← Chapters

မျက်နှာဖုံးအောက်မှ အလှတရား

Vol. 30 Ch. 440

မျက်နှာဖုံးအောက်မှ အလှတရား

Vol. 30 Ch. 440

ဧကရာဇ်မင်းမြတ်သည် ပွဲတော်တွင် ကြာရှည်စွာ မစံမြန်းခဲ့ပေ။

ပထမဆုံးသော ဝိုင်ခွက်များကို ငှဲ့လောင်းပြီးနောက် ဂီတပညာရှင်များက တူရိယာများကို စတင်တီးခတ်ချိန်မှာပင် ဝါရင့်မိန်းမစိုးကြီးတစ်ဦး ရှေ့သို့ တက်လာခဲ့ကာ အတွေ့အကြုံရှိပြီး တည်ကြည်သော လေသံဖြင့် အရှင်မင်းကြီး၏ ဒဏ်ရာဟောင်းများ ပြန်လည်နာကျင်လာသဖြင့် အနားယူရန် ကြွမြန်းတော့မည် ဖြစ်ကြောင်း ကြေညာလိုက်သည်။

မည်သူမျှ ထိုအကြောင်းပြချက်ကို သံသယမဝင်ကြပေ။

အမှန်စင်စစ် ဧကရာဇ်သည် ယခုအချိန်အထိ မည်သည့်ပြဿနာမျှမရှိဘဲ ခန်းမထဲတွင် ရှိနေနိုင်ခြင်းကပင် ပို၍ အံ့သြစရာကောင်းနေသည်။

နဂါးပလ္လင်တော် လစ်ဟာသွားသည်နှင့် တစ်ပြိုင်နက် ခန်းမအတွင်းရှိ အငွေ့အသက်မှာ သိသိသာသာ ပြောင်းလဲသွားသည်။

တင်းမာမှုများ လျော့ကျသွားချေ၏

ပျော်ပွဲရွှင်ပွဲက အစစ်အမှန် စတင်လေတော့သည်။

ဝိုင်များက ရေလိုစီးဆင်းနေချေ၏

နတ်သစ်သီးများကို ကျောက်စိမ်းလင်ဗန်းများဖြင့် တည်ခင်းထားသည်။

ဂီတသံစဉ်များသည် လှိုင်းတံပိုးလေးများပမာ ငြိမ့်ညောင်းစွာ ထွက်ပေါ်လာပြီး ပုလွေသံနှင့် စောင်းသံတို့ ယှက်နွှယ်နေမှုမှာ ကျင့်ကြံသူများကို အနှောင့်အယှက်မဖြစ်စေဘဲ စိတ်ကို ကြည်လင်လန်းဆန်းစေသည်။

ခန်းမအတွင်း ရယ်မောသံများ ပျံ့လွင့်လာ၏

စကားပြောသံများကလည်း ပို၍ ရဲတင်းလာကြသည်။

နောက်တစ်ကြိမ်တွင်မူ ပိုင်ကျီဟန်သည် တစ်ဖန် အာရုံစိုက်မှု၏ ဗဟိုချက်ဖြစ်လာပြန်သည်။

၎င်းမှာ အတော်ပင် ရယ်စရာကောင်းလှသည်။

သူသည် ခန်းမအလယ်နားရှိ စားပွဲပုလေးတစ်လုံးတွင် သက်သောင့်သက်သာ ထိုင်နေပြီး ဘေးတွင် ချူကျီယန် ရှိနေဆဲပင်။

သို့သော်လည်း သူ့ပတ်ဝန်းကျင်တွင်

မိန်းကလေးများ စုဝေးလာကြသည်။

သူတို့သည် ဝိုင်ခွက်များကိုယ်စီ ကိုင်ဆောင်ကာ တစ်ယောက်ပြီးတစ်ယောက် ချဉ်းကပ်လာကြသည်။

အချို့က ရဲတင်းကြ၏

အချို့က ရှက်သွေးဖြာနေကြသည်။

အချို့ကမူ တိုက်ဆိုင်သလိုမျိုး ဟန်ဆောင်ကြသည်။

"စီနီယာအစ်ကိုပိုင်... ကျွန်မ ဝိုင်တစ်ခွက်နဲ့ ဂါရဝပြုပါရစေ"

"ကြားဖူးတာတော့ စီနီယာက စစ်မြေပြင်တစ်ဝက်ကို တစ်ယောက်တည်း ဖြတ်ကျော်ခဲ့တာဆို.. ဒီဂျူနီယာ တကယ်ကို အားကျမိပါတယ်"

"ဒဏ်ရာရထားတာတောင် စီနီယာရဲ့ အရှိန်အဝါက ထူးခြားနေဆဲပဲနော်..."

