ဟေးဖုန်းရွာ....
Vol. 76 Ch. 1067
ဟေးစန်းတောင်တန်း၏ အပြင်ဘက်တွင် အင်အားကြီးသော စစ်တပ်ကြီးတစ်ခုက စုရုံးနေသည်။ စစ်သည်အင်အား ခုနှစ်သိန်းမှ ရှစ်သန်းခန့်ရှိပြီး တောင်တက်လမ်းများအားလုံးကို ပိတ်ဆို့ကာ ကြောက်စရာကောင်းသော ရန်သူတစ်ယောက်ကို ရင်ဆိုင်နေရသကဲ့သို့ ဖြစ်သည်။
တဖုန်းကဲ့သို့ အင်အားကြီးမားသော မင်းဆက်တစ်ခုအတွက်ပင် စစ်သည်ခုနှစ်သိန်း ရှစ်သိန်းကို စုစည်းရန်မှာ ပြည်နယ်အချို့မှ တပ်ဖွဲ့များကို လိုအပ်မည်ဖြစ်သည်။ ထို့ကြောင့် သူတို့ ရင်ဆိုင်နေရသော အရာက အလွန်ကြီးမားသော အရာတစ်ခု ဖြစ်ပေလိမ့်မည်။
တဖုန်းမင်းဆက် တည်ထောင်ခဲ့ချိန်မှစ၍ ထိုမျှကြီးမားသော လှုပ်ရှားမှုမျိုးမှာ အလွန်ပင်ရှားပါးခဲ့သည်။ သူတို့က ယခင်မင်းဆက်မှ ကျန်ရှိသော အင်အားစုများကို ကိုင်တွယ်ရန်သာ လှုပ်ရှားကြသည်။
တဖုန်းမင်းဆက်၏ အစောပိုင်းကာလများတွင် ယခင်မင်းဆက်၏ အကြွင်းအကျန်အင်အားစုများက အလွန်တောင့်တင်းနေဆဲ ဖြစ်သည်။ သို့သော် တဖုန်းမင်းဆက်၏ အဆက်မပြတ် ချေမှုန်းမှုများကြောင့် ထိုအကြွင်းအကျန်များက တဖြည်းဖြည်း အားနည်းလာခဲ့သည်။ ကြာပန်းနီဂိုဏ်းကဲ့သို့ အင်အားစုတစ်ခုပင် တာအိုနှိမ်နင်းရေးဌာန၏ မောင်းထုတ်ခြင်းကို ခံခဲ့ရသည်။
စစ်တပ်အတွင်း လူငယ်စစ်သည်တစ်ယောက်က အဝေးရှိ ဟေးစန်းတောင်တန်းကြီးကို ကြည့်ပြီး နားမလည်နိုင်စွာဖြင့် ပြောလိုက်သည်။ " ဒီဟေးစန်းတောင်တန်းထဲမှာ တကယ်ဘာတွေရှိနေလို့လဲ။ အရမ်းတန်ဖိုးကြီးတဲ့ ရတနာတစ်ခုခုကို ရှာတွေ့လို့လား။ "
ထိုလူငယ်က အခြားပြည်နယ်တစ်ခုမှ လာသူဖြစ်ပြီး ဤနေရာတွင် စစ်သည်ခုနှစ်သိန်းရှစ်သိန်း စုစည်းနေသည့် အကြောင်းရင်းကို လုံးဝ နားမလည်နိုင်ဖြစ်နေသည်။ စစ်သည်ခုနှစ်သိန်းအပြင် ထောက်ပံ့ပို့ဆောင်ရေးများလည်း ရှိသောကြောင့် သူတို့အားလုံးကို ဤနေရာတွင် စုစည်းရန် မလွယ်ကူပေ။
" ရတနာတစ်ခုခုမရှိပါဘူး။ " အနီးရှိ စစ်သည်ဟောင်းတစ်ယောက်က ပြောလိုက်သည်။
" ဒါဆို ဘာလို့လဲ။ " လူငယ်က သိလိုစိတ်နှင့် မေးလိုက်သည်။
