အခန်း (၆၁၇-၆၁၈)
Vol. 50 Ch. 617-618
အခန်း ၆၁၇ တာအိုခုံရုံး၏ ထောက်ပံ့မှု
လုံထန်သည် သူ့ရှေ့မှ ကုအန်ကို ကြည့်ရင်း အိပ်မက်တစ်ခု မက်နေသကဲ့သို့ ခံစားလိုက်ရသည်။
ကောင်းကင်ဖာထေး စင်မြင့်ပေါ်တွင် ကောင်းကင်ထောက်ပံ့သူ ဘိုးဘေးကို လက်တစ်ဖက်တည်းဖြင့် ဖိနှိမ်ခဲ့သော ကုအန်၏ ပုံရိပ်မှာ ယနေ့အထိ သူ၏ စိတ်ထဲတွင် ထင်ရှားနေဆဲပင်။
အစွမ်းထက်သော တန်ခိုးရှင်များစွာကို မြင်တွေ့ခဲ့ရဖူးသော်လည်း ကုအန်ကို သူ မည်သည့်အခါမျှ မေ့ပျောက်နိုင်မည် မဟုတ်ချေ။
ထို့အပြင် ဖခင်ဖြစ်သူ ဆင့်ခေါ်ခဲ့သော ဓမ္မရုပ်သွင်မှာလည်း ကုအန်နှင့် အလွန် တူညီနေသဖြင့် ဖခင်က ထုတ်မပြောသော်လည်း သူ့စိတ်ထဲတွင် ခန့်မှန်းမိနေခဲ့သည်။
ကုအန်သည် စိတ်လှုပ်ရှားနေသော လုံထန်ကို ကြည့်ပြီး ပြုံးလျက် မေးလိုက်၏။
"အလျင်မလိုဘူးဆိုရင် ထိုင်စကားပြောရအောင်..."
လုံထန် မြို့ထဲမှ ထွက်သွားသည်နှင့် ပြဿနာများ ဝိုင်းရံလာတော့မည် ဖြစ်သည်။
လုံထန်က ကမန်းကတန်း ပြန်ဖြေလိုက်သည်။
"အလျင်မလိုပါဘူး..."
သူသည် ဘိုးဘေးကို မည်သို့ ရင်ဆိုင်ရမည်မသိဘဲ ဖြစ်နေ၏။
အပြာရောင်ဝတ် အမျိုးသားမှာလည်း အံ့အားသင့်နေသည်။ လုံထန် ဤကဲ့သို့ စိတ်လှုပ်ရှားနေသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ပြီး ကုအန်ကို လျှော့တွက်ရဲခြင်း မရှိဘဲ တိတ်တဆိတ် ဦးညွှတ်လိုက်သည်။
ထို့နောက် သူတို့သုံးဦးသည် တာအိုမြို့တော်ထဲသို့ ဝင်ရောက်သွားကြသည်။ မြို့ထဲတွင် ထိုင်စကားပြောရန် နေရာများစွာ ရှိ၏။
နောက်ဆုံးတွင် သူတို့သည် တည်းခိုခန်းတစ်ခုကို ရှာတွေ့ခဲ့ပြီး စတုတ္ထထပ်ရှိ ပြတင်းပေါက်ဘေးတွင် ဝင်ထိုင်လိုက်ကြသည်။ လုံထန်သည် ဝိုင်နှင့် ဟင်းပွဲအချို့ကို မှာယူပြီးနောက် ကုအန်ကို မျှော်လင့်တကြီး ကြည့်လိုက်သည်။
ဘိုးဘေးက သူ့ကို ရှာဖို့သက်သက် တာအိုခုံရုံးကို ရောက်လာတာတော့ မဟုတ်လောက်ဘူးမလား။
ဟုတ်မဟုတ် သူ့အတွက်တော့ ဘိုးဘေးက သူ့ဆီက တစ်ခုခု လိုချင်လို့ ရောက်လာတာ ဖြစ်ရမယ်။
သူသည် ကိုယ့်ကိုယ်ကိုယ် သိသည်။ ဘိုးဘေးကို အများကြီး ကူညီပေးနိုင်မည် မဟုတ်သော်လည်း သူ၏ ပါရမီကြောင့် ဘိုးဘေး၏ အာရုံစိုက်မှုကို ရရှိခဲ့သည်ဟု ယူဆလိုက်၏။
ကုအန်သည် လုံထန်နှင့် စကားစမြည် ပြောဆိုပြီး နှစ်များတစ်လျှောက် ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများကို မေးမြန်းရာ လုံထန်က တစ်ခုမကျန် ပြန်လည်ဖြေကြားခဲ့သည်။
လုံထိန်၏ အမူအရာကြောင့် အပြာရောင်ဝတ် အမျိုးသားမှာ ကုအန်အပေါ် ပိုမို စိတ်ဝင်စားလာပြီး အခွင့်အရေး ရသည်နှင့် မနေနိုင်ဘဲ မေးလိုက်၏။
"စီနီယာ... လုံထန်နဲ့ ဘယ်လို ပတ်သက်တာလဲခင်ဗျ..."
ကုအန်က ပြုံးပြီးပြန်ဖြေ၏။ "သူက ငါ့ရဲ့ မျိုးဆက်ပါ"
ထိုစကားကို ကြားသောအခါ အပြာရောင်ဝတ် အမျိုးသား သဘောပေါက်သွားသော်လည်း စိတ်ထဲတွင် တွေးနေမိသည်။ အဓိပတိဂိုဏ်းချုပ်က လုံမိသားစုရဲ့ အသန်မာဆုံး မဟုတ်ဘူးလား။
ဂိုဏ်းချုပ်က လုံထိန်ရဲ့ အဖေလေ... သူ့ထက် ပိုသန်မာတဲ့ ဘိုးဘေး ရှိသေးတာလား...
လုံထန် မျက်လုံးများ ပြူးကျယ်သွားပြီး အလွန် စိတ်လှုပ်ရှားသွားခဲ့သည်။
ဟုတ်တယ်။ ဘိုးဘေးက တကယ်ပဲ သူ့ရဲ့ ဘိုးဘေးစစ်စစ် ဖြစ်နေတာပဲ။
ဘိုးဘေးက သူတို့ရဲ့ ဆက်နွယ်မှုကို အသိအမှတ်ပြုလိုက်ခြင်းက လုံထိန်ကို အလွန်အမင်း စိတ်လှုပ်ရှားစေပြီး အိပ်မက်မက်နေသကဲ့သို့ ခံစားရစေသည်။
ကုအန်က အပြာရောင်ဝတ် အမျိုးသားဘက်သို့ လှည့်ကြည့်ပြီး ပြုံးကာ ပြောလိုက်၏။
"ဒီနေ့ တွေ့ဆုံတာကို လျှို့ဝှက်ထားပေးပါ... ပြီးတော့ အရှင်မင်းကြီးကိုလည်း မပြောပါနဲ့..."
