← Chapters

အခန်း (၅၆၇-၅၆၈)

Vol. 45 Ch. 567-568

အခန်း (၅၆၇-၅၆၈)

Vol. 45 Ch. 567-568

အခန်း ၅၆၇ မင်းတို့ဘဝအတွက် အကြီးမားဆုံးသော အခွင့်အရေး….

ညရောက်လာပြီ ဖြစ်သည်။

အန်ရှင်းက လီရွှမ်ယွီ၊ ထန်ချိုင်တို့နှင့်အတူ ဘုန်းကြီးကျောင်း တစ်ခုတွင် ခေတ္တ တည်းခိုနေကြသည်။

ဝင်းထဲတွင် မီးပုံဖိုထားပြီး မီးတောက်များ၏ လှုပ်ရှားမှုကြောင့် နံရံပေါ်တွင် အရိပ်များ ထင်ဟပ်နေသည်။

ထန်ချိုင်က အန်ရှင်းကို အာရုံစိုက် ကြည့်နေပြီး သူမ၏ မျက်လုံးထဲတွင် ရန်လိုမှုများ ပြည့်နှက်နေသည်။

အန်ရှင်းမှာမူ ကံကြမ္မာဆုံးဖြတ်ကလောင်တံကို သဘောကျစွာ ကြည့်ရှုနေသည်။

ကံကြမ္မာဆုံးဖြတ်ကလောင်တံကို အကြိမ်ကြိမ် အသုံးပြုပြီးနောက် ထိုအထဲတွင် ပါဝင်သော ကြီးမားသည့် စွမ်းအားကို အလွန် နှစ်သက်နေမိသည်။

ကံဆိုးသည်မှာ အသုံးပြုပြီးတိုင်း သူမ၏ ဆရာက ပြန်သိမ်းသွားလေ့ရှိသဖြင့် ယခုလို လက်ဝယ်ပိုင်ဆိုင်ခွင့် ရရှိထားသော အချိန်ကို တန်ဖိုးထားကာ ကလောင်တံ အဘယ်ကြောင့် ဤမျှ စွမ်းအားကြီးမားရသည်ကို စူးစမ်းချင်နေမိသည်။

ထန်ချိုင်၏ အကြည့်များကိုမူ အန်ရှင်း စောစီးစွာကပင် သတိထားမိပြီး ထန်ချိုင် ဘာတွေးနေသည်ကို ခန့်မှန်းမိသော်လည်း တမင်သက်သက် ရှင်းပြခြင်း မပြုဘဲ နေလိုက်သည်။

...

ဘာလို့လဲဆိုတော့ ပျော်စရာ ကောင်းလို့လေ…

ထန်ချိုင်က အကြီးအကဲလီကို ရတနာသဖွယ် တန်ဖိုးထားသော်လည်း အန်ရှင်းအတွက်မူ အကြီးအကဲလီ ဆိုသည်မှာ သာမန်ကာလျှံကာသာ ဖြစ်ပြီး သူမ၏ ဆရာလောက် စွမ်းအား မကြီးမားပေ။

သူမ၏ ဆရာက အကြီးအကဲလီအကြောင်း ပြောတိုင်း အကြီးအကဲလီ အရိုက်ခံရပုံများကိုသာ ပြောပြလေ့ရှိပြီး မကောင်းသော ဥပမာအဖြစ် သုံးနှုန်းလေ့ရှိသဖြင့် အန်ရှင်း အနေဖြင့် အကြီးအကဲလီကို မည်သို့ သဘောကျနိုင်မည်နည်း။

ထိုအကြောင်းကို တွေးမိသောအခါ အန်ရှင်း ပြုံးမိသွားသည်။

အန်ရှင်း ပြုံးလိုက်သည်ကို မြင်သောအခါ ထန်ချိုင် ပို၍ ဒေါသထွက်သွားသော်လည်း မပေါက်ကွဲရဲပေ။ မည်သို့ပင် ဆိုစေကာမူ အန်ရှင်းက သူတို့၏ အသက်သခင် ကျေးဇူးရှင် ဖြစ်နေသည် မဟုတ်ပါလော။

တရားထိုင်၍ ဒဏ်ရာကုသနေစဉ် လီရွှမ်ယွီတယောက် အန်ရှင်းဆိုသော အမည်ကိုသာ စဉ်းစားနေမိသည်။

နောက်ဆုံးတွင် သူမ သတိရသွားပြီး မျက်လုံးများ ဖွင့်ကာ အန်ရှင်းကို ကြည့်၍ မေးလိုက်သည်။

"ရှင်က ကုအန်ရဲ့ တပည့်လား..."

ကုအန်၏ အမည်ကို ပြောလိုက်သည်နှင့် သူမ၏ မှတ်ဉာဏ်ထဲမှ ဝေဝါးနေသော မျက်နှာပုံသဏ္ဍာန် တဖြည်းဖြည်း ကြည်လင်လာသည်။

ထိုက်ချန်တိုက်ကြီးမှ ထွက်ခွာလာခဲ့သည်မှာ နှစ်ပေါင်း ကိုးထောင်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး သူမ ပြန်မသွားဖြစ်တော့ပေ။ လီယနှင့် ဆုံတွေ့ခြင်းမှာလည်း ကျွန်းတစ်ကျွန်းပေါ်တွင် မတော်တဆ ဆုံမိခြင်းဖြစ်ပြီး ကုအန်က ဆရာသခင်ဓားအရှင် ဖြစ်ကြောင်း လီယ ထုတ်ဖော် မပြောခဲ့ပေ။

လီရွှမ်ယွီသည်လည်း ကုအန်ကို ဆရာသခင်ဓားအရှင်နှင့် ဆက်စပ်၍ မတွေးမိပေ။ သူမ ကုအန်ကို စတင် သိကျွမ်းစဉ်က ကုအန်သည် ဆေးဖော်စပ်သော ကောင်လေး တစ်ယောက်သာ ဖြစ်ပြီး သူမ ကိုယ်တိုင်ပင်လျှင် သူ့ကို ကျင့်ကြံခြင်းဂူ စောင့်ရှောက်နိုင်ရန် မိတ်ဆက်ပေးခဲ့ဖူးသည်။ ထိုအချိန်က ကုအန်ခင်မျာ ဝိညာဉ်ကျောက်တုံး အနည်းငယ် ရရှိရန် အလုပ်ရှုပ်နေခဲ့ရသူ ဖြစ်သည်။

