← Chapters

သစ္စာဖောက်အတုနှင့် စစ်မှန်သော အစီအမံ

Vol. 30 Ch. 447

သစ္စာဖောက်အတုနှင့် စစ်မှန်သော အစီအမံ

Vol. 30 Ch. 447

လီ-ကျောက် မဟာမိတ်အဖွဲ့အတွင်းရှိ လေထုမှာ အုံ့မှိုင်းလေးလံနေသည်။

တစ်ချိန်က အခန်းထဲတွင် ပြည့်နှက်နေခဲ့သော ယုံကြည်ချက်များမှာ ပျောက်ဆုံးသွားလေပြီ။

ကျယ်လောင်သော ဆွေးနွေးငြင်းခုံမှုများ၊ ရယ်မောသံများနှင့် အောင်ပွဲရမည်ဟူသော သေချာရေရာမှုများ မရှိတော့ဘဲ တိတ်ဆိတ်မှုသာ ကျန်ရစ်တော့သည်။

နန်းတော်မိသားစုသည် သူတို့ဘက်မှ ပါဝင်လာချိန်တွင် အသာစီးရပြီဟု ထင်မှတ်ခဲ့သော်လည်း ပိုင်မျိုးနွယ်စုက သူတို့ ပြန်လည်တုံ့ပြန်ရန် အခွင့်အရေးပင်မရလောက်သည့် အကွက်တစ်ခုကို ရွှေ့လိုက်ခြင်း ဖြစ်သည်။

သူတို့၏ မဟာမိတ်အဖွဲ့သည် ပြင်ပလူများကြောင့် ပျက်စီးနေခြင်းမဟုတ်ဘဲ ပိုမိုကောင်းမွန်သော အခွင့်အရေးရှိရာ ပိုင်မျိုးနွယ်စုဆီသို့ လူအများက ကိုယ်တိုင်ကိုယ်ကျ သွားကြခြင်း ဖြစ်သည်။

"ဒီနေ့ နောက်ထပ် မျိုးနွယ်စု သုံးခု ထပ်ထွက်သွားပြန်ပြီ။" တစ်စုံတစ်ယောက်က အသံသြသြဖြင့် ပြောလိုက်သည်။ "အားလုံးက ပိုင်မျိုးနွယ်စုကို သစ္စာခံကြောင်း ကြေညာသွားကြတာပဲ။"

ဘယ်သူမှ အံ့ဩမနေကြပေ။

သို့သော်လည်း လက်ခံရန်မှာမူ မလွယ်ကူလှပေ။

"သူတို့က ညှိနှိုင်းဖို့တောင် မကြိုးစားကြဘူး။" နောက်တစ်ဦးက ခါးသီးစွာ ဖြည့်စွက်ပြောသည်။ "ကျင့်စဉ်အကြောင်း အတည်ပြုပြီးတာနဲ့ ချက်ချင်း ထွက်သွားကြတာပဲ။"

သူတို့က ညည်းညူနေကြသော်လည်း စိတ်ထဲတွင်မူ သူတို့ကိုယ်တိုင်လည်း ထွက်သွားချင်နေကြသည်။

အကြောင်းမှာ အဆင့်မြင့် မြေကမ္ဘာအဆင့် ကျင့်စဉ်ဆိုသည်မှာ ထိပ်သီးမျိုးနွယ်စုများနှင့် နန်းတော်မိသားစုတို့သာ ပိုင်ဆိုင်သည့်အရာ ဖြစ်သောကြောင့်ပင်။

မည်မျှပင် ခိုင်မာသော မဟာမိတ်ဖြစ်ပါစေ၊ ထိုကဲ့သို့သော ကျင့်စဉ်မျိုးကို ပြင်ပလူကို မည်သည့်အခါမျှ သင်ကြားပေးမည်မဟုတ်ပေ။

သို့သော်လည်း သူတို့ထဲမှ အများစုသည် လက်ရှိရာထူးနေရာသို့ ရောက်ရန် များစွာ ပေးဆပ်ခဲ့ရသူများ ဖြစ်သည်။

ပိုင်မျိုးနွယ်စုဆီသို့ ကူးပြောင်းခြင်းက ပို၍ အကျိုးရှိမှန်း သိသော်လည်း အောက်ခြေအဖွဲ့ဝင်များကဲ့သို့ မဟုတ်ဘဲ၊ သူတို့ တည်ဆောက်ထားသမျှ အရာအားလုံးကို ရင်းပြီး လောင်းကြေးမထပ်ဝံ့ကြပေ။

