အခန်း (၁၄၂)
Vol. 15 Ch. 142
အခန်း(142)
ကျောင်းမောင်နှမက ရုတ်တရက် လှည့်ပတ်ကြည့်လိုက်သော်ငြား စိတ်ရှုပ်နေပုံရ၏။
“မူမမှန်တာ ဘာမှမရှိဘူး.. အရာအားလုံးက အဆင်ပြေနေပုံပါပဲ”
သူတို့ ပြန်ဖြေလိုက်သည်။
ကျင်းယန်က သူ၏ဆင့်ကဲပြောင်းလဲ အမြင်အာရုံကို အသုံးပြုလိုက်၏။
သူက ယင်ရိလျို၏ အသိစိတ်ခံစားချက်များကို ယုံကြည်လေသည်။
သူမက အခြေအမြစ်မရှိသော ယူဆချက်များကို ပြုလုပ်မည့်သူ မဟုတ်ချေ။ ထို့ကြောင့် သူမကသာ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားနေရလျှင် ထိုအရာက အမှတ်တကယ်ဖြစ်နိုင်ခြေရှိလေသည်။
ကျင်းယန်၏ မျက်လုံးရှေ့တွင် အသေးစိတ်ကျသော မြင်ကွင်းများမှာ မှုန်မှိုင်းနေသော မှန်ပေါ်သို့ ရေတစ်ပုံး ပက်ဖြန်းလိုက်သည့်နှယ် ရုတ်တရက် ရှင်းလင်းသွားလေ၏။
ကျင်းယန်၏ အချိန်မှန်းဆမှုက များစွာ ပို၍ရှင်းလင်းလာကာ သူ့ကို သစ်ရွက်ပေါ်မှ အကြောများနှင့် ပင့်ကူအိမ်များအထိ အသေးစိတ်များကို မြင်နိုင်စွမ်းရှိလာစေသည်။
ဤမယုံကြည်နိုင်ဖွယ်ရာ အမြင်အာရုံကိုအသုံးပြုချိန်တွင် ယင်ရိလျို ဖော်ပြသည့် မြူများကို သတိထားမိခဲ့၏။ ထိုမြူက အလွန်ပါးလျပြီး ကျိုးတိုးကျဲတဲ အဖြူရောင်အခိုးအငွေ့တစ်ခုသာ ဖြစ်ကာ အမြင်အာရုံ ဆင့်ကဲပြောင်းလဲမှုမရှိသည့် လူများအတွက် မမြင်နိုင်လောက်ပါချေ။
“အမှန်ပဲ တစ်ခုခုရှိနေပေမဲ့ အရမ်းကို မှိန်ဖျော့လွန်းတယ်.. လူသားတွေကို ခြိမ်းခြောက်မှု မရှိသင့်ဘူး၊ ဒီသန္ဓေပြောင်း တိရစ္ဆာန်တွေ ပျောက်ကွယ်သွားတာက ဒီမြူနဲ့ ပက်သက်မလားဆိုတာ မသေချာဘူး”
ဤတုံ့ပြန်မှုကြောင်း ယင်ရိလျို၏မျက်ခုံးများ ပို၍ပင် တွန့်ချိုးသွားခဲ့၏။ ကျင်းယန်သည်လည်း သတိထားမိခဲ့လျှင် သူမ၏ခံစားချက်များက သေချာပေါက် ကျိုးကြောင်းညီညွတ်လေသည်။