" ဟဲဟဲ..." စစ်သည်ဟောင်းက ပြုံးလိုက်သည်။ " တကယ်တော့ ငါတို့ရဲ့ တာဝန်က လမ်းပိတ်ဖို့ပဲ။ တကယ်လှုပ်ရှားမှာက တာအိုနှိမ်နင်းရေးဌာနကပဲ။ အနည်းဆုံး တာအိုသခင်အဆင့်တွေပေါ့။ တာအိုအရှင်သခင်တွေလည်း ပါလာတယ်လို့ကြားတယ်။ "
" တာအိုနှိမ်နင်းရေးဌာနကလား။ " ပတ်ဝန်းကျင်မှ စစ်သည်များက အံ့အားသင့်သွားကြသည်။
ကျင့်ကြံသူတိုင်းက တာအိုနှိမ်နင်းရေးဌာနကို ဝင်၍မရပေ။ ၎င်းက တဖုန်းမင်းဆက်၏ အသန်မာဆုံးအဖွဲ့အစည်းဖြစ်သောကြောင့် စမ်းသပ်မှုများနှင့် စုံစမ်းစစ်ဆေးမှုများစွာ လိုအပ်သည်။
" တကယ်ပဲ ဘာလို့လဲ။ " လူငယ်စစ်သည်က မမေးဘဲမနေနိုင်ဖြစ်သွားသည်။
" အားလုံးပဲ။ " စစ်သည်ဟောင်းက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီး တိုးတိုးနှင့် ပြောလိုက်သည်။ " မင်းတို့ သိုင်းဂိတ်တံခါးအကြောင်း ကြားဖူးကြလား။ "
စစ်သည်များက တုန်ယင်သွားကြသည်။ သူတို့က သိုင်းဂိတ်တံခါးအကြောင်း သေချာပေါက် ကြားဖူးကြသည်။ သိုင်းဂိတ်တံခါးက လွန်ခဲ့သော နှစ်ပေါင်းလေးဆယ်အတွင်း ကျော်ကြားလာသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ သူတို့ ကျော်ကြားလာခြင်းမှာ သာမန်သိုင်းပညာရှင်များက တာအိုဝင်ရောက်သူများနှင့် ယှဉ်ပြိုင်နိုင်သော နည်းလမ်းများကို ပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်။
သာမန်တာအိုဝင်ရောက်သူများနှင့်သာ ယှဉ်ပြိုင်နိုင်ခြင်းဖြစ်သော်လည်း တာအိုအရှင်နှင့် တာအိုအရှင်သခင်များကို ယှဉ်ပြိုင်နိုင်ခြင်းမရှိသေးပေ။ သို့သော် ထိုသို့ဆိုလျှင်တောင် မရေတွက်နိုင်သော သိုင်းပညာရှင်များကို ရူးသွပ်သွားစေရန် လုံလောက်သည်။
ခေတ်အဆက်ဆက်တွင် သိုင်းပညာရှင်များက သာမန်လူသားများသာ ဖြစ်သည်။ အားနည်းသော တာအိုဝင်ရောက်သူတစ်ယောက်ပင်လျှင် သူတို့ကို အလွယ်တကူ အနိုင်ယူနိုင်ပေသည်။
သိုင်းဂိတ်တံခါးထွက်ပေါ်လာချိန်တွင် တဖုန်းအင်ပါယာ၏ နှိမ်နင်းခြင်းကို ခံခဲ့ရသော်လည်း သိုင်းပညာရှင်များစွာ၏ ထောက်ခံမှုကို ရရှိထားဆဲဖြစ်သည်။ တဖုန်းအင်ပါယာက မည်မျှနှိမ်နင်းသည်ဖြစ်စေ သူတို့က ဆက်လက်တည်ရှိနေခဲ့သည်။