"ခင်ဗျားက အရှင်မင်းကြီးကို သိတာလား..." အပြာရောင်ဝတ် အမျိုးသားက အံ့အားသင့်စွာ မေးလိုက်သည်။
ကုအန်က ခွက်ကို ကောက်ယူလိုက်ပြီး "ငါ သူ့ကို သိတာ နှစ်ပေါင်း ၂၀၀၀၀ ကျော်ပြီ... ငါ့နာမည်က ကုအန်ပါ... မင်း ကြားဖူးချင်မှ ကြားဖူးပါလိမ့်မယ်"
"ကုအန်... ဘာ... ခင်ဗျားက ကုအန်လား..."
အပြာရောင်ဝတ် အမျိုးသား ရုတ်တရက် မတ်တတ်ထရပ်လိုက်ပြီး လုံထန်ထက်ပင် ပိုမို စိတ်လှုပ်ရှားသွားသည်။ မေးပြီးမှ နောင်တရသွားကာ ဘေးဘီဝဲယာကို အလိုအလျောက် ကြည့်လိုက်ရာ အခြားသူများက ဂရုမစိုက်သည်ကို တွေ့မှ သက်ပြင်းချနိုင်တော့သည်။
သူ ပြန်ထိုင်လိုက်ပြီး ကုအန်ကို လေးစားစွာ လက်အုပ်ချီလိုက်ရာ သူ၏ လက်များ တုန်ရီနေ၏။
ကုအန်က ပြုံး၍ ပြောလိုက်သည်။
"ဒီလို ယဉ်ကျေးနေစရာ မလိုပါဘူး... ငါက လူ့လောကရဲ့ ဓလေ့ထုံးတမ်းတွေကို ဂရုမစိုက်ပါဘူး..."
"ဆရာသခင်ဓားအရှင် စိတ်ချပါ... ကျွန်တော် ဘယ်သူ့ကိုမှ ပြန်မပြောပါဘူး"
စိတ်လှုပ်ရှားနေသော အပြာရောင်ဝတ် အမျိုးသားက ပြောလိုက်သည်။ သူ၏ အမည်မှာ လီယုဖြစ်ပြီး နန်းတွင်းမိသားစုမှ မျိုးဆက်တစ်ဦး ဖြစ်သည်။ လီရွှမ်တောက်၏ တိုက်ရိုက်မျိုးဆက် မဟုတ်သော်လည်း လီရွှမ်တောက်က သူ့ကို အထင်ကြီးလေးစားသဖြင့် လီရွှမ်တောက်နှင့် ဆရာသခင်ဓားအရှင်တို့၏ အတိတ်ဇာတ်ကြောင်းကို သိရှိထားသူ ဖြစ်သည်။
လုံထန်သည်လည်း ကတိပေးလိုက်ပြီး ကုအန် ပျောက်ကွယ်သွားမည်ကို စိုးရိမ်သကဲ့သို့ မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေမိ၏။
ကုအန်သည် ဝိုင်ကို တစ်ကျိုက်တည်း မော့သောက်လိုက်ပြီး ဆက်ပြောလိုက်သည်။
"တွေ့ဆုံတယ်ဆိုတာ ရေစက်ပါလို့ပဲ... မင်းတို့နှစ်ယောက်လုံးကို ဉာဏ်အလင်းပွင့်အောင် ကူညီပေးမယ်"
လုံထန်နှင့် လီယု စကားမပြောနိုင်မီ ကုအန်က ခွက်ကို ချလိုက်ရာ စွမ်းအားကြီးမားသော တာအိုဆန္ဒတစ်ခုက သူတို့နှစ်ဦးကို လွှမ်းခြုံသွားပြီး ဈာန်ဝင်စားသွားစေသည်။
ကုအန်၏ အကြည့်က ပြတင်းပေါက်အပြင်ဘက်သို့ ရောက်ရှိသွားပြီး ခမ်းနားထည်ဝါသော တာအိုမြို့တော်ကို ကြည့်ရှုလိုက်သည်။
တာအိုခုံရုံးသည် အမှန်တကယ်ပင် ထူးခြားလှသည်ဟု ဆိုရပေမည်။ နှစ်ပေါင်း ၂၀၀၀၀ အတွင်း ရှေးဟောင်း မြင့်မြတ်ခုံရုံးထက် ပိုမိုခိုင်မာသော အခြေခံအုတ်မြစ်ကို တည်ဆောက်နိုင်ခဲ့သည် မဟုတ်ပါလား။
နောင်လာမည့် ကာလများစွာတိုင်အောင် တာအိုခုံရုံးသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေဦးမည် ဖြစ်သည်။
လီယ ကောင်းကင်စိတ်ဝိညာဉ် မဟာကမ္ဘာ၏ အသန်မာဆုံး ဖြစ်လာမှသာ တာအိုခုံရုံးမှာ အတိတ်တစ်ခု ဖြစ်လာပေလိမည်။
သို့သော် ထိုအချိန်ရောက်ရန် အများကြီး လိုပါသေးသည်။
အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွား၏။
အချိန်အတန်ကြာပြီးနောက် လုံထန် နိုးလာသောအခါ လီယုမှာ ငေးငိုင်စွာ ထိုင်နေဆဲဖြစ်ပြီး တည်းခိုခန်းဝန်ထမ်းက စားပွဲနားတွင် ရပ်လျက် စိုးရိမ်တကြီး ကြည့်နေသည်ကို တွေ့လိုက်ရ၏။
လုံထိန် အမြန် ပြောလိုက်သည်။
"ငါတို့ အဆင်ပြေပါတယ်... မင်း သွားလို့ ရပြီ..."
ဝန်ထမ်းက သံသယဖြစ်နေသော်လည်း လုံထန် ပစ်ပေးလိုက်သော ဝိညာဉ်ကျောက်တုံးအိတ်ကို ဖမ်းယူပြီး ဦးညွှတ်ကာ ထွက်ခွာသွားသည်။
လုံထန် ပြတင်းပေါက် အပြင်ဘက်သို့ ကြည့်လိုက်ပြီး စိတ်အာရုံဖြင့် ရှာဖွေကြည့်သော်လည်း ကုအန်ကို ရှာမတွေ့တော့ချေ။
သို့သော် အမွေအနှစ်မှတ်ဉာဏ်တစ်ခု သူ၏ စိတ်ထဲသို့ ဝင်ရောက်လာ၏။
"ကောင်းကင်နဂါး ပြန်လည်ဝင်စားခြင်း ဓမ္မရုပ်သွင်..."