နောက်ပိုင်းတွင် ကုအန်က သာမန်လူ မဟုတ်ကြောင်း၊ လျှို့ဝှက်ချက်များ ရှိနေကြောင်း သူမ သိရှိခဲ့သော်လည်း ဆရာသခင်ဓားအရှင် ဖြစ်နိုင်သည်ဟု လုံးဝ မတွေးမိခဲ့ပေ။

အန်ရှင်းက သူမဘက်သို့ လှည့်၍ တောက်ပစွာ ပြုံးပြလိုက်ပြီး..

"ဟုတ်တယ်... အကြီးအကဲလီ... ဆရာက အကြီးအကဲအကြောင်း ပြောပြဖူးပါတယ်... သူငယ်စဉ်တုန်းက အကြီးအကဲက အများကြီး ကူညီပေးခဲ့တယ်တဲ့."

ထိုစကားကို ကြားသောအခါ လီရွှမ်ယွီက သူမ နားကြားမမှားကြောင်း သေချာသွားပြီး ပြုံးလိုက်မိသည်။

"ငါ အများကြီး ကူညီပေးခဲ့တာ မဟုတ်ပါဘူး... နည်းနည်းပါးပါး ကူညီပေးရုံပါ... သူ အခုတလော နေကောင်းရဲ့လား..."

"သူ နေကောင်းပါတယ်... စိတ်မပူပါနဲ့..."

"သူလည်း ဒီတိုက်ကြီးမှာ ရှိနေတာလား..."

"မဟုတ်ပါဘူး... ဘယ်သူမှ သူဘယ်ရောက်နေလဲ မသိကြပါဘူး..."

အန်ရှင်း ခေါင်းခါလိုက်သည်။ ဤသည်မှာ သူမ လျှို့ဝှက်ထားခြင်း မဟုတ်ဘဲ ကုအန် ကိုယ်တိုင်က တည်နေရာကို ဖုံးကွယ်လိုပြီး ပြဿနာများကို ရှောင်ရှားလိုခြင်းကြောင့် ဖြစ်သည်။

သူမ အနေဖြင့် ကုအန်ကို ဒုက္ခရောက်အောင် မလုပ်နိုင်ပေ။

လီရွှမ်ယွီ၏ စိတ်ထဲမှ ကုအန်၏ ပုံရိပ်ကို အန်ရှင်း သိချင်နေသဖြင့် ကုအန် ပြောပြဖူးသော ဇာတ်လမ်းများကို ပြန်လည် ဝေမျှလေရာ လီရွှမ်ယွီလည်း အတိတ်ကို လွမ်းဆွတ်သွားသည်။

ထန်ချိုင်သည်လည်း အန်ရှင်း ပြောပြသော ဇာတ်လမ်းများကို စိတ်ဝင်တစား နားထောင်နေပြီး မနာလိုစိတ်များ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

ကုအန်က လီယ၏ ဂျူနီယာညီလေး ဖြစ်ကြောင်း ကြားသိရသောအခါ ထန်ချိုင် ပို၍ စိတ်ဝင်စားသွားသည်။

သူမက လီယနှင့် ပတ်သက်သမျှ အရာအားလုံးကို သိချင်နေသူ ဖြစ်သည်။ ကံဆိုးသည်မှာ လီယအကြောင်း ပိုမို မသိရှိရသေးမီ သူနှင့် လမ်းခွဲခဲ့ရခြင်း ဖြစ်သည်။

အန်ရှင်း ပြောပြသော ဇာတ်လမ်းများက ကုအန် သူမကို ပြောပြခဲ့ဖူးသော အကြောင်းအရာများ ဖြစ်သည်။ သာမန်ကာလျှံကာဟု ထင်ရသော်လည်း ဤကဲ့သို့သော ညမျိုးတွင် လီရွှမ်ယွီနှင့် ထန်ချိုင်တို့ကို နွေးထွေးမှုနှင့် ပျော်ရွှင်မှု အနည်းငယ် ပေးစွမ်းနိုင်ခဲ့သည်။

လီရွှမ်ယွီ၏ စိတ်ထဲတွင် ကုအန်၏ ပုံရိပ် တဖြည်းဖြည်း ပိုမို ပြတ်သားလာပြီး အတိတ်က အမှတ်တရများ ပေါ်လာသည်။ သူမရှေ့တွင် ကုအန် ရိုကျိုးခဲ့ပုံများကို ပြန်တွေးမိပြီး ပြုံးလိုက်မိသည်။

နှစ်ပေါင်း ကိုးထောင်ကျော် ကုန်လွန်သွားခဲ့ပြီ ဖြစ်ပြီး မိတ်ဟောင်းဆွေဟောင်း များစွာ မြေကြီးအောက် ရောက်သွားကြပြီ ဖြစ်သော်လည်း ကုအန် အသက်ရှင်နေသေးသဖြင့် သူမ ဝမ်းသာမိသည်။ ကုအန် ဤမျှ ထူးချွန်သော တပည့်တစ်ဦးကို သင်ကြားပေးနိုင်သည်ကိုလည်း အံ့သြမိသည်။

နှစ်တစ်ထောင် ဆိုသော ကာလသည် လူ့လောကတွင် မျက်တောင်တစ်ခတ်မျှသာ ဖြစ်သော်လည်း နှစ်ပေါင်း ကိုးထောင် ဆိုသော ကာလကတော့ ကြီးမားသော ပြောင်းလဲမှုများကို ဖြစ်ပေါ်စေခဲ့သည်။

အန်ရှင်း ပြောပြပြီးသောအခါ ထန်ချိုင်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

"ကုအန်ရဲ့ ကျင့်ကြံမှုအဆင့်က အခု ဘယ်လောက် ရှိပြီလဲ..."

