အချိန်သက်ရှိတစ်ယောက် ထွက်ပေါ်လာခြင်း....
Vol. 76 Ch. 1058
" ဒီလျို့ဝှက်နယ်မြေက မွေးဖွားလာတဲ့ အထူးသက်ရှိတွေထဲကနေ အနာဂတ်မှာ အနှိုင်းမဲ့မဟာသူတော်စင်တစ်ယောက် ထွက်ပေါ်လာလိမ့်မယ်။ " လင်းယွမ်၏ရှေ့တွင် အနာဂတ်အချိန်အတိုင်းအတာများ ဖြစ်ပေါ်လာပြီး လျို့ဝှက်နယ်မြေကလည်း အောင်မြင်စခ်ာ ဖြစ်တည်လာသည်။
ထို့နောက် အတွင်းမှ အထူးသက်ရှိများက အပြင်သို့ ထွက်လာပြီး ပြင်ပလောကမှ ကျင့်ကြံသူများနှင့် ဆက်သွယ်လာသည်။ ထိုအထူးသက်ရှိများထဲမှ တစ်ယောက်က သူ၏ စွမ်းအားကို အခြားသူများက ခိုးယူသွားသဖြင့် မွေးရာပါချို့ယွင်းချက်ရှိခဲ့သော်လည်း နောက်ဆုံးတွင် သူက အခက်အခဲများစွာကို ဖြတ်ကျော်ပြီး ဖရိုဖရဲဟင်းလင်းပြင်ကို လွှမ်းမိုးနိုင်သော အနှိုင်းမဲ့မဟာသူတော်စင်တစ်ယောက် ဖြစ်လာခဲ့သည်။
သို့သော် ၎င်းက အဖြစ်နိုင်ဆုံးသော အချိန်အတိုင်းအတာတစ်ခုဖြစ်ပြီး ထိုအထူးသက်ရှိက ငယ်ငယ်ကတည်းက သေဆုံးသွားသော အချိန်အတိုင်းအတာများလည်း ရှိနေသည်။ အနာဂတ်အချိန်အတိုင်းအတာများအပေါ် လက်ရှိ လင်းယွမ်၏ ထိန်းချုပ်မှုဖြင့် မမျှော်လင့်ထားသော အဖြစ်အပျက်များ မရှိလျှင် ၎င်းက သေချာပေါက် ဖြစ်လာပေလိမ့်မည်။
" လူသားမျိုးနွယ်ရဲ့ အနာဂတ်..." လင်းယွမ်က လူသားမျိုးနွယ်၏ အနာဂတ်ကိုလည်း စောင့်ကြည့်လိုက်သည်။
အနာဂတ်အချိန်အတိုင်းအတာအများစုတွင် လူသားမျိုးနွယ်က အလွန်တိုးတက်လာခဲ့သော်လည်း ကာလအတော်ကြာပြီးနောက် အတွင်းရေးပဋိပက္ခများ ဖြစ်လာခဲ့သည်။ လင်းယွမ်က ၎င်းတို့ကို တည်ငြိမ်စွာ ကြည့်နေခဲ့သည်။
သူက ထိုအတွင်းရေးပဋိပက္ခများကို တားဆီးမည်မဟုတ်ပေ။ သူက လူသားမျိုးနွယ်တစ်ခုလုံးကိုသာ ဂရုစိုက်လေသည်။ လူသားမျိုးနွယ် တည်ရှိနေသရွေ့ အားလုံးအဆင်ပြေသည်။
" ဒါက ရှေးဟောင်းနိုင်ငံခြောက်ခုက ဘိုးဘေးတွေရဲ့ စိတ်ဓာတ်မျိုးပဲ။ " လင်းယွမ်က တွေးလိုက်သည်။
ပထမရင်းမြစ်ကမ္ဘာမှ ဘိုးဘေးများက ရှေးဟောင်းနိုင်ငံများ၏ အတက်အကျပေါ် ဂရုမစိုက်ဘဲ သူတို့ရှိနေသရွေ့ ရှေးဟောင်းနိုင်ငံများကလည်း ပျောက်ကွယ်သွားည်မဟုတ်ပေ။ ဘိုးဘေးခြောက်ယောက်က အချိန်သက်ရှိတစ်ယောက်ကို မွေးထုတ်ပေးရန်သာ အာရုံစိုက်ကြသည်။
