← Chapters

အခန်း (၉၆၁-၉၆၂)

Vol. 81 Ch. 961-962

အခန်း (၉၆၁-၉၆၂)

Vol. 81 Ch. 961-962

အခန်း ၉၆၁ -

အိပ်မက်စားသူနှင့် တိုက်ခိုက်ခြင်း။

ဤသည်မှာ အမျိုးသမီးတစ်ယောက် ဖြစ်လေသည်။ သူမသည် အင်မော်တယ်လမ်း လျှို့ဝှက်ချက်များထက် မည်သည့်နေရာတွင် ပို၍အရေးကြီးနေသနည်း။

ကြာပန်းသရဖူဆောင်းထားသော အနီရောင်ဝတ်ရုံနှင့်လူက မျက်မှောင်ကြုတ် သွားတော့သည်။ သို့သော် ခဏအကြာတွင် ပြုံးရယ်လိုက်ကာ၊

“ မင်းငါ့ကိုကူညီဖို့ သဘောတူရင် မင်းသိချင်တာ ... အကုန်လုံး ငါပြောပြမယ်လို့ ငါပြောထားသားပဲ။ ”

-ဟု တုန့်ပြန်၏။ စုရီက ဝိုင်အိုးကိုထုတ်ယူကာ တစ်ငုံသောက်လိုက်ပြီး၊

“ မင်းနဲ့အရောင်းအဝယ်လုပ်ဖို့ ငါ့မှာ ဆန္ဒမရှိဘူး အသက်ရှိုက်စာသုံးကြိမ်အတွင်းမှာ ငါ့ကိုအဖြေပေး၊ မဟုတ်ရင်ငါသတ်မယ်။ ”

-ဟု ပြောကြားခဲ့သည်။

သူ့လေသံသည် ပေါ့ပါးသော်လည်း စကားလုံးများမှာမူ အလွန်တရာ အာဏာစက် ပြင်းထန်နေချေပြီ။ အနီရောင်ဝတ်ရုံနှင့်လူ၏ အပြုံးများ ပျောက်ကွယ်သွားတော့၏။

“ ငါက ရင်းရင်းနှီးနှီး ဆက်ဆံခဲ့တာတောင် မင်းက ... ကိုယ့်နေရာကိုယ် မသိသေးဘူးပဲ။ ”

သည့်နောက် ထူးခြားလေးနက်သော ရောင်ဝါအဖြစ် ချက်ချင်းပြောင်းလဲသွားသည်။ သူ့အကြည့်သည် ရေခဲကဲ့သို့ အေးစက်ပြီး နတ်ဘုရားကဲ့သို့ ပြင်းပြချေ၏။

အသက်ရှူရကျပ်လောက်သော ဖိအားများ နန်းတော်တစ်ခုလုံးကို လွှမ်းမိုးသွားသော်လည်း စုရီမှာမူ သတိပင်မထားမိခဲ့ဟန်ဖြင့် ဝိုင်အိုးပြန်သိမ်းကာ၊

“ ဒါဆိုရင် မင်းဘာလို့ မစမ်းကြည့်လာလဲ။ ”

-ဟုမေးမြန်းလိုက်တော့သည်။

“ ဟားဟားဟား ... ကောင်းပြီ မင်းဆန္ဒအတိုင်းပဲ။ ”

အနီရောင်ဝတ်ရုံနှင့်လူက ရယ်မောလိုက်သည်။ သို့သော် မျက်နှာပေါ်တွင် ကြောက်မက်ဖွယ် သတ်ဖြတ်လိုသော အရှိန်အဝါများ ပြည့်နှက်လာ၏။

ချက်ချင်းပင် နံရံလေးဘက်ရှိမီးများ ငြိမ်းသွားပြီး နန်းတော်အတွင်း၌ မှောင်အတိ ကျသွားတော့သည်။

“ ဝူး ... ။”

“ ဟားဟားဟား ... ။ ”

နန်းတော်တံခါးကြီးများ ပိတ်သွားကာ ရယ်သံသည်အပြင်ဘက်သို့ ရောက်ရှိသွား၏။

“ ငါပြောဖို့မေ့သွားတယ် ... ဒီနေရာကို နတ်ဘုရားကွပ်မျက်ခြင်းနန်းတော်လို့ ခေါ်တယ် ဒီထဲမှာ နတ်ဘုရားနိုင်ငံတော်ရဲ့ အကြီးမားဆုံး သတ်ဖြတ်ခြင်း အစီရင်ရှိတယ် မခံနိုင်တော့တဲ့ အခါ မင်းအသံပေးလို့ရတယ် ... ငါ မင်းကို ပြန်ထုတ်ပေးမယ်။ ”