လုံထိန်၏ မျက်လုံးများ စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာပြီး ကုအန်ကို ကျေးဇူးတင်လိုက်မိသည်။
သူ့ဖခင်၏ ကောင်းကင်နဂါး ဓမ္မရုပ်သွင်နှင့် မတူသည်မှာ ဤနည်းစနစ်သည် သူ၏ ဝင်စားခြင်းကိုယ်ခန္ဓာကို ဆင့်ခေါ်နိုင်ပြီး မည်သည့် ပေးဆပ်မှုမှ ပြုလုပ်ရန် မလိုအပ်ပေ။ ဤသည်က သူ၏ အနာဂတ် ကျင့်ကြံခြင်းအတွက် ရှင်းလင်းသော လမ်းညွှန်မှုကို ပေးစွမ်းလိုက်ခြင်း ဖြစ်သည်။
ပြန်လည်မွေးဖွားခြင်းလမ်းစဉ်...
ဘဝပေါင်း ရာချီ၊ ထောင်ချီ စစ်တိုက်ပြီး အသန်မာဆုံး ဓမ္မရုပ်သွင်ကို စုစည်းရမည်။
သူ့ဖခင် ဆင့်ခေါ်ခဲ့သော စစ်နတ်ဘုရားဘိုးဘေးနဂါးဓမ္မရုပ်သွင်ကို တွေးမိသောအခါ လုံထိန်၏ နှလုံးသားမှာ စိတ်အားထက်သန်မှုများဖြင့် လောင်ကျွမ်းလာတော့သည်။
ထိုအချိန်တွင် လီယုလည်း သတိပြန်ဝင်လာသည်။ ခေတ္တမျှ အံ့အားသင့်နေပြီးနောက် သူက လုံထန်ကို စိတ်လှုပ်ရှားစွာ ကြည့်ပြီး ပြောလိုက်၏။
"လုံထန်... ငါ ဆရာသခင်ဓားအရှင်ရဲ့ အမွေအနှစ်ကို ရလိုက်ပြီ... နတ်ဘုရား ၇ ပါး ရွှေကိုယ်ခန္ဓာတဲ့... မင်း အဲဒီနည်းစနစ်ကို ကြားဖူးလား..."
လုံထန် ခေါင်းခါလိုက်ပြီး "ဘိုးဘေး ပေးတာဆိုတော့ ထူးခြားတဲ့ အမွေအနှစ် ဖြစ်မှာပါ... ငါ ရလိုက်တာကတော့ တခြား နတ်ဘုရားစွမ်းရည် တစ်မျိုးပဲ"
"ဟုတ်တယ်... ဒီ နတ်ဘုရား ၇ ပါး ရွှေကိုယ်ခန္ဓာက တကယ်ကို လွှမ်းမိုးနိုင်စွမ်း ရှိတယ်... ငါသာ ဒါကို ပြီးပြည့်စုံအောင် ကျင့်ကြံနိုင်ရင် ကောင်းကင်ပါရမီရှင်တွေကို ယှဉ်ပြိုင်နိုင်လောက်တယ်" လီယုက ပျော်ရွှင်မှုကို ထိန်းချုပ်ရင်း ဝိုင်တစ်ခွက် မော့သောက်ကာ ပြောလိုက်သည်။
လုံထန် ပြန်မပြောတော့ဘဲ ပြတင်းပေါက် အပြင်ဘက်သို့ ပြန်ကြည့်လိုက်၏။
ဘိုးဘေးက ဘာလို့ တာအိုခုံရုံးမှာ ပေါ်လာတာလဲဆိုတာ သူ သိချင်နေမိသည်။
တာအိုခုံရုံးရဲ့ နောက်ကွယ်မှာ ဘိုးဘေး ရှိနေတာများလား။
တာအိုခုံရုံး လျင်မြန်စွာ ကြီးထွားလာခြင်းမှာ ကောင်းကင်စိတ်ဝိညာဉ် မဟာကမ္ဘာရှိ သက်ရှိအားလုံးအတွက် ပဟေဠိတစ်ခု ဖြစ်နေခဲ့သည်။
အကယ်၍ ဘိုးဘေးသာ ဖြစ်မည်ဆိုလျှင် အဓိပ္ပာယ် ရှိပေသည်။
လီယုကမူ နတ်ဘုရား ၇ ပါး ရွှေကိုယ်ခန္ဓာအကြောင်း ဆက်လက် ပြောဆိုနေပြီး လုံထန် ပြန်မပြောသည့်တိုင် စကားမစဲအောင် ပြောနေတော့၏။
အခြားတစ်နေရာတွင် ကုအန်သည် ရှောင်လန်နှင့် တွေ့ဆုံပြီး ကျင့်ကြံခြင်းဂူသို့ အတူတကွ ပြန်လာနေကြသည်။
လမ်းခရီးတွင် ရှောင်လန်က ဂိုဏ်းချုပ်၏ ချီးကျူးမှုကို ခံရကြောင်း ပြောပြပြီး သူမ၏ ကျင့်ကြံခြင်းဂူကို မကြာမီ ပြောင်းရွှေ့ရတော့မည် ဖြစ်ကြောင်း၊ ကုအန်ကိုလည်း ခေါ်သွားမည်ဖြစ်ကြောင်း ပြောပြခဲ့သည်။
တာအိုခုံရုံးသည် ကောင်းကင်ပါရမီရှင်များကို ပင်မသွေးကြောများသို့ လူအနည်းငယ် ခေါ်ဆောင်ခွင့် ပြုထားသည်။
ကုအန်က ကန့်ကွက်ခြင်း မရှိဘဲ သူမ၏ စိတ်လှုပ်ရှားစွာ ပြောဆိုမှုများကိုသာ နားထောင်နေခဲ့သည်။ လများ လျင်မြန်စွာ ကုန်ဆုံးသွားသည်။
တစ်နေ့တွင် ကုအန်နှင့် ရှောင်လန်တို့သည် အဓိကတပည့်တစ်ဦး၏ ဦးဆောင်မှုဖြင့် ကျင့်ကြံခြင်းဂူအသစ်သို့ ရောက်ရှိလာကြ၏။
ထိုတပည့် ထွက်ခွာသွားပြီးနောက် ရှောင်လန်သည် သူမ ရှေ့မှ ကမ္ဘာငယ်လေးကို ကြည့်ပြီး စိတ်လှုပ်ရှားနေသည်။
ဤကမ္ဘာငယ်လေးသည် မိုင်တစ်သိန်းခန့် ကျယ်ဝန်းပြီး ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေကာ ရှောင်လန်တစ်ယောက်တည်း ပိုင်ဆိုင်ခြင်း ဖြစ်သည်။
"လန်အာ..."