လင်းယွမ်က ဖြစ်တည်လာသော လျို့ဝှက်နယ်မြေကို ခဏစောင့်ကြည့်ပြီးနောက် ထွက်ခွာသွားသည်။ သူက ဖရိုဖရဲနိယာမများကို အသေးစိတ် ပြန်လည်လေ့လာနေခဲ့သည်။
" ဟမ် " လင်းယွမ်က ရုတ်တရက် ဖရိုဖရဲဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံးသို့ ကြည့်လိုက်သည်။
ထိုနေရာတွင် အချိန်စက်ဝန်းများက ကျယ်ပြန့်စွာ တည်ရှိနေပြီး ၎င်းက ဖရိုဖရဲအဆင့် အင်အားကြီးသူများ၏ နောက်ဆုံးပန်းတိုင်ဖြစ်သည်။ ရုတ်တရက် အစွန်အဖျားရှိ အချိန်စက်ဝန်းတစ်ခုက ထင်ရှားသော တုန်ခါမှုများ ဖြစ်ပေါ်လာသည်။
အချိန်စွမ်းအားမျှင်များက အချိန်စက်ဝန်း၏ လည်ပတ်မှုကို ရပ်တန့်လိုက်ပြီး ပြည့်စုံသော အချိန်စက်ဝန်းက ထိုးဖောက်ခံရမည့် အရိပ်အယောင်များ ပြသနေသည်။ အချိန်စွမ်းအားမျှင်များက ရုတ်တရက် ပြောင်းပြန်စီးဆင်းလာပြီး အချိန်စက်ဝန်းကလည်း စတင်ပြိုလဲလာသည်။
" ဖရိုဖရဲဟင်းလင်းပြင်မှာ ရှစ်ယောက်မြောက် အချိန်သက်ရှိတစ်ယောက် ထွက်ပေါ်လာပြီ။ " လင်းယွမ်က ရေရွတ်လိုက်သည်။
" အဲ့ဒီလောဟောက်မဟာသူတော်စင်က အချိန်စက်ဝန်းကို ချိုးဖျက်နိုင်တာ ငါ့ကြောင့်များလား။ " လင်းယွမ်က တွေးလိုက်သည်။
ယခုအချိန်စက်ဝန်းကို ချိုးဖျက်ရန် အဆင်သင့်ဖြစ်နေသော သက်ရှိမှာ အခြားသူမဟုတ်ဘဲ လောဟောက်မဟာသူတော်စင်ပင်ဖြစ်သည်။ လောဟောက်မဟာသူတော်စင်က အချိန်စက်ဝန်းကို ချိုးဖျက်နိုင်မည့်အလားအလာကို လင်းယွမ်က သတိပြုမိခဲ့ပြီးဖြစ်သည်။
အချိန်စက်ဝန်းနယ်မြေမှ တုန်ခါမှိများ ဖြစ်ပေါ်လာသည့် အချိန်တွင် ဖရိုဖရဲဟင်းလင်းပြင်မှ အချိန်သက်ရှိခုနှစ်ယောက်လုံးက ၎င်းကို အာရုံခံမိလိုက်ကြသည်။
" ဒါက ငါတို့ရဲ့ ဖရိုဖရဲဟင်းလင်းပြင်ထဲမှာ နောက်ထပ် အချိန်သက်ရှိတစ်ယောက် မွေးဖွားလာပြီ။ "
" ဟားဟား ဒါကကောင်းတဲ့အချက်ပဲ။ ငါကတော့ နဂါးငွေ့တန်းပဲရှိမယ်လို့ ထင်နေတာ။ "
အချိန်သက်ရှိခုနှစ်ယောက်က ပြုံးလိုက်ကြသည်။ ဖရိုဖရဲဟင်းလင်းပြင်မှ အချိန်သက်ရှိများဖြစ်သည့်အတွက် ဖရိုဖရဲဟင်းလင်းပြင်က ပျက်စီးနှင့်ကြုံတွေ့ရလျှင် ဒိုင်မန်းရှင်းအက်ကြောင်းများသို့ ရောက်သောအခါ သူတို့က မဟာမိတ်များ ဖြစ်လာပေလိမ့်မည်။
