← Chapters

လောဟောက်၏ အချိန်စက်ဝန်း...

Vol. 76 Ch. 1059

လောဟောက်၏ အချိန်စက်ဝန်း...

Vol. 76 Ch. 1059

" ငါက အခု အချိန်သက်ရှိဖြစ်နေပြီ။ အလွှာဆယ့်နှစ်တစ်ယောက်ကို ကြောက်စရာမလိုတော့ဘူး။ " လောဟောက်က အလွန်ယုံကြည်မှုရှိနေသည်။

အချိန်သက်ရှိတစ်ယောက်၏ စွမ်းအားက အလွန်ကြီးမားသဖြင့် အနှိုင်းမဲ့မဟာသူတော်စင်များကိုပင် အလွယ်တကူ နှိမ်နင်းနိုင်သည်။ ၎င်းက အသက်အနှစ်သာရ၏ ကွာခြားမှုပင်ဖြစ်သည်။

" ဟိုမှာပဲ။ " လောဟောက်က အလွှာဆယ့်သုံးသို့ တက်လှမ်းပြီးနောက် ကြောင်းကျိုးဆက်နွယ်မှုမှတစ်ဆင့် လင်းယွမ်၏ တည်နေရာကို လျင်မြန်စွာ ရှာတွေ့သွားခဲ့သည်။ လင်းယွမ်ကလည်း သူ၏ ကြောင်းကျိုးဆက်နွယ်မှုများကို ဖုံးကွယ်ထားခြင်းမရှိခဲ့ပေ။

လောဟောက်၏ ပုံရိပ်က ပျောက်ကွယ်သွားပြီး ဟင်းလင်းပြင်တစ်ခုတွင် ပေါ်လာသည်။

" နဂါးငွေ့တန်း...." လောဟောက်က ရှေ့သို့ ကြည့်လိုက်သည်။

လင်းယွမ်က လက်နှစ်ဖက်နောက်ပစ်၍ ဟင်းလင်းပြင်ထဲတွင် ရပ်ပြီး သူ့ကို ပြုံး၍ ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူရောက်လာမည်ကို ကြိုသိနေပုံပင်ဖြစ်သည်။

၎င်းက လောဟောက်ကို ထိတ်လန့်သွားစေသည်။ လင်းယွမ်နှင့် ရင်ဆိုင်လိုက်ရချိန်တွင် လင်းယွမ်၏ ခန္ဓာကိုယ်အတွင်းရှိ ကျယ်ပြောလှသော စွမ်းအားများကို အာရုံခံမိလိုက်ရာ အချိန်သက်ရှိဖြစ်သော သူကိုယ်တိုင်ပင် ထိုကျယ်ပြောမှုကို မယှဉ်နိုင်ကြောင်း ခံစားလိုက်ရသည်။ ထို့အပြင် သူက လင်းယွမ်၏ အနာဂတ်အချိန်အတိုင်းအတာကိုလည်း ကြည့်ရှု၍ မရသည်ကို တွေ့လိုက်ရသည်။

" လောဟောက် အချိန်သက်ရှိဖြစ်လာတဲ့အတွက် ဂုဏ်ပြုပါတယ်။ " လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။

" မင်းက.... " လောဟောင်က အနည်းငယ် ထိတ်လန့်သွားသည်။ အချိန်သက်ရှိမဟုတ်ဘဲ ဘယ်လိုလုပ်ထိုမျှသန်မာနေတာလဲ။

" ငါနဲ့မင်းကြားမှာ နှိုင်းယှဉ်နေဖို့မလိုဘူး။ " လင်းယွမ်က လောဟောက်ကို တစ်ချက်ကြည့်လိုက်သည်။

" မင်းအချိန်သက်ရှိမဖြစ်ခင်က ငါ့ကို အစွမ်းထက်တဲ့ အနှိုင်းမဲ့ မဟာသူတော်စင်တစ်ယောက်လို့ ထင်ခဲ့မှာပဲ။ အဲ့ဒီတုန်းက ငါ့ကို ကြည့်ရတာ လမင်းကြီးကို ကြည့်နေရသလို ခံစားရလိမ့်မယ်။ "