စကားဆုံးသည်နှင့် ‘တိမ်လွှာပျံသန်းခြင်း အင်မော်တယ်’(၃၆)ပါးမှာ တောက်ပလွန်းသော အလင်းတန်းများ ဖြာထွက်လာ၏။

ယင်းသည် အိပ်စက်ခြင်းမှ နိုးထလာကြသကဲ့သို့ပေပင်။ ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်းအရှိန်အဝါများ ဒီရေလှိုင်းကဲ့သို့ ပျံ့နှံ့လာခဲ့သည်။

“ ဂျိန်း ... ။ ”

နန်းတော်တစ်ခုလုံး အကန့်အသတ်မဲ့ ရှေးဟောင်းမြေပြင်ကြီးအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ယံတွင် လျှပ်စီးများနှင့် မိုးကြိုးများ ဖုံးလွှမ်းသွားသည်။

နတ်ဘုရားသဖွယ် ပုဂ္ဂိုလ် (၃၆)ဦးသည် တိမ်တိုက်ပေါ်တွင် ရပ်လျက် ကမ္ဘာတုန်စေမည့် ရောင်ဝါများကို ထုတ်ဖော်နေကြ၏။

ဤသည်မှာ ထို(၃၆)ပါးသော ဆန္ဒဝိညာဉ်များကိုစုစည်းထားသည့် ရှေးဟောင်း သတ်ဖြတ်ခြင်း အစီရင်ပေပင်။ စွမ်းအားသည် တုံ့ယွီအဆင့်ကိုပင် တုန်လှုပ်စေသည်။

“ ဖရူး ... ။ ”

ထိုစဉ် ခြေတစ်ချောင်းကြိုးကြာက ကောင်းကင်မှ ရုတ်ချည်းပျံသန်းလာခဲ့ပြီး တိုက်ခိုက်တော့၏။

အင်မော်တယ်မြူများနှင့် လျှပ်စီးများ ဖုံးလွှမ်းနေပြီး အတောင်ပံများမှလေဟာနယ်ကို ဖြိုခွင်းနေခဲ့သည်။ ဤသည်မှာ ပုံရိပ်ယောင် မဟုတ်ချေ။ စစ်မှန်သော အန္တရာယ်ပေပင်။

စုရီက ဝင်စားခြင်းဥပဒေစည်းမျဉ်းကို ထုတ်ဖော်လျက်ဓားချက်များ ထုတ်ဖော်လိုက်ရာ ဓားရည်ရွယ်ချက် ပျံတက်သွား၏။

“ ဘုန်း ... ။ ”

ခြေတစ်ချောင်းကြိုးကြာခမျာ ထိုဓားတစ်ချက်တည်းဖြင့် လွင့်စင်သွားသည်။ သို့သော် ပျက်ပြယ်သွားခြင်း မရှိသောကြောင့် အံ့အားသင့်သွားတော့၏။

“ ဒီငှက်က တကယ်ပဲ အင်မော်တယ်ဖြစ်သွားခဲ့တာလား ... မဟုတ်ရင် သူ့ရဲ့ဆန္ဒဝိညာဉ်က ဘာလို့ ဒီလောက် အစွမ်းထက်နေရတာလဲ။ ”

ထိုထက်ပို၍ မစဉ်းစားနိုင်မီ ကောင်းကင်ကြီးပေါ်တွင် နတ်ဘုရားများသဖွယ် ရပ်နေသည့် ပုဂ္ဂိုလ်များ အားလုံး တိုက်ခိုက်လာကြသည်။

တစ်ဦးသည် ကြယ်တာရာများကို စီးနင်းလျက်၊ နောက်တစ်ဦးသည် ပေပေါင်း တစ်သောင်းမြင့်သော ဗုဒ္ဓရုပ်ပွားတော်ကြီး အဖြစ် ပြောင်းလဲလိုက်၏။

အခြားသူများသည်လည်း ပေသုံးသောင်းရှည်သော ဓားအလင်းတန်းများ အခြားသော ဖြစ်စဉ်များထုတ်လွှတ်လျက် ရောက်ရှိလာသည်။

သူတို့အားလုံးသည် အင်မော်တယ် နယ်ပယ်ကို တက်လှမ်းလိုခဲ့သူများဖြစ်သဖြင့် စွမ်းအားအရနယ်ပယ်ဘုရင်ထက် ကျော်လွန်၏။

အားလုံး စုပေါင်းတိုက်ခိုက်လာခြင်းသည် ကောင်းကင်ဘုံကိုးပါးမှ နတ်ဘုရားများစစ်ချီလာ သကဲ့သို့ပင်။

