တာအိုဝင်ရောက်ခြင်း...
Vol. 76 Ch. 1063
" သုံးလို့ရတာပဲ။ " လင်းယွမ်က ခေုင်းညိမ့်လိုက်သည်။
သီအိုရီအရ သူက ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားကို အသုံးပြုပြီး မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်သည်။ စွမ်းအားလုံလောက်သရွေ့ အချိန်သက်ရှိတစ်ယောက်ကို သတ်ဖြတ်ခြင်းအပါအဝင်ဖြစ်သည်။
သို့သော် လင်းယွမ်စုဆောင်းထားသော ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားမှာ အချိန်သက်ရှိတစ်ယောက်ကို သတ်ရန် များစွာ လိုအပ်နေသေးသည်။ ယခု သူက အလွှာဆယ့်သုံး အချိန်သက်ရှိကို သတ်ရန် မရည်ရွယ်ပေ။
ထိုအစား သူက ဤကမ္ဘာမှ တာအိုအရှင်သခင်အဆင့်ရှိသူကိုသာ ပစ်မှတ်ထားခြင်းဖြစ်သည်။ ၎င်းအတွက် စွမ်းအားများစွာ ကုန်ကျိမည်မဟုတ်ပေ။
" ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား လေးသန်း။ " လင်းယွမ်၏ မျက်နှာက မဲမှောင်သွားသည်။ " ဒီလောက်တောင် များတာလား။ အဲ့ဒီလူက ထူးခြားနေလို့လား။ ဒါမှမဟုတ် အချိန်စက်ဝန်းက အတားအဆီးဖြစ်နေလို့လား။ "
" စောင့်ကြည့်တာ ပိုကောင်းမယ်ထင်တယ်။ " လင်းယွမ်ဆီတွင် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား လေးသန်းကျော်သာ ရှိသည်။ ထို့ကြောင့် ချက်ချင်း အသုံးမပြုရန် ဆုံးဖြတ်လိုက်သည်။
ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားက သူ၏ နောက်ဆုံးလက်နက်ဖြစ်ပြီး အသက်အန္တရာယ်နှင့် ကြုံတွေ့မှသာ အသုံးပြုရန် ရည်ရွယ်ထားသည်။
" ငါ့ရဲ့ အခြေခံအုတ်မြစ်နဲ့ဆိုရင် အခြားအလွှာဆယ့်နှစ်တွေထက် ဒီအချိန်စက်ဝန်းကို ချိုးဖျက်နိုင်ဖို့ အခွင့်အရေးပိုများတယ်။ " လင်းယွမ်က သူ့ကို ပိတ်လှောင်ထားသော အချိန်စက်ဝန်းကို ကိုယ်ပိုင်နည်းလမ်းဖြင့် ချိုးဖျက်ရန် ကြိုးစားလိုသည်။
" မှော်စာလုံး..." လင်းယွမ်၏ အတွေးတစ်ချက်နှင့်အတူ မရေတွက်နိုင်သော မှော်စာလုံးလေးများက သူ၏ ရှေ့တွင် စုစည်းလာသည်။
" ဖိနှိပ်ခံထားရတာပဲ။ " သူ၏ ရှေ့ရှိ မှော်စာလုံးများကို ကြည့်ပြီး လင်းယွမ်က မှော်စာလုံးလမ်းစဉ်အပေါ် ဖိနှိပ်ခံထားရသည်ကို ခံစားနေရသည်။
" အနာဂတ် " လင်းယွမ်က သူ၏ ရှေ့ရှိ မှော်စာလုံးများကို အသုံးပြု၍ အနာဂတ်အချိန်အတိုင်းအတာကို စောင့်ကြည့်ရန် ကြိုးစားလိုက်သည်။
အသက် ၁၈ နှစ်တွင် သူက နန်းတွင်၏ လိုက်လံဖမ်းဆီးခြင်းကို ခံရပြီး တောနက်ထဲတွင် ပုန်းအောင်းနေရသည်။ တစ်ရက်ကြာသောအခါ သူနှင့် ဦးလေးသုံးက ယုံပြည်နယ်သို့ ခရီးထွက်ခဲ့သည်။
