← Chapters

နှစ်ပေါင်းနှစ်ဆယ်....

Vol. 76 Ch. 1064

နှစ်ပေါင်းနှစ်ဆယ်....

Vol. 76 Ch. 1064

" အဖေရဲ့ သေဆုံးမှုကို ကြားလိုက်ရတော့ စိတ်ထဲ လှုပ်ခတ်သွားပြီး တာအိုထဲဝင်ရောက်သွားတာပါ။ " လင်းယွမ်က အကြောင်းပြချက် အလွယ်တကူ ပေးလိုက်သည်။

ဤကမ္ဘာတွင် တာအိုဝင်ရောက်ခြင်းဆိုသည်မှာ အလွန်လျို့ဝှက်ဆန်းကြယ်သော ကိစ္စတစ်ခုဖြစ်သည်။ တစ်ယောက်ချင်းစီ၏ စုဆောင်းမှုနှင့် ပါရမီအပြင် ပြင်ပပတ်ဝန်းကျင်နှင့်လည်း တစ်နည်းတစ်ဖုံ ပက်သက်နေသည်။

" ကောင်းတယ် အရမ်းကောင်းတယ်။ " ဦးလေးသုံးက ခေါင်းညိမ့်လိုက်သည်။

" သခင်လေး ကျွန်တော်တို့ အခုပဲ ယုံပြည်နယ်ကို သွားရအောင် အဲ့ဒီက ဂိုဏ်းခွဲရဲ့ အင်အားကို သုံးပြီး ပြန်လည်ထူထောင်မယ့် အခွင့်အရေး ရှိနိုင်လိမ့်မယ်။ "

" ယုံပြည်နယ်ကို သွားမှာလား။ " လင်းယွမ်က အဖိုးအိုကို ကြည့်ပြီး ခေါင်းခါလိုက်သည်။ " အဲ့ဒီနေရာကို ကျွန်တော် သိပ်သဘောမကျဘူး။ "

အနာဂတ်အချိန်အတိုင်းအတာများတွင် ယုံပြည်နယ်၏ ကြာပန်းနီဂိုဏ်းခွဲခေါင်းဆောင်က နန်းတွင်းသို့ ဘက်ပြောင်းသွားပြီဖြစ်ကြောင်း သိခဲ့ရသည်။ သူတို့က လင်းယွမ်ရောက်လာသည်နှင့် နန်းတွင်းနှင့် ပူးပေါင်းကာ သူတို့ကို ချေမှုန်းပေလိမ့်မည်။

" ယုံပြည်နယ်ကို သဘောမကျဘူးလား။ " အဖိုးအိုက အနည်းငယ် နားမလ်နိုင်ဖြစ်သွားပြီး ထပ်မေးလိုက်သည်။ " ဒါဆို ချီပြည်နယ်ရော ဘယ်လိုလဲ။ "

ချီပြည်နယ်ရှိ ကြာပန်းနီဂိုဏ်းခွဲက ယုံပြည်နယ်လောက် အင်အားမကြီသဖြင့် အကောင်းဆုံး ရွေးချယ်မှုတော့ မဟုတ်ပေ။ သို့သော် သေးငယ်သော ဂိုဏ်းခွဲမဟုတ်သဖြင့် ခဏတာ ခိုလှုံနိုင်ပေသည်။

" ချီပြည်နယ်လည်း မဖြစ်သေးဘူး။ " လင်းယွမ်က ခေါင်းခါလိုက်သည်။

အခြားသော အနာဂတ်အချိန်အတိုင်းအတာတစ်ခုတွင် အဖိုးအိုက လင်းယွမ်ကို ချီပြည်နယ်သို့ ခေါ်သွားခဲ့သည်။ ရလဒ်အနေဖြင့် ချီပြည်နယ် ဂိုဏ်းခွဲခေါင်းဆောင်ကလည်း နန်းတွင်းနှင့် ပူးပေါင်းနေပြီး တစ်ဂိုဏ်းလုံးတွင် နန်းတွင်းမှ သူလျိုများနှင့် ပြည့်နှက်နေခဲ့သည်။

