အခန်း (၁၅၀)
Vol. 15 Ch. 150
အခန်း(150)
အရှိန်ဖြင့် ပြေးလာကြသည့် လူသုံးယောက်လုံးက ကျင်းယန်၏စကားကိုကြားလျှင် နာခံစွာဖြင့် ခေါင်းများကို ငုံ့လိုက်ကြ၏။
ထို့နောက် အနက်ရောင် မီးခိုးထူသော အလုံးသဏ္ဍာန်အရာဝတ္ထုတစ်ခုက သူတို့၏ ခေါင်းပေါ်မှ ဖြတ်သန်းသွားပြီး သူတို့နောက်မှ ကြွက်အုပ်ကို ထိမှန်သွားလေသည်။
ကျင်းယန်တွင် တိကျသောချိန်ဆမှုရှိနေခဲ့သည်။ ရေဆိုးမြောင်းက သန္ဓေပြောင်းကြွက်များဖြင့် သိပ်သည်းစွာ ပြည့်နှက်နေပြီး အရှေ့မှ လူသားများကို အဆတ်မပြတ် တစ်စစီ ဆုတ်ဖြဲရန်ကြိုးစားနေလေ၏။
ထိုအချိန်တွင် လက်ဗစ်ဗုံးက ကြွက်အုပ်ပေါ်သို့ ကျသွားပြီး ရေဆိုးမြောင်းထဲတွင် ထိတ်လန့်ဖွယ် ဗလုံးဗထွေး ပေါက်ကွဲသံကြီး ထွက်လာခဲ့ကာ မီးကျွမ်းသည့်ရနံ့နှင့် မီးခိုးဖျော့ဖျော့တို့က လေထဲ တခဏချင်း ပြည့်နှက်သွားခဲ့သည်။
ပေါက်ကွဲနေသည့် ကြားကာလအတောအတွင်း အသည်းအသန် ထွက်ပြေးနေသော အမျိုးသားသုံးယောက်က အပဆါ်သို့တက်ရန် အခွင့်အရေးယူလိုက်ကြ၏။
သူတို့က မြေပြင်ပေါ်တွင် ထိုင်ချပြီး သူတို့၏ပါးစပ်များကို ကျယ်ကျယ်ဟကာ ရေထဲမှထွက်လာသည့် ငါးများနှယ် လေကိုပင့်သက်ရှိုက်ရှူနေကြလေသည်။
မြောင်းထဲတွင် ခြေထောက်ဒဏ်ရာနှင့် အမျိုးသားသည်လည်း လေကို ပင့်သက်ရှိုက်ရှူနေခဲ့ရ၏။ သူက ဖြူဖျော့သောမျက်နှာနှင့်အတူ အရှေ့ဆက်ပြေးနေခဲ့သည်။
ပေါက်ကွဲမှုကြောင့် အသတ်ခံလိုက်ရသည့် ကြွက်အုပ်နေရာတွင် ၎င်းတို့၏နောက်မှ တဟုန်ထိုးပြေးလာသည့် ကြွက်အုပ် အသစ်က နေရာယူ(အစားထိုး)ခြင်းခံလိုက်ရ၏။
သူ မြောင်းဖုံးအောက် ရောက်လာပြီးနောက် သူ၏ ခေါင်းပေါ်မှ အလင်းရောင်ကို ကြည့်လိုက်မိလေ၏။ ကျင်းယန်က သူ၏လက်မောင်းကို ဆွဲတော့ရန်လုပာဆောင်ခဲ့သည်။ သူ၏မျက်နှာပေါ်တွင် ပီတိဖြစ်ပြီး စိတ်သက်သာရာရသည့် ဖြူဖျော့ဖျော့အပြုံးတစ်ခု ပေါ်လာခဲ့၏။
နောက်တစ်စက္ကန့်တွင်ပင် ကျင်းယန်က သူ့ကိုဆွဲတင်လိုက်သည်။
သို့သော်လည်း ထိုအမျိုးသားမှ အရှေ့ကိုတဟုန်ထိုးပြေးလာသော ကြွက်အုပ်ကြောင့် ရုတ်တရက် အောက်သို့ ဆောင့်ဆွဲခံလိုက်ရလေသည်။
