ရွှေနဂါးဂိုဏ်းကို ထိန်းချုပ်ခြင်း....
Vol. 76 Ch. 1065
လင်းယွမ်က ဦးလေးသုံးနှင့် ပက်သက်သော အချိန်အတိုင်းအတာများကို စတင်စောင့်ကြည့်လိုက်သည်။ တစ်လအကြာတွင် ဦးလေးသုံးက ရွှေနဂါးဂိုဏ်း၏ လက်ချက်ဖြင့် သေဆုံးခဲ့သည်။
" ဟမ် " လင်းယွမ်က အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ " ရွှေနဂါးဂိုဏ်းလား။ "
ရွှေနဂါးဂိုဏ်းက ဦးလေးသုံးကို တိုက်ခိုက်သည့်အကြောင်းရင်းမှာ အကျိုးစီးပွားအတွက်သာ ဖြစ်သည်။
" ထားလိုက်တော့ ကိုယ်တိုက်သွားပြီး ဖြေရှင်းလိုက်တာပဲကောင်းတယ်။ " လင်းယွမ်က နောက်ထပ် အနာဂတ်အချိန်အတိုင်းအတာများကို စောင့်ကြည့်ပြီး ဆုံးဖြတ်ချက်ချလိုက်သည်။
မန်ပြည်နယ်၏ နယ်စပ်ရှိ တောအုပ်တစ်ခုထဲတွင် ဦးလေးသုံးက အသည်းအသန် ထွက်ပြေးနေသည်။ နှစ်ပေါင်းနှစ်ဆယ်အတွင်း ဦးလေးသုံးက တာအိုဝင်ရောက်သူတစ်ယောက်ဖြစ်လာခဲ့သည်။
ဦးလေးသုံးက တစ်စုံတစ်ခုကို အာရုံခံမိလိုက်ပြီး ထွက်ပြေးမှုကို ရပ်တန့်လိုက်သည်။ ရွှေရောင်ဝတ်စုံနှင့် လူလေးယောက်က ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။
" အဖိုးကြီး ဘာလို့ဆက်မပြေးတော့တာလဲ။ "
" ရွှေနဂါးဂိုဏ်းကလူတွေ.. ငါက မန်ပြည်နယ်အပေါ် မကောင်းတဲ့ရည်ရွယ်ချက်မရှိဘူး။ "
" ခင်ဗျားမှာ မကောင်းတဲ့ ရည်ရွယ်ချက်ရှိမရှိဆိုတာ စကားနဲ့ ပြောလို့မရဘူး။ ကျုပ်တို့နဲ့ လိုက်ခဲ့ရုံပဲ။ "
လင်းယွမ်က ဦးလေးသုံးကို ပိတ်ဆို့ထားသော ရွှေရောင်ဝတ်စုံနှင့် လူလေးယောက်ကို တိတ်ဆိတ်စွာ ကြည့်နေသည်။
" သခင်လေး...." ဦလေးသုံးက လှည့်ကြည့်ပြီး သူ၏ နောက်တွင် ရပ်နေသော လူငယ်ကို မြင်သောအခါ သူက ထိတ်လန့်သွားသည်။ " သခင်လေး ရွှေနဂါးဂိုဏ်းက..."