အဖိုးအိုက ခဏစဉ်းစားပြီး နောက်ထပ် ရွေးချယ်စရာအချို့ကို ဆက်တိုက်ပြောခဲ့သည်။ သို့သော် လင်းယွမ်က ၎င်းတို့ကို တစ်ခုချင်းစီ ပယ်ချခဲ့သည်။ ထိုနေရာများအားလုံးက တဖုန်းနန်းတွင်၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားပြီဖြစ်သည်။ ထိုနေရာသို့ သွားခြင်းက ထောင်ချောက်ထဲသို့ ခုန်ဆင်းခြင်းနှင့်တူပေလိမ့်မည်။

" ဦးလေး တာအိုနှိမ်နင်းရေးဌာနရဲ့ နည်းလမ်းတွေကို ဘယ်လိုထင်လဲ။ " လင်းယွမ်က ပြန်မေးလိုက်သည်။

" တာအိုနှိမ်နင်းရေးဌာနရဲ့ နည်းလမ်းတွေကတော့...." အဖိုးအိုက တိတ်ဆိတ်သွားပြီး သူ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ပေါ်လာသည်။

တဖုန်းအင်ပါယာ၏ တာအိုနှိမ်နင်းရေးဌာနက ရက်စက်ကြမ်းကြုတ်ပြီး မည်သည့်အမှားအယွင်းမှ အဖြစ်မခံပေ။ ယခုအကြိမ်တွင် ကြာပန်းနီဂိုဏ်းချုပ်က နောက်လိုက်အများစုကို ဦးဆောင်ခဲ့သော်လည်း နောက်ဆုံးတွင် တာအိုနှိမ်နင်းရေးဌာန၏ ရှင်းလင်းခြင်းကို ခံခဲ့ရသည်။

" တာအိုနှိမ်နင်းရေးဌာနက လှုပ်ရှားလာပြီဆိုကတည်းက သူတို့မှာ ယုံကြည်မှု အပြည့်အဝ ရှိလို့ပဲဖြစ်ရမယ်။ ဦးလေးပြောတဲ့နေရာတွေက ဘေးကင်းတယ်လို့ ထင်ရပေမယ့် တာအိုနှိမ်နင်းရေးဌာနက အဲ့ဒီနေရာတွေကို မသိဘူးလို့ ဦးလေးထင်လား။ " လင်းယွမ်က ပြောလိုက်သည်။

အမှန်တော့ ကြာပန်းနီဂိုဏ်းချုပ်ကို မနှိမ်နင်းခင်ကတည်းက တာအိုနှိမင်နင်းရေးဌာနက ထွက်ပြေးလွတ်မြောက်နိုင်သည့် လမ်းကြောင်းများ အားလုံးကို ဖြတ်တောက်ထားပြီးဖြစ်သည်။ ဂိုဏ်းခွဲအသီးသီးရှိ ပြင်ဆင်မှုများက လင်းယွမ်အတွက်မဟုတ်ဘဲ တာအိုသခင်ဖြစ်သော ကြာပန်းနီဂိုဏ်းချုပ်အတွက် ပြင်ဆင်ထားခြင်းဖြစ်သည်။

အကယ်၍ ဂိုဏ်းချုပ်က လွတ်မြောက်သွားလျှင် ပြန်လည်ထူထောင်ရန် သေချာပေါက် ကြိုးစားပေလိမ့်မည်။ ထိုသို့သော အခြေအနေတွင် သူက အခြားဂိုဏ်းခွဲများ၏ အင်အားကို သုံးချရမည်ဖြစ်သည်။ တာအိုနှိမ်နင်းရေးဌာနက ၎င်းကို ကြိုတင်တွက်ဆထားပြီး ဂိုဏ်းခွဲနေရာများတွင် ကြိုစောင့်နေခဲ့ခြင်းဖြစ်သည်။

" သခင်လေး ဆိုလိုတာက...." အဖိုးအိုက လင်းယွမ်၏ စကားကို ချက်ချင်း နားလည်လိုက်သည်။

" ဦးလေးပြောတဲ့ နေရာမှန်သမျှကို တာအိုနှိမ်နင်းရေးအဖွဲ့ကလည်း ကြိုသိထားတယ်။ သူတို့က ကျွန်တော်တို့ကို ကြိုစောင့်နေလိမ့်မယ်။ " လင်းယွမ်က ပြောလိုက်သည်။

