အခန်း (၄၃-၄၄)
Vol. 5 Ch. 43-44
အခန်း။ ၄၃
မိုချင်းယွီတစ်ယောက် ဆွံ့အသွားသည်။
ချန်ကျီရှင်း... သူက အသက်နှစ်ဆယ်တောင် မပြည့်သေးတဲ့ လူငယ်လေးတစ်ယောက်ပဲ မဟုတ်ဘူးလား။
နတ်ဘုရားသူတော်စင်နန်းတော်၏ အကြီးအကဲ ဟွေ့ရှင်းဆိုသည်မှာ ကျင့်စဉ်လောက၌ ရာစုနှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပြီး ပါရမီရှင်ပေါင်း သောင်းခြောက်ထောင်မက မြင်ဖူးခဲ့သူ ဖြစ်သည်။ ယခု သူမက ချန်ကျီရှင်း၏ အစွမ်းကို လောက၏ ထိပ်သီးပုဂ္ဂိုလ် ၁၀ ဦးစာရင်းထဲတွင် ထည့်သွင်းလိုက်ခြင်းမှာ အမှန်တကယ်ပင် မယုံနိုင်စရာ ကောင်းလှသည်။
“အဘွား... ဒါဆို အခု ဒီကျင့်စဉ်က နတ်ဘုရားအတတ်ပညာ အဆင့်ကို တကယ်ပဲ ရောက်ရှိသွားတာလား”
မိုချင်းယွီက အသံတုန်တုန်ယင်ယင်ဖြင့် မေးမြန်းလိုက်မိသည်။
“ရောက်ရှိသွားတာတင်မကဘူး... ဒါက နတ်ဘုရားအတတ်ပညာတွေထဲမှာတောင် အမြင့်ဆုံးဖြစ်တဲ့ ပြီးပြည့်စုံခြင်းအဆင့်မှာ ရှိနေတာ”
အကြီးအကဲ ဟွေ့ရှင်းက လမ်းညွှန်မြေပုံကို ရတနာတစ်ခုကဲ့သို့ ပိုက်ထွေးထားရင်း ဆက်လက်ပြောကြားသည်။
“ဒီကျင့်စဉ်ကို ပြင်ဆင်ခဲ့သူက လူသားခန္ဓာကိုယ်ရဲ့ အပ်စိုက်မှတ်တွေနဲ့ စွမ်းအင်စီးဆင်းမှုအပေါ်မှာရှိတဲ့ သိမြင်နားလည်မှုက ငါတို့အားလုံးထက် အဝေးကြီးကို ကျော်လွန်နေပြီ။ ဒါကကျင့်ကြံမှုသက်တမ်းတစ်ခုတည်းနဲ့တင် မဆိုင်တော့ဘူး... ဒါက ကောင်းကင်ဘုံက ပေးသနားထားတဲ့ စစ်မှန်တဲ့ပါရမီပဲ”
သူမသည် ခေတ္တမျှ ရပ်နားပြီး မိုချင်းယွီကို စူးစူးစိုက်စိုက် ကြည့်ရှုလိုက်သည်။
“ပြောစမ်းပါဦး... ဒီမြေပုံကို ဘယ်သူ ရေးဆွဲပေးလိုက်တာလဲ။ နတ်ဘုရားသူတော်စင်
နန်းတော်ထဲက လူလား ဒါမှမဟုတ် အပြင်က လျှို့ဝှက်ကျင့်ကြံသူတစ်ယောက်လား”
မိုချင်းယွီသည် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိသည်။ သူမ၏ စိတ်ထဲတွင်မူ ချန်ကျီရှင်း၏ တည်ငြိမ်၍ ဆန်းကြယ်သော ပုံရိပ်မှာ ပိုမိုထင်ရှားလာခဲ့သည်။
“သူက... ဇီဝေချန်မိသားစုရဲ့ တတိယသခင်လေး ချန်ကျီရှင်းပါ အဘွား”
“ချန်မိသားစု ချန်ထျန်းလျန်ရဲ့ သားလား”
အကြီးအကဲ ဟွေ့ရှင်းက မျက်မှောင်ကြုတ်သွားသည်။
“အဲဒီကလေးက ငယ်ငယ်လေးပဲ ရှိသေးတယ် မဟုတ်လား။ မဖြစ်နိုင်တာ... သူက ဘယ်လိုလုပ်ပြီး ဒီလောက်အထိ နက်နဲတဲ့ ပညာရပ်ကို တတ်မြောက်နေရတာလဲ”
"အသက် ဒီလောက်ငယ်ငယ်လေးနဲ့... သူတို့နဲ့ ရင်ဘောင်တန်းနိုင်တယ်ပေါ့"
"ဆယ်ကျော်သက်အရွယ် ကျင့်စဉ်မဟာဆရာကြီး တစ်ယောက်လား"
ဤအချက်ကို တွေးမိလိုက်သည်နှင့် မိုချင်းယွီတစ်ကိုယ်လုံး ကြက်သီးမွေးညင်းများပင် ထသွားရသည်။ သူမ၏စိတ်ထဲတွင် ချန်ကျီရှင်း၏ ပုံရိပ်မှာ လူသားတစ်ယောက်ထက် ပို၍ဆန်းကြယ်သော မိစ္ဆာပါရမီရှင်အဖြစ် တစ်ဖန်ပြန်၍ ခိုင်မာသွားခဲ့သည်။
“မင်းသမီးလေး... မြန်မြန်ပြောစမ်းပါဦး ဒါကို ဘယ်သူက ပြင်ပေးလိုက်တာလဲ အနောက်
စမ်းရေမျှော်စင်က မဟာဆရာ ဖုန်းယွီလား ဒါမှမဟုတ် ကွေ့ယွမ်ဂေက စီနီယာ လီဖန်ကျိန်းလား အဲဒါမှမဟုတ်ရင်... ဟင်းလင်းပြင်တာအိုဂိုဏ်းက စီနီယာမဟာဆရာ ထျန်းကျိကျီလား”
အကြီးအကဲ ဟွေ့ရှင်းက မျှော်လင့်ချက်အပြည့်ဖြင့် မိုချင်းယွီကို ကြည့်ကာ မေးမြန်းနေသည်။ ဤကဲ့သို့သော ပြင်ဆင်ပုံမျိုးကို သူမ တစ်သက်နှင့်တစ်ကိုယ် တစ်ခါမျှ မမြင်ဖူးချေ။ ယနေ့ခေတ် ကျင့်ကြံခြင်းလောကရှိ ကျင့်စဉ်မဟာဆရာများထဲတွင် ဤမျှ ရဲတင်းပြတ်သားပြီး ထူးခြားဆန်းသစ်သည့် အတွေးအခေါ်မျိုးရှိသူ တစ်ယောက်မှ မရှိခဲ့ဖူးပေ။
“မဟုတ်ပါဘူး... သူတို့ထဲက တစ်ယောက်မှ မဟုတ်ပါဘူး”
