← Chapters

အခန်း (၆၁၃-၆၁၄)

Vol. 50 Ch. 613-614

အခန်း (၆၁၃-၆၁၄)

Vol. 50 Ch. 613-614

အခန်း ၆၁၃ စွဲလမ်းမှု

ရှောင်လန်သည် ယနေ့တွင် သူမ၏ဘဝမှာ အိပ်မက်တစ်ခုကဲ့သို့ ခံစားနေရ၏။ အမတတစ်ပါးနှင့် ဆုံတွေ့ခဲ့ရပြီး ထိုအမတက သူမ၏ ပါရမီကို ချီးမွမ်းကာ တပည့်အဖြစ် လက်ခံလိုကြောင်း ပြောကြားခဲ့သည် မဟုတ်ပါလား။

အမတ၏ တန်ခိုးစွမ်းအားများကို မြင်တွေ့ရပြီးနောက် သူမ အလေးစားဆုံး ဖခင်ဖြစ်သူပင်လျှင် ဒူးထောက်၍ အရိုအသေပြုခဲ့သည်။ အရာအားလုံးမှာ အိပ်မက်ဆန်လွန်းနေ၏။

နေဝင်ချိန် ရောက်သည်အထိ ရှောင်လန်မှာ အံ့ဩမှင်သက်မှုမှ မရုန်းထွက်နိုင်သေးပေ။

"ဘာဖြစ်လို့လဲ... အမတကျင့်စဉ် မကျင့်ချင်လို့လား"

ရင်းနှီးနေသော အသံတစ်ခုက ရှောင်လန်၏ တွေးတောနေမှုများကို ဖြတ်တောက်လိုက်သည်။ သူမ လှည့်ကြည့်လိုက်ရာ ကုအန်သည် ဥယျာဉ်ထဲသို့ လမ်းလျှောက်ဝင်လာသည်ကို တွေ့လိုက်ရ၏။

ကုအန်ကို မြင်လိုက်ရသဖြင့် ရှောင်လန်၏ စိုးရိမ်ပူပန်မှုများ အနည်းငယ် လျော့ပါးသွားပြီး ပြန်ဖြေလိုက်သည်။

"မကျင့်ချင်တာ မဟုတ်ပါဘူး... နည်းနည်း ကြောက်လို့ပါ... ကျွန်မက အပြင်လောကကို တစ်ခါမှ မရောက်ဖူးဘူးလေ... ပြီးတော့ ဆရာက ကျွန်မကို တာအိုခုံရုံးဆီ ခေါ်သွားမယ်တဲ့... အဲဒီနေရာက အရမ်းကိုအစွမ်းအားကြီးပုံရတယ်"

သူမ၏ ရင်ထဲမှ ခံစားချက်များကို ကုအန်အား ရင်ဖွင့်လိုက်ရာ ကုအန်က သူမ၏ အနားသို့ လာထိုင်ပြီး ဂရုတစိုက် နားထောင်ပေးနေ၏။

နောက်ဆုံးတွင် ရှောင်လန်က သက်ပြင်းချလျက် ပြောလိုက်သည်။

"တစ်ယောက်ယောက်သာ ကျွန်မနဲ့အတူ လိုက်ခဲ့ပေးမယ်ဆိုရင် သိပ်ကောင်းမှာပဲ... ကံဆိုးတာက ကျွန်မရဲ့ မောင်နှမတွေကို ဆရာက အသိအမှတ်မပြုဘူး"

ကုအန်က မျက်လုံးတစ်ဖက် မှိတ်ပြပြီး ပြောလိုက်၏။

"ငါ လိုက်ခဲ့ပေးမယ်လေ... မင်းရဲ့ဆရာက ငါ့ကို အမည်ခံတပည့်အဖြစ် လက်ခံပြီးသားပါ... မင်းနဲ့ ယှဉ်ရင် ငါ့ရဲ့ အဆင့်အတန်းက နိမ့်နေသေးပေမဲ့ နောက်ပိုင်းကျရင် မင်းနဲ့အတူ လိုက်ပါဖို့ မခက်ခဲပါဘူး"

ထိုစကားကို ကြားသောအခါ ရှောင်လန်၏ မျက်လုံးများ ဝိုင်းစက်သွားပြီး စိတ်လှုပ်ရှားစွာဖြင့် ကုအန်၏ လက်မောင်းကို ဆွဲကိုင်ကာ မေးလိုက်သည်။

"တကယ်လား"

"ငါ မင်းကို လိမ်ဖူးလို့လား... အိမ်တော်သခင်ရှောင်က မင်းကို ကောင်းကောင်း စောင့်ရှောက်ပေးဖို့ ငါ့ကို မှာထားပြီးသားပါ"

ကုအန်က ပြုံး၍ ပြောလိုက်ပြီး ရှောင်လန်၏ ဆံပင်များကို ပွတ်သပ်ပေးလိုက်သည်။

ရှောင်အိမ်တော်တွင် ၁၈ နှစ်ကြာ နေထိုင်ခဲ့ပြီးဖြစ်၍ ကုအန်သည် မိသားစုဝင်တစ်ဦးကဲ့သို့ ဖြစ်နေကာ လူတိုင်းက သူ့ကို လေးစားကြသည်။ သူ၏ ထိုးထွင်းသိမြင်မှုကြောင့် အိမ်တော်သခင်ရှောင်နှင့်လည်း ရင်းနှီးသော မိတ်ဆွေများ ဖြစ်နေကြပြီ ဖြစ်၏။ ရှောင်လန် ကြီးပြင်းလာသည်ကို စောင့်ကြည့်ခဲ့သူဖြစ်သဖြင့် အိမ်တော်သခင်က သူ့ကို ယုံကြည်စိတ်ချစွာ တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်၏။

ရှောင်လန်၏ အမည်ကို ကုအန် ကိုယ်တိုင် ရွေးချယ်ပေးခဲ့ခြင်း ဖြစ်ကြောင်းကို ကြည့်ခြင်းအားဖြင့် ရှောင်အိမ်တော်က သူ့အပေါ် မည်မျှ ယုံကြည်ကြောင်း သိသာထင်ရှားလှသည်။

"ဝမ်းသာလိုက်တာ... အမတကျင့်ကြံခြင်းလောကကို ငါတို့ အတူတူ စူးစမ်းကြမယ်နော်" ရှောင်လန်က ဝမ်းသာအားရ ပြောဆိုပြီး ကုအန်၏ လက်မောင်းကို ကိုင်လှုပ်လိုက်သည်။

ငယ်စဉ်ကတည်းက သူမသည် ကုအန်နှင့် ကစားရသည်ကို နှစ်သက်ခဲ့၏။ အကြောင်းမှာ သူက သူမ၏ ဆန္ဒမှန်သမျှကို ဖြည့်ဆည်းပေးသောကြောင့်ပင်။

သူမက စိုးရိမ်ပူပန်မှုများကို ခါချလိုက်ပြီး ရှေ့ဆက်ရမည့် ဘဝခရီးအတွက် အလွန် စိတ်လှုပ်ရှားနေမိ၏။ နှစ်ရက်ကြာပြီးနောက် ပညာရှိစုဟု အမည်ရသော ဖြူစင်သော ဝတ်စုံနှင့် အမျိုးသမီးသည် ကုအန်နှင့် ရှောင်လန်တို့ကို ခေါ်ဆောင်၍ ထွက်ခွာသွားခဲ့သည်။ ရှောင်အိမ်တော်မှ လူတိုင်းသည် တံခါးဝတွင် ရပ်လျက် နှုတ်ဆက်ကြ၏။