ကုအန် ရုတ်တရက် ခေါ်လိုက်သည်။ ရှောင်လန် လှည့်ကြည့်လိုက်ရာ ဓားတစ်ချောင်း သူမထံသို့ ပျံသန်းလာသဖြင့် အလိုအလျောက် ဖမ်းယူလိုက်၏။ ကြည့်လိုက်သောအခါ ကုအန် အမြဲ ကိုင်ဆောင်ထားသော ဝိညာဉ်ဖြူဓား ဖြစ်နေကြောင်း တွေ့လိုက်ရသည်။
"ဒီဓားက မင်း တာအိုခုံရုံးရဲ့ စစ်မှန် တပည့်တစ်ယောက် ဖြစ်လာတဲ့အတွက် ဂုဏ်ပြုလက်ဆောင်ပါ" ကုအန်က ရှောင်လန်ကို ကြည့်ပြီး ပြုံးလျက် ပြောလိုက်သည်။
ရှောင်လန်သည် ဝိညာဉ်ဖြူဓားကို ကိုင်ထားရင်း စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။
"ကျွန်မ အမြဲ မေးချင်နေတာ... ယန်ဟုန်ဓားနဲ့ ဝိညာဉ်ဖြူဓားက ဘယ်ကရတာလဲ... ပြီးတော့ ဘာလို့ အမြဲ ကိုင်ထားတာလဲဟင်"
ကုအန်က ပြန်ဖြေလိုက်သည်။ "ဒီဓားနှစ်ချောင်းကို ငါ့ဘဝရဲ့ အရေးအကြီးဆုံး လူတစ်ယောက်က ပေးခဲ့တာပါ... သူမ ဆုံးပါးသွားခဲ့ပါပြီ... အခု မင်းကို ပေးလိုက်တာက လက်ရှိအချိန်မှာ မင်းက ငါ့အတွက် အရေးအကြီးဆုံး လူတစ်ယောက် ဖြစ်နေလို့ပဲ"
ထိုစကားကို ကြားသောအခါ ရှောင်လန်၏ ရင်ထဲတွင် ပျားရည်ကဲ့သို့ ချိုမြိန်သွားပြီး ကုအန်ကို ပြေးဖက်လိုက်သည်။
ကုအန် ခေါင်းခါလိုက်မိ၏။ ဒီကောင်မလေးက အတိတ်ဘဝကထက် ဘာလို့ ပိုပြီး ကပ်တွယ်နေရတာလဲ။
အမြဲတမ်း ဖက်ချင်နေတာပဲ။
"ဒီဓားထဲမှာ ထူးခြားတဲ့ စွမ်းအားတွေ ပါတယ်... ဘယ်သူ့ကိုမှ မပြောနဲ့နော်..." ကုအန်က ရှောင်လန်၏ ခေါင်းကို ပွတ်သပ်ပေးရင်း တိုးညှင်းစွာ ပြောလိုက်သည်။
ဝိညာဉ်ဖြူဓားမှာ သာမန်ဓား မဟုတ်တော့ပေ။ ကုအန်က အသစ်သွန်းလုပ်ထားသော တာအိုရတနာတစ်ခုကို ဓားထဲသို့ ပေါင်းစပ်ထည့်သွင်းပေးထားသည်။ ယခုအခါ ဝိညာဉ်ဖြူဓားသည် အမတလမ်းစဉ် ကိုးဆင့်ကိုပင် မှောက်လှန်နိုင်သော စွမ်းအားရှိသည့် တာအိုရတနာတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။
၎င်းထဲတွင် ပါဝင်သော မဟာတာအို၏ စစ်မှန်သော အဓိပ္ပာယ်သည် ရှောင်လန်၏ ကျင့်ကြံမှုကို များစွာ အထောက်အကူ ပြုနိုင်ပေလိမည်။
ကုအန်၏ ရင်ခွင်ထဲတွင် ရှောင်လန် ခေါင်းညိတ်လိုက်သည်။ သူမသည် ကုအန်ကို ဘယ်တော့မှ သံသယမဝင်ဘဲ သူ၏ ရင်ဘတ်ထဲတွင် မျက်နှာအပ်ထားလိုက်၏။
သူမ အလွန် ကံကောင်းသည်ဟု ခံစားနေရသည်။ သူမ၏ အမတလမ်းစဉ်မှာ ချောမွေ့နေပြီး သူမ အချစ်ဆုံးလူကလည်း ဘေးနားတွင် အမြဲ ရှိနေသည် မဟုတ်ပါလား။
သူမ ပိုင်ဆိုင်သမျှကို ကာကွယ်ရန်အတွက် ကြိုးစားကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။
"ကဲ... ဒီကမ္ဘာငယ်လေးကို စပြီး စီမံခန့်ခွဲကြရအောင်" ကုအန်က ရယ်မောလျက် ရှောင်လန်၏ ကျောကို ပုတ်ပေးလိုက်သည်။
ရှောင်လန်က မခွဲချင်သလိုဖြင့် လွှတ်ပေးလိုက်ပြီး ကုအန်၏ လက်ကို ဆွဲကာ ရှေ့သို့ လျှောက်သွားရင်း ဤကမ္ဘာငယ်လေးကို မည်သို့ ဖန်တီးလိုကြောင်း ပြောပြနေတော့သည်။
အခန်း ၆၁၈ ကောင်းကင်ဖွင့် တာလော့အမတ ပြီးပြည့်စုံအဆင့်
အမတကျင့်ကြံခြင်းလမ်းစဉ်သည် ရှည်လျားပြီး အခက်အခဲများနှင့် ပြည့်နှက်နေသည်။ "အမတတစ်ပါးသည် နှစ်ပေါင်း သုံးထောင်ကြာအောင် အိပ်မက်မက်သည်" ဟူသော ရှေးစကားသည် ယနေ့ခေတ် ကောင်းကင်စိတ်ဝိညာဉ် မဟာကမ္ဘာတွင် သက်သေပြနေသည်။
နိဗ္ဗာနအဆင့်သို့ ရောက်ရှိပြီးနောက် ကျင့်ကြံသူများ၏ အချိန်အတိုင်းအတာမှာ စတင်ပြောင်းလဲလာသည်။ နှစ်တစ်ရာကို တစ်ရက်၊ နှစ်တစ်ထောင်ကို အိပ်မက်တစ်ခုအဖြစ် သတ်မှတ်လာကြသည်။ အမတလမ်းစဉ်ကို လျှောက်လှမ်းသူများအတွက် ပါရမီမြင့်မားလေလေ အချိန်ကုန်ဆုံးမှု ပိုမြန်လေလေ ဖြစ်၏။
ရှောင်လန်သည် တာအိုခုံရုံး၏ ပင်မသွေးကြောမှ တပည့်တစ်ဦး ဖြစ်လာပြီးနောက် နှစ်ရှည်လများ တံခါးပိတ်ကျင့်ကြံခဲ့သည်။
အစပိုင်းတွင် သူမသည် ကုအန်အတွက် စိုးရိမ်ခဲ့သည်။ သူမ တံခါးပိတ်ကျင့်ကြံနေစဉ်အတွင်း ကုအန် ကွယ်လွန်သွားမည်ကို ကြောက်ရွံ့ခဲ့၏။ ကံကောင်းထောက်မစွာဖြင့် ကုအန်သည် အခက်အခဲများစွာနှင့် ကြုံတွေ့ရသော်လည်း အမြဲတမ်း အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည်။
ကုအန် နိဗ္ဗာနအဆင့်သို့ အောင်မြင်စွာ ရောက်ရှိသောအခါမှသာ သူမ စိတ်အေးလက်အေးဖြင့် ကျင့်ကြံခြင်းအပေါ် အာရုံစိုက်နိုင်ခဲ့သည်။
မျက်စိတစ်မှိတ်အတွင်း နှစ်သောင်းနှင့်ချီ ကုန်ဆုံးသွားခဲ့သည်။ လူ့လောကတွင် သမုဒ္ဒရာများမှာ လယ်ကွင်းများအဖြစ် ပြောင်းလဲသွားလောက်အောင် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သော်လည်း အမတကျင့်ကြံခြင်းလောကတွင်မူ အပြောင်းအလဲ များများစားစား မရှိခဲ့ချေ။