ပိုင်ကျီဟန်သည် ယဉ်ကျေးစွာ ခေါင်းညိတ်ပြရုံမျှသာ တုံ့ပြန်ပြီး စကားကို အနည်းဆုံးသာ ပြောသည်။ ရိုင်းစိုင်းခြင်းမရှိသော်လည်း အားပေးအားမြှောက်ပြုခြင်းလည်း မရှိပေ။

နဝမမြောက်မင်းသမီးကို လူသိရှင်ကြား ငြင်းပယ်ခဲ့ပြီးနောက်

ချူကျီယန်အပေါ် အထင်အရှား မြတ်နိုးမှုပြခဲ့ပြီးနောက်

သူသည် လူစွမ်းမရှိသူ ဖြစ်သွားပြီဟု တစ်နိုင်ငံလုံး သိထားပြီးနောက်တွင်ပင်

မိန်းကလေးအများအပြားက သူ့နောက်သို့ လိုက်နေကြဆဲပင်။

အမှန်တရားမှာ အားလုံးအတွက် ရှင်းလင်းနေသည်။

၎င်းမှာ ချစ်ခြင်းမေတ္တာကြောင့် မဟုတ်ပေ

ပိုင်ကျီဟန်ကြောင့်ပင် မဟုတ်ချေ။

၎င်းမှာ ပိုင်မျိုးနွယ်စုကြောင့်သာ ဖြစ်သည်။

မျိုးနွယ်စုသည် အရှိန်အဝါ ကြီးထွားလာ၏

ပိုင်ကျီဟန်အပေါ် မည်မျှပင် အပျက်သဘောဆောင်သည့် သတင်းများရှိပါစေ၊ ပိုင်မျိုးနွယ်စုနှင့် ခိုင်မာသော ဆက်ဆံရေး တည်ဆောက်နိုင်လျှင် အားလုံးက အဆင်ပြေသည်ဟု ယူဆထားကြသည်။

ထို့ကြောင့် သူတို့သည် ထပ်ခါတလဲလဲ ရောက်လာကြသည်။

၎င်းက ချူကျီယန်၏ စိတ်မကျေနပ်မှုကို ပိုမိုကြီးထွားစေသည်။

သို့သော် သူမ၏ စိတ်ကို ပြန်လည်ကောင်းမွန်စေသည့်အရာမှာ ပိုင်ကျီဟန်သည် ယခုအချိန်တွင် သူမအပေါ် ထူးထူးခြားခြား ကြင်နာယုယပြနေခြင်းပင်။

"ကျီယန်... ဒီစပျစ်သီးလေးတွေ စားကြည့်ဦး”

ပိုင်ကျီဟန်က ပြောပြောဆိုဆိုနှင့် သူမကို ကိုယ်တိုင် ခွံကျွေးလိုက်သည်။

ပိုင်ကျီဟန် ဘာကြောင့် ဤသို့ ပြုမူနေရသည်ကို ချူကျီယန် အမှန်တကယ် နားမလည်ပေ။

ယခုဆိုလျှင် ဧကရာဇ်လည်း မရှိတော့သဖြင့် သူသည် ဟန်ဆောင်နေရန် မလိုတော့ပေ။

ပုံမှန်ဆိုလျှင် ပိုင်ကျီဟန်သည် ဤသို့ ပြုမူမည့်သူ မဟုတ်သော်လည်း မည်သို့ပင်ဖြစ်စေ သူမကတော့ ဤအခြေအနေကို ပျော်ပျော်ကြီး ခံစားရန် ဆုံးဖြတ်လိုက်သည်။

ပိုင်ကျီဟန်ကတော့ ချူကျီယန်အပေါ် မြတ်နိုးမှုကို ဆက်လက်ပြသနေဆဲပင်။ အဘယ်ကြောင့်ဆိုသော် ခန်းမ၏ တစ်ဖက်တွင်

