← Chapters

အချိန်စက်ဝန်း၏ စမ်းသပ်မှု...

Vol. 76 Ch. 1062

အချိန်စက်ဝန်း၏ စမ်းသပ်မှု...

Vol. 76 Ch. 1062

" မဟာတာအိုရဲ့ နိယာမလှုပ်ရှားမှုတွေ ဘာမှမရှိဘူး။ ပြီးတော့ ရုပ်ခန္ဓာကလည်း ကျော်လွှားလို့မရတဲ့ ကန့်သတ်ချက်တွေလည်း ရှိနေတယ်။ " လင်းယွမ်က စိတ်မသက်မသာဖြစ်သွားသည်။

နိယာမများမရှိခြင်းကြောင့် ဤကမ္ဘာ၏ တိုက်ခိုက်ရေးစွမ်းအားက မမြင့်မားကြောင်း ဖော်ပြနေသည်။ ရုပ်ခန္ဓာ၏ ကျော်လွှားမရသော ကန့်သတ်ချက်များက လင်းယွမ်၏ အသန်မာဆုံးအရည်အချင်းကို ကန့်သတ်ထားသည်။ ထိုအခြေအနေမျိုးတွင် အတွင်းကမ္ဘာဖွင့်လှစ်ရန် မဖြစ်နိုင်သလောက် ဖြစ်သည်။

" ဒါပေမယ့် အထူးစွမ်းအားကို လုံးဝပိတ်ပင်ထားတာတော့မဟုတ်ဘူး။ ဒီကမ္ဘာမှာ တာအိုဝင်ရောက်သူတွေရှိနေတယ်။ " လင်းယွမ်က တိတ်တဆိတ် စဉ်းစားနေသည်။

ကြာပန်းနီဂိုဏ်း၏ သခင်လေးတစ်ယောက်အနေဖြင့် ၎င်းတို့က သူသိထားသော လျို့ဝှက်ချက်များ ဖြစ်သည်။ တာအိုဝင်ရောက်သူများက စိတ်ဝိညာဉ်စွမ်းအားကို ရှာဖွေကြပြီး ၎င်းကို ကြားခံအဖြစ် အသုံးပြုကာ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို အသုံးချကြသည်။

တာအိုဝင်ရောက်သူများတွင် အဆင့်သုံးဆင့်ရှိသည်။ တာအိုသခင်အဆင့်၊ တာအိုအရှင်အဆင့်နှင့် တာအိုအရှင်သခင်အဆင့်ဟူ၍ ဖြစ်သည်။

" ဒါပေမယ့် စိတ်ဝိညာဉ်စွမ်းအားဆိုတာ ရုပ်ခန္ဓာကနေ မြစ်ဖျားခံလာတာပဲ။ ရုပ်ခန္ဓာဖွံ့ဖြိုးမှုက ကန့်သတ်ထားတော့ အရမ်းအစွမ်းထက်တဲ့ စိတ်ဝိညာဉ်စွမ်းအားကို မွေးမြူဖို့ မဖြစ်နိုင်ဘူး။ "

" အားကောင်းတဲ့ စိတ်ဝိညာဉ်စွမ်းအားမရှိရင် ကောင်းကင်နဲ့ မြေကြီးဆီက ငှားယူအသုံးပြုတဲ့ စွမ်းအားကလည်း အထင်ကြီးစရာကောင်းမှာ မဟုတ်ဘူး။ " လင်းယွမ်က ခေါင်းခါလိုက်သည်။

သူသိရှိထားသော အချက်အလက်များအရ အသန်မာဆုံး တာအိုအရှင်သခင်ပင်လျှင် စစ်သည်တစ်ထောင်၏ ဝန်းရံခြင်းခံရလျှင် ကြာရှည်ခံနိုင်မည်မဟုတ်ပေ။ စိတ်ဝိညာဉ်စွမ်းအားများ ကုန်ခမ်းသွားလျှင် အပိုင်းပိုင်း ခုတ်ပိုင်းခြင်းခံရပေလိမ့်မည်။

