← Chapters

တိတ်ဆိတ်စွာ ဓားသွေးခြင်း

Vol. 30 Ch. 450

တိတ်ဆိတ်စွာ ဓားသွေးခြင်း

Vol. 30 Ch. 450

ပိုင်မျိုးနွယ်စု နယ်မြေ၏ နက်ရှိုင်းသော အတွင်းပိုင်းရှိ ဝင်းခြံတစ်ခုအတွင်း ပိုင်ကျီဟန်သည် ကျောက်စိမ်းစားပွဲရှည်ကြီး တစ်ခုနောက်တွင် ထိုင်နေသည်။

သူ့ရှေ့တွင် မှတ်တမ်းလိပ်များ စနစ်တကျ စီထပ်ထား၏။

အစီရင်ခံစာများ။

အချို့က အရေးကြီးပြီး အချို့ကမူ ထူးမခြားနားလှပေ။

သူ၏ လက်ချောင်းများက စာရွက်စာတမ်းများကို တစ်ခုပြီးတစ်ခု ဖြည်းညှင်းစွာ ဖြန့်ခင်းနေပြီး သူ၏ အမူအရာမှာ တည်ငြိမ်လွန်းလှ၏

သေချာမသိသူဆိုလျှင် အင်ပါယာအနှံ့ ဖြစ်ပွားနေသော အကြမ်းဖက်မှုများကို ဖတ်ရှုနေသည်ဟု မထင်ဘဲ မျိုးနွယ်စု၏ သာမန်ကိစ္စရပ်များကိုသာ စစ်ဆေးနေသည်ဟု ထင်မှတ်ကြပေလိမ့်မည်။

"အင်ပါယာ အစောင့်တပ်တွေ ဝင်ပါလာတယ်... ဆုံးဖြတ်ချက်က လီ-ကျောက်ဘက်ကို ထပ်ယိမ်းသွားပြန်ပြီ" ပိုင်ကျီဟန်က တိုးတိုးလေး ရေရွတ်လိုက်သည်။

သူ့အသံတွင် ဒေါသအရိပ်အယောင် လုံးဝမပါဝင်ပေ

အခြေအနေကို အတည်ပြုရုံမျှသာ ဖြစ်သည်။

သူတို့က ကြားနေသယောင် ဟန်ဆောင်နေကြဆဲဖြစ်သဖြင့် လီ-ကျောက် မဟာမိတ်နှင့် အတိအလင်း ပတ်သက်ရန် မလိုလားသေးပုံရသည်။

တော်ဝင်မိသားစုသည် မည်သည့်လမ်းစဉ်က သူတို့အတွက် ပို၍ အကျိုးရှိမည်နည်းဆိုသည်ကို အကဲခတ်နေဆဲ ဖြစ်ကောင်းဖြစ်

နိုင်သည်။

မည်သို့ပင်ဖြစ်စေ၊ ပိုင်ကျီဟန်ကမူ သူတို့၏ အတွေးများကို ဂရုမစိုက်ပေ။

သူ့ကို လုပ်ကြံသတ်ဖြတ်မည့်အစီအစဉ်တွင် သူတို့ ပါဝင်ပတ်သက်ခဲ့သည့် အချိန်ကတည်းက သူတို့သည် သူ့ရန်သူများ ဖြစ်လာခဲ့ပြီးသားဖြစ်သည်။

ပိုင်ကျီဟန်က သက်ပြင်းတစ်ချက်ကို အသာအယာချရင်း မှတ်တမ်းလိပ်ကို ပြန်လည်လိပ်ပိတ်လိုက်သည်။

အခန်း၏ ဘေးတစ်ဖက်တွင်မူ ခုန်ကျန်းဟုန် သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ကိုယ်နေဟန်ထား မတ်မတ်ဖြင့် ရပ်နေ၏။

လောကကြီးက ပိုင်ကျီဟန်ကို ဒုက္ခိတတစ်ဦးအဖြစ် ထင်မြင်နှိမ့်ချနေကြသော်လည်း ခုန်ကျန်းဟုန်ကမူ အမှန်တရားကို သိရှိထားသည်။

ပိုင်ကျီဟန်တွင် ကျင့်ကြံအဆင့် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အရေးမကြီးပေ။ အဘယ်ကြောင့်ဆိုသော် သူ့ရှေ့တွင် ရှိနေသူမှာ ပိုင်ကျီဟန် ဖြစ်နေသောကြောင့်ပင်။