ရှောင်လန်၏ မိခင်မှာ ထိန်းမရသိမ်းမရ ငိုကြွေးနေပြီး အိမ်တော်သခင်ရှောင်၏ မျက်လုံးများတွင်မူ မျှော်လင့်ချက်များ ပြည့်နှက်နေခဲ့သည်။

သူ၏ ဝိညာဉ်အမြစ် အရည်အချင်းမှာ အကန့်အသတ် ရှိသော်လည်း ရှောင်လန်၏ ကံကောင်းမှုကြောင့် သမီးဖြစ်သူမှတစ်ဆင့် သူ အသက်ရှည်ခွင့် ရရှိနိုင်မည်ဟု မျှော်လင့်နေခြင်း ဖြစ်၏။

ခွဲခွာခြင်းမှာ အမြဲတမ်း ဝမ်းနည်းစရာ ကောင်းလှသော်လည်း ကံကောင်းထောက်မစွာဖြင့် ရှောင်လန်၏ ဘေးတွင် ကုအန် ရှိနေ၏။ ရှောင်အိမ်တော်နှင့် မိုင်တစ်ရာကျော် ဝေးကွာသွားသောအခါ သူမသည် တက်ကြွလန်းဆန်းလာခဲ့၏။

ပညာရှိ စု၏ အမတအဆင့်အတန်းကို ဂရုမစိုက်ဘဲ သူမသည် ဆရာမ၏ နောက်သို့ လိုက်ကာ တာအိုခုံရုံးအကြောင်း မေးခွန်းများ မရပ်မနား မေးမြန်းနေတော့သည်။

ကုအန်မှာ သူတို့နှစ်ဦးသား နောက်မှ လိုက်ပါလာပြီး လမ်းခရီးတစ်လျှောက် ရှုခင်းများကို ခံစားနေခဲ့၏။ သူသည် ကိုယ်ပွားတစ်ခုကို အစားထိုးထားခဲ့ပြီး အစစ်အမှန်ကိုယ်မှာမူ ဆေးအပင်များ သွားရောက် ရှာဖွေနေခဲ့၏။

ပညာရှိ စုသည် ရှောင်လန်အပေါ် အလွန် ကြင်နာပြီး လိုလေသေးမရှိ ဖြည့်ဆည်းပေးသည်။ ကုအန်အပေါ်တွင်မူ ထိုမျှလောက် စိတ်အားထက်သန်ခြင်း မရှိသော်လည်း လျစ်လျူရှုထားခြင်းလည်း မရှိသဖြင့် ခရီးလမ်းတစ်လျှောက် အဆင်ပြေချောမွေ့နေခဲ့သည်။

ညရောက်သောအခါ သူတို့သုံးဦးသည် သစ်တောတစ်ခုအတွင်း၌ အနားယူကြသည်။ ပညာရှိ စုသည် တာအိုခုံရုံးသို့ ချက်ချင်း ပြန်ရန် အစီအစဉ် မရှိပေ။ သူမသည် လူ့လောကတွင် ခရီးသွားရင်း ဘဝအတွေ့အကြုံများ ရှာဖွေလိုပြီး ခရီးစဉ်ပြီးဆုံးမှသာ တာအိုခုံရုံးသို့ ပြန်မည် ဖြစ်သည်။ ထိုကာလအတွင်း သူမသည် ရှောင်လန်ကို ကျင့်ကြံခြင်းနည်းစနစ်များ သင်ကြားပေးမည် ဖြစ်၏။

ရှောင်လန်မှာ အလွန် စိတ်လှုပ်ရှားနေပြီး နေ့ဝက်ခန့် ကုန်ဆုံးသွားသည့်တိုင် ငြိမ်ငြိမ်မနေနိုင်သေးပေ။

"ဆရာ... တာအိုခုံရုံးအကြောင်း ပြောပြပါဦး... ပြီးတော့ အမတကျင့်ကြံခြင်းလောက အကြောင်းရော... ကျင့်ကြံသူတွေမှာ ကိုယ်ပိုင် အဆင့်အတန်းတွေ ရှိတယ်လို့ အဖေ ပြောဖူးတယ်... သေမျိုးတွေက မမြင်နိုင်ပေမယ့် အမတကျင့်ကြံခြင်းလောကက ကျယ်ပြောပြီး ခမ်းနားထည်ဝါတယ်တဲ့... သူရဲကောင်းတွေလည်း တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာကြတယ်တဲ့" ရှောင်လန်က ကုအန်ကို မှီလျက် ပညာရှိ စုအား မေးလိုက်သည်။

ပညာရှိ စုသည် သူတို့နှစ်ဦး၏ ရင်းနှီးမှုကို သိပ်ဘဝင်မကျသော်လည်း ထုတ်မပြောဘဲ တာအိုခုံရုံးအကြောင်း စတင် မိတ်ဆက်ပေးလိုက်၏။

ပညာရှိစု၏ ပြောပြချက်အရ တာအိုခုံရုံးသည် ကောင်းကင်အောက်တွင် အစွမ်းအထက်ဆုံး ဂိုဏ်းဖြစ်ပြီး ဌာနခွဲပေါင်းများစွာ ရှိသည်။ သူမသည် တာအိုခုံရုံးအတွင်းမှ ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များ၏ အမည်များကို တစ်ခုပြီးတစ်ခု ပြောပြလိုက်သည်။

"တပည့်လေး... မင်းရဲ့ ပါရမီက သူတို့ထက် မနိမ့်ပါဘူး... မင်းသာ ကြိုးစားမယ်ဆိုရင် သူတို့ကို ကျော်ဖြတ်ပြီး တာအိုခုံရုံးရဲ့ ထိပ်တန်း ပါရမီရှင်တစ်ယောက် ဖြစ်လာအောင် ဆရာ ကူညီပေးမယ်" ပညာရှိ စုက တောက်ပသော မျက်လုံးများဖြင့် ရှောင်လန်ကို ကြည့်ကာ ပြောလိုက်သည်။

ရှောင်လန် ပို၍ ပျော်ရွှင်သွားသည်။ သူမ ထထိုင်လိုက်ပြီး ကုအန်၏ ပခုံးကို ပုတ်ကာ ဂုဏ်ယူဝင့်ကြွားသော အပြုံးဖြင့် ပြောလိုက်၏။

"အစ်ကိုကု... တစ်နေ့ကျရင် ငါက ကမ္ဘာပေါ်မှာ ထိပ်တန်း ပါရမီရှင် ဖြစ်လာမှာ... အဲဒီကျရင် ငါ မင်းကို ကာကွယ်ပေးမယ်..."