" ကျွန်တော် အကုန်လုံး သိပြီးသွားပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်ပြီး ပြောလိုက်သည်။
" ရွှေနဂါးဂိုဏ်းရဲ့ နာမည်ကို ကြားဖူးနေတာကြာပြီ။ ဒီနေ့တော့ အတွေ့အကြုံယူချင်လို့ လိုက်လာခဲ့တာပဲ။ "
" မင်းတစ်ယောက်တည်းလား။ " ရွှေရောင်ဝတ်စုံနှင့် လူက လင်းယွမ်ကို အထင်သေးစွာ ကြည့်လိုက်သည်။
လင်းယွမ်ထံမှ မည်သည့်အရှိန်အဝါမှ ထွက်ပေါ်နေခြင်းမရှိပေ။ သူတို့၏ အမြင်တွင် လင်းယွမ်က သာမန်လူသားတစ်ယောက်နှင့် မခြားပေ။
တာအိုဝင်ရောက်သူများက အဓိကအားဖြင့် သူတို့၏ စိတ်ဝိညာဉ်စွမ်းအားအပေါ်တွင် မူတည်သည်။ စိတ်ဝိညာဉ်စွမ်းအားက ပိုမိုအားကောင်းလေ သူတို့အသုံးပြုနိုင်သော လျို့ဝှက်နည်းစနစ်များက ပိုမိုအစွမ်းထက်လေဖြစ်သည်။ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကိုလည်း ပိုမိုအသုံးပြုနိုင်ကြသည်။
ထို့ကြောင့် တာအိုဝင်ရောက်သူများက တိုက်ခိုက်ရာတွင် ပြိုင်ဘက်၏ စိတ်ဝိညာဉ်ကို ဦးစွာ အာရုံခံလေ့ရှိကြသည်။ အနီးရှိ ရွှေရောင်ဝတ်စုံနှင့်လူက လင်းယွမ်ထံမှ စိတ်ဝိညာဉ်စွမ်းအားလှိုင်းများကို မခံစားရပေ။ ထို့ကြောင့် သူက လျစ်လျူရှုပြီး လုံးဝ အလေးမထားခဲ့ပေ။
သို့သော် အလယ်တွင် ရပ်နေသော လူက ပို၍ နက်နက်ရှိုင်းရှိုင်း တွေးတောနေသည်။ လင်းယွမ်က သာမန်လူတစ်ယောက်ဖြစ်လျှင် တာအိုဝင်ရောက်သူများ၏ ကိစ္စကို ဝင်ရောက်စွက်ဖက်ရဲမည်မဟုတ်ပေ။
ထိုလူက တစ်စုံတစ်ခုမှားယွင်းနေသည်ကို ခံစားလိုက်ရသောကြောင့် ထောက်လှမ်းရေး လျို့ဝှက်နည်းစနစ်တစ်ခုကို အသုံးပြုလိုက်သည်။ လျို့ဝှက်နည်းစနစ်များကို အသုံးပြုခြင်းက စိတ်ဝိညာဉ်စွမ်းအားကို ကုန်ခမ်းစေသည်။
" စိတ်ဝိညာဉ်စွမ်းအားကို ဒီလောက်အထိ ထိန်းချုပ်နိုင်တာလား။ " ထိုလူက ထိတ်လန့်စွာ တွေးလိုက်မိသည်။
သူက လျို့ဝှက်နည်းစနစ်တစ်ခုကို အသုံးပြုလိုက်ချိန်တွင် လင်းယွမ်ထံတွင် စိတ်ဝိညာဉ်စွမ်းအားလှိုင်းများရှိနေသည်ကို ဝေဝါးစွာ အာရုံခံမိလိုက်သည်။ သို့သော် ထိုစိတ်ဝိညာဉ်စွမ်းအားအားလုံးက သူ၏ ခန္ဓာကိုယ်အတွင်း၌သာ စုစည်းနေသည်။ မျက်နှာပြင်ပေါ်တွင် တည်ငြိမ်နေသည်ဟု ထင်ရသော်လည်း အတွင်းပိုင်းတွင် လှိုင်းလုံးကြီးများ ပြင်းထန်စွာ ရိုက်ခတ်နေသည်။
" မင်းက သူ့နောက်ကွယ်က လူလား။ " အလယ်မှလူက လင်းယွမ်ကို ကြည့်ပြီး လေးနက်စွာ မေးလိုက်သည်။
" ဟုတ်တယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
" ဒါဆိုရင်တော့ ဒီတစ်ကြိမ်မှာ ရွှေနဂါးဂိုဏ်းကပဲ မှားသွားတာပါ။ မင်းတို့သွားနိုင်ပါပြီ။ " အလယ်မှလူက ပြောလိုက်သည်။ သူက လင်းယွမ်ကို ရင်ဆိုင်ရန် ယုံကြည်မှုမရှိပေ။ လင်းယွမ်မှ ပေးစွမ်းနေသော ခံစားချက်က အလွန်ပင် စိတ်မသက်မသယ ဖြစ်စေသည်။