" ဆိုလိုတာက ဒီဟေးစန်းတောင်တန်းက သိုင်းဂိတ်တံခါးနဲ့ ဆက်စပ်နေတာလား။ " စစ်သည်များ၏ အမူအရာများက လေးနက်သွားသည်။
တဖုန်းအင်ပါယာက သိုင်းဂိတ်တံခါးကို ပြင်းပြင်းထန်ထန် နှိမ်နင်းရသည့် အကြောင်းရင်းမှာ သိုင်းပညာရှင်များကို တာအိုဝင်ရောက်ထားသော ကျင့်ကြံသူများနှင့် ယှဉ်နိုင်အောင် လေ့ကျင့်ပေးသည် နည်းလမ်းကြောင့်ဖြစ်သည်။
အကယ်၍ ထိုနည်းလမ်းက အမှန်တကယ်ရှိလျှင် နန်းတွင်း၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိရပေလိမ့်မည်။ နိုင်ငံ၏ အုတ်မြစ်ကို လှုပ်ခါနိုင်စွမ်းရှိသော ထိုနည်းလမ်းမျိုးကို ပြင်ပလူများ၏ လက်ထဲတွင် ထားခွင့်မပြုနိုင်ပေ။
စစ်တပ်၏ နောက်တန်းရှိ စခန်းထဲတွင် လူ ၂၃ ယောက်က စုဝေးနေကြသည်။ သူတို့၏ ခန္ဓာကိုယ်ပတ်လည်တွင် စိတ်ဝိညာဉ်စွမ်းအားများ စီးဆင်းနေပြီး စခန်းကို ဝန်းရံထားသည်။ သူတို့အားလုံးက တာအိုအရှင်သခင်များဖြစ်ကြသည်။
တဖုန်းအင်ပါယာအတွက်ပင်လျှင် ထိုမျှများပြားသော အစွမ်းထက်ကျင့်ကြံသူများကို တပြိုင်နက် စေလွှတ်ခြင်းက ကြီးမားသော လှုပ်ရှားမှုတစ်ခုဖြစ်သည်။ တာအိုအရှင်သခင် ၂၃ ယောက်ထဲတွင် အရှိန်အဝါ အကောင်းဆုံးလူမှာ တာအိုနှိမ်နင်းရေးဌာန၏ ခေါင်းဆောင်ဖြစ်သည်။
စစ်သည်တစ်သိန်းနီးပါးနှင့် ထိုမျှများပြားသော တာအိုအရှင်သခင်များကို စုစည်းရန်မှာ သူ၏ ဆုံးဖြတ်ချက်သက်သက်သာ ဖြစ်သည်။ တာအိုနှိမ်နင်းရေးဌာန၏ ခေါင်းဆောင်တစ်ယောက်အနေဖြင့် သူက တစ်ကမ္ဘာလုံးရှိ သတင်းအချက်အလက်များကို အလုံးစုံနားလည်ထားသူဖြစ်သည်။ ဤတစ်ကြိမ်တွင် ထိုသက်လတ်ပိုင်းအမျိုးသား၏ လှုပ်ရှားမှုက သိုင်းဂိတ်တံခါးကြောင့်ဖြစ်သည်။
" ဟေးဖုန်းရွာ..." တာအိုနှိမ်နင်းရေးဌာန၏ ခေါင်းဆောင်က သူရရှိထားသော အချက်အလက်များကို စဉ်းစားနေသည်။ သူ၏ အမူအရာက လေးနက်နေသည်။
ဟေးစန်းတောင်တန်းအတွင်းရှိ ဟေးဖုန်းရွာ၏ နောက်ခံက မယုံကြည်နိုင်လောက်အောင် ကြီးမားလှသည်။ ၎င်းက သိုင်းဂိတ်တံခါး၏ မူလအစသာမက ကမ္ဘာတွင် အချမ်းသာဆုံးဖြစ်သော ကုန်သည်အသင်းဆယ်ခုအနက် ကိုးခုမှာ ဟေးဖုန်းရွာနှင့် ဆက်နွယ်နေသည်ဟု သံသယရှိနေသည်။