သူမ၏စိတ်ထဲတွင် မြူများနှင့် ဆက်နွယ်သည့်အရာမှန်သမျှက ကောင်းမွန်သောလက္ခဏာ မဟုတ်သောကြောင့် ဤမှိန်ဖျော့သော စိုးရိမ်ပူပန်မှုက သူမ၏နှလုံးသားထဲတွင် အနည်ထိုင်လာခဲ့၏။
ကျင်းယန်က သူလက်ဆွဲထားသော ကလေးမလေး၏ တင်းမာမှုကို ခံစားမိပုံရသည်။ သူ ဆောင့်ကြောင့်ထိုင်ပြီး သြရှသောအသံဖြင့် ပြောကာ ယင်ရိလျို၏ခေါင်းကို ညင်သာစွာ ပွတ်သပ်လိုက်၏။
“စိတ်မပူပါနဲ့.. ဘာတွေပဲဖြစ်လာခဲ့ပါစေ ကော မင်းကို ကာကွယ်ပေးမယ်”
ယင်ရိလျို၏နှလုံးသားက နွေးထွေးသွားခဲ့ပြီး ခေါင်းငြိမ့်ပြလိုက်လေ၏။ ခိုလှုပ်ရှားမှုကြောင့် သူမ၏ပန်းရောင်ယုန်နားရွက်လေးများလည်း လှုပ်ခါသွားခဲ့သည်။ ထို့နောက် သူမက ထိုအမျိုးသား၏လက်ချောင်းကို ပို၍တင်းကြပ်စွာ ဆုပ်ကိုင်လိုက်မိ၏။
မြို့၏တတိယမြောက် မြို့ပတ်လွှဲလမ်းထဲသို့ သူတို့ဝင်လာချိန်တွင်တော့ သူတို့၏ ဘေးဘက်ပတ်လည်မှ အပျက်အစီးများက ရုတ်တရက် တိုးများလာကြောင်းကို မြင်လိုက်ရလေ၏။
ကွန်ကရစ်အဆောင်အအုံများကို တုတ်ခိုင်ပြီး သန်မာကြံ့ခိုင်သော သန္ဓေပြောင်းအပင်များဖြင့် ရစ်ပတ်ထားပြီး ၎င်းတို့၏ခွန်အားက အလွန်ကြီးမားသောကြောင့် နံရံများကိုပင် ဖြိုချပစ်ခဲ့ပုံရ၏။
ရေညှိများဖြင့် ဖုံးလွှမ်းနေသော နံရံများပေါ်တွင် နှေးကွေးစွာဖြင့် တွားသွား’သွားနေသော မရေမတွက်အောင်များသည့် ခရုများကိုလည်း မြင်တွေ့ခဲ့ရသည်။
“ဒီတောအုပ်ထဲက သန္ဓေပြောင်းတိရစ္ဆာန်တွေအားလုံး ပျောက်ကွယ်သွားခဲ့တယ်ဆိုတဲ့ ကျင်းကောရဲ့ သံသယတွေကသာ မှန်ခဲ့ရင် ဆင့်ကဲပြောင်းလဲအသင်းတွေလည်း အဲဒီလိုဖြစ်သွားခဲ့ဖို့ အလားအလာရှိတယ်”
ကျောင်းစီဟွေ့ တစိမ့်စိမ့် ချင့်ချိန် တွေးဆခဲ့၏။
“မေးစရာက သူတို့တွေ လမ်းပျောက်သွားတာလား ဒါမှမဟုတ် အဲဒီအမည်မသိ အင်းအားစုတချို့ဆီကနေ တိုက်ခိုက်တာကို ခံလိုက်ရတာလား?”
