← Chapters

အခန်း (၂၄၃-၂၄၄)

Vol. 25 Ch. 243-244

အခန်း (၂၄၃-၂၄၄)

Vol. 25 Ch. 243-244

အခန်း။ ၂၄၃

“ဒါက ကိစ္စမရှိပါဘူး”

လုံယီက အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။

“ဒါနဲ့ ခင်ဗျားတို့က ဘာလို့ ဒီတောနက်ထဲကို လက်နက်တစ်ခုမှ မပါဘဲ လာကြတာလဲ”

အဘိုးအိုက သက်ပြင်းချရင်း “ဒါက ဆန်ရွန်မြက်ကို လာရိတ်သိမ်းလို့ပါပဲ။ အခုမှ မရိတ်ရင် နောက်ပိုင်း မိုးရွာသွားရင် နောက်နှစ်အထိ စောင့်ရတော့မှာ။ လက်နက်ဆိုတာကလည်း ကျွန်တော်တို့နှစ်ယောက်စလုံးက အင်အားမှမရှိတာ ပါလာရင်လည်း သေချာကိုင်တွယ်နိုင်မှာ မဟုတ်ပါဘူး...” ဟု ရှင်းပြသည်။

မကြာမီမှာပင် လုံယီသည် ထိုအဘိုးအိုနှင့် စကားလက်ဆုံ ကျလာတော့သည်။ အဘိုးအို၏ မျိုးရိုးအမည်မှာ ရှန်ဖြစ်ပြီး ရိုးသားဖြောင့်မတ်သော ဒေသခံတစ်ဦးဖြစ်ကာ စကားလည်း အတော်ပြောတတ်သူဖြစ်သည်။

သူ့စကားများမှတစ်ဆင့် လုံယီသည် သူတို့ရောက်ရှိနေသော နေရာနှင့်ပတ်သက်၍ အချို့ကို နားလည်လာခဲ့သည်။ ဤတောအုပ်ကို ဆန်ရွန်တောအုပ်ဟု ခေါ်ပြီး နာမည်အတိုင်းပင် အဖိုးတန်လှသော ဆန်ရွန်မြက်များ ထွက်ရှိရာ နေရာဖြစ်သည်။ ထိုမြက်၏ အရည်ကို အထူးပြုပြင်ပြီးပါက သွေးလည်ပတ်မှု ကောင်းမွန်စေခြင်း၊ အညိုအမည်းစွဲခြင်းနှင့် ဒဏ်ရာများကို ပျောက်ကင်းစေခြင်း စသည့် အံ့ဖွယ်အာနိသင်များ ရှိသည်ဟု ပြောကြသည်။

အဘိုးအိုသည် ထိုတောအုပ်နှင့် အနီးဆုံးရွာမှ လာသူဖြစ်ပြီး ထိုရွာတွင် လူဦးရေ ငါးရာ ခြောက်ရာခန့် ရှိသည်။ သူတို့သည် အဓိကအားဖြင့် စိုက်ပျိုးရေး၊ အမဲလိုက်ခြင်း၊ သစ်သီးဝလံရှာဖွေခြင်းနှင့် ငါးဖမ်းခြင်းတို့ဖြင့် အသက်မွေးကြသည်။ ဆန်ရွန်တောအုပ် ပတ်ဝန်းကျင်တွင် ဤကဲ့သို့သော ကျေးရွာပေါင်း ဆယ်ရွာထက်မက ရှိနေပြီး မြို့ကြီးများသို့ သွားလိုလျှင်မူ အနည်းဆုံး မိုင် ၄၀ ၅၀ ခန့် ခရီးဆက်ရဦးမည် ဖြစ်သည်။

အဘိုးအိုမှာ သူ့ကို ကယ်တင်ပေးခဲ့သော လုံယီကို အလွန်ကျေးဇူးတင်နေပြီး သူတို့ရွာသို့ လာရောက် အနားယူရန် နွေးထွေးစွာ ဖိတ်ခေါ်သည်။

လုံယီက ခေတ္တစဉ်းစားပြီးနောက် “ဦးလေးရှန်... အမှန်အတိုင်းပြောရရင် ကျွန်တော့်မှာ အပေါင်းအသင်းတွေ အများကြီးရှိသေးတယ် ဒါကြောင့် သူတို့နဲ့ အရင်တိုင်ပင်ကြည့်ရဦးမယ်” ဟု ပြောလိုက်သည်။

ဦးလေးရှန်က ရယ်မောရင်း “ရွာမှာ ကျွန်တော့်စကားက အတော်အတန် အရာရောက်ပါတယ်။ အများကြီးတော့ အာမမခံနိုင်ပေမဲ့ မင်းတို့အားလုံး တစ်ညတာ တည်းခိုဖို့နဲ့ ရေနွေးပူပူလေး သောက်နိုင်ဖို့ကတော့ ပြဿနာမရှိစေရဘူး” ဟု ကတိပေးလိုက်သည်။

သားရေစကတ်ဝတ် မိန်းကလေးငယ်ကလည်း ရက်ရက်ရောရောပင် “ကျေးဇူးရှင်ကြီး ကျွန်မတို့အိမ်မှာပဲ တည်းပါ ရေမိုးချိုးပြီး ဆန်ပြုတ်လေး သောက်လိုက်ရင် နောက်နေ့ ခရီးဆက်ဖို့ အင်အားတွေ ပြည့်သွားမှာပါ” ဟု ပြောလိုက်သည်။

သူမသည် ပြောရင်းဖြင့် လုံယီကို ရဲရဲဝံ့ဝံ့ စိုက်ကြည့်နေပြီး သူမ၏ တောက်ပသော မျက်ဝန်းနက်များထဲတွင် စူးစမ်းလိုစိတ်နှင့် ခွန်အားကြီးသူအပေါ် အထင်ကြီးလေးစားမှုများ အရိပ်အယောင် ထင်ဟပ်နေသည်။