အန်ရှင်းက သူမကို တောက်ပစွာ ပြုံးပြရင်း

"ကျွန်မ ဘယ်လို သိမှာလဲ... ဒီကလောင်တံကို မြင်လား... ဒါ သူ့ရဲ့ မှော်ရတနာလေ..."

ပြောနေရင်း အန်ရှင်းက သူမလက်ထဲမှ ကံကြမ္မာဆုံးဖြတ်ကလောင်တံကို မြှောက်ပြလိုက်သည်။

လီရွှမ်ယွီနှင့် ထန်ချိုင်တို့ နှစ်ဦးစလုံး အန်ရှင်းလက်ထဲမှ ကံကြမ္မာဆုံးဖြတ်ကလောင်တံကို ကြည့်လိုက်ကြသည်။ မိစ္ဆာအုပ်စုကို အန်ရှင်း ကလောင်တံဖြင့် နှိမ်နင်းလိုက်ပုံကို သူတို့ မေ့မရနိုင်ကြပေ။ ထိုကျီးကန်းမည်းကြီးများသည် သာမန် သက်ရှိများ မဟုတ်ဘဲ အချုပ်အနှောင်မဲ့အမတ တစ်ပါးပင်လျှင် ၎င်းတို့၏ တိုက်ခိုက်မှုကို ခံရပါက သွေးအနှစ်သာရများ စုပ်ယူခံလိုက်ရမည် ဖြစ်သည်။

အန်ရှင်းက ကံကြမ္မာဆုံးဖြတ်ကလောင်တံကို ကြွားဝါပြသနေချိန်တွင် သက်တမ်းတာအိုနယ်မြေရှိ ကုအန်ကတော့ စာအုပ်တစ်အုပ်ကို ဖတ်ရှုရင်း သူတို့၏ စကားဝိုင်းကို နားထောင်နေသည်။

"စီနီယာအစ်မလီ... တကယ်ပဲ နှစ်တွေ အများကြီး ကြာခဲ့ပြီပဲ..."

ကုအန် ကုလားထိုင်ပေါ်တွင် လဲလျောင်းနေပြီး လက်ထဲတွင် စာအုပ်တစ်အုပ် ကိုင်ထားကာ နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်ကွေးသွားခဲ့သည်။

လီရွှမ်ယွီနှင့် ထန်ချိုင်တို့ ဝိညာဉ်ကိုးပါးတိုက်ကြီးသို့ ရောက်ရှိလာနိုင်ခြင်းမှာ သူ့ လမ်းညွှန်မှုကြောင့် ဖြစ်သည်။

ကောင်းကင်နိမိတ်များကို အသုံးပြု၍ သူတို့ကို ဝိညာဉ်ကိုးပါးတိုက်ကြီးသို့ မတော်တဆ ရောက်ရှိလာအောင် ဖန်တီးခဲ့ပြီး လမ်းခရီးတစ်လျှောက် သေဘေးအန္တရာယ်များမှ လွတ်မြောက်လာနိုင်ခြင်းမှာလည်း ကုအန်၏ တိတ်တဆိတ် ကူညီမှုများကြောင့် ဖြစ်သည်။

ထိုစဉ်က လီရွှမ်ယွီ သူ့ကို အမှန်တကယ် ကူညီခဲ့ဖူးသဖြင့် ယခု သူက လက်တစ်ဖက် ကမ်းပေးရုံမျှဖြင့် ကူညီပေးနိုင်လျှင် တွန့်တိုနေမည် မဟုတ်ပေ။

လီရွှမ်ယွီကို ကူညီခြင်းသည် လီယအတွက်လည်း ပါဝင်သည်။

လီယ၏ ညီမအရင်းနှင့် အနာဂတ် ဇနီးသည်တို့ ဒုက္ခရောက်နေသည်ကို သူ မည်သို့ လစ်လျူရှုထားနိုင်မည်နည်း။

သူက အမျိုးသမီးနှစ်ဦးကို ဝိညာဉ်ကိုးပါးတိုက်ကြီးသို့ ခေါ်ဆောင်လာရခြင်း အကြောင်းရင်းမှာ ပြင်ပကမ္ဘာတွင် ကြီးမားသော ကပ်ဘေးတစ်ခု ကျရောက်တော့မည် ဖြစ်ပြီး ဝိညာဉ်ကိုးပါးတိုက်ကြီး၌သာ သူတို့ လုံးဝ ဘေးကင်းနိုင်မည် ဖြစ်သောကြောင့် ဖြစ်သည်။

ကုအန် စာအုပ်ကို ပိတ်လိုက်ပြီး မျက်လုံးများကို မှိတ်ကာ ပျင်းရိလေးတွဲ့စွာ ပြောလိုက်သည်"မင်းတို့ ကပြလို့ ပြီးရင် ငါ့အလှည့် ရောက်ပြီ... ကမ္ဘာလောကရဲ့ သူရဲကောင်းတွေ တစ်လှည့်စီ ကပြနေကြတာ... ဒါပေမဲ့ ဒီကမ္ဘာလောကရဲ့ ရေချိန် ဘယ်လောက် နက်သလဲ ဆိုတာ ဘယ်သူ အမှန်တကယ် မြင်နိုင်မှာလဲ..."

"ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား... ခင်ဗျားနဲ့ ထိပ်တိုက်တွေ့မယ့် အချိန်ကို မျှော်လင့်နေမိပြီ"

သူ့အသံ အခန်းထဲတွင်သာ ပဲ့တင်ထပ်သွားသည်။သို့သော် သူ ကိုယ့်ကိုယ်ကိုယ် ပြောနေခြင်း ဖြစ်သည်။

…

တောင်တန်းများကြားတွင် လီရွှမ်ယွီနှင့် ထန်ချိုင်တို့ တောင်စောင်းတစ်ခုပေါ်တွင် ရပ်၍ ရှေ့မှ ခမ်းနားသော မြင်ကွင်းကို ကြည့်ရှုနေကြပြီး နှစ်ဦးစလုံး နှုတ်ဆိတ်နေကြသည်။

သူတို့၏ အကြည့်ရာလမ်းကြောင်းအတိုင်း ရှေ့ရှိ တောင်တန်းများကို ကြည့်လိုက်လျှင် ကောင်းကင်နှင့် မြေပြင် အဆုံးထိ ရှည်လျားသော ဧရာမ ချောက်နက်ကြီး တစ်ခုကို တွေ့ရမည် ဖြစ်သည်။

ဘေးတစ်ဖက်တစ်ချက်မှ တောင်များသည်လည်း ထိုးဖောက်ခံထားရပြီး တောင်တန်းများနှင့် အရွယ်အစား တူညီသော နဂါးတစ်ကောင် လူးလိမ့်သွားသကဲ့သို့ ပျက်စီးနေသော ရှုခင်းကို ချန်ထားခဲ့သည်။

ထိုစဉ်အန်ရှင်း ကောင်းကင်ယံမှ ဆင်းသက်လာပြီး ကံကြမ္မာဆုံးဖြတ်ကလောင်တံကို ပေါ့ပေါ့ပါးပါး ကစားရင်း ရယ်မောလိုက်ကာ "ကောင်းကင်စျန်အမတ ဆိုတာ ဒီလောက်ပဲလား..."

လီရွှမ်ယွီနှင့် ထန်ချိုင်တို့ ဝိညာဉ်ကိုးပါးတိုက်ကြီးတွင် ရောက်ရှိနေသည်မှာ လအနည်းငယ် ကြာမြင့်ပြီ ဖြစ်ပြီး ယနေ့တွင် သူတို့ကို လိုက်လံ သတ်ဖြတ်ရန် ကြိုးပမ်းနေသော ကြိုးကိုင်သူ ရောက်ရှိလာခဲ့သည်။

စေ့စပ်ညှိနှိုင်းမှု တစ်ခု ပြုလုပ်ပြီးနောက် တစ်ဖက်လူ၏ ရိုင်းစိုင်းသော စကားများကို သည်းမခံနိုင်တော့ဘဲ အန်ရှင်းက သုတ်သင်ပစ်ရန် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

ထန်ချိုင် ပါးစပ်ဟလိုက်သော်လည်း မထွက်လာခဲ့ချေ။ သူမကို စိတ်ပျက်အားငယ်စေခဲ့သော ထိပ်သီးအစွမ်းထက် ပုဂ္ဂိုလ်ကြီး ဒီအတိုင်း သေဆုံးသွားပြီလော။

လီရွှမ်ယွီသည်လည်း ရှုပ်ထွေးသော အမူအရာဖြင့် ကံကြမ္မာဆုံးဖြတ်ကလောင်တံကို ကြည့်လိုက်သည်။

ကုအန်၏ ကျင့်ကြံမှုအဆင့်က အခုဆိုရင် ကောင်းကင်စျန်အမတ အဆင့်ထက် မြင့်နေပြီလား…

သူမ နားမလည်နိုင်တော့ပေ။

သူမ၏ စွန့်စားခန်းများကို များပြားသည်ဟု သူမ ခံစားရပြီး သူမ၏ အမြင်တွင် လီယ၏ တိုးတက်နှုန်းကသာ သူမထက် မြန်ဆန်သည်ဟု ထင်မြင်ခဲ့သည်။

သို့သော် ယနေ့ သူမ မြင်တွေ့လိုက်ရသော အရာက သူမ၏ နားလည်မှုကို ပြောင်းလဲသွားစေခဲ့သည်။

သူမနှင့် ရွယ်တူတန်းတူများ ဤမျှ စွမ်းအားကြီးမားနိုင်မည် မဟုတ်ကြောင်း သူမ ခံစားရသည်။ ကောင်းကင်စျန်အမတများကို သတ်ဖြတ်ဖို့ မပြောနှင့် အချုပ်အနှောင်မဲ့အမတတစ်ပါးကို သတ်ဖြတ်နိုင်သည် ဆိုလျှင်ပင် ယုံကြည်ရ ခက်ခဲလှသည်။

အန်ရှင်းက သူတို့ကို ကြည့်၍ ပြုံးလိုက်သည်။

"ဝိညာဉ်ကိုးပါးတိုက်ကြီးမှာ အခြေချလိုက်ပါ... ရှင်တို့ ဘဝတွေ ပြောင်းလဲသွားလိမ့်မယ်... ကျွန်မ ဆက်မလိုက်ပို့တော့ဘူး..."

ပြောပြီးသည်နှင့် သူမ နောက်လှည့်ထွက်သွားသော်လည်း ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ပြန်ရပ်လိုက်သည်။

"နောက်ထပ် တစ်ကြိမ် ထပ်သတိပေးပါရစေ... ဒီမှာပဲ နေပါ... ဒါက ရှင်တို့ဘဝရဲ့ အကြီးမားဆုံး အခွင့်အရေး ဖြစ်လာလိမ့်မယ်... တကယ်လို့ ရှင်တို့ ထွက်သွားဖို့ ဆုံးဖြတ်လိုက်မယ် ဆိုရင် တစ်သက်လုံး နောင်တရနေရလိမ့်မယ်..."

အန်ရှင်း လေထဲသို့ ခုန်တက်လိုက်ပြီး အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲကာ မိုးကုပ်စက်ဝိုင်းထဲသို့ ပျောက်ကွယ်သွားသည်။

ထန်ချိုင် မနေနိုင်ဘဲ လီရွှမ်ယွီကို ကြည့်၍ မေးလိုက်မိသည်။

"ကျွန်မတို့ ဘာလုပ်ကြမလဲ... သူ ပြောတာ နားထောင်မလား..."