ကျင့်ကြံအဆင့် မရှိလျှင်ပင် သူ့ကို ဆန့်ကျင်ရန် သို့မဟုတ် နှိမ့်ချရန် မည်သူက သတ္တိရှိပါမည်နည်း။ အဖြေမှာ "လုံးဝမရှိ" ဟူ၍သာ ဖြစ်သည်။

ယခုပင် ပိုင်ကျီဟန်သည် အခြေအနေအားလုံးကို အပြည့်အဝ ထိန်းချုပ်ထားနိုင်သည်ကို သူ မြင်တွေ့နေရပြီး ပိုင်ကျီဟန်သည် ကောင်းကင်အင်ပါယာကို အုပ်စိုးရန်မှာ အချိန်ပိုင်းကိစ္စသာ ဖြစ်သည်ဟု သူ ခံစားနေရသည်။

ထိုထက်ပင် ကျော်လွန်ကောင်း ကျော်လွန်လိမ့်မည်...။

မည်သို့ပင်ဖြစ်စေ သူ၏ အဓိကတာဝန်မှာ ပိုင်ကျီဟန်၏ အမိန့်များကို မေးခွန်းထုတ်ခြင်း၊ ခန့်မှန်းခြင်းမပြုဘဲ လိုက်နာဆောင်ရွက်ရန်သာ ဖြစ်သည်။

"ခုန်ကျန်းဟုန်..." ပိုင်ကျီဟန်က ခေါင်းမဖော်ဘဲ တည်ငြိမ်စွာ ခေါ်လိုက်သည်။

"မင်းကို မင်းသမီး ယုဖေးယန်ကို စောင့်ကြည့်စေချင်တယ်"

ခုန်ကျန်းဟုန်၏ မျက်ဝန်းများ ခဏမျှ လှုပ်ခတ်သွားသော်လည်း

"အမိန့်အတိုင်းပါခင်ဗျာ”

မည်သည့်မေးခွန်းမျှ မမေးပေ။

"သူမရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ပါ။ အထူးသဖြင့် ကောင်းကင် အင်ပါယာက မဟုတ်တဲ့ လူတွေနဲ့ တွေ့ဆုံတာမျိုးရှိရင်ပေါ့" ပိုင်ကျီဟန်က ဆက်ပြောသည်။ "ပြီးတော့ ဧကရာဇ်မင်းမြတ်ကိုလည်း ဆက်ပြီး စုံစမ်းစစ်ဆေးပါ"

"စိတ်ချပါ၊ ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်”

ဧကရာဇ်နှင့် ပတ်သက်သည့် သတင်းအချက်အလက် ရယူရန် ခက်ခဲသော်လည်း သူ၏ ကြိုးစားမှုကိုသာ မြှင့်တင်ရမည်

ဖြစ်သည်။

မင်းသမီး ယုဖေးယန်နှင့် ပတ်သက်၍မူ သူ အလွန်အမင်း ခက်ခဲလိမ့်မည်ဟု မထင်ပေ။

ပိုင်ကျီဟန်က ခုန်ကျန်းဟုန်ကို ကျေနပ်စွာ ကြည့်လိုက်သည်။

သူသိသမျှ လူများထဲတွင် တော်ဝင်မိသားစုနှင့် ပတ်သက်သည့် ကိစ္စရပ်များကို စုံစမ်းရန် ခုန်ကျန်းဟုန်သာလျှင် အရည်အချင်းအရှိဆုံး ဖြစ်သည်။

ချင်လင်းရှောင်၏ အစွမ်းနှင့်ဆိုလျှင် သူမနှင့် ပတ်သက်သော သတင်းများကို စုဆောင်းရန်မှာ အန္တရာယ်များနိုင်သော်လည်း သူမအနေဖြင့် ၎င်းနောက်ကွယ်တွင် သူရှိနေသည်ဟု မည်သည့်အခါမျှ သံသယဝင်

