← Chapters

ပုန်ကန်မှုကို စတင်လိုက်တော့...

Vol. 76 Ch. 1068

ပုန်ကန်မှုကို စတင်လိုက်တော့...

Vol. 76 Ch. 1068

" နောက်ဆုံးတော့။ " လင်းယွမ်က သူ၏ မျက်လုံးများကို မှိတ်လိုက်သည်။

လွန်ခဲ့သော နှစ်ပေါင်းငါးဆယ်အတွင်း လင်းယွမ်က တဖုန်းဧကရာဇ်ကို သတ်ရန် နည်းလမ်းမျိုးစုံကို စဉ်းစားခဲ့သည်။ လုပ်ကြံခြင်း၊ အဆိပ်ခတ်ခြင်း စသည်ဖြင့် နည်းလမ်းမျိုးစုံကို ကြိုးစားခဲ့သော်လည်း အောင်မြင်မှုရာခိုင်နှုန်းက မမြင့်မားခဲ့ပေ။

အနာဂတ်အချိန်အတိုင်းအတာ ဆယ်ခုတွင် သုံးလေးခုကသာ တဖုန်းဧကရာဇ်ကို အောင်မြင်စွာ သတ်ဖြတ်နိုင်ခဲ့သည်။ ယခုတစ်ကြိမ်တွင် လင်းယွမ်က နှစ်ပေါင်းခုနှစ်ဆယ်ကျော် စုဆောင်းခဲ့သော ပြင်ဆင်မှုများကို အသုံးပြု၍ တဖုန်းအင်ပါယာ၏ အင်အားစုများကို တားဆီးနိုင်ခဲ့သည်။

ထို့နောက် သူက နန်းတော်ထဲသို့ တစ်ယောက်တည်း ထိုးဖောက်ဝင်ရောက်ခဲ့ပြီး တဖုန်းဧကရာဇ်ကို အောင်မြင်စွာ သတ်ဖြတ်နိုင်ခဲ့သည်။ အစမှအဆုံးထိ မည်သည့်အတားအဆီးမှ မရှိခဲ့ပေ။

" နည်းနည်းလောက် ထပ်ကြည့်ရအောင်။ " လင်းယွမ်က သူ၏ အတွေးများကို စုစည်းလိုက်ပြီး အနာဂတ်အချိန်အတိုင်းအတာများကို ထပ်မံကြည့်ရှုရန် ကြိုးစားလိုက်သည်။

သူက အနာဂတ်အချိန်အတိုင်းအတာ ဆယ်ခုကျော်ကို အဆက်မပြတ် ကြည့်ရှုခဲ့သည်။ အားလုံးတွင် သူက နန်းတော်ထဲသို့ ထိုးဖောက်ဝင်ရောက်ခဲ့ပြီး တဖုန်းဧကရာဇ်ကို သတ်ဖြတ်နိုင်မည့်ဖြစ်နိုင်ခြေက ရာနှုန်းပြည့်နီးပါး ရှိခဲ့သည်။

" မဟုတ်သေးဘူး။ " လင်းယွမ်က မျက်မှောင်ကြုတ်သွားသည်။

သူကြည့်ရှုခဲ့သော အချိန်အတိုင်းအတာများတွင် တဖုန်းဧကရာဇ်ကို သတ်ပြီးသော်လည်း အချိန်စက်ဝန်းက အဆုံးမသတ်သေးပေ။ သူက သက်တမ်းကုန်ဆုံးချိန်ထိ စောင့်ဆိုင်းနေရဆဲ ဖြစ်သည်။

" မှော်စာလုံးလမ်းစဉ်ကတစ်ဆင့် မြင်ရတဲ့ အနာဂတ်က အချိန်စက်ဝန်းကို မဖြတ်ကျော်နိုင်လို့လား။ ဒါမှမဟုတ် တခြားအရာတစ်ခုခုရှိနေတာလား။ " လင်းယွမ်က အတွေးနက်သွားသည်။