" ဒါပေမယ့် အခု မင်းအချိန်သက်ရှိဖြစ်သွားတော့ ငါ့ကို မြင်ရတာ အပြာရောင်ကောင်းကင်ကို မြင်တွေ့ရတာနဲ့ တူသွားလိမ့်မယ်။ "

လောဟောက်က လင်းယွမ်ကို ကြည့်ပြီး သူ၏ မျက်နှာတွင် တွေဝေသော အရိပ်အယောင်များ ဖြတ်သန်းသွားသည်။ အချိန်သက်ရှိဖြစ်မလာမီ လင်းယွမ်နှင့် ရင်ဆိုင်ရချိန်တွင် သူ၏ စိတ်ထဲတွင် ခုခံနိုင်စွမ်းမရှိသော ခံစားချက်မျိုးဖြစ်ပေါ်ခဲ့သည်။

ယခု အချိန်သက်ရှိတစ်ယောက်ဖြစ်လာပြီးနောက် လင်းယွမ်နှင့် ရင်ဆိုင်ရချိန်တွင် သူက ကျော်လွှား၍ မရနိုင်သော မလုံလောက်မှုကို ခံစားနေရဆဲ ဖြစ်သည်။

" ထိုင်ပါဦး။ " လင်းယွမ်က လက်ဝေ့ရမ်းလိုက်ရာ ပတ်ဝန်းကျင်တစ်ခုလုံး ပြောင်းလဲသွားသည်။ သူက လောဟောက်ကို လှပသော ရှုခင်းများရှိသည့် ခြံဝင်းတစ်ခုသို့ ခေါ်ဆောင်လာသည်။

" ကောင်းပြီ။ " လောဟောက်က မသက်မသာဖြစ်သွားမိသည်။

ထိုအခိုက်အတန့်တွင် သူကိုယ်တိုင် အလွှာဆယ့်သုံးသို့ တက်လှမ်းသွားခြင်းလား သို့မဟုတ် သူ၏ ရှေ့မှ နဂါးငွေ့တန်းမဟာသူတော်စင်က တက်လှမ်းထားခြင်းလားဆိုသည်ကို သူမဝေခွဲနိုင်တော့ပေ။

" အချိန်သက်ရှိတစ်ယောက် ဖြစ်လာတာ ဘယ်လိုခံစားရလဲ။ " လင်းယွမ်က လောဟောက်ကို ကြည့်ပြီး ပြုံး၍ မေးလိုက်သည်။

" ဆိုးတော့မဆိုးပါဘူး။ " လောဟောက်က အနည်းငယ် တုန့်ဆိုင်းသွားပြီး ပြန်ပြောလိုက်သည်။

" မင်းရဲ့ အသက်အနှစ်သာရက အလွှာဆယ့်သုံးကို ပြောင်းလဲသွားတာ မကြာသေးဘူး။ ဒါကြောင့် အသားကျအောင် ကျင့်ကြံဖို့ လိုသေးတယ်။ အနာဂတ်အချိန်အတိုင်းအတာတွေကို အပြည့်အဝ စောင့်ကြည့်ဖို့ မကြိုးစားတာ အကောင်းဆုံးပဲ။ " လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။

ယခုအချိန်တွင် လောဟောက်က သူ၏ အနာဂတ်အချိန်အတိုင်းအတာများကို စောင့်ကြည့်ရန် အစွမ်းကုန် ကြိုးစားနေခြင်းဖြစိသည်။ ၎င်းက ဘာကိုမှမကြောက်ဘဲ လုပ်ဆောင်နေသော လူသစ်တစ်ယောက်နှင့် တူလှသည်။ အတွေ့အကြုံရှိသော အချိန်သက်ရှိတစ်ယောက်က သက်ရှိတစ်ယောက်၏ အချိန်အတိုင်းအတာမှာ စောင့်ကြည့်၍ မရလောက်အောင် ဝေဝါးနေလျှင် ၎င်းက ဘာကို ဆိုလိုသည်ကို နားလည်ပေလိမ့်မည်။

" ကောင်းပါပြီ။ " လောဟောက်က စိတ်ထဲတွင် ထိတ်လန့်သွားပြီး သူ့ကိုသူ ထိန်းချုပ်လိုက်သည်။ သူက လင်းယွမ်၏ အချိန်အတိုင်းအတာကို စောင့်ကြည့်ခြင်းအား ရပ်တန့်လိုက်သည်။