" ဒါဆို သခင်လေး ဘာလုပ်ဖို့ စိတ်ကူးထားလဲ။ " အဖိုးအိုက လင်းယွမ်ကို မေးလိုက်သည်။

" နန်းတွင်းက အပြင်မှာ ထောင်ချောက်တွေ ဆင်ထားတော့ အပြင်ကို မထွက်ရုံပဲပေါ့။ " လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။

" အပြင်မထွက်ဘူးလား။ " အဖိုအိုက အံ့အားသင့်သွားသည်။ သူက အနီးမှ တောင်တန်းများကို ကြည့်ပြီး ဆက်မေးလိုက်သည်။ " ဒီတောင်တန်းတွေထဲမှာ နေပြီး အပြင်မထွက်တော့ဘူးလား။ "

" ဦးလေး ကျွန်တော်ကို ယုံလား။ " လင်းယွမ်က ဆက်မရှင်းပြဘဲ မေးလိုက်သည်။

" ယုံတာပေါ့။ သခင်လေးကို ယုံတာပေါ့။ " အဖိုးအိုက ချက်ချင်း ပြောလိုက်သည်။

" ဒါဆို ကျွန်တော်နောက်ကို လိုက်ခဲ့ပါ။ ဘာမှမမေးပါနဲ့။ " လင်းယွမ်က ပြောလိုက်သည်။ သူစောင့်ကြည့်ခဲ့သော အနာဂတ် အချိန်အတိုင်းအတာများအရ ဆယ်နှစ်အတွင်း ဤတောင်တန်းထဲမှ ထွက်ခွာသွားလျှင် ထောင်ချောက်အမျိုးမျိုးက သူတို့ကို စောင့်ကြိုနေမည် ဖြစ်သည်။

ဆန့်ကျင်ဘက်အားဖြင့် ထိုတောင်တန်းထဲတွင်သာ ပုန်းအောင်းနေလျှင် ဆယ်စုနှစ်ကြာအောင် ဖွံ့ဖြိုးတိုးတက်မှုကို ရရှိပေလိမ့်မည်။ လင်းယွမ်က မသန်မာသေးမီ သူ့ကိုသူ ထုတ်ပြမည်မဟုတ်ပေ။ အထူးသဖြင့် သူ၏ စမ်းသပ်မှုက တဖုန်းဧကရာဇ်ကို သတ်ဖြတ်ရန်ဖြစ်ည်။

" ကောင်းပြီ။ သခင်လေး ဘယ်သွားသွား ကျွန်တော်လိုက်ခဲ့မယ်။ " အဖိုးအိုက ချက်ချင်း နားလည်သွားသည်။

" ဒီတောနက်ထဲမှာ ဟေးဖုန်းရွာဆိုတာ ရျီတယ်။ အဲ့ဒီမှာ ဓားပြအုပ်စုတစ်စုရှိတယ်။ ကျွန်တော်တို့ အဲ့ဒီရွာကို သွားကြမယ်။ "

လင်းယွမ်က ဟေးဖုန်းရွာကို သိမ်းပိုက်ရန် ရည်ရွယ်ထားသည်။ ဟေးဖုန်းရွာက သာမန်ဓားပြအုပ်စုလေးတစ်ခုသာ ဖြစ်ပြီး တာအိုနှိမ်နင်းရေးဌာန၏ အာရုံစိုက်မှုကို ခံရမည်မဟုတ်ပေ။

" ဟေးဖုန်းရွာလား။ သခင်လေးပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့။ " အဖိုးအိုက ခဏစဉ်းစားပြီး ခေါင်းညိမ့်လိုက်သည်။

ငွေရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသော လူဆယ်ယောက်ကျော်က တစ်နေရာတွင် ရပ်နေကြသည်။ သူတို့က တာအိုနှိမ်နင်းရေးဌာနမှ ကျွမ်းကျင်သူများဖြစ်ကြသည်။