လိမ့်မည်မဟုတ်ပေ။

ညွှန်ကြားချက်များ ပေးပြီးနောက် ပိုင်ကျီဟန်သည် နေရာမှ ထလိုက်သည်။

သူ ထိုနေရာတွင် ဆက်လက် မနေတော့ပေ။

ပြောစရာလည်း ဘာမျှ မကျန်တော့ပေ

အင်ပါယာကြီးမှာ ဂယက်ထနေသည်။

အုပ်စုအသီးသီးမှာ တစ်ဦးကိုတစ်ဦး စောင့်

ကြည့်နေကြပြီး လူတိုင်းသည် တစ်ခုခု ဖြစ်လာတော့မည်ကို စောင့်ဆိုင်းနေကြခြင်းသာ ဖြစ်သည်။

သို့သော် ထိုအခြေအနေမှာ သူ့အတွက် အားသာချက် ဖြစ်လာလိမ့်မည်။

အချိန်ကြာကြာ စောင့်ဆိုင်းရလေ ကောင်းကင်အမိန့်တော် တစ်သားတည်းကျင့်စဉ်ကို ပိုမိုကျင့်ကြံနိုင်လေ ဖြစ်မည်။

သူသည် သူ၏ ကျင့်ကြံခန်းဆီသို့ ဦးတည်လိုက်သည်။

တံခါးပိတ်လိုက်သည်နှင့် ပြင်ပလောကကြီးမှာ ပျောက်ကွယ်သွားပြီး တိတ်ဆိတ်ငြိမ်သက်ခြင်းက လွှမ်းမိုးသွားတော့သည်။

ပိုင်ကျီဟန် ခဏမျှ ငြိမ်သက်စွာ ရပ်နေပြီးနောက် သူ၏ လက်သီးကို ဖြည်းညှင်းစွာ ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

ချင်လင်းရှောင်နှင့် တွေ့ဆုံပြီးနောက်၊ သူမ၏ အစွမ်းကို မျက်မြင်တွေ့ရှိပြီးနောက်တွင် သူ တစ်ခုခုကို ရှင်းရှင်းလင်းလင်း နားလည်သွားခဲ့သည်။

အခြားသူများ ကြောက်ရွံ့နေကြသည့် အစွမ်းမှာ သူ့အတွက် လုံလောက်မှု မရှိသေးပေ။

နောက်နှစ်အနည်းငယ်အတွင်း သတ်ပစ်မည်ဟု ကတိပေးထားသော မိုကျွင်းပင်လျှင် သူမနှင့် ယှဉ်လျှင် ဘာမျှမဟုတ်ပေ။

သူမသည် သူ၏ အစီအစဉ်များထဲတွင် အကြီးမားဆုံး အပြောင်းအလဲ တစ်ခု ဖြစ်သည်။

သူမကဲ့သို့ အစွမ်းရှိသူကို မည်သို့သော နည်းစနစ်များ သုံးသည်ဖြစ်စေ ယခုလက်ရှိ သူ၏ စွမ်းရည်ဖြင့် ကိုင်တွယ်ရန်မှာ မဖြစ်နိုင်သေးပေ။

သူ့မှာ အချိန်လည်း အများကြီး မရှိတော့ပေ။

အကြောင်းရင်းကို မသိရသေးသော်လည်း ချင်လင်းရှောင်၏ ပစ်မှတ်မှာ ပိုင်မျိုးနွယ်စု ဖြစ်နေသည်မှာ ထင်ရှားသည်။

မည်သို့ပင်ဖြစ်စေ၊ ရှောင်လွှဲ၍မရသော ကိစ္စများ ရောက်ရှိလာချိန်အတွက် သူ ပြင်ဆင်ထားရမည်။

သူသည် အစီအရင်၏ အလယ်တွင် ထိုင်ချလိုက်ရာ ဝိညာဉ်ချီများသည် သူ့ပတ်ပတ်လည်တွင် စတင်လည်ပတ်လာတော့သည်။

ဝိညာဉ်ချီများမှာ ဒီရေအလား အတွင်းသို့ တိုးဝင်လာ၏။

"ကျင့်ကြံဖို့ အချိန်တန်ပြီ”