တာအိုဝင်ရောက်သူများက သာမန်လူများအတွက် နတ်ဘုရားများကဲ့သို့ ဖြစ်သော်လည်း နန်းတွင်းစစ်တပ်နှင့် ရင်ဆိုင်ရလျှင် ထွက်ပြေးရုံသာ တတ်နိုင်ပေလိမ့်မည်။ နန်းတွင်းစစ်တပ်၏ ချပ်ဝတ်နှင့် လက်နက်များက စိတ်ဝိညာဉ်စွမ်းအားကို တန်ပြန်တိုက်ခိုက်ရန်အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားခြင်းဖြစ်သည်။

စစ်သည်ဆယ်ယောက် စုပေါင်းလိုက်လျှင် တာအိုသခင်တစ်ယောက်ကို အလွယ်တကူ သတ်ဖြတ်နိုင်သည်။ ပို၍ ကြောက်စရာကောင်းသည်မှာ စစ်တပ်ထဲဝင်သွားသော တာအိုဝင်ရောက်သူများဖြစ်သည်။ နန်းတွင်း၏ ထောက်ပံ့မှုဖြင့် သူတို့ထုတ်ဖော်နိုင်သော စွမ်းအားက သာမန်ထက် အဆပေါင်းများစွာ သာလွန်ပေလိမ့်မည်။ လင်းယွမ်၏ ဖခင်ဖြစ်သူက တာအိုသခင်အဆင့်တစ်ယောက်သာ ဖြစ်သည်။

" ငါ အချိန်စက်ဝန်းရဲ့ စမ်းသပ်မှုက တဖုန်းဧကရာဇ်ကို လုပ်ကြံဖို့လား။ " လင်းယွမ်က မျက်မှောင်ကြုတ်သွားသည်။

အင်ပါယာတစ်ခု၏ ဧကရာဇ်က အမြင့်ဆုံးရာထူးကို ရယူထားသူဖြစ်ပြီး အသန်မာဆုံး ကာကွယ်ရေးတပ်ဖွဲ့များက ဝန်းရံထားမည်မှာ သေချာသည်။ တဖုန်းအင်ပါယာ၏ လက်ရှိအင်အားအရ တာအိုအရှင်သခင် ဆယ်ယောက် သို့မဟုတ် တစ်ရာက နန်းတော်ထဲသို့ ဝင်ရောက်လုပ်ကြံရန် ကြိုးစားလျှင်တောင် သးတို့ သေရုံသာရှိသည်။

နန်းတော်ကို စောင့်ကြပ်နေသော အင်ပါယာတပ်ဖွဲ့များအပြင် တဖုန်းအင်ပါယာက တာအိုဝင်ရောက်သူများစွာကို မွေးထုတ်ထားပြီးဖြစ်သည်။ သူတို့၏ အရင်းအမြစ်များနှင့် စစ်မှန်သော တာအိုဝင်ရောက်သူများ ထွက်ပေါ်လာနိုင်သည့် အခွင့်အလမ်းမှာ မနည်းလှပေ။

ထိုသို့သော အခြေအနေတွင် တဖုန်းဧကရာဇ်ကို လုပ်ကြံရန် ကြိုးစားခြင်းက မဖြစ်နိုင်သော အလုပ်တစ်ခုနှင့် တူနေသည်။ သို့သော်လည်း မဖြစ်နိုင်ခြင်းက ဤကမ္ဘာရှိ လူများအတွက်သာ ဖြစ်ပြီး လင်းယွမ်အတွက်မူ ထိုမျှအထိ မခက်ခဲလှပေ။

ခက်ခဲခြင်း လုံးဝမရှိဟု မဆိုနိုင်သော်လည်း အခြားအချိန်သက်ရှိများ ပိတ်မိသော အချိန်စက်ဝန်းများနှင့် နှိုင်းယှဉ်လျှင် ဤစမ်းသပ်မှုက ရိုးရှင်းသည်ဟု ဆိုနိုင်သည်။

