← Chapters

အမှောင်ထုထဲမှ မဟာမိတ်များ

Vol. 30 Ch. 443

အမှောင်ထုထဲမှ မဟာမိတ်များ

Vol. 30 Ch. 443

ကျောက်သားအထပ်ထပ်နှင့် အခင်းအကျင်းများစွာ၏ အောက်ဘက် အလွန်နက်ရှိုင်းသော နေရာတွင် ပြင်ပလောကနှင့် အဆက်အသွယ်ဖြတ်တောက်ထားသည့် လျှို့ဝှက်အခန်းတစ်ခန်း ရှိနေသည်။

ထိုနေရာ၌ လူတစ်စု စုဝေးရောက်ရှိနေကြ၏။

ကျောက်စားပွဲ၏ ထိပ်ဆုံးတွင် လီကျန်းဟုန် နှင့် ကျောက်ဝူထျန်းတို့ ထိုင်နေကြပြီး ၎င်းတို့၏ မျက်နှာများသည် တည်ငြိမ်လွန်းသော်လည်း မျက်ဝန်းတို့မှာမူ ထက်မြက်လှသော ဓားသွားများကဲ့သို့ တွက်ချက်မှုများဖြင့် ပြည့်နှက်နေသည်။

ကျန်ရှိသော နေရာများတွင်မူ အခြားသော မျိုးနွယ်စုခေါင်းဆောင်များ၊ ဂိုဏ်းအကြီးအကဲများနှင့် နေ့အလင်းရောင်အောက်တွင် လူလုံးပြခဲလှသည့် အရိပ်အယောင် ပုဂ္ဂိုလ်များက နေရာယူထားကြသည်။

ထိုစဉ်

ဘုန်း

ကျောက်စားပွဲကြီးမှာ အက်ကွဲသွားတော့သည်။

ရှန်မျိုးနွယ်စု ခေါင်းဆောင်က ဒေါသတကြီးဖြင့် စားပွဲကို ရိုက်ချလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားဖိအားများက အပြင်သို့ လှိုင်းလုံးကြီးများသဖွယ် တိုးထွက်လာသည်။

"ကျရှုံးသွားတာလား”

သူက ဟိန်းဟောက်လိုက်၏။

"လုပ်ကြံမှု ကျရှုံးသွားတယ်လို့ မင်းတို့က ပြောနေတာလား”

လူအချို့က မျက်မှောင်ကြုတ်လိုက်ကြသော်လည်း မည်သူမျှ စကားပြန်မဆိုဘဲ တိတ်ဆိတ်နေကြသည်။

သူ၏ အကြည့်တို့သည် စားပွဲပေါ်ရှိ လူများဆီသို့ ဓားတစ်စင်းကဲ့သို့ ဝေ့ဝဲသွား၏

"ငါ မင်းကို သတိပေးပြီးသားနော် ကျောက်ဝူထျန်း” သူက အံကြိတ်၍ ဟောက်လိုက်သည်။ "မင်းတို့ရဲ့ မဟာမိတ်ထဲမှာ ငါပါဝင်ဖို့ဆိုရင် မင်းတို့ ပိုင်ကျီဟန်ကို သတ်ပြရမယ်လို့ ပြောခဲ့တယ်လေ"

လေထုသည် အသက်ရှူရကျပ်မတတ် တင်းမာသွားတော့သည်။

"ညီအစ်ကို ရှန်..." ကျောက်ဝူထျန်းက လက်တစ်ဖက်ကို အသာအယာ မြှောက်လိုက်ရင်း တည်ငြိမ်စွာ ဆိုသည်။ "စိတ်လိုက်မာန်ပါ ဖြစ်နေဖို့ မလိုပါဘူး"

ရှန်ဟောင်၏ အကြည့်စူးစူးက သူ့ထံသို့ ရောက်သွားသည်။

"တည်ငြိမ်ရမယ် ဟုတ်လား?" သူက မထီမဲ့မြင် ပြုလိုက်သည်။ "ငါ့ရဲ့ သားကတော့..."