ပိုင်ကျီဟန်သည် အလယ်ဗဟိုတွင် အပြည့်အဝ ထိုင်ချလိုက်၏

ထို့နောက် လက်ကို မြှောက်လိုက်သည်။

သူ၏ လက်ဖဝါးပေါ်တွင် ကျောက်စိမ်းပုလင်းလေးတစ်လုံး ရှိနေသည်။

အဆင့် ၈ ကုသရေးဆေးလုံး

ဤဆေးလုံးများကို ရှီယုက ပေးခဲ့ခြင်းဖြစ်သည်။

ပိုင်ကျီဟန်၏ အကြည့်မှာ ထိုပုလင်းပေါ်တွင် ခဏမျှ ရပ်တန့်နေသည်။

အကယ်၍ သူသာ ဤဆေးလုံးများကို သောက်သုံးလိုက်လျှင် သူ၏ အတွင်းဒဏ်ရာနှင့် အပြင်ဒဏ်ရာ နှစ်မျိုးလုံးမှာ လုံးဝဥဿုံ ပျောက်ကင်းသွားလိမ့်မည်။

သူ၏ သွေးကြောများသည် ပြည့်စုံစွာ ပြန်လည်ကောင်းမွန်လာမည်ဖြစ်ပြီး ခန္ဓာကိုယ်မှာလည်း မည်သည့် ဘေးထွက်ဆိုးကျိုးမျှမရှိဘဲ အကောင်းဆုံး အခြေအနေသို့ ပြန်ရောက်သွားမည်ဖြစ်သည်။

ပြင်ပလူများအတွက်မူ ဤသည်မှာ အထင်ရှားဆုံးသော ရွေးချယ်မှု ဖြစ်ပေလိမ့်မည်။

သို့သော် ပိုင်ကျီဟန်ကမူ သူ၏ လက်ချောင်းများကို ပြန်စိလိုက်ပြီး ပုလင်းကို သိုလှောင်လက်စွပ်ထဲသို့ ပြန်ထည့်လိုက်သည်။

"မလိုသေးပါဘူး"

သူ၏ ဒဏ်ရာများသည် လောကကြီးက ယုံကြည်ထားသလောက် မပြင်းထန်ပေ။

အနည်းငယ်တော့ ဒုက္ခပေးသည်မှာ မှန်သော်လည်း ထိန်းချုပ်၍ ရသလို၊ ပို၍ အရေးကြီးသည်မှာ ပြန်လည်ကုသနိုင်သည့် အခြေအနေတွင် ရှိနေသည်။

ဤဆေးလုံးများသည် သင့်တော်သည့် အချိန်တွင် အသုံးပြုလျှင် ပို၍ တန်ဖိုးရှိပေလိမ့်မည်။

တစ်နေ့တွင် သူ၏ အသက်ကို ကယ်တင်နိုင်ကောင်း ကယ်တင်နိုင်လိမ့်မည်။

ထိုသို့ ဆုံးဖြတ်ပြီးနောက် ပိုင်ကျီဟန်သည် တည်ငြိမ်သော အမူအရာဖြင့် သူ၏ စိတ်အာရုံကို အတွင်းသို့ လှည့်လိုက်သည်။

နောက်ထပ် ဆုံးဖြတ်ချက်တစ်ခု ချရဦးမည်။

မည်သည့် ကျင့်စဉ်ကို အသုံးပြုမည်နည်း။

အနန္တသက်ရှူခြင်းကျင့်စဉ်လော သို့မဟုတ် ကောင်းကင်အမိန့်တော် တစ်သားတည်းကျင့်စဉ်လော။

အဆင့်အတန်းအရဆိုလျှင် ဒုတိယတစ်ခုက ပို၍ အဆင့်မြင့်သည်။

ဤကျင့်စဉ်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခုဖြစ်ပြီး ၎င်း၏ မပြည့်စုံသော ဗားရှင်းများကို ကျင့်ကြံထားသူများအပေါ် အကြွင်းမဲ့ ထိန်းချုပ်နိုင်စွမ်းရှိသည်။

ထို့ကြောင့်ပင် ၎င်းကို အဆင့်မြင့်ကျင့်စဉ်အဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။

သို့သော် ပိုင်ကျီဟန်က လူတိုင်းထက် ပို၍ နားလည်ထားသည်။

စင်စစ် ကျင့်ကြံမှု အရှိန်နှုန်းအရဆိုလျှင် ၎င်းသည် အနန္တအသက်ရှူခြင်းကျင့်စဉ်ထက် သိသိသာသာ ပိုမသာလွန်ပေ။