ထို့အပြင် နန်းတွင်းရှိ မကြာသေးမီက ဆယ်စုနှစ်များအတွင်း ဝန်ကြီးအများအပြားကလည်း ဟေးဖုန်းရွာနှင့် ပက်သက်မှုအချို့ ရှိနေကြသည်။ နောက်ဆုံးတွင် ပြည်နယ် ၉၉ ခုအနက် အနည်းဆုံး ပြည်နယ် ၃၀က ဟေးဖုန်းရွာ၏ အင်အားစုမှ ထိန်းချုပ်ခြင်းကို ခံထားရသည်။
သူတို့က သိုင်းပညာရှင်များကို တာအိုဝင်ရောက်သူများနှင့် ယှဉ်ပြိုင်စေနိုင်သော နည်းလမ်းများ ရှိသည့်အပြင် သူတို့တွင် အတိုင်းအဆမရှိသော အရင်းအမြစ်များ ရှိနေသည်။ ထိုအချက်များက နန်းတွင်းကို ကြီးမားစွာ လှုပ်ခါသွားစေနိုင်သည်။
ဟေးဖုန်းရွာက အလိုရှိလျှင် တဖုန်းမင်းဆက်၏ အခြေခံအုတ်မြစ်ကို အလွယ်တကူ လှုပ်ခါနိုင်သည်ဟု တာအိုနှိမ်နင်းရေးဌာန၏ ခေါင်းဆောင်က ခံစားနေရသည်။ ဝန်ကြီးများ၏ ပြင်းထန်သော ကန့်ကွက်မှုများအောက်တွင် တာအိုနှိမ်နင်းရေးဌာန၏ ခေါင်းဆောင်က ဟေးဖုန်းရွာကို ချေမှုန်းရန် ပြတ်သားစွာ ဆုံးဖြတ်ခဲ့သည်။
" အားလုံးပဲ နောက်ထပ်ဘာလုပ်ရမလဲဆိုတာ မင်းတို့ သိလောက်ပြီ။ ဟေးစန်းတောင်တန်းက ဟေးဖုန်းရွာ ရှိမနေသင့်တော့ဘူး။ မဟုတ်ရင် တဖုန်းအတွက် အန္တရာယ်ရှိလာလိမ့်မယ်။ "
ခေါင်းဆောင်က တာအိုအရှင်သခင် ၂၂ ယောက်ကို ကြည့်လိုက်သည်။ သူတို့က တဖုန်းအင်ပါယာမှ ပျိုးထောင်ထားသူများဖြစ်ပြီး သူ၏ အမိန့်ကို အကြွင်းမဲ့ နာခံကြသူများဖြစ်သည်။ ဟေးဖုန်းရွာကို အမြစ်ပြတ် ချေမှုန်းနိုင်ရန်အတွက် တာအိုနှိမ်နင်းရေးဌာန၏ ခေါင်းဆောင်က မည်သည့်ပေးဆပ်မှုကိုမဆို လုပ်ဆောင်ရန် ဆုံးဖြတ်ထားသည်။
" နားလည်ပါပြီ။ "
" စိတ်ချပါ ခေါင်းဆောင်။ တဖုန်းအတွက် အတားအဆီးတွေကို သေချာပေါက် ဖယ်ရှားပေးမှာပါ။ "
တာအိုအရှင်သခင်များက တစ်ယောက်ပြီးတစ်ယာက် ပြောလိုက်ကြသည်။ ခေါင်းဆောင်ဖြစ်သူက ခေါင်းညိမ့်လိုက်သည်။
" ဒါပေမယ့် ဖြစ်နိုင်ရင် ဟေးဖုန်းရွာရဲ့ ရွာလူကြီးကို အရှင်ဖမ်းဖို့ ကြိုးစားရမယ်။ " ခေါင်းဆောင်က ပြောလိုက်သည်။
ဟေးဖုန်းရွာလူကြီးမှတစ်ဆင့် တဖုန်းအင်ပါယာက သူတို့၏ အင်အားစုများအပေါ် ပြန်လည်ထိန်းချုပ်နိုင်သည်။ အကယ်၍ ရွာလူကြီးသာ သေဆုံးသွားလျှင် အခြေအနေက ဖရိုဖရဲဖြစ်သွားပြီး တဖုန်းအင်ပါယာအပေါ် ကြီးမားသော သက်ရောက်မှု ရှိနေနိုင်သည်။