အရှင်မိုရှုနှင့် အခြားအချိန်သက်ရှိများက အလွှာဆယ့်သုံး အချိန်သက်ရှိများ ထွက်ပေါိလာစေရန် ရည်ရွယ်ချက်ဖြင့် သူတို့၏ အမွေအနှစ်များကို ချန်ထားခဲ့ကြသည်။
" အသစ်ထွက်ပေါ်လာတဲ့ အချိန်သက်ရှိက လောဟောက်ပဲ။ ငါသူ့ကို အရင်က စော့်ကြည့်ဖူးတယ်။ သူက အချိန်စက်ဝန်းကို ချိုးဖျက်နိုင်မယ့် အလားအလာ နည်းပါးခဲ့တယ်။ နောက်ဆုံးမှာ သူက တကယ်ချိုးဖျက်နိုင်လိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး။ " အရှင်မိုရှုက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
" ဒီအချိန်မှာ အချိန်သက်ရှိတစ်ယောက် ထွက်ပေါ်လာတာက မကြာခင် ထိုက်ရှုနယ်မြေနဲ့ ယှဉ်ပြိုင်မယ့်ကိစ္စအတွက် အကျိုးရှိစေလိမ့်မယ်။ " လူခေါင်းမြွေခန္ဓာကိုယ်နှင့် အချိန်သက်ရှိက ပြောလိုက်သည်။
ကောင်းကင်မြစ်ဒိုင်မန်ရှင်းမှ ကောင်းကင်မြစ်နှလုံးသားက ဖြစ်ပေါ်လာတော့မည်ဖြစ်ပြီး ထိုက်ရှုနယ်မြေမှ အချိန်သက်ရှိများကလည်း ရောက်ရှိနေကြပြီဖြစ်သည်။ နှစ်ဖက်လုံးက အခြေအနေတင်းမာနေကြပြီး ကောင်းကင်မြစ်နှလုံးသားကို ရရှိနိုင်မည့် အခွင့်အလမ်းများ တိုးတက်စေရန် အချိန်အတိုင်းအတာများကို အဆက်မပြတ် စောင့်ကြည့်နေကြသည်။
ယခုအချိန်တွင် ဖရိုဖရဲဟင်းလင်းပြင်၌ အချိန်သက်ရှိတစ်ယောက် ထွက်ပေါ်လာခြင်းက ဖရိုဖရဲဟင်းလင်းပြင်အတွက် အမှတ်တကယ် အထောက်အကူဖြစ်စေသည်။
" အမှန်ပဲ။ " အရှင်မိုရှုက ခေါင်းညိမ့်လိုက်သည်။
ယခု သူတို့က ခုနှစ်ယောက်နှင့် ကိုးယောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယခု ရှစ်ယောက်နှင့်ကိုးယောက် ဖြစ်လာသောကြောင့် ကွာဟချက်က ကျဉ်းမြောင်းသွားပြီဖြစ်သည်။
" ထိုက်ရှုနယ်မြေက အချိန်သက်ရှိတစ်ယောက်က သူ့ရဲ့ ခန္ဓာကိုယ်ကို ပြုပြင်ဖို့အတွက် ကောင်းကင်မြစ်နှလုံးသားကို လိုအပ်နေတယ်။ ဒါကြောင့် သူတို့က ကောင်းကင်မြစ်နှလုံးသားကို လုယူဖို့ ကြိုးစားကြတာပဲ။ "