ခန်းမထဲတွင် တီးတိုးပြောဆိုသံများ ပျံ့နှံ့သွားသည်။

မကျေနပ်မှုများ၊

စိတ်ပျက်မှုများနှင့်

စိုးရိမ်ပူပန်မှုများသာ ဖြစ်သည်။

"ပိုင်မျိုးနွယ်စု..." ရှန်ဟောင်က အေးစက်သော အသံဖြင့် ဖြည်းညှင်းစွာ ပြောလိုက်သည်။ "သူတို့ သိပ်ကို အတင့်ရဲလွန်းနေပြီ”

"အဆင့်မြင့် မြေကမ္ဘာအဆင့် ကျင့်စဉ် ဟုတ်လား?" နောက်တစ်ယောက်က လှောင်ပြောင်သည်။ "ဒီလိုအရာတွေက သစ်ပင်မှာ သီးနေတယ်လို့ သူတို့ ထင်နေတာလား? လူတိုင်းကို လိမ်ညာနေတာပဲ ဖြစ်ရမယ်”

သို့သော် သူပြောနေစဉ်မှာပင် သူ၏ မျက်ဝန်းထဲ၌ သံသယများ ရိပ်သန်းနေသည်။

အကြောင်းမှာ သတင်းပို့ချက်များသည် ငြင်းပယ်၍မရအောင် မှန်ကန်နေသောကြောင့်ပင်။

ဤသည်မှာ ငါးစာမဟုတ်ပေ။

လိမ်လည်လှည့်ဖျားမှုလည်း မဟုတ်ပေ။

အစစ်အမှန် ဖြစ်နေသည်။

အခြားသော မျိုးနွယ်စုခေါင်းဆောင်တစ်ဦးက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏

"ဒီအတိုင်းသာ ဆက်သွားရင် ငါတို့က မျိုးနွယ်စုငယ်လေးတွေကိုပဲ ဆုံးရှုံးရမှာ မဟုတ်ဘူး။ ငါတို့ကလွဲလို့ ကျန်တာ အကုန်

ဆုံးရှုံးရလိမ့်မယ်”

"ငါတို့ရဲ့ လက်အောက်ခံ မိသားစုအချို့တောင် တုန်လှုပ်နေကြပြီ။"

ခန်းမထဲတွင် နောက်တစ်ကြိမ် တိတ်ဆိတ်သွားပြန်သည်။

လူတိုင်းက ထိုစကား၏ အဓိပ္ပာယ်ကို နားလည်ကြသည်။

အကယ်၍ သူတို့အနေဖြင့် ဤမဟာမိတ်ထဲမှာပဲ ဆက်နေချင်ဦးတော့၊ ပိုင်မျိုးနွယ်စုဆီသို့ သွားချင်နေကြသည့် မျိုးနွယ်စုဝင်များ၏ ဖိအားကြောင့် နောက်ဆုံးတွင် လိုက်လျောရပေလိမ့်မည်။မဟုတ်ပါက မျိုးနွယ်စုဝင်များကြားတွင် မကျေနပ်မှုများ အကြီးအကျယ် ဖြစ်လာနိုင်သည်

သူတို့သည် မျိုးနွယ်စုခေါင်းဆောင်တွေ ဖြစ်သော်လည်း အရာအားလုံးကို တစ်ဦးတည်း ဆုံးဖြတ်၍မရပေ။ ယခင်က သူတို့ အထင်သေးခဲ့သည့်သူများမှာ ကျင့်ကြံခြင်းအဆင့် လျင်မြန်စွာ တိုးတက်လာသည်ကို မြင်ရသောအခါ၊ မိမိတို့သာ ပိုင်မျိုးနွယ်စုဆီသို့မသွားဘဲ ကျင့်စဉ်ကို မရယူနိုင်လျှင် မကြာမီ နောက်ကောက်ကျကျန်ရစ်တော့မည်ကို မျိုးနွယ်စုဝင်များက သိမြင်လာကြသည်။

လီ နှင့် ကျောက် မျိုးနွယ်စု တို့နှင့်မတူဘဲကျန်သောသူများသည် ပိုင်မျိုးနွယ်စုအပေါ် ရန်ငြိုးကြီးကြီးမားမား မရှိကြပေ။ အနည်းဆုံးတော့ အဆင့်မြင့် ကမ္ဘာမြေအဆင့် ကျင့်စဉ်တစ်ခုနှင့် လဲလှယ်၍မရနိုင်လောက်သည့် ရန်ငြိုးမျိုး မရှိကြချေ။