" အကိုကြီး ဆက်မလိုက်တော့ဘူးလား။ " မုတ်ဆိတ်နှင့် လူတစ်ယောက်က ခေါင်းဆောင်ဖြစ်သူကို ကြည့်ပြီး မေးလိုက်သည်။

" ဒီဟေးစန်းတောင်တန်းက မိုင်ပေါင်းတစ်သောင်းကျော် ကျယ်တာလေ။ ငါတို့ ဘယ်လိုလုပ်လိုက်ရှာမှာလဲ။ ကြာပန်းနီဂိုဏ်းရဲ့ အကြွင်းအကျန် နည်းနည်းအတွက် စစ်သည်သိန်းချီ ဒါမှမဟုတ် တာအိုအရှင်သခင်တစ်ယောက်ကို သုံးရမှာလား။ " ခေါင်းဆောင်ဖြစ်သူက ပြန်မေးလိုက်သည်။

"စိတ်မပူနဲ့။ ကြာပန်းနီဂိုဏ်းချုပ်လည်း သေပြီဆိုတော့ ကျန်တဲ့ အကြွင်းအကျန်တွေက ပြဿနာကြီးကြီးမားမား မရှာနိုင်တော့ပါဘူး။ အဲ့ဒီအကြွင်းအကျန်တွေက ဟေးစန်းတောင်တန်းက ထွက်လာခဲ့ရင် သေချာပေါက် လွတ်မှာ မဟုတ်ဘူး။ " ခေါင်းဆောင်က ပြောပြီး လှည့်ထွက်သွားသည်။

ကြာပန်းနီဂိုဏ်းက သူတို့ နှိမ်နင်းရမည့် အဖွဲ့များထဲမှ တစ်ခုသာ ဖြစ်ပြီး အတော်လေးအားနည်းသော အဖွဲ့တစ်ခုလည်း ဖြစ်သည်။

ဟေးစန်းတောင်တန်း၏ နက်ရှိုင်းသောနေရာတွင် ဟေးဖုန်းရွာရှိနေသည်။ ရွာ၏ အပြင်ဘက်တွင် အဖိုးအိုတစ်ယောက်နှင့် လူငယ်တစ်ယောက် ပေါ်လာသည်။

" ဘယ်သူတွေလဲ။ " ကင်းလှည့်နေသော ဓားပြတစ်ယောက်က လင်းယွမ်တို့ကို ကြည့်ပြီး မေးလိုက်သည်။

" ငါမင်းတို့ ခေါင်းဆောင်နဲ့ တွေ့ချင်လို့ လာတာပဲ။ " လင်းယွမ်က ရှေ့တိုးပြီး ဓားပြကို ပြုံးပြလိုက်သည်။

နာရီဝက်ကြာသောအခါ ခေါင်းဆောင်နှင့် အခြားလူခုနှစ်ယောက်လုံးက လင်းယွမ်၏ ရှေ့တွင် ဒူးထောက်ပြီး ဦးညွှတ်နေကြသည်။ နာရီဝက်အတွင်း ဟေးဖုန်းရွာ၏ အရှင်သခင်က ပြောင်းလဲသွားခဲ့သည်။

အချိန်များ ကုန်ဆုံးလာပြီး မျက်စိတစ်မှိတ်အတွင်း နှစ်ပေါင်းနှစ်ဆယ် ကြာသွားခဲ့သည်။ နှစ်ပေါင်းနှစ်ဆယ်အတွင်း လင်းယွမ်က ဟေးဖုန်းရွာကို သိမ်းပိုက်ပြီး အချက်နှစ်ချက်ကို လုပ်ဆောင်ခဲ့သည်။

ပထမအချက်မှာ သူက ကျင့်ကြံအားထုတ်ပြီး သူ၏ စွမ်းအားကို တတ်နိုင်သမျှ မြှင့်တင်ရန် ကြိုးစားခဲ့သည်။ ဒုတိယအချက်မှာ သူက လက်အောက်ငယ်သားများကို လေ့ကျင့်ပေးပြီး အင်အားစုတစ်ခု တည်ထောင်ခဲ့သည်။