လီရွှမ်ယွီကလည်း အန်ရှင်း ထွက်ခွာသွားသော လမ်းကြောင်းကို ကြည့်၍ မေးလိုက်သည်။

"နင် သူ့လို ကျင့်ကြံမှုမျိုး လိုချင်လား... အနာဂတ်မှာ လီယရဲ့ နောက်ကနေ အမြဲ လိုက်နေရမယ့်အစား လီယနဲ့ ရင်ဘောင်တန်းချင်လား..."

ထိုစကားများက ထန်ချိုင်ကို မှင်သက်သွားစေသည်။

အခန်း ၅၆၈ အဓိပတိ နတ်ဆိုးဘုံ သက်ဆင်းခြင်း

စကြဝဠာ၏ နက်ရှိုင်းသော နေရာတွင် မီးတောက်များ လောင်ကျွမ်းနေသော မရေမတွက်နိုင်သည့် ဥက္ကာခဲများက မဟာတာအိုမြူခိုးများကို ထိုးဖောက်၍ ဦးတည်ချက် တစ်ခုတည်းသို့ မရပ်မနား ပြေးဝင်နေကြပြီး ပြိုင်ဘက်ကင်းသော ခမ်းနားမှုကို ဖန်တီးနေကြသည်။

ဤဥက္ကာခဲအစုအဝေး ပေါ်ထွန်းမှုသည် စကြဝဠာအတွင်းရှိ အစွမ်းထက်သော ပုဂ္ဂိုလ်များကို တုန်လှုပ်စေခဲ့ပြီး မရေမတွက်နိုင်သော နတ်ဘုရားအာရုံများကလည်း ဥက္ကာခဲများဆီသို့ လှမ်း၍ စမ်းသပ်ကြည့်ရှုကြသည်။

မလှုပ်မယှက် ငြိမ်သက်နေသော ဥက္ကာခဲကြီး တစ်ခုပေါ်တွင် သေမျိုးကမ္ဘာ တောင်ထွတ်မှ ပိုင်ကျီယ တရားထိုင်နေသည်။သူ ရုတ်တရက် မျက်လုံးများ ဖွင့်လိုက်ပြီး စကြဝဠာ နက်ရှိုင်းရာမှ ပျံသန်းလာသော ဥက္ကာခဲ အုပ်စုကြောင့် လန့်ဖျပ်သွားသည်။

ထိုဥက္ကာခဲများတွင် ပါဝင်သော စွမ်းအားကြီးမားမှုကို သူ အာရုံခံမိပြီး အလိုအလျောက် ကြောက်ရွံ့သွားမိသည်။

ထို့ကြောင့် အတားအဆီး တစ်ခုကို ချက်ချင်း ဖန်တီး၍ ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်လိုက်သည်။

မကြာမီ ဥက္ကာခဲများ သူ့အပေါ်မှ ဖြတ်ကျော် ပျံသန်းသွားကြပြီး ယင်းတို့၏ ကြောက်မက်ဖွယ် စွမ်းအားကြောင့် သူ တရားထိုင်နေသော ဥက္ကာခဲကြီးပင် တုန်ခါသွားသည်။

...

"အဲဒါက..."

ပိုင်ကျီယာ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ဥက္ကာခဲ တစ်ခုပေါ်တွင် ရပ်နေသော ပုံရိပ်တစ်ခုကို သူ တွေ့လိုက်ရသည်။

ဒါ အင်အားစု တစ်ခုများလား...

သူတို့ ပျံသန်းသွားရာ လမ်းကြောင်းကို ကြည့်ရင်း ပိုင်ကျီယာ၏ မျက်နှာ အမူအရာ မည်းမှောင်သွားသည်။

ထိုလမ်းကြောင်းသည် ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ တည်ရှိရာ လမ်းကြောင်း အတိအကျပင် ဖြစ်နေသည်။

နှစ်များတစ်လျှောက် ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ၏ ပြောင်းလဲမှုများကို တွေးတောရင်း ပိုင်ကျီယ၏ နှလုံးသားထဲတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်လာသည်။

ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ၏ ကပ်ဘေးသည် အတွင်းပိုင်း အကြောင်းရင်းများကြောင့် မဟုတ်ဟု သူ အမြဲ ခံစားနေရသည်။ အစွမ်းထက်သော ပြင်ပ အင်အားစု တစ်ခုက အရာအားလုံးကို ကြိုးကိုင်နေပုံ ရသည်။ ဧကရာဇ်ယန်ရှင်း သေဆုံးခြင်းက အကောင်းဆုံး သက်သေပင်။

ဥက္ကာခဲများ အားလုံး အမှောင်ထုထဲသို့ ပျောက်ကွယ်သွားပြီးနောက် ပိုင်ကျီယ ခေတ္တ တုံ့ဆိုင်းနေပြီးနောက် ဆန့်ကျင်ဘက် လမ်းကြောင်းသို့ ပျံသန်း ထွက်ခွာသွားသည်။

ဤသည်မှာ သူ့အသက်ကို ကယ်တင်ရန် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

ထိုအချိန်၌ပင်….

ကောင်းကင်ဝိညာဉ် မဟာကမ္ဘာတွင် မြင့်မားသော အဆင့်ရှိသည့် သက်ရှိများအားလုံး ကောင်းကင်ပြင်ပမှ ခြိမ်းခြောက်မှုကို အာရုံခံမိလိုက်ကြသည်။

တတိယဆေးတောင်ကြားတွင်….

လုံကျွင်း ကမ်းပါးစွန်းတွင် ရပ်၍ ကောင်းကင်ကို မော့ကြည့်နေပြီး မျက်နှာထား တည်ငြိမ်နေသည်။

ထိုစဉ် ကျူးရှင်း သူ့ဘေးတွင် ပေါ်လာပြီး တိုးတိုးလေး ပြောလိုက်သည်။

"အဓိပတိ နတ်ဆိုးဘုံက လူတွေပဲ... သူတို့ရဲ့ လက်ရှိ ခေါင်းဆောင် ဖြစ်တဲ့ အဓိပတိ နတ်ဆိုးဧကရာဇ်ရဲ့ အရှိန်အဝါကို ကျွန်တော် အာရုံခံမိတယ်..."

