← Chapters

အခန်း (၅၅၃-၅၅၄)

Vol. 44 Ch. 553-554

အခန်း (၅၅၃-၅၅၄)

Vol. 44 Ch. 553-554

အခန်း ၅၅၃ ဟန်ထျန်းရွှေအမတပြည့်စုံခြင်းအဆင့်သို့ ချိုးဖျက်ဝင်ရောက်ခြင်း

ကုအန်သည် သူ့ရှေ့မှ ရွေးချယ်စရာ ၅ ခုကို ကြည့်ကာ စဉ်းစားခန်း ဝင်နေလိုက်သည်။ ဤအမည်များ အားလုံးက ကောင်းမွန်ပုံ ပေါ်သော်လည်း အချို့နေရာများမှာ တားမြစ်နယ်မြေများ ဖြစ်နေ၏။

စစ်ဝိညာဉ်မြင့်မြတ်အိမ်တော် ဆိုသည်မှာ စစ်ခုံရုံးနှင့် ပတ်သက်မှု ရှိနေမည် မဟုတ်ပါလော။

မြေအောက်ကမ္ဘာပင်လယ်နက် သည်တော့ ထည့်စဉ်းစားစရာ မလိုပေ။ ပြန်လည်ဝင်စားခြင်း နယ်မြေကလည်း အလွန် အန္တရာယ်များလှသည်။ ယင်ကိုးပါးနတ်ဘုရားအိမ်တော်မှ တစ္ဆေအမတများမှာလည်း ကြောက်မက်ဖွယ် ကောင်းလှရာ ၎င်းတို့နှင့် တွေ့ဆုံမိပါက ဒုက္ခရောက်ပေလိမ့်မည်။

မဟာတာအို လမ်းစဉ် ဆိုသည်မှာ နယ်နမိတ်တံခါးပေါက်၏ အပြင်ဘက်မှ စကြဝဠာ ဟင်းလင်းပြင် ဖြစ်ပြီး မတူညီသော မဟာကောင်းကင်နှင့် မြေကြီးများကို ချိတ်ဆက်ထားရာ မည်သည့်အရာနှင့် တိုးမိမည်ကို မည်သူမျှ မသိနိုင်ချေ။

ကုအန်သည် ရွေးချယ်စရာများကို ချိန်ဆ ကြည့်လိုက်သည်။ အမည်များကို ကြည့်၍ ဆုံးဖြတ်ရသည်မှာ အမှန်တကယ် ခက်ခဲလှ၏။ သူ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်မှာ ဤနေရာအမည်များ၏ ဇာစ်မြစ်ကို တွက်ချက်နိုင်ရန် လုံလောက်ခြင်း မရှိသေးချေ။

ဤနေရာများမှာ ကောင်းကင်စိတ်ဝိညာဉ်နယ်မြေ၏ အစိတ်အပိုင်း မဟုတ်ဘဲ နယ်နမိတ်တံခါးပေါက်၏ အပြင်ဘက်တွင် တည်ရှိနေကြောင်း ထင်ရှားလှသည်။

သူ အထပ်ထပ် အခါခါ စဉ်းစား သုံးသပ်ပြီးနောက် ကုအန်သည် ထာဝရကောင်းကင်ကိုးခုတွင် အဆင့်ချိုးဖျက်ရန် ဆုံးဖြတ်လိုက်သည်။ တွေးမိသည်နှင့် တစ်ပြိုင်နက် ချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်၏။

"ထာဝရကောင်းကင်ကိုးခုသို့ ကူးပြောင်းရာတွင် သက်တမ်း နှစ် ဘီလီယံ ၁၀ ကုန်ကျပါမည်။ ဆက်လက် ပြုလုပ်မည်လား"

"နှစ် ဘီလီယံ ၁၀..အသွားအပြန် ဆိုလျှင် သက်တမ်း နှစ် ဘီလီယံ ၂၀ ဖြစ်မသွားဘူးလား"

ကုအန် မျက်မှောင်ကြုတ်လိုက်မိသည်။ သက်တမ်း အဆင့်ချိုးဖျက်ခြင်းမှာ တန်ဖိုးကြီးမည်ဟု သူ ခန့်မှန်းထားပြီး ဖြစ်၏။ သို့သော်လည်း ၎င်းမှာ သက်တမ်း နှစ် ဘီလီယံ ၁၀၀ ဖြင့် ဖွင့်လှစ်ထားသော သက်တမ်း လုပ်ဆောင်ချက် ဖြစ်ရာ သက်တမ်း ကုန်ဆုံးမှုမှာ သေချာပေါက် ကြီးမားပေလိမ့်မည်။

သို့သော် သူ အဆင့်ချိုးဖျက်မှ ဖြစ်ပေမည်။ လက်ကျန် သက်တမ်း နှစ် ဘီလီယံ ၈၀ မှာ သူ၏ အဆင့်ချိုးဖျက်မှုအတွက် လုံလောက်သင့်ပါသည်။

ယခုတွင်မူ ဤအဆင့်ချိုးဖျက်ရာ နေရာသည် သူ အသုံးပြုလိုက်သည့် သက်တမ်းနှင့် ထိုက်တန်ရန်သာ မျှော်လင့်ရတော့မည်။ တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ကုအန်သည် ဆက်လက် ကူးပြောင်းရန် ရွေးချယ်လိုက်သည်။ စိတ်ကူးလိုက်သည်နှင့် တစ်ပြိုင်နက် တားဆီးမရနိုင်သော စွမ်းအားတစ်ခုက သူ့ကို လွှမ်းခြုံလာသည်ဟု ခံစားလိုက်ရ၏။

သူ မသက်မသာ မဖြစ်ဘဲ ဖော်ပြမရနိုင်သည့် နက်နဲဆန်းကြယ်မှု တစ်မျိုးကို ခံစားလိုက်ရသည်။ သူ၏ မျက်လုံးများမှာ အလိုအလျောက် မှိတ်သွားပြီး အာရုံများ ထုံကျဉ်သွားလေသည်။

အချိန်အတန်ကြာသောအခါ ကုအန်သည် သူ၏ ခြေထောက်များ မြေပြင်နှင့် ထိတွေ့လိုက်သည်ကို ခံစားလိုက်ရပြီး သူ၏ အာရုံများမှာ ချက်ချင်းပင် ပုံမှန် ပြန်ဖြစ်သွားကာ မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ မျက်ဝန်းများ ကျယ်သွားလေသည်။

