခေါင်းမာသည့် လူတစ်ဦးလေလား။

ရွှီယန်က ခဏတာစဉ်းစားပြီးနောက် အမှန်တရားကို တိုက်ရိုက်သာပြောရန် ဆုံးဖြတ်လိုက်သည်။

"ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားက အရမ်းကို အားနည်းလွန်းလို့ပဲ.."

ဝူထန်းနန်မှာ ကြောင်တောင်သွား၏။ သူ၏စိတ်ထဲတွင် ရွှီယန်၏စကားလုံးများက ပဲ့တင်ထပ်နေသည်။

"ခင်ဗျားက အားနည်းလွန်းလို့ပဲ..."

ဤသည်မှာ သူ၏ ပထမဆုံးအကြိမ် တစ်ယောက်ယောက်က သူ့ကို အားနည်းသည်ဟု ပြောခြင်းအား ကြားရခြင်းဖြစ်၏။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာက စိတ်ဝိဉာဉ်ဂိုဏ်းများနှင့် ရင်ဆိုင်တုန်းကပင်လျှင်၊ သိုင်းတစ်ထောင်ခန်းမ၏ ပြီးခဲ့သည့် အရှင်သခင်ဟောင်းက သူ့ကို ဒဏ်ရာအပြင်းအထန်ရအောင် တိုက်ခိုက်ခဲ့လျှင်ပင် တစ်ဖက်လူသည် အားနည်းလွန်းသည်ဟု ပြောဆိုရဲခြင်း မရှိပေ။ သို့ပေမယ့် ရွှီယန်ကတော့ သူ့ကို အားနည်းလွန်းသည်ဟု ပြောနေ၏။

အပိုင်း ၅၅၄ - ကျုရှင်ကျန့်၏ အံ့သြမှု

ဝူထန်းနန်မှာ လုံးဝမျက်လုံးများ ပြူးကျယ်နေ၏။ သူသည် အလွန် အားနည်းလွန်းလှသဖြင့် ရွှီယန်၏ ဆရာဖြစ်သူနှင့် သိုင်းပညာအသိအမြင်တို့ကို ဖလှယ်ရန် အရည်အချင်း မပြည့်မှီပေဘူးလား။

အသက်ကို နက်ရှိုင်းစွာရှူပြီး ပြန်လည် ပြောကြားသည်။

"မိတ်ဆွေလေး... ငါ့ရဲ့ စွမ်းအားအတိုင်းအတာကို မင်းမသိတာ ဖြစ်လိမ့်မယ်။ ဒါကြောင့်မို့လို့ ငါ့ကိုအားနည်းတယ်လို့ ထင်နေတာ။ ငါမင်းကို ပြောပြမယ်။ လက်ရှိအချိန်မှာ ငါ့ရဲ့စွမ်းအားက စိတ်ဝိဉာဉ်နယ်မြေရဲ့ အကန့်အသတ်ကို ရောက်လုနီးနေပြီ.."

သူသည် ရွှီယန်မှာ သူ့အား နားလည်မှု မရှိခြင်းကြောင့် သူ၏စွမ်းအားအပေါ် အထင်သေးနေခြင်း ဖြစ်မည်ဟု တွေးမိလိုက်၏။ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီကို သန့်စင်ထားသည့် သာမန်ပုဂ္ဂိုလ်တစ်ယောက်ဟု ထင်နေဟန်ရသည်။

သို့ပေမယ့် ရွှီယန်မသိသည်မှာ သူ၏စွမ်းအားသည် လင်းနယ်မြေ၏ အကန့်အသတ်သို့ ရောက်ရှိလုနီးပါး ရှိနေပြီဖြစ်ကာ ရွှီယန်၏ဆရာထက် သေချာပေါက် အားနည်းမည် မဟုတ်ပေ။

"သိတယ်လေ... အဲ့ဒါကြောင့်ပဲ ခင်ဗျားကို အားနည်းတယ်လို့ ပြောတာ.."

ရွှီယန်က လေးနက်စွာဖြင့် ပြော၏။

ဝူထန်းနန်မှာ ဟန်ပျက်လုမတက်ပင် ဖြစ်သွားသည်။ ရွှီယန်သည် စိတ်ဝိဉာဉ်နယ်မြေ၏ အကန့်အသတ်သို့ ရောက်နေသည်ဟူသည့် စကားလုံး၏အဓိပ္ပါယ်ကို နားမလည်ပေဘူးလား။

"ကျောင်းအုပ်ဝူ... ကျွန်တော်က ပွင့်ပွင့်လင်းလင်း ပြောတတ်ပေမယ့် ကျွန်တော်ပြောတဲ့ စကားက အမှန်ပဲ။ ခင်ဗျားကို လိမ်နေတာမဟုတ်ဘူး.."

ရွှီယန်က စိတ်ရင်းဖြင့် ပြော၏။ သူသည် အမှန်တကယ်ကို ရိုးသားသူတစ်ဦး ဖြစ်သည်။

ဝူထန်းနန်မှာ နှလုံးသားထဲ၌ မွန်းကြပ်စွာ ခံစားလိုက်ရသည်။ သို့ပေမယ့် အပြုံးတစ်ခုကို ဖော်ထုတ်ထားဆဲရှိ၏။

"မိတ်ဆွေလေး... စိတ်ဝိဉာဉ်နယ်မြေရဲ့ အကန့်အသတ်စွမ်းအားက ဘယ်လောက် အံ့သြဖို့ကောင်းတယ် ဆိုတာကို မင်းနားမလည်တာ ဖြစ်လိမ့်မယ်။ ဒါပေမယ့် မင်းဆရာထက် ငါက သေချာပေါက် အားမနည်းဘူး ဆိုတာကို အာမခံနိုင်တယ်.."

သူ၏ ခေါင်းမာစွာဖြင့် စိတ်ဝိဉာဉ်နယ်မြေ၏ အကန့်အသတ်သို့ ရောက်ရှိခြင်းမှာ အလွန်စွမ်းအားကြီးနေပြီဟု ယုံကြည်နေကြောင်းကို တွေ့လိုက်ရပြီးနောက် ရွှီယန်က သက်ပြင်းချသည်။ လက်သီးနှစ်ဖက်ကို ဆုပ်ကာ ပြော၏။

"ကျောင်းအုပ်ဝူ စိတ်ဝိဉာဉ်နယ်မြေရဲ့ အကန့်အသတ်စွမ်းအားက တကယ်ပဲ အရမ်းကြီးမားနေတာ မဟုတ်ပါဘူး။ ခင်ဗျားက စိတ်ဝိဉာဉ်နယ်မြေမှာ စွမ်းအားကြီးမားတယ်ဆိုတာကို ကျွန်တော်လက်ခံတယ်။ ဒါပေမယ့် ကျွန်တော့်ဆရာက လောကကြီးရဲ့ အလွန်ကို ရောက်ရှိနေပြီးပြီ။ သူက စစ်မှန်တဲ့ လောကအဆင့် ပုဂ္ဂိုလ်တစ်ယောက်ပဲ.."