၎င်း၏ စစ်မှန်သော တန်ဖိုးမှာ အခြားနေရာတွင် ရှိသည်။

ထိန်းချုပ်ခြင်းနှင့်

လွှမ်းမိုးခြင်း။

ပိုင်ကျီဟန်သည် ၎င်းကို သင်ယူပြီး ဖြစ်သလို

လေ့ကျင့်ပြီးလည်း ဖြစ်သည်။

သို့သော် သူသည် ထိုကျင့်စဉ်ကို တစ်ခုတည်းသော ရည်ရွယ်ချက်အတွက်သာ အသုံးပြုသည်။

အခြားသူများကို ထိန်းချုပ်ရန်နှင့် အသုံးချရန်အတွက်သာ ဖြစ်၏။

ကျင့်ကြံရန်အတွက် မဟုတ်ပေ။

"အနန္တသက်ရှူခြင်းကျင့်စဉ် “

မိမိ ကျွမ်းကျင်ပိုင်နိုင်ပြီးသားအရာဖြင့်သာ ဆက်လက်ကျင့်ကြံခြင်းက ပို၍ကောင်းမွန်ပေသည်။ အထူးသဖြင့် ကျင့်စဉ်ပြောင်းလဲခြင်းကြောင့် လက်ငင်းအကျိုးကျေးဇူး မရှိနိုင်သည့် အခြေအနေမျိုးတွင် ဖြစ်၏။

သူသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ အသက်ရှူလိုက်တိုင်း ပတ်ဝန်းကျင်ရှိ ဝိညာဉ်ချီများသည် သူ့အတွင်းသို့ စီးဝင်လာပြီး သူ အကြိမ်ပေါင်းများစွာ လေ့ကျင့်ခဲ့ဖူးသည့် ပုံစံအတိုင်း သွေးကြောများအတွင်း လည်ပတ်သွားတော့သည်။

ဝိညာဉ်ချီများသည် မည်သည့် အဟန့်အတားမျှမရှိဘဲ ချောမွေ့စွာ စီးဆင်းနေပြီး မူလကတည်းက ထိုနေရာတွင် ရှိနေခဲ့သကဲ့သို့ နာခံမှုရှိလှသည်။

(ကျင့်ကြံတဲ့နေရာမှာတော့ ပြဿနာမရှိပုံပဲ)

ထိုအခါမှသာ ပိုင်ကျီဟန်သည် ကျောက်စိမ်းပုလင်း အချို့ကို ထုတ်လိုက်သည်။ ထိုပုလင်းများထဲတွင် ကျင့်ကြံခြင်းဆိုင်ရာ ဆေးလုံးများ အပြည့်ရှိနေ၏။

သူ့မိခင်ကိုယ်တိုင် ဖော်စပ်ပေးထားသော ဆေးလုံးများ။

ပိုင်မျိုးနွယ်စု၏ ဘဏ္ဍာတိုက်မှ ထုတ်ယူလာသော၊ ပြင်ပလောကတွင် တစ်လုံးလျှင်ပင် တန်ဖိုးဖြတ်မရနိုင်သော ဆေးလုံးများ။

သူ မတွန့်ဆုတ်တော့ပေ။

ပုလင်းများကို တစ်ခုပြီးတစ်ခု ဖွင့်လိုက်သည်။

ဆေးစွမ်းအင်များသည် သူ၏ ခန္ဓာကိုယ်အတွင်းသို့ ဒလဟော စီးဝင်သွားပြီး လည်ပတ်နေသော ဝိညာဉ်စွမ်းအင်များနှင့် ထိတွေ့ကာ သွေးကြောများအတွင်းသို့ ချောမွေ့စွာ ပျော်ဝင်သွားတော့သည်။

နွေးထွေးမှုတစ်ခုမှာ သူ၏ တစ်ကိုယ်လုံးသို့ ပြန့်နှံ့သွားပြီး ဒဏ်ရာများကို ပြုပြင်ပေးခြင်း၊ အားဖြည့်ပေးခြင်းနှင့် ခိုင်မာစေခြင်းတို့ကို ပြုလုပ်ပေးနေသည်။ ပျက်စီးနေသော သွေးကြောများကြောင့် သူ ဝိညာဉ်ချီကို စတင်လည်ပတ်လိုက်သည်နှင့် ခန္ဓာကိုယ် ပျက်စီးသွားလိမ့်မည်ဟု လူအများက ယုံကြည်ထားကြ၏