လုံယီသည် ကျေးဇူးတင်စကားဆိုကာ အဖွဲ့ရှိရာသို့ ပြန်သွားပြီး သူကြုံတွေ့ခဲ့ရသည်များကို ပြောပြလိုက်သည်။ နောက်ဆုံးတွင် သူတို့အားလုံးသည် ရွာတွင် တစ်ညတာ အနားယူပြီးမှ နောက်နေ့တွင် အနီးဆုံးမြို့သို့ ခရီးဆက်ရန် ဆုံးဖြတ်လိုက်ကြသည်။

ဝက်ဝံနက်ဝိညာဉ်ကြီးမှာမူ လူများကို ထိတ်လန့်သွားစေနိုင်သဖြင့် တောအုပ်ထဲတွင်သာ ခေတ္တနေရစ်ခဲ့ရန် မှာကြားခဲ့ပြီး သူတို့ထွက်ခွာမှသာ ပြန်ခေါ်ရန် သဘောတူလိုက်ကြသည်။ သို့သော် ဝက်ဝံကြီးမှာလည်း စိတ်မဆိုးပေ။ ငယ်စဉ်ကတည်းက တောထဲတွင်သာ နေထိုင်လာသူဖြစ်ရာ လူသားတို့၏ ကျေးရွာထဲသို့ သွားရမည် မသွားရမည်ဆိုသည်မှာ သူ့အတွက် အရေးမကြီးလှပေ။

ဤသို့ဖြင့် အားလုံးသည် ဦးလေးရှန်နောက်သို့ လိုက်ပါကာ ရွာသို့ ဦးတည်ခဲ့ကြသည်။ အစပိုင်းတွင် လူအုပ်ကြီးကို မြင်လိုက်ရသောအခါ ဦးလေးရှန်မှာ အနည်းငယ် ထိတ်လန့်သွားပြီး မျက်မှောင်ကြုတ်လျက် လက်ချောင်းလေးများဖြင့် အချိန်အတော်ကြာအောင် ရေတွက်နေသည်။

“လျူမိသားစုမှာ အိမ်အလွတ်တစ်လုံးရှိတယ် နှစ်ယောက်ဆံ့မယ်... ဝမ်မိသားစုရဲ့ ဧည့်ခန်းက ကျယ်တယ် ဖျာခင်းအိပ်ရင် သုံးယောက်ရမယ်... ရွာဘုန်းကြီးကျောင်းမှာတော့ ဆယ်ယောက်လောက် ဆံ့နိုင်တယ်...”

နောက်ဆုံးတွင်မှ သူ၏မျက်မှောင်ကြီးမှာ ပြေလျော့သွားတော့သည်။ သူသည် လူဦးရေကို တွက်ချက်ပြီး အားလုံးအတွက် နေရာများကို စနစ်တကျ စီစဉ်ပေးလိုက်နိုင်ခြင်းပင်။

လုံယီက ရယ်မောရင်း “အမျိုးသမီးတွေအတွက်ပဲ နေရာစီစဉ်ပေးပါ ဦးလေး ကျန်တဲ့သူတွေက အဲ့လောက် မရွေးပါဘူး။ အိမ်ဝင်းထဲမှာ ဖျာခင်းအိပ်ရရင်တောင် ရပါတယ်” ဟု ပြောလိုက်သည်။

သို့သော် ဦးလေးရှန်က ခေါင်းကို တတွင်တွင်ယမ်းလျက် “တခြားရွာကလူတွေသာ ငါက ကျေးဇူးရှင်တွေကို ဒီလိုဆက်ဆံတယ်လို့ ကြားရင် သိက္ခာကျစရာကြီးဗျ ငါလည်း ခေါင်းမဖော်ဝံ့တော့ဘူး” ဟု ပြောလိုက်သည်။ ဦးလေးရှန်၏ နွေးထွေးပြီး ရိုးသားလှသော စရိုက်ကြောင့် လူတိုင်းမှာ ရယ်မောရင်း စိတ်လှုပ်ရှားမိကြသည်။

“ကျေးဇူးရှင်ကြီး... ရှင်တို့က ဘယ်ကလာတာလဲဟင်”

သားရေစကတ်ဝတ် မိန်းကလေး နီနီက လုံယီအနားသို့ တိုးကပ်ကာ စူးစမ်းစွာ မေးလိုက်သည်။ သူမ၏ အသားမှာ ညိုသော်လည်း ကိုယ်လုံးကိုယ်ပေါက်မှာ သွယ်လျပြီး ရုပ်ရည်မှာ ထင်ရှားပေါ်လွင်သဖြင့် ထူးခြားသော ဆွဲဆောင်မှုတစ်ခု ရှိနေသည်။

“ငါတို့က ဒီဘက်ကို ကုန်သွယ်ဖို့ လာကြတာပါ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ လမ်းမှာ ကုန်စည်တွေ အားလုံး ဆုံးရှုံးသွားခဲ့တယ်”

လုံယီက မေးခွန်းကို တိုက်ရိုက်မဖြေဘဲ ရယ်မောကာ ဟာသလုပ်ပြီး ကျော်ဖြတ်လိုက်သည်။

လုံကျန်းမြစ်တစ်ဖက်ကမ်းကနေ လာခဲ့တာဆိုတဲ့ အမှန်တရားသာ ပြောပြလိုက်ရင် လူတွေကို အလွန်အမင်း တုန်လှုပ်သွားစေနိုင်တာကြောင့် မလိုအပ်ဘဲ ပြဿနာမတက်ရအောင် လုံယီက ဖုံးကွယ်ထားလိုက်ခြင်း ဖြစ်သည်။