ဤအချိန်စက်ဝန်းထဲတွင် အသန်မာဆုံး တာအိုအရှင်သခင်များပင် လူသားများသာဖြစ်သည်။ အများဆုံး လူတစ်ယောက်တည်းနှင့် စစ်သည်တစ်ထောင်ကို ရင်ဆိုင်နိုင်ရုံသာ ရှိသည်။ လင်းယွမ်ပင် ၎င်းထက် များစွာ သာလွန်ခြင်းမရှိပေ။

ထို့ကြောင့် အင်အားစုတစ်ခု တည်ထောင်ပြီး အရည်အချင်းရှိသော လက်အောက်ငယ်သားများကို ပျိုးထောင်ရန် မဖြစ်မနေ လိုအပ်လာသည်။ အထူးသဖြင့် ရန်သူက တဖုန်းဧကရာဇ် ဖြစ်နေသည်။

အကယ်၍ သူက တစ်ယောက်တည်း ကြိုးစားလျှင် ခက်ခဲမှုက အလွန်ကြီးမားသွားပေလိမ့်မည်။ တဖုန်းအင်ပါယာနှင့် ယှဉ်ပြိုင်နိုင်သော အင်အားစုတစ်ခုကို တည်ထောင်ခြင်းက လင်းယွမ်ကို ပိုမိုသာလွန်သော အနေအထားတစ်ခု ရှိစေမည်မှာ သေချာသည်။

ဟေးဖုန်းရွာ၏ လေ့ကျင့်ရေးကွင်းတွင် လူငယ်တစ်စုက နေရောင်အောက်တွင် ထို င်နေကြသည်။ ထိုလူငယ်များကို ဟေးစန်းတောင်တန်းတစ်ဝိုက်မှ ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး သူတို့က တာအိုဝင်ရောက်သူများ ထြစ်လာနိုင်သည့် ပါရမီရှင်များဖြစ်ကြသည်။

" ခေါင်းဆောင် ဘာကိစ္စရှိလို့လဲ။ " လင်းယွမ် လေ့ကျင့်ရေးကွင်းထဲသို့ ဝင်လာသောအခါ ပိန်ပိန်နှင့် လူတစ်ယောက်က သူ့ကို ရိုသေစွာ နှုတ်ဆက်လိုက်သည်။

သူ၏ နာမည်က ရွမ်ယိဖြစ်ပြီး လက်ရှိတွင် တာအိုသခင်အဆင့်ရှိသူဖြစ်သည်။ ရွမ်ယိက စွန့်ပစ်ခံရသော ကလေးတစ်ယောက်ဖြစ်ပြီး ဝံပုလွေအုပ်၏ လက်ထဲမှ လင်းယွမ် ကယ်တင်ထားခြင်းဖြစ်သည်။

" ဒီအတိုင်းလာကြည့်တာ။ အဖွဲ့ဝင်တွေကို ကျင့်ကြံပေးရတာ ဘယ်လိုလဲ။ " လင်းယွမ်က တည်ငြိမ်စွာ မေးလိုက်သည်။

" ခေါင်းဆောင်ရဲ့ လမ်းညွှန်မှုတွေကြောင့် သူတို့အားလုံး အဆင်ပြေပါတယ်။ " ရွမ်ယိက ရိုသေစွာ ပြန်ပြောလိုက်သည်။

နှစ်ပေါင်းနှစ်ဆယ်အတွင်း သူလေ့ကျင့်ပေးခဲ့သော ကျင့်ကြံသူအရေအတွက်က တစ်ထောင်ကျော်သွားခဲ့ပြီဖြစ်ပြီး တာအိုသခင်က နှစ်ဆယ်ကျော်ရှိလာခဲ့သည်။ ထိုကျင့်ကြံသူများက ယခုအခါ ပြည်နယ် ၉၉ခုလုံးတွင် ပျံ့နှံ့နေပြီး လင်းယွမ်၏ အနာဂတ်တိုက်ပွဲအတွက် အရေးပါသော နယ်ရုပ်များ ဖြစ်လာခဲ့သည်။

All Chapters