အခန်း (၁၄၁)
Vol. 15 Ch. 141
အခန်း(141)
ကျောင်းချီယန်က အစားအသောက်ကို စားနေရင်းဖြင့် သူ့ဘေးမှ ကျင်းယန်ကို မေးလိုက်သည်။
“ကျင်းကော ကျွန်တော်တို့ ဦးတည်ချက်မရှိဘဲ ဆက်ရှာမယ်ဆိုရင် ဒီတောအုပ်ထဲမှ တသက်လုံးကျန်နေခဲ့တာမျိုးဖြစ်နေမှာလား”
“ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ သူတို့က ပျံနိုင်သေးတယ်လေ”
ကျောင်းစီဟွေ့က သူမ၏မောင်ကို အထင်သေးသော အကြည့်တစ်ချက် ပစ်လွှတ်လိုက်သည်။
“ ဒီနေရာက အရမ်းခြောက်ခြားစရာကောင်းတယ်ဆိုတာတော့ အမှန်ပဲ ၊ ဘာတွေဖြစ်နိုင်လဲဆိုတာ ဘယ်တော့မှ သိမှာမဟုတ်ဘူး”
ကျောင်းချီယန်တစ်ယောက် ခေါင်းယမ်းလိုက်ပြီး ခင်ပွန်းသည်ဖြစ်သူကို အလူးအလဲရှာနေသော လင်းကျားအတွက် စိတ်ပူသွားရသည်။
သူမက စိတ်အားငယ်မှု သို့မဟုတ် သူ၏အတွေးအတွက် မနှစ်သက်မှုများကို မဖော်ပြခဲ့ချေ။
ယင်ရိလျိုက တိတ်တဆိတ်ထိုင်ပြီး သူမ၏ပေါင်မုန့်ကို တမြုံမြုံ ဝါးနေခဲ့သည်။ သူမက ကျင်းယန်၏ပြင်ဆင်ပေးထားသော နုပ်နုတ်စဥ်းထားသော မုန်လာဥနီများကိုလည်း နှစ်ခြိုက်စွာစားနေခဲ့သည်။
ထိုမုန်လာဥနီများကို မတိုင်မီက ရဟတ်ယာဥ်ပေါ်တွင် ရှိနေချိန်တွင် ကျင်းယန်က သူမ၏နေရာလွတ်ထဲသို့ ထည့်ထားခဲ့ပြီး ယခုအချိန်ထိ လတ်ဆတ်နေဆဲဖြစ်ပေသည်။
သူမက မုန်လာဥအနည်းငယ်ကို သူမ၏ပေါင်မုန့်ထဲသို့ ညှပ်လိုက်ပြီး ပျော်ရွှင်စွာ စားနေလေ၏။
ပေါင်မုန့်ခြောက် အစအနများမှာ သူမ၏ဖြူဖွေးသော ပါးပြင်တွင် ကပ်နေခဲ့သည်။ ကျင်းယန်က ထိုပေါင်မုန့်တို့ကို လက်ချောင်းထိပ်ဖြင့် တိတ်တဆိတ် ဖယ်ပေးလိုက်သည်။
ယင်ရိလျိုက ရုတ်တရက် အတွေးတစ်ခုရလာပြီး သူမ၏မျက်ခုံးများကို တွန့်ချိုးကာ ကျင်းယန်၏အနီးသို့ ပိုမှီလိုက်ပြီး နူးညံ့စွာတီးတိုးပြောလိုက်လေသည်။
“မုန်လာဥနီ စားမလား မစ္စတာဘဲ”
ကျင်းယန်က ခေါင်းရမ်းလိုက်သော်လည် သူ၏မျက်လုံးများက ညင်သာမှုဖြင့် ပြည့်နှက်နေခဲ့သည်။
သူက အိတ်ထဲမှ ရေဘူးကိုထုတ်ယူပြီး တီးတိုးပြောလိုက်သည်။
“ဖြည်းဖြည်းစားဦး၊ ရေသောက်ဦးမလား”
ကလေးမလေးက ခေါင်းငြိမ့်ပြီး ရေဘူးကို လှမ်းယူလိုက်ကာ ရေကိုအားရပါးရ သောက်လိုက်သည်။
ထိုအခိုက်တွင် ရုတ်တရက် အနီးအနားသစ်ပင်များထဲမှ တရှဲရှဲမြည်သံတိုးတိုး ထွက်လာခဲ့လေသည်။