ပြွတ်သိပ်နေသော သန္ဓေပြောင်းကြွက်များက သူ့ကိုအားပြင်းပြင်းဖြင့် ဆွဲချနေခဲ့သည်။ သူက ကြမ်းတမ်းစူးရှစွာ အော်လိုက်မိပြီး ကြွက်အုပ်ထဲ ပြုတ်ကျသွားခဲ့သည်။
တခဏချင်းပင် ကြီးမားသောကြွက်နက်များက သူ့၏ကိုယ်ပေါ်သို့ တစ်ထပ်ပြီးတစ်ထပ် ဖုံးအုပ်လိုက်ကြ၏။
သူတို့၏နောက်မှ သန္ဓေပြောင်းကြွက်တချို့က ရက်စက်စွာခုန်တက်ကာ ကျင်းယန်၏လက်ချောင်းများကိုပင် ကိုက်ရန်ကြိုးစားလိုက်ကြလေသည်။
ထိုအဖြစ်အပျက်က ယင်ရိလျို၏နှလုံးသားကို သူမ၏ရင်ဘက်ထဲမှ ခုန်ထွက် လာစေလုနီးပါးပင်။
ကံကောင်းစွာဖြင့် ကျင်းယန်က အလွန်လျှင်မြန်စွာ တုံ့ပြန်ခဲ့၏။
သူ၏နောက်လက်တစ်ဖက်တွင် တစ်ချိန်လုံး ဓားမြောင်တစ်လက်ကို ဆုပ်ကိုင်ထားခဲ့သည်။
သူက လက်မောင်းအားဖြင့် ရုတ်တရက် ကြမ်းတမ်းစွာ ဆောင့်ထိုးလိုက်ကာ သန္ဓေပြောင်းကြွက်ထဲမှ တစ်ကောင်ကို အသေထိုးသတ်လိုက်၏။
သူတို့၏အောက်တွင် လူသားပုံရိပ်များ ကျန်နေခြင်းမရှိဘဲ တွန့်လိမ်နေသော အမည်းရောင် အရိပ်ကောက်ကြောင်းသာရှိနေသည်။
ကျန်နေသည့် ဧရာမကြွက်များ ခုန်တက်ခြင်းနှင့် ကိုက်ချက်များ သူ့ဆီသို့ မရောက်ခင် ကျင်ယန်မျက်လုံး မှိတ်လိုက်၏။
ထို့နောက် မြန်ဆန်သော လှုပ်ရှားမှုဖြင့် ကျင်းယန်က သူ့ဘေးမှ မြောင်းဖုံးကို မ’ပြီး မြောင်းဝင်ပေါက်ကို အသေပိတ်လိုက်လေသည်။
မြောင်းဖုံးကို ဝင်တိုက်သံများ ပဲ့တင်ထွက်လာသဖြင့် သူတို့၏ဦးရေပြားကိုပင် စပ်ဖျဥ်းဖျဥ်း ဖြစ်သွားစေ၏။
သို့သော်ငြား သူတို့ မည်သည့်လူသံကိုမှ မကြားနိုင်တော့ချေ။ အော်သံမရှိ၊ ရုန်းကန်သံမရှိ၊ လုံးလုံးလျားလျား တိတ်ဆိတ်မှုသာ ရှိနေခဲ့လေသည်။
==
ခေါင်းပေါ်မှနေရောင်ခြည်က သိပ်သည်းနေသော သစ်ပင်ပေါင်မိုးများဖြင့် ကာဆီးခြင်းခံလိုက်ရသောကြောင့် အရိပ် အစက်အပြောက်သာ ထင်ဟပ်နေခဲ့သည်။
မှိန်ဖျော့သောနေရောင်တို့မှ် သစ်ရွက်များ၏ အကြားအလပ်မှ စိမ့်ထွက်နေခဲ့လေ၏။