သို့သော် မကြာမီ သူ၏ အကြည့်က အပြင်သို့ ရောက်ရှိသွားသည်။ ဟေးဖုန်းရွာက သူ၏ အခြေစိုက်စခန်းဖြစ်သောကြောင့် ပြင်ဆင်မှုများစွာ ပြုလုပ်ထားခဲ့သည်။ သို့သော် တာအိုနှိမ်နင်းရေးဌာန၏ ခေါင်းဆောင်ကို မျှားခေါ်ရန်အတွက် လင်းယွမ်က ဟေးဖုန်းရွာအတွင်းရှိ တာအိုအရှင်သခင်အများစုကို ရှောင်တိမ်းစေခဲ့သည်။

သူ၏ လက်ရှိစွမ်းအားဖြင့် တာအိုအရှင်သခင်များအားလုံးကို အပြီးသတ် ချေမှုန်းနိုင်သည်။ ယခင် အနာဂတ်အချိန်အတိုင်းအတာများတွင် လင်းယွမ်က မြို့တော်တွင် သေဆုံးခဲ့ခြင်းမှာ အင်အားခြင်းမမျှဘဲ သတ်ခံရခြင်းကြောင့်မဟုတ်ပေ။

သူ၏ ရုပ်ခွန်အားနှင့် စိတ်ဝိညာဉ်စွမ်းအားတို့ ကုန်ခမ်းသွားပြီး ပင်ပန်းနွမ်းနယ်ကာ သေဆုံးခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့်ပင် ဆယ်စုနှစ်များအတွင်း လင်းယွမ်က သူ၏ လက်အောက်ခံအင်အားစုများကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

၎င်းက အချိန်စက်ဝန်း၏ စမ်းသပ်မှုတစ်ခု ဖြစ်နိုင်သည်ဟု သူက ခန့်မှန်းလေသည်။ ဤအချိန်စက်ဝန်းအတွက်း လုံလောက်သော အင်အားစုတစ်ခုကို မတည်ဆောက်ဘဲ တဖုန်းဧကရာဇ်ကို ရင်ဆိုင်ရန်မဖြစ်နိုင်ပေ။

" ငါးက ငါးစာကို ဟပ်လိုက်ပြီဆိုတော့ ငါးမျှားတံကို ပြန်ဆွဲတင်ရမယ့် အချိန်ပဲ။ " လင်းယွမ်က ထရပ်လိုက်သည်။

တာအိုနှိမ်နင်းရေးဌာနမှ တာအိုအရှင်သခင် နှစ်ဆယ်ကျော်က ဟေးဖုန်းရွာမှ တာအိုအရှင်သခင်ရှစ်ယောက်ကျော်နှင့် တိုက်ခိုက်နေပြီဖြစ်သည်။

" ကောင်းတယ်။ သစ္စာဖောက် ပုန်ကန်သူတွေ ဟေးဖုန်းရွာမှာတောင် တာအိုအရှင်သခင်ရှစ်ယောက်ကို လက်ခံထားတာလား။ "

တာအိုနှိမ်နင်းရေးဌာန၏ ခေါင်းဆောင်က အံ့အားသင့်ပြီး ဒေါသလည်း ထွက်နေသည်။ ဟေးဖုန်းရွာ၏ ရွာလူကြီးက တာအိုအရှင်သခင်တစ်ယောက်ဖြစ်မည်ကို သူကြိုတင်ခန့်မှန်းထားသော်လည်း ယခု တာအိုအရှင်သခင်ရှစ်ယောက်တောင် ရှိနေသည်။

တာအိုအရှင်သခင်များက ရှားပါးပြီး တဖုန်းအင်ပါယာမှာပင် တာအိုအရှင်သခင် လေးငါးဆယ်ခန့်သာ ရှိသည်။ ယခု ဟေးဖုန်းရွာလေးတွင် တာအိုအရှင်သခင်ရှစ်ယောက်တောင် ပုန်းအောင်းနေသည်။

