← Chapters

ရှေးဟောင်းကာလ ( ၂)

Vol. 30 Ch. 419

ရှေးဟောင်းကာလ ( ၂)

Vol. 30 Ch. 419

သူတို့နှစ်ဦးကြားရှိ ကွာဟချက်မှာ တဖြည်းဖြည်း သိသာထင်ရှားလာခဲ့သည်။

၎င်းအပြင် အခြားသော ကုမိသားစုမျိုးဆက်များကြားတွင် သိသာထင်ရှားသော အပြောင်းအလဲများ မရှိခဲ့ပေ။

ဘာပဲဖြစ်ဖြစ် တစ်နှစ်ဆိုသော အချိန်ကာလမှာ အလွန်လည်းမရှည်၊ အလွန်လည်းမတိုလှပေ။ ကုယန်နှင့် အခြားသူများမှာ တာအိုနန်းတော်နယ်ပယ်သို့ ခြေချပြီးဖြစ်၍ ထပ်မံတိုးတက်ရန်မှာ သဘာဝအတိုင်း မလွယ်ကူလှပေ။

…

နွေကုန်လို့ ဆောင်းကူး၊

နောက်ထပ် ခြောက်လမှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြန်သည်။

ဤခြောက်လအတွင်း သိုင်းနတ်ဘုရားမင်းဆက်သည် ရှေးဟောင်းသားရဲတောင်တန်းဆီသို့ စစ်အင်အားများ ထပ်မံစေလွှတ်ခဲ့ပြီး တစ်ခါက ပျက်စီးသွားခဲ့သော ရှေးဟောင်းသားရဲ ကိုးမြို့တော်ကို ပြန်လည်တည်ထောင်ခဲ့သည်။

သို့သော်လည်း ယခုအခါ ရှေးဟောင်းသားရဲ ကိုးမြို့တော်တွင် အမည်သစ်တစ်ခု ရှိနေပြီဖြစ်သည်။

နတ်ဆိုးနှိမ်နင်းရေး ကိုးမြို့တော်။

နတ်ဆိုးဟု ဆိုရာ၌ နတ်ဆိုးဝိညာဉ်ကို ရည်ညွှန်းခြင်းဖြစ်သည်။

ရှေးဟောင်းသားရဲတောင်တန်းရှိ နတ်ဆိုးဝိညာဉ်များကို နှိမ်နင်းပြီးဖြစ်၍ ကုယန်သည် ထိုတိုက်ပွဲကို အထိမ်းအမှတ်ပြုရန် နတ်ဆိုးနှိမ်နင်းရေး ကိုးမြို့တော်ကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် ကိုးမြို့တော်တွင် တပ်စွဲထားသော စစ်တပ်သည် ရှေးဟောင်းသားရဲတောင်တန်းကို စတင်စူးစမ်းလေ့လာခဲ့ကြသည်။

ကိုးပြည်နယ်နှင့် အရှေ့ပိုင်းနယ်မြေကြားရှိ အတားအဆီးတစ်ခုဖြစ်သော ရှေးဟောင်းသားရဲတောင်တန်းသည် အဆုံးမရှိအောင် ရှည်လျားလှပြီး မရေမတွက်နိုင်သော သားရဲရိုင်းများနှင့် ထိုနေရာတွင် သေဆုံးခဲ့ကြသော မရေမတွက်နိုင်သော ကျင့်ကြံသူများ ရှိနေသည်။

နှစ်ပေါင်းများစွာအတွင်း ရှေးဟောင်းသားရဲတောင်တန်းသည် မြောက်မြားစွာသော အခွင့်အလမ်းများကို ဖုံးကွယ်ထားခဲ့သည်။

ဤအခွင့်အလမ်းများသည် အခြားသော အင်အားစုများအတွက် အလွန်အမင်း ဆွဲဆောင်မှုရှိလှသည်။

နန်းတော်အတွင်း ညီလာခံတွင် အမတ်များ စုံညီစွာ တက်ရောက်နေကြသည်။

ကုယန်သည် အောက်ရှိ အရာရှိများကို ကြည့်လိုက်ပြီး နောက်ဆုံးတွင် ရှေ့ဆုံး၌ ရပ်နေသော ရှီကျန့်ဆီသို့ အကြည့်ရောက်သွားသည်။