ကုအန် ရယ်မောလိုက်ပြီး ၏"ကောင်းပြီ... ငါ စောင့်နေမယ်"

ပညာရှိ စု မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိ၏။

သူမ၏ မျက်လုံးထဲတွင် ကုအန်သည် ရှောင်လန်နှင့် မထိုက်တန်ပေ။ ထို့အပြင် ရှောင်လန် လျှောက်လှမ်းရမည့် လမ်းစဉ်တွင် အချစ်ရေး ကိစ္စများ မလိုအပ်ချေ။

တာအိုခုံရုံး၏ ထိပ်တန်း ပါရမီရှင် ဖြစ်လာရန်အတွက် မိမိ၏ စွမ်းအင်အားလုံးကို ကျင့်ကြံခြင်း၌သာ မြှုပ်နှံထားရမည် ဖြစ်သည်။

သို့သော် သူမ မတားဆီးခဲ့ပေ။ ရှောင်လန်အနေဖြင့် တာအိုခုံရုံး၏ စွမ်းအားနှင့် ခမ်းနားထည်ဝါမှုကို တွေ့ကြုံခံစားရပြီးပါက ကုအန်အပေါ် စိတ်ဝင်စားမှု လျော့နည်းသွားလိမ့်မည်ဟု သူမ ယုံကြည်၏။

သူမသည် ကုအန်ကို သနားသော အကြည့်ဖြင့်သာ ကြည့်လိုက်၏။ စွန့်ပစ်ခံရခြင်းမှာ ကောင်းမွန်သော ခံစားမှု မဟုတ်ပေ။ မည်သို့ပင်ဆိုစေ ဤကလေးသည် သူမ၏ တပည့်ဖြစ်နေဆဲပင်။ အနာဂတ်တွင် သူ့အတွက် ကောင်းမွန်သော အဆုံးသတ်တစ်ခု ရရှိအောင် သူမ စီစဉ်ပေးမည် ဖြစ်သည်။

ပညာရှိ စု၏ အတွင်းစိတ်ကို ကြားလိုက်ရသဖြင့် ကုအန် ရယ်မောမိလုနီးပါး ဖြစ်သွားသော်လည်း သူသည် ထူးချွန်သော သရုပ်ဆောင်တစ်ဦး ဖြစ်သဖြင့် မိမိကိုယ်ကို ထိန်းချုပ်ထားနိုင်ခဲ့သည်။

ရှောင်လန်မှာမူ သူတို့၏ အတွေးများကို မသိရှိဘဲ ကျင့်ကြံသူတစ်ဦး၏ ဘဝကို စိတ်ကူးယဉ် အိပ်မက်မက်နေဆဲပင်။

ထိုနှစ်တွင် ရှောင်လန်သည် ချီသန့်စင်ခြင်းကို စတင် ကျင့်ကြံခဲ့၏။ ပညာရှိ စုသည် သူမကို ကျင့်ကြံခြင်းနည်းစနစ်များ သင်ကြားပေးရုံသာမက ဆေးလုံးများပါ ထောက်ပံ့ပေးသဖြင့် သူမ၏ ကျင့်ကြံမှု အရှိန်အဟုန်မှာ အလွန် လျင်မြန်ခဲ့သည်။

နောက်တစ်နှစ်တွင် ကုအန်က ရှောင်လန်ကို ဝိညာဉ်ဖြူဓား လက်ဆောင်ပေးခဲ့ရာ သူမ အလွန် ပျော်ရွှင်သွားခဲ့၏။

သူမ ကြီးပြင်းလာပြီး အချစ်ကို နားလည်စ ပြုလာပြီ ဖြစ်သည်။ ကုအန်အပေါ်ထားရှိသော သူမ၏ ခံစားချက်များမှာ လူ့လောကရှိ ဇနီးမောင်နှံများကဲ့သို့ ဖြစ်နေကြောင်း သူမ သဘောပေါက်လာခဲ့သည်။ ထိုအတွေး ဝင်လာတိုင်း သူမ၏ ပါးပြင်များ ရဲသွားပြီး ကုအန်ကို ခိုးကြည့်မိတတ်၏။ သူတို့နှစ်ဦးစလုံး ထိုအကြောင်းကို ဖွင့်မပြောကြဘဲ ဝေဝါးသော ရိုမန်းတစ် ခံစားချက်များကိုသာ ခံစားနေကြသည်။

ပညာရှိ စုသည် အတိအလင်း မတားမြစ်သော်လည်း ကုအန်နှင့် ရှောင်လန်ကို အချစ်ကြောင့် ဒုက္ခရောက်နေသော သေမျိုးများထံ မကြာခဏ ခေါ်သွားလေ့ရှိပြီး အချစ်ဆိုသည်မှာ စိတ်ချရသော အရာမဟုတ်ကြောင်း ရှောင်လန်ကို သိမြင်စေလိုသည်။

သို့သော် ရှောင်လန်မှာ မပြောင်းလဲသည့်အပြင် သူမ၏ အစ်ကိုကုသည် ထိုအမျိုးသားများနှင့် မတူညီသည့်အတွက် ကံကောင်းသည်ဟုပင် ခံစားနေရ၏။

မျက်စိတစ်မှိတ်အတွင်း နှစ်ပေါင်းငါးဆယ် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

ရှောင်လန်သည် နတ်ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး သက်တမ်း ၉၉၉၉ နှစ် ပိုင်ဆိုင်သော သူမ၏ ပါရမီမှာ အပြည့်အဝ ထင်ရှားလာခဲ့သည်။

ပညာရှိ စု၏ အဆိုအရ ရှောင်လန်သာ တာအိုခုံရုံးအတွင်း၌ ကျင့်ကြံခဲ့ပါက သူမ၏ တိုးတက်မှုမှာ ပိုမို လျင်မြန်လိမ့်မည်ဟု ဆိုသည်။

ကုအန်၏ အပေါ်ယံ ကျင့်ကြံမှုအဆင့်မှာ ရွှေအမြုတေအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဤအဆင့်သည် ထိုက်ချန်းတိုက်ကြီးတွင် ထူးခြားသော်လည်း ပညာရှိ စု၏ မျက်လုံးထဲတွင်မူ ပြောပလောက်စရာ မဟုတ်ပေ။

ထိုနှစ်ပေါင်းငါးဆယ်အတွင်း သူတို့သည် မင်းဆက် ၁၂ ဆက်သို့ သွားရောက်လည်ပတ်ခဲ့ပြီး ဒေသအသီးသီးမှ ဓလေ့ထုံးစံများကို လေ့လာခဲ့ကြသလို အခြားသော ကျင့်ကြံသူများ၊ မိစ္ဆာများနှင့် သရဲတစ္ဆေများကိုလည်း တွေ့ကြုံခဲ့ရသည်။

ရှောင်လန် ရင့်ကျက်လာပြီ ဖြစ်သည်။ သူမသည် ဆံပင်ကို ကျစ်ဆံမြီး မကျစ်တော့ဘဲ ကောင်းကင်ဘုံ သမီးတော်တစ်ပါး၏ ဟန်ပန် ပေါ်ပေါက်လာခဲ့၏။

သူမ၏ ကျင့်ကြံမှုအဆင့်က ကုအန်ထက် မည်မျှပင် မြင့်မားနေပါစေ၊ သူ့အပေါ်ထားရှိသော သူမ၏ သံယောဇဉ်မှာ လျော့နည်းမသွားသည့်အပြင် ပိုမို နက်ရှိုင်းလာခဲ့သည်။ ယခင်က ကုအန်က သူမကို စောင့်ရှောက်ပေးခဲ့သော်လည်း ယခုအခါတွင်မူ ပြောင်းပြန် ဖြစ်နေပြီ ဖြစ်သည်။