" တစ်ခုခုတော့မှားနေပြီ။ " လင်းယွမ်၏ အမူအရာက လေးနက်သွားသည်။

အချိန်စက်ဝန်း၏ စမ်းသပ်မှုက ယခုလောက်ထိ ရိုးရှင်းမည်မဟုတ်ပေ။ ရိုးရှင်းပုံရသော်လည်း ခက်ခဲသည့်အချက်ကို သူ မရှာဖွေနိုင်သေးခြင်းကြောင့် ဖြစ်ပေလိမ့်မည်။

" တဖုန်းဧကရာဇ်ကိုယ်တိုင်က တာအိုအိုအရှင်သခင်တစ်ယောက်ဖြစ်နေတာလား။ " လင်းယွမ်က စဉ်းစားနေသည်။

တဖုန်းအင်ပါယာ၏ မြို့တော်ရှိ နန်းတော်အတွင်း၌ ပလ္လင်ပေါ်တွင် လူငယ်တစ်ယောက်ထိုင်နေသည်။ သူက တဖုန်းအင်ပါယာ၏ သတ္တမမြောက် ဧကရာဇ်ဖြစ်သည်။ ထိုအခိုက်အတန့်တွင် လူငယ်၏ မျက်လုံးများက ထူးခြားစွာ တောက်ပနေသည်။

" ငါ့ရဲ့ မူလစိတ်ဝိညာဉ်က ဒီကမ္ဘာကို ဆင်းသက်လာခဲ့တာပဲ။ ကပ်ဘေးပေါင်း တစ်ဘီလီယံသန်းရှစ်ဆယ်ထဲက နောက်ဆုံး စမ်းသပ်မှုကို ရင်ဆိုင်ရတော့မယ်။ ငါနောက်ဆုံး ရင်ဆိုင်ခဲ့ရတဲ့ စမ်းသပ်မှုက ရှုံးနိမ့်လုနီးပါး ဖြစ်ခဲ့ရတယ်။ ဒါကြောင့် ဒီနောက်ဆုံးကပ်ဘေးက အရင်တစ်ခုထက် အဆပေါင်းများစွာ ပိုခက်ခဲလိမ့်မယ်။ "

လူငယ်ဧကရာဇ်၏ အမူအရာက အနည်းငယ် ထူးဆန်းသွားသည်။ " ဟမ် ဒီကပ်ဘေးကို ကျော်လွှားဖို့က အသက် ၁၅၀ထိ ရှင်သန်နေဖို့လား။ အသက် ၁၅၀ထိ နေရုံပဲလား။ ပြီးတော့ ငါက ဒီကမ္ဘာမှာ အဆင့်အတန်းအမြင့်မားဆုံး ဧကရာဇ် ဖြစ်နေတယ်။ "

လူငယ်ဧကရာဇ်က ထရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ နန်းတွင်းအပျိုတော်များနှင့် မိန်းမစိုးများက ရိုသေစွာ ဦးညွှတ်နေကြပြီး သူ့ကိုကာကွယ်ရန် တာအိုအရှင် အချို့ကလည်း ပုန်းကွယ်နေကြသည်။ ဧကရာဇ်တစ်ပါးအနေဖြင့် သူ၏ ဘေးတ်လင် လုံးဝ သစ္စာရှိသော လက်အောက်ငယ်သားများ ရှိနေသည်။

" ဒီကမ္ဘာမှာ သက်ရှိတွေရဲ့ ရုပ်ခန္ဓာက အားနည်းတယ်။ ဒါပေမယ့် အသက်၁၅၀ထိ ရှင်သန်ဖို့က ပြဿနာမရှိဘူး။ " လူငယ်ဧကရာဇ်က သူ၏ ရုပ်ခန္ဓာအခြေအနေကို ဂရူတစိုက် အာရုံခံကြည့်လိုက်သည်။ သူ၏ သက်တမ်းက ၁၅၃ နှစ် ရှိနေသည်ကို အာရုံခံမိလိုက်သည်။