"-သူ့အတွက် ကလဲ့စားချေပေးနိုင်မှာပါ" ကျောက်ဝူထျန်းက စကားဖြတ်ပြောလိုက်သည်။

သူ၏ အသံမှာ မကျယ်လောင်ပေ

သို့သော်လည်း အာဏာစက် အပြည့်ပါဝင်နေ၏။

မိမိ အနည်းငယ် ကျော်လွန်သွားသည်ကို သတိပြုမိလိုက်သဖြင့် ရှန်ဟောင်သည် စိတ်ကို အတင်းအကျပ် ပြန်လည်ထိန်းချုပ်လိုက်သည်။

မည်သို့ပင်ဖြစ်စေ သူ့ရှေ့မှာ ရှိနေသူသည် ကျောက်မျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်ပြီး ရှန်မျိုးနွယ်စုထက် အဆပေါင်းများစွာ အင်အားကြီးမားသူ မဟုတ်ပါလော

သူတို့ထံမှ အကူအညီကို အောက်ကျို့တောင်းခံရန် မလိုသည့်တိုင် လက်ရှိအခြေအနေတွင် ပိုင်မျိုးနွယ်စုကို ရင်ဆိုင်ရန်အတွက် ကျောက်မျိုးနွယ်စုသည် မဟာမိတ် အင်အားစုများနိုင်သမျှ များအောင် စုဆောင်းနေရသည့် အချိန်လည်း ဖြစ်သည်။

"ဆိုလိုတာက ဘာလဲ?" ရှန်ဟောင်က လေသံကို ပြန်ထိန်းပြီး မေးလိုက်သည်။

"ကျွန်တော်တို့အားလုံး အတည်ပြုပြီးပါပြီ" ကျောက်ဝူထျန်းက မျက်လုံးကို အနည်းငယ် မှေးလိုက်ရင်း ဆက်ပြောသည်။

"ပိုင်ကျီဟန်ရဲ့ သွေးကြောတွေ အားလုံး ပျက်စီးသွားပြီ။ သူ့ရဲ့ ကျင့်စဉ်စွမ်းအားတွေလည်း... လုံးဝ မရှိတော့ဘူး"

ဘေးနားရှိ လီကျန်းဟုန်ကလည်း ခေါင်းကို ဖြည်းညှင်းစွာ ညိတ်လိုက်၏

"သူက လူစဉ်မမီတဲ့ ဒုက္ခိတတစ်ယောက် ဖြစ်သွားပြီ" လီကျန်းဟုန်က ဆိုသည်။

"ဒါကတော့ သံသယဖြစ်စရာ မလိုတော့တဲ့ အမှန်တရားပဲ"

ကျောက်ဝူထျန်းသည် ထိုင်ခုံနောက်သို့ မှီလိုက်ပြီး ကျောက်စားပွဲကို လက်ချောင်းများဖြင့် စည်းချက်ကျကျ တောက်လိုက်သည်။

"ပြောစမ်းပါဦး ညီအစ်ကို ရှန်..." သူက အပြုံးဖျော့ဖျော့လေးဖြင့် ဆက်ပြော၏။ "ရှန်လျန် ကိုယ်တိုင် သူ့လက်နဲ့ ကလဲ့စားချေခွင့်ရတာက ပိုပြီး... ကျေနပ်စရာ မကောင်းပေဘူးလား?"

ရှန်ဟောင် ခဏမျှ ဆွံ့အသွားသည်။

ကျောက်ဝူထျန်းက ဆက်လက်ပြောလေ၏

"အမှောင်ထဲမှာ တစ်ချက်တည်းနဲ့ သေသွားစေတာထက်” သူကဆက်ပြောလေ၏ ။ "မျှော်လင့်ချက်မဲ့မှုနဲ့ အရှက်ရမှုတွေကို ခံစားစေရမယ်။ တစ်ချိန်က သူပိုင်ဆိုင်ခဲ့သမျှ အရာအားလုံး ဆုံးရှုံးသွားပြီဆိုတာကို တဖြည်းဖြည်းချင်း သိလာစေရမယ်"

သူက ခေတ္တမျှ ရပ်လိုက်၏

"မင်းသားရဲ့ လက်တစ်ဖက်ကို ဖြတ်ခဲ့တဲ့ အဲဒီပါရမီရှင်ကို..." ကျောက်ဝူထျန်းက တိုးညှင်းစွာ ထပ်ပြောသည်

"... ကိုယ်ပိုင်လက်နဲ့ စိတ်ကြိုက် ညှဉ်းပန်းနှိပ်စက်ခိုင်းလိုက်ပေါ့"