သူ့မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်မှာ အဆုံးမဲ့ တိမ်ပင်လယ်ကြီး ဖြစ်ပြီး ကောင်းကင်ယံမှာ နက်ပြာရောင် သန်းနေ၏။ အလွန် မြင့်မားလှသဖြင့် မဟာကောင်းကင်နှင့် မြေပြင်၏ ကျယ်ပြောမှုကို ခံစားမိစေကာ ထိုနေရာ၌ ရပ်နေသူအား အကန့်အသတ်မဲ့ ကြောက်ရွံ့ရိုသေမှုကိုသာ ခံစားရစေသည်။

ကုအန် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး တုန်လှုပ်သွားမိသည်။

"သိပ်သည်းလိုက်တဲ့ တာအိုဝိညာဉ်ချီပါလား"

ဤနေရာရှိ တာအိုဝိညာဉ်ချီမှာ ကောင်းကင်စိတ်ဝိညာဉ်နယ်မြေ၏ ပြင်ပ စကြဝဠာထဲမှ တာအိုဝိညာဉ်ချီထက် ပိုမို သိပ်သည်းနေပြီး အညစ်အကြေး တစ်စက်မျှ မပါဝင်ဘဲ ပိုမို သန့်စင်နေသည်။

သက်တမ်း နှစ် ဘီလီယံ ၁၀ အသုံးပြုလိုက်ရသည်မှာ ထိုက်တန်သည်ဟု ကုအန် ခံစားလိုက်ရ၏။

အခြား စွမ်းအားကြီး ဖြစ်တည်မှုများ ဖြတ်သန်းသွားလာမှုကို တားဆီးရန် သက်တမ်း အတားအဆီးကို ချက်ချင်း ဖွင့်လိုက်သည်။

သက်တမ်း အဆင့်ချိုးဖျက်ခြင်းက သူ့ကို ဘေးကင်းသော နေရာသို့ ပို့ဆောင်ပေးမည် ဖြစ်သော်လည်း ဤနေရာက အမြဲတမ်း ဘေးကင်းနေမည်ဟု မဆိုလိုပေ။

သက်တမ်း အတားအဆီး ပွင့်သွားပြီးနောက် ကုအန် စိတ်အေးသွားရ၏။ မသိနားမလည်သော နယ်မြေတွင် သတိထားရမည်သာ ဖြစ်သည်။

ချက်ချင်း အဆင့်ချိုးဖျက်မည့်အစား နေရာတွင်ပင် တရားထိုင်ကာ ခမ်းနားထည်ဝါသော တိမ်ပင်လယ်ကြီးတွင် စီးမျောနေရန် ဆုံးဖြတ်လိုက်သည်။

"ထာဝရကောင်းကင်ကိုးခု ဆိုတော့ ကောင်းကင် ကိုးထပ် ရှိတာများလား..."

ကုအန် တွေးတောရင်းနှင့် သူ၏ နတ်စိတ်အာရုံကို ဖြန့်ကျက်လိုက်ရာ လျင်မြန်စွာ ပြန့်နှံ့သွား၏။

သို့သော် တိမ်ပင်လယ်ကြီးမှာ သူ စိတ်ကူးထားသည်ထက် များစွာ ပိုကြီးမားနေကြောင်း တွေ့ရှိလိုက်ရသည်။ အရေးအကြီးဆုံးမှာ သူ၏ ခြေအောက်ရှိ တိမ်ပင်လယ်ကြီးမှာ အောက်ခြေ မရှိသကဲ့သို့ ဖြစ်နေပြီး မဟာတာအို စွမ်းအား တစ်မျိုးက နတ်စိတ်အာရုံ အားလုံးကို ပိတ်ဆို့ထားသဖြင့် သူ၏ နတ်စိတ်အာရုံက အောက်ဘက်သို့ ထိုးဖောက် ဝင်ရောက်နိုင်ခြင်း မရှိချေ။

သူက ကောင်းကင်ပေါ်တွင် ရောက်ရှိနေသကဲ့သို့ ရှိသော်လည်း အောက်ဆုံးတွင် ရောက်နေသကဲ့သို့လည်း ဖြစ်နေသည်။ အချိန်အတန်ကြာသည်အထိ ကုအန်၏ နတ်စိတ်အာရုံက တိမ်ပင်လယ်၏ အဆုံးသတ်ကို စမ်းသပ်နိုင်ခြင်း မရှိသေးပေ။

"ဒီတိမ်ပင်လယ်ကြီးက ငါလာခဲ့တဲ့ စကြဝဠာထက် ပိုကျယ်ပြောနေတာများလား..."

ထိုအတွေးမှာ အလွန် ယုတ္တိမတန်သဖြင့် ကုအန် ကိုယ်တိုင်ပင် ရယ်စရာကောင်းသည်ဟု ခံစားမိသော်လည်း ထာဝရကောင်းကင်ကိုးခု အပေါ် ပိုမို သတိထားမိသွားစေ၏။

စကြဝဠာထက် ပိုမို သိပ်သည်း သန့်စင်သော တာအိုဝိညာဉ်ချီ၊ စကြဝဠာထက် ပိုမို ကျယ်ပြောသော ဟင်းလင်းပြင်... ဤကဲ့သို့သော နေရာမျိုးက မည်မျှ ကြောက်မက်ဖွယ်ကောင်းသည့် ဖြစ်တည်မှုကို မွေးဖွားပေးနိုင်မည်နည်း။

ကုအန် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ဆက်မတွေးရန် ကြိုးစားလိုက်သည်။ ထို့နောက် သူ၏ စနစ်မျက်နှာပြင်ကို ခေါ်ထုတ်လိုက်၏။

အမည် - ကုအန်

သက်တမ်း - ၆,၈၁၅ / ၉၀,၀၀၀,၀၀၀,၀၇၅

ခန္ဓာကိုယ် - ရှေးဦးဖရိုဖရဲခန္ဓာ

ကျင့်ကြံခြင်းအဆင့် - မူလဘူတရွှေအမတ ပြည့်စုံခြင်းအဆင့်

"သက်တမ်း နှစ် ၉၀ ဘီလီယံ... ပြန်သွားဖို့ ၁ဟ ဘီလီယံချန်ရမယ်... သက်တမ်း အတားအဆီးအတွက် ၅ ဘီလီယံ ချန်မယ်။ ဆိုတော့ အဆင့်ချိုးဖျက်ဖို့ သက်တမ်း ၇၅ ဘီလီယံ သုံးလို့ရတာပေါ့။ ရနိုင်လောက်ပါတယ်။"

"ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက ကပ်ဘေးကျော်ဖြတ်ဖို့ ကြိုးစားတုန်းက တစ်ခါရှုံးရင် သက်တမ်း နှစ် သန်း ၅၀ ကုန်ကျခဲ့တာ... ဒီတစ်ခေါက်တော့ နှစ် သန်း ၁၀၀ မကုန်လောက်ပါဘူး"

"တကယ်လို့ ကပ်ဘေးတစ်ခု ကျော်ဖြတ်ဖို့ သက်တမ်း နှစ် သန်း ၁၀၀ ကုန်ကျမယ် ဆိုရင်တောင် အခွင့်အရေး ၇၅ ခါ ရှိတာပဲ... ကိစ္စ မရှိပါဘူး"

"ဘက်စုံ တိုးတက်အောင် အရင်လုပ်ဖို့တော့ မကောင်းဘူး... ထားလိုက်ပါတော့... အဆင့်ကွာဟချက် ကြီးအောင် အရင်လုပ်တာပေါ့။ တာအိုသိုင်းတွေ မြှင့်တင်ဖို့က နောက်မှ အချိန်အများကြီး ရှိပါတယ်"

ကုအန် မည်သည်ကို ရွေးချယ်သည် ဖြစ်စေ ကောင်းကျိုးနှင့် ဆိုးကျိုးများ ရှိစမြဲ ဖြစ်သော်လည်း ခြုံငုံကြည့်လျှင် သူက ပိုမို သန်မာလာမည့် လမ်းကြောင်းပေါ်တွင် တည်ငြိမ်စွာ လျှောက်လှမ်းနေသည် ဖြစ်ရာ ဤသည်က မှန်ကန်သော ဦးတည်ချက်ပင် ဖြစ်သည်။

ကုအန်က သူ၏ ကျင့်ကြံခြင်းအဆင့်ကို ကြည့်၍ သက်တမ်း နှစ် ၁၀ ဘီလီယံ တိုက်ရိုက် ထည့်သွင်းလိုက်သည်။

စာတန်းများက သူ့မျက်လုံးများ ရှေ့တွင် ဆက်တိုက် ပေါ်လာ၏။

[သင်သည် ချီစုပ်ယူခြင်းကို နှစ်ပေါင်း သန်း ၁၀၀ တိုင် ကျင့်ကြံခဲ့သည်။ သင်သည် မဟာတာအို၏ လွတ်လပ်ခြင်းနှင့် ဆန္ဒကျမ်းကို အသုံးပြု၍ ဟန်ထျန်းရွှေအမတအဆင့်သို့ အတင်းအဓမ္မ ချိုးဖျက်ဝင်ရောက်ရန် ကြိုးစားသည်။ သင် ကပ်ဘေးကို စတင် ကျော်ဖြတ်သည်။ သင်သည် ကောင်းကင်တာအိုပန်းသုံးပွင့်ဗလာနယ် မဟာကပ်ဘေးမှ မလွတ်မြောက်နိုင်ခဲ့ပါ…ကပ်ဘေးကျော်ဖြတ်ခြင်း ကျရှုံးခဲ့သည်]

[သင်သည် ချီစုပ်ယူခြင်းကို နှစ်ပေါင်း သန်း ၂၀၀ တိုင် ကျင့်ကြံခဲ့သည်။ သင်သည် မဟာတာအို၏ လွတ်လပ်ခြင်းနှင့် ဆန္ဒကျမ်းကို အသုံးပြု၍ ဟန်ထျန်းရွှေအမတအဆင့်သို့ အတင်းအဓမ္မ ချိုးဖျက်ဝင်ရောက်ရန် ကြိုးစားသည်။ သင် ကပ်ဘေးကို စတင် ကျော်ဖြတ်သည်။ သင်သည် ကောင်းကင်တာအို ပန်းသုံးပွင့်ဗလာနယ် မဟာကပ်ဘေးမှ မလွတ်မြောက်နိုင်ခဲ့ပါ။ ကပ်ဘေးကျော်ဖြတ်ခြင်း ကျရှုံးခဲ့သည်။]

...

"ဟန်ထျန်းရွှေအမတ... ထင်ထားတဲ့အတိုင်းပဲ... ကပ်ဘေး တစ်ခါကျော်ဖို့ နှစ် သန်း ၁၀၀ ကုန်တာပဲ..."

ကုအန်သည် စိတ်ကို ပြန်လည် ထိန်းညှိလိုက်ပြီး ဟန်ထျန်းရွှေအမတ အဆင့်က မည်မျှ သန်မာမည်ကို မျှော်လင့်နေမိသည်။

နောက်ဆုံးတွင် စာတန်းများ အားလုံး ပေါ်လာသော်လည်း ကပ်ဘေးကျော်ဖြတ်မှုမှာ မအောင်မြင်သေးပေ။

"နှစ် ၁၀ ဘီလီယံ ၁၀ ထပ်ထည့်မယ်..."

ကုအန်သည် စာတန်းများကို မျက်နှာသေဖြင့် စိုက်ကြည့်နေ၏။

ကျရှုံးသွားပြီးနောက် ဆက်လုပ်သည်။

သက်တမ်း နှစ်ပေါင်း ၁၀ ဘီလီယံ။

နောက်ထပ် သက်တမ်း နှစ်ပေါင်း ၁၀ ဘီလီယံ။

နောက်ဆုံးတွင် ကုအန်ရှေ့မှ စာတန်းများ စတင် ပြောင်းလဲလာ၏။

[သင်သည် ချီစုပ်ယူခြင်းကို နှစ်ပေါင်း ၅.၆ ဘီလီယံ ကျင့်ကြံခဲ့သည်။ သင်သည် မဟာတာအို၏ လွတ်လပ်ခြင်းနှင့် ဆန္ဒကျမ်းကို အသုံးပြု၍ ဟန်ထျန်းရွှေအမတ အဆင့်သို့ အတင်းအဓမ္မ ချိုးဖျက်ဝင်ရောက်ရန် ကြိုးစားသည်။ သင် ကပ်ဘေးကို စတင် ကျော်ဖြတ်သည်။ သင်သည် ကောင်းကင်တာအို ပန်းသုံးပွင့် ဗလာနယ်မဟာကပ်ဘေးမှ လွတ်မြောက်နိုင်ခဲ့သည်။ ကပ်ဘေးကျော်ဖြတ်ခြင်း အောင်မြင်သည်။ သင့်ကျင့်ကြံခြင်းအဆင့်သည် ဟန်ထျန်း ရွှေအမတ အစောပိုင်းအဆင့်သို့ ချိုးဖျက် ဝင်ရောက်နိုင်ခဲ့သည်]