သူတို့အဖွဲ့က ရွှံထူသော မြေပြင်ပေါ်သို့ တက်နင်းနေခဲ့ရပြီး အုတ်ခဲ့ကျိုးများ ပြိုကျနေခဲ့သော မြေသားပေါ်တွင် ရှေ့ဆက်သွားရန် ရုန်းကန်နေရလေသည်။
ထိုအခိုက်တွင် ကျောင်းစီဟွေ့တစ်ယေောက် ရုတ်တရက် သူမ၏ဖိနပ်အောက်မှ ကျောက်တုံးက နစ်မြုပ်သွားသည်ကို ခံစားခဲ့ရပြီး ဟန်ချက်ပျက်သွားခဲ့၏။
သူမ နောက်ကို လှည့်ကြည့်လိုက်မိလျှင် ထိုစက္ကန့်အပိုင်းတခြားအတွင်း မြေပြင်မှ အနီပုပ်ရောင် လက်တံအတုတ်ကြီးတစ်ခု ထွက်လာကြောင်းကို တွေ့လိုက်ရသည်။
ထိုလက်ထံ၏ ထိပ်ဖျားက ချွန်ထက်ပြီး ကျဥ်းမြောင်းလေသည်။ ထိုအရာက သူမ၏ခြေကျင်းဝတ် တစ်ဝိုက်တွင် ကြမ်းကြုတ်စွာ ရစ်ပတ်လိုက်ပြီး သူမကို နောက်ပြန်ဆွဲလိုက်တော့၏။
ကျောင်းစီဟွေ့ မြေပြင်ပေါ်သို့ လဲကျသွားခဲ့ရကာ နားစည်ကို ထိုးဖောက်လုမတတ် အော်ဟစ်လိုက်သည်။
သူမ၏တံတောင်ဆစ်များနှင့် မေးစေ့က ကျောက်တုံးထူထပ်သော မျက်နှာပြင်နှင့် ခပ်ပြင်းပြင်းရိုက်မိသွားရပြီး အလွန်နာကျင်သွားရကာ သူမ၏အမြင်အာရုံကလည်း အမှောင်ကျသွားလေ၏။
သူမကို ဆွဲခေါ်သွားသည့် အရာကိုပင် ရှင်းရှင်းလင်းလင်း မမြင်လိုက်ရချေ။ သူမ၏ ခြေကျင်းဝတ်တစ်ဝိုက်တွင် ရစ်ပတ်ထားသော အရာဆီမှ အကြင်နာကင်းမဲ့စွာ နောက်သို့ပြန်ဆွဲခံလိုက်ရသည်ကို ခံစားခဲ့ရသည်။
သူမ ပြင်းထန်သော နာကျင်မှုကြောင့် အော်လိုက်သည့်အခိုက် ကျောင်းချီယန်သည်လည်း အလွန် ပျာယာခတ်သွားရ၏။
“ကျဲ!!”
ကျောင်းချီယန် ချက်ချင်း အရှေ့ကိုဆတ်ခနဲတိုးပြီး အစ်မဖြစ်သူ၏ခါးကို လှမ်းဆွဲရန်ကြိုးစားလိုက်သည်။
သို့သော်ငြား သူမ၏ခြေကျင်းဝတ်တွင် ရစ်ပတ်နေသည့်အရာက မယုံနိုင်လောက်အောင် အင်အားကြီးပြီး သူ့ကိုပါ အလွယ်တကူ မြေပြင်ပေါ် အလဲထိုးလိုက်လေ၏။
ယင်ရိလျိုက ရုတ်တရက် မြေကြီးအောက်ဘက်မှ ထိုးထွက်လာသည့်အရာကို မြင်လိုက်ရပြီး သူမ၏နှလုံးသားမှာ အရိုင်းဆန်စွာ ခုန်ပေါက်နေခဲ့သည်။
ထိုအရာက ရေပုံးတစ်ပုံး၏ ထုထည်နီးပါးရှိပြီး အနီပုပ်ရောင်ရှိကာ မြေကြီးထဲမှ ကျိုးပဲ့နေသော ကျောက်တုံးများအောက်ဘတ်တွင် တစ်စိတ်တစ်ပိုင်း ရစ်ခွေနေခဲ့၏။
နောက်ထပ်တစ်ခုသည်လည်း မြေကြီးထဲမှ တဟုန်ထိုးထွက်လာပြီး သူ့၏ ကိုယ်က ကြမ်းထော်သော ဆူးချွန်များနှင့်ပြည့်နှက်နေခဲ့သည်။
ထိုအရာမှာ သန္ဓေပြောင်းတီကောင် သို့မဟုတ် အင်းစက်တစ်မျိုးမျိး ဖြစ်လိမ့်မည်ဟု သူမ ခန့်မှန်းလိုက်မိ၏။
နောက်ထပ်တစ်ခု ထပ်ထွက်လာသည့်အတွက် သူမ သတိပေးတော့မည့်အချိန်တွင်ပင် အနီပုပ်ရောင်အရာက တဟုန်ထိုး ထိုးထွက်လာပြီး သူမ၏ခြေထောက်လေးတစ်ဝိုက်တွင် ရစ်ပတ်လိုက်သည်။
သူမ၏ခန္ဓာကိုယ်က မြေပြင်ဆီသို့ အပြင်းအထန် အဆွဲခံလိုက်ရသည့်အတွက် တုံ့ပင်မတုံ့ပြန်နိုင်လိုက်ဘဲ သူမ၏အရေပြားကလည်း ချွန်ထက်သော ကျောက်တုံးများ၊ သဲများနှင့် ပွတ်ဆွဲသွားသောကြောင့် သူမကို ပြင်းထန်စွာနာကျင်သွားစေပြီး အသက်ပင် မရှူနိုင်တော့ချေ။
ဒီအရာကြီးက တစ်ကောင်တည်း မဟုတ်ဘူး!!