ကုအန် တိတ်ဆိတ်နေသည့်အခါတိုင်း သူမက စိတ်ဖိစီးနေသလားဟု စိုးရိမ်တကြီး မေးတတ်၏။ ဤအရာက ကုအန်ကို စိတ်ရှုပ်စေသလို ပညာရှိ စု၏ မကျေနပ်မှုကိုလည်း တိုးပွားစေ၏။

ရှောင်လန် ဘာကြောင့် ကုအန်ကို ဤမျှ သဘောကျနေရသနည်းဟု သူမ နားမလည်နိုင် ဖြစ်နေမိသည်။

ယခင်က ရှောင်လန်သည် အိမ်တော်မှ မထွက်ခွာဖူးသဖြင့် ကုအန်ထက် သာလွန်သော အမျိုးသားများနှင့် မတွေ့ဖူးသောကြောင့် ဖြစ်မည်ဟု သူမ နားလည်ပေးခဲ့သည်။

သို့သော် ယခုအခါ ကမ္ဘာအနှံ့ လှည့်လည်သွားလာပြီးပြီ ဖြစ်သော်လည်း ကုအန်ကို ပိုမို တွယ်တာနေဆဲဖြစ်သဖြင့် ပညာရှိ စုအတွက် လုံးဝ နားမလည်နိုင်စရာ ဖြစ်နေ၏။

အဆိုးရွားဆုံးမှာ သူမ ဝင်ရောက်စွက်ဖက်ရန် ပို၍ ခက်ခဲလာခြင်းပင်။

သူမသာ အတင်းအကျပ် ခွဲခွာခိုင်းပါက ရှောင်လန် သူမကို ပြန်လည်တော်လှန်လိမ့်မည်ဟု သူမ၏ ဗီဇက ပြောပြနေ၏။

ပူပြင်းသော နွေရာသီ နေ့တစ်နေ့တွင် သူတို့သုံးဦးသည် မြစ်ကြီးတစ်စင်း၏ ကမ်းပါးတစ်လျှောက် လမ်းလျှောက်နေကြသည်။ လှိုင်းလုံးများက ကမ်းပါးကို ရိုက်ခတ်နေပြီး ဇင်ယော်ဖြူများ ပျံသန်းနေသဖြင့် ခမ်းနားပြီး လွမ်းဆွတ်ဖွယ်ကောင်းသော ရှုခင်းကို ဖန်တီးထား၏။

"အစ်ကိုကု... ပူနေလား... ပြုစုပေးရမလား"

"အစ်ကိုကု... ပင်ပန်းနေပြီလား... နားဦးမလား"

"အစ်ကိုကု... ဟိုမှာကြည့်လိုက်... အဲဒီ မိစ္ဆာငှက်လေးက ချစ်စရာမကောင်းဘူးလား... ကြိုက်လား... ဖမ်းပေးရမလား"

မဆုံးနိုင်သော မေးခွန်းများကို နားထောင်ရင်း ပညာရှိ စုသာမက ကုအန်ပါ စိတ်ရှုပ်လာမိ၏။

"ငါက အနည်းဆုံးတော့ ရွှေအမြုတေအဆင့် ရောက်နေပြီလေ... ဘာလို့ နုနယ်တဲ့ စာပေပညာရှင်လေးလို ဆက်ဆံနေရတာလဲ..." ကုအန်က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး နတ်မိမယ်တစ်ပါးကဲ့သို့ လှပနေသော ရှောင်လန်သည် သူ၏ ဘေးတွင် ရပ်နေ၏။ သူ၏ စကားကို ကြားသောအခါ သူမက မျက်တောင်ခတ်ပြီး ရယ်မောလျက် တိုးညှင်းစွာ ပြောလိုက်သည်။

"အဲဒါက... မတတ်နိုင်ဘူးလေ"

အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် သူမသည် ကုအန်ကို အမြဲတမ်း တွေးတောနေမိပြီး တစ်ခါတစ်ရံ သူမဆရာ၏ စကားကိုပင် နားမထောင်နိုင်လောက်အောင် ဖြစ်နေတတ်သည်။

ကုအန်ကို ကြည့်နေရသရွေ့ သူမ ပျော်ရွှင်နေပြီး ကမ္ဘာပေါ်တွင် ကံအကောင်းဆုံး လူသားတစ်ယောက်ဟုပင် ခံစားနေရသည်။

စကားပြောနေရင်း သူမသည် ကုအန် ထွက်ပြေးသွားမည်ကို စိုးရိမ်သကဲ့သို့ သူ၏ လက်မောင်းကို ဖက်ထားလိုက်၏။

ကုအန်မှာ ကူကယ်ရာမဲ့ ဖြစ်နေသော်လည်း သူမ၏ လုပ်ရပ်များကြောင့် စိတ်လှုပ်ရှားမိသည်။ သူသည် ရှောင်လန်အပေါ် မည်သည့် ပြုစားမှုမှ မပြုလုပ်ခဲ့ချေ။ ဤသည်မှာ သံသရာကို ကျော်လွန်နေသော သံယောဇဉ်တစ်ခုသာ ဖြစ်ပေသည်။

ရဲလန်၏ သူ့အပေါ်ထားရှိသော အချစ်မှာ သံသရာအဆက်ဆက် ဖြတ်သန်းလာပြီးနောက် စွဲလမ်းမှုတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။

အခန်း ၆၁၄ လောကနံပါတ်တစ်

ပညာရှိ စုသည် သူမ၏ တပည့်မလေး ရှောင်လန်၏ အမူအရာကို မကြည့်ရက်တော့ပေ။ ရှောင်လန်၏ မျက်လုံးများမှာ ရှေ့ရှိ မြစ်ကြီးကို စူးစိုက်ကြည့်နေပြီး မျက်မှောင်အနည်းငယ် ကြုတ်ထားသည်။

သူမ၏ အဆင့်နှင့်ပင် သဲကွဲအောင် မခန့်မှန်းနိုင်သော မိစ္ဆာချီစွမ်းအင် အငွေ့အသက်ကို သူမ ခံစားလိုက်ရသည်။ ပြိုင်ဘက်၏ ကျင့်ကြံမှုအဆင့်မှာ သူမထက် ပိုမိုမြင့်မားလောက်သည်။

ရှောင်လန်သည် ကုအန်၏ အနားတွင် အချိန်အတန်ကြာအောင် ကပ်နေပြီးနောက်မှ မလိုချင်သလိုနှင့် ပညာရှိ စု၏ ဘေးသို့ ရောက်လာပြီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။

"ဆရာ... စောစောကတည်းက မျက်မှောင်ကြုတ်နေတာ... ဘာကို ကြည့်နေတာလဲဟင်"

ပညာရှိ စုက သူမကို လှည့်ကြည့်လိုက်သည်။

'အခုမှပဲ ငါ့ကို သတိရတော့သလား' ဟု တွေးနေမိ၏။

"ရှေ့က မြစ်ကြီးထဲမှာ မိစ္ဆာတစ်ကောင် ပုန်းနေသလိုပဲ... ငါတို့ လမ်းကြောင်းပြောင်းရင် ကောင်းမလားလို့ စဉ်းစားနေတာ" ပညာရှိ စုက တိုးညှင်းစွာ ပြန်ဖြေလိုက်သည်။

ရှောင်လန်၏ မျက်လုံးများ ချက်ချင်း တောက်ပလာပြီး မေးလိုက်၏။

"ဘယ်လို မိစ္ဆာလဲဟင်... အရင်တုန်းက ငါတို့တွေ့ခဲ့တဲ့ အဆုံးမဲ့ ရေနဂါးနဲ့ ယှဉ်ရင် ဘယ်ကောင်က ပိုသန်မာလဲ"

"ဒီမိစ္ဆာက မင်းရဲ့ဆရာထက် ပိုပြီး သန်မာလောက်တယ်..."