မိုချင်းယွီက ခေါင်းခါပြလိုက်သည်။ ခေတ္တမျှ စဉ်းစားပြီးနောက် ချန်ကျီရှင်း၏ ခွင့်ပြုချက်မရဘဲ သူ၏မည်သူမည်ဝါဖြစ်ကြောင်းကို ထုတ်မပြောရန် ဆုံးဖြတ်လိုက်သည်။
“ဒါက ကျွန်မရဲ့ သူငယ်ချင်းတစ်ယောက် ပြင်ပေးထားတာပါ။ ကျင့်ကြံခြင်းလောကမှာ အခုလက်ရှိ နာမည်ကြီးနေတဲ့ ကျင့်စဉ်မဟာဆရာတွေထဲက တစ်ယောက်တော့ မဟုတ်ပါဘူး”
“အော်... အဲဒီလိုလား”
ထိုစကားကို ကြားသောအခါ အကြီးအကဲ ဟွေ့ရှင်းက သက်ပြင်းတစ်ချက်ချလိုက်ရင်း “ဒီနေ့ခေတ်လောကမှာ ဒီလောက်အထိ အရည်အချင်းရှိပြီး နာမည်မဖော်ဘဲ နေထိုင်နေတဲ့ ပါရမီရှင်တွေ ရှိနေသေးလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ တကယ့်ကို လူမသိသူမသိ အစွမ်းထက်တဲ့သူတွေပဲ”
ခေတ္တအကြာတွင် အကြီးအကဲ ဟွေ့ရှင်းက ပြုံးလျက် “မင်းသမီးလေး... မင်းမှာ ဘာတောင်းဆိုစရာ ရှိလဲ ပြောသာပြောပါ”
မိုချင်းယွီ၏ မျက်ဝန်းများမှာ ချက်ချင်းဆိုသလို ဝင်းလက်သွားသည်။ ချန်ကျီရှင်း မှာကြားခဲ့သည်များကို ပြန်လည်သတိရလိုက်ပြီးနောက် သူမက ပြုံးလျက် ပြောလိုက်သည်။
“အဘွားဟွေ့ရှင်း... ကျွန်မ အဘွားရဲ့ စစ်မှန်သောကိုယ်ပိုင်အနှစ်သာရနယ်ပယ် ကျင့်စဉ် ၁၃ မျိုး ကို မျက်စိကျနေတာ ကြာပါပြီရှင်”
စစ်မှန်သောကိုယ်ပိုင်အနှစ်သာရနယ်ပယ် ကျင့်စဉ် ၁၃ မျိုးမှာ အကြီးအကဲ ဟွေ့ရှင်းက နှစ်ပေါင်းငါးရာကျော်ကြာအောင် သုတေသနပြု စုဆောင်းခဲ့သည့် သူမ၏ အထွတ်အထိပ် လက်ရာမွန်ကြီးပင်။ ၎င်းတွင် စစ်မှန်သောကိုယ်ပိုင်အနှစ်သာရနယ်ပယ်၏ ကျင့်စဉ်ပေါင်း ၁၃ မျိုး ပါဝင်ပြီး ထိပ်တန်းအဆင့် ထင်ရှားခြင်းပုံရိပ် ၁၃ ခုကို ဖော်ဆောင်နိုင်ရန် ရေးသားထားခြင်း ဖြစ်သည်။
အမှန်တကယ်ပင် ထိုကျင့်စဉ် ၁၃ မျိုးထဲမှ တစ်ခုတည်းကိုသာ အပြင်သို့ ထုတ်ပြမည်ဆိုလျှင်
ပင် တစ်လောကလုံးကို တုန်လှုပ်စေနိုင်ပြီး ထာဝရအသက်ရှည်ခြင်းမိသားစုများပင်လျှင် အရယူရန် အပြိုင်အဆိုင် ကြိုးစားကြမည့် ရတနာများ ဖြစ်သည်။ ထိုကျင့်စဉ် ၁၃ မျိုးစလုံး ပေါင်းစပ်လိုက်လျှင်မူ ၎င်း၏တန်ဖိုးမှာ အတိုင်းအဆ မရှိနိုင်တော့ချေ။
“မင်းသမီးလေး... မင်း ဒီအရာကို မျက်စိကျနေမယ်ဆိုတာ ငါသိသားပဲ။ မင်းရဲ့ အလိုရမ္မက်
ကတော့ တကယ်ကို မသေးဘူး”
အကြီးအကဲ ဟွေ့ရှင်းက မတတ်သာသလို ခေါင်းခါပြလိုက်သည်။
“ကောင်းပြီလေ... ငါက ကတိတည်တဲ့သူပဲ။ ဒါကို မင်းကို ပေးလိုက်မယ်”
အကြီးအကဲ ဟွေ့ရှင်းက သူမ၏ ညာလက်ကို ဝှေ့ယမ်းလိုက်ရာ လေးလံလှသော ရှေးဟောင်းကျမ်းစာအုပ်ကြီး တစ်အုပ် သူမ၏ လက်ထဲတွင် ပေါ်လာတော့သည်။
မိုချင်းယွီသည် ထိုကျမ်းစာအုပ်ကို ဝမ်းသာအားရ လက်ခံလိုက်ပြီး စာမျက်နှာအချို့ကို အသာအယာ လှန်ကြည့်လိုက်သည်။ စာမျက်နှာတိုင်းတွင် ကျင့်စဉ်လမ်းညွှန်ချက်များသာမက အကြီးအကဲ ဟွေ့ရှင်းကိုယ်တိုင် ဤကျင့်စဉ်ကို ဖန်တီးစဉ်က ရေးသားခဲ့သော အသေးစိတ် မှတ်ချက်များနှင့် နက်နဲသော သိမြင်မှုများပါ ပါဝင်နေသည်ကို တွေ့လိုက်ရ၏။
“ကျေးဇူးတင်ပါတယ်ရှင်”
မိုချင်းယွီက အကြီးအကဲ ဟွေ့ရှင်းကို ရိုသေစွာဖြင့် လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။
“ရပါတယ်”
အကြီးအကဲ ဟွေ့ရှင်းက လက်ကာပြလိုက်ပြီးနောက် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် သူမ၏ မျက်ဝန်းများ ဝင်းလက်သွားသည်။
“ဒါနဲ့... ငါ အခုတလော နတ်ဘုရားအတတ်ပညာတစ်ခုကို သုတေသနလုပ်နေတာ အခက်အခဲလေး တစ်ခုရှိနေတယ်။ အဲဒါ မင်းရဲ့ သူငယ်ချင်းကို တစ်ချက်လောက် ကြည့်ပေးဖို့ မေးပေးနိုင်မလား”
“ဟို... အင်း...”
