အစွမ်းထက်လှသော အဂ္ဂိရတ်ပညာ
Vol. 13 Ch. 182
သစ်ပင်အိမ် အဆင့်မြှင့်တင်မှုတွေကို ကြည့်ပြီး ရွှီရှင်း အံ့အားသင့်နေမိသည်။
ထူးဆန်းတဲ့ အသံရှင်က အသက်ရှင်နိုင်ခြေ မြင့်တက်လာလိမ့်မယ်လို့ ဘာလို့ ပြောခဲ့လဲဆိုတာ အခုမှပဲ နားလည်တော့သည်။
ဒီလောက် အစွမ်းထက်တဲ့ သစ်ပင်အိမ်မျိုးနဲ့ဆိုရင် ရှင်သန်နိုင်စွမ်းက တကယ်ကို မြင့်တက်လာမှာ အမှန်ပဲ မဟုတ်ပါလား။
သူသည် စိတ်ကို တည်ငြိမ်အောင်ထားပြီး လီဝမ်ရှီးထံသို့ ဗီဒီယိုခေါ်ဆိုမှု လုပ်လိုက်၏။
သစ်ပင်အိမ်က အစွမ်းထက်နေပြီ ဆိုသော်လည်း သူ့ရဲ့ အဂ္ဂိရတ်ပညာကိုတော့ အခုထိ အဖြေမရှာရသေးပေ။
အရင်ဆုံး အဂ္ဂိရတ် စင်မြင့်ကို တည်ဆောက်ပြီး သူ့ရဲ့ စွမ်းရည်အသစ်ဖြစ်တဲ့ အဂ္ဂိရတ်ပညာ ရဲ့ လုပ်ဆောင်ချက်တွေကို နားလည်အောင် လုပ်ရမည်။
လီဝမ်ရှီးက ဖုန်းကို ချက်ချင်းဆိုသလို လက်ခံလိုက်၏။
"ရွှီရှင်း...သစ်ပင်အိမ်ရဲ့ လုပ်ဆောင်ချက်အသစ်တွေကို မြင်ပြီးပြီလား။ တကယ်ကို အစွမ်းထက်တာပဲ"
လီဝမ်ရှီး၏ အသံမှာ စိတ်လှုပ်ရှားနေပုံရသည်။
"ဒီလုပ်ဆောင်ချက်တွေနဲ့ဆိုရင် နောက်ဆို ကျွန်မရဲ့ သတ္တုအရည်ကျိုတဲ့ အရှိန်က အများကြီး ပိုမြန်လာတော့မှာ"
"ဟုတ်တယ်... တကယ် အစွမ်းထက်တယ်။ ဒါပေမဲ့ မြှင့်တင်မှု ရမှတ်တွေကို ဘယ်လို ခွဲဝေပေးမလဲဆိုတာ သေသေချာချာ စဉ်းစားရမယ်။ မင်းရဲ့ အလှဆင်ရမှတ်က ဘယ်လောက်ရှိလဲ"
ရွှီရှင်းက မေးလိုက်၏။
"အင်း... ၅၃ ရှိတယ်။ ကျွန်မတော့ နှင်းဆီသစ်သား ပရိဘောဂတွေ အပြည့်အစုံ လုပ်ထားတယ်၊ အလှမွေးငါးတွေလည်း ထည့်ထားပြီး ပုံဆောင်ခဲမျိုးစုံလည်း ထားထားတယ်လေ"
လီဝမ်ရှီးက ပြန်ပြော၏။
"ဘယ်လိုလဲ... အဆင်ပြေရဲ့လား။ ရှင့် ဆီမှာကော ဘယ်လောက်ရှိလဲ"
"အင်း... မင်း ထက် နည်းနည်းတော့ ပိုများတာပေါ့"
ရွှီရှင်းက အမှန်အတိုင်း မပြောလိုက်ပေ။
သူမ စိတ်ဓာတ်ကျသွားမှာကို စိုးရိမ်မိသောကြောင့် ဖြစ်သည်။
ဒါပေမဲ့ ဒါက သူ့ကို တစ်ခု စဉ်းစားမိစေသည်။