" စစ်ဗျူဟာခင်းကြ။ " ခေါင်းဆောင်က တာအိုအရှင်သခင် ၂၂ ယောက်ကို ကြည့်လိုက်သည်။

" ဟုတ်ကဲ့။ " တာအိုအရှင်သခင် ၂၂ ယောက်၏ စိတ်ဝိညာဉ်စွမ်းအားများက ပေါင်းစည်းလာခဲ့သည်။

စစ်ဗျူဟာဟုခေါ်သောအရာက တဖုန်းအင်ပါယာမှ ပိုင်စိုးထားသော အလွန်အစွမ်းထက်သည့် လျို့ဝှက်နည်းစနစ်တစ်ခုဖြစ်သည်။ ၎င်းက တာအိုအရှင်သခင်များ၏ စိတ်ဝိညာဉ်စွမ်းအားများကို ပေါင်းစည်းပြီး ကြောက်စရာကောင်းသော စွမ်းအားကို ထုတ်ဖော်နိုင်သည်။

လက်ရှိအခြေအနေက တာအိုနှိမ်နင်းရေးဌာန၏ ခေါင်းဆောင်ကို စိုးရိမ်သွားစေပြီး တာအိုအရှင်သခင် ရှစ်ယောက်ကို တိုက်ရိုက်နှိမ်နင်းရန် ဆုံးဖြတ်လိုက်သည်။

များပြားသော စိတ်ဝိညာဉ်စွမ်းအားများ လိမ့်ဆင်းလာပြီး ဟေးဖုန်းရွာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ခုခံနေကြသော တာအိုအရှင်သခင် ရှစ်ယောက်က မျက်နှာပျက်သွားကြပြီး တွန့်ဆုတ်မနေဘဲ နောက်ဆုတ်ရန် ပြင်လိုက်ကြသည်။

" နောက်ကျသွားပြီ။ " တာအိုနှိမ်နင်းရေးဌာန၏ ခေါင်းဆောင်က အေးစက်နေသည်။

ဝုန်း...

ခြေသံတစ်ခု ထွက်ပေါ်လာပြီး စိတ်ဝိညာဉ်စွမ်းအားများက လှိုင်းထန်သွားသည်။

ဝုန်း ဝုန်း....

ခြေလှမ်းတိုင်းက တာအိုအရှင်သခင် ၂၃ ယောက်၏ စိတ်များကို တုန်ယင်သွားစေသည်။

ဝုန်း...

နောက်ဆုံးအသံတစ်ခု ထွက်ပေါ်လာချိန်တွင် တာအိုအရှင်သခင် ၂၃ ယောက်လုံးက မျက်နှာများ ဖြူဖျော့သွားကြပြီး နောက်သို့ ဆုတ်လိုက်ရကာ သူတို့ ပေါင်းစည်းထားသော စိတ်ဝိညာဉ်စွမ်းအားများက တိုက်ရိုက် ပြိုကွဲသွားသည်။

" ဒါက..." တာအိုနှိမ်နင်းရေးဌာန၏ ခေါင်းဆောင်က ဟေးဖုန်းရွာ၏ အနက်ရှိုင်းဆုံးနေရာသို့ စူးစိုက်ကြည့်လိုက်သည်။

ထိုနေရာမှ လူငယ်တစ်ယောက်က ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။

" သခင်...." တာအိုအရှင်သခင်ရှစ်ယောက်လုံးက ရိုသေစွာ ဦးညွှတ်လိုက်ကြသည်။

" သခင်လား.... မင်းက ဟေးဖုန်းရွာရဲ့ ရွာလူကြီးလား။ " တာအိုနှိမ်နင်းရေးဌာန ခေါင်းဆောင်၏ အမူအရာက လေးနက်သွားသည်။ ပြိုင်ဘက်က ခြေလှမ်းအနည်းငယ်ဖြင့် သူတို့၏ ပူးပေါင်းမှုကို ဖျက်ဆီးပစ်ခဲ့သည်။