ပညာရှိ စုက ခေါင်းခါလိုက်သည်။ သူမသည် တပည့်မလေး၏ ရှေ့တွင် အားနည်းချက် ပြသရမည်ကို မကြောက်ပေ။

ထိုစကားကို ကြားသောအခါ ရှောင်လန်သည် အလိုအလျောက် ကုအန်ကို လှမ်းကြည့်လိုက်ပြီးနောက် ပညာရှိ စုဘက်သို့ ပြန်လှည့်ကာ မျက်မှောင်ကြုတ်လျက် ပြောလိုက်၏။

"ဒါဆိုရင်တော့ ငါတို့ လမ်းကြောင်းပြောင်းသင့်တယ်..."

ပညာရှိ စုသည် စိတ်သက်သာရာ ရသလိုလို၊ ကူကယ်ရာမဲ့ ဖြစ်သလိုလို ခံစားလိုက်ရသည်။

ရှောင်လန်က မဆင်မခြင် မလုပ်သည့်အတွက် စိတ်သက်သာရာ ရသော်လည်း ကိစ္စတိုင်းတွင် ကုအန်ကို အဓိကထား စဉ်းစားနေသည့်အတွက် ကူကယ်ရာမဲ့ ဖြစ်ရခြင်း ဖြစ်သည်။

ကုအန်၏ အကြည့်က အဝေးမှ မိစ္ဆာထံသို့ ရောက်ရှိသွားသည်။ မြစ်အောက်ပိုင်းတွင် အဆုံးအစမရှိသော သမုဒ္ဒရာနှင့် တူသည့် ကျယ်ပြောလှသော ရေကန်ကြီးတစ်ကန် ရှိနေပြီး ထိုနေရာတွင် မိစ္ဆာတစ်ကောင်နှင့် ကျင့်ကြံသူတစ်ဦးတို့ တိုက်ခိုက်နေကြသည်။ သူတို့သည် စစ်ခုံရုံး၏ အမွေအနှစ် ရတနာများကို လုယူနေကြခြင်း ဖြစ်သည်။

ထိုကျင့်ကြံသူသည် ချီဖုံးကွယ်ခြင်း နည်းစနစ်ကို ကျွမ်းကျင်သဖြင့် သူ၏ အရှိန်အဝါကို အနည်းငယ်မျှ ထုတ်ဖော်ပြသခြင်း မရှိချေ။ ထို့ကြောင့် တိုက်ပွဲမှာ မြေကြီးတုန်လှုပ်လောက်အောင် သိသာထင်ရှားခြင်း မရှိပေ။

မိစ္ဆာမှာလည်း ရတနာ၏ ချီစွမ်းအင်များ ပေါက်ကြားသွားမည်ကို စိုးရိမ်သဖြင့် သူ၏ မိစ္ဆာချီစွမ်းအင်များကို ထိန်းချုပ်ထားသော်လည်း အနည်းငယ်တော့ ပေါက်ကြားနေဆဲ ဖြစ်သည်။

သူတို့၏ တိုက်ခိုက်မှုကို ကြည့်ရင်း ကုအန် အကြံတစ်ခု ရသွားသည်။

ရှောင်လန်အတွက် ဘယ်လို တာအိုရတနာမျိုး သွန်းလုပ်ပေးရင် ကောင်းမလဲ။

ဆောင်းဦးရာသီ ရောက်သောအခါ တတိယဆေးတောင်ကြားသည် တဖြည်းဖြည်းနှင့် အဝါရောင် သမ်းလာခဲ့သည်။

ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်၏ အောက်တွင် လုံထန်သည် တရားထိုင်နေ၏။ သူ၏ ဝတ်ရုံမှာ လေထဲတွင် တဖျပ်ဖျပ် လှုပ်ခါနေပြီး ရွှေရောင်ချီစွမ်းအင်များသည် နဂါးချီများအဖြစ် သူ၏ ဘေးပတ်လည်တွင် လှည့်ပတ်နေသည်။

လုံချင်းသည် လူတစ်ယောက်ကို ခေါ်ဆောင်လျက် သူ့ထံသို့ လျှောက်လာသည်။ ထိုသူမှာ ထိုက်ချန်မင်းဆက်၏ ဧကရာဇ် လီရွှမ်တောက်ပင်။

ရွှေရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး နဂါးသရဖူကို ဆောင်းထားသော လီရွှမ်တောက်၏ ဧကရာဇ်အရှိန်အဝါမှာ ထင်ရှားပေါ်လွင်နေသဖြင့် လမ်းတစ်လျှောက်ရှိ ဆေးတောင်ကြား တပည့်များ၏ အကြည့်များကို ဆွဲဆောင်နိုင်ခဲ့သည်။

နိဗ္ဗာနအဆင့် ရောက်ရှိပြီးကတည်းက လီရွှမ်တောက်သည် သူ၏ လွှမ်းမိုးနိုင်စွမ်းကို အမှန်တကယ် ပြသခဲ့သည်။ နှစ်ပေါင်း နှစ်သောင်းကြာ အုပ်ချုပ်ခဲ့ပြီးနောက် သူသည် ထိုက်ချန်မင်းဆက် ပြည်သူများ၏ နှလုံးသားထဲတွင် နတ်ဘုရားတစ်ပါး ဖြစ်လာခဲ့၏။

သူနှင့် လုံချင်းတို့သည် ထိုက်ချန်တိုက်ကြီးတွင် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်နှစ်ဦး ဖြစ်ကြသည်။ သူတို့နှစ်ဦးကြားတွင် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ပါက ပရမ်းပတာ ဖြစ်လာနိုင်မည်ဟု လူအများက စိုးရိမ်ကြသော်လည်း သူတို့၏ ဆက်ဆံရေးမှာ အမြဲတမ်း ရင်းနှီးကျွမ်းဝင်နေခဲ့သည်။ ဤရင်းနှီးမှုကြောင့် အဓိပတိဂိုဏ်းနှင့် ထိုက်ချန်မင်းဆက်တို့သည် သဟဇာတဖြစ်စွာ ဆက်ဆံနိုင်ခဲ့ပြီး မည်သည့် ပဋိပက္ခကိုမဆို ဆွေးနွေးမှုဖြင့် ဖြေရှင်းနိုင်ခဲ့ကြသည်။