"ရှီကျန့်... ငါကိုယ်တော်က မင်းကို ငါ့ရဲ့ သိုင်းနတ်ဘုရားမင်းဆက်အတွက် အထူးရွေးချယ်ထားတဲ့ အထူးတပ်ဖွဲ့တစ်ခုကို လေ့ကျင့်ပေးဖို့ ဆယ်နှစ် အချိန်ပေးခဲ့တယ်။ မင်း အောင်မြင်ခဲ့ရဲ့လား"

"အရှင်မင်းကြီး... ကောင်းကင်ဂိုဏ်းရဲ့ စစ်သည် သုံးသောင်းခြောက်ထောင်လုံးဟာ သိုင်းအရှင်သခင်နယ်ပယ်ကို ရောက်ရှိနေပါပြီ။ ကောင်းကင်ဂိုဏ်း နတ်ဘုရားသတ်ဖြတ်ခြင်း အစီရင်နဲ့ ပေါင်းစည်းလိုက်မယ်ဆိုရင် တာအိုနန်းတော်နယ်ပယ်မှာ ရှိသူတွေကိုတောင် နှိမ်နင်းနိုင်ပါတယ်"

"ဒါ့အပြင် နတ်ဘုရားတန်ခိုးဂိုဏ်း နဲ့ တောင်နှိမ်နင်းရေးဂိုဏ်းနှစ်ခုလုံးမှာ အတွေ့အကြုံရင့် စစ်သည်တော် အထူးတပ်သား တစ်သန်းစီ ရှိပါတယ်။ သူတို့ထဲမှာ အားအနည်းဆုံးသူကတောင် အရိုးတွင်းခြင်ဆီသန့်စင်ခြင်းနယ်ပယ် မှာ ရှိနေပြီး အသန်မာဆုံးသူတွေကတော့ နတ်ဘုရားအသွင်ပြောင်းခြင်းနယ်ပယ် ထဲကို ခြေချနေပါပြီ။"

"ဂိုဏ်းသုံးခုလုံးက အထူးတပ်သားတွေဟာ တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေပါပြီ"

၎င်းကို ကြားလိုက်ရသည့်အခါ အမတ်များ၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။

နန်းတွင်းက နှစ်ပေါင်းများစွာ စစ်သည်များကို အပြင်းအထန် လေ့ကျင့်ပေးနေသည်ကို သူတို့ သိရှိသော်လည်း ဤမျှ အစွမ်းထက်သော အင်အားစုများ ထွက်ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။

အဓိက ဂိုဏ်းကြီးသုံးခုလုံးက အထူးတပ်သားတွေချည်းပဲ

နတ်ဘုရားတန်ခိုးဂိုဏ်းနှင့် တောင်နှိမ်နင်းရေးဂိုဏ်းကို ခဏဘေးဖယ်ထားဦး၊ ကောင်းကင်ဂိုဏ်း၏ စစ်သည် သုံးသောင်းခြောက်ထောင်လုံး သိုင်းအရှင်သခင်နယ်ပယ်သို့ ရောက်ရှိနေခြင်းမှာ အံ့အားသင့်ဖွယ် ကောင်းလှသည်။

စဉ်းစားကြည့်ရလျှင် ယနေ့ခေတ် ကိုးပြည်နယ်တွင် သိုင်းအရှင်သခင် တစ်ဦးတည်းနှင့်ပင် ဂိုဏ်းတစ်ခု တည်ထောင်နိုင်သည်။

သိုင်းလောက တစ်ခုလုံးမှာတောင် သိုင်းအရှင်သခင် အရေအတွက် ဒီလောက်အထိ ရှိချင်မှ ရှိပေလိမ့်မည်။

ဒါပေမဲ့ အခုတော့ ကောင်းကင်ဂိုဏ်း တစ်ခုတည်းမှာတင် သိုင်းအရှင်သခင် သုံးသောင်းခြောက်ထောင် ရှိနေပြီ။