[သင်သည် ချီစုပ်ယူခြင်းကို နှစ်ပေါင်း ၁၀ ဘီလီယံ တိုင် ကျင့်ကြံခဲ့သည်။ သင့်ကျင့်ကြံခြင်းအဆင့် တိုးတက်လာသည်]

နောက်ဆုံးတော့ အဆင့်ချိုးဖျက်မှု အောင်မြင်သွားပြီ။

ကုအန် သက်ပြင်းချလိုက်မိသည်။ သက်တမ်း နှစ်ပေါင်း မည်မျှ ကုန်ဆုံးသွားသည် ဖြစ်စေ အဆင့်ချိုးဖျက်မှု အောင်မြင်သရွေ့ တန်၏။

သူ ထိုနေရာတွင် ရပ်မနေဘဲ သက်တမ်းကို ဆက်လက် ထည့်သွင်းရန် ရွေးချယ်လိုက်သည်။ ဟန်ထျန်းရွှေအမတ ပြည့်စုံခြင်းအဆင့်ထိ တစ်ရှိန်ထိုး တက်လှမ်းပစ်ရပေမည်။

နောက်ဆုံးတွင် သူ့၌ သက်တမ်း နှစ် ဘီလီယံ ၂၈ ကျော် ကျန်ရှိနေသေးရာ ပြန်လမ်းအတွက် ဘီလီယံ ၁၀ ချန်ထားလျှင်ပင် ကျန်ရှိသော နှစ် ဘီလီယံ ၁၈ ကျော်ကို သက်တမ်း အတားအဆီးက ကုန်စင်အောင် စုပ်ယူနိုင်မည် မဟုတ်ပေ။

ကုအန် စိတ်ပျော်ရွှင်သွားပြီး နှုတ်ခမ်းများ တွန့်ကွေးကာ ပြုံးလိုက်မိသည်။ ကြီးမားသော တာအိုဝိညာဉ်ချီများက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာ၏။ ပုံမှန်အတိုင်းပင် သက်တမ်း အတားအဆီးက တာအိုဝိညာဉ်ချီများနှင့် တာအို စည်းမျဉ်းများကို ခန့်မှန်းမရနိုင်သော နည်းလမ်းဖြင့် စုပ်ယူပေးနေသဖြင့် ပြင်ပလောကမှ မည်သည့်နေရာတွင် ရင်းမြစ် ရှိနေသည်ကို ခွဲခြားနိုင်ခြင်း မရှိပေ။

ကုအန်၏ မြင်ကွင်းထဲရှိ တိမ်ပင်လယ်ကြီးမှာ ပိုမို ခမ်းနားထည်ဝါစွာ လှုပ်ခတ်လာသည်။ တာအိုဝိညာဉ်ချီများ ခန္ဓာကိုယ်ထဲ ဝင်ရောက်လာသည်နှင့် ကုအန်သည် တစ်ခါမျှ မကြုံဖူးသော သက်တောင့်သက်သာရှိမှုကို ခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်မှာ အပြင်မှ အတွင်းသို့ အရာအားလုံး သန့်စင်ခြင်း ခံလိုက်ရသကဲ့သို့ ဖြစ်သွား၏။သူ တဖြည်းဖြည်းချင်း မျက်လုံးမှိတ်လိုက်ပြီး ဤအဆုံးစွန်သော ပျော်ရွှင်မှုထဲတွင် နစ်မြောကာ ရုန်းထွက်နိုင်ခြင်း မရှိတော့ချေ။

အဆုံးမဲ့ တိမ်ပင်လယ်ကြီးမှာ ပိုမို လှုပ်ခတ်လာပြီး ခမ်းနားထည်ဝါကာ စွမ်းအားကြီးလာသည်။ သက်ရှိသတ္တဝါ တစ်ကောင်တစ်လေမျှ ဖြတ်သန်းသွားလာခြင်း မရှိဘဲ ဤကမ္ဘာ၌ တိမ်ပင်လယ်ကြီးသာ ရှိနေသကဲ့သို့ပင်။

ဟန်ထျန်းရွှေအမတအဆင့်နှင့် ပတ်သက်သော ဉာဏ်အလင်းပွင့်မှုများက ကုအန်၏ စိတ်အာရုံ နက်ရှိုင်းရာမှ ပေါက်ကွဲထွက်ပေါ်လာသည်။ သူ၏ ရွှေအမတတာအိုအသီး မှာလည်း ပြောင်းလဲမှုများ ဖြစ်ပေါ်လာ၏။

သက်တမ်း အတားအဆီး အတွင်း၌ ကုအန်၏ တစ်ကိုယ်လုံးမှ ရောင်စုံ အလင်းတန်းများ ဖြာထွက်နေပြီး သူ၏ ပုံရိပ်ကို ဝိုးတဝါးသာ မြင်တွေ့နေရသည်။ တာအိုဝိညာဉ်ချီများက နဂါးပျံများသဖွယ် သူ့ကို ရစ်ပတ်ထားပြီး မှိန်ဖျော့သော အလင်းတန်းများ စီးဆင်းနေသည်မှာ တာအို စည်းမျဉ်းများ လည်ပတ်နေခြင်းပင် ဖြစ်သည်။

အချိန် အတန်ကြာပြီးနောက် မိုးကုပ်စက်ဝိုင်းဆီမှ တိမ်ပင်လယ်ကြီးက ကောင်းကင်ယံကို လွှမ်းခြုံထားသော လှိုင်းလုံးကြီး တစ်ခုအလား (သို့) အံ့သြထိတ်လန့်ဖွယ်ရာ သတ္တဝါကြီး တစ်ကောင်က ရုတ်တရက် ထွက်ပေါ်လာတော့မည့် အလား ရုတ်ခြည်း မြင့်တက်လာလေတော့သည်။

အခန်း ၅၅၄ ကောင်းကင်ကိုးခုအမတဧကရာဇ်

မရေမတွက်နိုင်သော ပေပေါင်းသောင်းချီ မြင့်မားသည့် တိမ်တိုက်လှိုင်းလုံးကြီးများမှာ ဟုန်းခနဲ မြင့်တက်လာပြီး အဆုံးမဲ့ တိမ်ပင်လယ်ထက်တွင် အာကာအရံတစ်ခုကို ဖန်တီးထား၏။ ၎င်းသည် ကျော်ဖြတ်၍ မရနိုင်သော ကောင်းကင်တံတိုင်းကြီးသဖွယ် ခမ်းနားထည်ဝါ၏။