လုံထန်ကို မြင်လိုက်ရသည်နှင့် လီရွှမ်တောက်၏ မျက်လုံးများ တောက်ပသွားသည်။

သူ့တွင် ရဲရင့်သော ထင်မြင်ယူဆချက်တစ်ခု အမြဲ ရှိခဲ့သည်။ လျှို့ဝှက်ဆန်းကြယ်သော ပြင်ပကောင်းကင် အင်အားစုက ယခင်က လုံချင်းကို လိုက်ရှာခဲ့ပြီး စစ်နတ်ဘုရားဘိုးဘေးနဂါး ဓမ္မရုပ်သွင် ပေါ်ထွက်လာခြင်းက သူ၏ ယုံကြည်ချက်ကို ပိုမို ခိုင်မာစေခဲ့သည်။

လုံထန်ကို ပထမဆုံး မြင်တွေ့ရစဉ်က ကုအန်နှင့် တူသည်ဟု သူ ထင်မြင်ခဲ့သည်။

သူ၏ မျက်နှာအသွင်အပြင်မှာ ကုအန်ထက် ပိုမို စူးရှသော်လည်း မျက်နှာတည်ဆောက်ပုံမှာ အလွန် တူညီနေသည်။

လုံထန်၏ ရှေ့သို့ ရောက်သောအခါ လုံချင်းက ပြောလိုက်၏။

"ထန်အာ... ဒါက ထိုက်ချန်မင်းဆက်ရဲ့ ဧကရာဇ်မင်းမြတ်ပဲ... ငါ့ဆရာရဲ့ မိတ်ဆွေဟောင်းလေ... မြန်မြန် ဂါရဝပြုလိုက်"

ထိုစကားကို ကြားသောအခါ လုံထန်သည် ချက်ချင်း မတ်တတ်ထရပ်ပြီး လီရွှမ်တောက်ကို အရိုအသေပြုလိုက်သည်။

လီရွှမ်တောက်က ပြုံး၍ ပြောလိုက်၏။

"မင်းကို မြင်ရတာ ယန်ကျန့်နဲ့ ပထမဆုံး တွေ့တုန်းက အချိန်ကို သတိရစေတယ်..."

ယန်ကျန့်...

လုံထန် ထိုအမည်ကို ကြားဖူးပါသည်။ အဓိပတိဂိုဏ်း၏ ဒဏ္ဍာရီ၊ သူ့ဖခင်၏ စီနီယာအစ်ကို၊ ထိုက်ချန်မင်းဆက်အတွက် ကြီးမားသော အကျိုးပြုမှုများ ပြုလုပ်ပေးခဲ့သူ ဖြစ်သည်။ လက်ရှိအချိန်တွင် မင်းဆက်၏ အသန်မာဆုံး ပုဂ္ဂိုလ်လည်း ဖြစ်၏။

ကမ္ဘာဦးဘိုးဘေး မပေါ်လာမီက သူ အားကျခဲ့ရဆုံး ပုဂ္ဂိုလ်မှာ ယန်ကျန့် ဖြစ်၏။ ထိုက်ချန်တိုက်ကြီးတွင် အသက် ခြောက်နှစ်အထက် ရှိသူတိုင်း ယန်ကျန့်၏ ဇာတ်လမ်းများကို သိရှိကြပြီး အနောက်ရပ်သို့ ခရီးသွားခြင်း ဇာတ်လမ်းမှာ နေရာအနှံ့ ပျံ့နှံ့သကာ ဂန္တဝင်တပုဒ်ဖြစ်လာခဲ့သည်။ အချို့သော အကြောင်းအရာများမှာ တော်လှန်ရေးဆန်သော်လည်း မင်းဆက်များက တရားဝင် အသိအမှတ်ပြုထားကြသည်။

"အခုကစပြီး ငါ့နောက်ကို လိုက်ပါ... မင်းကို ငါ ဆိုးဆိုးရွားရွား ဆက်ဆံမှာ မဟုတ်ဘူး... မင်းကို နောက်ထပ် ယန်ကျန့်တစ်ယောက် ဖြစ်လာအောင်၊ ဒါမှမဟုတ် သူ့ထက်တောင် သာလွန်အောင် ငါ ကူညီပေးမယ်" လီရွှမ်တောက်က ရည်မှန်းချက်ကြီးမားစွာ ပြောလိုက်သည်။

ထိုစကားကို ကြားပြီးနောက် လုံထန်သည် ချက်ချင်း ပြန်မဖြေဘဲ လုံချင်းဘက်သို့ လှည့်ကြည့်လိုက်၏။

လုံချင်းက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"လုံမိသားစုကို အဓိပတိဂိုဏ်းနဲ့ သိပ်ပြီး နီးစပ်စေချင်တာ မဟုတ်ဘူး... ဧကရာဇ်မင်းမြတ်နောက်ကို လိုက်ပြီး အောင်မြင်မှုတွေ တည်ဆောက်တာက ကောင်းပါတယ်... မင်း ခြေကုတ်ရပြီဆိုရင် လုံမိသားစုကို ပြောင်းရွှေ့ပေးမယ်"

လုံထန်သည် လုံမျိုးနွယ်၏ ကံတရားကို ကြာမြင့်စွာကတည်းက သိရှိထားပြီးဖြစ်၍ သံသယမရှိပေ။ သူသည် လီရွှမ်တောက်ကို လက်သီးဆုပ်၍ အရိုအသေပြုကာ လက်ခံလိုက်သဖြင့် လီရွှမ်တောက် ပို၍ ဝမ်းသာသွားသည်။ သူ့ကို ဆွဲခေါ်ပြီး ထိုင်စေကာ အတိတ်အကြောင်းများ ပြောပြလေသည်။

လီရွှမ်တောက်က သူ့ဘိုးဘေး ကုအန်အကြောင်း ပြောပြသောအခါ လုံထန် စိတ်ဝင်စားသွား၏။

ယခုအချိန်တွင် သူ အသိချင်ဆုံးနှင့် အားကျဆုံးအရာမှာ ဘိုးဘေး ကုအန်သည် မည်သို့သော ပုဂ္ဂိုလ်မျိုးလဲဆိုသည်ပင် ဖြစ်သည်။

လီရွှမ်တောက်က ကုအန်နှင့် ပထမဆုံး ဆုံတွေ့ခဲ့ပုံမှ စတင်ပြောပြရာ ဘိုးဘေးက အစေခံတပည့်အဖြစ် ဟန်ဆောင်နေထိုင်ခဲ့ဖူးကြောင်း သိလိုက်ရသဖြင့် လုံထန် ပို၍ စိတ်ဝင်စားသွားသည်။

"နတ်ဘုရားရာထူးခန့်အပ်ခြင်း" နှင့် "အနောက်ရပ်သို့ ခရီးသွားခြင်း" ကဲ့သို့သော သမိုင်းဝင် စာပေများနှင့် အထွတ်အထိပ် အမတအရှင် ရေးသားခဲ့သော ကျမ်းစာများအားလုံးကို သူ့ဘိုးဘေး ရေးသားခဲ့ကြောင်း သိလိုက်ရသောအခါ လုံထန် မျက်လုံးများ ပြူးကျယ်သွား၏။ ထိုစာပေများကို တပည့်များ မဖြစ်မနေ ဖတ်ရှုရခြင်းနှင့် သမိုင်းအဖြစ် လေ့လာရခြင်းမှာ အကြောင်းမဲ့ မဟုတ်ပေ။