သားရေစကတ်ဝတ် မိန်းကလေး နီနီကတော့ ထိုအရာတွေကို ဂရုမစိုက်အားပေ။ သူမသည် လုံယီ့အနားမှာပဲ ကပ်နေပြီး စကားတပြောပြောဖြင့် အသည်းအသန် ရင်းနှီးအောင် ကြိုးစားနေသည်။ တစ်ခါတစ်ရံတွင်မူ လုံယီ့၏ ပုခုံးနှင့် ကျောပြင်ကို နှိပ်ပေးရန်ပင် ရဲရဲဝံ့ဝံ့ ကမ်းလှမ်းတတ်သေးရာ အတော်လေးကို ပွင့်လင်းလှသည်ဟု ပြောရမည်။

“မြေခွေးမလေး”

မလှမ်းမကမ်းမှာ ရှိနေတဲ့ ရှီချိုင်ဖုန်းက ထိုအရာကို မြင်သည်အခါ သူမ၏ လှပသော မျက်ခုံဂများက ဒေါသကြောင့် ကြုံ့သွားတော့သည်။

“ငယ်ငယ်လေးနဲ့ လူကို မြူဆွယ်တတ်နေပြီပဲ”

သူမက တိုးတိုးလေး ရေရွတ်လိုက်မိသည်။

“အမကြီး... သဝန်တိုနေတာလား”

ဘေးကနေ ရှီချင်းတက မျက်စိတစ်ဖက်မှိတ်ပြရင်း စနောက်လိုက်သည်။

“အမက အရင်က ယောကျ်ားလေးတွေဆို စိတ်မဝင်စားပါဘူးဆို...”

ဘုန်း….

နောက်တစ်စက္ကန့်မှာပင် ရှီချင်းတတစ်ယောက် ရှီချိုင်ဖုန်း၏ လက်သီးချက်ကြောင့် မြေပြင်ပေါ် မှောက်ရက်သား လဲကျသွားတော့သည်။ သူမသည် မောင်ဖြစ်သူကို မဲကာ ဒေါသဖြေလိုက်ခြင်းပင်။

မကြာမီမှာပင် အားလုံးသည် ရွာသို့ ရောက်ရှိလာခဲ့ကြသည်။ ရွာရှိ အိမ်များမှာ ကျောက်တုံး ကျောက်ပြားများဖြင့် တည်ဆောက်ထားကြပြီး အများစုမှာ နှစ်ထပ်အိမ်များ ဖြစ်ကြသည်။ ခြံစည်းရိုးများ ခြံဝင်းများရှိပြီး လမ်းမများမှာ ကျယ်ဝန်းကာ ကျောက်စရစ်ခဲများ ခင်းထားသဖြင့် ဆင်ရှန်းမြို့နယ်ရှိ အယ်ဟယ်ရွာထက် များစွာ ပိုမိုချမ်းသာကြွယ်ဝပုံရသည်။

လူအုပ်ကြီး ရောက်လာသည်ကို မြင်သောအခါ ရွာထဲမှ သန်မာထွားကျိုင်းသော လူငယ်တစ်စုသည် လှံများနှင့် လေးမြှားများကို ကိုင်စွဲကာ သတိကြီးစွာဖြင့် ထွက်လာကြသည်။ ဦးလေးရှန်က ချက်ချင်းပင် အခြေအနေကို ရှင်းပြလိုက်မှ ရွာသားများ စိတ်အေးသွားကြတော့သည်။

ဦးလေးရှန်သည် ရွာတွင် အမှန်တကယ်ပင် ဩဇာညောင်းသူဖြစ်ရာ အရာအားလုံးကို လျင်မြန်စွာ စီစဉ်ပေးလိုက်နိုင်သည်။ ကျားဟုန်၊ ရှီချိုင်ဖုန်း၊ အဒေါ်ကြီးကျန်းနှင့် အဘိုးကြီးလျူ ၏ ဇနီးအပါအဝင် အမျိုးသမီးများကို ရွာသူကြီး၏ အိမ်အလွတ်တွင် စုပေါင်းထားပေးလိုက်သည်။ ကျန်ရှိသော အမျိုးသားများကိုမူ အိမ်တစ်အိမ်လျှင် အနည်းငယ်စီ ခွဲဝေနေရာချပေးလိုက်ရာ လူတိုင်းအတွက် တစ်ညတာ နားခိုရန် နေရာရသွားကြသည်။

“ဟေး... နောက်ဆုံးတော့ ရေနွေးနဲ့ ချိုးရတော့မယ်”

ရှီချင်းတက အားရပါးရ အော်ဟစ်လိုက်သည်။

“စားစရာရော ရှိမလား ကျွန်တော်တို့ ငွေသားတွေနဲ့ ပေးချေနိုင်ပါတယ်”

သင်္ဘောကပ္ပတိန်က အလိုက်တသိ ပြောလိုက်သည်။ သူသည် ရွာသားများကို အခမဲ့ အခွင့်အရေးမယူလိုပေ။

လုံယီကမူ ဦးလေးရှန်၏ အိမ်မှာပင် တည်းခိုရန် ဆုံးဖြတ်လိုက်သည်။

ရှန်မိသားစုသည် အလွန်ပင် ဧည့်ဝတ်ကျေပွန်လှသည်။ သူတို့သည် လုံယီအတွက် ပူပူနွေးနွေး ဟင်းလျာများ၊ လက်ဖက်ရည်နှင့် ရေနွေးများ အပြည့်ဖြည့်ထားသော သစ်သားရေချိုးကန်ကြီးတစ်ခုကို ပြင်ဆင်ပေးထားသည်။ နီနီကမူ လုံယီ ရေချိုးရာတွင် ကူညီပေးရန် ရဲရဲဝံ့ဝံ့ပင် အခန်းထဲထိ ဝင်လာချင်နေသဖြင့် သူအသည်းအသန် ငြင်းဆန်လိုက်ရသေးသည်။