ထိုနှစ်တွင် ရှောင်လန်သည် အဆင့်တက်ရန် အခွင့်အရေး ရရှိခဲ့သည်။ တန်ခိုးကြီးကျင့်ကြံသူများ၏ ကာကွယ်မှုအောက်တွင် သူမသည် အချုပ်အနှောင်မဲ့အမတ သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီး ကုအန်က အဝေးမှ စောင့်ကြည့်နေခဲ့၏။
ခေတ်သစ်၏ ထူးခြားမှုကို သူ အံ့ဩနေမိသည်။ ယခင်ခေတ်က နှစ်တစ်သောင်းအတွင်းအချုပ်အနှောင်မဲ့အမတ ရောက်ရှိရန် ရှားပါးလှသော်လည်း ခေတ်သစ်တွင်မူ ထိုကဲ့သို့သော ပါရမီရှင်များ မနည်းလှပေ။
သွေးကျဉ်းထောင်သူတော်စင်နှင့် အန်ရှင်းတို့သည် ကောင်းကင်စျာန်အမတအဆင့်သို့ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။
တာအိုရတနာများသည် သူတို့၏ ကျင့်ကြံမှုကို များစွာ အထောက်အကူ ပြုခဲ့သည်။ ထို့အပြင် သက်တမ်းတာအိုနယ်မြေ၏ ကြွယ်ဝသော ဝိညာဉ်စွမ်းအင်များနှင့် မဟာတာအို၏ စစ်မှန်သော အဓိပ္ပာယ်များ ပါဝင်နေသဖြင့် သူတို့၏ ကျင့်ကြံမှုအရှိန်မှာ တိုးတက်လာခဲ့သည်။
အထူးသဖြင့် အန်ရှင်းသည် အန်ဟောင်အဖြစ်သို့ ပြောင်းလဲတော့မည့်အလား ရှိနေသည်။ ကုအန်သည် တပည့်များ၏ တိုးတက်မှုအတွက် များစွာ ပံ့ပိုးပေးခဲ့သည်ဟု ခံစားရသော်လည်း အတိတ်ကို ပြန်တွေးမိတိုင်း အတွေးများစွာ ဖြစ်ပေါ်လာရ၏။
"ငါလည်း အဆင့်ခွဲတစ်ခုလောက်တော့ တက်သင့်ပြီ"
ကုအန်သည် မိုးကုပ်စက်ဝိုင်းတွင် သူမ၏ ကျင့်ကြံမှုအဆင့်ကို တည်ငြိမ်အောင် ပြုလုပ်နေသော ရှောင်လန်ကို ကြည့်ပြီး ဆုံးဖြတ်ချက် ချလိုက်သည်။
သူသည် မူလက ဉာဏ်အလင်းပွင့်ခြင်းကို အားကိုးပြီး အဆင့်တက်ရန် ရည်ရွယ်ထားသော်လည်း ကောင်းကင်ဖွင့် တာလော့အမတတစ်ပါးအတွက် အဆင့်ခွဲတစ်ခု တက်လှမ်းရန် လိုအပ်သော အချိန်မှာ သူ ထင်ထားသည်ထက် များစွာ ပိုကြာနေသည်။
ထိုသို့ တွေးမိသည်နှင့် ကုအန်သည် ချက်ချင်းပင် အထောက်အထား လဲလှယ်လိုက်ပြီး သူ၏ မူလကိုယ်ခန္ဓာမှာ ကမ္ဘာငယ်လေးထဲမှ ခုန်ထွက်သွားတော့သည်။
ရှောင်လန်ကို ကာကွယ်ပေးနေသော ကျင့်ကြံသူများထဲတွင် အသန်မာဆုံးမှာ တာအိုဆန်းကြယ်အမတအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း ပုံမှန်မဟုတ်သည့် အရာများကို သတိမပြုမိဘဲ ရှောင်လန်ကိုသာ အာရုံစိုက်နေကြသည်။
ကုအန်၏ မူလကိုယ်ခန္ဓာသည် သေမျိုးကမ္ဘာရှိ သစ်တောတစ်ခုသို့ ရောက်ရှိလာပြီး သက်တမ်းအဆင့်ချိုးဖျက်ခြင်းကို တိုက်ရိုက် ပြုလုပ်လိုက်၏။ ရွေးချယ်စရာကိုးခု သူ့ရှေ့တွင် ထပ်မံပေါ်လာပြီး နေရာအများစုကို သူ မှတ်မိနေသည်။
ကုအန်၏ အကြည့်က မျှော်လင့်ချက်မဲ့ ကောင်းကင်သင်္ချိုင်းပေါ်သို့ ကျရောက်သွားသည်။
မျှော်လင့်ချက်မဲ့ ကောင်းကင်သင်္ချိုင်းအတွင်းရှိ အပြစ်သား စွန်းသည် သူနှင့် လျှို့ဝှက်ဆန်းကြယ်သော အကြောင်းနှင့်အကျိုး ပတ်သက်မှု ရှိနေသည်။ မူလက သူသည် သက်တမ်းပြန်လည်ဝင်စားခြင်းမှတစ်ဆင့် ထိုအကြောင်းကို သိရှိနိုင်မည်ဟု ထင်ခဲ့သော်လည်း မသိရှိခဲ့ရပေ။
နောက်တစ်ခေါက် ထပ်ကြည့်ရအောင်..အခု သူ့အဆင့်က ပိုမြင့်လာပြီဆိုတော့ နားလည်နိုင်လောက်ပါတယ်။
ကုအန်သည် မျှော်လင့်ချက်မဲ့ ကောင်းကင်သင်္ချိုင်းသို့ ပို့ဆောင်ရန် ချက်ချင်း ရွေးချယ်လိုက်ပြီး သက်တမ်း ၁၀ ဘီလီယံ ကို အသုံးပြုလိုက်သည်။
ခဏကြာပြီးနောက် ကုအန် မျက်လုံးများ ဖွင့်လိုက်ပြီး သက်တမ်းအတားအဆီးကို ချက်ချင်း စတင်လိုက်သည်။
သူ မြင်တွေ့လိုက်ရသည်မှာ မျှော်လင့်ချက်မဲ့ ကောင်းကင်သင်္ချိုင်း၏ ခြောက်သွေ့သော မြင်ကွင်းဖြစ်ပြီး ကြီးမားသော အပျက်အစီး အဆောက်အအုံများသည် ကောင်းကင်နှင့် မြေကြီးအဆုံးထိ ဖြန့်ကျက်ထားသည်။
စွန်း နေထိုင်သော နန်းတော်ကြီးမှာ သူ့နှင့် ဝေးကွာသော်လည်း ထိုနန်းတော်၏ အခြေအနေကို သူ အလွယ်တကူ မြင်တွေ့နိုင်သည်။
အနည်းငယ် ဟနေသော တံခါးကြီးသည် ငရဲတံခါးပေါက်သို့ ဦးတည်နေသကဲ့သို့ မှောင်မိုက်နေ၏။
ကုအန်သည် ထိုနန်းတော်ကို ဆက်လက် စိုက်မကြည့်ဘဲ အချက်အလက်စာမျက်နှာကို ဖွင့်လိုက်သည်။
[အမည် - ကုအန်]
[သက်တမ်း - ၃၄,၃၆၂ / ၄၈၇,၆၀၉,၂၁၉,၀၀၅]
[ခန္ဓာကိုယ် - ကမ္ဘာဦးပြန်လည်မွေးဖွားခြင်းအမတခန္ဓာ]
[ကျင့်ကြံမှုအဆင့် - ကောင်းကင်ဖွင့် တာလော့အမတ နှောင်းပိုင်းအဆင့်]
...