ကောင်းကင်နှင့် မြေကြီးမှာ ကမောက်ကမ ဖြစ်ကုန်ပြီး နတ်သက်တံများရေတံခွန်ကြီးကဲ့သို့ စီးဆင်းလာခဲ့သည်။

“ ဟိတ် ... ။ ”

စုရီက လေထဲသို့ ခုန်တက်ကာ ဝင်စားခြင်းဥပဒေဖြင့် ပြန်လည် တိုက်ခိုက်လိုက် တော့သည်။

“ ဝုန်း ... ။ ”

“ ကလန် ... ။ ”

တိုက်ပွဲများ ပြင်းထန်လာသည်နှင့်အမျှ ဝင်စားခြင်းဥပဒေနိယာမသည် ထိုပုဂ္ဂိုလ်များကို ကောင်းစွာ ထိန်းချုပ်လာနိုင်သည်။

ထိုဥပဒေစွမ်းအား ထိမှန်သွားတိုင်း ပုံရိပ်ရှင်များသည် ပြန်လည်မကုသနိုင်သော ဒဏ်ရာများ ရရှိသွားကြ၏။

“ ကြည့်ရတာ ... သူတို့အားလုံးက ကောင်းကင်လမ်းထက်သာလွန်နေတဲ့ ခွန်အား ရှိနေပေမယ့် အင်မော်တယ်နယ်ပယ်ကို တကယ်မရောက်သေးဘူးထင်တယ်။ ”

“ ရွှပ် ... ။ ”

“ ဘောင်း ... ။ ”

အတွေးများစွာဖြင့် ခြေတစ်ချောင်း ကြိုးကြာထံသို့ ခုတ်ပိုင်းပစ်လိုက်ရာငှက်သည် ချက်ချင်းပေါက်ကွဲသွားပြီး ‘တာအိုအလင်းမှုန် အဖြစ် ပြောင်းလဲသွားခဲ့သည်။

တစ်ဆက်တည်းမှာပင် ထိုအလင်းမှုန်များသည် သူ့ခန္ဓာကိုယ်ထဲသို့ စီဝင်ပြီး အံ့သြဖွယ်ကောင်းသော ဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာ၏။

ယင်းသည် ဒါန်တမ်အတွင်းရှိ တာအိုတွင်းနက်ကြီးကို အားဖြည့်လိုက်ကာ ကျင့်ကြံမှုတိုးလာခြင်းပေပင်။

သွေးနှင့်ချီများ ဆူပွက်လာပြီး ရတနာသိုက်တစ်ခုကို ရှာတွေ့ခဲ့သည့်အလား မျက်ဝန်းများတောက်ပလာတော့သည်။

“ ဝုန်း ... ။ ”

တိုက်ပွဲသည် ပိုမိုပြင်းထန်လာ၏။ ဆန္ဒဝိညာဉ်များမှာ တစ်ယောက်ပြီးတစ်ယောက် လဲပြိုသွားကုန်ပြီး တာအိုအလင်းမှုန်အဖြစ် ပြောင်းလဲသွားကြသည်။

ကိုးဦးတိတိကို သတ်ဖြတ်ပြီးနောက် ကျင့်ကြံမှုသည် ထုံ‌ရှောက်အလယ်အလတ်သို့ အဆင့် ရောက်ရှိလာ၏။

နန်းတော်အပြင်ဘက်တွင်မူ အနီရောင်ဝတ်ရုံနှင့်လူသည် လှေကားထစ်တွင် ထိုင်ကာ အဝေးသို့ ‌ဒေါသတကြီး ငေးကြည့်နေတော့သည်။

“ ဟမ့် ... အင်မော်တယ်လမ်းလား ... အလကားလူလိမ်တွေ အင်မော်တယ်ဆိုတာ ဒီလောကြီးမှာ မရှိတော့တာ ကြာလှပြီ။ ”

ရေရွတ်သံနှင့်အတူ မျက်ဝန်းများသည် နှစ်ပေါင်းများစွာ ပိတ်မိနေသည့်အတွက် နက်ရှိုင်းသောနာကျည်းမှုများရှိနေ၏။

“ ဝုန်း ... ။ ”

ထိုစဉ် ကျောခိုင်းထားသော သူ့ အနောက်ဘက်ရှိ နန်းတော်ကြီးမှာ ပြင်းထန်စွာ တုန်ခါသွားသဖြင့် လန့်ဖျပ်ပြီး ထရပ်လိုက်လေသည်။

“ ကျွီ ... ။ ”

ပိတ်ထားသော တံခါးကြီးများမှာ အလိုအလျောက် ပွင့်လာပြီး အလင်းရောင်များ အတွင်းသို့ စီးဝင်သွားကာ အမှောင်များကို ချက်ချင်းဖယ်ရှားလိုက်၏။