အချိန်တွေ ကုန်ဆုံးသွားပြီး သန်းခေါင်ယံအချိန်သို့ ရောက်ရှိလာခဲ့သည်။ ကောင်းကင်ယံတွင် လမင်းကြီးမှာ ထိန်ထိန်သာနေပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း တိတ်ဆိတ်ငြိမ်သက်နေတော့သည်။ ဝမ်ကျန်းခရိုင်ဘက်မှနေ၍ ပင်ပန်းကြီးစွာ ခရီးနှင်လာခဲ့ကြသူအားလုံးမှာ အလွန်အမင်း နုံးချိနေကြသဖြင့် အိပ်မောကျနေကြပြီ ဖြစ်သည်။

လုံယီသည် ရှန်အိမ်၏ ဒုတိယထပ်ရှိ နူးညံ့သောအိပ်ရာခင်းများ ခင်းထားသည့် သစ်သားကုတင်ပေါ်တွင် လဲလျောင်းနေရင်း ကြာမြင့်စွာ ဝေးကွာနေခဲ့သော စိတ်လက်အပန်းဖြေမှုကို ခံစားနေရသည်။ လုံကျန်းမြစ်ပေါ်တွင် ရှိနေစဉ်က အသက်အန္တရာယ်မှာ အမြဲနီးကပ်နေသဖြင့် အိပ်စက်ရချိန်တွင်ပင် နိုးနိုးကြားကြားဖြင့်သာ အိပ်ခဲ့ရသော်လည်း ယနေ့တွင်မှ သူ အနည်းငယ် စိတ်လျှော့နိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ရုတ်တရက် သူ၏နှာခေါင်းမှာ အနည်းငယ် လှုပ်ရှားသွားပြီး ခပ်သဲ့သဲ့ ငါးညှီနံ့တစ်ခုကို ရလိုက်သည်။ ထိုအနံ့မှာ သူနှင့် အလွန်ရင်းနှီးနေသည့်အပြင် ယခင်က သူလိုက်လံအမဲလိုက်ခဲ့ဖူးသော အချို့သော မိစ္ဆာသတ္တဝါများ၏ အနံ့နှင့် အလွန်ဆင်တူနေသည်။ လုံယီသည် ချက်ချင်းပင် နိုးကြားသွားတော့သည်။

သူသည် ကုတင်ပေါ်မှဆင်းကာ တံခါးကို အသာအယာဖွင့်ပြီး ဒုတိယထပ်မှနေ၍ အသံတစ်ချက်မျှ မထွက်စေဘဲ ခုန်ဆင်းလိုက်သည်။ ထို့နောက် ထိုအနံ့လာရာဘက်သို့ သွက်လက်ငြိမ်သက်စွာဖြင့် ဦးတည်လိုက်တော့သည်။ သူ၏ အာရုံငါးပါးမှာ သာမန်လူများထက် များစွာ သာလွန်လှသဖြင့် သာမန်သိုင်းသမားများပင် သတိမပြုမိနိုင်သော ထိုအနံ့ကို သူက ဖမ်းယူနိုင်

ခြင်းပင်။

ရှန်အိမ်မှ ထွက်လာပြီးနောက် လုံယီသည် သာမန်မျက်စိဖြင့် မမြင်နိုင်လောက်သော အရိပ်တစ်ခုအသွင် ပြောင်းလဲသွားသည်။ ထိုအချိန်တွင် ရှန်အိမ်နှင့် ပေ ၃၀၀ ကျော်အကွာရှိ အိမ်ဝင်းတစ်ခုအတွင်း၌ ခြံစည်းရိုးမြင့်မြင့်များ ကာထားသော ထိုအိမ်ဝင်းအတွင်း လူအုပ်ကြီးမှာ ပြည့်နှက်နေအောင် ဒူးထောက်နေကြသည်။ သူတို့ရှေ့တွင်မူ အဝါရောင်သန်းနေသော သတ္တဝါကြီးတစ်ကောင် ရှိနေသည်။

၎င်း၏ တစ်ကိုယ်လုံးမှာ ဝါညိုရောင် အမွေးအမျှင်များဖြင့် ဖုံးလွှမ်းထားပြီး အနက်ရောင် မျက်လုံးများမှာ အေးစက်သော အလင်းတန်းများ ထွက်ပေါ်နေသည်။ မျက်လုံးအိမ် ပတ်ပတ်လည်တွင် မျက်နှာဖုံးစွပ်ထားသကဲ့သို့ နက်မှောင်သော အမှတ်အသားများ ရှိနေသည်။ တိုတောင်းသော ခြေလက်များ ရှည်လျားသော ခြေသည်းများရှိပြီး နောက်ကွယ်ရှိ အမွေးပွမြီးကြီးမှာ လူတစ်ယောက်ထက်ပင် ပိုမိုကြီးမားလှရာ အဆပေါင်းများစွာ ကြီးမားနေသော ဧရာမ မြွေပါကြီးတစ်ကောင်နှင့် တူလှသည်။

ထိုမြွေပါကြီးသည် အရွယ်ရောက်ပြီးသော အမျိုးသားတစ်ဦးထက်ပင် အရပ်ရှည်ပြီး လူတစ်ယောက်ကဲ့သို့ မတ်တပ်ရပ်နေသည်။ ၎င်းသည် ပါးစပ်ကို ဟလိုက်ရာ စီတန်းနေသော စူးရှလှသည့် သွားများမှာ အေးစက်စွာ ဝင်းလက်သွားသည်။

