အခန်း (၁၄၄)
Vol. 15 Ch. 144
အခန်း(144)
“မင်းတို့ ဒီရောက်တာဘယ်လောက်ကြာပြီလဲ?”
ကျင်းယန်မေးခဲ့ပြီး မီးပုံဘေးတွင် ထိုင်နေသော ဆင့်ကဲပြောင်းလဲသူများကို မျက်လုံးထောင့်မှ ကြည့်ပြီးမေးခဲ့သည်။
“ငါတို့လမ်းပျောက်နေတာ ဆယ်ရက်လောက်ဖြစ်မယ်.. ဒီနေရာက နေ့လည်အချိန် နေအထွတ်အထိပ်ရောက်တဲ့ အချိန်ကလွဲလို့ အချိန်တိုင်းလိုလို အတူတူနီးပါးပဲ.. ဆက်သွယ်ရေးစက်တွေ၊ သံလိုက်အိမ်မြှောင်တွေနဲ့ လက်ပတ်နာရီတွေအားလုံးက စက်ချို့ယွင်းသွားပြိး အသုံးကိုမဝင်ဘူး”
သူ့နောက်မှ အမျိုးသားတစ်ယောက်ကလည်း ပုခုံးတွန့်ပြလျက် ကူကယ်ရာမဲ့မှု အနည်းငယ်ဖြင့် ပြောခဲ့၏။
လူတိုင်း မြေအောက်အခြေအနေအား ဖော်ပြချက်နေသည်ကို နားထောင်နေရင်း ယင်ရိလျို သူမ၏အသားကို ဝါးစားလိုက်သည်။ ကျင်းယန်က သူမကိုတိတ်တဆိတ် ကြည့်နေသည်ကို သတိထားမိလျှင် သူမကိုတစ်နည်းနည်းဖြင့် ရှက်ရွံ့သွားစေ၏။
သူမအနေဖြင့် သူ၏အကြည့်မှ နွေးထွေးမှုကို မခုခံနိုင်တော့ဘဲ သူမ၏လက်ဖဝါးလေးကို ဆန့်ထုတ်ပြီး ပန်းကန်လုံးနှင့် တူများကိုကျင်းယန်ဘက်ကို တွန်းပို့လိုက်ကာ ညင်သာစွာ ပြောခဲ့၏။
“ကောလည်းစားသင့်တယ်.. ကျွန်မစားတာ အရမ်းနှေးတယ်”
သူမက အနည်းငယ် ခြောက်သွေ့နေသော နှုတ်ခမ်းများကို လျှက်လိုက်မိသည်။ ထိုအချိန်တွင် ကျင်းယန်က လျှင်မြန်သောအရှိန်ဖြင့် အိတ်ထဲမှရေဘူးတစ်ဘူးကို ထုတ်ယူပြီး သူမကိုလှမ်းပေးလာခဲ့လေ၏။
သူက သူမကို ခွံ့တိုက်တော့မည်ကိုမြင်လျှင် ၏လက်ဖဝါးများ အလျှင်အမြန် ရွေ့လျားကာ တားဆီးသွားခဲ့၏။ သူမက အပေါ်ယံပွန်းပဲ့မှုများကိုသာ ခံစားခဲ့ရခြင်းဖြစ်ပြီး အလွန်အမင်း အသေးစိတ်ဂရုစိုက်ပေးရန် မလိုအပ်ပါချေ။
“ရတယ်.. ကော ဗိုက်မဆာဘူး”
ကျင်းယန်က ယင်ရိလျို ရေသောက်နေသည်ကို စောင့်ကြည့်ပြီး ပြောခဲ့သည်။ သူမက အလွန်ချစ်စရာကောင်းစွာ ရေသောက်နေပြီး သူမ၏ပါးစပ်လေးမှာလည်း ဆီကြောင့်ရွှန်းစိုနေခဲ့သည်။ ထို့အပြင် သူ့ဘက်သို့ ဝိုင်းစက်သော မျက်လုံးများနှင့် စိုက်ကြည့်နေသောကြောင့် သမင်ပျိုလေးတစ်ကောင်နှင့် ဆင်တူနေလေ၏။
သူတို့က ထူးဆန်းသောနေရာတစ်ခုထဲ ရောက်နေခဲ့ပြီး သူတို့၏အသင်းနှင့် လုံးလုံးလျားလျား လူစုကွဲသွားခဲ့သည်။ လက်ရှိတွင် ရှင်သန်ရန်အတွက် တစ်ယောက်အပေါ် တစ်ယောက် မှီခိုနေရလေသည်။
မြို့တော်Bနှင့် ချင်းဖန်အခြေစိုက်စခန်းမှ ဤဆင့်ကဲပြောင်းလဲသူများက ယခုအချိန်တွင် ဖော်ရွေပုံပေါ်သော်လည်း သူတို့၏အပြုံးမျက်နှာအောက်တွင် ရှိနေသည့်အရာကို မည်သူသိနိုင်မည်နည်း?