ထိုစကားကို ကြားသောအခါ မိုချင်းယွီ ခေတ္တမျှ တွေဝေသွားပြီးမှ “အဘွား... ကျွန်မ အစွမ်းကုန် ကြိုးစားကြည့်ပေးပါ့မယ်။ ဒါပေမဲ့ အောင်မြင်မယ်လို့တော့ အာမမခံရဲဘူးနော် ဟုတ်ပြီလား”
ယခုအခါ သူမသည် ချန်ကျီရှင်းကို အလွန်အမင်း ယုံကြည်နေပြီ ဖြစ်သော်လည်း အမှန်တကယ် မသေချာသေးသော ကိစ္စရပ်များအတွက် ကတိအပိုင်မပေးဘဲ လမ်းကြောင်းချန်ထားခြင်းက ပို၍ ကောင်းမည်ဟု သူမ ယူဆလိုက်သည်။
“ရပါတယ်... ရပါတယ်။ ငါ အခုပဲ ရေးပေးလိုက်မယ်”
အကြီးအကဲ ဟွေ့ရှင်းက ပြုံးရွှင်သွားပြီး အခန်းထဲသို့ အပြေးအလွှား ဝင်သွားကာ ကျင့်စဉ်လမ်းညွှန်မြေပုံတစ်ခုကို ရေးဆွဲ၍ မိုချင်းယွီအား ကမ်းပေးလိုက်တော့သည်။
...
...
မိုချင်းယွီသည် ဟွေ့ရှင်းခန်းမထဲမှ ပြန်ထွက်လာချိန်တွင် ညနေစောင်းနေပြီ ဖြစ်သည်။ သူမသည် သူမ၏ အခန်းသို့ ပြန်၍ ကိုယ်ကို သန့်စင်ပြီးနောက် စစ်မှန်သောကိုယ်ပိုင်အနှစ်သာရနယ်ပယ် ကျင့်စဉ် ၁၃ မျိုး ကို ချန်ကျီရှင်းထံသို့ ပေးပို့ရန် ပြင်ဆင်လိုက်သည်။
ထိုအချိန်တွင် ၇၂ ခုသော ခန်းမဆောင်များထဲမှ တစ်ခုဖြစ်သည့် ပျံလွှားနဂါးခန်းမအတွင်း၌
“အား... အား... အား ထပ်ပြီး ရှုံးနိမ့်ပြန်ပြီ”
ဒေါသတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက်တွင် ဆံပင်ဗရုတ်ဗရက်နှင့် စိတ်ပျက်အားလျော့နေသော အဖိုးအိုတစ်ဦးသည် ပျံလွှားနဂါးခန်းမထဲမှ ပျံသန်းထွက်လာပြီး နတ်ဘုရားသူတော်စင်နန်းတော်၏ အပြင်ဘက်သို့ ဆင်းသက်လိုက်သည်။
ဤသူကား အခြားသူမဟုတ်ပေ။ လွန်ခဲ့သော နှစ်အနည်းငယ်က ချန်မိသားစုထံသို့ သွားရောက်ခဲ့ဖူးသော ယနေ့ခေတ်၏ ထိပ်တန်း ဓားလမ်းစဉ် မဟာဆရာကြီးတစ်ဦးဖြစ်သည့် ဆရာကြီး ဖေးလုံပင်။
“နည်းနည်းလေးပဲ... နည်းနည်းလေးပဲ လိုတော့တာကို”
သူသည် နှမြောတသစွာဖြင့် ရေရွတ်နေမိသည်။
“ဆယ်နှစ်တောင် ရှိသွားပြီ... နိဗ္ဗာနနယ်ပယ်ကို တက်လှမ်းဖို့ ကြိုးစားတိုင်း တစ်လှမ်းတည်း၊ တစ်လှမ်းတည်းပဲ လိုနေတာ ဒီနေရာ မဟုတ်ရင် ဟိုနေရာမှာ တစ်ခုခု လွဲနေသလိုပဲ”
ဆရာကြီး ဖေးလုံက စိတ်ပျက်လက်ပျက်ဖြင့် တတွတ်တွတ် ရေရွတ်နေသည်။
“ဟင် အကြီးအကဲ ဖေးလုံ... ဒီတစ်ခါလည်း ထပ်ပြီး မအောင်မြင်ပြန်ဘူးလား စိတ်ကို အေးအေးထားပါဦးရှင်”
မိုချင်းယွီက ပြုံးလျက် နှုတ်ဆက်လိုက်သည်။
“မင်းသမီးလေးလား”
ဆရာကြီး ဖေးလုံက မိုချင်းယွီကို ကြည့်ကာ မေးလိုက်သည်။