ထို့ကြောင့် သူတို့ပြောလိုသည်မှာ— ဤအတိုင်းသာ ဆက်သွားလျှင် သူတို့ပါ မဟာမိတ်အဖွဲ့ကနေ ထွက်သွားရကိန်း ဆိုက်နေသည် ဟူ၍ပင်။

အကယ်၍ ထိုသို့သာ ဖြစ်လာခဲ့မည်ဆိုလျှင်

ပထမဆုံးသော အဆုံးအဖြတ် တိုက်ပွဲကိုပင် မစတင်ရသေးမီ ဤစစ်ပွဲ၏ ရလဒ်မှာ ထွက်ပေါ်သွားပေလိမ့်မည်။

လီမျိုးနွယ်စု

ကျောက်မျိုးနွယ်စု နှင့်

နန်းတော်မိသားစုတို့၏ ကျောထောက်နောက်ခံ ရှိနေလျှင်ပင်

အခြားသော မဟာမိတ်များသာ မရှိတော့ပါက သူတို့ ရှုံးနိမ့်ရပေလိမ့်မည်။

၎င်းမှာ လူတိုင်း၏ စိတ်ထဲတွင် စိုးရိမ်နေကြသော အချက်ပင် ဖြစ်သည်။

သို့သော် ကံကောင်းထောက်မစွာဖြင့် မျှော်လင့်ချက်အားလုံး ပျောက်ဆုံးသွားသည်တော့ မဟုတ်ပေ။

မဟာမိတ်အဖွဲ့ကို စွန့်ခွာသွားကြသော မျိုးနွယ်စုများသည် အဆင့်နိမ့်သူများသာဖြစ်ပြီး နန်းတော်မိသားစုက သူတို့နောက်ကွယ်တွင် ရှိနေသည်ကို မသိကြသေးပေ။

ထို့ကြောင့် သူတို့၏ လျှို့ဝှက်ကျောထောက်နောက်ခံမှာ ဖုံးကွယ်ထားဆဲ ဖြစ်နေပြီး ပိုင်မျိုးနွယ်စုကို အငိုက်ဖမ်းနိုင်မည့် လက်နက်တစ်ခု ဖြစ်နေသေးသည်။

အတွင်းစည်းနှင့် နီးစပ်သူများ— နန်းတော်မိသားစုသည် လီ-ကျောက် မဟာမိတ် နောက်ကွယ်မှာ ရှိနေမှန်း သိသူများမှာမူ ဆက်ရှိနေကြသေးသည်။

ဖြစ်နိုင်သည်မှာ သူတို့သည် ဤအချက်ကို သိထားသောကြောင့် ဖြစ်လိမ့်မည်။

နန်းတော်မိသားစု၏ အထောက်အပံ့ရှိလျှင် အောင်ပွဲမှာ သေချာပေါက် ရရှိမည်ဟု ထင်နေကြခြင်းပင်။

သို့သော်လည်း

ပိုင်မျိုးနွယ်စု၏ အလံအောက်သို့ ရောက်ရှိသွားသော မျိုးနွယ်စု အရေအတွက်မှာ မယုံနိုင်လောက်အောင် များပြားလာသောအခါ ထိုယုံကြည်ချက်များသည် စတင်တုန်လှုပ်လာရသည်။

အကြောင်းမှာ ပိုင်မျိုးနွယ်စုသည် မဟာမိတ်များကို အချိန်နှင့်အမျှ ရရှိနေသောကြောင့် ဖြစ်သည်။

မရပ်မနား

မတွန့်မဆုတ်ဘဲ

တိုးပွားနေခြင်း ဖြစ်သည်။

သို့သော်လည်း ထိုမျိုးနွယ်စုအားလုံးက ပိုင်ကျီဟန်အတွက် အသက်ပေးကြလိမ့်မည်ဟု မဆိုလိုပေ။ အနှစ်သာရအားဖြင့် ၎င်းမှာ သံယောဇဉ်ပေါ်တွင် အခြေခံထားသော မဟာမိတ်မဟုတ်ဘဲ လောဘပေါ်တွင်သာ အခြေခံထားခြင်း ဖြစ်သည်။

သို့သော်ငြားလည်း ထိုကဲ့သို့သော မဟာမိတ်အဖွဲ့မှာ စည်းလုံးမှု မရှိဟု ဆိုနိုင်သော်လည်း