ကျင်းယန် သတိထားရန် လိုအပ်ပေ၏။ ယုန်ငယ်လေးမှ လွဲ၍ သူ တခြားသူများကို မယုံကြည်ချေ။
သို့သော်ငြား သူမနှင့်နှစ်ယောကာနည်းနေရသည့်အတွက် သူ အလွန်စိတ်ကျေနပ်နေကြောင်းကိုတော့ သူကိုယ်တိုင် သဘောမပေါက်သေးပါပေ။
ဤအကြောင်းအရာများကြောင့် ယင်ရိလျို၏ တမူထူးခြားသော စွမ်းရည်များမှာ မြို့တော်Bမှ ဤဆင့်ကဲပြောင်းလဲသူ အဖွဲ့ထံသို့ ပေါ်သွား၍မရချေ။
ကျင်းယန်က အသေးလေးကို သူမ၏စွမ်းရည်များအား မည်သည့်အခြေအနေအောက်မဆို ထုတ်မသုံးသင့်ကြောင်း အခြေအနေကို ဂရုစိုက်ရန်မလိုကြောင်း တိတ်တဆိတ် သတိပေးခဲ့သည်။
ယင်ရိလျိုက သူမ၏ဖောင်းကစ်သော မျက်နှာလေးဖြင့် လေးနက်စွာ ခေါင်းငြိမ့်ပြီး တိုးတိုးလေးပြောခဲ့၏။
“ကော စိတ်ချထားလို့ရတယ်.. ကျွန်မက အစားအစာကို လောဘကြီးတတ်တဲ့ ယုန်မျိုးမဟုတ်ပါဘူး”
သူမက ခိုင်မာစွာပြောခဲ့သော်ငြား မီးပုံဘေးတွင် အရသာမရှိသော အသားကင်ကို ဝါးစားနေချိန်၌ နေရာလွတ်ထဲမှ အသီးများ၊ ဟင်းသီးဟင်းရွက်များနှင့် အရသာရှိသော စည်သွပ်ဘူးများကိုတော့ တောင့်တမိလေသည်။
သူမ၏ အနည်းငယ်ပြည့်နေသော ဗိုက်လေးကိုပုတ်ပြီးနောက် ကျင်းယန်ဘက်သို့ တင်းမာသော အမူအရာနှင့် လှည့်လိုက်၏။
“ကောလည်းစားသင့်တယ်.. ကျွန်မကိုပဲ ကြွေးမနေနဲ့လေ”
ကျင်းယန် မလှုပ်သည်ကို မြင်လျှင်တော့ သူမ ပို၍တင်းမာသောအမူအရာကို ဆင်မြန်းလိုက်သည်။
သို့သော်လည်း သူမ နောက်ဘက်ကို တစ်ချက်ကြည့်လျှင် မီးပုံဘေးမှ တခြားဆင့်ကဲပြောင်းလဲသူ အားလုံးက သူတို့၏တုံ့ပြန်မှုကို ဖခင်စိတ်ပြည့်ဝသော အကြည့်နှင့်အတူ ကြည့်နေသည်အား သတိထားမိရလေ၏။
ဤအချိန်တွင်တော့ အတော်လေး ကိုးယိုးကားယားနိုင်သည်ဟု ခံစားရပြီး တွင်းပေါက်တစ်ခုထဲသာ တွားသွားဝင်လိုက်ချင်မိ၏။
ကျင်းယန်၏မျက်လုံးများက နူးညံ့လာခဲ့ကာ ကလေးမလေး၏ ခေါင်းကို ညင်သာထိတွေ့ပြီး နူးညံ့စွာ ပြောခဲ့သည်။
“ဟုတ်ပါပြီ”