“ဒီတစ်ခေါက် မင်းသမီးလေး ဘယ်သွားမလို့လဲ ချန်မိသားစုဆီပဲ ထပ်သွားဦးမှာလား”
လွန်ခဲ့သော ဆယ်နှစ်အတွင်း ဆရာကြီး ဖေးလုံသည် နိဗ္ဗာနနယ်ပယ်သို့ တက်လှမ်းရန် အဆက်မပြတ် ကြိုးစားနေခဲ့သလို မိုချင်းယွီသည်လည်း ဇီဝေချန်မိသားစုနှင့် နတ်ဘုရားသူတော်စင်နန်းတော် ကြားတွင် အကြိမ်ကြိမ် ခေါက်တုံ့ခေါက်ပြန် သွားလာနေခဲ့သည်။
“ဟုတ်ပါတယ်ရှင်”
မိုချင်းယွီက ပြန်ဖြေလိုက်၏။
“ကောင်းပြီလေ”
ဆရာကြီး ဖေးလုံက နှင်းများကျဆင်းနေသော မြောက်ဘက်ကောင်းကင်ယံကို မော့ကြည့်ရင်း သက်ပြင်းချလိုက်သည်။
“နိဗ္ဗာန... နိဗ္ဗာန... ငါ့အတွက် အောင်မြင်မှု အခွင့်အရေးက ဘယ်မှာလဲ ငါ ဘာကို လိုအပ်နေတာလဲ”
မိုချင်းယွီ ထွက်ခွာတော့မည်ကို မြင်သောအခါ ဆရာကြီး ဖေးလုံက ခေတ္တစဉ်းစားပြီးနောက် ရုတ်တရက် ပြောလိုက်သည်။
“တစ်ခါတလေ နားနားနေနေ နေမှပဲ အကြံကောင်းတွေ ရတတ်တာမျိုးပါ။ မင်းသမီးလေး... ဒီတစ်ခါ ငါလည်း လိုက်ခဲ့မယ်လေ။ တောင်အောက်ကို လမ်းလျှောက်ရင်း ငါ့အတွက် အခွင့်အရေးများ ရှာတွေ့မလားလို့”
“ရတာပေါ့ရှင်”
မိုချင်းယွီ၏ မျက်ဝန်းများ ဝင်းလက်သွားသည်။ တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် သူမက ဆက်ပြောသည်။
“ဒါနဲ့... ကျွန်မတို့မှာ ဆယ်နှစ်ကတိ တစ်ခု ရှိခဲ့တယ် မဟုတ်လား အခုဆို ဆယ်နှစ် တိတိ ပြည့်သွားပြီနော်”
ထိုစကားကို ကြားသောအခါ ဆရာကြီး ဖေးလုံက သတိရသွားပြီး ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။
“ဟားဟားဟား ဟုတ်သားပဲ အဲဒီလို ကိစ္စမျိုး ရှိခဲ့တာပဲ။ သွားကြစို့ သွားကြစို့။ လူငယ်လေး ချန်ကျီရှင်းနဲ့ ချန်ကျောက်ရှန်းတို့ထဲက ဘယ်သူက ပိုပြီး အစွမ်းထက်လာမလဲဆိုတာ သွားကြည့်ကြတာပေါ့”
“မင်းသမီးလေး... ဒီတစ်ခါတော့ မင်း အကြီးအကျယ် ရှုံးတော့မယ် ထင်တယ်နော်”
မိုချင်းယွီကမူ ဘာမှပြန်မပြောဘဲ ပြုံးရုံသာ ပြုံးလိုက်သည်။ ထို့နောက် သူတို့နှစ်ဦးသည် ပခုံးချင်းယှဉ်ကာ နတ်ဘုရားသူတော်စင်နန်းတော်၏ နယ်မြေဖြတ်ကျော် ဝင်္ကပါပေါ်သို့ တက်လှမ်းလိုက်ကြသည်။
လင်းလက်တောက်ပသော အလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီးနောက် သူတို့၏ ပုံရိပ်များသည် နှင်းဖုံးနေသော နတ်ဘုရားတောင်တန်းကြီးပေါ်မှ ပျောက်ကွယ်သွားတော့သည်။
...
...