သူသည် ကျင့်ကြံမှုအဆင့်ထံသို့ သက်တမ်းများကို တိုက်ရိုက် ထည့်ဝင်လိုက်သည်။ တစ်ကြိမ်လျှင် ၁၀ နဘီလီယံ နှုန်းဖြင့် ဖြစ်၏။
အချက်ပြစာသားများ တစ်ခုပြီးတစ်ခု ပေါ်လာသည်။ သူ၏ လက်ထဲတွင် သက်တမ်း နှစ်ဘီလီယံ ၄၈၀ ရှိနေသဖြင့် ကျရှုံးကြောင်း အသိပေးချက်များကို သူ ဂရုမစိုက်ပေ။
နောက်ဆုံးတွင် သက်တမ်း နှစ်ဘီလီယံ ၁၁၀ ကို အသုံးပြုပြီးနောက် ကောင်းကင်ဖွင့် တာလော့အမတအဆင့် ပြီးပြည့်စုံခြင်းသို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့သည်။ နောက်တစ်ဆင့်မှာ သက်တမ်းအတားအဆီး၏ စားသုံးမှုကို စောင့်ကြည့်ရန် ဖြစ်၏။
ကြီးမားသော ဝိညာဉ်စွမ်းအင်များ မြေကြီးထဲမှ ပေါက်ကွဲထွက်လာပြီး ချက်ချင်းဆိုသလိုပင် ကုအန်သည် မဟာတာအို၏ ရွှေရောင်အလင်းတန်းများဖြင့် လွှမ်းခြုံသွားသည်။
မျှော်လင့်ချက်မဲ့ ကောင်းကင်သင်္ချိုင်းတစ်ခုလုံး၏ တာအိုဝိညာဉ်စွမ်းအင်များမှာ ပုံမှန်မဟုတ်သော အခြေအနေများ ပြသလာပြီး တာအိုစည်းမျဉ်းများပင် တုန်ခါသွား၏။
ယခု သူသည် ကောင်းကင်ဖွင့် တာလော့အမတ ဖြစ်လာပြီဖြစ်၍ သူ ဖြစ်ပေါ်စေသော အနှောင့်အယှက်များမှာ ယခင်ကထက် များစွာ သာလွန်နေသည်။ ရှေးဟောင်းအဆောက်အအုံများ ပိုမိုများပြားစွာ တုန်ခါလာပြီး မြေကြီးပေါ်ရှိ သဲများမှာ သက်ရှိများကဲ့သို့ လှုပ်ရှားလာကာ အဝါရောင် အဝတ်စတစ်ခု မြင့်တက်လာသကဲ့သို့ ဖြစ်နေသည်။
အဆင့်ခွဲတစ်ခုကို ချိုးဖျက်ခြင်းသာဖြစ်သောကြောင့် ကုအန်သည် အဆင့်တက်ခြင်းအပေါ် အာရုံစိုက်ရန် မလိုအပ်ဘဲ စွန်း နေထိုင်သော နန်းတော်ကြီးဆီသို့ အာရုံခွဲထားလိုက်သည်။
အချိန်များ ကုန်ဆုံးသွားသည်။
နာရီဝက်အတွင်း ကုအန် အဆင့်တက်ခြင်း အောင်မြင်သွားသော်လည်း စွန်း ထိုနန်းတော်ကြီးထဲမှ ထွက်မလာသေးပေ။
တစ်ခုခု မှားနေပြီလား...