သူမ မအော်နိုင်ခင် ကျင်းယန်က အော်ဟစ်ပြီး ချက်ချင်းတုံ့ပြန်လိုက်၏။
“ထုထု!”
အလွန်အမင်းထိတ်လန့်တုန်လှုပ်မှုနှင့် နာကျင်မှုအလယ်တွင် ယင်ရိလျို မြင်နိုင်သည့်အရာအာလုံးမှာ သူမထံသို့ ဦးတည်၍ပြေးလာသော ကျင်းယန်၏ ထိတ်လန့်တုန်လှုပ်နေသည့် အမူအရာသာဖြစ်သည်။
သူမအနေဖြင့် ဤကိုးယိုးကားယား အရာကြီးဆီမှ လွှတ်မြောက်ရန် ယုန်တစ်ကောင်အဖြစ် အသွင်ပြောင်းနိုင်ကြောင်းကိုပင် မေ့သွားခဲ့၏။
ပြင်းထန်သော နာကျင်မှုဝေဒနာနှင့်အတူ သူမ၏ခန္ဓာကိုယ် ရုတ်တရက် ပြုတ်ကျသွားသည်ကိုသာ ခံစားလိုက်ရပြီး ကြီးမားသောလက်ကြီးတစ်ဖက် သူမ၏ခါးကို ဆုပ်ကိုင်လိုက်ချိန်တွင်တော့ သူမ၏အမြင်အာရုံက အမှောင်ကျသွားခဲ့သည်။
သူမ၏အသိစိတ်က နက်ရှိုင်းသော အသူရာချောက်ထဲ ပြုတ်ကျသွားခဲ့ပုံရ၏။
ယင်ရိလျို နိုးလာချိန်တွင်တော့ သူမက အမှောင်ထုထဲ လုံးလုံးလျားလျားနစ်မြုပ်နေပြီး သူမ၏ခန္ဓာကိုယ်အနှံ့မှ လောင်ကျွမ်းနေသော နာကျင်မှုကိုသာ ခံစားနေရသည်။
သူမ မျက်လုံးကို ဖွင့်လိုက်သည့်အချိန် သူမ၏နှာခေါင်းထဲမှ အရက်ပြန်အနံ့ပြင်းပြင်းဖြင့် ပြည့်နှက်သွားသောကြောင့် သူမ၏မျက်လုံးများကို မျက်ရည်ဝိုင်းသွားစေခဲ့၏။
တောအုပ်ဝန်းကျင်က ခြောက်ခြားဖွယ်ရာကောင်းလျှင် ဤနေရာသည်က မှောင်မိုက်သောညနှင့် တူလေသည်။
သူမ မျက်ခုံးကိုတွန့်ချိုးပြီး ဘေးပတ်လည်ကို ကြည့်လိုက်လျှင် သူမက တင်းတင်းကြပ်ကြပ် ပွေ့ဖက်ခံထားရကြောင်းကို ထိုအချိန်မှသာ သတိထားမိခဲ့၏။
သူမ လှုပ်ရှားလိုက်သညာနှင့် ခေါင်းထက်မှ ရင်းနှီးကျွမ်းဝင်ပြီး တုန်လှုပ်နေသော အသံကို ကြားခဲ့သည်။
“ထုထု?”