ယုဖေးယန် ကြည့်နေ၏

မဟုတ်ပေ

ချင်လင်းရှောင်က စောင့်ကြည့်နေသောကြောင့် ဖြစ်သည်။

သူမသည်လည်း သူမကို ထောက်ခံသူများနှင့် သူမ၏ အဖွဲ့အစည်းထဲသို့ ဝင်လိုသူများ ဝန်းရံခြင်းကို ခံနေရသည်။

ပိုင်ကျီဟန်ကို မြှူဆွယ်ရန် ကြိုးစားခဲ့မှုကြောင့် လူငယ်အများအပြား၏ စိတ်ဝင်စားမှုကို ရရှိခဲ့ပြီး သူမကို လက်ထပ်ရန် ကမ်းလှမ်းသူများပင် ရှိနေသည်။

သူမသည် ပိုင်ကျီဟန်ကို မြှူဆွယ်ရန် ကျရှုံးခဲ့သော်လည်း အခြားသော လူငယ်အများအပြားကိုမူ အောင်မြင်စွာ ဖမ်းစားနိုင်ခဲ့သည်။

ပိုင်ကျီဟန်အဖို့ ချင်လင်းရှောင်သည် အမှန်တကယ် မည်သူဖြစ်ကြောင်း သို့မဟုတ် သူမ ဘာကို အလိုရှိနေကြောင်း ယခုတိုင် နားမလည်သေးပေ။

သို့သော် သူမ အလိုရှိသည့်အရာမှာ

သေချာပေါက် ကောင်းသော အရာမဟုတ်သည်ကိုတော့ သူ သိထားသည်။

ဂီတသံစဉ်များ ကျယ်လောင်လာသည်။

ကချေသည်အဖွဲ့တစ်ဖွဲ့သည် ခန်းမအလယ်ရှိ လွတ်လပ်သော နေရာသို့ ဝင်ရောက်လာကြပြီး သူတို့၏ ဝတ်ရုံစများမှာ လွင့်မျောနေသော တိမ်တိုက်များကဲ့သို့ပင်၊ သူတို့၏ ဂါဝန်များမှာ ကျောက်စိမ်းကြမ်းပြင်ပေါ်တွင် လှပသော အကကွင်းများကို ရေးဆွဲနေသည်။

သူတို့သည် ငယ်ရွယ်ပြီး လှပကြသည်။

ကျင့်ကြံသူများကြားတွင် တိုးတိုးတိတ်တိတ် ချီးကျူးသံများ ထွက်ပေါ်လာသည်။

"မဆိုးဘူးဟေ့”

"ပိုင်ရွှယ်ချင်း ဒါမှမဟုတ် နဝမမြောက်မင်းသမီးရဲ့ အဆင့်အတန်းမျိုး မရှိပေမဲ့ သူတို့ကတော့ ထိပ်တန်း အလှနတ်သမီးလေးတွေပဲ"

“ အမ်… အနည်းဆုံးတော့ သူတို့က အခမ်းအနားနဲ့ထိုက်တန်ပါတယ်”

ကချေသည်များသည် တစ်ယောက်နှင့်တစ်ယောက် အပေးအယူမျှမျှဖြင့် ကပြနေကြကာ သူတို့၏ ခြေလှမ်းများမှာ ပေါ့ပါးပြီး အမူအရာများမှာ နူးညံ့နေ၏ မျက်လုံးများမှာ ရှည်လျားသော မျက်တောင်များအောက်တွင် တောက်ပနေသည်။

သူတို့၏ အလှမှာ အလွန်အမင်း ထင်ရှားခြင်းမရှိသော်လည်း လူအများကို သတိလက်လွတ်ဖြစ်သွားစေလောက်အောင် ဆွဲဆောင်မှု ရှိသည်။

ဂီတသံစဉ်များ မြန်လာသည်နှင့်အမျှ ကချေသည်များသည် လူစုခွဲလိုက်ကြသည်။

သူတို့သည် ဧည့်သည်များအနီးသို့ တစ်ယောက်ပြီးတစ်ယောက် ချဉ်းကပ်သွားကြသည်။

ရယ်သံများလွင့်မျောလာပြီး သူတို့လက်များကို ဆန့်တန်းလာ၏

"သခင်လေး... ဒီအငယ်နဲ့အတူ ကခုန်ပေးခြင်းဖြင့် ဂုဏ်ပြုပေးဦးမလားရှင်?"