နန်းတော်နံရံများရှိ တိမ်လွှာပျံသန်းခြင်း ပုံစံ(၃၆)ပါးမှာ ပျောက်ကွယ်သွားခဲ့ပြီးဖြစ်သည်။ စုရီသာလျှင် အလင်းရောင်အောက်၌ ရပ်လျက် ကျန်ရှိနေ၏။ ဝတ်ရုံတွင် ဖုန်တစ်စပင် မရှိဘဲ သန့်ရှင်းနေဆဲဖြစ်ချေပြီ။

အနီရောင်ဝတ်ရုံနှင့်လူ၏ မျက်နှာမှာ အေးခဲသွားပြီး မျက်လုံးများ ပြူးကျယ်သွား၏။ ဤလူသည် ဒဏ်ရာမရရုံသာမက ကျင့်ကြံမှုပင် တိုးတက်သွားကြောင်း ခံစားမိနေသည်။

ဝတ်ရုံနီဝတ်ထားသည့်လူအနေဖြင့် နှစ်ပေါင်းမရေမတွက်နိုင်အောင် လေ့လာကြည့် ပြီးနောက် ဤဖွဲ့စည်းပုံသည် အင်မော်တယ် နယ်ပယ်အောက် မည်သူ့ကိုမဆို သတ်ပစ်နိုင်သည်ဟု ကောက်ချက်ချခဲ့သည်။

ယခုမူ မိနစ်(၁၅)အတွင်းမှာပင် ပျက်စီးသွားတော့၏။ ၎င်းကို ဖျက်ဆီးလိုက် သူမှာ ထုံရှောက်အဆင့် လူငယ်တစ်ယောက် မျှသာဖြစ်သည်။

“ မင်း ... မင်း ဘယ်လိုလုပ်လိုက်တာလဲ။ ”

“ ငါနဲ့လာတိုက်ကြည့် ... မင်းသိလာလိမ့်မယ်။ ”

စုရီက နန်းတော်အတွင်းမှ လှမ်းထွက်လျက် ပြောကြားလိုက်၏။ ဆန္ဒဝိညာဉ်အကြွင်းအကျန် (၃၆)ပါးကိုသတ်ဖြတ်ပြီးနောက် ကျင့်ကြံမှုမှာ ထုံရှောက်နှောင်းပိုင်းသို့ ရောက်ရှိသွားသည်။

အထူးသဖြင့် သူ့ဒါန်တမ်အတွင်းရှိ တာအိုတွင်းနက်သည် မြူခိုးများဖြာထွက်နေပြီး အသက်မက်မွန်ပင်တွင် တာအိုရောင်ဝါများ ပြည့်နှက်နေသည်။

ဤအသက်သစ်ပင်သည် ကောင်းကင်နှင့် မြေကြီးကြား အမြစ်များပြန့်ကျဲလျက် အခိုင်မာဆုံးသော အုတ်မြစ်အဖြစ်တည်ရှိနေ၏။

တုံ့ယွီအဆင့် နယ်ပယ်ဘုရင်များပင်လျှင် သူတို့၏တာအိုတွင်းနက်၌ ဤသို့သောအသက် သစ်ပင်ကို မတည်ဆောက်နိုင်ကြချေ။

ထို့ကြောင့် စုရီသည် အိပ်မက်စားသူနှင့် သူ့ခွန်အားကိုစမ်းကြည့်ရန် ဆန္ဒများပြင်းပျလာ တော့၏။

“ နေဦး ... ။ ”

ဝတ်ရုံနီဝတ်လူသည် မူလနေရာမှ ချက်ချင်းပျောက်ကွယ်သွားပြီး ဝေးလံသော ကောင်းကင်၌ ပြန်ပေါ်လာ၏။

“ ငါတို့က ကံကြမ္မာကြောင့် ... တွေ့ဆုံရတာပဲ ဘာလို့ပူးပေါင်းဆောင်ရွက်လို့ မရတာလဲ။ ”

“ ဝှစ် ... ။ ”

သို့သော် စုရီက သူ့စကားကို လျစ်လျူရှုလျက် ဓားဝှေ့ယမ်းလိုက်တော့သည်။ ဓားချက်မှာ မိုးကြိုးအလား ပြင်းထန်ပြီး လျှပ်စီးကဲ့သို့ မြန်ဆန်နေ၏။

“ ဟမ့် ... ။ ”

ဝတ်ရုံနီဝတ်လူ၏ ပုံရိပ်သည် ဓားအလင်းထိမှန်ကာ သွေးအလင်းများအဖြစ် ပြိုကွဲသွားပြီး အဝေးတစ်နေရာ၌ ပြန်လည် ထွက်ပေါ်လာတော့သည်။