"ကြီးမားတဲ့ အကြံအစည်ပဲ... သူတို့ မျက်စိစပါးမွှေးစူးတာ မှန်သမျှကို ဖယ်ရှားချင်နေကြတာ... ကောင်းကင်တာအို ကံကြမ္မာတောင် ပြောင်းလဲသွားပြီ..."

"ပြောင်းလဲသွားတယ်... ဘာကို ဆိုလိုတာလဲ..."

ကျူးရှင်းက နားမလည်စွာ မေးလိုက်တော့..

"ငါ မြင်ခဲ့တဲ့ အနာဂတ်က ပြောင်းလဲသွားပြီ... အနည်းဆုံးတော့ အဓိပတိ နတ်ဆိုးဘုံ ပေါ်မလာသင့်ဘူး..."

ထိုစကားကို ကြားသောအခါ ကျူးရှင်း မျက်မှောင်ကြုတ်လိုက်မိသည်။

သူ့အမြင်တွင် လုံကျွင်း၏ ကျင့်ကြံမှုအဆင့်က နက်ရှိုင်းလှသည်။ သူသည် အတိတ်မှ ပစ္စုပ္ပန်သို့ ကူးပြောင်းနိုင်ပြီး တာအိုကျင့်ကြံမှုသည်လည်း အသံမဲ့ပျက်ဆီးခြင်းနယ်မြေ ထက် နိမ့်ကျလိမ့်မည် မဟုတ်ပေ။

အနည်းဆုံးတော့ အသံမဲ့ပျက်ဆီးခြင်းနယ်မြေက ရှေးခေတ်မှ ယနေ့ခေတ်သို့ ဖြတ်သန်းနိုင်စွမ်း မရှိပေ။

"ကောင်းကင်တာအိုရဲ့ ပုံမှန်မဟုတ်တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရရင် ကျွန်တော်တို့ ဘာလုပ်သင့်လဲ..."

ကျူးရှင်းက အရာအားလုံးကို လုံချင်းအပေါ် လောင်းကြေးထပ်ထားပြီး ဖြစ်သဖြင့် နောက်ဆုတ်၍ မရတော့ပေ။

လုံကျွင်းက လုံချင်း၏ ဘိုးဘေး ဖြစ်သောကြောင့် သူတို့ နှစ်ဦး တစ်ဖက်တည်းတွင် ရှိနေကြသည်။ ယခုအခါ သူသည် လုံကျွင်းကို အလွန် ယုံကြည်အားထားနေသည်။

"ဆက်ပြီး ပုန်းနေ... ပြီးတော့ ကောင်လေး ကောင်းကင်နဂါး ဓမ္မပုံရိပ်ကို ကျွမ်းကျင်လာမယ့် အချိန်ကို စောင့်..."ဟုသာ လုံကျွင်းက အေးဆေးစွာ ပြန်ဖြေလိုက်သည်။

"သူ့အတွက် ကိုယ်လုပ်တော်တွေ စီစဉ်ပေးရမလား..."

"အခု စလို့ရပြီ... ဘာပဲဖြစ်ဖြစ် လာမယ့် အခြေအနေကို ငါလည်း သေချာ မမြင်ရတော့ဘူး... စောစော ပြင်ဆင်ထားတာ ပိုကောင်းပါတယ်..."

"ကောင်းပြီ... ရွေးချယ်မှု လုပ်ငန်းစဉ်ကို ကျွန်တော် စလိုက်ပါမယ်..."

…

အဆုံးမဲ့ တောင်တန်းကြီးတွင် လီယနှင့် သတ်ဖြတ်ခြင်းဓားဘိုးဘေးတို့ တောအုပ်အစွန်းသို့ ရောက်ရှိလာပြီး ရှေ့မှ ခမ်းနားသော တောင်တန်းများကို လှမ်းကြည့်လိုက်ကြသည်။

လီယက သတ်ဖြတ်ခြင်းဓားဘိုးဘေး ဘက်သို့ လှည့်၍ "ဆရာ... ခံစားမိလား” မေးလိုက်သည်။

သတ်ဖြတ်ခြင်းဓားဘိုးဘေးကလည်း မျက်မှောင်ကြုတ်၍ ပြန်ဖြေလိုက်သည်။

"အဓိပတိ နတ်ဆိုးဘုံရဲ့ အရှိန်အဝါပဲ... သူတို့ရဲ့ ရည်မှန်းချက်က မဟာကောင်းကင်နှင့် မြေပြင် ကို ဝါးမြိုဖို့ပဲ... အခု သူတို့က ကောင်းကင်ဝိညာဉ်မဟာကမ္ဘာကို ပစ်မှတ်ထားရဲတယ် ဆိုတော့... နောက်ကွယ်မှာ မရိုးသားတာ တစ်ခုခု ရှိရမယ်..."

"အဓိပတိ နတ်ဆိုးဘုံ... သူတို့က ကြောက်စရာ ကောင်းလား..." လီယက စပ်စုလိုက်တော့ သတ်ဖြတ်ခြင်းဓားဘိုးဘေးကလည်း အဓိပတိ နတ်ဆိုးဘုံ အကြောင်းကို စတင် ရှင်းပြလိုက်သည်။

အဓိပတိ နတ်ဆိုးဘုံသည် ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ မပျက်စီးမီကပင် မွေးဖွားလာခဲ့သည်။ သူတို့သည် တစ်ချိန်က မဟာကမ္ဘာ တစ်ခုတွင် အရှင်သခင် အဆင့် အင်အားစု ဖြစ်ခဲ့သည်။ မဟာကမ္ဘာ ပျက်စီးပြီးနောက် သူတို့က အဓိပတိ နတ်ဆိုးဘုံကို တည်ထောင်ခဲ့ပြီး မဟာကောင်းကင်နှင့် မြေပြင်ကို ကျူးကျော်ရန် နတ်ဆိုးမြို့တော်များ တည်ဆောက်ခဲ့ကြသည်။ မဟာကမ္ဘာ၏ စွမ်းအားဖြင့် မှော်ရတနာများ သန့်စင်ပြီး သက်ရှိအားလုံး၏ သွေးစတေးမှုများကို သူတို့၏ တာအိုကျင့်ကြံမှုအဖြစ် ပြောင်းလဲခဲ့ကြသည်။