ယခုအချိန်တွင် သူတို့နှစ်ယောက်လုံးက မြေအောက်လောကထဲတွင် ရောက်ရှိနေပြီး အထက်ပိုင်းမှစေလွှတ်ခဲ့သည့် အသင်းများ၏ တစိတ်တပိုင်းဖြစ်လာခဲ့၏။
ကျောက်တုံးဖြူအသင်းနှင့် ချင်းဖန်အသင်းသည်က မည်သည်ကိုမှကွယ်ဝှက်မထားခဲ့ဘဲ သူတို့ မြေအောက်လောကသိုမရောက်မီတွင် စူးစမ်းခဲ့သည့် အတွေ့အကြုံများကို မျှဝေခဲ့သည်။
“ငါတို့ စုစုပေါင်းရှစ်သင်းရှိခဲ့တာ.. အစကတော့ အစီအစဥ်က ပူးပေါင်းပြီး သစ်ပင်ကို အပြည့်အဝ ဝန်းရံမယ်.. ပြီးရင်ခုခံဖို့ လက်နက်ကြီးတွေကို အသုံးပြုမယ်ပေါ့..
ဒါပေမဲ့လည်း မြို့တော်Mက အရမ်းကိုဗရမ်းဗတာဖြစ်လွန်းနေပြီး သန္ဓေပြောင်းသားရဲတွေက နေရာအနှံ့ကနေ ဝင်ရောက်ဖျက်စီးနေတယ်..
သူတို့ကိုကိုင်တွယ်ဖို့ ငါတို့ရုန်းကန်ခဲ့ရပြီး ဆင့်ကဲပြောင်းလဲသူ အများကြီးသေခဲ့ရတယ်.. ဒါပေမဲ့ ရလာဒ်က တော်တော်လေး လက်ခံနိုင်တုန်းပါပဲ”
ကျန်းယွီချန်ပြောခဲ့၏။
ကျန်းယွီချန် ပြောနေရင်းဖြင့် ရုတ်တရက် ရပ်တန့်လိုက်ကာ မီးပုံမှ လွင့်ပျံနေသောမီးပွားများကို စိုက်ကြည့်ပြီး သက်ပြင်းချခဲ့သည်။
“ငါတို့ အဲ့ဒီသန္ဓေပြောင်းအပင်ကြီးကို အပိုင်းပိုင်းဖြစ်အောင် ဖောက်ခွဲခဲ့ကြပေမဲ့ မရေမတွက်နိုင်အောင်များတဲ့ နီညိုရောင် နွယ်ပင်တွေက ပင်စည်ရဲ့အောက်ခြေကနေ ထွက်လာကြတယ်လေ..
ဒါကို ငါတို့မမျှော်လင့်ထားခဲ့မိဘူး.. လူအများကြီး ဝါးမျိုခံလိုက်ရပြီး ပျောက်ကွယ်သွားကြတယ်”
ဟုန်ရှင်းရှင်းက ခါးသီးသည့်အပြုံးတစ်ပွင့်ကို ဖိအားပေးပြုံးပြီး ပြောခဲ့၏။
“ကျွန်မတို့တွေ အစကတော့ လွတ်လောက်မယ်လို့ ထင်ထားကြပေမဲ့ အဆုံးသတ်ကျတော့ မြေအောက်ထဲကို ဆွဲခေါ်တာခံလိုက်ရတယ်လေ.. ကျွန်မတို့ အပြင်ကိုထွက်နိုင်ပါ့မလား မသေချာဘူး”
ဤစကာ့အားကြားလျှင် သူမ၏ဘေးမှ အမျိုးသားတစ်ယောက်က မထိန်းနိုင်ဘဲ ကျိန်ဆဲလိုက်မိပြီး မချင့်မရဲဖြစ်မှုဖြင့် သူ့ခေါင်းကိုပွတ်လိုက်သည်။
“ကျွန်တော်တို့ ဒီနေရာမှာ သန္ဓေပြောင်းသတ္တဝါတွေ အစားမခံရဘဲ ထပ်ကြာကြာ နေနိုင်ရင်တောင်မှ စိတ်ဓာတ်ကျပြီးသေလိမ့်မယ်!”