“ မင်းက အဲ့ဒီရူးသွပ်နေတဲ့ ရှန့်မူလိုပဲ ... သွားသေလိုက်တော့။ ”

အိပ်မက်စားသူက ချက်ချင်း တံဆိပ်များဖွဲ့စည်းလိုက်ကာ လေဟာနယ်ကို ရိုက်ထုတ်ပစ်လိုက်၏။

“ ဘန်း ... ။ ”

ကောင်းကင်ကြီး နှစ်ခြမ်းကွဲသွားပြီး ထာဝရအမှောင်များ ကျရောက်လာတော့သည်။ နေရာအနှံ့တွင် ကြယ်များထွက်ပေါ်လာကာ ကြယ်ဥပဒေတစ်ခုဆင်းသက်လာ၏။

တစ်ဆက်တည်းမှာပင် အိပ်မက်စားသူသည် ပေတစ်ထောင်မြင့်မားသော နတ်ဆိုးတစ်ပါး အဖြစ် ပြောင်းလဲသွားခဲ့၏။

မျက်ဝန်းများသည် နေနှင့်လကဲ့သို့ တောက်ပလျက် ကြေးဝါရောင်ခန္ဓာကိုယ်ကြီးမှာ တလက်လက်လင်းလျက် မိုးကြိုးလျှပ်စီးများ ဖုံးလွှမ်းနေသည့် ရေခဲလှံရှည်ကို ကိုင်စွဲထားလေသည်။

“ အိုး အမှောင် ... အကျွန်ုပ်ခန္ဓာကိုယ်ကို ကောင်းချီးပေးကြပါလော့။ ”

အိပ်မက်စားသူက မိုးကြိုးလျှပ်စီးလှံကို ဝှေ့ယမ်းကာ ထိုကြယ်စွမ်းအားများစုစည်းလျက် စုရီအပေါ် တိုက်ခိုက်လိုက်တော့၏။

“ သေလိုက်တော့ ... ။ ”

***

အခန်း ၉၆၂ -

အင်မော်တယ်များ တကယ်ရှိ၏။

“ ဟမ့် ... ။ ”

စုရီက လေထဲသို့ ပျံတက်ကာ ထိပ်တိုက်ရင်ဆိုင်သည်။ ဓားအလင်းတန်းများ ပေါက်ကွဲလျက် ဝင်စားခြင်းဥပဒေစည်းမျဉ်းက ကြယ်စွမ်းအားအပေါ်ချေဖျက်ကာ လှံနှင့်တိုက်မိသွားခဲ့၏။

“ ကလန် ... ။ ”

ကြောက်မက်ဖွယ် အဖျက်စွမ်းအားကြောင့် ကောင်းကင်ယံမှ ကြယ်များ ကြွေကျကုန်သည်။ အိမ်မက်စားသူခမျာ နောက်သို့ယိုင်သွား၏။

“ အတိတ်ကို အဆုံးသတ်ဖို့လား ... ဒါဝင်စားခြင်းရဲ့ စွမ်းအားပဲ။ ”

အိပ်မက်သားသူက အံ့အားသင့်သွားသည်။ စုရီက အခွင့်အရေးမပေးဘဲ ထပ်မံတိုက်ခိုက်ရာ နတ်ဆိုးပုံရိပ်ကြီးသည် ဆပ်ပြာပူဖောင်းကဲ့သို့ ပေါက်ကွဲသွားတော့၏။

“ ဘောင်း ဘောင်း ... ။ ”

“ ဒါတကယ့်ကို ဝင်စားခြင်းပဲ ... မင်း ကျောက်စိမ်းပင်လယ်က လွတ်မြောက်ခဲ့တာ အံ့သြစရာ မရှိတော့ဘူး။ ”

သို့တိုင် အိမ်မက်စားသူသည် သေဆုံးခြင်းမရှိဘဲ အဝေးတစ်နေရာတွင် ပြန်ပေါ်လာကာ ရေရွတ်လိုက်တော့၏။

“ မင်း အခုမှ နားလည်တာလား မင်း နည်းနည်း နောက်ကျသွားပြီ မထင်ဘူးလား။ ”

ဝင်စားခြင်းသည် အတိတ်ကို အဆုံးသတ်စေပြီး ဥပဒေစွမ်းအားများအပေါ် ဖျက်ဆီးပစ်နိုင်၏။ စုရီက စကားဆိုလျက်ဖြင့် လိုက်ပါတိုက်ခိုက်တော့သည်။

“ သွား ... ။ ”