အသံမဲ့ပျက်စီးခြင်းနယ်မြေ အတွင်းရှိ ကောင်းကင်မိစ္ဆာများပင်လျှင် အဓိပတိ နတ်ဆိုးဘုံနှင့် ယှဉ်လျှင် ပြောပလောက်စရာ မရှိပေ။

အဓိပတိ နတ်ဆိုးဘုံ၏ စွမ်းအားနှင့် လုပ်ရပ်များကို ကြားရသောအခါ လီယလည်း စိုးရိမ်ပူပန်လာသည်။

ထိုကဲ့သို့သော မိစ္ဆာမျိုးနွယ် အင်အားစုများ ကောင်းကင်ဝိညာဉ် မဟာကမ္ဘာသို့ ဆင်းသက်လာခြင်းမှာ သေချာပေါက် ကောင်းကျိုးအတွက် မဟုတ်ပေ။

သတ်ဖြတ်ခြင်းဓားဘိုးဘေးက လီယကို ကြည့်၍ …. "ငါ မင်းကို နောက်ဆုံး နတ်ဘုရားစွမ်းရည် တစ်ခု လက်ဆင့်ကမ်းပေးမယ်... ပြီးရင်တော့ ငါ တကယ် သွားရတော့မယ်..."

သူတို့ နှစ်ဦးသည် အကြိမ်ကြိမ် လမ်းခွဲခဲ့ကြသော်လည်း လီယ အန္တရာယ်နှင့် ကြုံတွေ့ရတိုင်း သတ်ဖြတ်ခြင်းဓားဘိုးဘေး မနေနိုင်ဘဲ ဝင်ရောက် ကူညီပေးလေ့ရှိသည်။

ယခုတစ်ကြိမ်တွင် သတ်ဖြတ်ခြင်းဓားဘိုးဘေးက လေးနက်စွာ ပြောဆိုနေသဖြင့် လီယ ပြတ်သားမှုကို ခံစားလိုက်ရသည်။

"ဆရာ... ဘယ်ကို သွားမှာလဲ..."

"ငါ လာခဲ့တဲ့ နေရာကို ပြန်သွားမလို့..."

သတ်ဖြတ်ခြင်းဓားဘိုးဘေးက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

"စောစောက ပြောခဲ့တဲ့ အကြောင်းနဲ့ အကျိုး ကိစ္စကရော... ကျွန်တော် ဘယ်လို လုပ်ရမလဲ..."

ဆရာတပည့် သတ်မှတ်ချက်များအကြောင်း လီယ မေးမြန်းသည်ကို ကြားသောအခါ သတ်ဖြတ်ခြင်းဓားဘိုးဘေးက သူ့ကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်၍ ပြောလိုက်သည်။

"တမင်သက်သက် တွေးမနေနဲ့... မင်း သန်မာလာတာနဲ့အမျှ မင်းဆရာရဲ့ အကြောင်းနဲ့ အကျိုးက မင်းဆီကို အလိုလို ရောက်လာလိမ့်မယ်..."

"မှတ်ထား... ဒီနတ်ဘုရားစွမ်းရည်ကို သေရေးရှင်ရေး ကိစ္စ မဟုတ်ရင် မသုံးရဘူး..."

သူ့ဆရာ၏ လေးနက်မှုကို မြင်သောအခါ လီယ ခေါင်းညိတ်၍ လက်ခံလိုက်ရသည်။

သို့သော် သူ၏ နှလုံးသားထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။

အဓိပတိ နတ်ဆိုးဘုံ ဟုတ်လား...

သူ့ဆရာကို ထွက်ပြေးစေလောက်အောင် အဓိပတိ နတ်ဆိုးဘုံက ဘယ်လောက် စွမ်းအားကြီးမားသလဲဆိုတာ သူ သိချင်လှလေချေပြီ။

...

ဘုန်း…

ကောင်းကင်နှင့် မြေပြင် တုန်ခါသွားသဖြင့် သက်တမ်းတာအိုနယ်မြေအတွင်းရှိ လူတိုင်း လန့်နိုးသွားကြသည်။ သူတို့ ကောင်းကင်နှင့် မြေပြင်၏ ထူးခြားသော တုန်ခါမှုများကို ဆွေးနွေးရန် ကုအန်၏ ခြံဝင်းထဲတွင် စုဝေးလိုက်ကြသည်။

ပြင်ပကောင်းကင်မှ ဥက္ကာခဲများစွာ မိုးကုပ်စက်ဝိုင်းပေါ်သို့ ကျဆင်းလာသည်ကို သူတို့ မြင်တွေ့လိုက်ရပြီး ခမ်းနားသော မြင်ကွင်းတစ်ခု ဖြစ်သော်လည်း ၎င်းနောက်တွင် ကမ္ဘာပျက်မတတ် ကြောက်မက်ဖွယ် ဖိအားများ ပါလာသည်။

"ဒါ မိစ္ဆာချီ လား..."

"ကောင်းကင်မိစ္ဆာတွေ ထပ်ကျူးကျော်တာလား..."

"ကောင်းကင်မိစ္ဆာတွေရဲ့ အရှိန်အဝါနဲ့ မတူဘူး... သွေးညှီနံ့ အရမ်းပြင်းတယ်..."

"ဆက်တိုက် ကြုံနေရတဲ့ ကပ်ဘေးတွေကနေ ဒီကမ္ဘာကြီးကို ကယ်တင်နိုင်မယ့်သူဆိုလို့ ဆရာသခင်နဲ့ ဧကရာဇ်ယန်ရှင်း အပြင် တခြား ရှိဦးမလား မသိဘူး..."