အနုပညာရှင် စွမ်းရည်မှာ ဒီတစ်နယ်မြေလုံးတွင် သူနဲ့ ကျိချောင်းယန် နှစ်ယောက်တည်းမှာပဲ ရှိတာ၏။
ဒါဟာ သူတို့အတွက် သီးသန့်စွမ်းရည်ဖြစ်ပြီး တခြားသူတွေကို အလှဆင်ပစ္စည်းတွေ ပေးနိုင်တဲ့ အခွင့်အရေးပင် မဟုတ်ပါလား။
ဒါကြောင့် သူ ဒီဘက်ကို ပိုပြီး အားစိုက်သင့်လားမသိတော့ပေ။
အကယ်၍ သူက အနုပညာခန်းကို မြှင့်တင်မှုတွေ ပိုပေးလိုက်ရင် ရုပ်တုထွင်းတာနဲ့ ပန်းချီဆွဲတဲ့ အရှိန်က နှစ်ဆလောက် မြန်လာမှာဖြစ်ပြီး ရုပ်တုတွေကို ပိုပြီး မြန်မြန် ထုတ်လုပ်နိုင်မှာ ဖြစ်သည်။
ဒါဆိုလျှင် သူ့ရဲ့ အလှဆင်ရမှတ်တွေ ပိုမြန်မြန် တက်လာမယ့်အပြင် တခြားသူတွေကိုလည်း ရုပ်တုတွေ ရောင်းလို့ရ၏။
"ရှင် ကော မြှင့်တင်မှု ရမှတ်တွေကို ဘယ်လို ခွဲပေးဖို့ စဉ်းစားထားလဲ"
လီဝမ်ရှီးက တက်ကြွစွာ မေးလာပြန်သည်။
"ကျွန်မကတော့ အရည်ကျိုတဲ့ဘက်နဲ့ ပစ္စည်းလုပ်တဲ့ဘက်ကို အဓိကထားမယ်။ အော်... အရည်ကျိုတဲ့ အရှိန်သာ မြန်လာရင် ကျွန်မ အဖွဲ့အပြင်က လူတွေကိုတောင် သတ္တုတုံးတွေ ရောင်းပေးနိုင်မယ် ထင်တယ်"
"ငါတော့ အတည်မဖြစ်သေးဘူး၊ ခန့်မှန်းခြေပဲ စဉ်းစားထားသေးတယ်"
"ကျွန်မ အထင်တော့ တစ်ခုခုကိုပဲ အဓိကထားပြီး ပုံအောလိုက်တာ ပိုကောင်းမယ် ထင်တာပဲ"
လီဝမ်ရှီးက အကြံပေးလိုက်၏။
"ဟုတ်တာပေါ့။ ဒါနဲ့... မင်းဆီမှာ အပြာရောင်အဆင့် သံတုံးတွေနဲ့ ကျောက်တုံးတွေ အများကြီး ရှိလား"
"အပုံလိုက်ပဲ၊ ရှိမှရှိ။ နောက်ဆို ပိုတောင် များဦးမှာ။ ဘယ်လောက် လိုချင်လို့လဲ၊ ကျွန်မ အခုပဲ ပေးလိုက်မယ်လေ"
ဒီသူဌေးမလေးကတော့ စိတ်ကြည်နေပုံရပြီး အရင်းအမြစ်တွေကို အလကားပေးဖို့တောင် အသင့်ဖြစ်နေ၏။
ရွှီရှင်း လိုချင်တဲ့ ပမာဏကို ကြားတော့ လီဝမ်ရှီး အံ့သြသွားသော်လည်း ဘာမှ ထပ်မမေးဘဲ လွှဲပြောင်းမှု လုပ်ပေးလိုက်၏။
"အကျိုးအမြတ် ရလာရင်တော့ ကျွန်မကို မမေ့နဲ့ဦးနော်" လို့ပဲ ပြောရှာသည်။
သူမက ဒီလောက်အထိ ပွင့်လင်းလွန်းနေတာကြောင့် ရွှီရှင်းပင် အနည်းငယ် အားနာသွားရသည်။