ပိုင်မျိုးနွယ်စုအပေါ် အစစ်အမှန် သစ္စာရှိမှု မရှိကြသော်လည်း

အခြေအနေ မကောင်းလျှင် လွင့်စင်သွားနိုင်သည် ဆိုဦးတော့

အမှန်တရားမှာမူ သူတို့၏ အရေအတွက်မှာ ကြောက်ခမန်းလိလိ ဖြစ်နေချေပြီ

ပျော့ညံ့သော မဟာမိတ်အဖွဲ့ပင် ဖြစ်ပါစေ၊ ဤမျှလောက် အရေအတွက် များပြားလာပါက အင်အားသက်သက်ဖြင့်ပင် တောင်တန်းများကို ဖြိုချနိုင်စွမ်း ရှိသည်။

ထိုအတွေးကြောင့် ခန်းမထဲတွင် လေးလံသော တိတ်ဆိတ်မှုက စိုးမိုးနေဆဲ ဖြစ်သည်။

ထိုစဉ်

သရော်သလို ရယ်မောလိုက်သည့် အသံငယ်

တစ်ခုက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

"ဟက်”

အားလုံး၏ အကြည့်များ ရောက်သွားကြသည်။

ကျောက်ဝူထျန်းပင်

ဖြစ်ပျက်နေသမျှ ကာလပတ်လုံး သူသည် ထိုင်ခုံတွင် အေးဆေးစွာ ထိုင်နေခဲ့ပြီးလက်ချောင်းများဖြင့် လက်တန်းကို အသာအယာ ခေါက်နေခဲ့သည်။

ယခုမူ သူက မော့ကြည့်လာပြီး နှုတ်ခမ်းတွင် အပြုံးဖျော့ဖျော့လေး တစ်ခု ရှိနေသည်။

"မင်းတို့ ဘာတွေ စိုးရိမ်နေကြလဲဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ အဲဒီလို ဖြစ်နေစရာ မလိုပါဘူး။"

ထိုစကားကြောင့် အခန်းထဲတွင် လှိုင်းထသွားသည်။

ဤယုံကြည်ချက်မှာ အစစ်အမှန်လား?

သို့မဟုတ် ပြိုလဲလုနီးပါး ဖြစ်နေသော မဟာမိတ်အဖွဲ့ကို ထိန်းထားရန် ဝတ်ဆင်ထားသည့် မျက်နှာဖုံးလား?

"ကျောက်မျိုးနွယ်စု ခေါင်းဆောင်" အကြီးအကဲ တစ်ဦးက သတိကြီးစွာဖြင့် မေးလိုက်သည်။ "ဘာကို အခြေခံပြီး အဲဒီလို ပြောနိုင်တာလဲ?"

ကျောက်ဝူထျန်း၏ အပြုံးမှာ ပိုမိုနက်ရှိုင်းသွားသည်။

"ဘာလို့လဲဆိုတော့" သူက အေးအေးလူလူပင် ပြန်ဖြေလိုက်သည်။ "ငါတို့ကို သစ္စာဖောက်သွားတဲ့ မျိုးနွယ်စုအားလုံးက... တကယ် သစ္စာဖောက်သွားကြတာ မဟုတ်လို့ပဲ။"

တစ်ခန်းလုံး ငြိမ်ကျသွားသည်။

"ဘာကို ဆိုလိုတာလဲ?" တစ်စုံတစ်ယောက်က ပွင့်ခနဲ မေးလိုက်မိသည်။

ကျောက်ဝူထျန်းသည် ဖြည်းဖြည်းချင်း ထရပ်လိုက်၏

"ငါတို့ သူတို့ထဲက တစ်ခုကို ကိုယ်တိုင် စေလွှတ်ခဲ့တာ။ သစ္စာဖောက်ဟန်ဆောင်ပြီး ပိုင်မျိုးနွယ်စုဆီ သွားခိုင်းလိုက်တာ။"

ခန်းမထဲတွင် အံ့ဩတကြီး လေရှုသွင်းသံများ ပဲ့တင်ထပ်သွားသည်။

"ငါတို့ သူတို့ကို တာဝန်တစ်ခု ပေးလိုက်တယ်။ ပိုင်မျိုးနွယ်စုဆီ ဝင်ပါ၊ သူတို့ရဲ့ ယုံကြည်မှုကို ရအောင်လုပ်ပါ၊ ပြီးရင် သူတို့ ဖြန့်ဝေပေးနေတဲ့ ကျင့်စဉ်ကို ရအောင်ယူပါ ဆိုပြီးတော့ပေါ့။"