" သွားမယ်။ " ခေါင်းဆောင်က ထရပ်ကာ အပြင်ဘက်သို့ ထွက်ခွာသွားပြီး တာအိုအရှင်သခင်များကလည်း နောက်မှ လိုက်ပါသွားကြသည်။
" ဟေးဖုန်းရွာရဲ့ ရွာလူကြီး မင်းအဲ့ဒီသဲလွန်စကို မချန်ထားခဲ့သင့်ဘူး။ " ခေါင်းဆောင်က စူးစိုက်ကြည့်လိုက်သည်။
လရောင်အောက်တွင် တာအိုအရှင်သခင် ၂၃ ယောက်က ဟေးစန်းတောင်တန်းအတွင်းသို့ တိတ်တဆိတ် ဝင်ရောက်သွားပြီး ဟေးဖုန်းရွာသို့ ဦးတည်နေကြသည်။
" အဲ့ဒီမှာပဲ။ " ခေါင်းဆောင်က ဦးတည်ချက်တစ်ခုသို့ ကြည့်လိုက်သည်။ သူနှင့် တာအိုအရှင်သခင် ၂၂ ယောက်က လျင်မြန်စွာ ချဉ်းကပ်သွားကြသည်။
ထိုအချိန်တွင် ဟေးဖုန်းရွာ၏ အနက်ရှိုင်းဆုံးနေရာရှိ အခန်းတစ်ခုထဲတွင် လူငယ်တစ်ယောက်က ခြေချိတ်ထိုင်နေသည်။ ထိုလူငယ်၏ အမူအရာက တည်ငြိမ်နေပြီး သူနှင့် အနီးကပ်ဆုံး လူများမှလွဲ၍ ထိုလူငယ်မှာ အသက် ၈၈ နှစ်ရှိပြီဖြစ်သည်ကို ဘယ်သူမှသိမည်မဟုတ်ပေ။
သူက အသက်စွမ်းအားနှင့် ချီတို့ကို အပြည့်အဝ ထိန်းချုပ်နိုင်သောကြောင့်သာ သူ၏ နုပျိုသော အသွင်အပြင်ကို ထိန်းသိမ်းထားနိုင်ခြင်းဖြစ်သည်။ သဘာဝအတိုင်းပင် ၎င်းက ငယ်ရွယ်နုပျိုမှုကို ထိန်းသိမ်းနိုင်ရုံသာဖြစ်ပြီး သက်တမ်းကို တိုးမြှင့်ပေးနိုင်ခြင်းမရှိပေ။
လွန်ခဲ့သော ဆယ်စုနှစ်က လင်းယွမ်၏ စွမ်းအားမှာ အထွတ်အထပ်သို့ ရောက်ရှိသွားခဲ့ပြီး ထိုထက်ပို၍ တိုးတက်ရန် မဖြစ်နိုင်တော့ပေ။ ခိုအချိန်မှစ၍ သူက တဖုန်းအင်ပါယာ၏ အင်အားကို အားနည်းသွားစေရန် စီစဉ်ခဲ့သည်။
သူက တာအိုနှိမ်နင်းရေးဌာန၏ ခေါင်းဆောင် အာရုံစိုက်မှုကို ရရှိစေရန်အတွက် သဲလွန်စတစ်ခုကို ရည်ရွယ်ချက်ရှိရှိ ချန်ထားခဲ့သည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် တဖုန်းဧကရာဇ်နှင့် ရင်ဆိုင်နိုင်ပေလိမ့်မည်။
" သင်က အသက် ၈၉ နှစ်တွင် စစ်တပ်နှင့် ကျင့်ကြံသူများစွာကို တဖုန်းမြို့တော်ကို ဝန်းရံရန် အမိန့်ပေးခဲ့သည်။ တဖုန်းမြို့တော်က ပြန်လည်ခုခံနေချိန်တွင် သင်က နန်းတော်ထဲသို့ ဝင်ရောက်ခဲ့သည်။ သင်က တိုက်ရိုက်တိုက်ခိုက်ပြီး တဖုန်းဧကရာဇ်ကို သတ်ဖြတ်နိုင်ခဲ့သည်။ "