ရှန်ဟောင်၏ အသက်ရှူသံများ နှေးကွေးသွားသည်။

သူ့မျက်ဝန်းထဲမှ ဒေါသများသည် ပျောက်ကွယ်မသွားသော်လည်း အသွင်ပြောင်းသွားလေပြီ။

သူသည် မျက်လုံးကို မှိတ်လိုက်၏။

အသက်ကို တစ်ချက်၊

နှစ်ချက် ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက်

"မင်း ပြောတာ မှန်တယ်" နောက်ဆုံးတွင် ပြောလိုက်တော့သည်။

သူ၏ နှုတ်ခမ်းများက အေးစက်သော အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားသည်။

"ဒုက္ခိတဖြစ်သွားတဲ့ ပိုင်ကျီဟန်..." သူက တိုးတိုးလေး ရေရွတ်လိုက်သည်။ "သူက ဘာအန္တရာယ် ပေးနိုင်မှာလဲ? အဲဒီကောင်စုတ်ကို ငါ့သားက တဖြည်းဖြည်းချင်း အရှက်ခွဲပြီး ညှဉ်းပန်းနှိပ်စက်စေရမယ်”

ဘာပဲဖြစ်ဖြစ် ပိုင်မျိုးနွယ်စုသာ ပြိုလဲသွားမယ်ဆိုလျှင်

ပိုင်ကျီဟန်ဆိုသည်မှာ ဘာမှမတတ်နိုင်သော သာမန်လူသားတစ်ယောက်ထက် မပိုတော့ပေ။ ရှန်လျန် လက်တစ်ဖက် ဆုံးရှုံးထားတယ်ဆိုဦးတော့၊ သူသည် ပိုင်ကျီဟန်ထက် အဆပေါင်း ရာနဲ့ချီ၊ ထောင်နဲ့ချီပြီး အစွမ်းထက်နေဦးမည်ပင် မဟုတ်ပါလော။

ရှန်ထျန်းဟောင်သည် ကိုယ်ကိုမတ်လိုက်ပေ၏

"ကောင်းပြီလေ... ငါ စောင့်မယ်” ဟု ပြောလိုက်သည်။

သို့သော်လည်း

သူ့မျက်နှာက ပြန်လည် တင်းမာသွားပြန်သည်။

"ပြဿနာတစ်ခုတော့ ရှိသေးတယ်" သူ၏ အကြည့်တို့က ဓားသွားကဲ့သို့ ထက်ရှနေ၏။

"အဲဒါ ပိုင်မျိုးနွယ်စု “

လီကျန်းဟုန်နှင့် ကျောက်ဝူထျန်းတို့ နှစ်ဦးစလုံးက သူ့ထံသို့ ကြည့်လိုက်ကြသည်။

သူက လက်သီးကို တင်းတင်းဆုပ်လိုက်၏

"လီ၊ ကျောက် နဲ့ ဒီနေ့ ဒီမှာရောက်နေတဲ့ ငါတို့အားလုံး စုပေါင်းလိုက်ရင်တောင်မှ..." သူက ဖြည်းဖြည်းချင်း ဆိုသည် "ပိုင်မျိုးနွယ်စုကို အပြတ်အသတ် ချေမှုန်းနိုင်ဖို့ ရာနှုန်းပြည့် အခွင့်အရေးရှိတယ်လို့ ငါ မယုံကြည်ဘူး"

အခန်းတွင်း တိတ်ဆိတ်သွားတော့သည်။

ဒါက အမှန်တရားပင်။ ပိုင်မျိုးနွယ်စု၏ အင်အား မတိုးတက်ခင်ကတည်းက လီနှင့်ကျောက် မျိုးနွယ်စု နှစ်ခုပေါင်းလိုက်လျှင်ပင် ပိုင်မျိုးနွယ်စုကို အပြည့်အဝ မနှိမ်နင်းနိုင်ခဲ့ကြပေ

ယခုကဲ့သို့ မဟာမိတ်အင်အားစုများ စုစည်းလိုက်ရင်တော့ နှိမ်နင်းနိုင်လိမ့်မည်။

သို့သော် တစ်ဖက်မှာလည်း ပိုင်မျိုးနွယ်စု၏ အင်အားတိုးတက်မှုနှုန်းသည် သူတို့ထက်တောင် ပိုပြီး မြန်ဆန်နေနိုင်သည်ကို ထည့်တွက်ရပေမည်။