သူ ခေတ္တမျှ ရပ်လိုက်သည်။

"ပြီးတော့ သူတို့ အောင်မြင်သွားပြီ။"

ချက်ချင်းပင် ခန်းမထဲတွင် စိတ်လှုပ်ရှားမှုများ ပေါက်ကွဲထွက်သွားတော့သည်။

မျက်လုံးများသည် အရောင်တောက်သွားကြသည်။

ရှန်းဟောင်၏ မှောင်မှိုင်နေသော မျက်နှာထားပင် ပြောင်းလဲသွားပြီ သူ၏ အကြည့်ထဲတွင် အံ့ဩမှုနှင့် မျှော်လင့်စောင့်စားမှုတို့ လွန်ဆွဲနေကြသည်။

ကျောက်ဝူထျန်းက လက်မြှောက်လိုက်သောအခါ ဆူညံသံများမှာ တဖြည်းဖြည်း တိတ်ဆိတ်သွားတော့သည်။

ထို့နောက် သူသည် အလွန်ပင် သတိထားကာ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်သည်။

၎င်းသည် ဝိညာဉ်အလင်းတန်းများ မျက်နှာပြင်ထက်တွင် စီးဆင်းနေပြီး မှိန်ဖျော့ဖျော့ တောက်ပနေသည်။”ဒါဟာ" ကျောက်ဝူထျန်းက သိသိသာသာ ကျေနပ်နေသော အသံဖြင့် ပြောလိုက်သည်။ "ပိုင်မျိုးနွယ်စုက ဖြန့်ဝေနေတဲ့ အဆင့်မြင့် ကမ္ဘာမြေအဆင့် ကျင့်စဉ်ရဲ့ မိတ္တူကူးထားတဲ့ ကျမ်းစာပဲ။ ငါတို့ မဟာမိတ်အဖွဲ့ရဲ့ အမည်ကို အသုံးချပြီး ရယူခဲ့တာ။"

ခန်းမထဲတွင် တစ်ကျော့ပြန် ဆူညံသံများ ထွက်ပေါ်လာပြီး ယခုတစ်ကြိမ်မှာ ပို၍ပင် ကျယ်လောင်လှသည်။

အချို့မှာ မတ်တတ်ပင် ထရပ်လိုက်ကြသည်။

အချို့မှာမူ မျက်လုံးများ အရောင်တောက်ရင်း ရှေ့သို့ တိုးလာကြသည်။

"မဖြစ်နိုင်တာ..."

"သူတို့ တကယ်ကြီး ပေးလိုက်တာလား?"

"ဘာမှ စစ်ဆေးမေးမြန်းခြင်း မရှိဘဲနဲ့လား?"

ကျောက်ဝူထျန်းက ခပ်တိုးတိုး ရယ်မောလိုက်သည်။

"ပိုင်မျိုးနွယ်စုက ငါတို့ ထင်ထားတာထက် ပိုပြီး မဟာမိတ်တွေကို အသည်းအသန် လိုချင်နေပုံရတယ်" သူက ပြောသည်။

"နောက်ခံတွေကိုလည်း မစစ်ဆေးဘူး။ သစ္စာရှိမှုကိုလည်း အတည်မပြုဘူး။ ဘယ်သူပဲဖြစ်ဖြစ် အဖွဲ့ထဲဝင်တာနဲ့... ဒါကို ရတာပဲ။ တကယ်ကို လွယ်လွန်းတယ်။"

သိပ်ကို လွယ်လွန်းနေ၏

ကျောက်ဝူထျန်း တွေးလိုက်မိသည်။

သူ၏ အကြည့်က အခန်းထဲရှိ လူများထံသို့ စူးရှစွာနှင့် တွက်ချက်သည့် အသွင်ဖြင့် ဝေ့ကြည့်လိုက်သည်။

"အခု ဒါက ငါတို့လက်ထဲ ရောက်နေပြီဆိုမှတော့" သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "ငါ့ကို ပြောစမ်းပါဦး— ငါတို့ ပိုင်မျိုးနွယ်စုကို တကယ်ပဲ ကြောက်နေဖို့ လိုသေးလား?"

လူအများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ခေတ္တမျှ စဉ်းစားပြီးနောက်တွင်မူ သူတို့ထဲမှ အများစုက ထိုသို့ မထင်ကြတော့ပေ။

အကြောင်းမှာ ပိုင်မျိုးနွယ်စု၏ အကြီးမားဆုံး လက်နက်မှာ မိတ္တူကူးခြင်း ခံလိုက်ရပြီ ဖြစ်သောကြောင့်ပင်

သူတို့၏ အသာစီးရနိုင်သော အချက်မှာ ပျောက်ဆုံးသွားပြီဖြစ်ရာ

စိုးရိမ်စရာ မလိုတော့ပေ။

ထိုအတွေး အသားကျသွားသည်နှင့် တစ်ပြိုင်နက် တစ်စုံတစ်ယောက်က လူအများ စိတ်ထဲရှိနေသည့် မေးခွန်းကို ထုတ်မေးလိုက်တော့သည်။

"ကျောက်မျိုးနွယ်စု ခေါင်းဆောင်" အကြီးအကဲ တစ်ဦးက ကျောက်စိမ်းပြားကို စိုက်ကြည့်ရင်း သတိကြီးစွာ မေးလိုက်သည်။

"ကျွန်တော်တို့... ဒါကို လေ့ကျင့်လို့ ရမလား?"

ထိုမေးခွန်းက အဓိကအချက်ကို တိုက်ရိုက် ထိမှန်သွားသည်။

ခန်းမထဲတွင် တိတ်ဆိတ်သွားပြန်သည်

-သို့သော် ယခုတစ်ကြိမ်မှာမူ မျှော်လင့်ချက်များဖြင့် တင်းမာနေခြင်း ဖြစ်သည်။

ကျောက်ဝူထျန်းသည် ကျောက်စိမ်းပြားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။

ခေတ္တမျှ သူ၏ မျက်ဝန်းထဲတွင် တစ်စုံတစ်ခု လက်ခနဲ ဖြစ်သွားသည်။

သံသယ။

အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်လည်း ထိုသို့ ခံစားနေရသောကြောင့်ပင်။

အရာအားလုံးက သိပ်ကို ချောမွေ့လွန်းနေသည်။

သိပ်ကို လွယ်ကူလွန်းနေသည်။

အဆင့်မြင့် ကမ္ဘာမြေအဆင့် ကျင့်စဉ်တစ်ခုကို— မည်သည့် စစ်ဆေးမှု၊ အကာအကွယ် သို့မဟုတ် နှောင့်နှေးမှုမှ မရှိဘဲ ပေးအပ်

လိုက်ခြင်းလား?

ထိုအချက်တစ်ခုတည်းနှင့်ပင် သတိပေးခေါင်းလောင်းသံ မြည်နေသင့်သည်။

သို့သော်လည်း

အကယ်၍ သူသာ ယခု ငြင်းပယ်လိုက်မည်ဆိုလျှင်

အကယ်၍ သူသာ တွန့်ဆုတ်နေမည်ဆိုလျှင်

သူသည် အရာရာကို ကိုယ်ကျိုးအတွက် သိမ်းဆည်းထားသည်ဟု အထင်ခံရပေလိမ့်မည်။

လူအများအပြားမှာ တုန်လှုပ်နေကြပြီ ဖြစ်သည်။

လူအများအပြားမှာ လမ်းဆုံလမ်းခွသို့ ရောက်နေကြပြီး ပိုင်မျိုးနွယ်စု၏ အလံကိုသာ စိုက်ကြည့်နေကြသည်။

အကယ်၍ သူသာ သူတို့ကို ဤအရာအား တားမြစ်လိုက်မည်ဆိုလျှင်

မကျေနပ်မှုများသည် ဘက်ပြောင်းသွားခြင်းအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။

ကျောက်ဝူထျန်း သက်ပြင်းကို ဖြည်းဖြည်းချင်း ချလိုက်သည်။

ထို့နောက် ခေါင်းညိတ်ပြလိုက်သည်။

"မင်းတို့ ဒါကို လေ့ကျင့်နိုင်ပါတယ်" သူက တည်ငြိမ်စွာ ပြောလိုက်သည်။ "ဒါတင်မကဘူး— ဒါကို သုံးပြီး မင်းတို့ရဲ့ မျိုးနွယ်စုဝင်တွေကို စိတ်အေးအောင် လုပ်ပေးလိုက်ပါ။"

စိတ်လှုပ်ရှားမှု လှိုင်းလုံးကြီးတစ်ခုသည် ခန်းမထဲသို့ ရိုက်ခတ်သွားတော့သည်။

"ငါတို့လည်း ဒီကျင့်စဉ်ကို သုံးပြီး နောက်ထပ် မဟာမိတ်တွေကို ဆွဲဆောင်ရမယ်" ဟု ကျောက်ဝူထျန်းက ဆက်ပြောသည်။