ဤနေရာမှ လွတ်မြောက်ရန် သူတို့ကြိုးစားခဲ့သော်ငြား မြေအောက်ဖွဲ့စည်းပုံက ရှုပ်ထွေးပြီး အဖွဲ့ဝင်များက အရပ်မျက်နှာပေါင်းစုံ လူစုကွဲသွားခဲ့သဖြင့် ဆက်သွယ်ရန်မှာ မဖြစ်နိုင်ချေ။
ထွက်ပေါက်နှင့်တူသော အရာဆီ သို့ သူတို့ချဥ်းကပ်သွားသည့်အချိန်တိုင်း နီညိုရောင် ခြောက်ခြားဖွယ် နွယ်လက်တံများက ရန်လိုစွာဖြင့် တိုက်ခိုက်ပြီး ထွက်ပြေးသူ၏ ခန္ဓာကိုယ်များကို ထိုးဖောက်လိမ့်မည်ဖြစ်သည်။
ဤနီညိုရောင် နွယ်လက်တံများက ယင်ရိလျို ကနဦးကထင်ထားသကဲ့သို့ မြေအောက်သန္ဓေပြောင်းတီကောင် တစ်မျိုးမျိုးမဟုတ်ဘဲ ဧရာမသစ်ပင်ကြီး၏ အမြစ်စနစ်သာဖြစ်နေကြောင်း ဤအရာက ညွှန်ပြနေခဲ့၏။
ဤသစ်ပင်၏ အချင်းဝက်ကို မသိရသေးပေ။ အသင်းများက ၎င်း၏အမြစ်များကို အမှုမဲ့အမှတ်မဲ့ ဖျက်စီးခဲ့ခြင်း သို့မဟုတ် ပုန်းကွယ်နေသည့် တစ်စုံတစ်ခုကို ထိခဲ့ခြင်းတို့က မူလက တိတ်ဆိတ်နေသော ဧရာမအပင်ကြီးကို ထွက်ပေါ်လာစေရန် ဖိအားပေးမိခဲ့ခြင်းဖြစ်ပေမည်။
ဤအပင်တွင် တွေးတောဆင်ခြင်နိုင်စွမ်း ရှိ၏။
သို့မဟုတ် တစ်နည်းအားဖြင့် ဆိုရသော် အမှီခိုကင်းကင်း တွေးခေါ်နိုင်သည့်စွမ်းရည်၊ ကိုယ့်ကိုကိုယ် ဖုံးကွယ်ဟန်ဆောင်နိုင်စွမ်းနှင့် အမြစ်စနစ်ကို မြေအောက်အနက်ထဲတွင် မြှုပ်နှံကာ သားကောင်ကို အမိအရဖမ်းရန် အချိန်ကောင်းကို စောင့်နေနိုင်စွမ်း ရှိနေခဲ့သည်။
“မြေအောက်က ညအချိန်မှာ အန္တရာယ်မများလို့ စိတ်အေးအေးချမ်းချမ်းထားပြီး အိပ်လို့ရတယ်.. နာရီနဲ့အလိုက် ဂျူတီချထားတဲ့ လူတွေရှိတယ်.. နေ့ခင်းအချိန်ကပဲ အန္တရာယ်အများဆုံး အချိန်ပဲ”
ကျန်းယွီချန်က သိပ်မဝေးသည့်နေရာမှ အလွန်သိမ်မွေ့ပြီး အိပ်မက်ဆန်၍ လေထုကိုဖန်းတီးနေသော မရေနိုင်အောင်များပြားသည့် ကြယ်ရောင်များနှင့်ဆင်တူသော အပြာနုရောင်အလင်းမှိန်မှိန်ကို စိုက်ကြည့်လျက် နူးညံ့စွာပြောခဲ့လေ၏။
မည်သို့ပင်ဖြစ်စေ ဤအကြောင်းကိစ္စတွင် အနည်းငယ်ရင်ထိတ်ဖွယ် ခံစားခဲ့ရသည်။