" ဆုတ်မယ်။ " ခေါင်းဆောင်က နောက်သို့ လျင်မြန်စွာ ဆုတ်လိုက်သည်။

​ကျန်ရှိသော တာအိုအရှင်သခင် ၂၂ ယောက်ကလည်း အရပ်မျက်နှာအသီးသီးသို့ အပြင်းအထန် ဆုတ်ခွာသွားကြသည်။ သူတို့က ထောင်ချောက်ထဲသို့ ကျရောက်သွားပြီဖြစ်ကြောင်း ခေါင်းဆောင်ဖြစ်သူက နားလည်လိုက်သည်။ ထိုမျှအစွမ်းထက်သော လူတစ်ယောက်က သဲလွန်စတစ်ခု ကျန်နေခဲ့စရာအကြောင်းမရှိပေ။

" မင်းတို့လည်း နောက်ကျသွားပါပြီ။ " လင်းယွမ်က ပြုံးလိုက်သည်။

သမုဒ္ဒရာတစ်ခုကဲ့သို့ ပြင်းထန်သော စိတ်ဝိညာဉ်စွမ်းအားများက အပြင်သို့ ထွက်ပေါ်လာသည်။ တာအိုအရှင်သခင် ၂၃ယောက်က ကြက်ကလေးများသဖွယ် ဖမ်းဆီးခြင်းခံလိုက်ရပြီး လင်းယွမ်၏ ရှေ့သို့ ကျရောက်သွားသည်။

" စိတ်ဝိညာဉ်သရုပ်ဖော်ခြင်းလား။ ဒီလောက်တောင် ကြီးမားတာလား။ "

တာအိုနှိမ်နင်းရေးဌာန၏ ခေါင်းဆောင်က မျှော်လင့်ချက်မဲ့သွားသကဲ့သို့ ခံစားလိုက်ရသည်။ တာအိုအရှင်သခင်များ၏ အဆုံးစွန်သော ရည်မှန်းချက်မှာ စိတ်ဝိညာဉ်သရုပ်ဖော်ခြင်း ဖြစ်သည်။ ထိပ်တန်းတာအိုအရှင်သခင်အနည်းငယ်မှာ မီတာအနည်းငယ်သာ သရုပ်ဖော်နိုင်ကြသည်။

သို့သော် လင်းယွမ်၏ စိတ်ဝိညာဉ်သရုပ်ဖော်ခြင်းက အလွန်ကြီးမားပြီး သူတို့မျက်စိနှင့် မမြင်ရလျှင် ယုံကြည်နိုင်မည်မဟုတ်ပေ။

လင်းယွမ်က တာအိုအရှင်သခင်များကို ဖမ်းဆီးပြီးနောက် သူ၏ လက်ပေါက်မှ တာအိုအရှင်သခင် ရှစ်ယောက်ကို ညွှန်ကြားချက်အချို့ပေးပြီး ဟေးဖုန်းရွာ၏ အနက်ရှိုင်းဆုံးသို့ တဖန်ပျောက်ကွယ်သွားသည်။

သူက အခြားအခန်းတစ်ခုသို့ ရောက်သွားခဲ့ပြီး အထဲတွင် ဆံပင်အဖြူနှင့် အဖိုးအိုတစ်ယောက်က အထဲတွင် ထိုင်နေသည်။ သူက ဦးလေးသုံးပင်ဖြစ်သည်။ အကယ်၍ လင်းယွမ်က သူ၏ စိတ်ဝိညာဉ်စွမ်းအားများကို အသုံးပြု၍ သွေးနှင့် ချီများကို အားဖြည့်မပေးခဲ့လျှင် ဦးလေးသုံးက ယခင်ကတည်းက သေဆုံးသွားပေလိမ့်မည်။

" သခင်လေး အပြင်မှာ ဘာဖြစ်လို့လဲ။ " ဦးလေးသုံးက စိုးရိမ်သော အမူအရာနှင့် မေးလိုက်သည်။