"ပိုင်မျိုးနွယ်စုရဲ့ အားသာချက် မရှိတော့တဲ့အတွက်၊ သူတို့ဆီကို သွားဖို့ ဖိအားပေးခံရတဲ့ မျိုးနွယ်စုတွေ နည်းသွားလိမ့်မယ်။"

အားလုံးက ခေါင်းများကို အဆက်မပြတ် ညိတ်လိုက်ကြသည်။ မျက်နှာများမှာ ဝင်းပလာကြသည်။

လူအများအပြားသည် မစောင့်နိုင်ကြတော့ဘဲ ကျောက်စိမ်းပြားများကို နဖူးတွင် ချက်ချင်း ကပ်လိုက်ကြပြီး ဝိညာဉ်အာရုံများဖြင့် အတွင်းသို့ ထိုးဖောက်ဝင်ရောက်လိုက်ကြသည်။ နက်ရှိုင်းသော ကျမ်းစာစာမျက်နှာများမှာ ပွင့်လန်းလာတော့သည်။

ဝိညာဉ်စွမ်းအင်လည်ပတ်မှု ပုံစံများ။

ဝိညာဉ်သွေးကြောများ သန့်စင်မှု။

အခြေခံကို ခိုင်မာစေခြင်း။

အံ့ဩတကြီး ရေရွတ်သံများ တိုးတိုးလေး ပဲ့တင်ထပ်နေသည်။

"ဒါ အစစ်ပဲ..."

"သိပ်ကို အားကောင်းတာပဲ။ ဖတ်နေရုံနဲ့တင် ငါ့ရဲ့ ဝိညာဉ်စွမ်းအင်တွေ တိုးလာတာကို ခံစားနေရတယ်။"

"ဒါကြောင့်မို့လို့ လူတွေက ပိုင်မျိုးနွယ်စုဆီ တသီတတန်းကြီး သွားနေကြတာကိုး..."

လီကျန်းဟုန်၏ မျက်လုံးများပင် တောက်ပနေသည်။

အဆင့်မြင့် မြေကမ္ဘာအဆင့် ကျင့်စဉ်

ဆိုသည်မှာ သေးငယ်သော ကိစ္စမဟုတ်ပေ။

ထိုကဲ့သို့သော အရာမျိုးသည် မျိုးနွယ်စုတစ်ခု၏ အနာဂတ်ကိုပင် ပြောင်းလဲပေးနိုင်သည်။

သို့သော် သူ တစ်စုံတစ်ခု မပြောမီ

လက်တစ်ဖက်က သူ၏ အင်္ကျီလက်ကို ဆွဲလိုက်သည်။

"လီကျန်းဟုန်"

ကျောက်ဝူထျန်း၏ အသံမှာ တိုးညှင်းလှသည်။

သူသည် ဘေးသို့ ဆွဲထုတ်သွားပြီး အခြားသူများ မကြားနိုင်သော နေရာသို့ ခေါ်သွားသည်။

လီကျန်းဟုန် မျက်မှောင်ကြုတ်လိုက်သည်။

"ဘာဖြစ်လို့လဲ?" ကျောက်ဝူထျန်း၏ မျက်နှာအမူအရာမှာ တင်းမာသွားသည်။

"ငါ ဒါကို မယုံဘူး" သူက တိုက်ရိုက်ပင် ပြောလိုက်သည်။ "အခုထိတော့ မယုံသေးဘူး။"

လီကျန်းဟုန် ကိုယ်ရှိန်သတ်သွားပြီး "...မင်း ဆိုလိုတာက ငါတို့ ဒါကို မလေ့ကျင့်သင့်ဘူးလို့လား?"

"လောလောဆယ်တော့..." ကျောက်ဝူထျန်းက ပြန်ဖြေသည်။ "ဟုတ်တယ်။"

