← Chapters

အခန်း (၄၈၇-၄၈၉)

Vol. 33 Ch. 487-489

အခန်း (၄၈၇-၄၈၉)

Vol. 33 Ch. 487-489

အပိုင်း ၄၈၇ : ဒီရုပ်ရှင်ကတော့ ပေါက်တော့မှာပဲ

လူတိုင်းက ယဲ့ချန်းကို ကရုဏာသက်စွာကြည့်နေကြသည်။

ဒီလူတော့ သွားပြီ...

စွန်းဝေ့သည် "အလင်းနှင့်အရိပ်"ကုမ္ပဏီတွင် မောက်မာရိုင်းစိုင်းသည့်နေရာ၌ နာမည်ကြီးလှသည်။

တစ်ခါက သန့်ရှင်းရေးဝန်ထမ်းတစ်ယောက်သည် သူ(မ)အပေါ် ဖုန်အနည်းငယ်ခါမိရုံဖြင့် ထိုလူ့ကို ပါးရိုက်ပြီး စီအီးအိုကိုတိုင်တန်းကာ အလုပ်ထုတ်ပစ်ခိုင်းဖူးသည်။

ယခုလည်း သူ(မ)၏ အချစ်တော်ကားကို တိုက်မိခဲ့သော ဤလူငယ်မှာမူ ကံဆိုးမိုးမှောင်ကျတော့မည်မှာ သေချာသလောက်ပင်။

"ရှင်က ဘယ်ဌာနကလဲ"

စွန်းဝေ့က ရန်လိုသောလေသံဖြင့် မေးလိုက်သည်။

ယဲ့ချန်း ဘာမှမပြောရသေးခင်မှာပင် လီယောင်က အပြေးအလွှား ရောက်လာခဲ့သည်။

လီယောင်ကို မြင်လိုက်ရသောအခါ စွန်းဝေ့မှာ ပို၍ပင် မောက်မာသွားတော့သည်။

"ဥက္ကဋ္ဌလီ... ရောက်လာတာ အတော်ပဲ။ ဒီကောင်လေးကို ကျွန်မအတွက် အလုပ်ထုတ်ပေးပါဦး"

လီယောင်က နေရခက်နေလေဟန် မျက်နှာထားဖြင့် ယဲ့ချန်းကိုကြည့်၍ ပြောလိုက်၏။

"ရှောင်ဝေ့... မစ္စတာယဲ့ကို ချက်ချင်း တောင်းပန်လိုက်စမ်း"

"ဘာ... တောင်းပန်ရမယ် ဟုတ်လား"

စွန်းဝေ့ခမျာ ဆွံ့အသွားချေသည်။ ဘေးနားရှိ လူများလည်း အံ့အားသင့်သွားကြ၏။

စွန်းဝေ့သည် ကုမ္ပဏီ၏ ပင်တိုင်မင်းသမီးတစ်လက် ဖြစ်သော်လည်း ယခုမူ လီယောင်က ဤလူငယ်လေးကို တောင်းပန်ခိုင်းနေချေပြီ။

ဘာတွေဖြစ်နေတာလဲ..

"ဥက္ကဋ္ဌလီ... ကျွန်မက ဘာလို့ ဒီလူ့ကို တောင်းပန်ရမှာလဲ"

စွန်းဝေ့က ဒေါသနှင့် အရှက်ကွဲမှုတို့ ရောပြွမ်းလျက် ပြောလိုက်သည်။

လီယောင်၏ မျက်နှာထားမှာမူ နားလည်ရခက်နေပေသည်။

"မင်း သူ့ကို တောင်းပန်ရမယ်။ ဘာလို့လဲဆိုတော့ သူက ငါတို့ရဲ့ဥက္ကဋ္ဌဖြစ်နေလို့ပဲ"

အစောကတင် မောက်မာနေခဲ့သော စွန်းဝေ့မှာ ရုတ်တရက် တိတ်ဆိတ်သွားလေတော့သည်။ ဥက္ကဋ္ဌကြီးတဲ့လား။

ထိုနေရာရှိ လူတိုင်း မှင်တက်သွားကြသည်။

ဤလူငယ်လေးက ကုမ္ပဏီဥက္ကဋ္ဌဖြစ်နေလိမ့်မည်ဟု မည်သူမှ မထင်ထားကြပေ။

ယဲ့ချန်းက ကျီလိကားအစုတ်လေးကို မောင်းနေပြီဖြစ်ရာ "အလင်းနှင့်အရိပ်"ရုပ်ရှင်ထုတ်လုပ်ရေးမှာ ဤမျှအထိ အခြေအနေ ကျဆင်းသွားပြီလား။

ဥက္ကဋ္ဌဖြစ်သူကပင် ဤကဲ့သို့သော ကားစုတ်လေးကို မောင်းနေရသတဲ့။

ယဲ့ချန်းကမူ တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်၏။

"မင်းကို ကုမ္ပဏီကနေ အလုပ်ထုတ်လိုက်ပြီလို့ ငါ အခုပဲကြေညာလိုက်တယ်"

"ဘာ... အလုပ်ထုတ်တယ် ဟုတ်လား"

စွန်းဝေ့မှာ အံ့အားသင့်သွားလေသည်။

ယခုအချိန်တွင် ရုပ်ရှင်လောကမှာ အခြေအနေ မကောင်းလှပေ။ စွန်းဝေ့သည် ကုမ္ပဏီအတွက် ငွေရှာပေးနိုင်သည့် လူနည်းစုထဲမှ တစ်ယောက်ပင်။ စွန်းဝေ့က ပို၍ပင် ခေါင်းမာသေးသည်။

"ကောင်းပြီလေ။ ထုတ်ရင်လည်း ထုတ်ပေါ့။ ကျွန်မကလည်း ဒီကုမ္ပဏီကနေ ထွက်ချင်နေတာ ကြာပြီ"

ယဲ့ချန်းကမူ ခပ်ဖွဖွပြုံးလိုက်သည်။

"ဥက္ကဋ္ဌလီ... သူ့အတွက် လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက်ပေးလိုက်ပါ"

ယဲ့ချန်း၏စကားကို ကြားသောအခါ လီယောင် မျက်နှာပျက်သွားသည်။

"ဥက္ကဋ္ဌယဲ့... စွန်းဝေ့က ကျွန်တော်တို့ ကုမ္ပဏီရဲ့ ပင်တိုင်မင်းသမီးပါ။ သူ့ကို အလုပ်ထုတ်လိုက်ရင် ကုမ္ပဏီအတွက် အထိနာသွားနိုင်တယ်"

ယဲ့ချန်းက နှာခေါင်းရှုံ့လိုက်၏။

"ကျုပ်ဆိုတဲ့ ယဲ့ချန်းက ဒီလိုဒုတိယတန်းစားမင်းသမီးမျိုးကို အထင်မကြီးဘူး။ သုန်းရှောင်ယာကို သိတယ်မလား။ သူက ကျုပ်တို့ရဲ့ပင်တိုင်မင်းသမီး ဖြစ်လာလိမ့်မယ်"

"ဘာ... သုန်းရှောင်ယာ ဟုတ်လား"

ယဲ့ချန်း၏စကားကြောင့် လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

သုန်းရှောင်ယာက မည်သူလေလဲ။ သူ(မ)သည် ယခုအချိန်တွင် အနုပညာလောက၌ အောင်မြင်မှုအထွတ်အထိပ်သို့ ရောက်ရှိနေသော ထိပ်တန်းမင်းသမီးတစ်ဦးပင်။

သူတို့လို ကုမ္ပဏီအသေးစားလေးက သုန်းရှောင်ယာကို စာချုပ်ချုပ်နိုင်ခဲ့သည်တဲ့လား။

ယဲ့ချန်းက ဆို၏။

"အနုပညာရှင်တွေအားလုံးနဲ့ အစည်းအဝေးလုပ်ဖို့ စီစဉ်လိုက်ပါ"

အစည်းအဝေးခန်းမအတွင်းရှိ အနုပညာရှင်အားလုံးမှာ ယဲ့ချန်းကို စိုးရိမ်တကြီး ကြည့်နေကြသည်။

ယဲ့ချန်းသည် ရောက်ရောက်ချင်းမှာပင် ပင်တိုင်မင်းသမီးစွန်းဝေ့ကို အလုပ်ထုတ်ပစ်လိုက်သည်ဟု သူတို့ ကြားထားကြသည်။ သူတို့၏ ကံကြမ္မာလည်း မည်သို့မည်ပုံဖြစ်လာမည်ကို မသိသဖြင့် စိုးရိမ်နေကြရှာသည်။

ယဲ့ချန်းက သူတို့ကို ကြည့်၍ ပြောလိုက်၏။

"အားလုံးပဲ... အခုအချိန်မှာ ရုပ်ရှင်လောကက ခက်ခဲနေတယ်ဆိုတာ ငါ သိပါတယ်။ အားလုံး ခက်ခဲနေကြမယ်။ တချို့ဆိုရင် အိမ်လခပေးဖို့တောင် ရုန်းကန်နေရတယ်ဆိုတာ ငါသိတယ်။ ဒါကြောင့် ဒီနေ့ကစပြီး ကုမ္ပဏီဘက်က တစ်လကို အနည်းဆုံး လစာသုံးသောင်း ပေးသွားမယ်"