ပစ္စည်းတွေ ရလာတာနဲ့ သူ အဂ္ဂိရတ် စင်မြင့်ကို ချက်ချင်း လုပ်လိုက်သည်။
ဘယ်နေရာမှာ ထားမလဲလို့ မေးတဲ့အခါ သူက သစ်ပင်အိမ်ရဲ့ ဒုတိယထပ်ကို ရွေးလိုက်၏။
ခဲခဲလေးကတော့ အခုထိ သူမရဲ့ အမြီးကြီးကို ဖက်ပြီး အိပ်မောကျနေတုန်းပင်။
ရွှီရှင်း အိပ်ခန်းထဲက ထွက်လာတဲ့အချိန်မှာ ငွေရောင်ဘုရင်နဲ့ မီမီတို့လည်း အနားယူနေကြဆဲ ဖြစ်သည်။
သူ ဖြတ်လျှောက်သွားတာကို ငွေရောင်ဘုရင်က မသိသော်လည်း မီမီကတော့ မျက်လုံးလေးဖွင့်ကြည့်ပြီး ရွှီရှင်းမှန်း သိတာနဲ့ ပြန်မှိတ်ကာ အိပ်နေတော့သည်။
မနေ့ညက တိုက်ပွဲက သူတို့ရဲ့ အားအင်တွေကို တော်တော်လေး ကုန်ခမ်းစေခဲ့ပုံရ၏။
ရွှီရှင်း ဒုတိယထပ်ကို ရောက်တဲ့အခါ သူလုပ်ထားတဲ့ အဂ္ဂိရတ် စင်မြင့်ကို တွေ့လိုက်ရ၏။
ဒီစင်မြင့်က ဗီဇပြောင်းဆေးရည် စင်မြင့်နဲ့ တော်တော်လေး ဆင်တူပြီး နာရီမှန် ပုံစံလေးနဲ့ တူလှသည်။
တခြား စင်မြင့်တွေလိုပဲ အပေါ်မှာ မျက်နှာပြင် အသေးလေး တစ်ခု ပါရှိသည်။
အရင်က သူ ဒုတိယထပ်ကို သေသေချာချာ မစီစဉ်ခဲ့တာကြောင့် စင်မြင့်တွေက ရှုပ်ပွနေပြီး လုပ်ဆောင်ချက် နယ်မြေတွေအဖြစ် တန်းခွဲလို့မရဘဲ ဖြစ်နေသည်။
နံရံတွေလုပ်ပြီး အခန်းကန့်ကာ အလုပ်ရုံလေးတွေ တစ်ခုချင်းစီ ဖြစ်အောင် ပြန်စီစဉ်ရဦးမည်။
ရွှီရှင်းက အဂ္ဂိရတ် စင်မြင့်ရှေ့မှာ ရပ်ပြီး မျက်နှာပြင်ကို နှိပ်ကြည့်လိုက်သည်။
ထုတ်လုပ်နိုင်တဲ့ ပစ္စည်းစာရင်းထဲမှာ သူတစ်ခါမှ မမြင်ဖူးတဲ့ ကုန်ကြမ်းအသစ်တွေကို တွေ့လိုက်ရ၏။
[သံမှုန့် (အစိမ်းရောင်အဆင့်): သံတုံးတွေကနေ ပြုလုပ်ထားတဲ့ သံမှုန့်ဖြစ်ပြီး အထွေထွေ အဂ္ဂိရတ် ကုန်ကြမ်းတွေအတွက် အခြေခံ ပစ္စည်းတစ်ခု ဖြစ်သည်။ လိုအပ်သည့် ပစ္စည်း - သံတုံး (အစိမ်းရောင်အဆင့်) ၁]
[ရွှေနက်မှုန့် (အပြာရောင်အဆင့်): ရွှေနက်တုံးတွေကနေ ပြုလုပ်ထားတဲ့ အမှုန့်ဖြစ်ပြီး အထွေထွေ အဂ္ဂိရတ် ကုန်ကြမ်းတွေအတွက် အခြေခံ ပစ္စည်းတစ်ခု ဖြစ်သည်။ လိုအပ်သည့် ပစ္စည်း - ရွှေနက်တုံး (အပြာရောင်အဆင့်) ၁ခု]