ထို့ကြောင့် အိပ်မက်စားသူသည် တံဆိပ်တစ်ခုကိုဖန်တီးလျက် အော်ဟစ်လိုက် လေသည်။ သန့်ရှင်းသောနဘ်မြေ ဒိုမိန်းတစ်ခု ဓားလမ်း၌ပေါ်လာ၏။

ဗုဒ္ဓလောင်းလျာများနှင့် ရဟန္တာများစွာ ပေါ်ထွက်လာပြီး ရွှေအလင်းများဖြင့် ထိုဓားကို ဟန့်တားတော့၏။ သူကိုယ်တိုင်သည်လည်း ကြာပန်းစင်မြင့်ပေါ်မှ ဗုဒ္ဓတစ်ပါးအဖြစ် ပြောင်းလဲလိုက်လေသည်။

သံသယဖြစ်စရာ မလိုအောင် အစွမ်းထက်လှ၏။ ဗုဒ္ဓမှ မကောင်းမှုများကို ပယ်ရှားရန် ရောက်ရှိလာသည်နှင့်တူသည်။

စုရီမှ သက်ပြင်းချလျက် တစ်ဖက်လူ၏ တာအိုစည်းမျဉ်းသည် အမှန်ပင် ကြောက်စရာ ကောင်းကြောင်းဝန်ခံမိ၏။

၎င်းသည် ပုံရိပ်ယောင် သက်သက်မျှမဟုတ်ဘဲ အတိတ်မှစစ်မှန်သော ဥပဒေစွမ်းအားများကို ပြန်လည်ဖော်ထုတ်ခြင်း ဖြစ်လေသည်။

“ ဘောင်း ... ဘောင်း ... ။ ”

သို့သော် ဝင်စားခြင်းစွမ်းအားဖြင့် တွေ့ဆုံချိန်တွင် ထိုဗုဒ္ဓ၏နိုင်ငံတော်ကြီးသည် အပိုင်းပိုင်းကွဲသွားရ၏။ အကျိုးဆက်အနေဖြင့် အိမ်မက်စားသူခမျာ မျက်နှာဖြူဖျော့သွားပြီး၊

“ နတ်ဘုရားပဋိညာဉ်အရ ဘယ်သူမှ ဝင်စားခွင့်မရှိဘူး ... မင်းဘာလို့ဒီဥပဒေအပေါ် ကျွမ်းကျင်နေရတာလဲ။ ”

-ဟု မေးမြန်းတော့သည်။

“ နတ်ဘုရားတွေက ဘာလို့ လူဝင်စားခြင်းကိုတားမြစ်ရတာလဲ။ ”

စုရီက စိတ်ဝင်စားသွားသည်။

“ ဒါဟာ နတ်ဘုရားတွေရဲ့ဆန္ဒပဲ ... သူတို့ရဲ့အမိန့်က အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ် အပေါ် လွှမ်းမိုးထားတယ် အကြောင်းပြချက် မလိုဘူး။ ”

“ ဟုတ်လား ... ဒါဆို မင်းလည်း မသိဘူးပေါ့။ ”

စုရီမှ စိတ်ပျက်သွား၏။ ထို့နောက် ဓားကိုမြှောက်ကာ တိုက်ပွဲကို ဆက်လက်ဆင်နွှဲ လိုက်တော့သည်။

“ ဝုန်း ... ။ ”

များမကြာခင် တိုက်ပွဲသည် အဆင့်သစ်သို့ရောက်ရှိသွားပြီး အိပ်မက်စားသူ တစ်ယောက် ဒဏ်ရာများပြည့်နှက်လာ၏။

“ သေလိုက်တော့ ... ။ ”

“ ဝုန်း ... ။ ”

အဆုံးတွင် မီးလျှံကျောက်စိမ်းပေတံ ထုတ်ယူကာ ဝှေ့ယမ်းလိုက်သောအခါမှသာလျှင် စုရီ၏ဓားလွှမ်းမိုးမှုသည် ပြိုကွဲသွားသည်။

အကျိုးဆက်အနေဖြင့် စုရီခမျာ ခြေလှမ်းများစွာဆုတ်ခွာလိုက်ရ၏။ ယင်းသည် အိပ်မက်စားသူကို ပြုံးရွှင်လာစေသည်။ ရူးသွပ်သော အသွင်ဖြင့်၊

“ ဟားဟားဟား .... မင်းကို ငါသတ်နိုင်မယ်ဆိုရင် အဲဒီဝင်စားခြင်းဥပဒေကို ငါရမယ်မဟုတ်လား ဟားဟားဟား။ ”