ကျောက်ဝူထျန်းသည် ချက်ချင်း အဖြေမပေးပေ

ယင်းအစား

ယှဉ်ပြိုင်ပွဲ အဆုံးသတ်ကို ကြိုတင်သိရှိနေသူတစ်ဦး၏ တည်ငြိမ်သော ယုံကြည်ချက်မျိုးနဲ့ ပြုံးနေခဲ့သည်။

လီကျန်းဟုန်၏ နှုတ်ခမ်းထောင့်မှာလည်း အပြုံးဖျော့ဖျော့တစ်ခု ပေါ်ပေါက်လာ၏။

"အဲဒီကိစ္စအတွက် စိတ်ပူစရာမလိုပါဘူး" ကျောက်ဝူထျန်းက ကြေညာလိုက်သည်။

ထိုစကားက ရန်သူသည် ပိုင်မျိုးနွယ်စုဖြစ်နေတာကို ထည့်တွက်ရင် တော်တော်လေးကို မောက်မာရာ ရောက်နေချေသည်။

ရှန်ထျန်းဟောင်က မျက်မှောင်ကြုတ်လိုက်၏

"ဘာလဲ...?" ဟု မေးလိုက်သည်။

"မင်းတို့မှာ တခြားနည်းလမ်း ရှိနေသေးတယ်လို့ ပြောချင်တာလား?"

ကျောက်ဝူထျန်းသည် ထိုင်ခုံမှ ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။

"မင်းပြောတာ မှန်ပါတယ် ညီအစ်ကို ရှန်..." သူက အေးဆေးစွာ ဆိုသည်။ "ငါတို့ချည်းပဲဆိုရင်တော့ ရလဒ်က မရေမရာ ဖြစ်နိုင်တာပေါ့"

သူ၏ အကြည့်တို့က အခန်းတွင်းရှိ လူများအပေါ် ဝေ့ဝဲသွားသည်။

လူအချို့ကလည်း ခေါင်းကို လေးလေးနက်နက် ညိတ်ပြကြ၏။

ထို့နောက် ကျောက်ဝူထျန်းသည် အခန်း၏ တစ်ဖက်အစွန်းရှိ အခြားနေရာများနှင့် မခြားနားလှသော ကျောက်နံရံတစ်ခုဘက်သို့ လှည့်လိုက်သည်။

"ဒါပေမဲ့ ကံကောင်းတာတစ်ခုကတော့..." သူက တည်ငြိမ်သော အသံဖြင့် ဆက်လက်ပြောကြားသည် "ဒီမဟာမိတ်အဖွဲ့မှာ ငါတို့ချည်းပဲ ရှိနေတာ မဟုတ်ဘူး"

အခန်းတစ်ခုလုံးတွင် နိမ့်ပါးသော တုန်ခါသံတစ်ခု ပဲ့တင်ထပ်သွားပြီးနောက်

ကျောက်နံရံကြီးက နှစ်ခြမ်းကွဲသွားတော့သည်။

၎င်းမှာ ပွင့်ဟသွားသည်

နက်ရှိုင်းပြီး မှောင်မိုက်သော လမ်းကျဉ်းလေးတစ်ခု ပေါ်ထွက်လာသည်။

ထိုလမ်းထဲမှ တည်ငြိမ်ပြီး လေးလံသော ခြေသံများ ထွက်ပေါ်လာ၏။

"ဖတ် ဖတ် ဖတ်”

ထိုသူ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် မျိုးနွယ်စုခေါင်းဆောင် အများအပြားမှာ အလိုအလျောက် ထရပ်လိုက်မိကြသည်။

၎င်းတို့၏ သူငယ်အိမ်များ ကျုံ့သွားသည်။

အသက်ရှူသံများပင် ရပ်တန့်သွားကြ၏။

ထိုသူသည် ရှေးဟောင်း နဂါးရုပ်ပုံများဖြင့် ပန်းထိုးထားသည့် အင်ပါယာ၏ အနက်ရောင်နှင့် ရွှေရောင် ရောယှက်နေသော ဝတ်ရုံတော်ကို ဆင်မြန်းထားသည်။