အကယ်၍ ဤသတင်းသာ ပြန့်သွားပါက ကမ္ဘာကြီးကို တုန်လှုပ်သွားစေပေလိမ့်မည်။

ဤကိစ္စနှင့် ပတ်သက်၍ ကုယန်သည် အလွန်အမင်း အံ့အားမသင့်ပေ။

ဤအထူးတပ်သား ဂိုဏ်းသုံးခုကို လေ့ကျင့်ပေးရန် သိုင်းနတ်ဘုရားမင်းဆက်က မည်မျှအထိ အဖိုးအခ ပေးခဲ့ရသည်ကို သူကိုယ်တိုင်သာ သိသည်။

ရှေးဟောင်းသားရဲတောင်တန်းမှ ရရှိသော အရင်းအမြစ် ကိုးဆယ်ရာခိုင်နှုန်းကို ဤဂိုဏ်းသုံးခုအတွက် ခွဲဝေပေးခဲ့ပြီး ရှေးဟောင်းမြင့်မြတ်သော နယ်မြေ မှ အရင်းအမြစ်များကိုလည်း သူတို့ဘက်သို့ အလေးသာစွာ ပံ့ပိုးပေးခဲ့သည်။

ဤမျှ များပြားလှသော ရင်းနှီးမြှုပ်နှံမှုကြောင့်သာ ဤအထူးတပ်သား ဂိုဏ်းသုံးခုကို အချိန်တိုအတွင်း လေ့ကျင့်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

ရှီကျန့် စကားပြောပြီးသောအခါ ကုယန်၏ မျက်နှာတွင် ကျေနပ်သည့် အမူအရာ ပေါ်လာသည်။

"ကောင်းပြီ... ဒီအထူးတပ်သား ဂိုဏ်းသုံးခုနဲ့ဆိုရင် ငါ့ရဲ့ သိုင်းနတ်ဘုရားမင်းဆက်ဟာ အရှေ့ပိုင်းနယ်မြေကို ထိန်းချုပ်နိုင်ပြီ"

ဤသို့ပြောရင်း ကုယန်က ခဏရပ်ကာ ဆက်ပြောသည်။

"ရှီကျန့်"

"ကျွန်တော်မျိုး ရှိပါတယ်"

"ငါကိုယ်တော်က မင်းကို အောင်နိုင်ရေးတပ်မတော်ရဲ့ စစ်သေနာပတိချုပ်အဖြစ် ခန့်အပ်လိုက်တယ်။ ကောင်းကင်ဂိုဏ်း၊ နတ်ဘုရားတန်ခိုးဂိုဏ်းနဲ့ တောင်နှိမ်နင်းရေးဂိုဏ်းတွေကို ဦးဆောင်ပြီး ထိုက်ယန်ခရိုင် ကိုတိုက်ခိုက်ပါ"

"အမိန့်တော်အတိုင်း နာခံပါ့မယ်"

ရှီကျန့်သည် တုန်လှုပ်သွားပြီး ချက်ချင်းပင် လက်အုပ်ချီကာ အမိန့်ကို လက်ခံလိုက်သည်။

ထို့နောက် ကုယန်က အခြားသူများကို ကြည့်လိုက်သည်။

"ရွှယ်ချိန်၊ကျန်းမို၊ ထုံလင်းဖုန်းမင်းတို့ သုံးယောက်ဟာလည်း ကိုယ့်ရဲ့ ရွှယ်တပ်ဖွဲ့၊ ကျန်းတပ်ဖွဲ့နဲ့ ထုံတပ်ဖွဲ့တွေကို အသီးသီးဦးဆောင်ပြီး စစ်တပ်နဲ့ ပူးပေါင်းရမယ်။ မင်းတို့ဟာ ဒုတိယစစ်သေနာပတိတွေအဖြစ် တာဝန်ယူရမှာဖြစ်ပြီး စစ်တပ်ထွက်ခွာတဲ့အခါ ရှီကျန့်ရဲ့ အမိန့်ကို နာခံရမယ်"

"အမိန့်တော်အတိုင်း နာခံပါ့မယ်"