ယုံပြည်နယ်၏ ဂိုဏ်းခွဲခေါင်းဆောင်က သူ့ကို ကြိုဆိုခဲ့သည်။ တစ်လအကြာတွင် ယုံပြည်နယ် ဂိုဏ််းခွဲခေါင်းဆောင်က နန်းတွင်းနှင့် ပူးပေါင်းကာ သူ့ကို တိုက်ခိုက်ခဲ့သည်။ ဦးလေးသုံးက တိုက်ပွဲတွင် သေဆုံးခဲ့ပြီး သူက မနည်းလွတ်မြောက်ခဲ့သည်။ တစ်နှစ်ကြာသောအခါ သူက တာအိုသခင်သုံးယောက်၏ လက်ချက်ဖြင့် သေဆုံးခဲ့သည်။
" ယုံပြည်နယ် ဂိုဏ်းခွဲခေါင်းဆောင်က နန်းတွင်းဘက်ကို ပြောင်းသွားတာလား။ " လင်းယွမ်က မျက်မှောင်ကြုတ်လိုက်မိသည်။
" အခုအရေးကြီးဆုံးက တာအိုဝင်ရောက်ပြီး တာအိုသခင်တစ်ယောက်ဖြစ်လာဖို့ပဲ။ " လင်းယွမ်က သူ၏ စိတ်ကို ထိန်းချုပ်လိုက်သည်။ သူက ပို၍ သန်မာလေ သူကြုံတွေ့ရမည့် အခြေအနေများက ပို၍ လွယ်ကူလေဖြစ်သည်။
" တာအိုဝင်ရောက်ခြင်းဆိုတာ စိတ်ဝိညာဉ်စွမ်းအားကို ကြားခံအဖြစ် အသုံးချပြီး ကောင်းကင်နဲ့ မြေကြီးရဲ့စွမ်းအားကို ရယူတာပဲ။ "
ဝုန်း...
စိတ်ဝိညာဉ်စွမ်းအားများက ထွက်ပေါ်လာသည်နှင့်အမျှ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများက အရပ်မျက်နှာအနှံ့မှ စုစည်းလာပြီး လင်းယွမ်၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာသည်။
ခါးကုန်းအဖိုးအို ဦးလေးသုံးက သတိရှိရှိ ကင်းလှည့်နေစဉ် သူ၏ စိတ်ဝိညာဉ်က တုန်လှုပ်သွားသည်။
" ဒါက.... စိတ်ဝိညာဉ်စွမ်းအားနဲ့ ကောင်းကင်နဲ့ မြေကြီးကို ဆွဲဆောင်တာပဲ။ ဒါက တာအိုဝင်ရောက်ခြင်းလား။ စခင်းလေးက တာအိုဝင်ရောက်သွားပြီး တာအိုသခင်တစ်ယောက်ဖြစ်သွားတာလား။ "
" သခင်ကြီး မြင်ရဲ့လား။ သခင်လေးက တာအိုသခင်တစ်ယောက်ဖြစ်သွားပြီ။ " ဦးလေးသုံးက မျက်ရည်များဖြင့် ရေရွတ်လိုက်သည်။
တာအိုဝင်ရောက်သူများက သူတို့၏ စိတ်ဝိညာဉ်ကို ကောင်းကင်မြေကြီးတို့နှင့် ဟန်ချက်ညီညီ ပေါင်းစပ်ပြီး သာမန်လူများထက် သာလွန်သော စွမ်းရည်များကို ထုတ်ဖော်နိုင်ကြသည်။ ဥပမာ အခြားသူများ၏ အမြင်မှ ဖုံးကွယ်နိုင်ခြင်း သို့မဟုတ် စိတ်ဝိညာဉ်စွမ်းအားကို သုံး၍ ရန်သများကို လှည့်စားရန် ပုံရိပ်ယောင်များ ဖန်တီးခြင်းတို့ဖြစ်သည်။
ထိုနည်းလမ်းများက စိတ်ဝိညာဉ်စွမ်းအားသက်သက်ကို အသုံးပြုခြင်းဖြစ်ပြီး စစ်မှန်သော စွမ်းအားက အလွန်ကြီးမားခြင်းမရှိပေ။ သို့သော် အင်ပါယာတစ်ခု၏ အင်အားမှလွဲ၍ ကမ္ဘာပေါ်တွင် ကျင့်ကြံသူများကို ကြောက်ရွံ့အောင် လုပ်နိုင်သည့်အရာ သိပ်မရှိပေ။
ကြာပန်းနီဂိုဏ်းက အထွတ်အထိပ်ကာလတွင် ကျင့်ကြံသူဆယ်ဂဏန်းရှိခဲ့သည်။ ထိုမျှနှင့်ပင် သူတို့က ပြည့်နယ်များစွာကို မုန်တိုင်းထန်သကဲ့သို့ လှုပ်ခတ်အောင် လုပ်နိုင်ကြသည်။
တာအိုအရှင်များနှင့် တာအိုအရှင်သခင်များက အမှန်တကယ် သန်မာကြသည်။ တာအိုအရှင်အဆင့်သို့ ရောက်သောအခါ ပုန်ကန်မှုများတွင် ပါဝင်ရန် စိတ်ဝင်စားခြင်းမရှိကြတော့ပေ။