သူမ၏နားရွက်ရှည်များက ထိုအသံကို တုံ့ပြန်သည့်အနေဖြင့် ဆတ်ခနဲတွန့်သွားပြီး ထိုဦးတည်ရာကို လှမ်းကြည့်လိုက်သည်။
ကျင်းယန်ကလည်း အသံတိုးတိုးကို ကြားလိုက်သော်လည်း ရေဘူးထဲမှ ဖိတ်သွားသော ရေနှင့်ပက်သက်ပြီး ပို၍စိတ်ပူနေခဲ့သည်။
သူက သူမအတွက် ရေကိုသုတ်ပေးပြီးနောက် တိတ်တဆိတ်ဖြင့် သူမကိုသတိပေးလိုက်လေသည်။
“ စားတာခဏရပ်လိုက်ဦး ၊ အဲဒီနေရာမှာ တစ်ခုခု ရှိတယ်”
သူ၏စကားကိုကြားလျှင် ကျောင်းမောင်နှမက အလျှင်အမြန်ပင် ကျောပိုးအိတ်များကို လွယ်လိုက်ပြီး သတိထားလျက် လျှောက်ပတ်ကြည့်လိုက်သည်။
ကျောင်းချီယန်တစ်ယောက် ပါးစပ်ကိုသုတ်ပြီး တိုက်ရိုက်ပင် မတ်တတ်ရပ်ပြီး ပြောလိုက်လေ၏။
“ကျွန်တော် သွားစစ်ကြည့်မယ်”
သူ့နောက်တွင် ရှိသော ကျောင်းစီဟွေ့က အနည်းငယ်စိတ်ပူနေပုံပေါ်သော်ငြား သူက လက်ကိုရမ်းပြပြီး ပြောလိုက်သည်။
“စိတ်မပူပါနဲ့ ကျွန်တော် အနားကို သိပ်ပြီးမတိုးပါဘူး.. တစ်ချက်လောက်အမြန်ကြည့်ရုံပဲ”
သူ ထိုအနားမှ ညောင်မုတ်ဆိတ်ပင်ကြီးထံသို့ လျှောက်သွားလိုက်လေသည်။ သူက အရှိန်ကိုလျှော့ကာ အသက်ကိုအောင့်လျက် ဆူညံသံ၏ အရင်းအမြစ်သို့ ချဥ်းကပ်သွားလိုက်သည်။
သေချာပေသည်။ မြက်ပင်များထဲမှ ထွက်လာသော တရှဲရှဲသံဖျော့ဖျော့ကို ကြားလိုက်လေ၏။ အသံမှာ တစ်စုံတစ်ခုက ရုန်းကန်နေသည်နှင့် တူနေခဲ့သည်။
သူက မြေပြင်ပေါ်မှ ရှည်လျားပြီးသစ်ကိုင်းခြောက်ကို ကောက်ယူခဲ့ပြီး ထူထဲသောပေါင်းပင်များကို ဂရုတစိုက်ဖယ်ရှားလိုက်သည်။
ထို့နောက် ရုတ်တရက် သန္ဓေပြောင်းသတ္တဝါတစ်ကောင်က သူ၏အမြင်အာရုံထဲသို့ အပြည့်အဝ ဝင်ရောက်လာခဲ့လေသည်။
ကျင်းယန်နှင့် တခြားသူများကလည်း ထုပ်ပိုး၍ ပြီးစီးသွားပြီးဖြစ်၍ အနီးသို့ သွားကြည့်ခဲ့ကြသည်။
ထို့နောက်တွင်တော့ ယင်ရိလျိုတစ်ယောက် သစ်မြစ်များထဲတွင် ထောက်ချောက်မိနေသော ရုန်းကန်နေဆဲ ဝဖြိုးသောသတ္တဝါကို ချက်ချင်း သတိထားမိခဲ့သည်။
ထိုသတ္တဝါက သံနက်ဖြင့်လုပ်ထားပြီး ဇာဂနာနှင့်ဆင်တူသော ထောင်ချောက်တစ်ခုထဲတွင် မိနေခဲ့သည်။ ထိုအကောင်က လူသားများချဥ်းကပ်လာသည်ကို မြင်လျှင် တကျွီကျွီအော်မြည်ပြီး ပို၍ပြင်းထန်စွာ ရုန်းကန်ခဲ့သည်။