ရွှယ်ချိန်၊ ကျန်းမော့နှင့် ထုံလင်းဖုန်းတို့သည် တစ်ပြိုင်နက် ရှေ့သို့တိုးကာ အမိန့်ကို လက်ခံလိုက်ကြသည်။

သူတို့ သုံးဦးစလုံးသည် နန်းတွင်း၏ စစ်ဗိုလ်ချုပ်ကြီးများဖြစ်ပြီး ကိုယ်ပိုင်တပ်ဖွဲ့များကို အသီးသီး ကွပ်ကဲနေသူများ ဖြစ်သည်။

သူတို့၏ စစ်တပ်များသည် အထူးတပ်သားများလောက် အစွမ်းမထက်သော်လည်း အရေအတွက်ဖြင့် အစားထိုးနိုင်ပေသည်။

သိုင်းနတ်ဘုရားမင်းဆက်၏ လက်ရှိ ကိုးပြည်နယ်အုပ်ချုပ်မှုအောက်တွင် နှစ်ပေါင်းများစွာ နာလန်ထူလာခဲ့ပြီးနောက် လူဦးရေမှာ များစွာ တိုးတက်လာခဲ့ရာ ယခင်မင်းဆက် အဆုံးသတ်ကာလနှင့် နှိုင်းယှဉ်လျှင် ဆယ်ဆထက်မက ပိုများလာသည်။

ထို့ကြောင့် စစ်တပ်ဂိုဏ်းကြီး သုံးခု။

တစ်ခုစီတွင် စစ်သည် ငါးသန်းစီ ပါဝင်သည်။

ဂိုဏ်းသုံးခု စုစုပေါင်း စစ်သည် ၁၅ သန်း ရှိသည်။

ဤအရေအတွက်မှာ အမှန်ပင် အံ့အားသင့်ဖွယ် ကောင်းလှသည်။

"ငါကိုယ်တော် မင်းတို့ကို တစ်နှစ် အချိန်ပေးမယ်။ ထိုက်ယန်ခရိုင်ပေါ်မှာ သိုင်းနတ်ဘုရားမင်းဆက်ရဲ့ အောင်လံတော် လွှင့်ထူထားတာကို မြင်ချင်တယ်"

ကုယန်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။

ထိုက်ယန်ခရိုင်သည် ကွေ့ယွမ်မင်းဆက် ၏ ထိန်းချုပ်မှုအောက်ရှိ နယ်မြေတစ်ခု ဖြစ်သည်။

ယခုအခါ သိုင်းနတ်ဘုရားမင်းဆက်က စစ်အင်အား စတင်လှုပ်ရှားရန် စီစဉ်နေပြီဖြစ်ရာ ၎င်း၏ ပထမဆုံးပစ်မှတ်မှာ သဘာဝအတိုင်း ကွေ့ယွမ်မင်းဆက်ပင် ဖြစ်သည်။

"စိတ်ချပါ အရှင်မင်းကြီး... တစ်နှစ်အတွင်း ထိုက်ယန်ခရိုင်ကို သိမ်းပိုက်ပါ့မယ်၊ မအောင်မြင်ခဲ့ရင် စစ်ဥပဒေအတိုင်း အပြစ်ပေးတာကို ကြည်ကြည်ဖြူဖြူ လက်ခံပါ့မယ်"

ရှီကျန့်သည် ချက်ချင်းပင် စစ်သည်တော် ကတိသစ္စာပြုလိုက်ရာ ကုယန်မှာ ကျေနပ်သွားပြီး ခေါင်းညိတ် အသိအမှတ်ပြုလိုက်သည်။

ထို့နောက်တွင် ညီလာခံသည် နောက်ထပ် တစ်နာရီခန့် ဆက်လက်ဆွေးနွေးပြီးမှ နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့သည်။

ညီလာခံပြီးဆုံးသောအခါ အရာရှိအားလုံးသည် ရှုပ်ထွေးသော မျက်နှာအမူအရာများဖြင့် အလျင်အမြန် ထွက်ခွာသွားကြသည်။