" အဲ့ဒါက ကိစ္စလေးတစ်ခုပါ။ ဖြေရှင်းပြီးသွားပါပြီ။ " လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။

" ဒါဆို ကောင်းတာပေါ့။ " ဦးလေးသုံးက သက်ပြင်းချပြီး ပြောလိုက်သည်။

" ဦးလေးသုံး...." လင်းယွမ်က သူ၏ ဘေးတွင် ထိုင်လိုက်သည်။ " အဲ့ဒီတုန်းက ကြာပန်းနီဂိုဏ်းက ဘာလုပ်ချင်ခဲ့တာလဲ။ "

" ကြာပန်းနီဂိုဏ်းဆိုတာ ဂိုဏ်းချုပ်ရဲ့ နှလုံးသားနဲ့ စိတ်ဝိညာဉ်ပဲ။ သူ့ရဲ့ ရည်မှန်းချက်က တဖုန်းကို ဖြုတ်ချဖို့ကလွဲလို့ တခြားမရှိဘူး။ " ဦးလေးသုံးက ခေါင်းခါပြီး သက်ပြင်းချက်လိုက်သည်။ ထိုအချိန်တွင် ကြာပန်းနီဂိုဏ်း၏ အတွေးအခေါ်မှာ မည်မျှရယ်စရာကောင်းသည်ကို သူနားလည်သွားသည်။

လင်းယွမ်က ခေါင်းညိမ့်ပြီး လက်ခုပ်တီးလိုက်သည်။ အမှောင်ထဲတွင် ပုန်းကွယ်နေသော လူရိပ်တစ်ခု ထွက်ပေါ်လာကြီး လင်းယွမ်ကို ဦးညွှတ်လိုက်သည်။ " သခင် "

" ဒါဆိုလည်း ဦးလေးရဲ့ ရည်ရွယ်ချက်အတိုင်းပေါ့။ " လင်းယွမ်က ပြုံး၍ အမှောင်ထဲမှ ထွက်ပေါ်လာသော လူကိုကြည့်ပြီး ပြောလိုက်သည်။ " ပုန်ကန်မှုကို စတင်လိုက်တော့။ "

" ပုန်ကန်မှာလား။ " ဦးလေးသုံးက အနည်းငယ် နားမလည်နိုင်ဖြစ်သွားသည်။

တဖုန်းမင်းဆက်က ဧကရာဇ်ခြောက်ပါး၏ အုပ်ချုပ်မှုကို ဖြတ်သန်းပြီးနောက် သူတို့၏ အထွတ်အထိပ်ကာလသို့ ရောက်ရှိနေပြီဖြစ်သည်။ သူတို့၏ စစ်သည်အင်အားကလည်း အလွန်ကြောက်စရာကောင်းပြီး စိတ်ဝိညာဉ်စွမ်းအားများကို ဖိနှိပ်နိုင်သော လက်နက်များကိုလည်း ပိုင်ဆိုင်ထားကြသည်။

" ဟုတ်ကဲ့။ " အမှောင်ထဲမှ ထွက်ပေါ်လာသောလူက လျင်မြန်စွာ ထွက်ခွာသွားသည်။ သူတို့က ပုန်ကန်မှုအတွက် ပြင်ဆင်ထားသည်မှာ ထင်ရှားလှသည်။

လင်းယွမ်က တည်ငြိမ်စွာ ထိုင်နေပြီး သူ၏ အကြည့်က အဝေးသို့ ရောက်ရှိသွားသည်။ ရွှေနဂါးဂိုဏ်းအပြင် သူတည်ထောင်ထားသော အင်အားစုများက လွန်ခဲ့သော နှစ်ပေါင်းငါးဆယ်ကတည်းက လျင်မြန်စွာ တိုးတက်လာခဲ့သည်။ တာအိုနှိမ်နင်းရေးဌာနက စုံစမ်းသိရှိခဲ့သော အရာများက လင်းယွမ် သူတို့ကို မြင်တွေ့စေချင်ခဲ့သော အရာများသာ ဖြစ်သည်။

All Chapters