၎င်းက ပို၍လူးလွန့်လေလေ ထောင်ချောက်၏ ညှပ်အားက ပို၍တင်းကြပ်လာလေလေ ဖြစ်သောကြောင့် အလျှင်အမြန်ပင် သွေးထွက်လာခဲ့လေသည်။
“ဒါက ညွှတ်ကွင်းလား”
တခဏကြာ စစ်ဆေးကြည့်ရှုပြီးနောက် လင်းကျားမေးခဲ့သည်။
ကျင်းယန် ခေါင်းညိတ်ခဲ့ပြီး လျှောက်ပတ်ကြည့်လိုက်သည်။ နယ်မြေထဲတွင် ဆင့်ကဲပြောင်းလဲသူများ၏ ခြေရာလက်ရာများ ရှိနေခဲ့သည်။
ထိုသူတို့က ဤနေရာကို ယခင်က ရောက်ခဲ့ဖူးသည်မှာ ထင်ရှားလေသည်။
သူတို့က တိရစ္ဆာန်များကို ဖမ်းရန် ထောက်ချောက်များကို ထောင်ထားခဲ့ကြသည်။ သန္ဓေပြောင်းသတ္တဝါတစ်ကောင်ကို မဖမ်းမိခင် အချိန်မည်မျှကြာကြာနေခဲ့ကြောင်းကိုတော့ မရှင်းလင်းပါချေ။
“သန္ဓေပြောင်းလယ်ကြွက်တစ်ကောင်နဲ့ တူတယ်.. သိပ်ပြီး အန္တရာယ်မများပါဘူး”
ကျောင်းချီယန်က စိတ်ဝင်စားမှုဆုံးရှုံးသွားပြီး သစ်ကိုင်းခြောက်ကို မြေပြင်ပေါ်လွှင့်ပစ်လိုက်သည်။
သူ ကျင်းယန်ဘက်ကို လှည့်ပြီးမေးခဲ့သည်။
“အခု ကျွန်တော်တို့ ဆက်သွားသင့်လား”
ကျင်းယန် ကောင်းကင်ကို ကြည့်ပြီး အချိန်ကိုစစ်ဆေးခဲ့သည်။
“ငါတို့ ဆက်သွားကြမယ်.. ငါတို့ တတိယမြောက်လမ်းလွှဲနဲ့ နီးလာပြီး အဆောက်အအုံတွေက သန္ဓေပြောင်းအပင်တွေ ဖျက်စီးတာကို ခံလိုက်ရပေမဲ့ နေဖို့နေရာတစ်ခုလောက် ရှာနိုင်သေးတယ်”
အဖွဲ့သာ့မေားကလည်း ဤသည်ကအဓိပ္ပာယ်ရှိသည်ဟု ထင်ခဲ့ပြီး သူတို့၏တုန်လှုပ်နေသော နှလုံးသားများကလည်း အနည်းငယ်ပြေလျော့သွားခဲ့သည်။
သို့သော်ငြား လမ်းတစ်လျှောက်လုံးတွင် သက်ရှိလူသားတစ်ယောက်ကိုမှ မတွေ့ခဲ့ရသည့် လင်းကျားကမူ နားမလည်နိုင်စွာဖြင့် အနည်းငယ်ဂနာမငြိမ်ဖြစ်လာခဲ့သည်။
ယင်ရိလျို၏ စိတ်ထင်မှုလားမသိသော်ငြား သူတို့ မြို့တော်ဗဟိုထဲသို့ ပို၍ဝင်လာလေလေ မကြည်မလင်ခံစားချက်တစ်ခုကို ပို၍ခံစားရလေဖြစ်ကာ မီးခိုး သို့မဟုတ် မြူလွှာပါးပါးတစ်လွှာက သူမ၏ ဘေးဘက်ပတ်လည်တွင် လှည့်ပတ်နေသည့်နှယ် ထင်ရသည်။
သို့သော်ငြား ထိုမြူများကို အသေးစိတ်ကြည့်ရှုစစ်ဆေးလိုက်လျှင် တောအုပ်က တူညီနေဆဲပင်ဖြစ်နေပြီး ထင်ရှားသောပြောင်းလဲမှုများ မရှိပါချေ။
သူမ နှာခေါင်းကို အသာရှုံ့လိုက်၏။
သူမရဲ့ စိတ်ထင်သက်သက်ပဲ ဖြစ်နိုင်မလား?