အခြားရွေးချယ်စရာ မရှိပေ။

ယနေ့ ညီလာခံတွင် ဖြစ်ပျက်ခဲ့သည့် အရာများက သူတို့ကို အမှန်တကယ် တုန်လှုပ်သွားစေသည်။

သိုင်းနတ်ဘုရားမင်းဆက်က စစ်အင်အား လှုပ်ရှားတော့မည်ဟူသော သတင်းမှာ လူထုကြားတွင် ပျံ့နှံ့နေပြီး အားလုံးက ခန့်မှန်းနေကြသည့် အရာဖြစ်သော်လည်း အမှန်တကယ် လက်တွေ့အကောင်အထည်ဖော်ခြင်းက သူတို့၏ နှလုံးသားထဲတွင် လှုပ်ခတ်မှု ဖြစ်စေခဲ့သည်။

စစ်ဖြစ်ပြီဆိုလျှင် အရာရာတိုင်း ပတ်သက်ဆက်နွှယ်နေသည်ကို နားလည်ထားရန် လိုအပ်သည်။

အထူးသဖြင့် အစုအဖွဲ့အသီးသီး၏ အကျိုးစီးပွားများ ဖြစ်သည်။

သို့သော်လည်း ကုယန်သည် ပြင်ပလောက၏ တုန်လှုပ်မှုကို အာရုံမစိုက်ပေ။ သူသည် ယခုအခါ ဘုရင့်စာကြည့်ခန်းထဲတွင် ရောက်ရှိနေပြီး လျို့ဝှက်အစောင့်အရှောက်များ ယူဆောင်လာသော သတင်းပို့ချက်များကို ကြည့်နေသည်။

"အရှင်မင်းကြီးကို တင်ပြပါတယ်... အခု ရှေးဟောင်းမြင့်မြတ်သော နယ်မြေ မှာ နတ်ဆိုးဝိညာဉ်တွေ ပြန်လည်နိုးထလာတဲ့ လက္ခဏာတွေ ရှိနေတယ်လို့ ပြောကြပါတယ်။ ကျင့်ကြံသူများစွာ သေဆုံးခဲ့ရပြီး၊ သူတော်စင်ဂိုဏ်း တွေနဲ့ မြင့်မြတ်တဲ့ မိသားစု အချို့ဟာလည်း အမြစ်ပြတ်ချေမှုန်းခံရပြီး သူတို့ရဲ့ အစွမ်းထက်ပုဂ္ဂိုလ်တွေ အားလုံး ကျဆုံးကုန်ပြီလို့ သတင်းထွက်နေပါတယ်။"

"ဒီကိစ္စကြောင့် ရှေးဟောင်းအင်အားစု အများအပြားဟာ ထိတ်လန့်သွားကြပြီး နတ်ဆိုးဝိညာဉ်တွေကို သုတ်သင်ဖို့ သူတို့ရဲ့ အစွမ်းထက်ပုဂ္ဂိုလ်တွေကို စေလွှတ်နေကြပါတယ်"

ကုယီ က ရိုသေစွာ တင်ပြလိုက်သည်။

သူ၏ စကားကြောင့် ကုယန်၏ မျက်နှာအမူအရာ အနည်းငယ် လေးနက်သွားခဲ့သည်။

"ရှေးဟောင်းမြင့်မြတ်တဲ့ နယ်မြေထဲမှာ ပုန်းအောင်းနေတဲ့ နတ်ဆိုးဝိညာဉ်တွေ အများကြီး ရှိနေတာပဲ။ မေးခွန်းကတော့ ဒီနတ်ဆိုးဝိညာဉ်တွေ ပေါက်ကွဲထွက်လာတာက တိုက်ဆိုင်မှုလား၊ ဒါမှမဟုတ် အရိပ်ထဲမှာ ပုန်းနေတဲ့ တစ်စုံတစ်ယောက်က တမင်လုပ်တာလား ဆိုတာပဲ"

ကုယန်က သူ့ဘာသာ ရေရွတ်လိုက်ပြီး သူ၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားသည်။