“သေချာရဲ့လား... အဲ့ဒီလူတွေက မြင့်မြတ်တဲ့မြစ်ရဲ့ တစ်ဖက်ကမ်းက လာတဲ့ နိုင်ငံခြားသားတွေဆိုတာ…”

၎င်းသည် အမှန်တကယ်ပင် စကားပြောနိုင်နေသည်။ လူတစ်ရပ်ကျော် မြင့်မားသော မြွေပါကြီးတစ်ကောင်မှ လူစကား ထွက်ပေါ်လာခြင်းမှာ အမှန်တကယ်ပင် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကောင်းလှသည်။

အခန်း။ ၂၄၄

ဒူးထောက်နေကြသည့် ရွာသားများထဲမှ တစ်ဦးတစ်ယောက်မျှ ထူးဆန်းသည်ဟု မထင်ကြဘဲ အားလုံးမှာ ဤအခြေအနေကို ကျင့်သားရနေကြပုံပင်။

“မဟာမသေမျိုးကြီးခင်ဗျာ... ကျွန်တော် အသေအချာ အာမခံနိုင်ပါတယ်။ သူတို့ တစ်

ယောက်ချင်းစီဆီကနေ မြင့်မြတ်တဲ့မြစ်ရဲ့ အနံ့တွေ အပြင်းအထန် ထွက်နေတယ်။ မြစ်ပေါ်မှာ ဆယ်ရက်ထက်မက ကြာကြာမနေခဲ့ရင် ဒီလောက်အနံ့ပြင်းမှာ မဟုတ်ပါဘူး”

ထိုသို့ပြောလိုက်သူမှာ ဆံပင်ဖြူဖြူ သားရဲအရေခွံဝတ်စုံနှင့် ခြေဗလာဖြစ်နေပြီး အခြားသူမဟုတ် လုံယီတို့ကို ရွာထဲသို့ ဖိတ်ခေါ်ခဲ့သော ဦးလေးရှန်ပင်။

သို့သော် သူ၏မျက်လုံးထဲတွင် ယခင်ကမြင်ခဲ့ရသော ရိုးသားဖော်ရွေသည့် အရိပ်အယောင်များ လုံးဝမရှိတော့ဘဲ မြွေပါကြီးအား အသည်းအသန် ဖားနေသည့် အမူအရာသာ ကျန်ရှိတော့သည်။

“ကောင်းပြီ... အကယ်၍ မင်းသာ သူတို့ဆီကနေ လုံကျန်းမြစ်ကို ဖြတ်ကျော်နိုင်တဲ့ လျှို့ဝှက်

ချက်ကို ရအောင်ယူနိုင်မယ်ဆိုရင် ငါ မင်းကို ကောင်းကောင်း ဆုချမယ်”

မြွေပါကြီးက စပ်ဖြဲဖြဲရယ်လိုက်ပြီး “မင်းတို့မိသားစုရဲ့ အခွန်တွေအားလုံးကို ကင်းလွတ်ခွင့်ပေးမယ့်အပြင် ဘုရင်ကြီးနဲ့တောင် တွေ့ဆုံခွင့် ရနိုင်တယ်” ဟု ပြောလိုက်သည်။

ထိုအရာကို ကြားလိုက်ရသည့်အခါ ဦးလေးရှန်မှာ ဝမ်းသာအားရ ဖြစ်သွားပြီး အကြိမ်ကြိမ် ဦးတိုက်တော့သည်။ သူ၏ဘေးတွင် မိန်းကလေးငယ် နီနီမှာလည်း မျက်နှာသေဖြင့် ဒူးထောက်နေသော်လည်း သူမ၏မျက်ဝန်းထဲတွင်မူ စိတ်မသက်မသာဖြစ်နေသည့် အရိပ်အယောင်အချို့ ဖြတ်ပြေးသွားသည်။

“မဟာမသေမျိုးကြီးခင်ဗျာ... ဒီအုပ်စုရဲ့ ခေါင်းဆောင်က ကျွန်တော့်အိမ်မှာ ရှိနေပါတယ်။ သူ့ကို ဖမ်းဖို့ ကျွန်တော် လိုက်ပို့ပါရစေ”

ဦးလေးရှန်က ခေတ္တတုံ့ဆိုင်းသွားပြီးမှ “ဒါပေမဲ့ ဒီလူက အတော်လေး ရက်စက်ပါတယ်။ ကျောက်ခဲတစ်လုံးတည်းနဲ့ ဝံပုလွေတစ်ကောင်ကို သတ်နိုင်တယ် ဒါကြောင့် မဟာမသေမျိုးကြီး အနည်းငယ် သတိထားစေချင်ပါတယ်” ဟု သတိပေးလိုက်သည်။

“ဘာ... မင်းက ငါ့ကို အသိဉာဏ်မရှိတဲ့ သားရဲတစ်ကောင်နဲ့ နှိုင်းယှဉ်ဝံ့တာလား”

သတိပေးစကားကို ကြားလိုက်ရသောအခါ မြွေပါကြီးမှာ ဒေါသထွက်သွားတော့သည်။

၎င်းက ပါးစပ်ကို ဟလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော သွားချွန်ကြီးများ ပေါ်လာသဖြင့် ရှန်ရှုနှင့် အခြားရွာသားများမှာ ကြောက်ရွံ့တုန်ရင်ကာ မြေပြင်ပေါ်တွင် ဝပ်နေကြတော့သည်။

“ကျွန်တော် မဝံ့ရဲပါဘူး ခွင့်လွှတ်ပေးပါ”