"ဟားဟား... ဒီလို အလှမျိုးကို ငါ ဘယ်လို ငြင်းရက်ပါ့မလဲ?"

လူငယ်အများအပြားမှာ ဝမ်းမြောက်ဝမ်းသာပင် ထရပ်လိုက်ကြသည်။

အငွေ့အသက်မှာ ပို၍ပင် ပေါ့ပါးသွားလေသည်။

ထိုစဉ်

ကချေသည်များထဲမှ တစ်ဦးသည် လှည့်ကြည့်လိုက်သည်။

သူမ၏ အကြည့်မှာ ခန်းမတစ်ခုလုံးကို ဝေ့ကြည့်လိုက်၏

သူမသည် ပိုင်ကျီဟန်ထံတွင် ရပ်တန့်သွားသည်။

သူမသည် သူတို့ထဲတွင် အလှဆုံး ဖြစ်သည်။

မျက်နှာတင်မကဘဲ သူမ၏ ရှိနေမှုကပင် ထူးခြားနေသည်။

သူမမျက်ဝန်းအစုံသည် တောက်ပနေပြီး နှုတ်ခမ်းသည်လည်း သိမ်မွေ့ကာ ပြုံးယောင်သန်းနေ၏ သူမ ကိုယ်ဟန်သည်လည်းဆွဲဆောင်လွန်းခြင်းမရှိဘဲ ကျော့ရှင်းနေ၏

သူမသည် ပိုင်ကျီဟန်ဆီသို့ လျှောက်လာသည်။

ချူကျီယန်က ချက်ချင်း သတိထားမိလိုက်၏

သူမ၏ လက်ချောင်းများမှာ ဝိုင်ခွက်ပေါ်တွင် တင်းကျပ်သွားသည်

ကချေသည်မလေးသည် ပိုင်ကျီဟန်၏ ရှေ့တွင် ရပ်ကာ အရိုအသေပေးလိုက်ပြီး ချိုသာသောအသံဖြင့် ဆိုသည်။

"သခင်လေးပိုင်... ကောင်းကင်အင်ပါယာရဲ့ သူရဲကောင်းကြီးရှင်..." သူမက ပြုံးလိုက်ကာ "ဒီအငယ်အနှောင်းနဲ့အတူ ကခုန်ဖို့ စိတ်ဝင်စားပါသလားရှင်?"

သူမ အပြုံးက နက်နဲသွားချေသည်။

“ ကျွန်မနဲ့အတူ တွဲကမလား သခင်လေး”

ချူကျီယန်၏ အမူအရာ မဲမှောင်သွားသည်။

ပိုင်ကျီဟန်က ကချေသည်မလေးကို ကြည့်လိုက်သည်။

ခဏတာမျှ သူသည် တည်ငြိမ်ပြီး အေးစက်နေဆဲပင်။

သို့သော် အတွင်းစိတ်ထဲတွင်မူ တစ်ခုခုတော့ ဖြစ်တော့မည်ဟု သူ၏ ဗီဇက သတိပေးနေသည်။

သူ ဘေးသို့ ငဲ့ကြည့်လိုက်သည်။

ချူကျီယန်က ကချေသည်မလေးကို ရန်လိုသော အကြည့်ဖြင့် စိုက်ကြည့်နေပြီး လက်ထဲမှ ကျောက်စိမ်းခွက်သည် တင်းကျပ်လွန်း၍ မြည်သံပင် ထွက်နေသည်။

ပိုင်ကျီဟန်သည် အခြေအနေကို အမြန်သုံးသပ်လိုက်သည်။

တစ်စုံတစ်ယောက်က တစ်ခုခု ကြံစည်နေသည်ဆိုပါက ယခု ငြင်းပယ်လိုက်ခြင်းသည် အချိန်ဆွဲရုံသာ ရှိလိမ့်မည်။

ထို့အပြင် သူသည် တော်ဝင်မိသားစု၏ အတွေးအမြင်ကို သိချင်သောကြောင့် ဤပွဲသို့ လာခဲ့ခြင်း ဖြစ်သည်

ချင်းလင်းရှောင်ဟူသော တည်ရှိမှုက သူ၏တွက်ချက်မှုများထဲတွင် မပါဝင်ခဲ့သော တစ်ခုပင် ဖြစ်ချေတော့သည်။