အဆင့်ချိုးဖျက်ရန် ကြိုးစားနေသော ကုအန်က မျက်လုံးများကို ဖွင့်လိုက်ပြီး လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိသည့် အရှိန်အဝါတစ်ခုကို အာရုံခံလိုက်မိသည်။

အမှန်ပင်ဖြစ်၏။

ထာဝရကောင်းကင်ကိုးခုတွင် စွမ်းအားကြီးသောအရာများ ကိန်းအောင်းနေသည်မှာ သေချာလှပြီး ၎င်းတို့သည် ကောင်းကင်စိတ်ဝိညာဉ်နယ်မြေမှ ဖြစ်တည်မှုများနှင့် နှိုင်းယှဉ်၍ ရနိုင်သူများ မဟုတ်ပေ။

မိုးကုတ်စက်ဝိုင်းရှိ တိမ်ပင်လယ်ကြီး ကွဲအက်သွားသောအခါ ကုအန် ဧရာမ လင်းယုန်ခေါင်းကြီး တစ်ခုကို မြင်လိုက်ရသည်။ ၎င်းမှာ အနက်ရောင်လင်းယုန်ကြီး ဖြစ်ပြီး မျက်လုံးတစ်ဖက်တည်း၏ အချင်းသည်ပင် ပေပေါင်းသောင်းချီ ရှိလေ၏။ ၎င်းက နိမ့်ကျသော ကမ္ဘာများမှ သာမညကိစ္စများကို ငုံ့ကြည့်နေသည့် ကောင်းကင်ပြင်ပမှ နတ်ဘုရားဝိညာဉ်တစ်ပါးကဲ့သို့ ရှိနေသည်။

သက်တမ်းအတားအဆီး အတွင်းတွင် ဘေးကင်းလုံခြုံစွာ ရှိနေသဖြင့် ကုအန် မကြောက်ရွံ့ပေ။ သူက ဤလင်းယုန်ထံသို့ သူ၏ စိတ်အာရုံကို စေလွှတ်လိုက်၏။

[ထာဝရကောင်းကင်နတ်လင်းယုန် (မူလဘူတရွှေအမတ နှောင်းပိုင်းအဆင့်) - ၃၈,၀၀၉,၉၈၂,၇၆၃/၅,၀၀၀,၀၀၀,၀၀၀,၀၀၀/၅,၀၀၀,၀၀၀,၀၀၀,၀၀၀]

သက်တမ်းက နှစ်ပေါင်း ၅ ထရီလီယံ တောင်ပါလား။ နှစ်ပေါင်း ၃၈ ဘီလီယံတောင် ရှင်သန်နေခဲ့ပြီးသည့် ဖြစ်တည်မှုကြီး။

မူလဘူတရွှေအမတ နှောင်းပိုင်းအဆင့်။

ကုအန်သည် ဟန်ထျန်းရွှေအမတအဆင့်သို့ တက်လှမ်းရန် ကြိုးပမ်းနေဆဲ ဖြစ်သော်လည်း ထာဝရကောင်းကင်နတ်လင်းယုန်ကြောင့် တုန်လှုပ်သွားရသည်။

ထာဝရကောင်းကင်ကိုးခုတွင် သူ ပထမဆုံး တွေ့လိုက်ရသည့် ဖြစ်တည်မှုမှာ မူလဘူတရွှေအမတ ဖြစ်နေလေ၏။ ဤအချက်က သူ့စိတ်ထဲတွင် ရယ်စရာကောင်းသော ယူဆချက်တစ်ခုကို ဖြစ်ပေါ်လာစေသည်။

ဒီနေရာမှာ နေထိုင်ကြတဲ့ အနိမ့်ဆုံး အဆင့်ရှိတဲ့ ဖြစ်တည်မှုတွေ အနည်းဆုံး မူလဘူတရွှေအမတ အဆင့်များ ဖြစ်နေမလား။

ထိုလင်းယုန်၏ ကြောက်ရွံ့မှုကို သူ အာရုံခံမိသောကြောင့် ထိုသို့ ဖြစ်နိုင်ချေရှိသည်ဟု သူ တွေးလိုက်မိ၏။ ထိုဧရာမ နတ်လင်းယုန်ကြီးသည် အလွယ်တကူ ကြောက်ရွံ့စေနိုင်သော အားကောင်းသည့် ဖိနှိပ်မှုအရှိန်အဝါကို ထုတ်လွှတ်နေသော်လည်း ကုအန်က ၎င်း၏ ကြောက်ရွံ့မှုကို အာရုံခံနိုင်နေသည်။

၎င်းက ခေါင်းပြူထွက်လာရခြင်း အကြောင်းရင်းမှာလည်း ထိတ်လန့်သွားသောကြောင့် ဖြစ်၏။

ထာဝရကောင်းကင်နတ်လင်းယုန်က ခေါင်းပြူထွက်ကြည့်ပြီးနောက် တိမ်ပင်လယ်ထဲသို့ ပြန်လည် ဆုတ်ခွာသွားရာ ခမ်းနားကြီးကျယ်ပြီး ပြင်းထန်သော မြူခိုးများနှင့် လှိုင်းလုံးများကို ဖြစ်ပေါ်စေသည်။

လင်းယုန်ကြီး ပျောက်ကွယ်သွားပြီးနောက် ကုအန်က မျက်လုံးများကို မှိတ်၍ ဟန်ထျန်းရွှေအမတနယ်ပယ်ကို ဆက်လက် အာရုံခံလိုက်၏။တာအိုသစ်သီး စတင် ပြောင်းလဲလာသည်နှင့်အမျှ သူ၏ နတ်အာရုံမှာလည်း တိုးတက်လာသည်။ သူ၏ စိတ်အာရုံကို အပြင်ဘက်သို့ မဖြန့်ကျက်ဘဲနှင့်ပင် သူ၏ နှလုံးသားမျက်လုံး အမြင်အာရုံ နယ်ပယ်က ကျယ်ပြန့်လာလေ၏။

နှလုံးသားမျက်လုံး ဆိုသည်မှာ ကုအန် မျက်လုံးမှိတ်ထားသည့်တိုင် အပြင်ဘက်ကို တမင်တကာ မစဉ်းစားဘဲ မြင်တွေ့နိုင်သည့် အမြင်အာရုံ ဖြစ်သည်။ ဤနှလုံးသားမျက်လုံးမှာ အံ့ဖွယ်ကောင်းလှပြီး မွေးရာပါ ပါရမီတစ်ခုကဲ့သို့ သူ၏ စွမ်းအင်ကို ကုန်ဆုံးစေခြင်း မရှိပေ။