ယခု သူ ယုံကြည်သွားပြီ ဖြစ်သည်။ ၎င်းတို့မှာ ဘိုးဘေး ဖြတ်သန်းခဲ့ရသော စမ်းသပ်မှုများ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

လုံချင်းသည် လုံထန်၏ မျက်နှာအမူအရာများကို ကြည့်ရင်း ပြုံးနေ၏။

လုံမျိုးနွယ်နှင့် အဓိပတိဂိုဏ်းတို့၏ ဆက်ဆံရေးကို ဖြတ်တောက်ရန် စီစဉ်ထားသော်လည်း သူ၏ မျိုးဆက်များကို ကမ္ဘာဦးဘိုးဘေးနှင့် ဝေးကွာသွားစေရန် မလိုလားပေ။

ကမ္ဘာဦးဘိုးဘေးသာ မရှိပါက လုံမိသားစု ရှိလာမည် မဟုတ်ချေ။ ဤအချက်ကို ဘယ်တော့မှ မမေ့သင့်ပေ။

တစ်နာရီခန့် လျင်မြန်စွာ ကုန်ဆုံးသွားသည်။

လီရွှမ်တောက်က ဒူးပေါ်တွင် လက်ထောက်လျက် ရယ်မောကာ ပြောလိုက်၏။

"မင်းကို တာအိုခုံရုံးမှာ အချိန်အတိုင်းအတာတစ်ခုထိ လေ့ကျင့်စေချင်တယ်... ပြန်လာရင် မင်းကို မဟာဗိုလ်ချုပ်ကြီးအဖြစ် ခန့်အပ်မယ်... အဲဒီနောက်မှာ အရင်ကနဲ့ မတူတဲ့ ခေတ်သစ်တစ်ခု ဖြစ်လာလိမ့်မယ်... ငါတို့က မင်းဆက်တွေ အားလုံးကို သိမ်းပိုက်ပြီး စည်းလုံးညီညွတ်တဲ့ အင်ပါယာတစ်ခု တည်ထောင်ပြီး သာမန်ပြည်သူတွေအတွက် ကောင်းမှုတွေ ပြုကြမယ်... ဒီအတွက် ငါ မင်းကို လိုအပ်တယ်... ဒါက ရှည်လျားပြီး ခက်ခဲတဲ့ တာဝန်တစ်ခု ဖြစ်လိမ့်မယ်... မင်း တိုက်ပွဲပေါင်းများစွာကို ရင်ဆိုင်ရလိမ့်မယ်"

ထိုစကားကို ကြားသောအခါ လုံထန်၏ မျက်လုံးများတွင် စိတ်အားထက်သန်မှုများ တောက်လောင်လာပြီး အသက်ရှူသံများပင် မြန်ဆန်လာ၏။

"တာအိုခုံရုံးက တကယ်ပဲ အဲဒီလောက် ကောင်းလို့လား..." လုံထန်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"ဒီနေ့ခေတ် ကမ္ဘာမှာတော့ တာအိုခုံရုံးကို ထိပ်တန်းလို့ သတ်မှတ်လို့ရတယ်... တကယ်လို့ မင်းရဲ့ ဘိုးဘေးသာ အဓိပတိဂိုဏ်းမှာ ရှိနေသေးရင် တာအိုခုံရုံးက သူ့ဖိနပ်ကိုကိုင်စီးဖို့တောင် မထိုက်တန်ပါဘူး... ငါ အားလုံး စီစဉ်ပြီးပါပြီ... ရောက်သွားရင် မင်း ကျင့်ကြံဖို့ပဲ လိုတယ်... မင်းအတွက် အရာအားလုံးကို စီစဉ်ပေးဖို့ လူတစ်ယောက် ထည့်ပေးလိုက်မယ်"

"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး..."

လုံထန်က စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်၏ လီရွှမ်တောက်အပေါ် သူ၏ လေးစားမှုများ တိုးပွားလာသည်။

လုံချင်းအတွက်မူ ဤသည်မှာ လီရွှမ်တောက်၏ ဆွဲဆောင်မှုရှိသော ပင်ကိုယ်စရိုက်ကို ပထမဆုံးအကြိမ် အမှန်တကယ် ခံစားလိုက်ရခြင်း ဖြစ်သည်။ အစ်ကိုယန်ကျန့်က သူ့ကို နှစ်ပေါင်းများစွာ လိုလိုလားလား အမှုထမ်းနေခြင်းမှာ မဆန်းတော့ပေ။

ဧကရာဇ်အာဏာစက်ကို အမှုထမ်းခြင်းက အလွန်ကောင်းသည်။ ဆိုလိုသည်မှာ လုံမိသားစု မည်မျှပင် အစွမ်းထက်လာစေကာမူ သူတို့၏ အထက်တွင် တစ်စုံတစ်ယောက် အမြဲ ရှိနေဦးမည် ဖြစ်သည်။

လုံချင်းသည် လီရွှမ်တောက်နှင့် လုံထန်ကို ကြည့်ရင်း ထိုသို့ တွေးလိုက်မိ၏။ နောင်လာမည့် နှစ်များတွင် လုံထိန်၏ စွမ်းဆောင်ရည်ကို သူ မျှော်လင့်စောင့်စားနေမိသည်။

ရှောင်လန် ရှောင်အိမ်တော်မှ ထွက်ခွာခဲ့သည်မှာ နှစ်ပေါင်း ၈၀ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ပညာရှိ စုသည် နောက်ဆုံးတွင် တာအိုခုံရုံးသို့ ပြန်ရန် ပြင်ဆင်လိုက်၏။ မထွက်ခွာမီ ရှောင်လန်က ရှောင်အိမ်တော်သို့ နောက်ဆုံးအကြိမ် ပြန်လည်လည်ပတ်လိုသဖြင့် ပညာရှိ စုက သဘောတူလိုက်သည်။

ယခုတစ်ကြိမ်တွင် ပညာရှိ စုသည် ခြေလျင်ခရီး မနှင်တော့ဘဲ ကျင့်စဉ်အစွမ်းကို တိုက်ရိုက်အသုံးပြုကာ ရှောင်လန်နှင့် ကုအန်ကို ခေါ်ဆောင်သွားသဖြင့် နာရီဝက်အတွင်း ရှောင်အိမ်တော်သို့ ပြန်ရောက်သွားခဲ့သည်။

သူတို့သုံးဦးသည် နှစ်ရက်ကြာ နေထိုင်ပြီးနောက် ပြန်လည်ထွက်ခွာခဲ့ကြသည်။ မထွက်ခွာမီ ရှောင်လန်သည် ရှောင်အိမ်တော် တိုးတက်ကြီးပွားစေရန်အတွက် ကျင့်ကြံခြင်း အထောက်အပံ့များစွာ ထားရစ်ခဲ့၏။ ဤအထောက်အပံ့ အများစုမှာ ပညာရှိ စုထံမှ လာခြင်း ဖြစ်သည်။

ပညာရှိ စုသည် ရှောင်လန်၏ ရည်ရွယ်ချက်ကို ကောင်းစွာ နားလည်သည်။ လူတစ်ယောက် အမတဖြစ်သွားပါက တစ်မိသားစုလုံး ကောင်းကင်ဘုံသို့ ရောက်ရှိသွားသည်မှာ ပုံမှန်ပင် ဖြစ်၏။