ယဲ့ချန်း၏စကားကို ကြားလိုက်ရချိန်တွင် အစည်းအဝေးခန်းမတစ်ခုလုံး ဆူညံသွားတော့သည်။

အနည်းဆုံးလစာဆိုသည်မှာ အလုပ်မရှိလျှင်ပင် ဤလစာကိုရမည်ဟု ဆိုလိုခြင်းပင်။ ဤသည်မှာ သူတို့အတွက် အလွန်ဝမ်းသာစရာကောင်းလှသည်။

ယဲ့ချန်းက ဆက်ပြောလိုက်သည်။

"ဒါပေမဲ့ ဒီလစာကို ရဖို့အတွက် မင်းတို့ စာချုပ်အသစ် ချုပ်ရမယ်။ အဲဒါကို လက်မခံဘဲ 'အလင်းနှင့်အရိပ်'ကုမ္ပဏီက ထွက်သွားလို့လည်း ရပါတယ်"

စာချုပ်ကို မြင်လိုက်ရချိန်ဝယ် အနုပညာရှင်များ၏ မျက်နှာထားမှာ အနည်းငယ် ပြောင်းလဲသွားသည်။

စာချုပ်များမှာ ဆယ်နှစ်သက်တမ်းရှိသော စာချုပ်များ ဖြစ်ပြီး စာချုပ်ဖောက်ဖျက်ပါက လျော်ကြေးအမြောက်အမြား ပေးဆောင်ရမည်ဖြစ်၏။

အနုပညာရှင်တစ်ယောက်၏ အတောက်ပဆုံးအချိန်မှာ ဆယ်နှစ်ခန့်သာ ရှိသည်။ ဤသည်မှာ တစ်သက်စာစာချုပ်ချုပ်ဆိုလိုက်သလိုပင်။

သို့သော် တစ်လလျှင် လစာသုံးသောင်းဟူသည်မှာ ယခုလက်ရှိ အနုပညာလောကတွင် အကောင်းဆုံး အကျိုးခံစားခွင့်ဖြစ်နေကြောင်း အားလုံးသိကြသည်။

သူတို့ထဲရှိ လူတော်တော်များများမှာ အိမ်လခနှင့် စားစရိတ်အတွက်ပင် မတတ်နိုင်ကြတော့ပေ။

"အလင်းနှင့်အရိပ်"ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုလိုက်ပါက အနည်းဆုံးတော့ အခြေခံ လိုအပ်ချက်များကို ဖြေရှင်းနိုင်လိမ့်မည်။

ထို့ကြောင့် အနုပညာရှင်အားလုံးက ကုမ္ပဏီနှင့် စာချုပ်ချုပ်ရန် သဘောတူလိုက်ကြသည်။

ယဲ့ချန်းမှာ ဤကဲ့သို့ ရေရှည်စာချုပ်ချုပ်ရခြင်းမှာ သူ့လက်ထဲတွင် အရင်းအမြစ်များစွာ ရှိနေသောကြောင့်ပင်။

သူ့ယခင်ဘဝမှ ရုပ်ရှင်စီးရီးများနှင့် အိုင်ဒေါဒရာမာများကို ထုတ်လုပ်နိုင်သည်။

ဤအနုပညာရှင်များမှာ ရေသာမခိုတတ်ပေ။ ထို့ပြင် သူ့စွမ်းဆောင်ရည်ဖြင့် သူတို့ကို နာမည်ကြီးကြယ်ပွင့်များ ဖြစ်လာအောင် လုပ်ဆောင်နိုင်မည်ဟု ယဲ့ချန်း ယုံကြည်ထားသည်။

သို့သော် သူတို့ နာမည်ကြီးလာပါက အခြားကုမ္ပဏီများက လာရောက်စည်းရုံးနိုင်သဖြင့် ယဲ့ချန်းအနေနှင့် အမှားအယွင်းမရှိစေရန် ရေရှည်စာချုပ်များ ချုပ်ဆိုထားခြင်းပင်။

စာချုပ်ချုပ်ဆိုပြီးနောက် ယဲ့ချန်းက ခေါင်းတညိတ်ညိတ်လုပ်၍ ပြောလိုက်၏။

"အခု ငါတို့ "ငုပ်လျှိုးနေသောကျား၊ ပုန်းကွယ်နေသောနဂါး"ဆိုတဲ့ ရုပ်ရှင်အသစ် ရိုက်ကူးမယ်။ ဇာတ်ဆောင်တွေကိုလည်း ရွေးချယ်ပြီးပြီ။ ဒါက ဒီနှစ်အတွက် ငါတို့ကုမ္ပဏီရဲ့ ပထမဆုံးအကြီးစားရုပ်ရှင်ဖြစ်လာလိမ့်မယ်"

"အလင်းနှင့်အရိပ်"ရုပ်ရှင်ထုတ်လုပ်ရေး၏ ဥက္ကဋ္ဌရုံးခန်းထဲတွင် သုန်းရှောင်ယာသည် ယဲ့ချန်း၏စာချုပ်ကို ကြည့်ကာ အနည်းငယ် အံ့အားသင့်နေလေသည်။

"ယဲ့ချန်း... ရှင် ဒီလောက်အထိ စွမ်းဆောင်နိုင်လိမ့်မယ်လို့ ကျွန်မ မထင်ထားဘူး"

ယဲ့ချန်းက ရယ်မောလိုက်၏။

"ဒီတော့ မင်း ဒီစာချုပ်ကိုမငြင်းဘူးမလား"

သုန်းရှောင်ယာလည်း ခါးသက်သက်ပြုံးလိုက်မိသည်။

"ငြင်းတော့မငြင်းပါဘူး။ ဒါပေမဲ့ ကျွန်မက တကယ်ပဲ ဒီလောက်အထိတန်ဖိုးရှိလို့လား"

ယဲ့ချန်း သုန်းရှောင်ယာကိုပေးထားသည့် စာချုပ်မှာ အလွန်ရက်ရောလှပြီး ရုပ်ရှင်ဝင်ငွေခွဲဝေမှုမှာ တစ်နှစ်လျှင် သန်းရှစ်ဆယ်အထိ ရရှိမည်ဖြစ်၏။

ဤသည်မှာ သူ(မ)၏ ယခင်လစာထက် နှစ်ဆပင် ပိုများနေသေးသည်။

"ငုပ်လျှိုးနေသောကျား၊ ပုန်းကွယ်နေသောနဂါး" ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့ကို တရားဝင် ဖွဲ့စည်းလိုက်သည်။

ထို့နောက် ပစ္စည်းကိရိယာများနှင့် အခြားပြင်ဆင်မှုများ ပြုလုပ်ပြီး သုံးရက်အကြာတွင် မိုတုရုပ်ရှင်မြို့တော်၌ "ငုပ်လျှိုးနေသောကျား၊ ပုန်းကွယ်နေသောနဂါး"ရုပ်ရှင်ကို တရားဝင် စတင်ရိုက်ကူးလေတော့သည်။

ဇာတ်ဆောင်စာရင်းကို ကြေညာလိုက်သောအခါ အင်တာနက်ပေါ်တွင် အုတ်အော်သောင်းတင်း ဖြစ်သွားချေသည်။

မင်းသမီးမှာ နာမည်ကြီးသုန်းရှောင်ယာဖြစ်သဖြင့် စိတ်ချရသော်လည်း မင်းသားမှာမူ မည်သူမှမသိသည့် 'ကျိုးဖာ'ဟူသော လူသစ်တစ်ယောက် ဖြစ်နေလေသည်။

အရေးကြီးဆုံးအချက်မှာ ဤရုပ်ရှင်၏ ဒါရိုက်တာ၊ ထုတ်လုပ်သူ၊ ဇာတ်ညွှန်းရေးဆရာနှင့် တေးရေးဆရာအထိ အရာအားလုံးကို ယဲ့ချန်းတစ်ဦးတည်းကသာ တာဝန်ယူထားသည်။

အရာအားလုံးကို ယဲ့ချန်းကသာ တာဝန်ယူထားရသလို ဖြစ်နေလေသည်။

လူအများက ဤရုပ်ရှင်ကို ယဲ့ချန်းက သူ့ဘာသာ အပျော်သက်သက်ဖြင့် ပိုက်ဆံဖြုန်းနေခြင်းဖြစ်သည်ဟု ယူဆထားကြသည်။

"အလင်းနှင့်အရိပ်"ကုမ္ပဏီအတွင်းရှိ လူများပင် ယဲ့ချန်းကို ရူးသွားပြီဟု ထင်နေကြ၏။

တစ်ဦးတစ်ယောက်၏ စွမ်းဆောင်ရည်မှာ အကန့်အသတ်ရှိသည် မဟုတ်လော။

ဒါရိုက်တာလုပ်နိုင်ရုံဖြင့် ထုတ်လုပ်သူ၊ ဇာတ်ညွှန်းရေးဆရာနှင့် တေးရေးဆရာအထိ လုပ်နိုင်မည်ဟု အတပ်မပြောနိုင်ချေ။