မည်သို့ပင်ဆိုစေကာမူ... ပိုင်ကျီဟန်အနေဖြင့် ဧကရာဇ်နန်းတော်၏ ဆုံးဖြတ်ချက်ကို သဲသဲကွဲကွဲ သိရှိရန် လိုအပ်နေသေး၏။

လက်ရှိ ဧကရာဇ်၏ လုပ်ဆောင်ချက်များကို ကြည့်ရသရွေ့ သူတို့သည် ပိုင်မျိုးနွယ်စုနှင့် မဟာမိတ်ဖွဲ့လိုပုံရသည်။

သို့သော်

မည်သူက အတတ်ပြောနိုင်မည်နည်း။

မိမိတို့ထက် ပိုမိုအင်အားကြီးမားပြီး ဩဇာတိက္ကမကြီးမားသည့် မျိုးနွယ်စုတစ်ခုကို ဧကရာဇ်အိမ်တော်က တကယ်ပဲ လက်ပိုက်ကြည့်နေမည်တဲ့လား။

သူသည် မသိမသာမျှသာရှိသော သက်ပြင်းနုလေးတစ်ခုကို ခိုးထုတ်လိုက်မိသည်။

ထို့နောက်တွင်တော့ သူ၏နှုတ်ခမ်းဖျား၌ နက်နဲသော အပြုံးတစ်ခုက အေးစက်စွာ ပေါ်လွင်လာတော့သည်။

"ကောင်းပြီလေ" ပိုင်ကျီဟန်က ဝိုင်ခွက်ကို ချလိုက်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။ "ဒီနေ့က ပျော်ပွဲရွှင်ပွဲနေ့ပဲ။ မင်းလို အလှလေးတစ်ယောက်ကို ငြင်းရတာ မသင့်တော်ဘူးထင်တယ်"

ချူကျီယန်၏ မျက်လုံးများ ဝိုင်းစက်သွားသည်။

"ရှင်—"

သူမ တားဆီးရန် မမီလိုက်ခင်မှာပင် ပိုင်ကျီဟန်မှာ မတ်တပ်ရပ်ပြီးသား ဖြစ်နေသည်။

သူမ၏ စိတ်မကျေနပ်မှုသည် ချက်ချင်းပင် ပေါက်ကွဲထွက်လုနီးပါး ဖြစ်သွားသည်။

ပိုင်ကျီဟန်က သူမကို မကြည့်ဘဲ မုန့်ချိုလေးတစ်ခုကို သူမ၏ လက်ဖဝါးထဲသို့ ထည့်ပေးလိုက်သည်။

"စားထားနှင့်" သူက တိုးတိုးလေး ပြောလိုက်သည်။ "ငါ အခုပဲ ပြန်လာခဲ့မယ်"

သူက လှည့်ထွက်သွားခဲ့ချေပြီ။ ခန်းမ၏ တစ်ဖက်တွင်တော့ ချင်လင်းရှောင်၏ အကြည့်များက စူးရှသွားသည်။

သူမသည် ဤမြင်ကွင်းကို စိတ်ဝင်တစား စောင့်ကြည့်နေသည်။

ပိုင်ကျီဟန်က ကချေသည်မလေး၏ လက်ကို ဆုပ်ကိုင်လိုက်သောအခါ သူမ၏ အပြုံးမှာ ပိုမိုတောက်ပသွားသည်။

ဂီတသံစဉ်များက ပိုမိုပေါ့ပါးသွက်လက်ပြီး မြူးထူးသော ဟန်ပန်သို့ ကူးပြောင်းသွားသည်နှင့်အမျှ သူတို့သည် လူသူရှင်းလင်းရာ ကွင်းပြင်ကျယ်ဆီသို့ လှမ်းဝင်လိုက်ကြတော့သည်။

လူအုပ်ကြီးက စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။

"သခင်လေးပိုင်က ပါဝင်ကခုန်နေတာလား?"