သူတို့ ရှေ့သို့ဆက်သွားလျှင် ပတ်ဝန်းကျင်ရှိ သဘာဝပေါက်ပင်များက ပို၍သိပ်သည်းလာပြီး ခြေထောက်အောက်မှ မြေသားမှာ အမျိုးမျိုးသော အန္တရာယ်ရှိသည့်အရာများနှင့် ပြည့်နှက်လာခဲ့သည်။
မြေပြင်မှ ထိုးထွက်နေသော သစ်ပင်၏အမြစ်များက အလွယ်တကူ ခလုတ်တိုက်မိနိုင်စေသည်။
ကျောင်းစီဟွေ့က တစ်ကြိမ်ခလုတ်တိုက်မိခဲ့ပြီးချိန်မှစ၍ သေသေချာချာ သတိထားနခဲ့ကြသည်။ သူမ မကျေမနပ်ဖြင့်ညည်းညူလိုက်မိသည်။
“လမ်းက တကယ်ကို ဖြတ်သန်းသွားဖို့ ခက်ခဲတာပဲ.. အုတ်ခဲကျိုးတွေ အပျက်အစီးတွေပဲ ပြည့်နေတယ်”
ကျင်းယန်က လမ်းတစ်လျှောက်လုံးမှ ပတ်ဝန်းကျင်ကို လေ့လာကြည့်ရှုနေခဲ့သည်။
ထိုအချိန်တွင် သူက အနီးနားမှ ဧရာမသစ်ပင်ကြီးတစ်ပင်ကို ရုတ်တရက် လက်ညှိုးထိုးညွှန်ပြလိုက်လေသည်။
“ဟိုနေရာကို ကြည့်လိုက်”
သစ်ပင်ပင်စည်ပေါ်တွင် ခပ်တိမ်တိမ်ကုတ်ရာ တချို့ရှိနေပြီး ဓားတစ်ချောင်းနှင့် ပြုလုပ်ထားပုံရသည်။ သို့သော်ငြား တခြားသန္ဓေပြောင်းတိရစ္ဆာန်များထံမှလက်သည်းရာများလည်း ဖြစ်နိုင်ပေသည်။
ကျင်းယန်က လမ်းတစ်လျှောက်လုံးတွင် အသေးစိတ်ကအစ အာရုံစိုက်နေခဲ့ခြင်းဖြစ်ပေ၏။
သစ်ပင်ပင်စည်ပေါ်မှ ဤပုံမှန်မဟုတ်သော အမှတ်များကို သုံးကြိမ်တိုင်တိုင် မြင်ပြီးနောက်တွင်တော့ ထိုအမှတ်များက လူသားများချန်ထားသော ခြေရာလက်ရာများ ဖြစ်ကြောင်းကို သူသေချာသွားခဲ့သည်။
ထိုသည်မှာ တောအုပ်ထဲသို့ဝင်ခဲ့သည့် ဆင့်ကဲပြောင်းလဲသူများထံမှ ဖြစ်နိုင်ချေရှိပြီး သူတို့ကို အပြင်သို့ထွက်ရာတွင် ကူညီနိုင်ရန်အတွက် လမ်းအမှတ်အသားလုပ်ပေးထားခြင်းဖြစ်ပေသည်။
“ဒီသစ်ပင်တင်မကဘူး ခုနက တူညီတဲ့အမှတ်တွေနဲ့ တခြားသစ်ပင် နှစ်ပင်လည်းရှိသေးတယ်.. ဒါတွေက ပတ်ဝန်းကျင်က သန္ဓေပြောင်းသစ်ပင်တွေရဲ့ အကြံ့ခိုင်ဆုံးနှင့် အထင်သာအမြင်သာဆုံးအပင်တွေပဲ..
ဒီတော့ ခြေရာလက်ရာ အမှတ်သားတွေကပိုပြီး သိသာတယ်”
“ဒါပေမဲ့ ခြေရာလက်ရာ အမှတ်သားတွေရှိနေတာတောင် ကျွန်တော်တို့ ဘယ်သူကိုမှ မတွေ့ရသေးဘူး”
ကျောင်းချီယန် ခေါင်းကုတ်လိုက်သည်။
ကျင်းယန်၏အမူအရာက အတော်လေး လေးနက်လာ၏။ သူ ရုတ်တရက်ပြောလိုက်၏။
“ငါတို့ တစ်ခုခုကို မေ့နေတာဖြစ်နိုင်တယ်.. ငါတို့ မြို့တော်Mက ထွက်လာတုန်းက ဘယ်လိုပုံစံမျိုးလဲဆိုတာကို မင်းတို့မှတ်မိကြသေးလား?”