သို့သော် ယဲ့ချန်းကမူ အားလုံးကို တစ်ယောက်တည်း ကိုင်တွယ်နေခဲ့သည်။

အင်တာနက်ပေါ်တွင် ထိုရုပ်ရှင်အပေါ်ထားသည့် မျှော်လင့်ချက်မှာ အလွန်နည်းပါးလှပြီး ရုပ်ရှင်ကျွမ်းကျင်သူအများစုကလည်း ၉၉ ရာခိုင်နှုန်း ရှုံးနိမ့်လိမ့်မည်ဟု ခန့်မှန်းထားကြသည်။

လူအများ စောင့်မျှော်နေသည့် တစ်ခုတည်းသောအရာမှာ သုန်းရှောင်ယာ၏ သရုပ်ဆောင်ချက်သာ။

သုန်းရှောင်ယာ "အလင်းနှင့်အရိပ်"သို့ ပြောင်းရွှေ့သွားသော သတင်းကလည်း ပြောစမှတ်ပြုစရာဖြစ်လာခဲ့သည်။

စာချုပ်ဖျက်သိမ်းမှုကြောင့် သူ(မ)၏ယခင်ကုမ္ပဏီက သုန်းရှောင်ယာကို စာချုပ်ဖောက်ဖျက်မှုဖြင့် ထုတ်ပြန်ချက်ကြေညာခဲ့သည်။ ​ဤသည်မှာ သူ(မ)အတွက် ကြီးမားသော ဆုံးရှုံးနစ်နာမှုတစ်ခုပင်။

သူ(မ)၏သီချင်းဟောင်းမူပိုင်ခွင့်အများစုလည်း အသိမ်းခံလိုက်ရချေသည်။

အရေးကြီးဆုံးမှာ "အလင်းနှင့်အရိပ်"ကုမ္ပဏီက သူ(မ)အတွက် လျော်ကြေးငွေသန်းရှစ်ဆယ်ပေးခဲ့ရခြင်းပင်။

ရုပ်ရှင်မရိုက်ရသေးခင်မှာပင် အပြင်လောက၌ ဝေဖန်သံများစွာ ထွက်ပေါ်နေခဲ့သည်။

တချို့ကမူ ယဲ့ချန်းသည် သုန်းရှောင်ယာကို ပံ့ပိုးပေးနေခြင်းဖြစ်ပြီး ဤရုပ်ရှင်မှာ သူ(မ)အတွက် သီးသန့်ဖန်တီးပေးထားခြင်း ဖြစ်သည်ဟုပင် ပြောဆိုနေကြသည်။

သို့သော် "ငုပ်လျှိုးနေသောကျား၊ ပုန်းကွယ်နေသောနဂါး"ရုပ်ရှင်ကို လျှို့ဝှက်စွာ ရိုက်ကူးနေသဖြင့် အတွင်းပိုင်းတွင် ဘာဖြစ်နေသလဲဆိုသည်ကို မည်သူမှမသိကြပေ။

ရိုက်ကူးရေး မစတင်ခင် ရိုက်ကူးရေးအဖွဲ့သားအမြောက်အများက ယဲ့ချန်းကို သံသယဝင်ခဲ့ကြသည်။

သို့သော် ရိုက်ကူးရေး စတင်လိုက်သည်နှင့် ယဲ့ချန်း၏ ပြောင်မြောက်လှသော ရိုက်ကူးရေးစွမ်းရည်ကြောင့် အားလုံး မှင်တက်သွားကြရသည်။

သုန်းရှောင်ယာပင် ချီးကျူးစကားဆိုခဲ့ရသည်။

ယဲ့ချန်း၏ ကျွမ်းကျင်မှုမှာ ကျွမ်းကျင်အဆင့် ဒါရိုက်တာတစ်ယောက်နှယ်။

ကျိုးဖာ၏ သရုပ်ဆောင်ပါရမီလည်း ပေါ်လွင်လာခဲ့သည်။

ကျိုးဖာသည် ယခင်က ဤကဲ့သို့သော အခွင့်အရေးမျိုး မရခဲ့ဖူးသဖြင့် ယခုမှသာ သူ့ပါရမီကို အစွမ်းကုန် ထုတ်ပြနိုင်ခဲ့သည်။

အပြင်လူများက ဤရုပ်ရှင်ကို အပျက်သဘောဆောင်၍ မြင်နေကြသော်ငြား ရိုက်ကူးရေးအဖွဲ့သားများကမူ အခြားခံစားချက်တစ်ခုကို ရနေကြသည်။

ဤရုပ်ရှင်ကား စင်စစ်အောင်မြင်မည့် ရုပ်ရှင်တစ်ကားပင်။

•••••••••••••••••

အပိုင်း ၄၈၈ : မင်းကိုအားပေးဖို့ရောက်လာတာ

ယဲ့ချန်း ရုပ်ရှင်ရိုက်ကူးရေးပြီးစီးသွားပြီးနောက် ဟွားအိမ်တော်သို့ ပြန်လာခဲ့သည်။

လင်းဝမ်ယိုက အိမ်မှာမရှိပေ။ မကြာသေးခင်ကမှ ဗွီအာပရောဂျက်ကို ပရိုမိုးရှင်းဆင်းနေပြီဖြစ်သောကြောင့် သူ(မ)သည် အခြားမြို့များတွင် မားကတ်တင်းကိစ္စများဖြင့် အလုပ်ရှုပ်နေချေသည်။

ယဲ့ချန်း ရေချိုးပြီးနောက် လုပ်စရာမရှိသဖြင့် ခုတင်ပေါ်တွင်လှဲရင်း ဖုန်းကောက်ကိုင်ကာ သို့ယွီတိုက်ရိုက်ထုတ်လွှင့်ရေးပလက်ဖောင်းကို ဖွင့်လိုက်သည်။

ထိုအချိန်တွင် စုရှောင်မေ့ဟူသည့် ရင်းနှီးနေသော နာမည်တစ်ခုကို မြင်လိုက်ရသည်။

ပြီးခဲ့တဲ့တစ်ခေါက်က ယဲ့ချန်းသည် စုရှောင်မေ့ကို ဂိုဏ်းများကြားကပြိုင်ပွဲတွင် ချန်ပီယံဖြစ်အောင် ကူညီပေးခဲ့သောကြောင့် သူ(မ)လည်း သို့ယွီပလက်ဖောင်းတွင် နာမည်ကြီးသွားခဲ့သည်။

သို့သော် ယဲ့ချန်း ဝင်ကြည့်လိုက်ချိန်တွင်မူ သူ(မ)၏ရေပန်းစားမှုက သိပ်မမြင့်လှကြောင်း တွေ့လိုက်ရသည်။

ယဲ့ချန်း တိုက်ရိုက်ထုတ်လွှင့်ခန်းထဲသို့ ဝင်လာသည်ကို မြင်သောအခါ စုရှောင်မေ့၏ မျက်ဝန်းများမှာ အရောင်လက်သွားချေသည်။

"ကျွန်မရဲ့တက္ကစီဒရိုင်ဘာအစ်ကိုကြီး တိုက်ရိုက်ထုတ်လွှင့်မှုထဲကို ဝင်လာတဲ့အတွက် ကြိုဆိုပါတယ်ရှင်"

ယဲ့ချန်းကလည်း ရယ်မောလျက် ပြောလိုက်သည်။

"ကြည့်ရှုသူက ဘာလို့ ဒီလောက်တောင်နည်းနေရတာလဲ"

စုရှောင်မေ့က ညည်းညူသံလေးဖြင့် ပြောလိုက်၏။

"ရှင်က ခဏခဏမှ လာမကြည့်တာ။ ကြည့်တဲ့လူတွေ အကုန်ပြေးကုန်ပြီပေါ့"

ယဲ့ချန်းက ပြုံးရယ်ရင်း ဆိုလိုက်၏။

"ကိုယ် အခုတလော အလုပ်နည်းနည်းရှုပ်နေလို့ သိပ်မလာဖြစ်တာပါ"

စုရှောင်မေ့က အင်တာနက်အသုံးပြုသူများနှင့် စကားပြောလိုက်၊ သီချင်းဆိုလိုက်လုပ်နေသော်လည်း ကြည့်ရှုသူအရေအတွက်ကတော့ တက်မလာခဲ့ပေ။

ယဲ့ချန်းလည်း သိချင်စိတ်ဖြင့် မေးလိုက်သည်။

"အခု သို့ယွီပလက်ဖောင်းမှာ ကြည့်ရှုသူတွေ ဒီလောက်တောင် နည်းသွားတာလား"

စုရှောင်မေ့ သက်ပြင်းချလိုက်၏။

"အခု နာမည်ကြီးနေတဲ့ တိုက်ရိုက်ထုတ်လွှင့်သူတွေအကုန်လုံးက အမိုက်စားအကတွေ ကပြကြတာလေ။ ကျွန်မကမှ မကတတ်တာ"