တစ်ချိန်တည်းမှာပင် တောင်ဘက်နယ်စပ်၊ တောင်တန်းတစ်သိန်း နယ်မြေ။
တိမ်ပင်လယ် ပျံသန်းရေးသင်္ဘောပေါ်မှ ငုံ့ကြည့်လျှင် ထင်းရှူးအပ်ပင်တောနှင့် ချန်မိသားစု စမ်းသပ်နယ်မြေမှာ ကပ်လျက်ရှိနေသကဲ့သို့ ထင်ရသော်လည်း အမှန်တကယ်တွင်မူ မိုင် ၁၀၀ ကျော် ကွာဝေးလှသည်။
ချန်ကျီရှင်းသည် မြောက်ဘက်သို့ ဦးတည်သွားလာခဲ့ပြီး တစ်နာရီခန့်အကြာတွင် မြေဆီလွှာ အနက်ရောင်ရှိသော ထင်းရှူးအပ်ပင် တောနက် ဆီသို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
“ရောက်ပြီ”
ချန်ကျီရှင်းသည် စိတ်အားတက်ကြွစွာဖြင့် ရေရွတ်လိုက်မိသည်။
အခန်း။ ၄၄
လေပြင်းတို့က တဝုန်းဝုန်း တိုက်ခတ်နေပြီး ကောင်းကင်ယံကြီးမှာလည်း မြင့်မားလွန်းလှသည်။ တောနက်အတွင်း၌မူ မျောက်တို့၏ အော်ဟစ်သံနှင့် ငှက်တို့၏ မြည်တမ်းသံများက ပဲ့တင်ထပ်လျက် ရှိနေတော့သည်။
ဤထင်းရှူးအပ်ပင် တောအုပ်ကြီးမှာ မိုင်ပေါင်းမည်မျှအထိ ကျယ်ပြန့်သည်ကို မခန့်မှန်းနိုင်ချေ။ ကောင်းကင်ယံကို ထိုးဖောက်မတတ် မြင့်မားသော အပြာနက်ရောင် ထင်းရှူးပင်ကြီးများက နေရောင်ခြည်ကို ကွယ်ထားသဖြင့် တောအုပ်တစ်ခုလုံးမှာ အမြဲတမ်း မှောင်မှောင်မှိုင်းမှိုင်းနှင့် စိုထိုင်းထိုင်း ဖြစ်နေသည်။
“ဒီတာအိုဆရာ ကျိုဖုန်းကတော့ နေရာရွေးတတ်သားပဲ”
ချန်ကျီရှင်းက ခေါင်းခါယမ်းလိုက်ရင်း သူ၏ စိတ်ဝိညာဉ်အာရုံကို ပိုက်ကွန်တစ်ခုကဲ့သို့ ဖြန့်ကျက်ကာ တာအိုဆရာကျိုဖုန်း၏ ဂူဗိမာန်ကို တစ်နေရာပြီးတစ်နေရာ အသေအချာ လိုက်လံရှာဖွေနေသည်။ သူ ဤတောအုပ်အတွင်းသို့ ရောက်ရှိနေသည်မှာ သုံးနာရီတိုင်ခဲ့ပြီ ဖြစ်သည်။ သို့သော် တောအုပ်ကြီးမှာ အလွန်ကျယ်ပြောလှသဖြင့် ဤအတိုင်းသာ ဆက်လက်ရှာဖွေနေပါက အနည်းဆုံး သုံးရက်ခန့် ကြာမြင့်သွားနိုင်သည်။
“မဖြစ်သေးဘူး... ဒီနည်းလမ်းက အချိန်ကုန်လွန်းတယ်”
ချန်ကျီရှင်း ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။ သူ၏ ယခင်ဘဝ ကျင့်ကြံခြင်းကမ္ဘာ ဇာတ်လမ်းအရဆိုလျှင် ပင့်ကူအိမ်အဖွဲ့၏ တိုက်ခိုက်မှုမှာ စမ်းသပ်ပွဲပြီးမှသာ ဖြစ်ပေါ်လာမည် ဖြစ်သည်။ ထို့ကြောင့် စမ်းသပ်ပွဲပြီးဆုံးရန် ငါးရက်ခန့် ကျန်ရှိသေးသည်ဟု ဆိုနိုင်သော်လည်း...
ဤဘဝတွင် ဇာတ်လမ်းမှာ အရင်အတိုင်း ဖြစ်လာမည်ဟု သူ အာမမခံနိုင်ပေ။ အကယ်၍ ပင့်ကူအိမ်အဖွဲ့ကသာ အစီအစဉ်ထက် စောစီးစွာ လှုပ်ရှားလာပါက အရာအားလုံး နောက်ကျသွားပေလိမ့်မည်။ ထို့ကြောင့် သူသည် နတ်ဘုရားကိုးပါးကျင့်စဉ်ကို အမြန်ဆုံးရယူပြီး မလိုလားအပ်သော အဖြစ်အပျက်များကို တားဆီးရန် လိုအပ်နေခြင်းပင်။
ချန်ကျီရှင်း၏ မျက်ဝန်းများတွင် အတွေးများ ဝေဝါးနေစဉ်မှာပင် အဝေးမှ ထူထပ်လှသော ထင်းရှူးအပ်ပင်များနှင့် သစ်ရွက်ခြောက်များအောက်၌ ရုတ်တရက် လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာသည်။ အလျား ဆယ်လံကျော်ခန့်ရှိသော အနက်ရောင် မြွေကြီးတစ်ကောင်မှာ ဦးခေါင်းကို ဖြည်းညင်းစွာ မော့လိုက်သည်။
ရှူး... ရှူး... ရှူး…
မြွေကြီးက လျှာကို တလှုပ်လှုပ်လုပ်ရင်း ၎င်း၏ ရွှေရောင်မျက်ဝန်းများမှ ကြောက်မက်ဖွယ်ကောင်းသော အလင်းများကို ထုတ်လွှတ်နေသည်။ နောက်တစ်စက္ကန့်တွင်မူ ၎င်းသည် ဦးခေါင်းကို ပြန်လည်ငုံ့လိုက်ပြီး မြေပြင်ပေါ်မှ သစ်ရွက်ခြောက်များအောက်၌ ပုန်းလျှိုးကာ ချန်ကျီရှင်းရှိရာသို့ အသံတိတ်ဖြင့် လျင်မြန်စွာ တွားသွားလာနေသည်။