[အထွေထွေ အဂ္ဂိရတ် ကုန်ကြမ်း (အပြာရောင်အဆင့်): အဂ္ဂိရတ်ပညာမှာ အသုံးအများဆုံး ပစ္စည်းဖြစ်ပြီး ဆေးရည်တွေ ဖော်စပ်ရာမှာရော၊ လက်နက်နဲ့ ချပ်ဝတ်တွေကို မြှင့်တင်ရာမှာပါ အသုံးပြုနိုင်သည်။ လိုအပ်သည့် ပစ္စည်းများ - ဗီဇပြောင်းအပင်ရည် ၁ ကီလိုဂရမ်၊ သံမှုန့် (အပြာရောင်အဆင့်) ၁ခု ၊ ငွေမှုန့် (အပြာရောင်အဆင့်) ဒါမှမဟုတ် ရွှေမှုန့် နှင့် ရွှေနက်မှုန့် ၁ခု ]
အထွေထွေ အဂ္ဂိရတ် ကုန်ကြမ်းတဲ့လား ကြားရတာတော့ တော်တော်လေး ဟန်ကျမယ့်ပုံပဲ....။
သူ့မှာ ရွှေနဲ့ ငွေတော့ မရှိသေးပေမဲ့ လီဝမ်ရှီးဆီမှာ ရွှေနက်တွေ ရှိတာကြောင့် ဒီကုန်ကြမ်းကို သူ လုပ်နိုင်နေပြီဖြစ်၏။
စာရင်းကို အောက်သို့ ဆက်ကြည့်လိုက်တဲ့အခါမှာတော့ ရွှီရှင်း မျက်လုံးတွေ ဝိုင်းစက်သွားရသည်။
သူ့ရဲ့ စွမ်းရည်အသစ်က တကယ်ကို အစွမ်းထက်လှသည် မဟုတ်ပါလား။
အဂ္ဂိရတ် စင်မြင့် ထဲမှာ ဆေးရည်ဖော်စပ်နည်းတွေ အပုံလိုက် ရှိနေ၏။
[ခွန်အား ဆေးရည် (အပြာရောင်အဆင့်): ခွန်အားကို တသက်လုံးအတွက် အနည်းငယ် မြှင့်တင်ပေးနိုင်သည့် ဆေးရည်။ လိုအပ်သည့် ပစ္စည်းများ - ပန်းသီး (အပြာရောင်အဆင့်) ၁၀လုံး၊ အထွေထွေ အဂ္ဂိရတ် ကုန်ကြမ်း (အပြာရောင်အဆင့်) ၁]
[စိတ်ဝိညာဉ် ဆေးရည် (အပြာရောင်အဆင့်): စိတ်ဝိညာဉ်စွမ်းအားကို တသက်လုံးအတွက် အနည်းငယ် မြှင့်တင်ပေးနိုင်သည့် ဆေးရည်။ လိုအပ်သည့် ပစ္စည်းများ - လိမ္မော်သီး (အပြာရောင်အဆင့်) ၁၀လုံး၊ အထွေထွေ အဂ္ဂိရတ် ကုန်ကြမ်း (အပြာရောင်အဆင့်) ၁ခု]
[ကြံ့ခိုင်မှု ဆေးရည် (အပြာရောင်အဆင့်): ပင်ပန်းနွမ်းနယ်မှု ပြန်လည်ကောင်းမွန်နှုန်းကို တသက်လုံးအတွက် အနည်းငယ် မြှင့်တင်ပေးနိုင်သည့် ဆေးရည်။ လိုအပ်သည့် ပစ္စည်းများ - အက်ပရီကော့သီး (အပြာရောင်အဆင့်) ၁၀လုံး၊ အထွေထွေ အဂ္ဂိရတ် ကုန်ကြမ်း (အပြာရောင်အဆင့်) ၁ခု]
ဒီဆေးရည်တွေက အပြာရောင်အဆင့် အသီးအနှံတွေရဲ့ စွမ်းရည်ကို အသက်ရှင်ကျန်ရစ်သူတွေအတွက် အမြဲတမ်း စွမ်းရည်တွေအဖြစ် ပြောင်းလဲပေးနိုင်တာပါလား...။