"ကြည့်ရတာ ပိုင်ကျီဟန်တောင် အလှတရားရှေ့မှာ မခံနိုင်ဘူး ထင်တယ်"

"မိန်းကလေးချူကိုပဲ ချစ်ပါတယ်ဆိုတဲ့ စကားတွေက ဘယ်ရောက်ကုန်ပြီလဲ”

ပိုင်ကျီဟန်သည် ပေါ့ပါးသွက်လက်စွာ လှုပ်ရှားနေသည်။ သူသည် ဦးဆောင်ရန်လည်း မကြိုးစားသလို၊ နောက်ကနေ အလိုက်သင့် လိုက်နေခြင်းမျိုးလည်း မဟုတ်ပေ။

အပေါ်ယံကြည့်လျှင် အရာအားလုံးက ပုံမှန်အတိုင်းပင်။

ကချေသည်မလေး၏ လှုပ်ရှားမှုများမှာ ချောမွေ့နေပြီး သူမ၏ အသက်ရှူသံမှာလည်း တည်ငြိမ်နေသည်။

သူမ၏ ချီစွမ်းအင်သည် လုံးဝမရှိသလောက်ပင် အားနည်းလွန်းလှသည်။ ၎င်းမှာ သာမန်လူသားတစ်ဦးတွင်သာ ရှိသည့် စွမ်းအင်မျိုး ဖြစ်သည်။

အပြင်ပန်းကြည့်လျှင် သူမသည် ပွဲတော်ကို ဖျော်ဖြေရန် ခေါ်ဆောင်လာသည့် ပါရမီရှိသော သာမန်မိန်းကလေးတစ်ဦးမျှသာ ဖြစ်သည်။

ထိုအချက်ကပင်

ပိုင်ကျီဟန်ကို ပို၍ သတိရှိစေသည်။

ဂီတသံစဉ်များ၏ စီးမျောရာနောက်သို့ လိုက်ပါရင်း သူတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး ဝတ်စုံလက်ဖျားချင်း ထိကပ်ပွတ်သပ်လျက် နူးညံ့ညင်သာစွာ ဝိုင်းပတ် ကခုန်နေကြသည်။

ထိုစဉ် ကချေသည်မလေးက သူ့ကို မော့ကြည့်လိုက်ရာ သူမ၏ သိမ်မွေ့လှပသော မျက်နှာထက်တွင် စူးစမ်းလိုစိတ် အရိပ်အယောင်တို့က ဖျတ်ခနဲ ဖြတ်ပြေးသွားတော့၏။

"သခင်လေးပိုင်... သူတို့ပြောနေကြတာတွေက အမှန်ပဲလားဟင်?"

"အို... ဘယ်အပိုင်းကို ပြောတာလဲ?" ပိုင်ကျီဟန်က ပေါ့ပေါ့ပါးပါး ပြန်မေးသည်။

"သခင်လေးက သာမန်အစေခံမလေး တစ်ယောက်အတွက်နဲ့ ကိုယ့်အသက်ကိုတောင် စတေးခဲ့တယ်ဆိုတာလေ..." သူမက အသံကို နှိမ့်ကာ ပြောလိုက်သည်။

ပတ်ဝန်းကျင်မှ လူအချို့ကလည်း နားစွင့်နေကြသည်။

ပိုင်ကျီဟန်က မတွန့်ဆုတ်ပေ

"သူမက အဲဒီလောက်အထိ တန်ဖိုးရှိလို့ပါ" ဟု ပြောချလိုက်သည်။

စကားများထွက်လာ၏

ကချေသည်မလေး၏ လှုပ်ရှားမှုမှာ ခဏတာမျှ ရပ်တန့်သွားသည်။

ထို့နောက် သူမ၏ အပြုံးက နူးညံ့သွားပြီး မျက်လုံးထဲတွင် နွေးထွေးမှုအချို့ ပေါ်လာသည်။

"သခင်လေးမှာ တကယ်ကို ကြင်နာတဲ့ မျက်ဝန်းတွေ ရှိတာပဲ။ သခင်လေးလို လူမျိုးအတွက်ဆိုရင်... ကျွန်မတို့လို သာမန်လူတွေတောင် တန်ဖိုးရှိနေမှာပဲနော်"

ပိုင်ကျီဟန်က ပြုံးရုံသာ ပြုံးပြလိုက်၏

မည်သို့မျှ ပြန်မပြောပေ။

အကယ်၍ သူသာ အမှန်အတိုင်း ပြောမည်ဆိုပါက အဖြေမှာ မဟုတ်ဘူးဟုသာ ဖြစ်လိမ့်မည်။

သူမအနေဖြင့် မေးခွန်းကို ပြောင်းလဲ၍... ကျင့်ကြံသူတို့၏ အသက်ဝိညာဉ်သည် အမှန်တကယ်ပင် အဖိုးတန်သလောဟု မေးမြန်းခဲ့သည်ရှိသော်လည်း အဖြေကမူ ပြောင်းလဲမည်မဟုတ်ပေ

သူတို့သည် တစ်ဖန် ပြန်လည်ကခုန်ကြသည်။

ပိုင်ကျီဟန်က တိုက်ပွဲကို ဦးဆောင်သလိုမျိုး အကကို ဦးဆောင်လိုက်ချေ၏

သူက စကားစလိုက်သည်။

"မင်း အကတော်သားပဲ။ ဘယ်မှာ သင်ခဲ့တာလဲ?"