"ဆရာ့ရဲ့ မျက်လုံးထဲမှာ ခင်ဗျားက တကယ်ပဲ အားနည်းလွန်းတယ်။ ဆရာ့ဆီကို သွားရောက် လည်ပတ်ချင်တယ်ဆိုရင် ယွီကျိုးရဲ့ မဟာမိတ်အဖွဲ့ခွဲက ခေါင်းဆောင်ဆီကို ဆက်သွယ်ကြည့်လို့ရတယ်။ ဆရာက တွေ့ဖို့အတွက် သဘောတူတယ်ဆိုရင် ခင်ဗျားမှာ ကြီးမားတဲ့ အခွင့်အရေး သေချာပေါက်ရလိမ့်မယ်.."

"ကြီးမြတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်နဲ့ ကြုံတွေ့ရတာက ကြီးမားတဲ့ ကံကောင်းမှုတစ်ခုပဲ။ ကျောင်းအုပ်ဝူ.. ခင်ဗျားကို ကံကောင်းစေဖို့ ကျွန်တော်ဆုတောင်းပေးလိုက်တယ်။ အခုတော့ သွားပါဦးမယ်.."

ဆက်လက်ပြောဆိုနေခြင်းက မည်သည့်အဓိပ္ပာယ်မှ မရှိပေ။ ထို့ကြောင့် ရွှီယန်သည် နောက်တစ်စက္ကန့်တွင် လေထဲ၌ ပျောက်ကွယ်သွား၏။ သူသည် အဆင့်ချိုးဖျက်ရန်အတွက် နေရာတစ်ခုကို ရှာဖွေရပေမည်။

ဝူထန်းနန်မှာ ကြောင်တောင်နေပြီး နေရာမှာတင် မလှုပ်မယှက်ရပ်နေ၏။ သူ၏ ဦးခေါင်းထက်၌ အသံများ မြည်နေပါသည်။

ရွှီယန်သည် မည်သည်ကို ပြောသွားခဲ့သနည်း။ သူ၏ဆရာသည် လောကကြီးကို ကျော်လွန်နေပြီးပြီဟုလား။

ဖြစ်နိုင်သည်မှာ သိုင်းသမားများသည် အမှန်တကယ် လောကကြီးထက် ကျော်လွန်နိုင်သည်လား။ ဤသည်မှာ မည်ကဲ့သို့သော သိုင်းအဆင့် ဖြစ်သနည်း။

သူသည် စိတ်ဝိဉာဉ်နယ်မြေ၏ အကန့်အသတ်ကို ချိုးဖျက်နိုင်ဖို့သာ ကြံဆနေရသေးသည်။ လောကကြီးကို ကျော်လွန်ရန် ဟူသည်မှာ ဘယ်တုန်းကမှ ပေါ်ပေါက်မလာဖူးသည့် အတွေးဖြစ်၏။ သူတင်မကပေ။ လောကကြီးရှိ သိုင်းသမားအားလုံးတို့လည်း ထိုကဲ့သို့ တွေးမိမည်မဟုတ်ပါ။

"ကြီးမြတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ကြုံတွေ့ရတာက ကြီးမားတဲ့ ကံကောင်းမှု... ကံကောင်းဖို့ ဆုတောင်းပေးတယ်.."

ဝူထန်းနန်သည် ရွှီယန်ထွက်ခွာသွားသည့် လားရာဆီသို့ ခေါင်းလှည့်ကြည့်သည်။ သူ၏ အတွေးများမှာ ဖရိုဖရဲဖြစ်နေ၏။

ဒီလောကကြီးတွင် လောကထက် ကျော်လွန်နိုင်သည့် ပုဂ္ဂိုလ်တစ်ဦး အမှန်တကယ် ရှိနေနိုင်သည်လား။ ထို့အပြင် ထိုကဲ့သို့သော ပုဂ္ဂိုလ်မှာ သူနှင့်အဝေးကြီး၌ ရှိမနေပေ။

"ယွီကျိုးရဲ့ မဟာမိတ်အဖွဲ့ခွဲ ခေါင်းဆောင်... ငါ အဲ့ဒီ့ပုဂ္ဂိုလ်ကို သွားတွေ့ပြီး တကယ်ပဲ ကြီးမြတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်လားဆိုတာကို ကြည့်ရမယ်.."

ဒီအချိန်၌ ဝူထန်းနန်၏ သိလိုစိတ်တို့သည် အလွန် မြင့်မားလာခဲ့၏။ သူသည် ဒီအခွင့်အရေးကို ကောင်းကောင်းဖမ်းဆုပ်ရမည်ဟူသည့် ထူးဆန်းသည့် အတွေးကိုပင် တွေးမိသည်။

ဝူထန်းနန်ကို နှုတ်ဆက်စကား ပြောပြီးနောက် ရွှီယန်သည် လူသူပြတ်လပ်သည့် တောင်တစ်ခုဆီသို့ သွားရောက်၏။ နေရာတစ်ခု၌ တင်ပျဉ်ခွေထိုင်ကာ မူလဒီဗိုင်းအဆင့်သို့ ချိုးဖျက်ရန် ပြင်ဆင်သည်။

"ဒီနေရာပဲ.."