ခဏချင်းအတွင်းမှာပင် အနက်ရောင်မြွေကြီးသည် ချန်ကျီရှင်း၏ နောက်ကျောဘက် ဆယ်ပေအကွာခန့်သို့ ရောက်ရှိလာတော့သည်။
၎င်း၏ ပါးစပ်ကြီးကို ဟလိုက်ရုံဖြင့် ဤလူသားလေးကို တစ်လုတ်တည်း ဝါးမျိုပစ်ရန်သာ လိုတော့သည်။
"ဝုန်း…"
မျက်တောင်တစ်ခတ်အတွင်းမှာပင် မြွေကြီးသည် မြေပြင်အောက်မှနေ၍ ရူးသွပ်နေသော မျက်ဝန်းများနှင့်အတူ ရုတ်တရက် ခုန်ထွက်လာပြီး ချန်ကျီရှင်းကို ဝါးမျိုရန် ပါးစပ်ကို အကျယ်ကြီးဟကာ အရှိန်ဖြင့် တိုးဝင်လာသည်။
“စားပစ်မယ်”
ညှီစော်နံသော အနံ့အသက်များ လေထဲတွင် ပျံ့နှံ့သွားပြီး ၎င်း၏ပါးစပ်အတွင်း စီတန်းနေသည့် စူးရှလှသော သွားချွန်လေးများကိုပင် မြင်တွေ့နေရပြီ ဖြစ်သည်။
"ဒုန်း…"
သို့သော် မြွေကြီး၏ ဦးခေါင်းပေါ်သို့ ဖြူစင်သွယ်လျပြီး အဆစ်အပေါက် ထင်ရှားလှသော လက်တစ်ဖက်က အားပါပါဖြင့် ရိုက်ချလိုက်သည်။ အနက်ရောင်မြွေကြီးသည် ၎င်း၏ဦးခေါင်းပေါ်သို့ တောင်တစ်လုံး ပြိုကျလာသကဲ့သို့ ခံစားလိုက်ရပြီး ဦးခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်တော့မတတ် ပြင်းထန်စွာ နာကျင်သွားရရှာသည်။
“ရှူးးးးး”
မြွေကြီးသည် နာကျင်လွန်းလှသဖြင့် တစ်ချက်သာ ညည်းတွားနိုင်လိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေကာ မြေပြင်ပေါ်သို့ ခွေကျသွားသည်။
ချန်ကျီရှင်းသည် လှည့်ကြည့်လိုက်ပြီး ဝိညာဉ်ပြုစုပျိုးထောင်ခြင်းနယ်ပယ် အဆင့်ရှိသည့် ဤမိစ္ဆာမြွေကြီးကို ကြည့်ရှုရင်း မေးစေ့ကို အသာအယာ ပွတ်သပ်နေမိသည်။ ရုတ်တရက်ဆိုသလို သူ၏စိတ်ထဲတွင် အတွေးသစ်တစ်ခု လျှပ်ခနဲ ပေါ်ပေါက်လာသည်။
“ရပြီ”
ချန်ကျီရှင်းက အသာအယာ ပြုံးလိုက်ပြီး ထင်းရှူးအပ်ပင်တောအုပ်ကြီးတစ်ခုလုံးကို ဝေ့ဝဲကာ ကြည့်ရှုလိုက်သည်။ သူသည် အသက်ကို ဖြည်းဖြည်းချင်း ပြင်းပြင်းရှူသွင်းလိုက်ရာ သူ၏ခန္ဓာကိုယ်အတွင်းရှိ အပ်စိုက်မှတ် ငါးရာစလုံးမှာ ကြယ်တာရာ အလင်းတန်းများအလား ရုတ်တရက် ဝင်းလက်ကာ တောက်ပလာသည်။
“သခင်လေး... ဘာလုပ်မလို့လဲဟင်”
ငါတို့က ဂူဗိမာန်ကို ရှာနေတာ မဟုတ်ဘူးလား။ အခု ဘာလို့ ရုတ်တရက် ရပ်လိုက်တာလဲ။
သူမ တွေးတော၍ပင် မဆုံးသေးမီမှာပင်..
“နွားမိစ္ဆာ ကြယ်ခွဲလက်သီး”
ချန်ကျီရှင်းသည် သူ၏ညာလက်မောင်းကို မြှောက်လိုက်ပြီး မြေပြင်ပေါ်သို့ အားကုန်သုံး၍ ထိုးချလိုက်သည်။
မူး….
ချန်ကျီရှင်း၏ ခန္ဓာကိုယ်ထဲမှနေ၍ နက်ရှိုင်းလှသော နွားမိစ္ဆာ၏ အော်ဟစ်သံကြီး ပဲ့တင်ထပ် ထွက်ပေါ်လာသည်။
"ဝုန်း…"
တောင်ကြီးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့လည်းကောင်း မိုးကြိုးများ တဒုန်းဒုန်း ပစ်ချလိုက်သကဲ့သို့လည်းကောင်း ပြင်းထန်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ချန်ကျီရှင်း၏ လက်သီးက မြေပြင်ကို ထိမှန်သွားသည်နှင့်အမျှ မြေပြင်တစ်ခုလုံးမှာ ရူးသွပ်စွာ တုန်ခါသွားတော့သည်။ လက်မောင်းခန့် အတိုင်းအတာရှိသည့် အက်ကြောင်းကြီးများသည် ချန်ကျီရှင်း၏ လက်သီးကျရာနေရာမှ အရပ်မျက်နှာအနှံ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။
ဒုန်း….ဘုန်းးးး…..