" ကပ်ဘေးပေါင်း တစ်ဘီလီယံသန်းရှစ်ဆယ်ရဲ့ နောက်ဆုံးစမ်းသပ်မှုက ဒီလောက်တော့ မလွယ်လောက်ဘူး။ " လူငယ်ဧကရာဇ်က လျှော့မတွက်ဘဲ အလေးအနက် စဉ်းစားနေသည်။

" သခင်လေး နိုးလာပြီလား။ " လင်းယွမ်က စဉ်းစားနေစဉ် ဝမ်းသာမှုအပြည့်နှင့် အသံတစ်ခုက သူ၏ နားထဲသို့ ဝင်ရောက်လာသည်။

လင်းယွမ်က မော့ကြည့်လိုက်သောအခါ ခါးအနည်းငယ် ကုန်းနေသော အဖိုးအိုတစ်ယောက်က သူ့ကို စိတ်လှုပ်ရှားစွာ ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ထိုအဖိုးအို၏ ဆံပင်များက ဖြူဖွေးနေပြီး ကြာရှည်စွာ အနားမယူရသေးသောကြောင့် မျက်လုံးများကလည်း နီရဲနေသည်။

သူ၏ ခန္ဓာကိုယ်မှ အေးစက်ပြီး ကြောက်စရာကောင်းသော အော်ရာတစ်ခု ထွက်ပေါ်နေသည်။ သို့သော် လင်းယွမ်ကို ကြည့်သော သူ၏ အကြည့်ထဲတွင် အေးစက်မှုများမရှိဘဲ ဝမ်းသာမှုများဖြင့် ပြည့်နှက်နေသည်။

" ဦးလေးသုံး..." ထိုအဖိုးအိုက လင်းယွမ်၏ ဖခင်ဖြစ်သူ ကြာပန်းနီဂိုဏ်းချုပ်၏ အစေခံဟောင်းဖြစ်သည်။ သို့သော် သူတို့က အလွန်ရင်းနှီးသောကြောင့် လင်းယွမ်က သူ့ကို ဦးလေးသုံးဟု ခေါ်ဆိုခြင်းဖြစ်သည်။

ယခုတစ်ကြိမ်တွင် လင်းယွမ်အနေဖြင့် နန်းတွင်းစစ်တပ်၏ ဝန်းရံမှုမှ လွတ်မြောက်နိုင်ခဲ့ခြင်းမှာ သူ၏ ဖခင်က အာရုံလွှဲပေးပြီး ဦးလေးသုံးက သူ့ကို ကယ်တင်ရန် အသက်ရင်း၍ ကြိုးစားခဲ့ခြင်းကြောင့်ဖြစ်သည်။

" သခင်လေး သခင်ကြီး ဆုံးသွားပါပြီ။ " ဦးလေးသုံး၏ မျက်လုံးများထဲတွင် နာကျင်မှုများ ပေါ်ပေါက်လာသည်။

" အင်း " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ သူ၏ စိတ်ထဲတွင် လေးလံမှုကို ခံစားလိုက်ရသည်။

ကြာပန်းနီဂိုဏ်းချုပ်က သေဆုံးသွားပြီဖြစ်ရာ နန်းတွင်း၏ ပစ်မှတ်မှာ ယခုအခါ လင်းယွမ်အပေါ်သို့ လုံးဝ ရောက်ရှိလာခဲ့သည်။

" ဒါပေမယ့် ကျွန်တော်ရှိနေသရွေ့ သခင်လေး စိတ်ချပါ။ ကျွန်တော်သေရမယ်ဆိုရင်တောင် သခင်လေးကို ကာကွယ်ပေးမှာပါ။ "

" စိတ်မကောင်းစရာ စကားတွေ ပြောမနေနဲ့။ " လင်းယွမ်က ခေါင်းခါပြီး ပြောလိုက်သည်။ " နောက်ထပ် ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ။ "

" ကျွန်တော် သခင်လေးကို ယုံပြည်နယ်မှာရှိတဲ့ ကြာပန်းနီဂိုဏ်းခွဲကို ခေါ်သွားဖို့ စီစဉ်ထားပါတယ်။ အဲ့ဒီမှာဆိုရင်တော့ လောလောဆယ် စိတ်ချရဦးမှာပါ။ "