မည်သည့် မျိုးနွယ်စု တံဆိပ်မျှ မပါရှိပေ

မည်သည့် ဂိုဏ်းဂဏ အမှတ်အသားမျှလည်း မရှိပေ။

သူ၏ ခါးတွင်မူ သက်သေခံ တံဆိပ်ပြားတစ်ခုသာ ချိတ်ဆွဲထားသည်

အင်ပါယာ တော်ဝင်အမှတ်အသား

သူ၏ မျက်နှာမှာ တည်ငြိမ်အေးစက်နေပြီး မည်သည့် ခံစားချက်မျှ မရှိသည့်အပြင် မျက်ဝန်းတို့မှာမူ အတိုင်းအဆမရှိ နက်ရှိုင်းလှသည်။

သို့သော် သူထုတ်လွှတ်နေသော စွမ်းအင် မှာမူ

ကြောက်မက်ဖွယ်ကောင်းလှသည်။

မြေကမ္ဘာအင်မော်တယ်အဆင့်

ရှန်ဟောင်၏ နှလုံးခုန်သံမှာ ပြင်းထန်စွာ တုန်ခါသွားတော့၏။

"...မင်း... မင်းက”

သူ၏အသံမှာ လည်ချောင်းထဲတွင်တင် တစ်ဆို့သွားသည်။

အခြားသူများ၏ တုံ့ပြန်မှုမှာလည်း ထိုနည်းအတူပင်။

အချို့မှာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားမိကြသည်။

"ဧ... ဧကရာဇ်ရဲ့... လက်ရုံး..."

"ကျီကျန်းဟွမ် “

အခန်းတွင်း၌ တီးတိုးရေရွတ်သံများနှင့် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားသည်။

သူ့ကို လူတိုင်း သိကြသည် - သူကား ကောင်းကင်အင်ပါယာ၏ သစ္စာအရှိဆုံးနှင့် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်ပြီး ဧကရာဇ်ကို ကာကွယ်ရန်ဟူသော တာဝန်တစ်ခုတည်းကိုသာ ထမ်းဆောင်သူ ဖြစ်သည်။

ဧကရာဇ်၏ တိုက်ရိုက်အမိန့်မရှိဘဲ သူသည် မည်သည့်နေရာတွင်မျှ ပေါ်လာလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။

သူ ဤနေရာသို့ ရောက်ရှိလာခြင်းက အချက်တစ်ချက်ကိုသာ ညွှန်ပြနေသည်

အင်ပါယာ နန်းတွင်းမိသားစုသည်

၎င်းတို့ဘက်မှ ရပ်တည်နေပြီ ဆိုသည့် အချက်ပင်။

အမှန်စင်စစ် မည်သည့်အရာကိုမျှ တရားဝင် ကြေညာထားခြင်း မရှိသေးပေ

သို့တိုင် ဤအချက်တစ်ခုတည်းနှင့်တင် အင်အားစုများ၏ မျှခြေကို တုန်လှုပ်သွားစေရန် လုံလောက်လှသည်။

ထိုသူသည် ကျောက်ဝူထျန်းနှင့် လီကျန်းဟုန်တို့၏ ဘေးတွင် ရပ်တန့်လိုက်သည်။

သူ၏ အဆင့်အတန်းအရ ၎င်းတို့နှင့် တန်းတူ ရပ်တည်နိုင်စွမ်းရှိသည်။

ကျောက်ဝူထျန်းက လက်အုပ်ချီကာ အနည်းငယ် နှုတ်ဆက်လိုက်ရင်း သူ၏ အပြုံးမှာ ပို၍ နက်ရှိုင်းလာသည်။

"ကျွန်တော်တို့ မဟာမိတ်အဖွဲ့ရဲ့ နောက်ဆုံးသော ကျောက်တိုင်ကြီးနဲ့ မိတ်ဆက်ပေးပါရစေ" သူက တည်ငြိမ်စွာ ဆိုသည်။ “ဧကရာဇ်ရဲ့ ကိုယ်ရံတော်ချုပ် - တော်ဝင်တပ်မှူး ကျီကျန်းဟွမ်”

လေးလံသော တိတ်ဆိတ်မှုက လွှမ်းမိုးသွားသည်။

ထိုတိတ်ဆိတ်မှုသည် မည်သည့် စွမ်းအင်ဖိအားထက်မဆို အခန်းတွင်းရှိ လူများကို ပို၍ ဖိနှိပ်ထားသကဲ့သို့ ရှိနေသည်။