တခြားသူများက ပြန်သလည်သတိရရန် ကြိုးစားသော်လည်း မူမမှန်သည့်အရာ မည်သည့်အရာကိုမှ သတိမမူမိပါချေ။
ယင်ရိလျို နှုတ်ခမ်းဆူပြီး သူမကို နှောင့်ယှက်နေသည့်အရာကို ရုတ်တရက်တွေးလိုက်သည်။
သူမ ကျင်းယန်ကိုမော့ကြည့်ပြီး မရေမရာသောအသံဖြင့် ပြောလိုက်သည်။
“တိရစ္ဆာန်ရုံလား”
ကျင်းယန် ခေါင်းညိတ်လိုက်ကာ ကလေးမလေးလည်း သတိထားမိခဲ့သည်ဟု လက်ဟန်ပြလိုက်သည်။
“တိရစ္ဆာန်ရုံနဲ့ပက်သက်ပြီး ဘာမှားနေလို့လဲ”
ကျောင်းချီယန်က ပဟေဠိဖြစ်နေဆဲဖြစ်ကာ လင်းကျားက ပို၍ပင် စိတ်ရှုပ်ထွေးသွားခဲ့သည်။
ကျောင်းစီဟွေ့သည်ကား အတွေးနက်နဲနေကာ ရုတ်တရက် မျက်လုံးများပြူးကျယ်သွားပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။
“ကျွန်မတို့ မြို့တော်Mကို ဖြတ်လာတုန်းက မြို့ထဲမှာ တောရိုင်းသဘာဝတိရစ္ဆာန်ရုံတစ်ခု ရှိပြီး တိရစ္ဆာန်တွေအားလုံးက ကမ္ဘာပျက်ကပ် ဖြစ်ပြီးတော့ လွတ်မြောက်သွားကြတယ်လို့တောင် ပြောခဲ့ကြသေးတယ်မလား”
အမှန်ပင် ။
သူတို့ မြို့တော်Mကို ဖြတ်သွားခဲ့ချိန်က အမျိုးမျိုးသော သန္ဓေပြောင်းတိရစ္ဆာန်များနှင့် ပက်ပင်းကြုံဆုံခဲ့ရပြီး အန္တရာယ်အများအပြားကို ရင်ဆိုင်ခဲ့ရသည်။
သို့သော်ငြား ယခုအချိန်တွင်တော့ သူတို့အချိန်အတော်ကြာအောင် လမ်းလျှောက်ခဲ့ကြပြီးနောက်တွင်ပင် ကြီးမားသော တိရစ္ဆာန်ကြီးများနှင့် မကြုံတွေ့ရသေးပေ။
ဧရိယာတစ်ခုလုံးသည်က ခြောက်ချားဖွယ် တိတ်ဆိတ်နေခဲ့သည်။
“ကျွန်တော်ကို မခြောက်နဲ့နော်.. ကျွန်တော်က အစကတည်းကကြောက်လန့်လွယ်ပါတယ်”
ကျောင်းချီယန်တစ်ယောက် သူ့၏ဘေးဘက်ပတ်လည်မှ ချမ်းစိမ့်သည့်လေထုကို ခံစားရသောကြောင့် သူ့လက်မောင်းကို ပွတ်သပ်လိုက်သည်။ သို့သော်လည်း ဤသည်မှာ ဟန်ပြသက်သက်သာ မဟုတ်ချေ။
သန္ဓေပြောင်းသားရဲများက မြို့တော်Mမှ ထွက်ခွာသွားကြပြီးဖြစ်သော်လည်း လမ်းတစ်လျှောက်လုံး ပက်ပင်းမတိုးခဲ့ခြင်းက လုံးလုံးလျားလျား ပုံမှန်မဟုတ်ပါချေ။
ကနဦးက စိတ်သက်သာရာရနေသည့် ယင်ရိလျိုက ဤပြဿနာကို သဘောပေါက်သွားသည့်အခိုက် ပို၍ပင် စိတ်လှုပ်ရှားတုန်လှုပ်လာရ၏။
သူတို့ တတိယမြောက် မြို့ပတ်လွှဲလမ်းကို ဝင်လာသည့်အချိန်တုန်းက မျက်စိဖြင့်ပင် မြင်နိုင်လုနီးပါးဖြစ်နေသော အလွန်ဖျော့တော့သည့် အဖြူရောင်မြူနှင်းငွေ့များကို ခံစားမိလာသောကြောင့် ယင်ရိလျိုတစ်ယောက် ကျင်းယန်၏အင်္ကျီလက်ကို ရုတ်တရက် ဆောင့်ဆွဲလိုက်သည်။
“ကျွန်မတို့ရဲ့ ဘေးပတ်လည်က မြူတွေကို သတိပြုမိကြလား?”
ကမ္ဘာပျက်ကပ်ဖြစ်ပြီးကာလတွင် မြူများက အထိမခံသင့်သည့် အရေးကြီးဆုံးအရာများထဲမှ တစ်ခုဖြစ်သည်မှာ သံသယဖြစ်စရာမရှိပါချေ။
*