ကောင်းကင်မြစ်နှလုံးသားက ခန္ဓာကိုယ်ကို သန့်စင်နိုင်သည့် ထူးခြားသော ရတနာဖြစ်ပြီး အထူးသဖြင့် ရေဓာတ်လမ်းစဉ်ကို လျှောက်လှမ်းသော အချိန်သက်ရှိများအတွက် အကျိုးကျေးဇူးများလေသည်။
အချိန်စက်ဝန်းက လျင်မြန်စွာ ပြိုလဲလာပြီး ပုံရိပ်တစ်ခုက ထိုနေရာမှ ထွက်ပေါ်လာသည်။
လောဟောက်က ဖရိုဖရဲဟင်းလင်းပြင်၏ အမြင့်ဆုံးနေရာတွင် ပေါ်လာပြီး မရေတွက်နိုင်သော သက်ရှိများကို ငုံ့ကြည့်လိုက်သည်။
" ငါ လောဟောက်က နောက်ဆုံးတော့ အချိန်စက်ဝန်းကို ချိုးဖျက်နိုင်ခဲ့ပြီ။ "
ယခုအချိန်တွင် လောဟောက်က စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ သူက အလွှာဆယ့်သုံးသို့ တက်လှမ်းရန် ကြိုးစားချိန်တွင် မျှော်လင့်ချက် သိပ်မထားခဲ့ပေ။
အချိန်စက်ဝန်းကို ချိုးဖျက်ပြီးနောက် လောဟောက်၏ အသက်အနှစ်သာရက လျင်မြန်စွာ ပြောင်းလဲလာပြီး သူက အသက်ပြင်းပြင်းရှူလိုက်သည်။ တစ်ချိန်တည်းတွင် ဖရိုဖရဲဟင်းလင်းပြင်တစ်ခုလုံး တုန်ခါသွားပြီး မူလနယ်မြေများ ပွင့်လှစ်ကာ မူလရင်းမြစ်စွမ်းအားများက လောဟောက်ဆီသို့ စီးဆင်းလာသည်။
" အဲ့ဒါ ဘာလဲ။ "
" ဒီဖြစ်စဉ်က အလွှာဆယ့်သုံးကို တက်လှမ်းတဲ့ အမှတ်အသားပဲ။ "
" ဒီလောက်ကြီးမားတဲ့ မူလရင်းမြစ်စီးဆင်းမှုက အချိန်သက်ရှိတစ်ယောက် ထွက်ပေါ်လာမှပဲ မြင်တွေ့ရတတ်တယ်။ "
မဟာသူတော်စင်များနှင့် ပြိုင်ဘက်ကင်းမဟာသူတော်စင်များက ထိုမြင်ကွင်းကို ကြည့်ရင်း ထိတ်လန့်နေသည်။ ပြိုင်ဘက်ကင်းမဟာသူတော်စင်များ၊ အနှိုင်းမဲ့မဟာသူတော်စင်များက ခေတ်တိုင်းတွင် ပေါ်ထွက်လာလျှင်တောင် အချိန်သက်ရှိများက အလွန်ရှားပါးလှသည်။ ဖရိုဖရဲဟင်းလင်းပြင် စတင်ဖြစ်ပေါ်ချိန်မှစ၍ ယခုအချိန်ထိ အချိန်သက်ရှိ ခုနှစ်ယောက်သာ ရှိသေးသည်။
" အချိန်သက်ရှိ ဘယ်သူဖြစ်သွားတာလဲ။ နဂါးငွေ့တန်းမဟာသူတော်စင်လား။ " မဟာသူတော်စင်အချို့က ခန့်မှန်းလိုက်ကြသည်။
နဂါးငွေ့တန်းမဟာသူတော်စင်က ဤခေတ်၏ အနှိုင်းမဲ့မဟာသူတော်စင်ဖြစ်ပြီး အလွှာဆယ့်သုံးသို့ တက်လှမ်းနိုင်ရန် အခွင့်အရေးအရှိဆုံးသူလည်း ဖြစ်သည်။