" ယုံပြည်နယ်က ဂိုဏ်းခွဲလား။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

သူ၏ မှတ်ဉာဏ်ထဲတွင် ထိုနေရာရှိ ဂိုဏ်းခွဲခေါင်းဆောင်မှာ သူ၏ ဖခင်အပေါ် သစ္စာရှိသူတစ်ယောက်ဖြစ်သည်။ ယခုအချိန်တွင် ထိုဂိုဏ်းခွဲသို့ သွားရောက်အနားယူခြင်းက ကောင်းမွန်သော ရွေးချယ်မှုတစ်ခုဖြစ်သည်။

" ဒါဆို သခင်လေး ခဏလောက် အနားယူပါဦး။ မှောင်တာနဲ့ ကျွန်တော်တို့ ခရီးဆက်ကြတာပေါ့။ "

ထိုသို့ပြောပြီးသည်နှင့် ဦးလေးသုံးက ပတ်ဝန်းကျင်ကို ကင်းလှည့်ရန် ထွက်ခွာသွားသည်။ သူပျောက်ကွယ်သွားသောအခါ လင်းယွမ်က ဖြည်းညင်းစွာ ထရပ်လိုက်သည်။

" သိုင်းဘိုးဘေး... သိုင်းဘိုးဘေး..."

" ဒီခေါ်သံတွေက တာအိုအမှတ်အသားတွေအဖြစ် ပြောင်းလဲသွားပြီး ငါ အချိန်စက်ဝန်းထဲ ရောက်နေတာကို သိအောင် လုပ်ပေးနေတာလား။ " လင်းယွမ်က သူ၏ စိတ်ကို ထိန်းချုပ်လိုက်သည်။

ထိုခေါ်သံများမရှိလျှင် ဖရိုဖရဲဟင်းလင်းပြင်မှ သက်ရှိအချို့က အချိန်စက်ဝန်းအတွင်း လမ်းပျောက်သွားနိုင်လေသည်။ အထူးသဖြင့် ပထမစက်ဝန်း ကုန်ဆုံးသွားပြီး ဒုတိယစက်ဝန်းစတင်သောအခါ ပထမစက်ဝန်းမှ မှတ်ဉာဏ်များ ပျောက်ကွယ်သွားတတ်သည်။

သို့သော် ယခုအခါ ပြင်ပမှလာသော ခေါ်သံများက လင်းယွမ်ကို ပထမဆုံးစက်ဝန်းတွင်သာ ရှိသေးကြောင်း အတည်ပြုပေးနေသည်။

လင်းယွမ်က သူ၏ အတွေးများကို စုစည်းပြီး စိတ်၏ အနက်ရှိုင်းဆုံးကို အာရုံစိုက်လိုက်သည်။ ထိုနေရာတွင် ခမ်းနားထည်ဝါသော အနန္တကမ္ဘာများ၏ ဂိတ်တံခါးက တည်ရှိနေသည်။

" အချိန်စက်ဝန်းကတောင် ငါနဲ့ ဒီဂိတ်တံခါးရဲ့ ဆက်သွယ်မှုကို မဖြတ်တောက်နိုင်ဘူးပဲ။ " လင်းယွမ်က စိတ်အေးသွားသည်။

အချိန်စက်ဝန်းက အရာအားလုံးကို ကန့်သတ်ထားသောလည်း အနန္တကမ္ဘာများ၏ ဂိတ်တံခါးက ထိုကန့်သတ်ချက်အောက်တွင် ရှိမနေပေ။ လင်းယွမ်က ထိုဂိတ်တံခါးနှင့် ဆက်သွယ်မှုရှိနေဆဲ ဖြစ်သည်။

" ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားကို သုံးလို့ရမလား ကြည့်ရအောင်။ " လင်းယွမ်က စတင်စမ်းသပ်လိုက်သည်။ ခဏအတွင်း ဂိတ်တံခါးမှ စွမ်းအားစီးကြောင်းတစ်ခုက ထွက်ပေါ်လာသည်။

All Chapters