အခြားသူများကလည်း ထိုစကားများကို ကြားသောအခါ သူတို့စီနီယာအကိုက တစ်စုံတစ်ခု ရှာတွေ့သွားပြီဖြစ်ကြောင်း နားလည်လိုက်ကြသည်။ ရှေ့သို့တက်လာသော ရွှေရောင်ဝတ်စုံနှင့် လူကလည်း နောက်ပြန်ဆုတ်သွားသည်။
" ထွက်သွားရမှာလား။ " လင်းယွမ်က ရွှေရောင်ဝတ်စုံနှင့် လူလေးယောက်ကို ကြည့်လိုက်သည်။
သူက ဤနေရာသို့ လာခဲ့ခြင်းမှာ ဦးလေးသုံးကို ကယ်တင်ရန်သက်သက် မဟုတ်ပေ။ သူ၏ ရည်မှန်းချက်မှာ ရွှေနဂါးဂိုဏ်းတစ်ခုလုံးနှင့် ကျယ်ပြောသော မန်ပြည်နယ်တစ်ခုလုံးဖြစ်သည်။ ရွှေနဂါးဂိုဏ်းချုပ်က မကြာမီ ကွယ်လွန်တော့မည်ဖြစ်ရာ ယခုအချိန်တွင် သူတို့ကို ထိန်းချုပ်လိုက်ခြင်းက အန္တရာယ်ရှိမည်မဟုတ်ပေ။
၎င်းမှာ လင်းယွမ်က အနာဂတ်အချိန်အတိုင်းအတာများကို စောင့်ကြည့်ပြီးနောက် ရရှိလာသော ရလဒ်ပင်ဖြစ်သည်။ အကယ်၍ မန်ပြည်နယ်ကို သိမ်းပိုက်နိုင်လျှင် လင်းယွမ်၏ အနာဂတ်အစီအစဉ်များအတွက် များစွာ အကျိုးရှိပေလိမ့်မည်။
" ငါကတော့ ထွက်သွားဖို့ အစီအစဉ်မရှိဘူး။ " လင်းယွမ်က ပြောလိုက်သည်။
" ထွက်သွားဖို့ အစီအစဉ်မရှိဘူးလား။ " ရွှေရောင်ဝတ်စုံနှင့်လူများ၏ မျက်နှာများက တင်းမာသွားကြသည်။
" မင်းက မသွားဘူးဆိုရင် ငါတို့သွားမယ်။ " အလယ်မှလူက ပို၍စဉ်းစားလေ ပို၍ စိတ်မအေးဖြစ်လေ ဖြစ်လာသည်။
" သွားမယ်။ " သူက ပြောပြီး ချက်ချင်း လှည့်ထွက်သွားသည်။
အခြားသူများကလည်း သူတို့၏ စီမျိယာအကိုအကွောငျးကို ကောင်းကောင်းသိကြသည်။ သူက အေစစက်စက်ရှိသော်လည်း ဆုံးဖြတ်ချက်ခိုင်မာသူဖြစ်သည်။ သူ၏ တုန့်ပြန်မှုကို ကြည့်ခြင်းဖြင့် တစ်ခုခုမှားယွင်းနေသည်မှာ သေချာသည်။
" သခင်လေး..." ဦးလေးသုံးက လင်းယွမ်ကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။
" မင်းတို့လည်း ထွက်သွားနိုင်မှာမဟုတ်ဘူး။ " လင်းယွမ်၏ အမူအရာက တည်ငြိမ်နေဆဲ ဖြစ်သည်။
ပတ်ဝန်းကျင်တွင် စိတ်ဝိညာဉ်စွမ်းအားမျှင်များ ထွက်ပေါ်လာသည်။ ၎င်းတို့က အဆက်မပြတ် ရစ်ပတ်နေကြပြီး အရပ်မျက်နှာအနှံ့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။ လင်းယွမ်ကို ဗဟိုပြု၍ ကျန့်တစ်ရာအတွင်း စိတ်ဝိညာဉ်စွမ်းအားများ လည်ပတ်လာပြီး ရွှေရောင်ဝတ်စုံနှင့် လူလေးယောက်က ပင့်ကူအိမ်ထဲတွင် ပိတ်မိနေသကဲ့သို့ မလှုပ်မရှားနိုင်ဖြစ်သွားကြသည်။
ခေါင်းဆောင်ဖြစ်သူ၏ အမူအရာက ပျက်ယွင်းသွားသည်။ " ကောင်းကင်အကျဉ်းထောင်လား။ ဒီလောင်တောင် ကြီးမားတာလား။ "
" တာအိုအရှင်သခင်တစ်ယောက်လား။ " အခြားသူများကလည်း ထိတ်လန့်သွားကြသည်။