သူမခေါင်းမော့လိုက်ချိန်တွင် ကျင်းယန်၏ ခန့်ညားသောမျက်နှာကို မြင်ခဲ့၏။
“ကျွန်မတို့ ဘယ်ကိုရောက်နေတာလဲ..”
သူမကို ပုံဆိုးပန်းဆိုး အနီပုပ်ရောင်သတ္တဝါကြီးက ဆွဲခေါ်သွားပြီး သူမ၏ခေါင်းမှာလည်း ကျောက်သားမျက်နှာပြင်ရိုက်မိသွားသောကြောင့် သတိလစ်လုနီးပါး ဖြစ်စေခဲ့ကြောင်းကိုသာ သူမ မှတ်မိလေသည်။
ထို့နောက် ဖြစ်ပျက်ခဲ့သည့် အရာများကို မမှတ်မိချေ။
ကျင်းယန်၏လည်ချောင်း အနည်းငယ် လှုပ်ရှားသွားရသည်။ သူက အလွန်ပင်ပန်းပြီး စိတ်လှုပ်ရှားနေခဲ့ပုံရပေ၏။
သူ၏မေးစေ့တွင် မုတ်ဆိတ်မွှေးငုပ်စိလေးများ ပါးပါးပေါက်နေသောကြေင့် သူ့ကို အတော်လေး မသပ်မရပ်ဖြစ်နေစေ၏။ သူ့ကို ဤကဲ့သို့ ရှုပာထွေးသည့် အခြေအနေတွင် တွေ့ရခြင်းမှာ ယင်ရိလျိုအတွက် ပထမဆုံးအကြိမ်ဖြစ်ပေသည်။
သူမကိုယ်တိုင်လည်း စိတ်လှုပ်ရှားကာ စိုးရိမ်နေသောကြောင့် ကျင်းယန်၏မေးစေ့ကို ထိကြည့်ရန်တုံ့ဆိုင်းနေခဲ့၏။
သူမ ထိုအမျိုးသား၏မေးစေ့ကို လက်ဖဝါးလေးဖြင့် လှမ်းထိကာ သူမအဆင်ပြေကြောင်း ပြောပြချင်ခဲ့သည်။ သို့သော်ငြား သူမ လက်မြှောက်ရန်ကြိုးစားလိုက်လျှင် တံတောင်ဆစ်မှ စူးရှသောနာကျင်မှုက သူမကို မျက်ခုံးတွန့်ချိုးသွားစေ၏။
သူမ ခေါင်းကို ပြန်ငုံ့ကြည့်လိုက်ပြီးနောက် လက်မောင်းတစ်ဝိုက်တွင် ပတ်တီးတစ်လွှာပတ်ထားကြောင်းကို သတိထားမိခဲ့သည်။
သူမ၏ခန္ဓာကိုယ်ပေါ်မှ အရက်ပြန်နံ့သည်က ကျင်းယန်မှ သူမ၏ဒဏ်ရာများကို ပိုးသတ်ပေးထားခြင်းမှ ထွက်ပေါ်နေခြင်း ဖြစ်နိုင်လေသည်။
“ကော မျက်မှောင် မကြုတ်ပါနဲ့.. ကျွန်မအဆင်ပြေပါတယ်”
သူမ ပြောလိုက်လေ၏။
သူမ၏ခန္ဓာကိုယ်အနှံ့တွင် ပြင်းထန်စွာ နာကျင်နေသော်ငြား ယင်ရိလျိုက ကျင်းယန်၏မေးစေ့ကို သူမ၏နူးညံ့သော လက်ဖဝါးလေးဖြင့် လှမ်းထိလိုက်သည်။
သူမတွင် ဝိုင်းစက်၍ရှည်သွယ်သော မျက်လုံးများရှိပြီး အကြောက်တရား သို့မဟုတ် တုန်လှုပ်မှု အရိပ်အယောင်ကို မပြသနေခဲ့ချေ။
ကျင်းယန်က သူမ၏လက်ကို ဆုတ်ကိုင်လိုက်သောကြောဖြင့် နွေးထွေးသွားခဲ့ရပြီး နောက်အခိုက်အတန့်တွင် ထိုသူက သူမ၏နူးညံ့သောလက်ဖဝါးကို နူးညံ့စွာနမ်းခဲ့လေ၏။
သူမ၏လက်ဖဝါးက ရုတ်တရက် နွေးထွေးသွားသည်ကို ယင်ရိလျိုခံစားမိပြီး တုန်ရီစွာဖြင့် လက်ကိုပြန်ဆွဲထုတ်မိသည်။
ကျင်းယန်၏ ကြမ်းရှပြီး သြရှသော အသံက သူမ၏နားအနီးမှ ထွက်လာခဲ့၏။
“ကော တောင်းပန်ပါတယ် ထုထု..”