" နဂါးငွေ့တန်းမဟာသူတော်စင်မဟုတ်ဘူး။ ငါက နဂါငွေ့တန်းမဟာသူတော်စင်နဲ့ ကြောင်းကျိုးဆက်နွယ်မှုရှိတယ်။ " မဟာသူတော်စင်တစ်ယောက်က ပြောလိုက်သည်။
" နဂါးငွေ့တန်းမဟာသူတော်စင်က ဘယ်အချိန်မှာ အလွှာဆယ့်သုံးကို တက်လှမ်းမလဲဆိုတာ ဘယ်သူသိနိုင်မလဲ။ "
" နဂါးငွေ့တန်းမဟာသူတော်စင်က အစွမ်းထက်တာ မှန်ပေမယ့် သူက အချိန်သက်ရှိဖြစ်လာနိုင်မလားဆိုတာ မသေချာပါဘူး။ "
မဟာသူတော်စင်များက တစ်ယောက်နှင့်တစ်ယောက် ဆွေးနွေးနေကြသည်။
" ဒါက အချိန်သက်ရှိဆိုတာလား။ " လောဟောက်က ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်များ စီးဝင်လာမှုကြောင့် သူ၏ စွမ်းအားများက အဆမတန် မြင့်တက်လာသည်ကို ခံစားလိုက်ရသည်။ သူ၏ အသက်အနှစ်သာရက အမြင့်တစ်ခုသို့ ရောက်သောအခါ အချိန်အတိုင်းအတာများ ဆန့်ထွက်နေသည်ကို တွေ့လိုက်ရသည်။
" နည်းနည်းတော့ စိမ်းနေတုန်းပဲ။ " လောဟောက်က အချိန်အတိုင်းအတာများကို ကြည့်ရှုရန် အနည်းငယ် ခက်ခဲနေသည်။ အချိန်အတိုင်းအတာများကို စောင့်ကြည့်ခြင်းက အချိန်သက်ရှိများ၏ ဗီဇဖြစ်သော်လည်း ၎င်းကို ရင်းနှီးလာအောင် လုပ်ရန် လိုအပ်လေသည်။
အချိန်အတော်ကြာပြီးသောအခါ ဖရိုဖရဲဟင်းလင်းပြင်၏ မူလရင်းမြစ် စီးဆင်းမှုက ပြီးဆုံးသွားခဲ့သည်။ လောဟောက မူလရင်းမြစ်စွမ်းအားများကို မချေဖျက်သေးဘဲ ဖရိုဖရဲဟင်းလင်းပြင်ကို ငုံ့ကြည့်လိုက်သည်။
" နဂါးငွေ့တန်းမဟာသူတော်စင်..." လောဟောက်က နဂါးငွေ့တန်းနှင့် တွေ့ဆုံလိုသည့် ဆန္ဒတစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းက မကောင်းသော စိတ်မဟုတ်ဘဲ တွေ့ချင်ရုံသက်သက်သာ ဖြစ်သည်။
ယခုအချိန်တွင် လောဟောက်က အချိန်စက်ဝန်းကို ချိုးဖျက်နိုင်ခြင်းမှာ နဂါးငွေ့တန်းမဟာသူတော်စင်နှင့် ဆက်စပ်နေသည်ကို နားလည်သွားပြီဖြစ်သည်။ နဂါးငွေ့တန်းမဟာသူတော်စင်ကသာ သူ၏ စွဲလမ်းမှုကို မချေဖျက်ပေးခဲ့လျှင် သူက အချိန်စက်ဝန်း၏ နောက်ဆုံးအဆင့်ကို ဖြတ်ကျော်နိုင်မည်မဟုတ်ပေ။
အကယ်၍ သူသာ ထိုအဆင့်ကို မဖြတ်ကျော်နိုင်လျှင် အချိန်ကြာလာသည်နှင့်အမျှ အချိန်စက်ဝန်းကို ချိုးဖျက်နိုင်မည့် အခွင့်အရေးကလည်း လျော့နည်းသွားပေလိမ့်မည်။