ဝူထန်းနန်အနေနှင့် သူ၏စကားကို ယုံကြည်မှာလား သို့မဟုတ် ဆရာဖြစ်သူမှာ တစ်ဖက်လူကို တွေ့မည်လား ဟူသည်မှာတော့ ရွှီယန်အနေနှင့် ဂရုစိုက်နေခြင်း မရှိပေ။

သူပြောခဲ့သလိုပင်။ ကြီးမားသော ကံတရားကို ပိုင်ဆိုင်ထားပါက ကြီးမြတ်သည့် ပုဂ္ဂိုလ်ကို တွေ့ဆုံရန် အခွင့်အရေးရလာမှာ ဖြစ်၏။

ဝူထန်းနန်တွင် ထိုကဲ့သို့သော ကံတရားရှိလျှင် သူ၏ဆရာနှင့် တွေ့ဆုံပေးလိမ့်မည်။

သူသည် သိုလှောင်လက်စွပ် အတွင်းမှ အခင်းအကျင်းပြားကိုထုတ်ကာ လက်ကိုဝှေ့ရမ်းလိုက်သည်။ အခင်းအကျင်းတစ်ခုကို တည်ဆောက်လိုက်၏။

ထိုအခင်းအကျင်းများကို ဖန်းဟောင်က ပြုလုပ်ထားခြင်း ဖြစ်သည်။ စိတ်ဝိဉာဉ်နယ်မြေတွင် လှည့်လည်ရာ၌ အသုံးပြုရန် ဖြစ်၏။ လက်ထဲတွင် အခင်းအကျင်းပြားများ ရှိရာ အခင်းအကျင်းကို ဖန်တီးရာ၌ အလွန် ရိုးရှင်းပါသည်။ ဘာပဲဖြစ်ဖြစ် သူသည် အခင်းကျင်းနှင့်ပတ်သက်ပြီး နားလည်မှုအချို့ ရှိ၏။

အခင်းအကျင်းကို တည်ဆောက်ပြီးနောက် ရွှီယန်သည် မူလဒီဗိုင်းအဆင့်သို့ စတင်ချိုးဖျက်သည်။

သိုင်းတစ်ထောင်ခန်းမ၏ အဝင်ဝတွင် လူတစ်ယောက်သည် စင်မြင့်တစ်ခုကို တည်ဆောက်ပြီး ပါရမီရှင်၅ယောက်ကို တစ်ယောက်တည်း ရင်ဆိုင်သတ်ဖြတ်ခဲ့၏။ ထိုလူ၏အမည်မှာ ရွှီယန်ဟုခေါ်ပြီး ဓားနတ်ဘုရားဟု ဆိုလေသည်။

ထိုသတင်းမှာ စိတ်ဝိဉာဉ်နယ်မြေတလျှောက် လျှင်မြန်စွာ ပျံ့နှံ့သွားခဲ့၏။

တစ်ချိန်တည်းတွင် သရွှမ်မြို့၌လည်း လောကကြီးရှိ အမြင့်မားဆုံး ပါရမီရှင်တို့၏ ယှဉ်ပြိုင်ပွဲမှာ သရုပ်ပေါ်လာခဲ့သည်။ နေရာအသီးသီးရှိ ပါရမီရှင်တို့သည် သရွှမ်မြို့၌ စုစည်းလာကြ၏။

ဆေဘာအရှင်သခင် မုန့်ချုံ၏ အမည်မှာလည်း လျှင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

ထိုက်မြှောင်ဂိုဏ်းတွင်...

ထိုက်မြှောင်ဂိုဏ်းရှိသည့် ထိုက်မြှောင်တောင်ထွတ်သည် တိမ်စိုင်အထိရောက်အောင် မြင့်မားပြီး မြူခိုးတို့ဖြင့် ဝေနေ၏။ ကြည့်ရသည်မှာ အလွန် စိတ်ကူးယဉ်ဆန်လှသည်။

ထိုက်မြှောင်တောင်ထိပ်ပေါ်တွင် တင့်တယ်သည့် ခြံဝန်းများ ရှိ၏။ တောင်တစ်ဝိုက် ကျားကွက်များသဖွယ် စီရီနေပြီး ခြံတခုချင်းစီတိုင်းသည် ထိုက်မြှောင်ဂိုဏ်းမှ တပည့်များ၏ နေထိုင်ရာဖြစ်၏။

အခြား အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများနှင့် မတူဘဲ ထိုက်မြှောင်ဂိုဏ်းရှိ တပည့်အရေအတွက်မှာ များပြားခြင်း မရှိပေ။ သူတို့သည် သိုင်းလောကရှိ ပဋိပက္ခများအကြားတွင်လည်း ဝင်ပါလေ့မရှိပါ။ ဤသည်က ခြားနားသည့် လောကတစ်ခုမှ ဂိုဏ်းတစ်ခုသဖွယ် ဖြစ်နေစေ၏။

သို့ရာတွင် ထိုက်မြှောင်ဂိုဏ်း၏ စွမ်းအားမှာ အထင်သေးလို့ မရပေ။ ပြောကြသည်မှာ စိတ်ဝိဉာဉ်ဂိုဏ်းများအကြားတွင် ထိုက်မြှောင်ဂိုဏ်းသည် နံပါတ်တစ်ဖြစ်ပြီး သေမျိုးလောကမှ အမှန်တကယ် အဆင့်လွန်သည်ဟုဆို၏။

ထိုက်မြှောင်ဂိုဏ်း၏ တပည့်များသည် အများအားဖြင့် အမျိုးသမီးများ ဖြစ်ကြ၏။ သို့ပေမယ့် အမျိုးသားများလည်း ရှိသည်။ အမျိုးသားများအတွက် တပည့်ဖြစ်လာရန် လိုအပ်ချက်မှာ အလွန်မြင့်မားခြင်းသာ ရှိ၏။

အသွင်အပြင် တစ်ခုတည်းနှင့်ပင်လျှင် လောကကြီးရှိ ပါရမီရှင်၉၀%လောက် ဖယ်ထုတ်ခံရမှာ ဖြစ်သည်။

ထိုက်မြှောင်ဂိုဏ်းသည် ချောမောမှုမရှိသည့် လူများကို လက်ခံခြင်း မရှိပါ။ ဤသည်မှာ စိတ်ဝိဉာဉ်ဂိုဏ်းများအကြားတွင် နားလည်ထားသည့် အကြောင်းအရာတစ်ခုဖြစ်၏။

ထိုက်မြှောင်ဂိုဏ်း၏ တောင်ထွတ်ပေါ်တွင် နီဆွေးသောပါးနှစ်ဖက်နှင့် မျက်လုံးများ၌ စိတ်လှုပ်ရှားမှုတို့ ပြည့်နက်နေသည့် မိန်းကလေးတစ်ဦးသည် ပတ်ဝန်းကျင်ကို သွက်လပ်စွာ ကြည့်ရှု့နေ၏။ ခြံဝန်းတစ်ခုစီသို့ ရောက်ရှိပြီးနောက် အိမ်အတွင်းသို့ လျှင်မြန်စွာ ပြေးဝင်သွားသည်။

"သခင်မလေး သခင်မလေး... သတင်းကြီးရှိတယ် သတင်းကြီးရှိတယ်.."