ရှန်ရှုက တောင်းပန်တိုးလျှိုးရင်း “ကျွန်တော်က မဟာမသေမျိုးကြီးရဲ့ ဘေးကင်းရေးကို စိုးရိမ်လို့ပါ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ” ဟု ဦးတိုက်ရင်း ပြောရှာသည်။

အဘိုးအို၏ စကားကို ကြားပြီးနောက် မြွေပါကြီးသည် ဒေါသကို လျှော့လိုက်ပြီး အေးအေးဆေးဆေးပင် “သိုင်းသမားတစ်ယောက်ပဲဟာ ငါ့အတွက်တော့ အလွယ်လေးပါ။ စိုးရိမ်မနေနဲ့” ဟု ပြောလိုက်သည်။

၎င်းသည် ရှေ့ခြေနှစ်ချောင်းကို နောက်ပစ်လျက် ရွာသားများနောက်မှနေ၍ ရှန်ရှု၏ အိမ်ရှေ့သို့ ဂုဏ်ယူဝင့်ကြွားစွာ လိုက်ပါလာခဲ့သည်။

“မဟာမသေမျိုးကြီး... သူက ဒုတိယထပ်မှာ ရှိပါတယ်”

ရှန်ရှုက ပြောလိုက်သည်။

“ဒီမသေမျိုးက သူ့ကို ဘယ်လိုဖမ်းပြမလဲဆိုတာ စောင့်ကြည့်နေလိုက်”

မြွေပါကြီးက လှောင်ပြုံးပြုံးလိုက်ပြီး နှာခေါင်းကို နှစ်ချက်မျှ ရှုံ့လိုက်တော့သည်။

ခဏချင်းမှာပင် မြွေပါကြီး၏ နှာခေါင်းမှာ အဆပေါင်းများစွာ ဖောင်းကြွလာသည်။ ၎င်း၏ အနက်ရောင် နှာခေါင်းပေါက်များထဲမှ ပြင်းထန်လှသော အဝါရောင်မြူခိုးများ ပန်းထွက်လာပြီး လေထုထဲတွင် ဝဲနေတော့သည်။

ထို့နောက် မြွေပါကြီး၏ ထိန်းချုပ်မှုအောက်တွင် ထိုမြူခိုးများသည် ရှန်အိမ်၏ ဒုတိယထပ်သို့ တစ်ဟုန်ထိုး တိုးဝင်သွားကြသည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် အဝါရောင်မြူခိုးများသည် ပြန်လည်လွင့်ထွက်လာပြီး မြွေပါကြီး၏ နှာခေါင်းထဲသို့ အကုန်ပြန်ဝင်သွားတော့သည်။

“သွားကြမယ်။ ငါ့ရဲ့ အဆိပ်ငွေ့ကို ရှူမိသွားပြီဆိုတော့ သူ ဘယ်လောက်ပဲ တော်တော် အခုဆို ငြိမ်ငြိမ်လေး အညံ့ခံနေရပြီ”

မြွေပါကြီးသည် ယုံကြည်မှုအပြည့်ဖြင့် အိမ်၏ ဒုတိယထပ်သို့ တက်သွားသော်လည်း အခန်းထဲရောက်သည်နှင့် ၎င်း၏မျက်နှာမှာ ပျက်သွားတော့သည်။

“ဘယ်မှာလဲ သူ”

“မင်း ငါ့ကို ကစားနေတာလား”

“မဟာမသေမျိုးကြီး... အသက်ကို ချမ်းသာပေးပါ ကျွန်တော် မထွက်လာခင်တုန်းက သူ ဒီအခန်းထဲမှာ ရှိနေတာ တကယ်ပါခင်ဗျာ”

ဦးလေးရှန်သည် ချွေးများတဖြိုင်ဖြိုင်ကျလျက် မြေပြင်ပေါ်ဝပ်စင်းကာ အသည်းအသန် ဦးတိုက်တော့သည်။ ဘေးမှ မိန်းကလေး နီနီမှာလည်း တုန်တုန်ရီရီဖြင့် ဒူးထောက်နေရှာသည်။

“ဟင်း... မင်းတို့မှာ ဒီလောက် သတ္တိရှိမှာမဟုတ်တာ ငါသိပါတယ်။ ဒီလူက တစ်ခုခုကို ကြိုရိပ်မိသွားတာ ဖြစ်မယ်။ မြန်မြန်... ငါနဲ့အတူ လိုက်ရှာကြစမ်း”

မြွေပါကြီးက ဒေါသတကြီးဖြင့် အိမ်အပြင်သို့ ပြန်ထွက်လာခဲ့သည်။

၎င်းက အိမ်တံခါးဝသို့ ခြေလှမ်းလိုက်သည့် ခဏမှာပင်…

ဝူး... ဝူး... ဝူး

တစ္ဆေတစ်ကောင် အော်ဟစ်လိုက်သကဲ့သို့ စူးရှအေးစက်သော လေတိုးသံတစ်ခုသည် ၎င်း၏နားအနီးသို့ ဖြတ်သန်းသွားသည်။ မြွေပါကြီးသည် ပင်ကိုယ်အသိဖြင့် ဘေးသို့ ခုန်ရှောင်လိုက်သော်လည်း နားကွဲမတတ် အော်ဟစ်သံကြီး တစ်ခုကတော့ ထွက်ပေါ်လာခဲ့သည်။

“အား...”