အပြာရောင်အဆင့်မှာတင် စွမ်းရည်တွေကို အမြဲတမ်း မြှင့်တင်ပေးနိုင်တဲ့ အစားအသောက်ဆိုတာ တကယ်ကို ရှားပါးလှသည် မဟုတ်ပါလား။
သူကိုယ်တိုင်လည်း အများကြီး မစားခဲ့ရဖူးဘဲ စားရတိုင်းလည်း အကျိုးကျေးဇူးက တကယ်ကို ကြီးမားလှသည်။
အခုတော့ သူကိုယ်တိုင် စိုက်ပျိုးလို့ရတဲ့ အသီးတွေနဲ့ ဒီလို အဖိုးတန်ဆေးရည်တွေကို ဖော်စပ်နိုင်ပြီဖြစ်သည်။
ဒါဆိုရင်တော့ စိုက်ပျိုးရေးခန်းက တကယ်ကို အရေးကြီးတဲ့ နေရာဖြစ်လာပြီပဲ....။
တစ်ချိန်တည်းမှာပဲ အဂ္ဂိရတ် စင်မြင့်မှာ ထုတ်လုပ်မှုစာရင်းအပြင် မြှင့်တင်မှုစာရင်း ဆိုတာလည်း ပါလာတာကို သူ တွေ့လိုက်ရသည်။
အဲဒါကို ဖွင့်ကြည့်လိုက်တဲ့အခါ အထွေထွေ အဂ္ဂိရတ် ကုန်ကြမ်းကို သုံးပြီး သူ့မှာရှိတဲ့ လက်နက်တွေနဲ့ ချပ်ဝတ်တွေ အကုန်လုံးကို မြှင့်တင်လို့ရသည်ကို တွေ့လိုက်ရ၏။
ငါ့ရဲ့ ခရမ်းရောင်အဆင့် ချပ်ဝတ်တန်ဆာကိုတောင် မြှင့်တင်လို့ ရတာပဲ..။
မြှင့်တင်ထားတဲ့ ကိရိယာတွေဟာ ပို ထက်မြက်လာပြီး ပိုမာကြောလာမယ့်အပြင် အစုံလိုက် ဝတ်ဆင်တဲ့အခါ ရတဲ့ စွမ်းရည်တွေပါ တိုးလာမှာ ဖြစ်သည်။
ဖန်တီးရှင် ခွင့်ပြုချက်ကနေ ရလာတဲ့ အဂ္ဂိရတ်ပညာရှင် စွမ်းရည်က တကယ်ကို အစွမ်းထက်လှပေသည်။
ကိုယ့်ကိုယ်ကိုယ် မြှင့်တင်ဖို့ ဆေးရည်တွေ လုပ်နိုင်သလို၊ လက်နက်တွေကိုလည်း မြှင့်တင်နိုင်တာကြောင့် အသက်ရှင်ကျန်ရစ်သူတွေရဲ့ ခွန်အားကို အဘက်ဘက်ကနေ မြှင့်တင်ပေးနိုင်၏။
ဒါတင်မကသေးဘဲ အကောင်းဆုံးအချက်ကတော့ ဒီစွမ်းရည်ဟာ သူ့အတွက်တင် မဟုတ်ဘဲ တခြားသူတွေနဲ့ပါ အရောင်းအဝယ် လုပ်လို့ရဖြင်းဖြစ်သည်။
ဒီဆေးရည်တွေနဲ့ မြှင့်တင်ထားတဲ့ လက်နက်တွေဟာ လဲလှယ် လို့ ရ၏။
သူရလိုက်တဲ့ စွမ်းရည်ဟာ ချီရွှယ်ဖေးရဲ့ ဆေးဘုရင် စွမ်းရည်လိုမျိုး လျှို့ဝှက်အသက်မွေးဝမ်းကျောင်း တစ်ခုနဲ့တောင် တူနေခြင်းဖြစ်သည်။
အခုကစပြီး သူဟာ အဂ္ဂိရတ်ပညာရှင် တစ်ယောက် ဖြစ်သွားလေပြီ။
"နေဦး..."