"ကမ္ဘာပေါ်မှာ အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တွေ အများကြီး ရှိပေမဲ့ သက်ရှိအားလုံးရဲ့ ဘေးကင်းမှုကို တာဝန်ယူရဲသူကတော့ အရမ်းရှာါတယ်..."

သူတို့ ကမ္ဘာ့အရေးကိစ္စများကို ဆွေးနွေးနေကြစဉ် တံခါးပွင့်လာပြီး ကုအန် အိမ်ထဲမှ ထွက်လာသဖြင့် အားလုံး ချက်ချင်း လှည့်၍ ဂါရဝပြုလိုက်ကြသည်။

ကုအန်က သူတို့ကို ကြည့်၍ "မင်းတို့ အပြင်ထွက်ပြီး ကမ္ဘာကြီးကို သွားကယ်လိုက်ကြပါလား..."

ထိုစကားကို ကြားသောအခါ အားလုံး ရှက်ကိုးရှက်ကန်း ဖြစ်သွားကြသည်။ စောစောက အသံကျယ်ကျယ်ဖြင့် ဆွေးနွေးနေသော အန်ရှန့်ထျန်နှင့် ချန်ချွမ်တို့ မျက်နှာများ နီရဲသွားသည်။ သွေးအကျဉ်းထောင်သူတော်စင်ကတော့ အသံအကျယ်ဆုံး ပြောခဲ့သော်လည်း အရှက်မရှိ ပြုံးဖြဲဖြဲ လုပ်နေသည်။

ရှန်ကျန်းလည်း ခိုးရယ်နေသည်။ သူမက ဆွေးနွေးပွဲတွင် မပါဝင်ခဲ့သဖြင့် ရှက်စရာ မလိုပေ။

"မင်းတို့ ကျင့်ကြံတာတွေ ပြန်လုပ်ကြတော့... အပြင်က ကပ်ဘေးတွေက နယ်မြေကို မထိခိုက်စေဘူး"

ထိုသို့ ပြောပြီးနောက် ကုအန် ခြံဝင်းတံခါးပေါက်ဆီသို့ လျှောက်သွားသည်။ ကုအန်၏ စကားကို ကြားသောအခါ အားလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး သက်ပြင်းချလိုက်ကြသည်။

အဓိပတိ နတ်ဆိုးဘုံ၏ အရှိန်အဝါက အလွန် ပြင်းထန်လွန်းလှသည်။ နယ်မြေအတွင်း နေထိုင်နေသော်လည်း သူတို့သည် အလိုအလျောက် ကြောက်ရွံ့မှုကို ခံစားနေရသဖြင့် အေးချမ်းစွာ ကျင့်ကြံရန် ခက်ခဲနေသည်။

ကုအန်၏ စကားကို ကြားပြီးနောက် သူတို့၏ စိုးရိမ်ပူပန်မှုများ လုံးဝ ပျောက်ကွယ်သွားသည်။

အဓိပတိ နတ်ဆိုးဘုံ၏ ဖိနှိပ်မှုက ကုအန်အပေါ် သူတို့ ထားရှိသော ယုံကြည်မှုနှင့် ယှဉ်လျှင် ပြောပလောက်စရာ မရှိပေ။

ရှန်ကျန်းက ကုအန်နောက်သို့ အလျင်အမြန် လိုက်သွားသည်။ ခြံဝင်းထဲမှ ထွက်လာပြီးနောက် သူတို့ တောင်လမ်းအတိုင်း တောအုပ်ထဲသို့ လျှောက်သွားကြသည်။

ကုအန်၏ ခြံဝင်းက တောင်ထိပ်တွင် တည်ရှိပြီး ပန်းပင်များနှင့် မြက်ပင်များ စိမ်းလန်းစိုပြေပြီး သစ်ပင်ကြီးများ မြင့်မားစွာ ပေါက်ရောက်နေသည်။ သစ်ပင်များကြား လျှောက်သွားရင်း နေရောင်ခြည် ဖြာကျနေပုံလေးက အလွန် အေးချမ်းပြီး ဆန်းကြယ်လှပနေသည်။

"အပြင်က မိစ္ဆာတွေကို ကျွန်မ အခု ဆွဲလိုက်ရင် ပြဿနာ ဖြစ်မလား..."

ရှန်ကျန်းက ရှေ့သို့ တိုးကာ ကုအန်နှင့် ယှဉ်လျှောက်ရင်း တိုးတိုးလေး မေးလိုက်သည်။

"မင်းလည်း ကြောက်နေတာလား... ဆွဲချင်ရင် ဆွဲလိုက်လေ..."

ထိုစကားကို ကြားသောအခါ ရှန်ကျန်း၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။

"ဒီလောက် ကြောက်စရာကောင်းတဲ့ မိစ္ဆာချီက ဆရာ့ကို မခြိမ်းခြောက်နိုင်ဘူးလား... ဆရာ့ရဲ့ ပြိုင်ဘက် ဖြစ်ဖို့ ဘယ်လို ဖြစ်တည်မှုမျိုးက ထိုက်တန်သလဲ..."

လေပြေတစ်ချက် တောအုပ်ထဲသို့ တိုက်ခတ်လာပြီး ကုအန်၏ မျက်နှာကို အေးမြသွားစေသည်။

"ငါ့ပြိုင်ဘက်က ပေါ်လာပြီးပြီ..."

ကုအန်၏ စကားက ရှန်ကျန်း၏ သိချင်စိတ်ကို မြင့်တက်သွားစေသည်။

ကံဆိုးသည်မှာ သူမ၏ ကျင့်ကြံမှုအဆင့် နိမ့်ပါးလွန်းလှသည်။ ယခင်က ဖြစ်ပွားခဲ့သော လူသားကမ္ဘာ ကပ်ဘေးများတွင် ကမ္ဘာကို တုန်လှုပ်စေသော မိစ္ဆာကြီးများကို မမြင်တွေ့ခဲ့ရပေ။

All Chapters