တစ်ဆက်တည်းမှာပင် ကောင်းကင်နှင့် မြေကြီးတွင် မီးလျှံများ ဖုံးလွှမ်းသွားလေသည်။ ထိုစဉ် စုရီမျက်လုံးများတွင်မူ အလင်းရောင်များ တောက်ပလာပြီး ထူးခြားသောဓားရောင်ဝါ တစ်ခုပေါက်ကွဲလာ၏။

“ ကလန့် ... ။ ”

တစ်ဆက်တည်းမှာပင် ဦးခေါင်းထက်၌ ငရဲဘုံကိုးပါးဓားပုံရိပ် ထွက်ပေါ်ထွက်လာကာ ကောင်းကင်နှင့် မြေကြီးတစ်ခုလုံးကို ဖိနှိပ်ခံလိုက်ရလေသည်။

“ ဘရူး ... ။ ”

ထိုဓားထွက်လာသည်နှင့် မီးလျှံကျောက်စိမ်းပေတံသည် တုန်ခါသွားပြီး ဝမ်းနည်းစွာ အော်ဟစ်လာတော့၏။

အိပ်မက်စားသူသည်လည်း လှုပ်ရှား၍မရနိုင်တော့ဘဲ အကြောအချင်များ ချက်ချင်း တောင့်တင်းသွားလေသည်။

“ ဘာတွေဖြစ်နေတာလဲ။ ”

အိပ်မက်စားသူတစ်ယောက် ဦးရေပြားများယားယံကာ ထုံကျင်သွားတော့၏။ မျက်လုံးများသည်လည်း မျက်ဝန်းအိမ်များမှ ပြူးထွက်မတတ် ဖြစ်လာသည်။

ဤသည်မှာ ဓားရိပ်တစ်ခုမျှသာ ဖြစ်သော်လည်း ကောင်းကင်နှင့်မြေကြီးကြား၌ ဖိအားများတိုးစေပြီး အင်မော်တယ် မီးလျှံ ပေတံကိုပင် တုန်ရင်သွားစေ၏။

ဤပေတံသည် တားမြစ်ရတနာဖြစ်သည်။ နတ်ဘုရားနိုင်ငံတော်အတွင်း နှစ်ပေါင်းများစွာ လှည့်လည်ရှာဖွေခဲ့ပြီးနောက် ရှားရှားပါးပါး တွေ့ရှိလာခြင်းပေပင်။

သူ့တွက်ချက်မှုအရ ဤပေတံသည် မယုံကြည်နိုင်လောက်အောင် စွမ်းအားမြင့်ပြီး အင်မော်တယ်အဆင့် လက်နက်တစ်ခု ဖြစ်နိုင်ချေရှိသည်။

၎င်းသည် ပျက်စီးနေသော်လည်း နေ၊ လနှင့်ကြယ်များကို လောင်ကျွမ်းသွားစေနိုင်ကာ အဖျက်စွမ်းအားများရှိ၏။

သို့သော် ဤရတနာသည် ထိုဓားပုံရိပ် တစ်ခုအောက်၌ ယုန်သူငယ်တစ်ယောက်ကဲ့သို့ တုန်ရင်နေခဲ့သည်။ ယုံနိုင်စရာမရှိချေ။

“ ဘရူး ... ။ ”

“ ဝှစ် ... ။ ”

“ ဝူး ... ။ ”

တစ်ဆက်တည်းမှာပင် စုရီအတွက် ရင်းနှီးနေသော မြင်ကွင်းတစ်ခု ပေါ်လာခဲ့သည်။ အင်မော်တယ်မီးလျှံပေတံခမျာ စဉ်းတီတုံးပေါ်မှ သိုးအလား အပိုင်းပိုင်းအပြတ်ပြတ် အပိုင်း ခံလိုက်ရကာ ဝါးမျိုခံလိုက်ရချေ၏။

စုရီက သပ်ပြင်းချလိုက်သည်။ အလွန်နှမျောဖွယ်ကောင်း၏။ ဤပေတံသည် မည်မျှထူးခြားဆန်းပြားပြီး ကြောက်မက်ဖွယ် ကောင်းကြောင်း မေးနေစရာပင် မလိုချေ။

၎င်းအဆင့်သည် ရွှမ်ဟွမ်ကြယ်စု၏ ဖရိုဖရဲပင်လယ်ကြီးအတွင်း ပိတ်မိနေခဲ့သော ‘နတ်ဆိုးလှံ’နီးပါးပေပင်။

ငရဲဘုံကိုးပါးဓားသည် အသိစိတ်ပင်လယ်မှထွက်ကာ ဝါးမျိုရသည် အထိ ယင်းသည် သာမန်ရတနာမဟုတ်ကြောင်း ပြသနေသည်။