နတ်ဆိုးဝိညာဉ်များ ပေါ်ထွက်လာခြင်းက ရှေးဟောင်းမြင့်မြတ်သော နယ်မြေတွင် ရှုပ်ထွေးမှုများ ဖြစ်ပေါ်စေခဲ့ပြီ။

ကုယန်၏ ရှုထောင့်မှကြည့်လျှင် ဤအရာသည် ဆိုးရွားလှသော ကိစ္စမဟုတ်ပေ။

ဘာပဲဖြစ်ဖြစ် ရှေးဟောင်းမြင့်မြတ်သော နယ်မြေမှာ ပိုပြီး ရှုပ်ထွေးလေလေ၊ သိုင်းနတ်ဘုရားမင်းဆက်အတွက် အခွင့်အရေး ပိုကြီးလေလေ ဖြစ်သည်။

အကယ်၍ ရှေးဟောင်းမြင့်မြတ်သော နယ်မြေသာ အေးချမ်းနေမည်ဆိုပါက သိုင်းနတ်ဘုရားမင်းဆက်၏ စစ်ရေးလှုပ်ရှားမှုများသည် အင်အားစုအသီးသီး၏ အာရုံစိုက်မှုကို သေချာပေါက် ဆွဲဆောင်နိုင်မည်ဖြစ်ရာ အလွန်ခက်ခဲပေလိမ့်မည်။

ဆန့်ကျင်ဘက်အနေဖြင့် လက်ရှိတွင် နတ်ဆိုးဝိညာဉ်များကြောင့် ဖြစ်ပေါ်နေသော ရှုပ်ထွေးမှုများကြောင့် အင်အားစုအားလုံးမှာ ၎င်းတို့ကို ကိုင်တွယ်ရန်သာ အာရုံများနေကြသဖြင့် သိုင်းနတ်ဘုရားမင်းဆက် လှုပ်ရှားရန် ပိုမိုလွယ်ကူသွားစေသည်။

ကုယီက "လျို့ဝှက်အစောင့်အရှောက်တပ်တွေရဲ့ ရှာဖွေတွေ့ရှိမှုအရ ဒီနတ်ဆိုးဝိညာဉ်တွေ ပေါ်ထွက်လာတာက 'ထိုက်ရိနတ်ဘုရားမင်းဆက်' လို့ ခေါ်တဲ့ အင်အားစုတစ်ခုနဲ့ ဆက်စပ်နေနိုင်ပါတယ်"

"အို"

ကုယန်က မျက်ခုံးပင့်လိုက်သည်။

သူသည် ထိုက်ရိနတ်ဘုရားမင်းဆက်နှင့် ပတ်သက်၍ ဘာမှ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိသေးပေ။

ကုယီက ဆက်ပြောသည် "ရှေးဟောင်း မြင့်မြတ်တဲ့ မိသားစုတစ်ခုက မဟာသူတော်စင် လက်နက် ကို သုံးပြီး နတ်ဆိုးဝိညာဉ် စစ်တပ်ကို အနိုင်ယူခဲ့ပါတယ်၊ ပြီးတော့ သူတို့ကို အမြစ်ပြတ်သုတ်သင်ဖို့ အတွင်းထဲအထိ ဝင်သွားခဲ့ကြတယ်။ အဲဒီမှာ သူတို့က 'နတ်ဆိုးဝိညာဉ်များအား ထာဝရနှိမ်နင်းရာ' လို့ ရေးထိုးထားတဲ့ ကျောက်စာတိုင်တစ်ခုကို တွေ့ခဲ့ကြတယ်။"

"အဲဒီကျောက်စာတိုင်ကနေ ရှေးဟောင်း တာအိုစီးချက်တစ်ခု ကျန်ခဲ့ပြီး ၎င်းရဲ့ ဇစ်မြစ်ကို မှတ်တမ်းတင်ထားတာပါ။ ထိုက်ရိနတ်ဘုရားမင်းဆက် သတင်းက အဲဒီကနေ ပျံ့သွားတာပါ"