သူမသည်လည်း ရှောင်လန်ကို မည်သည့်စိုးရိမ်ပူပန်မှုမှ မရှိဘဲ ကျင့်ကြံစေလိုသည်။

သူတို့သုံးဦးသည် တိမ်တိုက်များကို စီးနင်းလျက် တာအိုခုံရုံးဆီသို့ ဦးတည်သွားကြသည်။

တာအိုခုံရုံးနှင့် နီးကပ်လာသောအခါ ပညာရှိ စုသည် ရှောင်လန်ကို လှည့်ကြည့်ပြီး တစ်ခုခု ပြောချင်သော်လည်း ရှောင်လန်က ကုအန်၏ လက်မောင်းကို တင်းတင်းကျပ်ကျပ် ဖက်ထားသည်ကို မြင်လိုက်ရသဖြင့် ပြောမည့်စကားများကို မျိုချလိုက်ရသည်။

ထားလိုက်ပါတော့...ဒီကောင်မလေးက ကျင့်ကြံတာကို လစ်ဟင်းနေတာမှ မဟုတ်တာ။

ကုအန်အပေါ်ထားတဲ့ ခံစားချက်တွေ မှေးမှိန်သွားရင် အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားမှာပါ။

ကုအန်သည်လည်း တာအိုခုံရုံးကို စိတ်ဝင်စားနေမိ၏။

အဘယ်ကြောင့်ဆိုသော် မိတ်ဆွေဟောင်းများစွာ ၎င်း၏ အဖွဲ့ဝင်များ ဖြစ်နေကြသောကြောင့်ပင်။

ပြီးခဲ့သော ပြင်ပကောင်းကင်မှ အန္တရာယ်တွင် တာအိုခုံရုံးသည် ကမ္ဘာ့နံပါတ်တစ် ဂိုဏ်းနှင့် ထိုက်တန်သော တာဝန်ယူမှုနှင့် ရည်မှန်းချက်ကို ပြသခဲ့သည်။ ထိုတိုက်ပွဲပြီးနောက် သူတို့၏ ဂုဏ်သတင်းမှာ မြင့်တက်လာခဲ့ပြီး ဂိုဏ်းများစွာက တာအိုခုံရုံးသည် သူတို့ကို ဦးဆောင်ရန် ထိုက်တန်ကြောင်း၊ မဟာမိတ်ခေါင်းဆောင် ရာထူးနှင့် ထိုက်တန်ကြောင်း ယုံကြည်လာကြသည်။

တာအိုခုံရုံးသည်လည်း ကပ်စေးမနှဲပေ။ သူတို့သည် အခြားဂိုဏ်းများကို လက်အောက်ခံအဖြစ် မသတ်မှတ်ဘဲ မဟာမိတ်ဖွဲ့ရန်သာ တောင်းဆိုခဲ့သည်။ မဟာမိတ်တစ်ဖွဲ့ချင်းစီအတွက် တာအိုကျင့်စဉ်များကို ကျင့်ကြံရန် အခွင့်အရေးများ ပေးအပ်ခဲ့၏။

အခြားဂိုဏ်းများမှ တပည့်များ လေ့ကျင့်မှုပြီးဆုံး၍ ပြန်ရောက်လာသောအခါ တာအိုခုံရုံး၏ ဂုဏ်သတင်းမှာ ပိုမို ကြီးထွားလာခဲ့သည်။

ရှောင်လန်သည်လည်း တာအိုခုံရုံးကို မျှော်လင့်စောင့်စားနေသည်။ သူမသည် ကုအန်ကို သူမ၏ ကျင့်ကြံခြင်းဂူတွင် နေထိုင်စေလိုကြောင်း ပြောကြားခဲ့၏။ ပညာရှိ စု၏ ပြောကြားချက်အရ သူမ၏ ပါရမီကြောင့် သူမသည် အဆင့်မြင့် ဆက်ဆံမှုကို ရရှိမည်ဖြစ်ပြီး သူမ၏ ကျင့်ကြံခြင်းဂူတွင် ဝိညာဉ်စွမ်းအင်များ ကြွယ်ဝနေမည် ဖြစ်သည်။

သူမ၏ မျှော်လင့်ချက်ကို မြင်သောအခါ ကုအန်က သဘောတူလိုက်သဖြင့် ပညာရှိ စုမှာ ခေါင်းခါလိုက်ရုံမှတစ်ပါး ဘာမှမပြောတော့ချေ။

မကြာမီမှာပင် တာအိုခုံရုံး၏ ခမ်းနားသော မြင်ကွင်းက သူတို့၏ ရှေ့တွင် ပေါ်လာသည်။

တာအိုခုံရုံးသည် တိုက်ကြီးတစ်ခုလုံးကို နေရာယူထားပြီး ထိုတိုက်ကြီး၏ အထက်တွင် တိမ်ပင်လယ်အလွှာတစ်ခု ဖြစ်ပေါ်နေသည်။ ဤတိမ်ပင်လယ်ပေါ်တွင် နယ်မြေများနှင့် မြို့တော်များကို တည်ဆောက်ထားပြီး ကျင့်ကြံမှုအဆင့် မြင့်မားလေလေ နေထိုင်ရာနေရာ ပိုမို မြင့်မားလေလေ ဖြစ်သည်။ တိုက်ကြီးပေါ်သို့ ခြေမချမီမှာပင် ၎င်း၏ ခမ်းနားသော ကံတရားအရှိန်အဝါကို ခံစားနိုင်ပြီး ယခင် အမတမင်းဆက်နှင့် မြင့်မြတ်ခုံရုံးတို့ပင် ယှဉ်နိုင်ခြင်း မရှိချေ။

ကုအန်သည် မြင့်မြတ်အရှင်သခင်နှင့် အခြားသော မြင့်မြတ်ခုံရုံး အဆင့်မြင့်အရာရှိများ၏ အရှိန်အဝါကို အာရုံခံမိလိုက်သည်။ တာအိုခုံရုံး လျင်မြန်စွာ ကြီးထွားလာခြင်းမှာ မြင့်မြတ်ခုံရုံးနှင့် အမတမင်းဆက် အဖွဲ့ဝင်ဟောင်းများ၏ ပါဝင်ပတ်သက်မှုနှင့် များစွာ သက်ဆိုင်နေခဲ့သည်။

တိတိကျကျ ပြောရလျှင် တာအိုခုံရုံးသည် ပြန်လည်ဖွဲ့စည်းခြင်း မပြုမီက မဟာကမ္ဘာတစ်ထောင်၏ အုပ်စိုးသူဟောင်းများ ပေါင်းစပ်ထားခြင်းဖြစ်ပြီး အဖွဲ့အစည်းများ ရှုပ်ထွေးစွာ ယှက်နွှယ်နေသည်။ ထို့ကြောင့် တာအိုခုံရုံးသည် အခြားဂိုဏ်းများကို သိမ်းပိုက်ခြင်း မပြုဘဲ မဟာမိတ်ဖွဲ့ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ သူတို့၏ အဓိကမှာလည်း ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ပင် ဖြစ်ပေသည်။

All Chapters