သို့သော် ဤမျှ ကောင်းကင်ဘုံကို ဖီဆန်နိုင်သောရတနာသည် ခဏချင်းဝါးမျိုသွား သည်ကို ကြည့်ကာ ရင်နာနေမိသည်။

“ အဟွတ် အဟွတ် ... ဝေါ့ ... ။ ”

အိမ်မက်စားခမျာ ရတနာနှင့်ဝိညာဉ်ကြား ဆက်သွယ်မှုကို အတင်းအကြပ် ဖြတ်တောက် ခံလိုက်ရသဖြင့် ခန္ဓာကိုယ်တစ်ခုလုံးတုန်ရီကာ မျက်နှာတွင် သွေးမရှိတော့ချေ။

“ သွားပြီ ... အားလုံးသွားပြီ ... မင်းသေလိုက်တော့။ ”

“ ဝှစ် ... ။ ”

“ အား ... ။ ”

ရူးသွပ်သွားသကဲ့သို့ အော်ဟစ်ကာ စုရီထံအတင်းပြေးဝင်တိုက်လေသည်။ သို့သော် စုရီမှလျစ်လျူရှုကာ ဓားနှင့်ဝှေ့ယမ်းလိုက်ရာ ချက်ချင်း ပြန်လည်ပြုတ်သွားတော့၏။

“ အပေါင်ဆိုင်ပိုင်ရှင် ဘယ်မှာလဲ ပြောရင် မင်းကိုသက်သောင့်သက်သာ သေခွင့်ပေးမယ်။ ”

နာကျင်စွာ ရှုံမဲ့နေသော အိပ်မက်စားသူထဲ စုရီကအထက်စီးမှ ငုံ့ကြည့်ကာ မေးလိုက်သည်။ အိပ်မက်စားသူမှ လှောင်ပြုံးဖြင့်၊

“ ငါ့ကိုယ်ငါ ဘာလို့အိပ်မက်စားသူလို့ ခေါ်ခဲ့လဲမင်းသိလား ... ဘဝဆိုတာအိပ်မက်ပဲ အိပ်မက်တွေက လှည့်စားနိုင်တယ် ...

... အခုမင်းမြင်နေရတာ ငါ့ရဲ့ ကိုယ်ပွားတစ်ခုပဲ ... တကယ့်ကိုယ်ခန္ဓာကြီးက သုံးနှစ်အတွင်း ပြန်လာလိမ့်မယ် ... အဲဒီအချိန် ငါမင်းကို လာရှာမယ်။ ”

-ဟု ဆိုကာ ပေါက်ကွဲ ပျက်ပြယ်သွားတော့၏။ စုရီမှ စိတ်မဝင်စားဘဲ နှာခေါင်းရှုံ့လိုက်ကာ ပြာပုံအတွင်းမှ ရွှေရောင် ကျောက်မျက်တစ်လုံး ကောက်ယူလိုက်သည်။

ယင်းသည် ဗလာဖြစ်၏။ ဤသည်မှာ အင်မော်တယ်နယ်ပယ်အတွက် အချက်အလက် ပါဝင်သည်ဟူသော ကျောက်မျက်ပေပင်။

ထို့ကြောင့် ‌ကျောက်မျက်ကို ချေမွှကာ ပလ္လင်အောက်ရှိ ဆန်းကြယ်သောသင်္ကေတများ အပေါ် စစ်ဆေးကြည့်လိုက်သည်။ များမကြာခင် တုန်လှုပ်ဖွယ်ရာ အမှန်တရားအချို့ကို တွေ့ရှိလာရတော့၏။

( အမည်မသိ ဥပဒေစွမ်းအားတစ်ခုသည် ကောင်းကင်လမ်းနှင့် အင်မော်တယ်နယ်ပယ်ကို ဖြတ်‌တောက်ပစ်ခဲ့သည်။

ထိုနေ့မှစရ မသေမျိုးကမ္ဘာင့် အင်မော်တယ်လောကသည် သီးခြားဖြစ်တည် သွားရတော့၏။

ဤနည်းဖြင့် သေမျိုးကမ္ဘာသို့ အင်မော်တယ်များ ဆင်းသက်နိုင်ခြင်းမရှိခဲ့ချေ။ အင်မော်တယ်တောင်သည် ထိုသို့သော ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များကို ထုတ်ဖော်မိခြင်းကြောင့် ပျက်စီးရချေပြီ။ )

အထက်စာများကို ဖတ်ရှုပြီး စုရီ၏ နှလုံးသားထဲတွင် လှိုင်းလုံးများ ထန်သွားသည်။ တစ်ချိန်က ဤကြယ်ပင်လယ်ကြီးအတွင်း၌ အင်မော်တယ်များ တကယ်ရှိနေချေ၏။

***

All Chapters