တာအိုအရှင်အဆင့်သို့ ရောက်မှသာ စိတ်ဝိညာဉ်စွမ်းအားကို ပြင်ပသို့ ထုတ်လွှတ်နိုင်ပြီး တာအိုအရှင်သခင်အတွက်မူ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြု၍ ကောင်းကင်အကျဉ်းထောင်နှင့် ရန်သူကို နှိမ်နင်းနိုင်သည်။
" ဒီလူငယ်က တာအိုအရှင်သခင်တစ်ယောက်လား။ "
တဖုန်းအင်ပါယာက ပျိုးထောင်ထားသူများမှလွဲ၍ ကျန်ရှိသော ပြည်နယ်အားလုံးပေါင်းလျှင်တောင် တာအိုအရှင်သခင် လေးငါးဆယ်သာ ရှိသည်။ တာအိုအရှင်သခင်တစ်ယောက်သာ အလိုရှိလျှင် ပြည်နယ်အများအပြားကို ဘုရင်တစ်ပါးကဲ့သို့ အုပ်စိုးနိုင်သည်။
" ကျန့်တစ်ရာကျယ်တဲ့ ကောင်းကင်အကျဉ်းထောင်လား။ " ခေါင်းဆောင်ဖြစ်သူက စိတ်ထဲတွင် ထိတ်လန့်နေသည်။
" ဦးလေးသုံး အရင်ပြန်နှင့်လိုက်ပါ။ မန်ပြည်နယ်ကို ကျွန်တော်လက်ထဲထားခဲ့လိုက်။ " လင်းယွမ်က အဖိုးအိုကို ကြည့်ပြီး ပြောလိုက်သည်။
" ကောင်းပါပြီ။ " ဦးလေးသုံးက လျင်မြန်စွာ ပြန်ပြောလိုက်သည်။
ရွှေနဂါးဂိုဏ်း၏ နောက်လက်တောင်ကုန်းတွင် တာအိုအရှင်သခင် ကျင်းယိက ထိုင်နေသည်။ သူ၏ ရုပ်ခန္ဓာက အားနည်းနေပြီး စိတ်ဝိညာဉ်စွမ်းအားက မည်မျှအားကောင်းသည်ဖြစ်စေ ရုပ်ခန္ဓာသေဆုံးသွားလျှင် လျင်မြန်စွာ ပျောက်ကွယ်သွားပေလိမ့်မည်။
" ရွှေနဂါးဂိုဏ်းမှာ တာအိုအရှင်သခင်တစ်ယောက်မှ ထွက်ပေါ်မလာဘူး။ " ကျင်းယိက မျက်လုံးများဖွင့်ပြီး သူ၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ပေါ်လာသည်။
" ငါမသေခင် တာအိုအရှင်သခင်တစ်ယောက်ကို ပျိုးထောင်ပေးဖို့ မျှော်လင့်ရမှာပဲ။ "
ထိုအချိန်တွင် ကျင်းယိ၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ " ဘယ်သူလဲ။ "
" ကျုပ်ပဲ။ " ကျင်းယိက တုန့်ပြန်ချိန်မရမီ လူငယ်တစ်ယောက်က သူနှင့်မနီးမဝေးတွင် ပြုံး၍ ရပ်နေသည်ကို တွေ့လိုက်ရသည်။
" မင်းက ဘယ်သူလဲ။ " ကျင်းယိက သူငယ်အိမ်များကျုံ့သွားပြီး သူ၏ စိတ်ဝိညာဉ်စွမ်းအားများ ဖိနှိပ်ခံလိုက်ရသည်ကို ခံစားလိုက်ရသည်။
" တာအိုအရှင်သခင်တစ်ယောက်လား။ " ကျင်းယိ၏ အမူအရာက မျှော်လင့်ချက်ကင်းမဲ့သွားသည်။ ပြိုင်ဘက်က မည်သည့်သတိပေးချက်မှ ပေါ်မလာဘဲ သူ၏ စိတ်ဝိညာဉ်စွမ်းအားကို ချိတ်ပိတ်ပစ်ခဲ့သည်။
" ကျုပ်ဘယ်သူလဲဆိုတာ ခင်ဗျားသိစရာမလိုဘူး။ အခု ခင်ဗျားမှာ ရွေးချယ်စရာနှစ်ခုရှိတယ်။ " လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။
" ပထမတစ်ခုက ခုခံတာကို ရပ်လိုက်ပါ။ ကျုပ် စိတ်ဝိညာဉ်ရှာဖွေတာကို ခွင့်ပြုပြီး ရွှေနဂါးဂိုဏ်းကို သိမ်းပိုက်ဖို့ ကူညီပေးရမယ်။ ရွှေနဂါးဂိုဏ်းရဲ့ အစဉ်အလာကို မပျက်စီးအောင် ကျုပ် အာမခံပေးနိုင်တယ်။ " လင်းယွမ်က ပြောလိုက်သည်။