မျိုးနွယ်စုခေါင်းဆောင် အချို့မှာ အံ့သြတုန်လှုပ်နေသော မျက်နှာများဖြင့် အချင်းချင်း ကြည့်လိုက်ကြပြီး ကျီကျန်းဟွမ်၏ အမည်တစ်ခုတည်းနှင့်တင် မည်သည့် ဝေခွဲမရဖြစ်မှုမျိုးကိုမဆို ချေမှုန်းရန် လုံလောက်လှပေသည်။

နောက်ဆုံးတွင် တစ်စုံတစ်ယောက်က မနေနိုင်တော့ပေ

"ကိုယ်ရံတော်ချုပ် ကျီ” အကြီးအကဲတစ်ဦးက ထိုင်ခုံမှ ထဝက် ထိုင်တဝက်ဖြင့် သတိကြီးစွာ မေးလိုက်သည်။ "ဧကရာဇ်ရဲ့ ကိုယ်ရံတော်ချုပ်က ဘာကြောင့် ဒီကို ရောက်နေရတာလဲ?"

"ဒါက အင်ပါယာနန်းတွင်းက ဘက်ရွေးလိုက်ပြီလို့ ဆိုလိုတာလား?"

"အကယ်၍ ဧကရာဇ်က ငါတို့ဘက်မှာ ရှိနေတယ်ဆိုရင်... ပိုင်မျိုးနွယ်စုကတော့-"

ထိုထင်ကြေးများ မပြန့်ပွားမီမှာပင်

"တော်ပြီ”

ကျောက်ဝူထျန်း၏ အသံမှာ ဓားတစ်စင်းကဲ့သို့ အခန်းတွင်းသို့ တိုးဝင်လာပြီး လူတိုင်းကို ချက်ချင်း တိတ်ဆိတ်သွားစေသည်။

သူသည် ဖြည်းဖြည်းချင်း လှည့်လိုက်ပြီး စုဝေးရောက်ရှိနေသူများကို ထက်မြက်တည်ငြိမ်သော အကြည့်များဖြင့် ဝေ့ဝဲကြည့်လိုက်၏။

"ဒီနေရာက ဈေးဗန်းခင်းတဲ့ နေရာမဟုတ်ဘူး" သူက အေးစက်စွာ ဆိုသည်။ "မင်းတို့ သိသင့်သိထိုက်တဲ့ အရာကို အချိန်တန်တဲ့အခါ သိရလိမ့်မယ်"

လူအများသည် ကိုယ်ကို တင်းထားမိကြပြီး မျက်နှာများ ပျက်သွားကြသော်လည်း မည်သူမျှ ပြန်မပြောရဲကြပေ။

ရှန်ထျန်းဟောင် မှလွဲ၍ပင်

သူသည် မတ်တတ်ရပ်လိုက်ပြီး ကျောက်ဝူထျန်းကို စိုက်ကြည့်ကာ လက်သီးကို တင်းတင်းဆုပ်ထားသည်။

"ညီအစ်ကို ကျောက်..." သူက ဒေါသကို အတင်းအကျပ် ထိန်းချုပ်ထားသော လေသံဖြင့် ဆိုသည်။ "ငါတို့ကို အကြာကြီး စောင့်ခိုင်းမနေပါနဲ့"

သူ၏ အကြည့်မှာ ကျီကျန်းဟွမ်ထံသို့ တစ်ချက်ရောက်သွားပြီးနောက် ပြန်လည်လှည့်လာတော့သည်။

"တော်ဝင်တပ်မှူးက ဘာလို့ ဒီကို ရောက်နေရတာလဲ?"

ထိုမေးခွန်းက ပဲ့တင်ထပ်သွားသည်။ ကျောက်ဝူထျန်းက သူ့ကို ခဏမျှ အကဲခတ်ကြည့်လိုက်၏

ထို့နောက် သူက ပြုံးလိုက်သည်။

"ကျွန်တော် အရင်ဆုံး တစ်ခုလောက် မေးပါရစေ ညီအစ်ကို ရှန်..." ကျောက်ဝူထျန်းက အေးဆေးစွာ ဆိုသည်။ "အင်ပါယာအတွင်းမှာ အင်မတန် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မဟာကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့်ရှိလုပ်ကြံသတ်ဖြတ်သူ တစ်ယောက်က အင်ပါယာနန်းတော်ထဲကို ဘယ်လိုနည်းနဲ့ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့တယ်လို့ မင်းထင်သလဲ?"