ဤထင်းရှူးအပ်ပင် တောအုပ်အတွင်း နေထိုင်ကြသော မိစ္ဆာများသည် အချို့က အိပ်စက်နေရင်း၊ အချို့က အမဲလိုက်နေရင်းနှင့် ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားကြသည်။ အားနည်းသော မိစ္ဆာငယ်လေးများမှာမူ သဘာဝဘေးအန္တရာယ်တစ်ခုခု ကျရောက်လာပြီအမှတ်ဖြင့် မြေပြင်ပေါ်တွင် ဝပ်စင်းကာ တုန်တုန်ရီရီ ဖြစ်နေကြတော့သည်။
သို့သော် အစွမ်းထက်သော မိစ္ဆာကြီးများမှာမူ ချက်ချင်းပင် ဒေါသအမျက်ချောင်းချောင်းထွက်သွားပြီး ချန်ကျီရှင်း ရှိရာအရပ်သို့ အရှိန်အဟုန်ဖြင့် ဦးတည်လာကြသည်။ ခဏချင်းအတွင်းမှာပင် တောအုပ်တစ်ခုလုံးသည် သောင်းကျန်းနေသော သားရဲတိရစ္ဆာန်များနှင့် ပြည့်နှက်သွားသည်။
ကိုယ်ပေါ်တွင် သံမဏိအပ်များကဲ့သို့ မာကျောသော အမွှေးအမျှင်များ ဖုံးလွှမ်းနေသည့် လက်
ရှစ်ဖက်ပါ ဧရာမမျောက်ဝံကြီး တစ်ကောင်သည် ဂူအတွင်းမှ ထွက်လာပြီး “သောက်ကျိုးနည်း လူသား” ဟု ဟိန်းဟောက်ရင်း ချန်ကျီရှင်းထံသို့ အားပါသော ခြေလှမ်းကြီးများဖြင့် ပြေးဝင်လာသည်။ ၎င်းလှမ်းလိုက်သော ခြေလှမ်းတိုင်းမှာ မြေပြင်ပေါ်တွင် ကျင်းကြီးများ ဖြစ်ကျန်ရစ်ခဲ့သည်။
သစ်ပင်ထိပ်ဖျားတွင် အစာစားနေသော အပြာရောင်သိမ်းငှက်ကြီး တစ်ကောင်လည်း ပြင်းထန်သော တုန်ခါမှုကြောင့် ၎င်း၏အစာများ မြေပေါ်သို့ ပြုတ်ကျသွားသဖြင့် အမျက်ချောင်းချောင်း ထွက်သွားရသည်။ ၎င်းသည် ဆယ်လံကျော် ကျယ်ပြန့်သော အတောင်ပံများကို ဖြန့်လိုက်ရာ ကောင်းကင်နှင့် နေရောင်ကိုပင် ကွယ်သွားစေပြီး ချန်ကျီရှင်းထံသို့ ထိုးဆင်းလာသည်။ ၎င်း၏ အတောင်ပံများသည် သံမဏိကိုပင် ရွှံ့ကဲ့သို့ ဖြတ်တောက်နိုင်သော ပျံလွှားဓား များအလား ထင်းရှူးပင်ကြီးများကို ဒိန်ခဲကဲ့သို့ လွယ်လွယ်ကူကူ ပိုင်းဖြတ်ပစ်လိုက်သည်။
၎င်းအပြင် အဆိပ်အိုင်အတွင်းမှ ခုန်ထွက်လာသည့် ဦးခေါင်းအရွယ်အစားခန့်ရှိသော အဖုအပိမ့်များနှင့် ရွှေရောင်ဖားပြုပ်ကြီး တစ်ကောင်လည်း ပါဝင်လာလေသည်...
ချန်ကျီရှင်းမှာမူ သူ့ထံသို့ ဦးတည်လာနေသော မိစ္ဆာအုပ်ကြီးကို အေးအေးလူလူ ကြည့်ရှုရင်း မတ်တတ်ရပ်လိုက်သည်။ သူက ကျေနပ်သကဲ့သို့ ခေါင်းညိတ်ပြလိုက်ရာ
“သခင်လေး... ဘာလုပ်ဖို့ ကြံစည်နေတာလဲ”
ဓားဝိညာဉ် ချင်းအာမှာမူ ကြောင်အမ်းအမ်းဖြင့် သခင်လေး၏ ရည်ရွယ်ချက်ကို လုံးဝ မှန်းဆ၍ မရနိုင်တော့ချေ။
“ငါတစ်ယောက်တည်း ဂူဗိမာန်ကို လိုက်ရှာနေရတာက အရမ်းအလုပ်ရှုပ်လို့လေ။ ဒီတော့ ဒီသူငယ်ချင်းတွေကို ဝိုင်းကူခိုင်းရင် မကောင်းဘူးလား”
ချန်ကျီရှင်းက ရယ်မောလိုက်သည်။
“သူတို့တွေလည်း ဝိုင်းကူရတာကို ပျော်နေကြမှာပါ”
ဓားဝိညာဉ် ချင်းအာ: “...”
ထို့နောက် ချန်ကျီရှင်းက တင်ပျဉ်ခွေထိုင်လိုက်ပြီး တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်သည်။ အမွှေးတိုင်တစ်တိုင်စာခန့် အချိန်ကြာမြင့်ပြီးနောက်တွင်မူ...
အစင်းရာအရောင်ပါရှိသောကျားတစ်ကောင်သည် ဒေါသတကြီး ပြေးဝင်လာပြီး တင်ပျဉ်ခွေထိုင်နေသော ချန်ကျီရှင်းကို အထင်သေးသော မျက်လုံးများဖြင့် တစ်ချက်ကြည့်လိုက်သည်။ နောက်တစ်စက္ကန့်တွင်မူ ၎င်း၏ ပါးစပ်ကြီးကိုဟကာ ချန်ကျီရှင်းကို ကိုက်ဖြတ်ရန် ခုန်အုပ်လိုက်သည်။
“ဒုန်း…”
ချန်ကျီရှင်းက လေထဲတွင်ပင် လက်ဝါးတစ်ချက် ရိုက်ချလိုက်ရာ ကျားကြီးသည် တောင်တစ်လုံးနှင့် ဖိချခံလိုက်ရသကဲ့သို့ မြေပြင်ပေါ်တွင် ဒူးထောက်လျက်သား ပြုတ်ကျသွားပြီး တုန်တုန်ရီရီ ဖြစ်သွားရရှာသည်။