၎င်း၏ ရှေ့ခြေတစ်ဖက်မှာ ပြတ်တောက်သွားပြီး ဒဏ်ရာမှ သွေးများမှာ ရူးသွပ်မတတ် ပန်းထွက်လာတော့သည်။ မြွေပါကြီးသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် အပေါ်သို့ မော့ကြည့်လိုက်ရာ တိုက်ခိုက်သူမှာ အခြားမဟုတ် နက်မှောင်သော ပုဆိန် တစ်လက်ဖြစ်နေသည်ကို ၎င်း တွေ့လိုက်ရသည်။

ထိုပုဆိန်သည် လေထဲသို့ ပျံတက်သွားပြီး အခြားအိမ်တစ်အိမ်၏ ခေါင်မိုးပေါ်သို့ ဦးတည်နေဟန်ရှိသော်လည်း ရုတ်တရက် လေထဲတွင်ပင် ရပ်တန့်သွားသည်။ ထို့နောက် မယုံနိုင်စရာကောင်းလောက်အောင် ပိုမိုမြန်ဆန်သော အရှိန်ဖြင့် ပြန်လည်ဝေ့ဝဲလာကာ ၎င်းရပ်နေသည့် နေရာသို့ တိုးဝင်လာတော့သည်။

“ကယ်ကြပါဦး”

မြွေပါကြီးမှာ အသည်းအသန် ထိတ်လန့်သွားပြီး ရှန်ရှု၏ အိမ်ထဲသို့ ပြန်လည်ပြေးဝင်သွားတော့သည်။ ဘေးနားရှိ ရွာသားများမှာလည်း ဤမြင်ကွင်းကို ကြည့်ကာ ကြောင်အမ်းနေကြသည်။ သူတို့ကိုယ်တိုင်ပင် အသက်လုပြေးနေရချိန်တွင် သူတို့ ကိုးကွယ်ထားသည့် မဟာမသေမျိုးကြီး၏ ကံကြမ္မာကို မည်သူကမှ ဂရုမစိုက်နိုင်တော့ချေ။

ဝူး... ဝူး... ဝူး

ပုဆိန်သည် ရှန်အိမ်ထဲသို့ ထပ်ချပ်မကွာ လိုက်ပါလာပြီး မြွေပါကြီးကို ထပ်မံခုတ်ပိုင်းလိုက်ရာ ၎င်း၏ ဘယ်ဘက်ခြေထောက်တစ်ဖက် ထပ်မံပြတ်တောက်သွားပြန်သည်။ မြွေပါကြီးမှာ သွေးအိုင်ထဲတွင် လဲကျသွားပြီး ပုဆိန်ကြီး ပြန်လည်ဝဲပျံလာသည်ကို ကြည့်ကာ ထိတ်လန့်တကြား အော်ဟစ်လိုက်တော့သည်။

“မသေမျိုးဆရာသခင်... ကျွန်တော့်ကို သတ်လို့မရဘူး ကျွန်တော်က လေနက်ဘုရင်ရဲ့ မွေးစားသား...”

ဖတ်…

၎င်း၏ စကားသံမှာ ရုတ်တရက် ရပ်တန့်သွားတော့သည်။ ဝါရောင်ဦးခေါင်းကြီးမှာ လည်ပင်းမှ ပြတ်ထွက်သွားပြီး ရှန်မိသားစု၏ အိမ်ဝင်းအတွင်း လိမ့်ဆင်းသွားခဲ့သည်။

လုံယီ၊ ရှီချိုင်ဖုန်း၊ တာအိုဆရာ ရွှမ်ကျိ၊ ချူဖုန်းနှင့် ကျန်းဝေတတို့အားလုံး အခင်းဖြစ်နေရာတွင် ပေါ်လာကြပြီး ထိတ်လန့်တုန်လှုပ်နေသော ရွာသားများကို အေးစက်စွာ စိုက်ကြည့်နေကြသည်။

အမှန်စင်စစ် လုံယီသည် ထူးဆန်းသော အနံ့ကို ရရှိခဲ့စဉ်ကတည်းက တိတ်တဆိတ် ထွက်လာခဲ့ပြီး အခြေအနေ မဟန်သည်ကို သိရှိကာ ကျန်သူများကို အမြန်ဆုံး အသိပေးခဲ့ခြင်း ဖြစ်သည်။ သူတို့သည် မလိုအပ်ဘဲ ထိပ်တိုက်မတွေ့လိုသဖြင့် တိတ်တဆိတ် ထွက်ခွာရန် ရည်ရွယ်ခဲ့ကြသည်။ စကားပြောနိုင်သော မြွေပါကြီးဆိုသည်မှာ တစ်ခါမှ မကြားဖူးသော မိစ္ဆာတစ်ကောငဖြစ်နိုင်ပြီး အတောင်ပံပါသော သားရဲဘုရင်ကျားထက်ပင် ပိုမိုကြောက်မက်ဖွယ်ကောင်းနိုင်သည်ဟု သူတို့ တွေးခဲ့ကြသည်။

သို့သော် ပညာတတ်ပြီး သတ္တိရှိသော လုံယီသည် မထွက်ခွာမီ စမ်းသပ်တိုက်ခိုက်ကြည့်ရာ မျှော်လင့်မထားဘဲ ထိုမြွေပါမိစ္ဆာကို အလွယ်တကူ သုတ်သင်နိုင်ခဲ့ခြင်းပင်။ ၎င်း၏ စွမ်းအားမှာ သူထင်ထားသည်ထက် များစွာ ပိုမိုအားနည်းနေသည်။

၎င်းသေဆုံးသွားချိန်တွင် လုံယီအတွက် စွမ်းအင်အမှတ် ၃၅ မှတ်သာ ရရှိခဲ့သည်။

မြွေပါမိစ္ဆာ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

ဝမ်ကျန်းမှ လာသော အဖွဲ့သားများသည် ဦးလေးရှန် ဦးဆောင်သည့် ရွာသားများဘက်သို့ လှည့်ကာ ရန်သူလို စိုက်ကြည့်လိုက်ကြသည်။