ကုအန် တိတ်တဆိတ် တွေးလိုက်မိသည်။
သူ အဆင့်တက်ခြင်း အောင်မြင်သွားသည့်တိုင် စွန်း ထိုနန်းတော်ကြီးထဲမှ ထွက်မလာခဲ့ချေ။ သက်တမ်းအတားအဆီးသည် သက်တမ်း ၅၀ ဘီလီယံ နီးပါး စားသုံးသွားသဖြင့် ကုအန် အနည်းငယ် နာကျင်သွားရ၏။
အဆင့်မြင့်လေလေ သက်တမ်းအတားအဆီး၏ စားသုံးမှု များလေလေ ဖြစ်သည်။ လုံခြုံရေးအတွက် သူ အဆင့်တက်တိုင်း သက်တမ်းအတားအဆီးကို အသုံးပြုလေ့ရှိသည်။
အကြောင်းပြချက်မှာ ရှင်းလင်းသည်။ ကုအန်သည် အခြားသူများကို စောင့်ကြည့်ရသည်ကို နှစ်သက်ပြီး နိမ့်ပါးသော အဆင့်ရှိသူများကို မသိမသာ ချောင်းမြောင်းလေ့ရှိသဖြင့် သူ့ထက် သန်မာသော သူများလည်း ထိုကဲ့သို့ လုပ်ဆောင်နိုင်သည် မဟုတ်ပါလား။
သက်တမ်းအတားအဆီး၏ ရည်ရွယ်ချက်မှာ သူ အစွမ်းထက်လာချိန်တွင် အခြားသူများ မသိရှိစေရန် တားဆီးပေးခြင်း ဖြစ်သည်။ ဤသည်မှာ အလွန် အရေးကြီးသည်။ ကုအန် ယခုအခြေအနေထိ ရောက်ရှိလာနိုင်ခြင်းမှာ သက်တမ်းအတားအဆီး၏ အခန်းကဏ္ဍက အရေးပါသောကြောင့် ဖြစ်၏။
စွန်းကို မတွေ့ရသဖြင့် ကုအန် စိတ်ပျက်သွားသည်။
မျှော်လင့်ချက်မဲ့ ကောင်းကင်သင်္ချိုင်းတွင် အနှောင့်အယှက် လက္ခဏာများ အမြဲပြသနေသော်လည်း သက်ရှိများ၏ လက္ခဏာ မရှိသလို သရဲတစ္ဆေများ၊ မကောင်းဆိုးဝါးများပင် မရှိပေ။
ကုအန်၏ ကျင့်ကြံမှုအဆင့် တည်ငြိမ်သွားသောအခါ သူ မတ်တတ်ထရပ်လိုက်သည်။မထွက်ခွာမီ သူ၏ စိတ်အာရုံဖြင့် မျှော်လင့်ချက်မဲ့ ကောင်းကင်သင်္ချိုင်း တစ်ခုလုံးကို လွှမ်းခြုံလိုက်၏။ သင်္ချိုင်းတစ်ခု ဖြစ်သည့်အတွက် တစ်စုံတစ်ရာ မြှုပ်နှံထားရမည်မှာ သေချာသည်။
စွန်း နေထိုင်သော နန်းတော်ကြီးမှာ လျှို့ဝှက်ဆန်းကြယ်မှု အရှိဆုံး မဟုတ်ပေ။ ကမ္ဘာ၏ အလယ်ဗဟိုတွင် အချင်း မိုင်တစ်ထောင်ကျော်ရှိသော နက်ရှိုင်းသည့် တွင်းနက်ကြီးတစ်ခုကို ကုအန် တွေ့လိုက်ရသည်။ ထိုတွင်းနက်ကြီးမှာ အောက်ခြေမရှိဘဲ ထူးခြားသော တာအိုဝိညာဉ်ချီများ ဝဲပျံနေ၏။
တာအိုအမျိုးမျိုးကို စတင်နားလည်လာသော ကုအန်အတွက် ထိုကဲ့သို့သော တာအိုဝိညာဉ်ချီမျိုးကို ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်း ဖြစ်သည်။
ထူးဆန်းပြီး ဆိုးရွားသော အငွေ့အသက်များ ရှိနေသဖြင့် ကျောချမ်းစရာ ကောင်းလှသည်။ ကောင်းကင်ဖွင့် တာလော့အမတအဆင့် ပြည့်စုံခြင်းသို့ ရောက်ရှိနေသော ကုအန်ပင်လျှင် ဤတာအိုနှင့် မထိတွေ့သင့်ကြောင်း အာရုံခံမိနေ၏။
သူ ပြန်လည် ပို့ဆောင်ရန် ပြင်လိုက်စဉ် ရုတ်တရက် လှုပ်ရှားမှုတစ်ခုကို အာရုံခံလိုက်မိသည်။
တွင်းနက်ကြီးထဲမှ တစ်စုံတစ်ရာသည် မျက်နှာပြင်ပေါ်သို့ အလျင်အမြန် တက်လာနေသည်။ ၎င်း တက်လာသည်နှင့်အမျှ မမြင်ရသော တာအိုဝိညာဉ်ချီများမှာ မီးတောင်ပေါက်ကွဲသကဲ့သို့ တားဆီးမရအောင် ထွက်ပေါ်လာ၏။
မြေကြီးများ ပြင်းထန်စွာ တုန်ခါလာသည်။
ကုအန် မထိတ်လန့်ပေ။ သူသည် သက်တမ်းအတားအဆီး အတွင်းတွင် ရှိနေသဖြင့် မည်သူမျှ မသိရှိနိုင်ချေ။ သို့သော် လိုအပ်ပါက ချက်ချင်း ထွက်ခွာနိုင်ရန် ပြင်ဆင်ထားလိုက်သည်။
ဘုန်း...
သဲများ လေထဲသို့ လွင့်စဉ်သွားပြီး မိုးကုပ်စက်ဝိုင်းမှ တိမ်တိုက်များ ကွဲလွင့်သွားသည်။ အရာဝတ္ထုတစ်ခု တွင်းနက်ကြီးထဲမှ ထွက်ပေါ်လာပြီး ကောင်းကင်ကို ထိုးဖောက်ရန် ကြိုးစားလိုက်၏။ သို့သော် အမြင့်တစ်ခုသို့ ရောက်သောအခါ မမြင်ရသော အတားအဆီးတစ်ခုက တားဆီးလိုက်သည်။
ကုအန် မျက်လုံးများကို မှေးစင်း၍ ကြည့်လိုက်ရာ ၎င်းမှာ လက်ညှိုးတစ်ချောင်း ဖြစ်ကြောင်း တွေ့လိုက်ရသည်။ လက်ညှိုးတစ်ခုလုံး နီညိုရောင် သမ်းနေပြီး ထိပ်ဖျားမှာ ဓားကဲ့သို့ ထက်မြက်ကာ ပေတစ်ထောင်ခန့် ရှည်လျားပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေ၏။
ဤလက်ညှိုးမှ ထုတ်လွှတ်သော စွမ်းအားမှာ ထိုက်ချင်းရွှေအမတ အစောပိုင်းအဆင့်ထက် မနိမ့်ကျသော်လည်း ၎င်းကို ဝန်းရံထားသော တာအိုဝိညာဉ်ချီများမှာ ပိုမို ကြောက်စရာကောင်းသည်။
တားဆီးခံရပြီးနောက် လက်ညှိုးကြီးမှာ ပြန်လည်ပြုတ်ကျလာပြီး ပျက်စီးနေသော ဘုရားကျောင်းတစ်ခုအပေါ်သို့ ကျရောက်သွားကာ ဖုန်မှုန့်များကို ပေပေါင်းသောင်းချီ မြင့်တက်စေခဲ့သည်။
ကုအန်သည် လက်ညှိုးအပေါ် သက်တမ်းထောက်လှမ်းခြင်းကို အသုံးပြုလိုက်သော်လည်း မည်သည့်အရာမျှ မတွေ့ရသဖြင့် သက်ရှိမဟုတ်ကြောင်း သိလိုက်ရသည်။
သူသည် အခြားဘက်သို့ လှည့်ကြည့်လိုက်၏။
စွန်း နေထိုင်သော နန်းတော်ကြီးမှ မှိန်ပျပျ အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး မကြာမီ တံခါးကြားမှ ပုံရိပ်တစ်ခု ချောင်းကြည့်နေသည်ကို တွေ့လိုက်ရသည်။
စွန်း
သူသည် ဆယ်နှစ်ကျော် အရွယ်သာ ရှိသေးပြီး ကုအန် နောက်ဆုံးတွေ့ခဲ့စဉ်ကနှင့် မပြောင်းလဲသေးပေ။
[စွန်း (နိဗ္ဗာနအဆင့်) - ၀ / ၉၉၉၉ / ၉၉၉၉]
သူ၏ အသက်မှာ သုညဖြစ်နေဆဲပင်။ သက်တမ်းနှင့် အမြင့်ဆုံး သက်တမ်းမှာလည်း ပြောင်းလဲခြင်း မရှိပေ။
ကုအန် ပို၍ စူးစမ်းလိုစိတ် ဖြစ်ပေါ်လာသည်။
ဒါက ဘယ်လို အခြေအနေမျိုးလဲ
သူ ကြည့်နေစဉ်မှာပင် စွန်းသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး ပေတစ်ထောင် လက်ညှိုးကြီး ကျသွားသော နေရာသို့ ပြေးထွက်သွားသည်။
ကောင်လေးမှာ အလွန် လျှင်မြန်လှသည်။ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း မိုင်တစ်ရာခန့် ရောက်ရှိသွားပြီး အာကာသကို ခုန်ကျော်နေသကဲ့သို့ ဖြစ်နေသည်။
မကြာမီ သူသည် ပေတစ်ထောင် လက်ညှိုးကြီးအနီးသို့ ရောက်ရှိသွားပြီး ခြေလှမ်းများကို လျှော့ချကာ သတိထား၍ ချဉ်းကပ်သွား၏။
လက်ညှိုးကြီး၏ ရှေ့သို့ ရောက်သောအခါ တောင်ကြီးတစ်လုံးကို ရင်ဆိုင်နေရသကဲ့သို့ ဖြစ်နေသော်လည်း သူသည် လက်ညှိုးကြီးကို လှမ်းထိလိုက်သည်။
"ဟမ်..."