အထွေထွေ အဂ္ဂိရတ် ကုန်ကြမ်းရဲ့ ဖော်ပြချက်မှာ ဆေးရည်တွေနဲ့ လက်နက်မြှင့်တင်မှုတွေအပြင် အထူးကိရိယာ တွေ လုပ်တဲ့နေရာမှာလည်း သုံးလို့ရတယ်လို့ ပါသေးတယ် မဟုတ်လား....။
အဲဒီ အထူးကိရိယာတွေက ဘာတွေများလဲ...။
ရွှီရှင်း ထုတ်လုပ်မှုစာရင်းကို အစအဆုံး ပြန်ရှာကြည့်လိုက်တဲ့အခါ သစ်ပင်အိမ်ရဲ့ အခြေခံ ပုံစံထုတ်လုပ်နည်း စာရင်းထဲမှာ ပုံစံသစ် တစ်ခုကို တွေ့လိုက်၏။
"လခွီးထဲမှပဲ..."
ဒီပုံစံကို မြင်လိုက်ရတဲ့အခါ သူ မအံ့သြဘဲ မနေနိုင်တော့ပေ။
သူ့ရဲ့ အော်သံက တော်တော်လေး ကျယ်သွားပုံရသည်၊ သူ့ရဲ့ အကြားအာရုံကြောင့် တတိယထပ်က ခဲခဲလေး၊ ငွေရောင်ဘုရင်နဲ့ မီမီတို့ လန့်နိုးသွားပြီး တစ်ခုခုဖြစ်ပြီအမှတ်နဲ့ ပြေးဆင်းလာတဲ့ အသံကိုတောင် သူ အထင်အရှား ကြားနေရ၏။
ရွှီရှင်းကတော့ သူတို့ကို ဂရုမစိုက်နိုင်တော့ဘဲ သူ့ရဲ့ အာရုံအားလုံးက ဒီပုံစံပေါ်မှာပဲ ရောက်နေတော့သည်။
[နေရာကူးပြောင်းဂိတ် (အပြာရောင်အဆင့်): ပြန့်ပြူးသော မည်သည့်မျက်နှာပြင်ပေါ်တွင်မဆို ထားရှိနိုင်သည်။ ဖန်တီးရှင်၏ ခွင့်ပြုချက်ဖြင့် မိတ်ဆွေ သို့မဟုတ် ကြားနေအဖွဲ့ဝင် မည်သူမဆို နေရာကူးပြောင်းဂိတ် ကြားတွင် ရုတ်တရက် ကူးပြောင်းသွားလာ နိုင်သည်။ လိုအပ်သည့် ပစ္စည်းများ - သစ်သား (အပြာရောင်အဆင့်) ၁၀၊ သံမဏိတုံး (အပြာရောင်အဆင့်) ၁၀၊ အထွေထွေ အဂ္ဂိရတ် ကုန်ကြမ်း (အပြာရောင်အဆင့်) ၁၀]
ဒီနေရာကူးပြောင်းဂိတ် ဆိုတာက တကယ့်ကို ကူးပြောင်းသွားလာရေး တံခါးပေါက် ကြီးပါလား...။
ဒီလို အရာမျိုးတောင် ပေါ်လာတာလား....။
ဒါတင်မကဘဲ သူသာ ခွင့်ပြုရင် ဘယ်သူမဆို သုံးလို့ရ၏။
ဒီအရာရဲ့ တန်ဖိုးမှာ တကယ်ကို ကြီးမားလှသည်။
ရွှီရှင်းမှာ တကယ်ကို ဝမ်းသာအားရ ဖြစ်နေတော့သည်။
ဒီစွမ်းရည်က သူ့ကို သစ်ပင်အိမ် အဆင့်တက်တာနဲ့ တန်းတူ ပျော်ရွှင်မှုကို ပေးနိုင်၏။
ဒါပေမဲ့...
လိုအပ်တဲ့ ပစ္စည်းတွေကလည်း များလှချေသည်။
ပြီးတော့ သံမဏိတုံး ဆိုတာကကော ဘာလဲ ဘယ်လိုအရည်ကျိုရတာလဲဟ...။
---
အခန်း ၁၈၂ ပြီး။