“ငါတို့က မင်းတို့ကို ကယ်ခဲ့တာ ဒါကို မင်းတို့က ဒီလို ကျေးဇူးဆပ်တာလား”

ရှီချိုင်ဖုန်းသည် ရှန်ရှုကို သတ်ဖြတ်လိုသော အကြည့်များဖြင့် စိုက်ကြည့်နေသည်။

“မိစ္ဆာတွေနဲ့ပေါင်းပြီး ကိုယ့်လူမျိုးကို ဒုက္ခပေးတာက သစ္စာဖောက်နဲ့ ဘာထူးလဲ”

လုံယီ၏ မျက်နှာမှာလည်း အေးစက်နေတော့သည်။ အကယ်၍ သူ၏ အာရုံခံစားမှုများမှာ သာမန်လူများထက် သာလွန်မနေခဲ့ပါက ထိုအဆိပ်ငွေ့ကို ရှူမိခဲ့လျှင် အခြေအနေမှာ မည်သို့ဖြစ်သွားမည်ကို မည်သူမျှ မသိနိုင်ပေ။ သူ သတိလစ်သွားခဲ့ပါက စွမ်းရည်ပြမျက်နှာပြင်ကိုပင် အသုံးပြုနိုင်တော့မည် မဟုတ်ပေ။

ရှန်ရှုမှာ မြေပြင်ပေါ်တွင် တုန်ရင်စွာ ဝပ်စင်းနေပြီး “ကျွန်တော်တို့က... ကျွန်တော်တို့က ဝါရောင်မသေမျိုးရဲ့ အစေခံတွေပါ သစ္စာစောင့်သိမှုက ပထမပဲ။ ကျေးဇူးရှင်ကြီး... ကျွန်တော်တို့ကို အသက်ချမ်းသာပေးပါ” ဟု တောင်းပန်တိုးလျှိုးလျက် လုံယီ၏ခြေထောက်ကို ဖက်ရန် တွားသွားလိုက်သည်။

သို့သော် မျှော်လင့်မထားဘဲ ငွေရောင်အလင်းတန်းတစ်ခုက သူ၏လည်ပင်းကို ဖြတ်သန်းသွားရာ သူသည် လည်ပင်းကိုအုပ်ကာ လဲကျသွားပြီး မျက်လုံးများ ပြူးကျယ်လျက် သေဆုံးသွားတော့သည်။ သူ၏ဘေးတွင် ရှီချိုင်ဖုန်းသည် သူမ၏ ငွေရောင်ချိတ်များကို လက်၌ကိုင်ထားပြီး အေးစက်စွာ စိုက်ကြည့်နေသည်။

“ဘိုးဘိုး”

မိန်းကလေး နီနီသည် ရှန်ရှု၏ အလောင်းကိုဖက်ကာ ငိုကြွေးနေပြီးနောက် ရှီချိုင်ဖုန်းကို ရန်လိုသော အကြည့်များဖြင့် ကြည့်လျက် သူမ၏ ရင်ဘတ်ထဲမှ မြှောင်ဓားတစ်လက်ကို ဆွဲထုတ်ကာ အသည်းအသန် ပြေးဝင်တိုက်ခိုက်တော့သည်။ ရှီချိုင်ဖုန်းသည် သူမကိုလည်း သူမ၏ အဘိုးရှိရာ ငရဲသို့ ချက်ချင်း ပို့ဆောင်ပေးလိုက်သည်။

“ပြေးကြဟေ့”

ကျန်ရှိနေသော ရွာသားများမှာ အသိစိတ်လွတ်မတတ် ထိတ်လန့်သွားကြပြီး အရပ်မျက်နှာအသီးသီးသို့ ထွက်ပြေးကြတော့သည်။ အနီးနားရှိသူအချို့မှာ အသတ်ခံလိုက်ရသော်လည်း ဝေးကွာနေသူများကိုမူ သူတို့ လိုက်မဖမ်းတော့ပေ။

“သွားကြမယ် ဒီမှာ အချိန်ဆွဲမနေနဲ့တော့”

လုံယီက လေးနက်စွာ ပြောလိုက်သည်။

“အဲ့ဒီမိစ္ဆာရဲ့ အပေါင်းအပါတွေ ရောက်မလာခင် မြန်မြန် ထွက်သွားရအောင်”

လူတိုင်းသည် သူတို့၏ အသုံးအဆောင်များကို သိမ်းဆည်းကာ တောအုပ်ထဲမှ ဝက်ဝံနက်ဝိညာဉ်ကြီးကို လှမ်းခေါ်ပြီး အရှေ့တောင်ဘက်သို့ အတူတူ ခရီးဆက်ခဲ့ကြသည်။ ထွက်မပြေးနိုင်ဘဲ အဖမ်းခံရသော ရွာသားတစ်ဦးကို စစ်ဆေးမေးမြန်းကြည့်ရာ ဤအတိုင်း တောအုပ်ကို ဖြတ်သွားပါက မြို့ကြီးတစ်မြို့သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။

“မြန်မြန် သွားကြမယ်”

လုံယီက လူတိုင်းကို တိုက်တွန်းလိုက်သည်။

သူ၏ စိတ်ထဲရှိ သိမ်းငှက်ကြီးမှာ ရုတ်တရက် နှစ်ချက်မျှ စူးရှစွာ အော်မြည်လိုက်သည်။ ၎င်းမှာ ရှေ့တွင် အန္တရာယ်ကြီးတစ်ခု ရှိနေကြောင်း သူ့ကို သတိပေးနေခြင်းပင်။ ထို့ကြောင့် လုံယီသည် လုံးဝမပေါ့ဆရဲဘဲ ခရီးဆက်ခဲ့တော့သည်။

All Chapters