"အမိုက်စားအကလား"

ယဲ့ချန်း တစ်ဒင်္ဂမျှ ကြောင်အသွားသည်။

စုရှောင်မေ့က ဆို၏။

"ရှင်တို့ယောကျ်ားတွေက စိတ်လှုပ်ရှားစရာကောင်းတာတွေကို ပိုသဘောကျကြတယ်မလား။ အဲဒါကြောင့် ဒီရက်ပိုင်း အမိုက်စားအကကပြတဲ့ တိုက်ရိုက်ထုတ်လွှင့်သူတွေဆီကိုပဲ လူတွေအကုန် ရောက်ကုန်တာလေ"

ယဲ့ချန်းလည်း တိုက်ရိုက်ထုတ်လွှင့်မှုအဆင့်သတ်မှတ်ချက်များကို ကြည့်လိုက်သည်။

အဆင့်တစ်နေရာတွင် ရှိနေသူမှာ "နှလုံးသားထဲတွင် ကခုန်သူ"ဟု အမည်ရသူတစ်ဦးပင်။

ဤတိုက်ရိုက်ထုတ်လွှင့်သူမှာ ရေပန်းစားမှု အလွန်မြင့်မားပြီး ကြည့်ရှုသူနှစ်သိန်းအထိ ရှိကာ လက်ရှိ လူကြိုက်အများဆုံးစာရင်းတွင် ပထမနေရာ၌ ရပ်တည်နေချေသည်။

ယဲ့ချန်း ထိုတိုက်ရိုက်ထုတ်လွှင့်မှုထဲသို့ ဝင်ကြည့်လိုက်သောအခါ အဝတ်အစားပါးပါးလျလျ ဝတ်ဆင်ထားသည့် မိန်းမလှလေးတစ်ယောက်က အမိုက်စားကပြနေသည်ကို မြင်လိုက်ရ၏။

မြင်ကွင်းက နည်းနည်းတော့...

လက်ဆောင်ပေးသည့် အဆင့်သတ်မှတ်ချက်တွင်လည်း ပထမနေရာတွင် တစ်သိန်းတိတိဖြင့် ရှိနေလေသည်။

ထိုအမျိုးသမီးတိုက်ရိုက်ထုတ်လွှင့်သူသည် ရုပ်ရည်ရမှတ် ခြောက်ဆယ်လောက်သာ ရှိကြောင်း ယဲ့ချန်း မြင်လိုက်ရသည်။

ဖန်သားပြင်ပေါ်တွင် လှပသည်ဟု ထင်ရသော်လည်း ဤသည်မှာ အလှအထူးပြုလုပ်ချက်များဖြင့် ဖန်တီးထားခြင်းသာ။

ယဲ့ချန်းမှာမူ တစ်ချက်မျှကြည့်ပြီးနောက် စိတ်မဝင်စားတော့သဖြင့် စုရှောင်မေ့၏ တိုက်ရိုက်ထုတ်လွှင့်ခန်းကိုသာ ပြန်လာခဲ့သည်။

သူ့အကောင့်ထဲရှိ သို့ယွီဒင်္ဂါးများကို ကြည့်လိုက်လေရာ ရှစ်သိန်းတိတိ ကျန်နေသေးသည်။

ယဲ့ချန်းလည်း စုရှောင်မေ့ထံသို့ ဒုံးပျံအစင်းငါးရာ ပို့လိုက်သည်။

ချက်ချင်းဆိုသလိုပင် တိုက်ရိုက်ထုတ်လွှင့်မှုဖန်သားပြင်တစ်ခုလုံး ဒုံးပျံများဖြင့် ဖုံးလွှမ်းသွားတော့သည်။

ထိုအခိုက်ဝယ် သို့ယွီပလက်ဖောင်းတစ်ခုလုံး ယဲ့ချန်း၏ ဒုံးပျံများကြောင့် တစ်ဖန်တုန်လှုပ်သွားရပြန်သည်။

တိုက်ရိုက်ထုတ်လွှင့်ရေးကြော်ငြာတိုင်းလိုလိုတွင် ယဲ့ချန်း၏နာမည်က နေရာယူသွားတော့သည်။

ဝိုး... တက္ကစီဒရိုင်ဘာအစ်ကိုကြီး ပြန်ပေါ်လာပြီဟေ့

ပြီးခဲ့သည့်တစ်ခေါက် ဂိုဏ်းများကြားရှိ ပြိုင်ပွဲက ဤတက္ကစီဒရိုင်ဘာကို တိုက်ရိုက်ထုတ်လွှင့်ရေးလောကတွင် ဂန္တဝင်တစ်ဦးအဖြစ် မှတ်တမ်းဝင်သွားစေခဲ့သည်။

သူ တစ်ဖန်ပြန်လည်ရောက်ရှိလာခြင်းမှာ အင်တာနက်အသုံးပြုသူများ၏ အာရုံစိုက်မှုကို ချက်ချင်းဆွဲဆောင်သွားနိုင်ခဲ့သည်။

"မိုက်လိုက်တာ။ တက္ကစီဒရိုင်ဘာအစ်ကိုကြီးက တစ်ကွက်ပြလိုက်တာနဲ့တင် ခမ်းနားနေရောပဲ"

"တက္ကစီဒရိုင်ဘာအစ်ကိုကြီးက ရှောင်မေ့ကို အားပေးဖို့ ထပ်ရောက်လာပြန်ပြီ"

"ကြွယ်ဝခြင်းနတ်ဘုရား... အရမ်းအထင်ကြီးချင်စရာကောင်းတယ်"

"တက္ကစီဒရိုင်ဘာအစ်ကိုကြီးရဲ့ လုပ်ရပ်က ကမ္ဘာမြေကိုတောင် တုန်လှုပ်သွားစေတယ်နော်"

...

ယဲ့ချန်း၏ လုပ်ရပ်ကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်မှာ ချက်ချင်းဆိုသလို ပွက်လောရိုက်သွားတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် စုရှောင်မေ့၏ ကြည့်ရှုနှုန်းမှာ အရှိန်အဟုန်ဖြင့် ထိုးတက်သွားပြီး နှလုံးသားထဲမှာကခုန်သူကို ကျော်တက်၍ လူကြိုက်အများဆုံး အဆင့်တစ်နေရာသို့ ရောက်ရှိသွားသည်။

နှလုံးသားထဲတွင်ကခုန်သူမှာမူ အမိုက်စားအကကပြနေဆဲဖြစ်သော်ငြား ကပြီးသွားချိန်တွင် ကြည့်ရှုသူအရေအတွက်မှာ တက်မလာသည့်အပြင် ကျဆင်းသွားကြောင်း တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားလေသည်။

ဘာတွေဖြစ်ကုန်တာလဲ။

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် ယဲ့ချန်းက ဒုံးပျံအစင်းငါးရာ ပစ်ပေးလိုက်ကြောင်း မြင်သောအခါ စုရှောင်မေ့ အလွန်စိတ်လှုပ်ရှားသွားရသည်။

သူ(မ)အနေနှင့် အနည်းငယ် ညည်းတွားပြောဆိုလိုက်ရုံမျှသာရှိသော်ငြား ယဲ့ချန်းဘက်က ဤမျှအထိ တုံ့ပြန်ပေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ကြည့်ရှုနှုန်းမှာ ဆက်တိုက်ဆိုသလို မြင့်တက်လာပြီး ယခုအထိ တက်နေဆဲပင်။

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသည့် အင်တာနက်အသုံးပြုသူများမှာ အမှန်တကယ်တော့ ထုတ်လွှင့်မှုတစ်ခုတည်းတွင် အမြဲမနေကြဘဲ ထုတ်လွှင့်မှုအမျိုးမျိုးကို ကူးချည်သန်းချည် သွားလာနေတတ်ကြသည်။

ယဲ့ချန်း၏ ဖန်သားပြင်အပြည့် ဒုံးပျံများက အင်တာနက်အသုံးပြုသူများ၏ အာရုံစိုက်မှုကို ချက်ချင်းရယူနိုင်ခဲ့ပြီး စုရှောင်မေ့၏ တိုက်ရိုက်ထုတ်လွှင့်မှုကို နာမည်ကြီးသွားစေသည်။

မည်သို့ပင်ဆိုစေကာမူ သို့ယွီပလက်ဖောင်းပေါ်တွင် ယဲ့ချန်း၏နာမည်က ဂန္တဝင်တွင်နေပြီဖြစ်ရာ အခြားသူများကလည်း ကြီးမြတ်လှသည့် တက္ကစီဒရိုင်ဘာအစ်ကိုကြီး၏ ပုံစံအစစ်ကို မြင်ချင်နေကြသည်။

တိုက်ရိုက်ထုတ်လွှင့်မှု၏ ကြည့်ရှုနှုန်းများ ဆက်တိုက်မြင့်တက်လာသည်ကို ကြည့်ရင်း စုရှောင်မေ့ အလွန်ပီတိဖြစ်ရသော်လည်း ယဲ့ချန်းထံသို့ သီးသန့်မက်ဆေ့ချ်တစ်စောင် ပို့လိုက်သေးသည်။