ကချေသည်မလေးမှာ ဝမ်းသာသွားဟန်ဖြင့်

"တောင်ပိုင်းပြည်နယ်တွေမှာပါရှင်။ ကျွန်မကို စိမ်းလန်းသော မြစ်နားက မြို့လေးတစ်မြို့မှာ မွေးခဲ့တာပါ။ ကျွန်မ မိဘတွေက ဖျော်ဖြေရေးသမားတွေမို့လို့ ငယ်ငယ်ကတည်းက သင်ခဲ့ရတာပါ"

သူမ၏ အဖြေမှာ သဘာဝကျလှသည်။ ပိုင်ကျီဟန်က သဘောကျသလို ခေါင်းညိတ်ပြ

လိုက်သည်။

"တောင်ပိုင်းပြည်နယ်တွေလား? အတော်ဝေးတာပဲ။ မင်း ခရီးတွေ အတော်သွားခဲ့ရမှာပဲနော်"

"ဟုတ်ကဲ့... မိဘတွေ ဆုံးပါးသွားပြီးနောက်မှာ အဖွဲ့တစ်ခုနဲ့ ပူးပေါင်းပြီး ဟိုဒီ လှည့်လည်ခဲ့ရပါတယ်။ မြို့တော်ကို ရောက်လာပြီး အခြေချဖြစ်တဲ့အထိပါပဲ"

သူမက အကြည့်ကို နှိမ့်ကာ ပြောပြသည်။

ပိုင်ကျီဟန်၏ အပြုံးမှာ ပိုမိုကျယ်ပြန့်လာသည်။

အပြင်ပန်းကြည့်လျှင် စိတ်ဝင်စားစရာပင်

စူးစမ်းနေတာပင်

အလှတရားနှင့် သနားစဖွယ် ဘဝဇာတ်ကြောင်းအပေါ် စိတ်ဝင်တစား ရှိနေသည့် သခင်လေးတစ်ဦးနှင့် တူလှသည်။

သို့သော် အတွင်းစိတ်ထဲတွင်မူ

(လိမ်နေတာပဲ။)

သူမ ပြောပြသည်က ဇာတ်ကြောင်း မဟုတ်ပေ

အသေးစိတ် အချက်အလက်များ ဖြစ်သည်။

တောင်ပိုင်းပြည်နယ်သည် မြို့တော်နှင့် အလွန်ဝေးကွာလှရာ မြင်းစီးလာလျှင်ပင် ဆယ်နှစ်အတွင်း ရောက်ရန် မလွယ်ကူပေ။

ပျံသန်းနိုင်သည့် သင်္ဘောများ ရှိသော်လည်း သူမကဲ့သို့ မိန်းကလေးမျိုး မတတ်နိုင်ပေ။

အကယ်၍ သူမသည် နှစ်ပေါင်းများစွာ ခရီးနှင်လာခဲ့လို့ရ၏

ထိုသို့ဆိုလျှင်လည်း သူမ၏ ပြစ်မျိုးမှဲ့မထင်သော အသားအရေမှာ ပြဿနာရှိနေသည်။

ခရီးသွားနေရသူတစ်ဦး၏ အသားအရေမှာ ဤမျှ ချောမွေ့နေရန် မဖြစ်နိုင်ပေ။

၎င်းအပြင် သူမ၏ အသားအရောင်မှာ တောင်ပိုင်းသားများ၏ အသားအရောင်နှင့် ကွာခြားနေသည်။

သို့သော် ပိုင်ကျီဟန်က သူမကို ချက်ချင်း ဖော်မထုတ်ပေ။ ခပ်တိုးတိုး ရယ်မောလိုက်ကာ "ကြည့်ရတာ မင်းက အတော်လေး ကံကောင်းပုံရတာပဲ"

All Chapters