နှလုံးသားမျက်လုံး အတွင်းရှိ သူ၏ အမြင်အာရုံမှာ လျင်မြန်စွာ ကျယ်ပြန့်လာပြီး ယခင် နတ်အာရုံ နယ်ပယ်ကိုပင် ကျော်လွန်သွားသည်။ အချိန် ကုန်ဆုံးလာသည်နှင့်အမျှ ကုအန်သည် ဟန်ထျန်းရွှေအမတနယ်ပယ်သို့ နောက်ဆုံးတွင် ခြေချနိုင်ခဲ့လေ၏။ သူ၏ တာအိုသစ်သီးမှာ ပိုမို အားကောင်းလာပြီး စွမ်းအင်နှင့် အာရုံခံစားမှုများ တိုးပွားလာရုံသာမက တာအိုသစ်သီးကမ္ဘာတွင်ပါ အဓိက သက်ရောက်မှု ရှိလာသည်။

ယခုဆိုလျှင် သူသာ တာအိုသစ်သီးကမ္ဘာ တစ်ခုကို တည်ဆောက်လိုက်မည် ဆိုပါက ၎င်းမှာ ပိုမို တည်ငြိမ်ပြီး သန့်စင်နေမည် ဖြစ်ကာ တိုက်ခိုက်ရာတွင် တာအိုသစ်သီးကမ္ဘာ၏ စွမ်းအားကိုပင် ထုတ်သုံးနိုင်မည် ဖြစ်၏။

သူ့ဆန္ဒရှိပါက ကောင်းကင်စိတ်ဝိညာဉ်နယ်မြေ ထက် ကြီးမားသော ကမ္ဘာတစ်ခုကို ဖန်တီးနိုင်ပေသည်။ ဤကမ္ဘာ၏ ဝိညာဉ်စွမ်းအင်မှာ သူ၏ စွမ်းအင်မှ ဆင်းသက်လာမည် ဖြစ်ပြီး သူကိုယ်တိုင်က တာအိုသစ်သီးကမ္ဘာပင် ဖြစ်လာမည် ဖြစ်သည်။

ဤအချက်က ကောင်းကင်စိတ်ဝိညာဉ်နယ်မြေ မှာ အမှန်တကယ်ပင် အလွန်တရာ စွမ်းအားကြီးသော ဖြစ်တည်မှု တစ်ခု၏ တာအိုသစ်သီးကမ္ဘာ ဖြစ်ကြောင်း သူ့ကို ပိုမို သေချာစေသည်။

စကြဝဠာမှ မဟာကောင်းကင်နှင့်မြေကြီး အားလုံးကို စုစည်းလိုက်မည် ဆိုလျှင် မည်မျှ ကျယ်ပြောမည်ကို မသိနိုင်သော်လည်း ကုအန်၏ တာအိုအသီးကမ္ဘာ ဖြစ်လာနိုင်ခြေရှိသော အရွယ်အစားကိုလည်း မသိနိုင်ပေ။ သူက ၎င်းကို မတည်ဆောက်ရသေးချေ။ သူ၏ ကျင့်ကြံမှုအဆင့်က ဆက်လက် တိုးတက်နေဆဲ ဖြစ်သဖြင့် သူ တည်ဆောက်နိုင်မည့် တာအိုအသီးကမ္ဘာမှာလည်း ပိုမို ကြီးမားလာမည် ဖြစ်သည်။

ဟန်ထျန်းရွှေအမတ အစောပိုင်းအဆင့်သို့ ရောက်ရှိပြီးနောက် သူ၏ တာအိုဝိညာဉ်ချီကို ဝါးမြိုသည့် နှုန်းမှာ ပိုမို မြန်ဆန်လာပြီး ပိုမြင့်သော အဆင့်သို့ ဆက်လက် တွန်းပို့နေ၏။ ကုအန် ဟန်ထျန်းရွှေအမတ အလယ်အလတ်အဆင့်သို့ ရောက်ရှိလာသောအခါ အဆုံးမဲ့ တိမ်ပင်လယ်ကြီးမှာ ဆူပွက်လှုပ်ရှားလာသည်။ သူ တစ်စုံတစ်ခုကို အာရုံခံမိသဖြင့် မျက်လုံးများကို ပြန်ဖွင့်လိုက်၏။

သူ မော့ကြည့်လိုက်သောအခါ ကောင်းကင်ယံတွင် ပုံရိပ်တစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ထိုသူမှာ ရောင်စုံတိမ်တိုက် ခုတင်တစ်ခုပေါ်တွင် ရပ်နေသော အဖြူရောင် ငှက်မွေးဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး ဖြစ်၏။ သူမ၏ ရုပ်သွင်မှာ အလွန်တရာ နူးညံ့သိမ်မွေ့ပြီး ကောင်းကင်အတွင်းနှင့် အပြင်ဘက်တွင် အပြည့်စုံဆုံး ဖန်တီးမှုတစ်ခုကဲ့သို့ ဖြစ်နေ၏။ သူမ၏ လှပသော မျက်နှာထက်တွင် သက်ရှိသတ္တဝါ အားလုံးကို အထက်စီးမှ ငုံ့ကြည့်နေသည့် ဂရုမစိုက်သော အရှိန်အဝါမျိုး ထွက်ပေါ်နေသည်။ သူမ၏ ဆံနွယ်ရှည်များကို ငွေကျောက်စိမ်း ဖီးနစ်သရဖူ အောက်တွင် သပ်ရပ်စွာ ထုံးဖွဲ့ထားပြီး ၎င်းသရဖူမှာ တောင်ပံဖြန့်၍ အရာအားလုံးကို ငုံ့ကြည့်နေသော မာန်ဝင့်သည့် ဖီးနစ်ငှက်တစ်ကောင် နားခိုရာ ငွေရောင်သစ်တောတစ်ခုနှင့် တူနေသည်။

အလွန် လှပသော အမျိုးသမီးတစ်ဦး။

ကုအန်သည် ဝင်စားခြင်း ဘဝများစွာမှ မှတ်ဉာဏ်များကို တွေ့ကြုံခဲ့ဖူးသော်လည်း ဤအမျိုးသမီး၏ မျက်နှာသွင်ပြင်ကြောင့် အံ့အားသင့်သွားရဆဲ ဖြစ်၏။