ယင်ရိလျို နာခံစွာ ခေါင်းငြိမ့်ပြီး လက်ဖဝါးလေးကို နူးညံ့စွာဝှေ့ယမ်း၍ အစ်ကိုကြီး အစ်မကြီး တစ်ယောက်ချင်းစီကို နှုတ်ဆက်လိုက်၏။
ကျင်းယန်က သူမကို လက်မောင်းထဲတွင် ပွေ့ထားခဲ့သောကြောင့် တစ်ဖက်လူ၏ လက်ထဲတွင် အိပ်ချင်မူးတူးဖြင့် မျက်လုံးများကို ပွတ်နေသည်မှာ အလွန်ချစ်စရာကောင်းပေသည်။
သူမက နူးညံ့စွာသမ်းလိုက်ကာ သူမ၏မျက်လုံးများက မှေးစင်းနေသည်ကို ခံစားရပြီးနောက် မျက်နှာလေးကို ကျင်းယန်၏ပုခုံးပေါ်တွင် တင်ပြီး အပြင်ဘက်မှ အပြာရောင်အလင်းရောင်ကို ငေးမောနေခဲ့၏။
ကျင်းယန် ကလေးမလေး၏ နူးညံ့သောပါးပြင်ကို ပွတ်သပ်ပြီး အသံတိုးတိုးဖြင့် မေးလိုက်သည်။
“ပင်ပန်းနေပြီလား?”
ယင်ရိလျိုခေါင်းငြိမ့်လိုက်သည်။ အနားတွင်ရပ်နေသော ကျန်းယွီချန်က အပြုံးတစ်ခုဖြင့်ပြောခဲ့လေ၏။
“မင်းတို့တွေ ရှည်လျားတဲ့နေ့တစ်နေ့ကို ဖြတ်သန်းခဲ့ရတာပဲ၊ ကလေးမလေးက ကြောက်နေမှာဆိုတော့ ငါမင်းတို့ကို မနှောင့်ယှက်တော့ပါဘူး.. မင်းတို့တစ်ခုခု လိုရင် မနက်ကျ ပြောလို့ရတယ်”
ကျင်းယန်ခေါင်းငြိမ့်ပြီး အိပ်ငိုက်နေသော ကလေးမလေးကို တဲထဲသို့ညင်သာစွာ ခေါ်သွားခဲ့သည်။
သူ တဲကိုဇစ်ပိတ်လိုက်ချိန်တွင်တော့ ယင်ရိလျိုက သူမ၏ဝိုင်းစက်ရွှန်းစိုနေသော မျက်လုံးများကိုရုတ်တရက်ဖွင့်လိုက်ကာ မကျေမနပ် အမူအရာတစ်ခုကို ဖော်ပြလာသည်။
သူမက မတိုင်ခင်ကကဲ့သို့ အိပ်ချင်နေသည့်အမူအရာ မရှိတော့ချေ။
သူမက တိတ်တဆိတ်ဖြင့် တဲထဲတွင် ထိုင်လိုက်ကာ တောက်ပသောမျက်လုံးများက ကျင်းယန်ကို မြဲမြံစွာကြည့်နေခဲ့သည်။
ဤသည်က မယုံနိုင်လောက်အောင် ချစ်စရာကောင်းနေပြီး သူမပြောချင်သည့်စကားအားလုံးကို ပေါ်လွင်နေခဲ့သော အမူအရာကိုပြသနေလေ၏။
“ကျွန်မ သရုပ်ဆောင်တာ အရမ်းတော်တာပဲ”
ကျင်းယန် သူမ၏နှာခေါင်းကို ညင်သာစွာ ပုတ်လိုက်ကာ တိတ်တဆိတ် ပြန်ဖြေလိုက်သည်။
“ကောင်းကောင်းလုပ်ခဲ့တာပဲ”
*