" မင်း ဘယ်လိုအချိန်စက်ဝန်းမျိုးနဲ့ ကြုံတွေ့ခဲ့တာလဲ။ " လင်းယွမ်က မေးလိုက်သည်။

အချိန်စက်ဝန်းများ ဖြစ်ပေါ်လာခြင်းက ဖရိုဖရဲဟင်းလင်းပြင်၏ အမြင့်ဆုံးနိယာများမှ ဆင်းသက်လာခြင်းဖြစ်သည်။ အလွှာဆယ့်သုံး အချိန်သက်ရှိများနှင့် အချိန်အရှင်သခင်များပင် ၎င်းတို့ကို မကြည့်ရှုနိုင်ကြပေ။ ကိုယ်တိုင်ကြုံတွေ့ခဲ့သူမှလွဲ၍ ဘယ်သူမှသိနိုင်မည်မဟုတ်ပေ။

" ငါကြုံတွေ့ခဲ့ရတဲ့ အချိန်စက်ဝန်းက " လောဟောက်က အတွေးများ ပျံ့လွင့်သွားပြီး လေးနက်စွာ ပြောလိုက်သည်။

" အချိန်စက်ဝန်းထဲမှာ ငါက ဖရိုဖရဲဖြစ်နေတဲ့ ခေတ်ကာလတစ်ခုမှာ သူတောင်းစားတစ်ယောက်ဖြစ်ခဲ့တယ်။ ဘယ်လိုစွမ်းအားတွေမှ အသုံးမပြုနိုင်ခဲ့ဘူး။ အတွေးတွေကတောင် သာမန်လူသားအဆင့်မှာပဲရှိတယ်။ မှတ်ဉာဏ်တွေရှိတာကလွဲရင် သာမန်လူတစ်ယောက်နဲ့ မခြားဘူး။ " လောဟောက်၏ မျက်နှာတွင် ကြောက်ရွံ့မှုအရိပ်အယောင်များ ကျန်ရှိနေဆဲ ဖြစ်သည်။

၎င်းက ပြန်လည်မွေးဖွားခြင်းနှင့်မတူပေ။ ပြန်လည်မွေးဖွားခြင်းက စွမ်းအားများ ဆုံးရှုံးသွားသော်လည်း မိမိနားလည်ထားသော နိယာမများ ကျန်ရှိနေသေးသည်။ သာမန်လူတစ်ယောက်ဖြစ်နေလျှင်တောင် နိယာမများကို အသုံးချ၍ စွမ်းအားများကို ထုတ်ဖော်နိုင်သည်။

အချိန်စက်ဝန်းအတွင်း စွမ်းအားများ အသုံးမပြုနိုင်ခြင်းက အမှန်တကယ် ဘာကိုမှ အသုံးမပြုနိုင်ခြင်းဖြစ်ပြီး နိယာမလှုပ်ရှားမှုများကိုလည်း အာရုံမခံနိုင်တော့ပေ။ ထို့အပြင် ဖုံးကွယ်ထားသော အချက်တစ်ချက်လည်း ရှိနေသည်။ ၎င်းက သက်တမ်းပင်ဖြစ်သည်။

စွမ်းအားများ၏ ပံ့ပိုးမှုမရှိလျှင် သာမန်လူတစ်ယောက်၏ သက်တမ်းမှာ ဆယ်စုနှစ်အချို့သာ ရှိပေလိမ့်မည်။

" စမ်းသပ်မှုကဘာလဲ။ " လင်းယွမ်က မေးလိုက်သည်။

" ဖရိုဖရဲဖြစ်နေတာတွေကို အဆုံးသတ်ပြီး ညီညွတ်တဲ့ အင်ပါယာတစ်ခု တည်ထောင်ဖို့ပါ။ " လောဟောက်က ပြောလိုက်သည်။ " ငါက နောက်ခံမရှိ၊ စွမ်းအားမရှိတဲ့ သူတောင်းစားတစ်ယောက်ပဲ။ ငတ်ပြတ်ပြီး သေလုနီးပါးဖြစ်နေတာတောင် ဒီလိုဖရိုဖရဲခေတ်ကို အဆုံးသတ်ပြီး ပင်ပါယာတစ်ခု တည်ထောင်ခိုင်းခဲ့တယ်။ "