"အစ်ကိုယဲ့... အခုလို အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အစ်ကိုလည်း ပိုက်ဆံရှာရတာ မလွယ်ဘူးလေ။ ဒီလိုမျိုး ခဏခဏလုပ်ပေးစရာမလိုပါဘူး"

ယဲ့ချန်းက အသာအယာပြုံးလိုက်သည်။ အမှန်တွင် သူသည် အေးဆေးအိပ်နေရင်း ပိုက်ဆံရနေခြင်းပင်။ ထို့ပြင် ဤသို့ယွီဒင်္ဂါးများကလည်း ပြီးခဲ့တဲ့တစ်ခေါက်က စနစ်က ပေးထားသည့်အရာများပင်။

"ကိစ္စမရှိပါဘူး။ ဒီပမာဏလောက်က ကိုယ့်အတွက် ဘာမှမပြောပလောက်ပါဘူး"

စုရှောင်မေ့ ဆွံ့အသွားရသည်။

ဒုံးပျံအစင်းငါးရာ ပေးထားသည့်တိုင် မပြောပလောက်ဘူးတဲ့လား။

သို့ရာတွင် စုရှောင်မေ့သည် ယဲ့ချန်း၏ အစွမ်းအစကို သိထားသူဖြစ်သောကြောင့် နောက်ပြောင်လေဟန်ဖြင့် ပြောလိုက်၏။

"ရှင်က ကျွန်မအပေါ် အရမ်းကောင်းလွန်းတော့ ဘယ်လိုကျေးဇူးဆပ်ရမလဲတောင် မသိတော့ဘူး။ ကိုယ့်ကိုယ်ကိုယ်ရောင်းစားပြီး ဆပ်ရင်တောင် ဒီအကြွေးတွေ ကျေနိုင်ပါ့မလားမသိဘူး"

ယဲ့ချန်းက ရယ်မောလိုက်၏။

"ကောင်းပြီလေ။ ကိုယ် တော်တော်စိတ်ဝင်စားသွားပြီ"

"ဟွန့်... လူဆိုး တွေးတောင်မတွေးမိစေနဲ့"

သို့သော် စုရှောင်မေ့က စာဆက်ရိုက်လိုက်သည်။

"ယဲ့ချန်း... ရှင့်ရဲ့အားပေးမှုအတွက် တကယ်ကျေးဇူးတင်ပါတယ်"

ယဲ့ချန်းက ပြောလိုက်သည်။

"ပါးစပ်ကပြောနေရုံနဲ့ မလုံလောက်ဘူး။ မင်း ကိုယ့်ကို ဆုချရမယ်လေ"

စုရှောင်မေ့ : "ဘာဆုလိုချင်လို့လဲ"

ယဲ့ချန်းက ပြောလိုက်လေသည်။

"ကိုယ့်အတွက် သီချင်းတစ်ပုဒ်လောက် ဆိုပြပါလား"

"သီချင်းဆိုရမယ်။ ဘာသီချင်းလဲ"

စုရှောင်မေ့က မေးလိုက်သည်။

ယဲ့ချန်း ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။

"ဒါက ကိုယ်ကိုယ်တိုင်ရေးထားတဲ့ 'ကံကောင်းခြင်းလေး'ဆိုတဲ့ သီချင်းလေ"

ထို့နောက် ယဲ့ချန်းက တေးသွားနှင့် ဂီတသင်္ကေတများကို ပို့ပေးလိုက်သည်။

မြက်ခင်းစိမ်းလေးတွေပေါ် မိုးစက်တွေ ကျဆင်းလာတဲ့အသံကို ငါကြားလိုက်ရတယ်...

အတန်းဆင်းချိန် အဝေးကလာတဲ့ ခေါင်းလောင်းမြည်သံကို ကြားလိုက်ရတယ်...

ဒါပေမဲ့ မင်းရဲ့အသံလေးကိုတော့ ငါမကြားရဘူး...

ငါ့နာမည်ကို အလေးအနက်ခေါ်နေတဲ့အသံလေးပေါ့...

မင်းကိုချစ်မိသွားတဲ့အချိန်တုန်းက အချစ်ဆိုတာဘာမှန်း ငါနားမလည်ခဲ့ဘူး...

...

တေးသွားမှတ်တမ်းကို ကြည့်ရင်း စုရှောင်မေ့ တစ်ခေါက်လောက် ဆိုကြည့်လိုက်သည်။

ဤသီချင်းလေးက နားထောင်၍ကောင်းလှချေသည်။

"ရှင်က ပါရမီရှင်ပဲ"

စုရှောင်မေ့ တအံ့တသြရေရွတ်လိုက်သည်။

"သာမန်ပါပဲ"

ယဲ့ချန်းကမူ အသာအယာပြုံးရင်း ပြောလိုက်သည်။

ယဲ့ချန်းက သူ(မ)ကို လူကြိုက်များလာစေရန်အတွက် ဤသီချင်းကို ရေးပေးခဲ့ခြင်းဖြစ်ကြောင်း စုရှောင်မေ့ နားလည်လိုက်သည်။

သီချင်းလေးက စုရှောင်မေ့၏ နှလုံးသားကို အကြွင်းမဲ့ အရည်ပျော်သွားစေခဲ့သည်။

အထူးသဖြင့် သီချင်းစာသားများကို ကြားရချိန်တွင် ယဲ့ချန်းက သူ(မ)ကို သွယ်ဝိုက်ပြောဆိုနေသလားဟုပင် ခံစားလိုက်ရသည်။

ယဲ့ချန်းက သူ(မ)အပေါ် ကောင်းလွန်းလှသည်ဖြစ်ရာ သူ(မ)အနေနှင့် သူ့ကို လက်ခံလိုက်သင့်လားဟုပင် တွေးမိသည်။

စုရှောင်မေ့က ရယ်မောရင်း ပြောလိုက်၏။

"ယဲ့ချန်း... ရှင်နဲ့တွေ့ခဲ့ရတာ ကျွန်မအတွက်တော့ အကြီးမားဆုံး ကောင်းချီးတစ်ခုပါပဲ"

ယဲ့ချန်းကလည်း ခွန်းတုံ့ပြန်လိုက်၏။

"ကိုယ်ရောပဲ"

...

ထိုအချိန်တွင် "နှလုံးသားထဲတွင် ကခုန်သူ" သည် နောက်ထပ်အမိုက်စားအကတစ်ပုဒ်ကို ကပြဖျော်ဖြေပြန်သည်။

သူ(မ)က ကိုယ်ဟန်အနေအထားများကို ဆက်တိုက်ပြောင်းလဲပြီး ဆွဲဆောင်ဖြားယောင်းလေဟန် လှုပ်ရှားမှုများကို လုပ်ပြနေချေသည်။

ချက်ချင်းပင် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲ၌ လက်ဆောင်များ တဖွဲဖွဲကျလာတော့သည်။

လက်ဆောင်များ ဆက်တိုက်ဝင်လာသည်ကို မြင်သောအခါ "နှလုံးသားထဲတွင် ကခုန်သူ"မှာ ပို၍ပင် စိတ်လှုပ်ရှားလာသည်။

သူ(မ)ခမျာ ရူးမတတ်ဝမ်းသာလုံးဆို့နေပြီဖြစ်၏။

အမှန်တကယ်မှာမူ နှလုံးသားထဲတွင် ကခုန်သူသည် အနုပညာနယ်ပယ်ထဲသို့ ဝင်ရောက်ချင်ခဲ့သူပင်။

ကံမကောင်းစွာဖြင့် ဤလောကထဲသို့ ခြေချကြည့်သောအခါမှသာ ကြယ်ပွင့်တစ်ယောက်ဖြစ်လာရန် မည်မျှခက်ခဲကြမ်းတမ်းကြောင်း သိခဲ့ရသည်။

ထို့ကြောင့် အသက်ရှင်ရပ်တည်ရေးအတွက် တိုက်ရိုက်ထုတ်လွှင့်ခြင်းကို စတင်လုပ်ကိုင်ခဲ့သည်။

သို့သော် တိုက်ရိုက်ထုတ်လွှင့်ပြီးနောက်ပိုင်း ကြည့်ရှုနှုန်းက မကောင်းခဲ့ပေ။

နောက်ပိုင်းတွင် သူ(မ) ဂိုဏ်းတစ်ခုသို့ ဝင်ရောက်ခဲ့ပြီး ဂိုဏ်းခေါင်းဆောင်နှင့် တစ်ညအတူအိပ်ခဲ့ရာမှ နာမည်ကြီးလာစေမည့် လျှို့ဝှက်ချက်ကို သင်ယူနိုင်ခဲ့သည်။