သူမသည် အခန်းအတွင်းသို့ မဝင်ခင်တွင်ပင် စိတ်လှုပ်ရှားစွာဖြင့် စတင်အသံပြုနေပြီ ဖြစ်၏။

"ချွေအာ... နင်က ထိုက်မြှောင်ဂိုဏ်းထဲမှာ ဆိုတာကို သတိထားဦး... အရမ်းကြီး မဆူနဲ့လေ။ တည်ငြိမ်အောင်နေ.."

အခန်းထဲမှ အမျိုးသမီးတစ်ယောက်၏ အသံတစ်ခု ထွက်ပေါ်လာ၏။

"အင်းပါ သခင်မလေး.."

ချွေအာက နှုတ်ခမ်းဆူသည်။ ပြီးနောက် ပြော၏။

"သခင်လေးရွှီရဲ့ သတင်းကိုကြားရင် သခင်မလေးပျော်မယ်ထင်ပြီး တွေးမိလို့ပါ.."

"ဘာ... သခင်လေးရွှီရဲ့ သတင်းလား.."

သုယွီယင်းမှာ အခန်းအတွင်းမှ လျှင်မြန်စွာ ထွက်လာခဲ့၏။ ချွေအာ၏ ဦးခေါင်းကို နှိပ်ပေးရင်းက အလောတလျှင် မေးသည်။

"မြန်မြန်လေးပြော... ဘာသတင်းရှိလို့လဲ.."

"ဟုတ်တယ် ညီမလေးချွေအာ... ငါတို့ကို မြန်မြန်လေးပြော.."

ဘေးရှိခြံဝန်းဆီမှ တင့်တယ်သည့် ပုံရိပ်တစ်ခု လွင့်ပျံလာ၏။ သူမ၏မျက်နှာတွင် မျှော်လင့်ချက်တို့ ပြည့်နက်စွာဖြင့် မေးသည်။

အပိုင်း ၅၅၅ - ကျုရှင်ကျန့်၏ အံ့သြမှု

ချွေအာက စိတ်လှုပ်ရှားစွာနှင့် ပျော်ရွှင်စွာပြော၏။

"သခင်လေးရွှီက အရမ်း စွမ်းအားကြီးတယ်... သိုင်းတစ်ထောင်ခန်းမရဲ့ ဂိတ်တံခါးရှေ့မှာ ပိတ်ပြီးတော့ တစ်ခါတည်း သွားစိန်ခေါ်ခဲ့တယ်.."

ရွှီယန်အကြောင်းကို စတင်ပြောကြားသည်နှင့် ချွေအာသည် ထိန်းချုပ်နိုင်ခြင်း မရှိစွာ စိတ်လှုပ်ရှားလာပြီး ပါးနှစ်ဖက်မှာ တောက်ပစွာ နီမြန်းလာခဲ့သည်။

သုယွီယင်းနှင့် ယွင်မြောင်မြောင်တို့မှာ ထိုစကားကိုကြားရပြီးနောက် ရုတ်တရက် စိုးရိမ်သွားကြ၏။ ရွှီယန်သည် သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးရှေ့သို့ သွားရောက်ကာ စိန်ခေါ်မှု ပြုရဲသည်လား။

ဤသည်မှာ အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခုဖြစ်သည်။ လင်းနယ်မြေသို့ ဝင်ရောက်ပြီးနောက် အထူးသဖြင့် ထိုက်မြှောင်ဂိုဏ်းအတွင်းသို့ ဝင်ရောက်ပြီးနောက် သူမတို့သည် အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများ၏ မည်မျှ စွမ်းအားကြီးမားပုံကို နက်ရှိုင်းစွာ နားလည်လာခဲ့ကြသည်။

ထိုသို့ဆိုပါက သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးဆီသို့ သွားရောက်စိန်ခေါ်မှုပြုသည့် ရွှီယန်သည် အန္တရာယ်မကျနိုင်ပေဘူးလား။

"မြန်မြန်လေး ငါ့ကိုပြော... သခင်လေးရွှီ အခု ဘာဖြစ်နေပြီလဲ.."

သုယွီယင်းက အလောတလျှင် မေး၏။

"သခင်လေးရွှီက အရမ်းစွမ်းအားကြီးတယ်... သူတစ်ယောက်တည်းနဲ့ ပါရမီရှင်၅ယောက်ကို အနိုင်ယူခဲ့တယ်တဲ့..."

ချွေအာက ရွှီယန်အကြောင်း အသေးစိတ်ကို ရှင်းပြ၏။

"အခုဆိုရင် ဓားနတ်ဘုရားရွှီယန်ဆိုပြီး လင်းနယ်မြေမှာ ကြီးမားတဲ့ ဂုဏ်သတင်းရှိနေပြီ။ လေလွင့်သိုင်းသမားတွေ အကြားမှာ နံပါတ်တစ်ပုဂ္ဂိုလ်လို့လည်း ပြောကြတယ်.."

ချွေအာသည် ပိုမိုပြောလေလေ ပိုမို စိတ်လှုပ်ရှားလေ ဖြစ်လာခဲ့၏။ သူမ၏ မျက်လုံးများ၌ လေးစားမှုတို့ဖြင့် ပြည့်နက်နေပါသည်။ နောက်ဆုံး၌မေး၏။

"သခင်မလေး... သခင်လေးရွှီနဲ့ ဘယ်တော့ အတူတူနေနိုင်မှာလဲ.."

သူမသည် အစေခံတစ်ယောက်အနေနှင့် ပြုစုပေးရန် မ

စောင့်နိုင်တော့ပေ။

"သခင်လေးရွှီက အရမ်း စွမ်းအားကြီးတာလား... ဒါပေမယ့် သူသိုင်းတစ်ထောင်ခန်းမကို ထိပါးခဲ့တယ်။ ပါရမီရှင်တွေအကြား တိုက်ပွဲမှာ စည်းမျဉ်းစည်းကမ်းတွေရှိရင်တောင် ပြောကြတာက သိုင်းထောင်ခန်းမက အရှက်အမဲ့ဆုံးပဲတဲ့..."