ဤနေရာတွင် ကုယီက ခေတ္တရပ်ကာ ဆက်ပြောသည်။

"အခု ရှေးဟောင်းမြင့်မြတ်တဲ့ နယ်မြေမှာ သတင်းထွက်နေတာက နတ်ဆိုးဝိညာဉ်တွေရဲ့ တည်ရှိမှုဟာ ရှေးဟောင်းကာလ အထိ ခြေရာခံနိုင်တယ်၊ အဲဒီတုန်းက ထိုက်ရိနတ်ဘုရားမင်းဆက်လို့ ခေါ်တဲ့ ပြိုင်ဘက်ကင်း အင်အားစုတစ်ခုက ရှေးဟောင်းမြင့်မြတ်တဲ့ နယ်မြေတစ်ခုလုံးရဲ့ နတ်ဆိုးဝိညာဉ်တွေကို နှိမ်နင်းခဲ့တယ်လို့ ဆိုကြပါတယ်။"

"ဒါပေမဲ့ အချိန်တွေ ကြာလာတာနဲ့အမျှ ထိုက်ရိနတ်ဘုရားမင်းဆက်က ချန်ထားခဲ့တဲ့ ချိတ်ပိတ်မှုတွေက အားနည်းလာတယ်။ လက်ရှိခေတ်ကို ရောက်တဲ့အခါမှာတော့ ချိတ်ပိတ်မှုတွေက လုံးဝ အာနိသင် ကုန်သွားခဲ့ပြီး နှိမ်နင်းခံထားရတဲ့ နတ်ဆိုးဝိညာဉ်တွေ ပြန်ထွက်လာကာ ကြီးမားတဲ့ ဘေးဒုက္ခတွေကို ဖြစ်ပေါ်စေခဲ့တာပါ"

၎င်းကို ကြားလိုက်ရသည့်အခါ ကုယန်သည်လည်း အနည်းငယ် ခေါင်းညိတ်လိုက်သည်။

ပြောရလျှင် ကုယီ၏ စကားများသည် ကုယန်၏ နှလုံးသားထဲတွင် ရှိနေသော သံသယများနှင့် ထပ်တူကျနေသည်။

ကွာခြားချက်မှာ ထိုက်ရိနတ်ဘုရားမင်းဆက်ဟု ခေါ်သောအရာသည် ကိုးပြည်နယ်မှ ထွက်ပေါ်လာသော အထွတ်အထိပ် အင်အားစုဖြစ်ကြောင်း ကုယန်က ပိုမိုရှင်းလင်းစွာ သိရှိနေခြင်းပင်။

ရှေးဟောင်းမြင့်မြတ်သော နယ်မြေ အတွင်း၌၊

လက်ရှိခေတ် မတိုင်မီတွင် ခေတ်ကြီးသုံးခေတ် ရှိခဲ့သည်။

ရှေးဦးကာလ၊ ရှေးဟောင်းကာလ နှင့် သမိုင်းမတင်မီကာလ တို့ ဖြစ်ကြသည်။

ခေတ်တစ်ခုချင်းစီကို အချိန်သက်သက်ဖြင့် သတ်မှတ်ခြင်း မဟုတ်ဘဲ ရှေးဟောင်းမြင့်မြတ်သော နယ်မြေကို ပြန်လည်ဖွဲ့စည်းစေသည့် အထွတ်အထိပ် ဘေးဒုက္ခကြီးတစ်ခုဖြင့် သတ်မှတ်ခြင်း ဖြစ်ကာ၊ ၎င်းက ခေတ်တစ်ခု၏ အဆုံးသတ်နှင့် ခေတ်သစ်တစ်ခု၏ အစကို မှတ်သားစေခြင်း ဖြစ်သည်။

သို့သော်လည်း ကုယန်၏ နားလည်မှုအရ သမိုင်းမတင်မီကာလ ဘေးဒုက္ခကြီးသည် အနည်းဆုံး လွန်ခဲ့သော နှစ်ပေါင်း ဆယ်သန်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

သမိုင်းမတင်မီကာလကပင် ဤမျှ ကြာမြင့်ခဲ့ပြီ ဆိုလျှင် ရှေးဦးကာလ၏ သက်တမ်းမှာ အမှန်ပင် စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှပေတော့သည်။

All Chapters