အခန်းတွင်းရှိ လေထုမှာ ခဲသွားတော့သည်။

ရှန်ထျန်းဟောင်၏ သူငယ်အိမ်များ ကျုံ့သွား၏

အခြားသူများမှာလည်း အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိကြသည်။

ကျောက်ဝူထျန်းက တည်ငြိမ်စွာပင် ဆက်လက်ပြောချေသည်။

"အဲဒီစားသောက်ပွဲကို ဧကရာဇ်ရဲ့ နန်းတွင်းအမတ်တွေ၊ မျိုးနွယ်စုကြီးတွေရဲ့ အကြီးအကဲတွေ၊ ဂိုဏ်းချုပ်တွေ တက်ရောက်ခဲ့ကြတာ။ အစေခံတိုင်း၊ ကချေသည်တိုင်း၊ တူရိယာတီးခတ်သူတိုင်းကို အလွှာလိုက် အဆင့်ဆင့် စစ်ဆေးခဲ့တာလေ"

သူက စားပွဲကို လက်ချောင်းဖြင့် တစ်ချက်တောက်လိုက်ရင်း

"ဒါပေမဲ့ ချောက်နက်စာကလေးကတော့ အသာလေး လမ်းလျှောက်ဝင်လာခဲ့တယ်"

ထိုစကား၏ နောက်ကွယ်မှ အဓိပ္ပာယ်သည် အသက်ရှူရကျပ်စေသော မြူခိုးများကဲ့သို့ လူတိုင်းအပေါ် လွှမ်းမိုးသွားသည်။

ရှန်ထျန်းဟောင်၏ လည်ချောင်းမှာ ခြောက်ကပ်သွားတော့၏။

"မင်း ဆိုလိုတာက..." သူက ဖြည်းဖြည်းချင်း စကားစလိုက်သည်။

ကျောက်ဝူထျန်းက ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်”

နောက်ဆုံးတွင် လီကျန်းဟုန်က ဝင်ရောက်

ပြောဆိုသည်။

သူ၏ လေသံမှာ ညီညာသော်လည်း လေးလံလှ၏။

"အင်ပါယာနန်းတွင်း မိသားစုက ကိုယ်တိုင် တံခါးဖွင့်ပေးလိုက်တာပဲ"

ထိုစကားကြောင့် အခန်းတွင်းရှိလူများသည် အံ့အားသင့်တုန်လှုပ်ကုန်ကြသည်။

အချို့မှာ မျက်နှာများ ဖြူလျော်သွား၏

အချို့မှာမူ ထိန်းချုပ်ထားသော စိတ်လှုပ်ရှားမှုများဖြင့် မျက်နှာများ ဝင်းပလာကြသည်။

ကျောက်ဝူထျန်းသည် ကိုယ်ကိုမတ်လိုက်ပြီး အကြွင်းမဲ့ ယုံကြည်ချက်ရှိသော အသံဖြင့် ပြောလိုက်လေသည်။

"ဧကရာဇ်က သူ့ရဲ့ ရွေးချယ်မှုကို လုပ်ပြီးသွားပြီ" သူက ဆိုသည်။ "ဒါပေမဲ့ ဒါကို သူက ဗြောင်ကျကျတော့ ထုတ်ဖော်ပြောမှာ မဟုတ်သေးဘူး... အခုလောလောဆယ်တော့ပေါ့"

သူ၏ အကြည့်က မည်သည့်ခံစားချက်မျှ မဖော်ပြဘဲ ကျောက်ရုပ်ကဲ့သို့ ရပ်နေသည့် ကျီကျန်းဟွမ်ထံသို့ ခဏမျှ ရောက်သွားသည်။

"ဒါပေမဲ့ သူ့ရဲ့ ဆန္ဒကတော့ ရှင်းနေပါတယ်။ အကယ်၍ အင်ပါယာနန်းတော်ကသာ ပိုင်ကျီဟန်ကို တကယ်ကာကွယ်ဖို့ ရည်ရွယ်ခဲ့မယ်ဆိုရင်..." ကျောက်ဝူထျန်းက ဆက်ပြောသည် "...အဲဒီလုပ်ကြံသတ်ဖြတ်သူက အပြင်ဘက် တံခါးမကြီးကိုတောင် ဖြတ်ကျော်နိုင်မှာ မဟုတ်ပါဘူး"