သုယွီယင်းမှာ စိုးရိမ်နေဆဲ ရှိ၏။ ရွှီယန်၏ ဆရာဖြစ်သူ ထိုအကြီးအကဲသည် အမှန်တကယ်ကို အလွန် စွမ်းအားကြီးမားလှပါသည်။ သို့ပေမယ့် သိုင်းတစ်ထောင်ခန်းမတစ်ခုလုံးကို တစ်ယောက်တည်းနှင့် ရင်ဆိုင်နိုင်မည်လား။ သူမအနေနှင့် သေချာနိုင်ခြင်း မရှိပေ။

"ရွှီယန်နဲ့ ငါ့ရဲ့အကြားက ကွာခြားချက်က ပိုပိုပြီးတော့ ကျယ်ပြန့်လာပြီ။ ပါရမီရှင်တွေအကြား တိုက်ပွဲက စတင်လာခဲ့ပြီ။ ငါ နောက်ကျကျန်ခဲ့လို့ မဖြစ်ဘူး။ ငါလည်းပါဝင်ချင်တယ်.."

ယွင်မြောင်မြောင်က အံကိုကြိတ်ကာ နောက်သို့လှည့်ပြီး ထွက်ခွာသွား၏။

"ဘယ်ကို သွားမလို့လဲ.."

သုယွီယင်းက မျက်မှောင်ကျုံ့ကာ မေးသည်။

"ဘိုးဘေးအဘွားကို သွားရှာမလို့... ပါရမီရှင်တွေအကြားတိုက်ပွဲမှာ ငါလည်း ပါဝင်ချင်တယ်။ ဒါပေမယ့် ငါ့ရဲ့လက်ရှိခွန်အားက အရမ်းအားနည်းလွန်းတယ်.."

ယွင်မြောင်မြောင်က နောက်သို့ လှည့်ကြည့်ခြင်းမရှိဘဲ ဖြေ၏။

"ငါလည်းလိုက်မယ်.."

သုယွီယင်းက အမြန် နောက်မှလိုက်သည်။ ခြံဝန်းအတွင်းတွင် ချွေအာတစ်ယောက်သာလျှင် ကျန်ရစ်ခဲ့၏။ သူမသည် သခင်လေး၏ အစေခံဖြစ်လာမည်အား နေ့ခင်းကြောင်တောင် အိပ်မက်မက်နေပါသည်။

တစ်ချိန်တည်းတွင် နောက်ထပ်ဘေးဘက်ရှိ ခြံဝန်း၌ ဝူရှန်းမှာ အကူအညီမဲ့နေ၏။ ရွှီယန်၏အမည်ကို ပြောလိုက်သည်နှင့် သူမ၏ တပည့်နှင့် မိန်းကလေး နှစ်ယောက်စလုံးသည် ဝိဉာဉ်တို့ ခိုးယူခြင်း ခံလိုက်ရသည့်ပုံ ရှိသည်။

"အဲ့ဒီ့ကောင်လေးက ရုပ်ချော၊ စွမ်းအားကြီးပြီး ပါရမီထူးကဲတာကလွဲပြီး ဘာတွေများ ကောင်းနေလို့လဲ.."

ကျွန်မသည် ကိုယ့်ကိုယ်ကိုယ် ရေရွတ်၏။

ရွှီယန်ဖြစ်သူ၏ ဆရာအား ပိုမို ဆွဲဆောင်မှုရှိသည်ဟု ထင်မြင်မိလေသည်။ ဘာပဲဖြစ်ဖြစ် ထိုဆရာကြီးသည် အသန်မာဆုံးထဲမှ အသန်မာဆုံး ဖြစ်၏။

ထိုက်မြှောင်ဂိုဏ်း၏ တောင်ထိပ်တွင် တိမ်များမှာ ပါးလျစွာ ရှိနေပြီး အရာအားလုံးသည် စိတ်ကူးယဉ်ဆန်နေသည့် အိမ်မက်တစ်ခုကဲ့သို့ ရှိ၏။ သုယွီယင်းနှင့် ယွင်မြောင်မြောင်တို့သည် တောင်ထိပ်၏ အောက်လွှာရှိ သေးငယ်သည့် စင်မြင့်ဆီသို့ လေးစားစွာ ရောက်ရှိလာကြပြီး ဦးညွှတ်သည်။

"ယွီယင်းက ဘိုးဘေးအဘွားကို တွေ့ခွင့်တောင်းပါတယ်.."

"ယွင်မြောင်မြောင်က ဘိုးဘေးအဘွားကို တွေ့ခွင့်တောင်းပါတယ်.."

ခဏအကြာ၌ အိမ်မက်ဆန်သည့် အသံတစ်ခု တောင်ပေါ်မှ ပျံ့လွှင့်လာ၏။

"တက်လာခဲ့.."

သုယွီယင်းနှင့် ယွင်မြောင်မြောင်တို့သည် တောင်ထိပ်ဆီသို့ ဂရုတစိုက်ဖြင့် လျှောက်လှမ်းသွားကြသည်။

အစိမ်းရောင် အိမ်တစ်ခုကို ဖြတ်သန်းသွားချိန်၌ တိမ်များဖြင့် ဝန်းရံစွာ ထိုင်နေသည့် တင့်တယ်သော ပုံရိပ်တစ်ခုကို တွေ့လိုက်ရ၏။ သူမသည် အစစ်အမှန်နှင့်ပင် မတူဘဲ ပုံရိပ်ယောင်သကဲ့သို့ ရှိသည်။

နှစ်ယောက်စလုံးမှာ လေးစားစွာဖြင့် ဦးညွှတ်ပြီး ခေါင်းများကို ငုံ့ထားကြ၏။ တိုက်ရိုက်ကြည့်ရှု့ရဲခြင်း မရှိပေ။

"နင်တို့တွေ ဘာကိစ္စရှိလို့လဲ.."

ရှင်းမုန့်ရုံ၏ အသံက ထွက်ပေါ်လာ၏။

"ဘိုးဘေးအဘွား... ကျွန်မ ပါရမီရှင်တွေအကြား တိုက်ပွဲမှာ ပါဝင်ချင်တယ်။ ဒါပေမယ့် ခွန်အားက အရမ်းအားနည်းနေလို့...."

ယွင်မြောင်မြောင်က ညင်သာစွာပြောသည်။

"ဘိုးဘေးအဘွား... သမီးရောပဲ.."

သုယွီယင်းကလည်း လိုက်ပါပြောသည်။

ပတ်ဝန်းကျင်တွင် တိမ်လိပ်များက တစ်လိပ်လိပ်တက်နေ၏။ မည်သည့်အသံမှ မရှိပေ။ နေရာတစ်ခုလုံးသည် တိတ်ဆိတ်နေပြီး မိန်းကလေးနှစ်ယောက်မှာ ရုတ်တရက် စိုးရိမ်လာကြ၏။

"ဒါဆိုလည်း ဝင်ပါကြလေ.."