တစ်နာရီအကြာတွင်မူ ချန်ကျီရှင်း၏ ရှေ့မှောက်၌ အစွမ်းထက်သော မိစ္ဆာကြီး အကောင်တစ်ရာကျော်မှာ မြေပြင်ပေါ်တွင် ဝပ်စင်းနေကြရကာ လက်ရှစ်ဖက်ပါ ဧရာမမျောက်ဝံကြီးဆိုလျှင် ၎င်း၏လက် ခုနစ်ဖက်လုံး အဖြတ်ခံလိုက်ရပြီး ကျန်ရှိသော လက်တစ်ဖက်တည်းဖြင့်သာ မျက်နှာကိုအုပ် ချန်ကျီရှင်းကို ကြောက်လန့်တကြား ခိုးကြည့်နေရှာတော့သည်။
အပြာရောင်သိမ်းငှက်ကြီးမှာမူ ပို၍ပင် ဆိုးရွားလှသည်။ ၎င်း၏ အတောင်ပံမှ အမွှေးများအားလုံး အနှုတ်ခံလိုက်ရသဖြင့် ပြောင်သလင်းခါနေပြီး စူးရှခဲ့သော မျက်လုံးများအတွင်း၌လည်း ကြောင်အမ်းအမ်း ဖြစ်နေသည့် အရိပ်အယောင်များသာ ကျန်ရှိတော့သည်။ ရွှေရောင်ဖားပြုပ်ကြီးမှာမူ ဖားအော်သံပေးရင်း ရေပန်းထုတ်ပြသည့် အတတ်ပညာဖြင့် ဖျော်ဖြေနေရရှာသည်။
ဤတောအုပ်၏ ဘုရင်ဟု သူ့ကိုယ်သူ ကြေညာထားသော ဧရာမဝက်ဝံကြီးမှာမူ ယခင်က မိုက်ကြေးခွဲခဲ့သမျှ ပျောက်ချင်းမလှ ပျောက်ကွယ်သွားပြီး လူတစ်ဦးကဲ့သို့ မတ်တတ်ရပ်ကာ ချန်ကျီရှင်းကို သွားဖြဲပြလျက် ဖားနေရရှာသည်။ ၎င်းသည် ၎င်း၏ လက်ဖဝါးအတွင်းရှိ သစ်သီးဝလံအချို့ကို ချန်ကျီရှင်းထံ ကမ်းပေးရင်း “သခင်လေး... ဒါ ကျွန်တော့်ရဲ့ သစ်သီးတွေပါ။ ချိုပြီး စိမ့်နေတာပဲ မြည်းကြည့်ပါဦး”
ချန်ကျီရှင်းက အနံ့မွှေးသော သစ်တော်သီးတစ်လုံးကို ယူ၍ တစ်ကိုက် ကိုက်လိုက်ရာ အမှန်တကယ်ပင် ချိုမြိန်လှသည်။
“အင်း... မင်း အစက မောက်မောက်မာမာ လုပ်ခဲ့တဲ့ ပုံစံလေးကို ငါ ပိုသဘောကျသေးတယ် သိလား”
ဤဝက်ဝံကြီး အစက ရမ်းကားခဲ့သည်ကို ပြန်လည်တွေးမိကာ ချန်ကျီရှင်းက ပြုံးလျက် ပြောလိုက်သည်။
“သခင်လေးရယ်... ကျွန်တော့်ကို အထင်မလွဲပါနဲ့။ ကျွန်တော်က အရမ်းရိုးသားတဲ့ ဝက်ဝံလေးပါဗျာ”
ဝက်ဝံကြီးသည် ချန်ကျီရှင်း၏ နောက်ကွယ်မှ မိစ္ဆာအသေကောင်ပုံကြီးကို ကြည့်ရှုကာ တုန်လှုပ်ချောက်ချားစွာဖြင့် ပို၍ပင် ဖားယားပြနေသည်။
ဒီလိုအခြေအနေမျိုးမှာ ဘယ်သူကမရိုးသားပဲနေမှာလဲ။
ဝက်ဝံကြီး ပြောကြားပြီးသည်နှင့် ကျန်ရှိသော မိစ္ဆာများကလည်း အပြိုင်အဆိုင် ထောက်ခံကြသည်။
“ဟုတ်ပါတယ် သခင်လေး... ကျွန်တော်တို့အားလုံးက တကယ့်ကို ရိုးသားတဲ့ မိစ္ဆာလေးတွေပါ”
“သခင်လေး... ကျွန်တော်ဆိုရင် ပရဟိတလုပ်ရတာကို သိပ်ဝါသနာပါတာ”
“သခင်လေး... ကျွန်တော်က ဝံပုလွေမိစ္ဆာဆိုပေမဲ့ သတ်သတ်လွတ်ပဲ စားတာပါ”
“ကျွန်တော်ဆိုရင် လက်ရှစ်ဖက်ပါ မျောက်ဝံတစ်ကောင်အနေနဲ့ အဲဒီလို ရက်စက်တဲ့ မိစ္ဆာတွေနဲ့ လုံးဝ မတည့်ပါဘူး သခင်လေး”
“တကယ်ပြောတာပါ သခင်လေး... ကျွန်တော်က ကျားမိစ္ဆာဆိုပေမဲ့ လူသားတစ်ယောက်မှ မစားဖူးပါဘူး။ လူသားအသားက ချဉ်စုတ်စုတ်နဲ့ ဘာအရသာမှ မရှိတာကို ဘာလို့စားကြလဲ ကျွန်တော်တောင် နားမလည်ဘူး”
မျောက်မိစ္ဆာ၊ ဝံပုလွေမိစ္ဆာ၊ ဖားပြုပ်မိစ္ဆာ၊ ကြွက်မိစ္ဆာ အားလုံးမှာ ၎င်းတို့၏ ကြောက်မက်ဖွယ်ကောင်းသော မျက်နှာကြီးများပေါ်တွင် အပြစ်ကင်းစင်ဆုံးဟု ထင်ရသည့် အပြုံးများကို ဖျစ်ညှစ်ထုတ်ပြရင်း အသက်ရှင်သန်ခွင့်ရရန် ကြိုးစားနေကြရှာသည်။
“စိတ်မလှုပ်ရှားကြပါနဲ့။ ငါက မင်းတို့ကို တစ်ခုလောက် ကူညီခိုင်းချင်လို့ပါ တကယ်ပါ”
ချန်ကျီရှင်းက လက်ထဲမှ သစ်တော်သီးကို မြေပေါ်သို့ ပစ်ချလိုက်ပြီး အဓိပ္ပာယ်ပါပါ ပြုံးလိုက်ကာ “မင်းတို့ကို တစ်နာရီ အချိန်ပေးမယ်။ ဒီတောအုပ်ထဲမှာရှိတဲ့ လူသားတစ်ယောက်ရဲ့ ဂူဗိမာန်ကို ငါ့အတွက် ရှာဖွေပေးပါ”
“မင်းတို့က ရိုးသားတဲ့ မိစ္ဆာတွေဆိုတော့ ငါ့အတွက် ကူရှာပေးရတာ ပျော်မှာပါ... ဟုတ်တယ်မလား”