ထိုအချိန်မှစ၍ သူ(မ)၏ တိုက်ရိုက်ထုတ်လွှင့်သည့်စတိုင်လ်မှာ ပိုပွင့်လင်းလာခဲ့သည်။

ယခုမူ မျှော်လင့်ထားသည့်အတိုင်းပင် သူ(မ)၏ အမိုက်စားကပြဖျော်ဖြေမှုများကတစ်ဆင့် ရေပန်းစားမှုက တစ်နေ့တစ်ခြား အရှိန်အဟုန်ကောင်းလာခဲ့သည်။

ဖန်သားပြင်ရှေ့ရှိ ယောကျ်ားများကလည်း အလွန်အမင်း စိတ်လှုပ်ရှားနေကြပြီး မျက်လုံးများပင် ပြူးထွက်လုမတတ် ဖြစ်နေချေသည်။

သို့သော် သူ(မ) မည်မျှပင် အင်တိုက်အားတိုက် ကပြနေစေကာမူ ကြည့်ရှုနှုန်းမှာ ထပ်မံကျဆင်းသွားကြောင်း ဝမ်းနည်းဖွယ်ရာ တွေ့လိုက်ရသည်။

ဘာလို့ ဒီလိုဖြစ်နေရတာလဲ။

နှလုံးသားထဲတွင် ကခုန်သူလည်း မျက်မှောင်ကြုတ်လိုက်မိသည်။

ထိုအချိန်မှသာ လူတစ်ယောက်က ဒုံးပျံအစင်းငါးရာ လက်ဆောင်ပေးပြီး ကြည့်ရှုသူအားလုံးကို ဆွဲခေါ်သွားခြင်းဖြစ်ကြောင်း သူ(မ) သဘောပေါက်လိုက်သည်။

တိုက်ရိုက်ထုတ်လွှင့်သူတစ်ယောက်အား ဒုံးပျံအစင်းငါးရာ ဆုချီးမြှင့်နေသည်ကို မြင်လိုက်ရချိန်ဝယ် "နှလုံးသားထဲတွင် ကခုန်သူ"လည်း ချက်ချင်းဆိုသလို မနာလိုဖြစ်သွားလေသည်။

စုရှောင်မေ့၏ တိုက်ရိုက်ထုတ်လွှင့်မှုကို သူ(မ)လည်း မြင်ဖူးသည်။

သို့သော် စကားပြောပြီး သီချင်းဆိုရုံမျှဖြင့် မည်သူကများ ဤကဲ့သို့ ရက်ရက်ရောရောဆုချရလေသလဲ။

စုရှောင်မေ့သည် အလွန်ရိုးအလွန်းသဖြင့် သူ(မ)ကို မယှဉ်နိုင်ဘူးဟု မှတ်ယူထားသည်။

သို့သော် စုရှောင်မေ့၏ ကြည့်ရှုနှုန်းက သူ(မ)ထက် များစွာသာလွန်နေသောကြောင့် လက်ရှိအခြေအနေကား သူ(မ)၏မျက်နှာကို ခပ်ဆတ်ဆတ် ဖြတ်ရိုက်လိုက်သလိုပင်။

••••••••••••••

အပိုင်း ၄၈၉ : မစော်ကားသင့်သူကို စော်ကားမိခြင်း

'နှလုံးသားထဲတွင် ကခုန်သူ'ခမျာ အလွန်မကျေမနပ်ဖြစ်နေချေသည်။

သူ(မ) ဤမျှအထိ ကြိုးစားထားသည့်တိုင် ရိုးရိုးအအအမျိုးသမီးတိုက်ရိုက်ထုတ်လွှင့်သူတစ်ယောက်လောက် လက်ဆောင်မရခြင်းမှာ မတရားလှပေ။

သူ(မ)သည် အင်တိုက်အားတိုက် ကပြဖျော်ဖြေပြီး ယောကျ်ားများ၏စိတ်နှလုံးကို အမြဲလှုပ်ရှားနေအောင် လုပ်နိုင်သရွေ့ သူ(မ)ကို ဘယ်သူမှယှဉ်နိုင်မည်မဟုတ်ဟု ထင်ထားခဲ့သည်။

သို့သော် စုရှောင်မေ့ကမူ သူ(မ)၏မျက်နှာကို ခပ်ဆတ်ဆတ်ဖြတ်ရိုက်လိုက်သည်။

အရေးအကြီးဆုံးအချက်မှာ သူ(မ)၏ ကြည့်ရှုနှုန်းက ဆက်တိုက်ကျဆင်းနေခြင်းပင်။ ပရိသတ်အမြောက်အများက စုရှောင်မေ့ဆီကို ရောက်သွားကြပြီဖြစ်၏။

သူ(မ)၏ တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် ကြည့်ရှုသူအရေအတွက် ဆက်တိုက်ကျဆင်းလာသည်ကို ကြည့်ရင်း "နှလုံးသားထဲတွင်ကခုန်သူ"က ပြန်လည်တုံ့ပြန်ရန် ဆုံးဖြတ်လိုက်သည်။

သူ(မ) သနားစရာကောင်းသော အမူအရာလေးဖြင့် သူ(မ)၏ပရိသတ်များကို ဝမ်းနည်းပက်လက်ပြောလိုက်လေသည်။

"အစ်ကိုတို့ရေ... ညီမလေး တော်တော်နစ်နာသလို ခံစားရတယ်။ သူတို့ဘက်က အစ်ကိုကြီးဆိုရင် တစ်ခါတည်းနဲ့ ဒုံးပျံအစင်းငါးရာတောင် ပေးတာ။ ညီမလေးကတော့ အစ်ကိုတို့ မျက်စိပသာဒဖြစ်အောင် ကပြနေတာတောင် လက်ဆောင်နည်းနည်းလေးပဲရတယ်။ အရမ်းဝမ်းနည်းလို့ ငိုတောင်ငိုချင်လာပြီ"

"နှလုံးသားထဲတွင် ကခုန်သူ"မှာ သူ(မ) ယောကျ်ားဘယ်နှယောက်နှင့် အိပ်ခဲ့ပြီးပြီလဲဆိုသည်ကို ကိုယ်တိုင်ပင် မသိတော့ပေ။

သူ(မ)အတွက်တော့ သူ(မ)၏ခန္ဓာကိုယ်က ငွေရှာစက်တစ်လုံးသာသာပင်။

သူ(မ)၏ခန္ဓာကိုယ်ကို အခြားလူများ မြင်သွားမည်ကိုလည်း ဂရုမစိုက်သောကြောင့် အစွမ်းကုန် ထုတ်သုံးတော့သည်။

ပိုဆွဲဆောင်မှုရှိစေရန်အတွက် သူ(မ)​၏ အပေါ်ဝတ်အင်္ကျီကို ချွတ်ချလိုက်သည်။

အထဲတွင်မူ ဖြားယောင်းသွေးဆောင်လေဟန် အပြည့်ပါသော ပါးလွှလွှဂါဝန်လေးတစ်ထည်ကို ဝတ်ဆင်ထားသည်။

ထိုအချိန်မှာပင် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ ပရိသတ်များအားလုံး ရူးခါသွားကြတော့သည်။

"အစ်ကိုထျန်းက ဒုံးပျံဆယ်စင်း လက်ဆောင်ပေးပါတယ်"

"အစ်ကိုဟူက ဒုံးပျံအစင်းနှစ်ဆယ် လက်ဆောင်ပေးပါတယ်"

...

မျက်စိတစ်မှိတ်အတွင်းမှာပင် ဒုံးပျံများ ကောင်းကင်သို့ ပျံတက်သွားသည်။

ပျံတက်သွားသော ဒုံးပျံများကို ကြည့်ရင်း "နှလုံးသားထဲတွင် ကခုန်သူ"လည်း စိတ်လှုပ်ရှားနေချေသည်။

သို့သော် တဖွဲဖွဲကျလာသည့် ဒုံးပျံများကိုကြည့်ရင်း သူ(မ) မကျေနပ်နိုင်သေးပေ။

ငါက ဒီလောက်ကြိုးစားနေတာတောင် ဒီလောက်လေးပဲ ရတယ်...

ဟိုတိုက်ရိုက်ထုတ်လွှင့်သူကျတော့ သီချင်းတစ်ပုဒ်ဆိုရုံနဲ့တင် ဒုံးပျံအစင်းငါးရာတောင် ဘာလို့ရတာလဲ...

ထိုအချိန်မှာပင် သူ(မ) မျှော်လင့်စောင့်စားနေသော လူကုံထံသူဋ္ဌေးက လှုပ်ရှားလာလေသည်။

"အစ်ကိုတုဟောင်က ဒုံးပျံအစင်းတစ်ရာ လက်ဆောင်ပေးပါတယ်"

"အစ်ကိုတုဟောင်က ဒုံးပျံအစင်းတစ်ရာ လက်ဆောင်ပေးပါတယ်"

"အစ်ကိုတုဟောင်က ဒုံးပျံအစင်းတစ်ရာ လက်ဆောင်ပေးပါတယ်"

...