" တကယ်ခက်ခဲပြီး ပစ်မှတ်ထားခံရတာပဲ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

လောဟောက်က ကျင့်ကြံခြင်းတွင်သာ နှစ်ပေါင်းများစွာ နစ်မြှုပ်နေခဲ့ပြီး ပြင်ပကိစ္စများကို စိတ်မဝင်စားသူဖြစ်သည်။ နောက်လိုက်များ စုဆောင်းပြီး စစ်တပ်တည်ထောင်ခြင်းက သူတစ်ခါမှ မလုပ်ဖူးသကဲ့သို့ စဉ်းတောင်မစဉ်းစားဖူးပေ။

ဆယ်စုနှစ်အနည်းငယ်မျှသာရှိသော လူသားသက်တမ်းတွင် လောဟောက်က စမ်းသပ်မှုမအောင်မြင်ခဲ့လျှင် မှတ်ဉာဏ်များဖျက်ပြီး အစမှ ပြန်လည်စတင်ရမည်ဖြစ်သည်။ ပထမအကြိမ် စမ်းသပ်မှုကို မအောင်မြင်လျှင် နောက်အကြိမ်များတွငလည်း အောင်မြင်ရန် ခက်ခဲသွားပြီဖြစ်သည်။

လောဟောက်၏ အကြီးမားဆုံးသော အားသာချက်က ကျင့်ကြံခြင်းပင်ဖြစ်သည်။ သူက အလွှာဆယ့်သုံး အမွေအနှစ်ကို ရရှိရန်အတွက် မရေတွက်နိုင်သော ခက်ခဲမှုများကို သည်းခံခဲ့သူဖြစ်သည်။သို့သော် အချိန်စက်ဝန်းအတွင်း ကျင့်ကြံခြင်းကို စမ်းသပ်ခြင်းမဟုတ်ဘဲ သူ တစ်ခါမှမထိတွေ့ဖူးသော နယ်ပယ်တစ်ခုကို စမ်းသပ်ခြင်းဖြစ်သည်။

" နောက်ဆုံးမှာ မင်းဘယ်လိုဖြတ်ကျော်နိုင်ခဲ့တာလဲ။ " လင်းယွမ်က ဆက်မေးလိုက်သည်။

" ငါ နှစ်ပေါင်းငါးဆယ်အချိန်ယူခဲ့ရတယ်။ ဒုက္ခပေါင်းစုံကို ကျော်ဖြတ်ပြီး သေဘေးက အကြိမ်ကြိမ် လွတ်မြောက်ခဲ့တယ်။ နောက်ဆုံးမှာ နယ်မြေတစ်ဝက်ကို စုစည်းနိုင်ခဲ့ပြီး အကြီးမားဆုံးရန်သူနဲ့ အဆုံးအဖြတ်တိုက်ပွဲ တိုက်ခိုက်ဖို့ ပြင်ဆင်နိုင်ခဲ့တယ်။ အဲ့ဒီတိုက်ပွဲမှာသာနိုင်ရင် အင်ပါယာကို တည်ထောင်ပြီး စမ်းသပ်ချက်ကို အောင်မြင်လိမ့်မယ်။ " လောဟောက်က ပြောလိုက်သည်။

" မင်းနိုင်ခဲ့တယ်ပေါ့။ " လင်းယွမ်က လောဟောက်ကို ကြည့်လိုက်သည်။

" မနိုင်ခဲ့ဘူး။ " လောဟောက်က ခေညင်းခါလိုက်သည်။ " အဲ့ဒီအဆုံးအဖြတ်တိုက်ပွဲမှာ ငါ အကြီးအကျယ် ရှုံးနိမ့်ခဲ့တယ်။ အရေးပါတဲ့ နောက်လိုက်တွေအားလုံး သေကုန်ပြီး ငါကိုယ်တိုင်လည်း အဖမ်းခံခဲ့ရတယ်။ "