သူ ခဏရပ်လိုက်ပြီး ဆက်ပြောခဲ့သည်။
“နောက်တစ်ကြိမ် မဖြစ်စေရဘူး”
မြေပြင်မှ ထွက်လာသော အရာကြီးက ယင်ရိလျိုကို တရွတ်တိုက် ဆွဲခေါ်သွားသောကြောင့် သူမ၏အော်သံကို ကြားသည့်အခိုက်တွင် ကျင်းယန်၏နှလုံးသား ရပ်တန့်လုနီးပါးဖြစ်ခဲ့ရသည်။
သူ အလျှင်အမြန် နောက်သို့လှည့်လိုက်ချိန်တွင် ကလေးမလေး၏ မျက်နှာပေါ်မှ ကြောက်ရွံ့သည့်အမူအရာ၊ ဒဏ်ရာများကြောင့် နာကျင်မှုဖြင့် တွန့်ရှုံ့နေသော အမူအရာကို မြင်ခဲ့ရလေ၏။
သူ၏ဆင်ခြင်တုံတရားများက ထိုအခိုက်တွင် လုံးလုံးလျားလျား လွင့်ပါးပျောက်ကွယ်သွားခဲ့သည်။
ဤစကားသည်က ထုထုကို နှစ်သိမ့်ရန်ဟု ထင်ရသော်လည်း သူ့ကိုယ်သူ ပြောသည့်စကားလည်း ဖြစ်လေ၏။
ကလေးငယ်ကို ဤကဲ့သို့ ကြောက်လန့်မှုနှင့် ပူပင်သောကကို သေချာပေါက် ထပ်မံခံစားစားခွင့် ပြုတော့မည်မဟုတ်ချေ။
“နာနေသေးလား?”
သူနူးညံ့စွာ မေးခဲ့သည်။
ယင်ရိလျိုက နာကျင်နေဆဲဖြစ်၏။ သူမ၏အရေပြားက အင်းစက်ကိုက်ခြင်းကို ပြန်ကန်နိုင်စေသော်ငြား ကျောက်တုံးများကြောင့်ဖြစ်သော ပွန်းပဲ့ဒဏ်ရာများကို ကာကွယ်မပေးနိုင်ချေ။
သူမ၏ နောက်ကျော၊ လက်မောင်းများနှင့် ခြေထောက်များက နေရာအနှံ့ စုတ်ပြတ်နေပြီး တချို့နေရာများကမူ ကျိုးပြီးသွေးထွက်နေလေသည်။
သို့သော်ငြား ကျင်းယန် စိတ်မပူစေရန် သူမ ပြုံး၍ ခေါင်းယမ်းလျက် ပြောခဲ့၏။
“ပတ်တီးစီးလိုက်တော့ မနာတော့ပါဘူး”
ကျင်းယန်၏မျက်လုံးများက နက်ရှိုင်းသွားခဲ့ရသည်။
*