ရုတ်တရက်ပေါ်လာသော လူကုံထံသူဌေးက တစ်ချီတည်းနှင့် ဒုံးပျံအစင်းလေးရာတိတိ ပေးလိုက်သည်။

နှလုံးသားထဲတွင် ကခုန်သူလည်း အလွန်စိတ်လှုပ်ရှားသွားသည်။

ဤသည်မှာ လူကုံထံသူဋ္ဌေးတစ်ယောက်ဆီက ရဖူးသမျှ လက်ဆောင်များထဲတွင် အများဆုံးပင်။

"ဒုံးပျံအများကြီး လက်ဆောင်ပေးတဲ့ အစ်ကိုတုဟောင်ကို ကျေးဇူးတင်ပါတယ်။ ချစ်တယ်နော်...မွ မွ"

နှလုံးသားထဲတွင် ကခုန်သူခမျာ အလွန်ကျေနပ်သွားသည်။ ဤဒုံးပျံများက ပိုက်ဆံများပင်။

သူ(မ)၏ ကြိုးစားအားထုတ်မှုများက အချည်းနှီးမဖြစ်ခဲ့ချေ။

ဝမ်းသာပီတိဖြစ်သွားသော 'နှလုံးသားထဲတွင် ကခုန်သူ"က အမိုက်စားအကကို ထပ်မံကပြဖျော်ဖြေလေတော့သည်။

အစ်ကိုတုဟောင်မှာမူ သွေးပွက်ပွက်ဆူလာပြီး လူမြင်ကွင်းဖန်သားပြင်မှာ အော်ဟစ်လိုက်သည်။

"တက္ကစီဒရိုင်ဘာအစ်ကိုကြီး ဘယ်မှာလဲ။ ထွက်လာပြီး ဘယ်သူက ငွေပိုသုံးနိုင်လဲဆိုတာ ယှဉ်ရဲလား"

သို့ယွီပလက်ဖောင်းပေါ်ရှိ အင်တာနက်အသုံးပြုသူများမှာ ဤသို့နှယ် စိန်ခေါ်လိုက်သည့် မက်ဆေ့ချ်ကြောင့် ချက်ချင်း လှုပ်လှုပ်ရွရွဖြစ်သွားကြသည်။

သေစမ်း... တက္ကစီဒရိုင်ဘာအစ်ကိုကြီးကိုလာစိန်ခေါ်တဲ့သူ ရှိနေပါလား...

လက်ရှိအချိန်တွင် တက္ကစီဒရိုင်ဘာအစ်ကိုကြီးက သို့ယွီပလက်ဖောင်း၏ အရှင်သခင်ဖြစ်ပြီး အင်တာနက်အသုံးပြုသူများက 'ကြွယ်ဝချမ်းသာခြင်းနတ်ဘုရား'ဟုပင် တင်စားခေါ်ဝေါ်ကြကြောင်း လူတိုင်းသိထားကြသည်။

ဂိုဏ်းများကပင် တက္ကစီဒရိုင်ဘာအစ်ကိုကြီးကို အညံ့ခံထားရသည်။

ယခုမူ တက္ကစီဒရိုင်ဘာအစ်ကိုကြီးကို စိန်ခေါ်ရဲသည့် အင်တာနက်အသုံးပြုသူတစ်ယောက် ပေါ်လာလေပြီ။

"နှလုံးသားထဲတွင် ကခုန်သူ"က အင်တိုက်အားတိုက် ကပြနေချိန်မှာပင် သူ(မ)၏တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှာ ကြည့်ရှုသူအရေအတွက် ရုတ်တရက်ထိုးတက်သွားကြောင်း မြင်လိုက်ရသည်။

'နှလုံးသားထဲတွင် ကခုန်သူ'လည်း အလွန်ဝမ်းသာသွားသည်။

"အစ်ကိုတုဟောင်... အစ်ကိုက အရမ်းမိုက်တာပဲ။ သေလောက်အောင်ချစ်သွားပြီ"

အမှန်တကယ်တော့ အစ်ကိုတုဟောင်ကလည်း စိတ်လိုက်မာန်ပါ လုပ်လိုက်မိခြင်းပင်။ ဖန်သားပြင်ထက် တင်ပြီးသွားသောအခါ နည်းနည်းနောင်တရသွားမိသည်။

သို့သော် "နှလုံးသားထဲတွင် ကခုန်သူ"က သူ့အား အနမ်းပေးလိုက်သည်ကို မြင်လိုက်ရချိန်တွင်မူ ပိုစိတ်လှုပ်ရှားလာသည်။

အစ်ကိုတုဟောင်က နှလုံးသားထဲတွင် ကခုန်သူကို အပြင်မှာတွေ့ဖို့ ချိန်းလိုက်ရမလားဟုပင် တွေးလိုက်မိသည်။

'နှလုံးသားထဲတွင် ကခုန်သူ'၏ အားပေးမြှောက်ပင့်မှုကြောင့် အစ်ကိုတုဟောင်မှာ ပိုရဲတင်းလာလေတော့သည်။

"တက္ကစီဒရိုင်ဘာအစ်ကိုကြီး ကြောက်သွားပြီလား။ ထွက်လာရဲလား။ မထွက်လာရဲဘူးဆိုရင် သတ္တိကြောင်တဲ့ကောင်ပဲ။ နောက်ဆိုရင် သူ့ကို သူရဲဘောကြောင်အစ်ကိုကြီးလို့ပဲ ခေါ်ကြရအောင်"

အစ်ကိုတုဟောင်၏ ရဲတင်းလှသော စကားများကို မြင်သောအခါ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် ပို၍ပင် ပွဲစည်လာတော့သည်။

"အစ်ကိုတုဟောင်က မိုက်လိုက်တာ"

"ဒါကြောင့်လည်း သူက အစ်ကိုတုဟောင် ဖြစ်နေတာပေါ့"

...

ထိုအချိန်တွင် ယဲ့ချန်းကတော့ စောစောကမှ သူရေးပေးထားသော သီချင်းကို စုရှောင်မေ့ ဆိုပြနေသည်ကို နားထောင်နေသည်။

ထို့နောက် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် လူအများအပြားက သူ့ကို မန်းရှင်းခေါ်နေကြကြောင်း သတိထားမိလိုက်သည်။

ထိုအခါမှသာ ဖန်သားပြင်ပေါ်တွင် တစ်စုံတစ်ယောက်က သူ့ကို စိန်ခေါ်ထားကြောင်း သတိပြုမိသည်။

တစ်ဖက်လူ​၏အိုင်ဒီကို တစ်ချက်ကြည့်လိုက်သောအခါ ရင်းနှီးပုံလည်းမပေါ်ပေ။

အစပိုင်းတွင် ယဲ့ချန်းက သူ့ကို ဂရုမစိုက်ခဲ့ပေ။

သို့သော် တစ်ဖက်လူမှာ ပိုမောက်မာလာပြီး သူ့ကို သတ္တိကြောင်သူဟုပင် ခေါ်လာလေသည်။

သေစမ်း... မင်းကို ဘယ်သူက အဲဒီလောက် အတင့်ရဲခွင့်ပေးထားလို့လဲ

ယဲ့ချန်းလည်း ဒေါသထွက်သွားပြီး ဖန်သားပြင်ပေါ်မှာပင် စာရိုက်လိုက်သည်။

"ဒီခွေးရူးက ဘယ်ကရောက်လာပြီး ဒီမှာ လာဟောင်နေတာလဲ"

အစ်ကိုတုဟောင်လို လူစားမျိုးက အထန်လွန်ပြီး လုပ်ချင်ရာလုပ်နေသူဖြစ်ကြောင်း ယဲ့ချန်း နားလည်သည်။

သူ့မှာ ပိုက်ဆံနည်းနည်းပါးပါး ရှိချင်ရှိနိုင်သော်ငြား ယဲ့ချန်း၏ ချမ်းသာကြွယ်ဝမှုကို လာယှဉ်ခြင်းမှာမူ ကိုယ့်သေတွင်းကိုယ်တူးနေသလိုပင်။

ထို့ပြင် "နှလုံးသားထဲတွင် ကခုန်သူ"ကလည်း မိတ်ကပ်နှင့် အထူးပြုလုပ်ချက်များဖြင့် ဖန်တီးထားသော ရုပ်ဆိုးဆိုးမိန်းကလေးတစ်ယောက်ပင်။

သို့သော် ဤငတုံးကတော့ ထိုသို့သောမိန်းမမျိုးအတွက် ပိုက်ဆံသုံးနေချေသည်။

မိတ်ကပ်နှင့် အထူးပြုလုပ်ချက်များသာ မရှိလျှင် သူ(မ)ကိုမြင်သည်နှင့် အန်ချင်စိတ်ပေါက်သွားမည်ဖြစ်ကြောင်း ယဲ့ချန်း အတပ်ပြောရဲသည်။

ထို့ပြင် ဤတိုက်ရိုက်ထုတ်လွှင့်သူများ၏ ရေပန်းစားမှုက ခဏမျှဖြစ်ကြောင်းကိုလည်း ယဲ့ချန်း သိထားသည်။