" အဲ့ဒီအချိန်မှာ ငါက အသက်ခြောက်ဆယ်ရှိနေပြီ။ အများဆုံးနေရ နောက်ထပ် နှစ်နှစ်ဆယ်ပဲ။ အဲ့ဒီတိုက်ပွဲမှာ ရှုံးနိမ့်သွားပြီးတဲ့နောက် အစက ပြန်စမယ်ဆိုရင်တောင် ငါ့ရဲ့ အထွတ်အထိပ် အခြေအနေကို ဘယ်တော့မှ ပြန်မရောက်နိုင်တော့ဘူး။ အထူးသဖြင့် ငါက အဖမ်းခံလိုက်ရလို့ပဲ။ " လောဟောက်က ပြောလိုက်သည်။

" ဒါပေမယ့် ငါ့ရဲ့ ရန်သူက ငါ့ကို အေးအေးဆေးဆေး သေခွင့်မပေးခဲ့ဘူး။ သူက ငါ့ကို မသတ်ဘဲ အကျဉ်းချပြီး နေတိုင်း နှိပ်စက်ခဲ့တယ်။ တကယ်တော့ အဲ့ဒါက သူငါ့ကို သတ်လိုက်တာနဲ့ မခြားဘူး။ အဲ့ဒီအချိန်မှာ ငါက လုံးဝစိတ်ဓာတ်ကျနေပြီ။ သာမန်လူသားတစ်ယောက်အနေနဲ့ အသက်ခြောက်ဆယ်အရွယ်မှာ စိတ်ဓာတ်နဲ့ အင်အားက ဆုတ်ယုတ်နေပြီ။ "

" နောက်ဆုံး အရှက်ကွဲမှုကို ရှောင်လွှဲဖို့ အရာအားလုံးကို အဆုံးသတ်ပြီး နောက်တစ်ကြိမ် ပြန်စဖို့ ငါစီစဉ်ခဲ့သေးတယ်။ ဒါပေမယ့် ငါ့ကိုငါ သတ်သေခါနီးအချိန်မှာ ရုတ်တရက် ငါနားလည်သွားတယ်။ ငါတို့လိုလူတွေအတွက် အရှက်ကွဲမှုက ဘာမှမဟုတ်ဘူး။ အသက်ရှင်နေသရွေ့ ဆင်းရဲဒုက္ခတွေ မကုန်ဆုံးရင်တောင် မျှော်လင့်ချက်ဆိုတာ ရှိနေသေးတယ်။ "

" ငါ့ရဲ့ ရန်သူက ငါတို့ နေ့တိုင်းလာပြီး နှိပ်စက်ခဲ့တယ်။ ငါအောင့်အီးသည်းခံခဲ့တာ အဲ့ဒီလိုနဲ့ ဆယ်စုနှစ်ကြာသွားခဲ့တယ်။ အဲ့ဒီအချိန်မှာ ငါ့ရဲ့ ခန္ဓာကိုယ်အခြေအနေနဲ့ဆို အများဆုံး ငါးနှစ်ပဲ နေရလိမ့်မယ်။ အဲ့ဒီအချိန်မှာ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့တယ်။ "

" ပထမဆုံး အဆုံးအဖြတ်တိုက်ပွဲမှာ ငါတည်ထောင်ခဲ့တဲ့ အင်အားစုတွေက ပြိုကွဲသွားပေမယ့် အကြွင်းအကျန်အချို့တော့ အသက်ရှင်နေခဲ့တယ်။ ကြီးမားတဲ့ ပေးဆပ်မှုတွေနဲ့ သူတို့က နန်းတော်ထဲကို ခိုးဝင်လာပြီး ငါ့ကို ကယ်ထုတ်ဖို့ ဆက်သွယ်လာခဲ့ကြတယ်။ "

" ဒါပေမယ့် အဲ့ဒီအချိန်မှာ ငါ့ရဲ့ အခြေအနေအရ ကယ်ထုတ်ခံရရင်တောင် ကြာကြာအသက်ရှင်နိုင်တော့မှာမဟုတ်ဘူး။ အဲ့ဒီအစား နန်းတော်ထဲမှာပဲ နောက်ဆုံးမျှော်လင့်ချက်တစ်ခု ထားခဲ့တယ်။ "

All Chapters