ကုအန် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ ညာဘက်လက်ညှိုးကို အလိုအလျောက် ငုံ့ကြည့်လိုက်မိသည်။
သူ၏ လက်ညှိုးကို တစ်စုံတစ်ယောက် လာထိသကဲ့သို့ ခံစားလိုက်ရ၏။
သူ၏ မြင့်မားသော ကျင့်ကြံမှုအဆင့်နှင့်ဆိုလျှင် မှားယွင်းစရာ အကြောင်းမရှိပေ။
ဒီပေတစ်ထောင် လက်ညှိုးကြီးက ငါ့လက်ညှိုး ဖြစ်နေတာများလား...
စွန်းသည် လက်ညှိုးကြီးကို ထိလိုက်သည်နှင့် မျက်ရည်များ ဝဲလာပြီး ကောင်းကင်စိတ်ဝိညာဉ် မဟာကမ္ဘာ၏ ဘာသာစကား မဟုတ်သော စကားလုံးအချို့ကို တီးတိုးရေရွတ်လိုက်သည်။
သူ၏ မျက်ရည်များ လက်ညှိုးကြီးပေါ်သို့ ကျရောက်သွားသောအခါ လက်ညှိုးပေါ်ရှိ ထူးဆန်းသော တာအိုဝိညာဉ်ချီများက သူ့ထံသို့ တိုးဝင်လာပြီး သူ့ကို အခြား သက်ရှိတစ်မျိုးအဖြစ် ပြောင်းလဲပစ်ချင်နေသကဲ့သို့ ရှိနေ၏။
ကုအန်၏ မျက်မှောင်များ တွန့်ချိုးသွားသည်။
သူသည် ပြင်းထန်သော အကြောင်းနှင့်အကျိုး ခံစားမှုကို ရရှိလိုက်၏။
အဲဒါ သူ့လက်ညှိုး မဟုတ်ဘူး။
အဲဒါက မိတ်ဆွေဟောင်းတစ်ယောက်ရဲ့ လက်ညှိုးပဲ... အတိတ်ဘဝက မဟုတ်ဘူး... ဝင်စားခြင်းဘဝက မိတ်ဆွေဟောင်း။
ယခင် သက်တမ်းပြန်လည်ဝင်စားခြင်းတွင် တွေ့ဆုံခဲ့ဖူးသော ယောင်ရွှမ်နတ်မိမယ် ဖြစ်သည်။
ယောင်ရွှမ်နတ်မိမယ်သည် သူ၏ ဝင်စားခြင်းကိုယ်ခွဲဖြစ်သော ယုံရှန်းဧကရာဇ်ကို ကယ်တင်ရန် ကြိုးစားရင်း တာအိုလမ်းစဉ်ထဲသို့ ကျရောက်သွားခဲ့ပြီး ထာဝရ မေ့ပျောက်ခြင်းသို့ ရောက်ရှိသွားခဲ့ကာ သူမ၏ အကြောင်းနှင့်အကျိုးကို ခြေရာခံရန် ခက်ခဲသွားခဲ့သည်။
ယုံရှန်းဧကရာဇ်က မဟာအကြောင်းနှင့်အကျိုးကျောက်တိုင်၏ စွမ်းအားကို အသုံးမပြုခဲ့ပါက ယောင်ရွှမ်နတ်မိမယ်၏ အကြောင်းနှင့်အကျိုး အနည်းငယ်ကိုပင် ဖမ်းယူနိုင်မည် မဟုတ်ချေ။
ရှန်ကျန်းမှတစ်ဆင့် ယုံရှန်းဧကရာဇ်သည် ယောင်ရွှမ်နတ်မိမယ်၏ အကြောင်းနှင့်အကျိုးကို မူလကိုယ်ဖြစ်သော ကုအန်ထံ ပေးပို့ခဲ့သဖြင့် ယောင်ရွှမ်နတ်မိမယ်နှင့် ကုအန်တို့ကြားတွင် အကြောင်းနှင့်အကျိုး ဆက်နွယ်မှုတစ်ခု တည်ဆောက်နိုင်ခဲ့သည်။
ဤလုပ်ငန်းစဉ်မှာ ရှုပ်ထွေးလွန်းသဖြင့် သာမန်မျက်စိဖြင့် မမြင်နိုင်သော်လည်း အမှန်တကယ် တည်ရှိနေ၏။
ကုအန်နှင့် ရှန်ကျန်းတို့၏ ဆက်ဆံရေး နက်ရှိုင်းလာသည်နှင့်အမျှ ယောင်ရွှမ်နတ်မိမယ်နှင့် ပတ်သက်သော အကြောင်းနှင့်အကျိုး ခံစားမှုမှာလည်း ပိုမို အားကောင်းလာခဲ့သည်။
ပေတစ်ထောင် လက်ညှိုးကြီးမှာ ယောင်ရွှမ်နတ်မိမယ်၏ လက်ညှိုးဖြစ်ကြောင်း သူ ပို၍ သေချာလာသည်။ အကယ်၍ ဟုတ်မှန်ပါက စွန်းနှင့် ယောင်ရွှမ်နတ်မိမယ်တို့ကြားတွင် မည်သို့သော ပတ်သက်မှု ရှိနေသနည်း။
ဖြစ်နိုင်တာက...