မိန်းကလေးနှစ်ယောက်က ဖိအားကို ခံနိုင်စွမ်းတို့ ပျောက်ဆုံးသွားတော့မည့် အချိန်၌ နောက်ဆုံးတွင် အသံတစ်ခု ရောက်ရှိလာခဲ့၏။ ကျောက်စိမ်းပြားနှစ်ခုသည် လွင့်ပျံလာပြီး သူမတို့၏ လက်အတွင်းသို့ ကျဆင်းသွားသည်။

"ဒီကျောက်စိမ်းတံဆိပ်ပြားကို ယူပြီး ဂိုဏ်းချုပ်ကို သွားရှာလှည့်။ သူမ အရာအားလုံးကို စီစဉ်ပေးလိမ့်မယ်.."

သုယွီယင်းနှင့် ယွင်မြောင်မြောင်မှာ ဝမ်းသာသွားကြသည်။ လျှင်မြန်စွာဖြင့် ကျေးဇူးတင်ကြ၏။

"ကျေးဇူးတင်ပါတယ် ဘိုးဘေးအဘွား.."

သူမတို့သည် တောင်ထိပ်ဆီမှ ဂရုတစိုက်ဖြင့် သက်ဆင်းသွားကြ၏။ ထိုအချိန်၌ အစိမ်းရောင် အိမ်အတွင်းရှိ လူက နောက်သို့လှည့်လာ၏။ တောင်အောက်သို့ ဆင်းသွားသည့် မိန်းကလေးနှစ်ယောက်ကို ကြည့်သည်။

သူမ၏ လက်ရာမြောက်လှသည့် မျက်နှာပေါ်တွင် မည်သည့်ခံစားချက်မှ မပြပေ။ လောကကြီးရှိ အရာအားလုံးကို ထူးမခြားနားစွာ ရှိနေပုံပေါ်၏။ သို့ပေမယ့် သူမ၏ မျက်လုံး အတွင်းပိုင်းတွင် ရှုပ်ထွေးမှုအချို့ ရှိနေ၏။

နှလုံးသားထဲ၌ မှတ်ဉာဏ်အချို့လည်း ပေါ်လာခဲ့သည်။ ထိုမိန်းကလေးနှစ်ယောက်တွင် တစ်ယောက်မှာ အတွင်းဘက်နယ်မြေ၌ ကျေးဇူးပြန်ဆပ်ရန်အတွက် ပေါ်ပေါက်လာခဲ့သည့် သူမ၏ သွေးမျိုးဆက်ဖြစ်၏။

အခြားတစ်ယောက်မှာ အကြောင်းပြချက် အချို့ကြောင့် အတွင်းဘက်နယ်မြေ၌ အမွေအနှစ် ချန်ခဲ့ရင်းနှင့် ဆက်ခံသူအဖြစ် ရရှိလာခဲ့ခြင်း ဖြစ်၏။

'အရာအားလုံးက အိမ်မက်တစ်ခုလိုပဲ...'

သက်ပြင်းချသံတစ်ခု ပျံ့လွှင့်လာခဲ့၏။ ဤသည်က တောင်ထိပ်ပေါ်ရှိ မြူများကို ပိုမိုကာ ထူထဲလာစေ၏။

လော့ဒေသတွင် မူလက ချီမင်ဂိုဏ်းရှိခဲ့သည့် နေရာ၌ စံအိမ်တစ်ခု ပေါ်ပေါက်လာခဲ့သည်။ ကျုရှင်ကျန့်မှာ အလုပ်ရှုပ်နေပြီး အားကြိုးမာန်တက်နှင့် မြန်ဆန်သွက်လက်စွာ ရှိနေ၏။

လီရွှမ်မှာတော့ ကုလားထိုင်ပေါ်တွင် သက်တောင့်သက်သာထိုင်ကာ ထိုက်ချန်းစာအုပ်ကို အေးအေးလူလူဖတ်နေပါသည်။

ဒီအချိန်၌ သူသည် ထိုက်ချန်းစာအုပ်၏ စာမျက်နှာ၉ဆီသို့ ရောက်ရှိပြီ ဖြစ်၏။ စာအုပ်တစ်ဝက်အား ဖတ်ရှု့ပြီးဖြစ်သည်။

စာမျက်နှာ၉ရှိ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမများသည် ပိုမိုနက်ရှိုင်းကာ လျှို့ဝှက်ဆန်းကြယ်၏။ ဆက်တိုက်လည်း ပြောင်းလဲနေပါသည်။ ၎င်းတို့ကို လုံးဝမှတ်သားနိုင်ရန်အတွက် ထိုနိယာမများ၏ ပြောင်းလဲမှုများကို မှတ်သားထားရန် လိုအပ်၏။

ထို့အပြင် စာမျက်နှာ၉ပေါ်ရှိ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမ ပြောင်းလဲမှုများသည် ညတွင်းချင်းပြီးပြည့်စုံစွာ နားလည်နိုင်သည့်အရာ မဟုတ်ပေ။ သက်ဆိုင်ရာ အချိန်တစ်ခုကြာအောင် ဂရုတစိုက်လေ့လာစုဆောင်းရန် လိုအပ်၏။

'ဒီစာမျက်နှာရဲ့ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမက စာမျက်နှာ၉ခုလုံး ပေါင်းစပ်ထားတာနဲ့တူတယ်။ ပြီးတော့ စာမျက်နှာတိုင်းရဲ့ အနှစ်သာရတွေလည်း ပါဝင်နေတယ်...'

ရွှီယန်က စဉ်းစားသည်။ သူသည် ဒီဗိုင်းဆန်းကြယ်စွမ်းအားတို့ကို ဖန်တီးနေဆဲ ရှိ၏။ ဒီဗိုင်းဆန်းကြယ်စွမ်းအားငယ် များစွာတို့ကို ရရှိပြီးဖြစ်သည်။

"သင်၏တပည့်ရွှီယန်သည် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကို သတ်ဖြတ်ခဲ့သည်။ သင်၏ တိုက်ခိုက်မှု အတွေ့အကြုံတို့မှာ တိုးမြင့်လာခဲ့သည်.."

တာအိုရွှေစာအုပ်က ပွင့်လာပြီး ရွှေရောင်အလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ ရွှီယန်သည် နောက်ထပ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကို သတ်ဖြတ်ခဲ့၏။

လီရွှမ်မှာ ထိုကိစ္စအတွက် အသားကျနေပြီ ဖြစ်သည်။

"သင်၏တပည့် ရွှီယန်သည် အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကို သတ်ဖြတ်ခဲ့သည်။ သင်သည် ဒီဗိုင်းသုတ်သင်ခြင်း၏ ၆ခုမြောက်အသွင်ကို ရရှိခဲ့သည်.."