အခန်းတွင်း၌ အံ့သြတုန်လှုပ်နေသော တီးတိုးရေရွတ်သံများ ဆူညံသွားသည်။

ရှန်ထျန်းဟောင်က အသက်ကို ဖြည်းဖြည်းချင်း မှုတ်ထုတ်လိုက်သည်။

"ဒါဆို ဧကရာဇ်က..." သူက တုန်ရီသောအသံဖြင့် ဆိုသည် "...ပိုင်မျိုးနွယ်စုကို ဆန့်ကျင်ဖို့ ရွေးချယ်လိုက်တာပေါ့"

"ဗြောင်ကျကျတော့ မဟုတ်သေးဘူး" ကျောက်ဝူထျန်းက ပြင်ပေးလိုက်သည်။ "အခုထိတော့ မဟုတ်သေးဘူး"

"ဒါပေမဲ့ အချိန်တန်တဲ့အခါကျရင်တော့-"

လီကျန်းဟုန်၏ မျက်ဝန်းတို့မှာ တောက်ပလာသည်။

"-ပိုင်မျိုးနွယ်စုက တစ်ယောက်တည်း ရင်ဆိုင်ရလိမ့်မယ်"

လူတိုင်း၏ အကြည့်တို့သည် ကျီကျန်းဟွမ်ထံသို့ ရောက်ရှိသွားကြသည်။

ကျီကျန်းဟွမ်သည် စုဝေးနေသူများကို အေးစက်ပြီး လျစ်လျူရှုသော အကြည့်ဖြင့် ဝေ့ဝဲကြည့်လိုက်၏

"ဧကရာဇ်မင်းမြတ်က “ သူက တည်ငြိမ်စွာ ဆိုလိုက်သည် "ပိုင်မျိုးနွယ်စု ပြိုလဲသွားမယ့်အရေးအပေါ် ကန့်ကွက်စရာ မရှိပါဘူး။ သူတို့ကို ကောင်းကင်အင်ပါယာအတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်"

ထိုစကားများက လူတိုင်း၏ ထင်ကြေးများကို အတည်ပြုပေးလိုက်သည်။

ဧကရာဇ်သည် ၎င်းတို့ဘက်မှ ရပ်တည်ရန် ရွေးချယ်လိုက်ပြီ ဖြစ်သည်။

အမှန်စင်စစ် ပိုင်မျိုးနွယ်စု၏ အင်အားကြီးထွားလာမှုသည် အင်ပါယာမိသားစု၏ အာဏာစက်ကို စိန်ခေါ်လာခြင်းကြောင့် ဖြစ်သည်ကို ဤနေရာမှလူတိုင်း သိနေကြသော်လည်း မည်သူမျှ ဖွင့်မပြောကြပေ။

မည်သို့ပင်ဖြစ်စေ အင်ပါယာမိသားစုသည် သူတို့ ကိုယ်ကျိုးစီးပွားအတွက် လုပ်ဆောင်နေသည်ကိုတောင်မှ အင်ပါယာကြီး၏ ကောင်းကျိုးအတွက် လုပ်ဆောင်နေသယောင် စကားလုံးလှလှလေးတွေနဲ့ ဖုံးကွယ်တတ်ကြသည် မဟုတ်ပါလော

လီကျန်းဟုန်က အပြုံးဖျော့ဖျော့ဖြင့်

"အင်ပါယာမိသားစုက ငါတို့နောက်ကွယ်မှာ ရှိနေပြီဆိုတော့” သူက ဆိုသည် "ညီအစ်ကို ရှန်... မင်းအနေနဲ့ ငါတို့ရဲ့ အောင်နိုင်ခြေအပေါ် သံသယရှိနေသေးလား?"

ရှန်ဟောင်က တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်သည်။

ထို့နောက် ဖြည်းဖြည်းချင်းပင်

သူ၏ မျက်နှာပေါ်တွင် ရက်စက်သော အပြုံးတစ်ခု ပေါ်ပေါက်လာတော့သည်။

"မရှိတော့ဘူး”

All Chapters