သူက သက်တမ်းထောက်လှမ်းခြင်းကို ချက်ချင်း အသုံးပြုလိုက်သော်လည်း မည်သည့်အရာကိုမျှ မတွေ့ရှိရပေ။ဆိုလိုသည်မှာ သူမသည် ခန္ဓာကိုယ်အစစ် မဟုတ်ဘဲ နတ်ဘုရားစွမ်းရည် တစ်ခုခု၏ ကိုယ်ပွားပုံရိပ်တစ်ခု ဖြစ်နေသည်။

အဖြူရောင် ဝတ်စုံနှင့် အမျိုးသမီးသည် တိမ်တိုက်ပေါ်တွင် ရပ်၍ ဆူပွက်နေသော တိမ်ပင်လယ်ကို ကြည့်နေ၏။ သူမ၏ အမူအရာမှာ ရေပြင်ကဲ့သို့ တည်ငြိမ်အေးစက်နေပြီး သူမ၏ အတွေးများကို ခန့်မှန်းရန် ကြိုးစားသူ မည်သူမဆိုအတွက် နားလည်ရ ခက်ခဲနေသည်။

ကုအန် သူမ၏ ကျင့်ကြံမှုအဆင့်ကို အကဲမခတ်နိုင်သဖြင့် အနည်းငယ် သတိထားလိုက်မိသည်။

အမွှေးတိုင်တစ်တိုင် ကုန်ဆုံးမည့် အချိန်ခန့် ကြာပြီးနောက် အဖြူရောင် ဝတ်စုံနှင့် အမျိုးသမီးမှာ မီးခိုးငွေ့သဖွယ် ရုတ်တရက် ပျောက်ကွယ်သွားပြီး သူမ၏ ခြေအောက်မှ ရောင်စုံတိမ်တိုက်များလည်း ကွယ်ပျောက်သွားလေ၏။

ကုအန် အသက်ပြင်းပြင်း ရှူလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း သက်တမ်းအတားအဆီးက စိတ်ချရပေသည်။ သူ မျက်လုံးများကို မှိတ်၍ သူ၏ ကိုယ်ပိုင်ကံကြမ္မာကို ဆက်လက် အာရုံခံလိုက်၏။

ပြန်လည်ဝင်စားခြင်းနယ်မြေနှင့် အသံမဲ့ပျက်စီးခြင်းနယ်မြေတို့နှင့် မတူဘဲ ကုအန်သည် ဤနေရာတွင် ကျင့်ကြံမှု အဆင့်ချိုးဖျက်နေစဉ် တာအိုစည်းမျဉ်းများနှင့် ပိုမို ရှင်းလင်းသော ချိတ်ဆက်မှုကို ခံစားရသည်။

ဤအရာက သူ့အတွက် နှစ်သက်ဖွယ် အံ့အားသင့်စရာ ဖြစ်လာခဲ့၏။

သက်တမ်း နှစ်ပေါင်း ၅ ဘီလီယံမှာ အလဟဿ မဖြစ်ခဲ့ပေ။

သူသည် ပြန်လည်ဝင်စားခြင်း နယ်မြေတွင်လည်း အဆင့်ချိုးဖျက်နေခြင်း ဖြစ်သော်လည်း ဤနေရာတွင် ဟန်ထျန်းရွှေအမတအဆင့်သို့ ရောက်ရှိခြင်းက ကုအန်၏ စွမ်းအား တိုးတက်မှု အတိုင်းအတာကို ကွာခြားစေလိမ့်မည် ဖြစ်သည်။

ဤနေရာရှိ တာအိုစည်းမျဉ်းများမှာ အလွန်တရာ သန့်စင်ပြီး ကြွယ်ဝလွန်းလှသည် မဟုတ်ပါလား။ ထို့အပြင် ဤနေရာတွင် အဆင့်ချိုးဖျက်ခြင်းအားဖြင့် ကုအန်သည် ကောင်းကင်စိတ်ဝိညာဉ်နယ်မြေ တည်ရှိရာ စကြဝဠာကို ထိခိုက်စေမည် မဟုတ်ပေ။ ဆိုလိုသည်မှာ ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား ဖြစ်စေ၊ အရိပ်ထဲတွင် ပုန်းအောင်းနေသော စွမ်းအားကြီး ဖြစ်တည်မှုများ ဖြစ်စေ ပုံမှန်မဟုတ်သည့် အရာများကို သတိထားမိမည် မဟုတ်ချေ။ ဤသည်က သူ့အား ပိုမို လုံခြုံစွာ ဆက်လက် ရှင်သန်နိုင်စေမည် ဖြစ်သည်။

ဆက်တိုက် အဆင့်ချိုးဖြတ်၏။

ဟန်ထျန်းရွှေအမတ နှောင်းပိုင်းအဆင့်..ဟန်ထျန်း ရွှေအမတ ပြည့်စုံခြင်းအဆင့်။

ကုအန် ပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားသောအခါ သူ၏ စွမ်းအင်၊ ရုပ်ခန္ဓာ၊ အာရုံခံစားမှုများ၊ နှလုံးသားမျက်လုံး၊ ဝိညာဉ်၊ တာအိုသစ်သီးနှင့် အခြားအရာအားလုံး အဆင့်တစ်ခုသို့ ရောက်ရှိသွားသည်ကို ခံစားလိုက်ရပြီး အရာအားလုံး ကွဲပြားသွားသကဲ့သို့ ခံစားလိုက်ရ၏။

ရုတ်တရက် သူ မျက်လုံးများကို ဖွင့်၍ အဝေးတစ်နေရာတွင် တိုက်ပွဲတစ်ခု ဖြစ်ပွားနေသည်ကို လှမ်းကြည့်လိုက်သည်။

ထိုအကွာအဝေးမှာ နယ်နိမိတ်တံခါးပေါက်မှနေ ကောင်းကင်စိတ်ဝိညာဉ်နယ်မြေ သို့ သွားရသည့် အကွာအဝေးကဲ့သို့ ယုံနိုင်ဖွယ်မရှိအောင် ဝေးကွာလှပြီး တိမ်ပင်လယ်များ ဆူပွက်နေသည့် ထာဝရကောင်းကင်ကိုးခု အတွင်း၌ပင် ဖြစ်သည်။

သူသည် ငွေရောင်သံချပ်ကာ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးနှင့် အသွင်ပြောင်းမိစ္ဆာ တစ်ကောင် တိုက်ခိုက်နေသည်ကို မြင်လိုက်ရ၏။