ရွှီယန်၏ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်အား သတ်ဖြတ်ခြင်းက ဒီဗိုင်းသုတ်သင်ခြင်း၏ ၆ခုမြောက်အသွင်ကို ရရှိလာစေ၏။

"သုတ်သင်ခြင်း အသွင်၉ခု ပေါင်းလိုက်တဲ့အခါ ဒီဗိုင်းဆန်းကြယ်စွမ်းအားတစ်ခု ဖြစ်လာတယ်။ ကြည့်ရတာ ငါနောက်ထပ် ဒီဗိုင်းဆန်းကြယ်စွမ်းအား တစ်ခုကို မကြာခင် ရရှိလာတော့မယ် ထင်တယ်.."

လီရွှမ်၏မျက်နှာသည် ပျော်ရွှင်မှု၊ ဝမ်းသာမှုတို့ဖြင့် ပြည့်နက်နေ၏။ ရွှီယန်၏ သတင်းများသည် မကြာခင် ရောက်ရှိလာတော့မည့်ဟန် ရသည်။

ပါရမီရှင်ဓားသမား ယွီချန်ဖုန်းသည် ရွှီယန်၏ ပြိုင်ဘက်မဟုတ်ပါ။ ဓားဂိုဏ်းချုပ်ပင်လျှင် ဓားပညာကို ကျင့်ကြံခြင်းကြောင့် ရွှီယန်ကို ခြိမ်းခြောက်နိုင်မည် မဟုတ်ပေ။

ရွှီယန်၏ နှလုံးသားဓားအဆင့်၌ အသေးစားကျွမ်းကျင်မှုသို့ ရောက်ရှိထားမှုနှင့် ဓားဂိုဏ်းချုပ်၏ စွမ်းအားကြီးမားသည့် ဓားချက်တို့ကို ရင်ဆိုင်ရလျှင်တောင် ပြဿနာမရှိပေ။

သူသည် ခေါင်းကိုမော့ကာ ကျုရှင်ကျန့်ကိုကြည့်၏။

ထိုဝတုတ်သည် လုံးဝ ချီးကျူးရလောက်သည်အထိ အလုပ်ကြိုးစားပါသည်။ သူသည် စံအိမ်ကို ကိုယ်တိုင်တည်ဆောက်ကာ ရှီအာနှင့် မုန့်ရှူရှူပင်လျှင် အများကြီးကူညီပေးရခြင်း မရှိပေ။

"မိန်းကလေးစု... ဒီစံအိမ်ကို ဘယ်လိုမြင်လဲ မသိဘူး.."

ကျုရှင်ကျန့်က အပြုံးတို့ဖြင့် ပြည့်နက်နေသည့် မျက်နှာဖြင့် မေးသည်။

"ဒါက ရှင့်အတွက် ဒဏ်ရာကုသခြင်း ဆေးတစ်ပုလင်း... ဆုကြေးအဖြစ် ယူဆလို့ရတယ်..."

စုလင်းရှုံက သူ့ကို ဒန်ဆေးလုံးတစ်ပုလင်းအား ပေး၏။

"စုမိန်းကလေး... အားနာစရာကြီးဗျာ... ကျွန်တော်ကျုရှင်ကျန့်က ဆုကြေးအတွက် ကူညီပေးတာ မဟုတ်ပါဘူး။ ရှောင်ကျင်းနဲ့ အချိန်နည်းနည်း ပိုကြာကြာ နေချင်တာပဲရှိတာ.."

သူက စိတ်အားထက်သန်စွာ ပြောသည်။

"ပြီးတော့ မိန်းကလေးနှစ်ယောက်ရဲ့ပုံက တောက်တိုမရကိစ္စတွေကို လုပ်တဲ့နေရာမှာ အဆင်ပြေမှာ မဟုတ်လို့ ကူညီဖို့ ဆုံးဖြတ်ခဲ့တာ။ ဘာဆုကြေးကိုမှ မျှော်ကိုးခဲ့တာမဟုတ်ဘူး.."

သူက စိတ်ရင်းဖြင့် ပြော၏။ တစ်ချိန်တည်းတွင် ဒန်ဆေးလုံးပုလင်းကို ယူဆောင်ကာ သိုလှောင်အိတ်အတွင်းသို့ ထည့်လိုက်သည်။

"ကောင်းပြီ... ရှင်အခု သွားလို့ရပြီ.."

စုလင်းရှုံက မျက်ဆံလှည့်သည်။ သူမသည် နောက်သို့လှည့်ကာ ထွက်ခွာသွား၏။ သို့ပေမယ့် ရုတ်တရက် တစ်ခုခုကို အမှတ်ရလိုက်သည်။

"အိုး ဒါနဲ့... ဆိုင်းဘုတ်တစ်ခု ထောင်ထားလိုက်။ ချန်ချင်းစံအိမ်ဆိုပြီး... ချန်ချင်းစံအိမ်က ဘယ်ရောဂါမဆိုကို ကုသနိုင်တယ်။ ဘယ်ဒဏ်ရာမဆို ကုသနိုင်တယ်လို့လည်း သတင်းဖြန့်လိုက်။ အခြေခံကို ထိခိုက်တာ၊ ဒီဗိုင်းဝိဉာဉ်ကို ထိခိုက်တာ၊ အသက်ဓာက်စွမ်းအင် ခမ်းခြောက်တာနဲအခြားထူးကဲတဲ့ ရောဂါတွေအားလုံးကို ကုသနိုင်တယ်.."

"ဒါပေမယ့် အခကြေးငွေတော့ ရှိတယ်။ ဒဏ်ရာပြင်းထန်လေလေ၊ ရောဂါပြင်းထန်လေလေ အခကြေးငွေက ပိုပြီးမြင့်မားလေပဲ။ စိတ်ဝိဉာဉ်ပုံဆောင်ခဲတွေကိုတော့ လက်မခံဘူး။ စိတ်ဝိဉာဉ်ဆေးပင် သို့မဟုတ် ရှားပါးတဲ့အရင်းအမြစ်ကိုပဲ လက်ခံမယ်..."

"အချိန်ရရင် တောင်းခံဖို့အတွက် ရိုးရှင်းတဲ့ အခကြေးငွေစာရင်း တစ်ခုကို လုပ်ပေးမယ်။ ရှင်က ကူညီပြီးတော့ သတင်းဖြန့်ပေး.."