သို့သော်လည်း အစပိုင်းတွင် အနည်းငယ် နေထိုင်မကောင်းသလို ခံစားရသည်မှအပ စိုးရိမ်ရသည့်ကိစ္စ ဘာမျှမဖြစ်ပေါ်ခဲ့ပေ။

ပြင်ပလောကတွင်မူ မုန်တိုင်းကြီးမှာ မတိုက်ခတ်သေးချေ

သို့သော်လည်း လေပြင်းများကမူ နေရာအနှံ့ ရှိနေပြီဖြစ်သည်။ကောင်းကင် အင်ပါယာကြီးတစ်ခုလုံးတွင် ပဋိပက္ခများမှာ မရပ်မနား ဆူပွက်နေ၏။

စျေးများတွင် အငြင်းပွားမှုများ ဖြစ်ပွားနေဆဲ၊ ဂိုဏ်းတံခါးများမှာလည်း တစ်ဖက်သတ် အမှတ်အသားပါသူများအတွက် ပိတ်ထားဆဲဖြစ်ပြီး စကားလုံးများဖြင့် မဖြေရှင်းနိုင်တော့သည့် လမ်းကြားလေးများထဲတွင် သွေးမြေကျမှုများ ရှိနေဆဲပင်။

သို့သော်

မျက်နှာပြင်အောက်တွင် ထူးဆန်းသော အရာတစ်ခု ဖြစ်ပျက်နေသည်။

မဟာမိတ်နှစ်ခုကြား ရန်လိုမှုများ မြင့်တက်နေစဉ်မှာပင် အင်ပါယာအတွင်း၌ မကြုံစဖူးသော ကျင့်ကြံခြင်း လှိုင်းလုံးကြီးတစ်ခု ဖြတ်သန်းသွားခဲ့သည်။

လူတိုင်းသည် အရင်ကထက်ပို၍ ပြင်းပြင်းထန်ထန် ကျင့်ကြံနေကြသည်။

အဆင့်မြင့် မြေကမ္ဘာအဆင့် ကျင့်စဉ်များသည် အင်အားကြီးအဖွဲ့အစည်းတစ်ခုတည်း၏ အခွင့်ထူးခံ မဟုတ်တော့ဘဲ အင်ပါယာ၏ စံနှုန်းသစ်တစ်ခု ဖြစ်လာခဲ့သည်။

တစ်ချိန်က စစ်မက်ဖြစ်ပွားစေနိုင်လောက်အောင် တန်ဖိုးကြီးသည့် ရတနာတစ်ခုမှာ—

ယခုအခါတွင်မူ မိမိဘက်တော်သား မှန်ကန်စွာ ရွေးချယ်တတ်လျှင် သို့မဟုတ် ဖြစ်လာမည့်အရာအတွက် ပြင်ဆင်ထားလျှင် ရရှိနိုင်သော အရာတစ်ခု ဖြစ်လာခဲ့သည်။

တစ်ကိုယ်တော် ကျင့်ကြံသူများသည် လနှင့်ချီ၍ ဂူများအတွင်း အောင်းကာ ကျင့်ကြံနေကြသည်။

မျိုးနွယ်စု အသေးလေးများသည်လည်း သူတို့၏ နောက်ဆုံးလက်ကျန် ရင်းမြစ်အားလုံးကို ဆေးလုံးများ၊ ဝိညာဉ်ကျောက်တုံးများနှင့် ကျင့်ကြံခန်းများအတွက် ပုံအောသုံးစွဲနေကြ၏။

တစ်ချိန်က ရန်စောင်ခြင်းဖြင့် အချိန်ဖြုန်းခဲ့သော ဂိုဏ်းသားများသည် ယခုအခါ တိတ်ဆိတ်စွာ ပြိုင်ဆိုင်နေကြပြီး စကားလုံးများဖြင့် မဟုတ်ဘဲ ကျင့်ကြံဆင့် တက်လှမ်းမှုများဖြင့်သာ အစွမ်းပြနေကြသည်။