နဂါးတစ်ကောင်နှင့် တူသော ထိုအသွင်ပြောင်းမိစ္ဆာသည် ဓားနှစ်လက်ကို ကိုင်ဆောင်ထား၏။ လှုပ်ရှားမှုတိုင်းမှာ လွှမ်းမိုးမှု အပြည့်ရှိနေပြီး ၎င်း၏ မိစ္ဆာစွမ်းအားမှာ ကောင်းကင်ထိန်းညှိခြင်း ရွှေအမတ အဆင့်တွင် ရှိနေသည်။

ငွေရောင်သံချပ်ကာနှင့် အမျိုးသားမှာလည်း ဟန်ထျန်းရွှေအမတ အဆင့်တွင် ရှိနေပြီး သူတို့တွင် ထိုကဲ့သို့ ကျင့်ကြံမှုအဆင့်များ ရှိနေသောကြောင့် ကုအန်ကြောင့် ဖြစ်ပေါ်လာသည့် မည်သည့် ဆူပွက်မှုကိုမျှ သူတို့၏ တိုက်ပွဲက အနှောင့်အယှက် ဖြစ်စေမည် မဟုတ်ပေ။

ထိုနှစ်ယောက်မှာ သူသေကိုယ်သေ ရန်ငြိုးတစ်ခု ရှိပုံရပြီး ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။ ငွေရောင်သံချပ်ကာနှင့် အမျိုးသားမှာ ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား နှင့် ကောင်းကင်တာအို အမတနတ်ဘုရားများကို ကုအန်အား အမှတ်ရစေသည့် အရှိန်အဝါမျိုး ထုတ်လွှတ်နေ၏။

ဒီလူကရော ကောင်းကင်တာအို အမတနတ်ဘုရား တစ်ပါး ဖြစ်နေမလား။

ငွေရောင်သံချပ်ကာနှင့် အမျိုးသားမှာ လှံရှည်တစ်ချောင်းကို ကိုင်ဆောင်ထားပြီး ထိုးနှက်ချက်တိုင်းတွင် နတ်ဘုရားစွမ်းရည်၏ လျှို့ဝှက်ဆန်းကြယ်မှုများ ပါဝင်နေသည်။ အကယ်၍ သူတို့သာ ကောင်းကင်စိတ်ဝိညာဉ်နယ်မြေ အတွင်း၌ တိုက်ခိုက်ကြမည် ဆိုလျှင် မဟာကောင်းကင်နှင့်မြေပြင် ကမျှ သူတို့၏ နတ်ဘုရားစွမ်းအားကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

ကုအန်၏ လက်ရှိ ကျင့်ကြံမှုအဆင့်နှင့် ဆိုလျှင် မည်သူ နိုင်မည်၊ ရှုံးမည်ကို ဆုံးဖြတ်၍ မရနိုင်ချေ။

အကွာအဝေးမှာ သာမန်မျက်စိဖြင့် မြင်နိုင်ရန် အလွန် ဝေးကွာလွန်းသဖြင့် ကုအန်သည် သူ၏ နှလုံးသားမျက်လုံး သို့မဟုတ် စိတ်အာရုံကို အသုံးပြု၍သာ အာရုံခံနိုင်ပြီး သက်တမ်းထောက်လှမ်းခြင်းကို အသုံးပြု၍ မရနိုင်ပေ။

ကုအန်သည် နတ်ဘုရားပုံရိပ်နှင့် မိစ္ဆာတို့ထံ သူ၏ နှလုံးသားမျက်လုံးကို အာရုံစိုက်လိုက်သောအခါ သူတို့၏ စကားပြောသံကို ကြားလိုက်ရသည်။

"ထာဝရကောင်းကင်နတ်ဘုရား... မင်းက ဒီဧကရာဇ်နဲ့ တကယ်ပဲ သူသေကိုယ်သေ တိုက်ပွဲ ဆင်နွှဲချင်နေတာလား"

"ဟမ့်…မိစ္ဆာတွေကို သုတ်သင်ပြီး နတ်ဆိုးတွေကို သတ်ဖြတ်တာက ငါ့တာဝန်ပဲ"

"ကောင်းကင်ကိုးခုမှာ ဖြစ်ပျက်နေတဲ့ ဖြစ်စဉ်တွေက ဒီဧကရာဇ်နဲ့ ဘာမှမဆိုင်ဘူး"

"ဒါဆို မင်း ဘာလို့ ဒီရောက်နေတာလဲ"

"ဒီဧကရာဇ်က ကောင်းကင်ကိုးခုအမတဧကရာဇ်ကို လာတွေ့ချင်ရုံ သက်သက်ပါ"

"သူမက မင်းတွေ့နိုင်တဲ့သူ မဟုတ်ဘူး။ စကားများနေတာ ရပ်တော့... သေဖို့သာ ပြင်ထားလိုက်တော့"

ငွေရောင်သံချပ်ကာနှင့် အမျိုးသား၏ သဘောထားမှာ ချက်ချင်းခက်ထန်သွားပြီး မိစ္ဆာအိုကြီးကို သတ်ဖြတ်ရန် ဆုံးဖြတ်ချက် ချလိုက်သည်။

ကောင်းကင်ကိုးခုအမတဧကရာဇ်

ကုအန်က စောစောက သူတွေ့ခဲ့သည့် အဖြူရောင် ဝတ်စုံနှင့် အမျိုးသမီးကို အလိုအလျောက် တွေးလိုက်မိသည်။ ဤအရာက အဖြူရောင် ဝတ်စုံနှင့် အမျိုးသမီး၏ ဘွဲ့နာမည် ဖြစ်ကြောင်း သူ၏ အသိစိတ်က ပြောပြနေ၏။

သူ့အဆင့်တွင် မည်သည့် အသိစိတ်မျှ ကျပန်း ခန့်မှန်းချက် မဟုတ်ပေ။ ကောင်းကင်ကိုးခုအမတဧကရာဇ် ဆိုသော အမည်နာမနှင့် အဖြူရောင် ဝတ်စုံနှင့် အမျိုးသမီး၏ ပုံရိပ်ကို ချိတ်ဆက်ပေးထားသည့် ခိုင်မာသော အကြောင်းနှင့်အကျိုး တစ်ခု ရှိနေသောကြောင့်သာ သူ ထိုကဲ့သို့ ဆုံးဖြတ်ချက် ချနိုင်ခြင်း ဖြစ်သည်။

All Chapters