တာအိုအရှင်တစ်ယောက်အတွက် လိုအပ်သည်မှာ တဖုန်းအင်ပါယာအပေါ် သစ္စာခံရန်သာ လိုအပ်ပြီး ထိုသို့လုပ်ခံရလျှင် အကျိုးခံစားခွင့်များကို ရရှိမည်ဖြစ်သည်။ ၎င်းမှာ မင်းသားတစ်ပါး၏ အဆင့်အတန်းနီးပါး တူညီပေသည်။
အကယ်၍ တဖုန်းအင်ပါယာကို သစ္စာမခံလိုလျှင် ပတ်ဝန်းကျင်မှ အခြားနိုင်ငံငယ်လေးများသို့ တိမ်းရှောင်သွားနိုင်လေသည်။ တာအိုအရှင်တစ်ယောက်၏ စွမ်းအားဖြင့်ဆိုလျှင် ထိုနိုင်ငံလေးများတွင် အကြွင်းမဲ့အုပ်စိုးနိုင်ပေသည်။
ကျင့်ကြံသူတစ်ယောက်ဖြစ်လာရန် အလွန်ခက်ခဲလှသည်။ တဖုန်းအင်ပါယာက အရင်းအမြစ်များ၊ လမ်းညွှန်မှုများနှင့် စနစ်တကျ လေ့ကျင့်ပေးသော်လည်း သူတို့ပျိုးထောင်ပေးနိုင်သည့် ကျင့်ကြံသူအရေအတွက်က အလွန်နည်းပါးလှသည်။
ယခု လင်းယွမ်၏ စိတ်ဝိညာဉ်က ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများအား ဆွဲဆောင်နေသည်ကို မြင်သောအခါ ၎င်းက ကျင့်ကြံသူတစ်ယောက်ဖြစ်လာမည့် လက္ခဏာဖြစ်သည်ကို ဦးလေးသုံးက သိလိုက်သည်။
လင်းယွမ်က ကျင့်ကြံသူတစ်ယောက်ဖြစ်လာသောကြောင့် နန်းတွင်း၏ လိုက်လံဖမ်းဆီးမှုမှ လွတ်မြောက်နိုင်စွမ်းမှာ သဘာဝအတိုင်း မြင့်တက်လာခဲ့သည်။ သူတို့က အန္တရာယ်များသော အခြေအနေများသို့ ကိုယ်တိုင်မဝင်ရောက်သရွေ့ သူတို့၏ အသက်အန္တရာယ်က စိုးရိမ်စရာသိပ်မရှိပေ။
ကြာပန်းနီဂိုဏ်းချုပ်က နန်းတွင်း၏ သုတ်သင်ရှင်းလင်းခြင်းကို ခံခဲ့ရသည်။ ၎င်းမှာ သူ၏ ကျော်ကြားမှုနှင့် တဖုန်း၏ တာအိုနှိမ်နင်းရေးဌာနက သူ့ကို အချိန်အတော်ကြာ စောင့်ကြည့်နေခဲ့သောကြောင့် ဖြစ်သည်။ သို့သော် လင်းယွမ်က မတူပေ။
လင်းယွမ်က ကျင့်ကြံသူဖြစ်လာသည်ကို ဘယ်သူမှမသိသေးပေ။ လိုက်လံဖမ်းဆီးမှုကလည်း သေချာပေါက် အားကောင်းမည်မဟုတ်ပေ။
" စိတ်အေးအေးထား။ အခု အရေးကြီးဆုံးက သခင်လေးရဲ့ လမ်းကြောင်းကို ကာကွယ်ပေးဖို့ပဲ။ " ဦးလေးသုံးက သူ့ကိုသူ ထိန်းချုပ်လိုက်သည်။
သူက ကျင့်ကြံသူတစ်ယောက်မဟုတ်သော်လည်း သူတို့ကြားရှိ တားမြစ်ချက်အချို့ကို နားလည်ထားသည်။ ဥပမာ ကျင့်ကြံသူတစ်ယောက်က ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို ပထမဆုံးအကြိမ် စတင်ဆွဲယူသည့်အခါ သူတို့ကို မည်သည့်အရာကမှ နှောက်ယှက်၍ မရပေ။
ကောင်းကင်နှင့်မြေကြီး၏ ပြင်းထန်သော စွမ်းအားများကြောင့် စိတ်ဝိညာဉ်မပျက်စီးသွားစေရန် ဖြစ်သည်။ ၎င်းတို့တွေးမိသောအခါ အဖိုးအိုက ပို၍ပင် သတိထားလိုက်သည်။