ပြောရလျှင်

ကောင်းကင်အင်ပါယာ၏ စုစုပေါင်းအင်အားမှာ မြင့်တက်လာနေသည်။

အလွန် လျင်မြန်စွာပင်။ ထိုအချက်ကပင် အခြေအနေကို ပို၍ အန္တရာယ်များစေသည်။ ပိုင်မျိုးနွယ်စုအတွင်း၌မူ ဤအပြောင်းအလဲမှာ ပို၍ပင် သိသာထင်ရှားသည်။ ပြင်ပလောကက လူအင်အားစုဆောင်းခြင်းနှင့် နိုင်ငံရေး ကစားကွက်များကို အာရုံစိုက်နေချိန်တွင် ပိုင်မျိုးနွယ်စုကိုယ်တိုင်ကမူ အပြင်းအထန် အင်အားစုစည်းသည့် ကာလတစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်။

မဟာမိတ်များက အရေးကြီးသော်လည်း စစ်မှန်သော အင်အားကသာ အရာရာ၏ အထက်မှာ ရှိသည်။ ဆယ်စုနှစ်ပေါင်းများစွာ လူလုံးမပြခဲ့သည့် အကြီးအကဲများသည် ခဏတဖြုတ် ပေါ်လာပြီးနောက် ကျင့်ကြံခြင်း ဂူများအတွင်းသို့ ပြန်လည်ဝင်ရောက် ပျောက်ကွယ်သွားကြသည်။

မဟာအကြီးအကဲကြီးများမှာလည်း သူတို့၏ တာအိုကို အချောသတ်နေကြ၏။

သူတို့၏ အထွက်အထိပ်ကာလ ကျော်လွန်သွားပြီဟု လက်ခံထားသူများပင်လျှင် နောက်ထပ် တစ်လှမ်းတိုးနိုင်ရန် အသည်းအသန် ကြိုးစားနေကြသည်။

ပိုင်မျိုးနွယ်စုသည် နယ်မြေချဲ့ထွင်နေရုံတင် မဟုတ်ဘဲ

မိမိကိုယ်မိမိ ပြန်လည် ဓားသွေးနေခြင်းလည်း ဖြစ်သည်။

လီ-ကျောက် မဟာမိတ်ဘက်မှာမူ

သူတို့ ဘာလုပ်နေသည်ကို မည်သူမျှ အသေအချာ မသိကြပေ။

အချို့ကမူ သူတို့ ခိုးယူထားသည့် ကျင့်စဉ်၏ ချို့ယွင်းချက်များ မပေါ်လာမီ အပြည့်အဝ နားလည်သဘောပေါက်အောင် ကျင့်ကြံနေကြသည်ဟု တီးတိုးပြောဆိုကြသည်။ အချို့ကမူ ကျင့်ကြံခြင်းတစ်ခုတည်းက ရလဒ်ကို မဆုံးဖြတ်နိုင်တော့မည့် အချိန်ကို စောင့်ဆိုင်းရင်း အင်အားစုဆောင်းနေကြသည်ဟု ယုံကြည်ကြသည်။

ထို့ပြင် ပို၍ ဆိုးဝါးသော ကောလာဟလများလည်း ရှိနေသေးသည်။

လျှို့ဝှက် အကြံအစည်များ။

ကျင့်ကြံခြင်းနှင့် လုံးဝမသက်ဆိုင်သော ပြင်ဆင်မှုများ။

မည်သူမျှ အတည်မပြုနိုင်သော်လည်း ထိုတိတ်ဆိတ်မှုကပင် ပို၍ ရင်လေးစရာ ကောင်းနေတော့သည်။

ဤသို့ဖြင့် ကောင်းကင် အင်ပါယာကြီးသည် ထူးဆန်းသော တည်ငြိမ်မှုတစ်ခုအတွင်းသို့ ရောက်ရှိသွားသည်။

ရန်ပွဲများ နေ့စဉ်ဖြစ်ပွါးနေ၏

အဆင့်တက်လှမ်းမှုများလည်း နေ့စဉ်ရှိနေသည်။

မုန်းတီးမှုများ နက်ရှိုင်းလာသလို

အခြေခံ အုတ်မြစ်များလည်း ပိုမိုခိုင်မာလာသည်။

ဒါဟာ ရုန်းရင်းဆန်ခတ် ဖြစ်နေသလို

တည်ငြိမ်နေခြင်းလည်း ဖြစ်သည်။

ကြည့်ရသည်မှာ လူတိုင်းသည် မိမိတို့၏ ဓားများကို တိတ်ဆိတ်စွာ သွေးနေကြပုံရလေပြီ။

All Chapters