ကျုရှင်ကျန့်မှာ မှင်သက်သွား၏။ တံတွေးများကို မျိုချကာ အံ့ဩစွာပြောသည်။

"မိန်းကလေးစု... နောက်နေတာမလား... ခင်ဗျား အခြေခံထိခိုက်ထားတဲ့၊ ဒီဗိုင်းဝိဉာဉ်ထိခိုက်ထားတဲ့ လူတွေကို တကယ်ပဲ ကုသနိုင်တာလား.."

ဒီဗိုင်းဝိဉာဉ်တစ်ခုသည် ပြင်းထန်စွာ ထိခိုက်ခြင်း မရှိပါက အချိန်ကြာလာသည်နှင့်အမျှ ဖြေးညှင်းစွာ ပြန်လည်ကောင်းမွန်နိုင်ပြီး ဝိဉာဉ်အားဖြည့်ခြင်း စိတ်ဝိဉာဉ်ဆေးပင်များကိုလည်း အသုံးပြုနိုင်သည်။

သို့ပေမယ့် အပြင်းပြင်းထန်ထန် ထိခိုက်လျှင်တော့ ပြန်လည်ကောင်းမွန်ရန် မဖြစ်နိုင်လုနီးပါး ရှိ၏။ အခြေခံဆိုလျှင် ပိုတောင် ဆိုးသေးသည်။ လင်းနယ်မြေတွင် ဤသည်မှာ ကုသရန် မဖြစ်နိုင်သည့် ထိခိုက်မှုဖြစ်၏။

"အဲ့ဒါတွေက ကိစ္စသေးလေးတွေပါ... စိတ်ဝိဉာဉ်ဆေးပင်သာ တတ်နိုင်မယ်ဆိုရင် ကိစ္စမရှိဘူး။ ကျွန်မရဲ့ဒန်ဆေးလုံးတွေကို ရှင်လည်း မြင်ပြီးပြီမလား။ ကျွန်မကို လိမ်မယ်ထင်လို့လား.."

စုလင်းရှုံက ခေါင်းကိုမော့ကာ ပြော၏။

စီနီယာအစ်ကိုကြီးနှင့် ဒုတိယစီနီယာအစ်ကိုတို့ လျှောက်လှမ်းသည့် လမ်းကြောင်းသည် သူမအတွက် သင့်တော်ခြင်း မရှိပေ။ ရောဂါနှင့် ဒဏ်ရာကုသခြင်းကသာလျှင် သူမ၏အခြေခံကို စုဆောင်းရန် ကောင်းမွန်သည့် နည်းလမ်းဖြစ်၏။ သူမ၏အသိအမြင်တို့ကို မြှင့်တင်ကာ ခွန်အားကို တိုးပွားစေမည် ဖြစ်သည်။

"ကောင်းပါပြီ.. ကျွန်တော့်တာဝန် ထားလိုက်.."

ကျုရှင်ကျန့်၏ နှလုံးသားထဲ၌ စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်လာခဲ့သည်။ မျိုးဆက်စုံမဟာမိတ်အဖွဲ့ အတွင်းတွင် ဒဏ်ရာအပြင်းအထန် ရရှိထားသည့် သိုင်းသမားများစွာ ရှိ၏။ အချို့ အထွတ်အထိပ် ပုဂ္ဂိုလ်အချို့ပင်လျှင် အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများ၏ ဒီဗိုင်းကိရိယာများကြောင့် ဒုက္ခိတဖြစ်လုမတတ် ဒဏ်ရာရရှိထားကြသည်။

အသက်ရှင်နိုင်ခြင်းပင်လျှင် ကံကောင်းနေပြီးဖြစ်၏။ ပြန်လည်ကောင်းမွန်ဖို့ကို မတွေးဝံ့ပေ။

"စမ်းကြည့်ပြီးရင် အလုပ်ဖြစ်မလား ဆိုတာကို သိရမှာပေါ့... တစ်ယောက်ယောက်ကို အရင် ခေါ်ကြည့်လိုက်တာကောင်းမယ်.."

ကျုရှင်ကျန့်သည် တစ်ယောက်ယောက်ကို ရှာပြီး စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်၏။ ဘာပဲဖြစ်ဖြစ် သူတို့သည် ဒဏ်ရာအပြင်းအထန်ရရှိပြီး ဖြစ်သည်။ ကုသနိုင်ပါက ဘယ်လိုလုပ်မည်နည်း။

"ချန်ချင်းစံအိမ်ဆိုတဲ့ ဆိုင်းဘုတ်ကို အရင် သွားပြီးတော့ ချိတ်လိုက်.."

စုလင်းရှုံက ပြောသည်။ စကားဆုံးပြီးနောက် သူမသည် ဒန်ဆေးလုံးတစ်ပုလင်းကို ထုတ်ကာ ရွှေဦးချိုသမင်ဆီသို့ လမ်းလျှောက်သွား၏။

ကြောင်နီကို ဒန်ဆေးလုံးတို့ ကျွေးခြင်းဖြင့် အသားကျနေရာ သမင်ဆီလည်း တုံ့ဆိုင်းခြင်းမရှိဘဲ ဒန်ဆေးလုံးတစ်လုံးကို ထုတ်ကာ ပစ်ပေးလိုက်သည်။

"ရော့... ဒါကနင့်အတွက်.."

ရွှေဦးချိုသမင်မှာ အလွန် စိတ်လှုပ်ရှားသွားပြီး ညင်သာစွာ အသံပြုသည်။ ရှေ့ခြေနှစ်ဖက်ကိုမြှောက်ကာ ပါးစပ်ကိုဖွင့်ပြီး လွင့်ပျံလာသည့် ဒန်ဆေးလုံးကို ဖမ်းလိုက်၏။

ကျုရှင်ကျန့်မှာ မှင်သက်သွား၏။ ဤသည်မှာ ဒန်ဆေးလုံးတစ်ခု ဖြစ်၏။ ဤနည်းအားဖြင့် ရွှေဦးချိုသမင်ကို ပေးလိုက်သည်လား။

သူရွှေဦးချိုသမင်ကို လှည့်ဖြားပြောဆိုခဲ့သည့် စကားလုံးများသည် အမှန်တကယ် မဖြစ်လာနိုင်ဘူးမလား။ ထိုသို့ဆိုပါက ထိုသမင်တွင် အနာဂတ်၌ မည်သည့် ဒန်ဆေးလုံးမှ လစ်ဟင်းနေတော့မည် မဟုတ်ပေ။

All Chapters