လီကျန်းဟုန်၏ မျက်ခုံးများ တွန့်ချိုးသွားသည်။

ရှားပါးလှသော အခွင့်အရေးကြီးတစ်ခုသည် သူတို့ရှေ့တွင် ရှိနေခြင်းဖြစ်သည်။

ထိပ်သီးမျိုးနွယ်စုများပင် လုယူရမည့် အရာမျိုး ဖြစ်သည်။

အချိန်ဆွဲနေခြင်းမှာ အခွင့်အရေးကို လက်လွှတ်လိုက်ခြင်းပင်။

"ငါ မင်းရဲ့ ဆုံးဖြတ်ချက်ကို ယုံကြည်ပါတယ်" လီကျန်းဟုန်က ဖြည်းဖြည်းချင်း ပြောလိုက်သော်လည်း ကျေနပ်မှုအရိပ်အယောင်များမှာ သူ၏ အသံထဲတွင် ပါဝင်နေသည်။ "ဒါပေမဲ့ ဒါက အဆင့်မြင့် မြေကမ္ဘာအဆင့် ကျင့်စဉ်လေ။ ရှားပါးတယ်၊ တန်ဖိုးရှိတယ်။ မင်းက ဒါကို ဒီအတိုင်း လျစ်လျူရှုထားသင့်တယ်လို့ ပြောနေတာလား?"

သူကဆက်ပြော၏

ငါ့ဘာသာ ငါ ဆုံးဖြတ်နိုင်ပါတယ်

ထပ်မံပြောဆိုရန် ကြံရွယ်လိုက်သေးသော်လည်း ထိုစကားများ ထွက်မလာမီမှာပင် ကျောက်ဝူထျန်းက ဖြတ်ပြောလိုက်သည်။

"လီကျန်းဟုန်" သူက တိုးတိုးလေး ပြောလိုက်သည်။ "မင်း ဒါကို ထူးဆန်းတယ်လို့ မထင်ဘူးလား?"

လီကျန်းဟုန် ခေတ္တမျှ ရပ်တန့်သွားပြီး

"ထူးဆန်းတယ်...? ဘယ်လိုမျိုးလဲ?"

"အကယ်၍ ပိုင်မျိုးနွယ်စုက ဒီလိုအရာမျိုးကို အလွယ်တကူ ဖြန့်ဝေနိုင်တယ်ဆိုရင်" ကျောက်ဝူထျန်းက ဆက်ပြောသည်။ "သူတို့ကိုယ်တိုင်ရော ဘာတွေကို လေ့ကျင့်နေမယ်လို့ မင်းထင်သလဲ?"

လီကျန်းဟုန် မှင်သက်သွားသည်။

ကျောက်ဝူထျန်းက ထပ်မံ ပြောကြားလိုက်သည်။

"သူတို့ရဲ့ အမာခံ အဖွဲ့ဝင်တွေက ပြင်ပလူတွေကို ပေးတဲ့ ကျင့်စဉ်မျိုးကိုပဲ လေ့ကျင့်နေမယ်လို့ မင်းတကယ်ပဲ ယုံသလား?"

တိတ်ဆိတ်သွားသည်။

အသိတရားတစ်ခုမှာ လျှပ်စီးလက်သကဲ့သို့ ရိုက်ခတ်သွားသည်။

လီကျန်းဟုန်၏ မျက်လုံးများ ပြူးကျယ်သွားသည် "...သူတို့မှာ သာလွန်တဲ့ အရာတစ်ခုခု ရှိနေမှာပဲ။"

"အများကြီး သာလွန်မှာပေါ့" ကျောက်ဝူထျန်းက ပြောသည်။ "အကယ်၍ ဒီကျင့်စဉ်က ပိုမိုကြီးမားတဲ့ အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေမယ်ဆိုရင်၊ တစ်ခုခုကို ဖုံးကွယ်ထားမယ်ဆိုရင် ငါတို့က သူတို့ရဲ့ ပိုက်ကွန်ထဲကို ခြေစုံပစ် ဝင်သွားသလို ဖြစ်လိမ့်မယ်။"

လီကျန်းဟုန် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ ဖြည်းဖြည်းချင်း သူ ခေါင်းညိတ်လိုက်သည်။

"ဒါဆို... ငါတို့ စောင့်မယ်။"

ကျောက်ဝူထျန်းနှင့် သူ၏ အကြည့်ကို ဆုံလိုက်၏

"အခြားလူတွေကို ဒီမြေကမ္ဘာအဆင့် ကျင့်စဉ်ကို လေ့ကျင့်ခိုင်းလိုက်မယ်" သူက တည်ငြိမ်စွာ ပြောလိုက်သည်။ "ပိုင်မျိုးနွယ်စုကို ချေမှုန်းပြီးတဲ့နောက်မှာတော့၊ သူတို့ တကယ် လေ့ကျင့်နေတဲ့အရာမှန်သမျှကို ငါတို့အတွက်ပဲ သိမ်းပိုက်ကြတာပေါ့။"

All Chapters