သိပ်မကြာခင်မှာပင် ဤတိုက်ရိုက်ထုတ်လွှင့်ခန်းများမှာ အပိတ်ခံရပေလိမ့်မည်။ သိပ်ကြာကြာခံမည် မဟုတ်ချေ။

စုရှောင်မေ့၏ တိုက်ရိုက်ထုတ်လွှင့်ခန်းကို တစ်ချက်ကြည့်လိုက်သောအခါ ကြည့်ရှုသူအရေအတွက်က တစ်ဝက်ခန့်ကျဆင်းသွားကြောင်း တွေ့လိုက်ရသည်။

စုရှောင်မေ့က ယဲ့ချန်းထံသို့ သီးသန့်မက်ဆေ့ချ်ပို့လိုက်သည်။

"ယဲ့ချန်း... ဟိုလူနဲ့ ရန်ဖြစ်မနေနဲ့။ သူတို့က ရှင့်နာမည်ကိုသုံးပြီး နာမည်ကြီးအောင် လုပ်ချင်နေကြတာ"

ထိုအချိန်ဝယ် နှလုံးသားထဲတွင်ကခုန်သူ၏ ပရိသတ်တော်တော်များများက စုရှောင်မေ့၏ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲသို့ ဝင်လာကြသည်။

"ဟားဟား...ဘာကြွယ်ဝခြင်းနတ်ဘုရားလဲ။ ငါကတော့ သတ္တိကြောင်တဲ့ကောင်လို့ပဲ ထင်တယ်"

"သတ္တိမရှိရင်လည်း နှိမ့်နှိမ့်ချချနေ။ နောက်ဆိုရင် သိပ်မမောက်မာနဲ့"

"အစ်ကိုတုဟောင်ကမှ သို့ယွီရဲ့ တကယ့်ဘော့စ်အစစ်နော်။ ဟန်ရေးပြမနေဘဲ သို့ယွီကနေ ထွက်သွားလိုက်တော့"

"ဟန်လုပ်တဲ့ကောင် မျက်နှာဖြတ်ရိုက်ခံရတာ တကယ်ရယ်ရတယ်ဟေ့"

"ဘာကြွယ်ဝခြင်းနတ်ဘုရားလဲ။ သက်သက်ကြွားနေတာ။ ဒီအတိုင်း ဟိတ်ဟန်ထုတ်နေတဲ့ကောင်ပါကွာ"

...

မှတ်ချက်များက ပိုရိုင်းစိုင်းလာပြီး ရန်စလေဟန် အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

ဤလူတစ်သိုက်က မီးလောင်ရာလေပင့်ပေးနေသော လက်မရွံ့ပရိသတ်များဖြစ်ကြောင်း ယဲ့ချန်း သိသည်။

သူတို့၏ရည်ရွယ်ချက်က ရှင်းသည်။ ကြွယ်ဝခြင်းနတ်ဘုရား၏ တိုက်ခိုက်မှုများကိုကြည့်ပြီး လက်ဆောင်ရလာမည်ကို ခံစားချင်ကြသည်သာ။

ထို့ကြောင့် သက်သက်ပြဿနာရှာနေကြခြင်းပင်။

ယဲ့ချန်းက စုရှောင်မေ့ကို ​ပြန်ပြောလိုက်၏။

"စိတ်မပူပါနဲ့။ ဒီကိစ္စကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ကိုယ်သိပါတယ်"

"ကောင်းပါပြီ။ လက်ဆောင်တွေ ထပ်မပေးမိဖို့ပဲ သတိထားပါ"

စုရှောင်မေ့ကလည်း ခွန်းတုံ့ပြန်လိုက်သည်။

ယဲ့ချန်း စုရှောင်မေ့ကို အားပေးရသည့် အကြောင်းအရင်းမှာ သူ(မ)သည် အခြားတိုက်ရိုက်ထုတ်လွှင့်သူများနှင့် မတူသောကြောင့်ပင်။

အခြားတိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုတွင်မူ နှလုံးသားထဲတွင်ကခုန်သူက လက်ဆောင်ရဖို့ အစ်ကိုတုဟောင်ကို ဆက်တိုက်မြှောက်ပင့်ပေးနေချိန်မှာ စုရှောင်မေ့ကတော့ လက်ဆောင်မပေးရန် ယဲ့ချန်းကို အကြံပေးနေခြင်းကား သူတို့၏ စရိုက်ကွာခြားမှုကို ပြသနေပေသည်။

သို့သော် ယဲ့ချန်းကတော့ ဤကိစ္စကို လွယ်လွယ်နှင့် ခွင့်မလွှတ်နိုင်ချေ။

စနစ်ကို ရရှိပြီးကတည်းက သူကသာ အခြားသူများကို ဖိနှိပ်ခဲ့သည်။ ဘယ်သူ့ဆီကမှ အဖိနှိပ်မခံခဲ့ရဖူးပေ။

ယဲ့ချန်း၏မူဝါဒက သူ့ကို လာမထိသရွေ့ သူကလည်း မည်သူ့ကိုမှ သွားမထိချေ။အကယ်၍ လာထိလာလျှင်မူ ဘယ်လိုပြုမူနေထိုင်ရမလဲဆိုသည်ကို သင်ခန်းစာပေးလိုက်မည်ဖြစ်၏။

ယဲ့ချန်းက ဖန်သားပြင်တွင် အကြောင်းပြန်လိုက်သည်။

"မင်းလို အမှိုက်ကောင်က ငါနဲ့လာယှဉ်ဖို့ အရည်အချင်းမီလို့လား"

ရဲတင်းပြီး လွှမ်းမိုးမှုရှိသော ယဲ့ချန်း၏တုံ့ပြန်မှုကို မြင်လိုက်ရသောအခါ အင်တာနက်အသုံးပြုသူများလည်း စိတ်လှုပ်ရှားသွားကြသည်။

"ဟားဟား... တက္ကစီဒရိုင်ဘာအစ်ကိုကြီးဆိုတဲ့အတိုင်း စကားပြောတာကအစ အာဏာညောင်းလိုက်တာ"

"သူတို့ကြားက အဆင့်ကွာခြားချက်က တော်တော်များပုံရတယ်။ တက္ကစီဒရိုင်ဘာအစ်ကိုကြီးက အဆင့်၂၀။ အစ်ကိုတုဟောင်က အဆင့်၁၄ပဲ ရှိသေးတယ်"

"ဟုတ်တယ်။ တက္ကစီဒရိုင်ဘာအစ်ကိုကြီးက အဆင့်နဲ့တင် တစ်ဖက်လူကို အပြတ်အသတ် အနိုင်ယူထားတာနော်"

"တက္ကစီဒရိုင်ဘာအစ်ကိုကြီးကို စိန်ခေါ်ရဲတယ်ဆိုတော့ ဒီချာတိတ် အထုအထောင်းခံချင်နေတာပဲ"

ယဲ့ချန်း၏တုံ့ပြန်မှုနှင့်အတူ တက္ကစီဒရိုင်ဘာအစ်ကိုကြီး၏ ပရိသတ်များလည်း ထွက်ပေါ်လာကြသည်။

ထိုအချိန်တွင် ဗီလာတစ်လုံးအတွင်း၌ ပုပုဝဝလူတစ်ယောက်သည် မျက်နှာအပျက်ပျက်အယွင်းယွင်းဖြင့် ကွန်ပျူတာကို စိုက်ကြည့်နေသည်။

အထူးသဖြင့် ယဲ့ချန်း၏တုံ့ပြန်မှုနှင့် အင်တာနက်အသုံးပြုသူများ၏ မှတ်ချက်များကို မြင်သောအခါ သူ့မျက်နှာက ပို၍ပင် အကျည်းတန်လာသည်။

"သေလေ.. ငါ့ရှေ့မှာ ဟန်ဆောင်ပြနေတာလား"

ထိုလူဝကြီးမှာ ဒေါသထွက်လွန်းသဖြင့် သူ့လက်ထဲရှိ ဝိုင်နီခွက်ကိုပင် အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် ရိုက်ခွဲပစ်လိုက်သည်။

သူက ဖန်သားပြင်ကို အဆိပ်ပြင်းလှသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

ဤလူကတော့ အစ်ကိုတုဟောင်ပင်။

ဤတစ်ခေါက် လက်ဆောင်ပေးလိုက်ချိန်ဝယ် အစ်ကိုတုဟောင်မှာ အလွန်မာန်တက်သွားခဲ့သည်။

သူသည် တက္ကစီဒရိုင်ဘာအစ်ကိုကြီးကိုပင် စိတ်လိုက်မာန်ပါ စိန်ခေါ်ခဲ့မိသည်။

သို့သော် တိုက်ရိုက်ထုတ်လွှင့်မှုထဲရှိ အင်တာနက်အသုံးပြုသူများ၏ တုံ့ပြန်မှုများနှင့် တက္ကစီဒရိုင်ဘာအစ်ကိုကြီး၏ အဆင့်ကို မြင်ပြီးနောက်မှာမူ ပြဿနာကို မီးထွန်းရှာမိပြီဖြစ်ကြောင်း သဘောပေါက်သွားသည်။

All Chapters