သူမသိသည်မှာ လင်းယွမ်၏ ရှေ့တွင်မူ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများမှာ ကြောင်လေးတစ်ကောင်ကဲ့သို့ ယဉ်ပါးစွာ ပြုမူနေကြသည်။ သူ၏ နယ်ပယ်အဆင့်အတန်းအရ နည်းလမ်းအားလုံးကို ပိတ်ခံထားရလျှင်တောင် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို ထိန်းချုပ်ရန် သူ့အတွက် လွယ်ကူသော ကိစ္စတစ်ခုဖြစ်သည်။
" တိုးတက်မှုက နည်းလွန်းတယ်။ " လင်းယွမ်က မျက်လုံးများ ဖွင့်လိုက်သည်။ သူ၏ ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများက တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။
ပထမဆုံးအကြိမ် တာအိုဝင်ရောက်ခြင်းမှာ တိုးတက်မှုအရှိန်အဟုန် အမြင့်မားဆုံးအချိန်ဖြစ်သည်။ သို့သော် ထိုအမြင့်မားဆုံး တိုးတက်မှုကပင် လင်းယွမ်ကို မကျေနပ်စေနိုင်ပေ။ အထူးသဖြင့် ရုပ်ခန္ဓာက အများဆုံး တာအိုမဝင်ရောက်ခင်ကထက် အနည်းငယ် ပိုသန်မာလာရုံသာ ဖြစ်သည်။
တာအိုအရှင်သခင်များက သာမန်လူသားခန္ဓာကိုယ့ကိုသာ ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။ ဤအချိန်စက်ဝန်းထဲတွင် ရုပ်ခန္ဓာအပေါ် ပြင်းထန်သော ဖိနှိပ်မှုများ ရှိပြီး စိတ်ဝိညာဉ်စွမ်းအား အနည်းငယ်ကိုသာ ခွင့်ပြုထားသည်။
သို့သော် သန်မာသော ရုပ်ခန္ဓာမရှိဘဲ သန်မာသော စိတ်စွမ်းအားကို မွေးမြူရန် မဖြစ်နိုင်ပေ။ ကျင့်ကြံသူအများစုအတွက် ရုပ်ခန္ဓာက အခြေခံအုတ်မြစ်ဖြစ်သည်။ ရုပ်ခန္ဓာက အရာအားလုံးကို မွေးမြူပေးပြီး ထူးကဲသော စွမ်းအားများကို ဖြစ်ပေါ်စေသည်။
" အနည်းဆုံးတော့ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်လာပြီ။ " လင်းယွမ်က ခေညင်းညိမ့်လိုက်သည်။ သူ၏ လက်ရှိ စိတ်ဝိညာဉ်စွမ်းအားအပေါ် အသုံးချနိုင်မှုဖြင့် တာအိုအရှင်များကိုပင် တိုက်ရိုက်ယှဉ်ပြိုင်နိုင်သည်။
တာအိုအရှင်တစ်ယောက်က နန်းတွင်းကို တုက်ရိုက်မရင်ဆိုင်သရွေ့ အခြားနေရာများတွင် လွတ်လပ်စွာ နေထိုင်နိုင်သည်။ နန်းတွင်းက တာအိုအရှင်တစ်ယောက်ကို အလွန်အမင်း ဖိအားပေးမည်မဟုတ်ပေ။
ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများ ငြိမ်သက်သွားသောအခါ အဖိုးအိုက ချဉ်းကပ်လာသည်။
" ဦးလေးသုံး။ " လင်းယွမ်က မျက်လုံးများဖွင့်ပြီး အဖိုးအိုကို ကြည့်လိုက်သည်။
သူစောင့်ကြည့်ခဲ့သော အနာဂတ်အချိန်အတိုင်းအတာများတွင် ထိုအဖိုးအိုက အကြွင်းမဲ့သစ္စာရှိမှုကို ပြသခဲ့သည်။ လင်းယွမ်လွတ်မြောက်နိုင်ရန်အတွက် သူ့ကိုသူ အကြိမ်ကြိမ် စတေးခဲ့သူဖြစ်သည်။
" သခင်လေး သခင်လေးက ကျင့်ကြံသူတစ်ယောက် ဖြစ်သွားပြီလား။ " အဖိုးအိုက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားပြောင်းလဲမှုများကို သိသော်လည်း လင်းယွမ်၏ နှုတ်မှထွက်သော စကားကို ကိုယ်တိုင်ကြားလိုသေးသည်။