သူတို့က မြေအောက်မှ အမှောင်ထုကို တောင့်ခံလာရပြီးနောက်တွင် စိုထိုင်းသော တောအုပ်ပတ်ဝန်းကျင်က ယခုအချိန်တွင် ထူးဆန်းစွာဖြင့် သက်တောင့်သက်သာ ဖြစ်လာပုံရလေသည်။
သို့သော်ငြားလည်း ယခုလေးတင် အန္တရာယ်မှ ကပ်သီးလေးလွတ်မြောက်လာခဲ့သော ရှင်ကျန်နေသည့် အသင်းဝင်များကတော့ တိတ်တဆိတ်ဖြင့်သာ ထိုင်နေခဲ့ကြလေ၏။ သူတို့၏မျက်နှာများက အရှက်ရမှုဖြင့် စွန်းထင်နေပြီး မြေပြင်ပေါ်တွင် လေးလံစွာ ပင့်သက်ရှိုက်ရှူနေကြသည်။
ရုတ်တရက် ဝမ်တာ့ချန်းအမည်ရသော အမျိုးသားက ထရပ်လိုက်ပြီး ဖြူဖျော့နေသော မျက်နှာနှင့်အသင်းဖော်ကို လှမ်းဆွဲလိုက်၏။
သူ၏မျက်လုံးများက ဒေါသကြောင့် ပြူးကျယ်နေပြီး အံ့ကြိတ်လျက် ပြောလေသည်။
“ကျောင်းဇီယွမ် ဒါတွေအကုန်လုံးက မင်းကြောင့်ပဲ…”
သူ၏စကားကို အဆုံးမသတ်နိုင်ခင် သူ့ဘေးတွင် ထိုင်နေသော ကျန်းယွီချန်က သူ့ကိုလှမ်းဆွဲပြီး အေးစက်သောမျက်နှာဖြင့် ပြောခဲ့၏။
“ပါးစပ်ပိတ်လိုက်တော့! မင်းတို့အားလုံး စကားပြောတာရပ်တော့!”
ဝမ်တာ့ချန်း သူ၏မေးကြောများထောင်သည်အထိ အံကြိတ်လိုက်ပြီး ကျောင်းဇီယွမ်၏ကော်လံကို ဆွဲယမ်းလိုက်သည်။
ထို့နောက်တွင် စိတ်လှုပ်ရှားနေသည့်အမူအရာဖြင့် ထိုင်ချလိုက်ပြီးဒေါသတကြီးဖြင့် ခေါင်းကိုပွတ်သပ်လိုက်မိလေ၏။
ကြွက်များမှာ အမုန်းတရားများကို ဆွဲကိုင်ထားသော သတ္တဝါများဖြစ်ကြောင်းကို လူတိုင်း သိကြပေ၏။
ကျောင်းဇီယွမ်ကသာ ထိုတစ်ကောင်တည်းရှိနေခဲ့သော သန္ဓေပြောင်းကြွက်ကို မသတ်ပါက သန္ဓေပြောင်းကြွက်အုပ်ကြီးက သူတို့ကို တိုက်ခိုက်ပါမည်လားဟု သူတို့ တွေးမိကြသည်။
ကြွက်အုပ်က မတိုက်ခဲ့လျှင် သူတို့၏ သေဆုံးသွားသော အသင်းဖော်များက လုံလုံခြုံခြုံ လွတ်လာနိုင်ပေလိမ့်မည်။
မည်သူကမှ သေသေသေချာမသိသော်ငြား ကျောင်းဇီယွမ်၏မျက်နှာက ဖြူဖျော့သွားပြီး နောက်ဆုံးတွင် ပြိုလဲကျသွားကာ သူ၏ခေါင်းကို ဒူးခေါင်းထဲတွင် မြှုပ်နှံလိုက်တော့သည်။
ကျင်းယန်က သူ့ကိုယ်သူ ထောက်ပင့်လိုက်ပြီး ယင်ရိလျို၏ရှေ့တွင် ထိုင်လိုက်လေ၏။
ထို့နောက် သူ၏ကျောပိုးအိတ်ကိုဆွဲယူကာ သူမအတွက် ပြင်ဆင်ထားခဲ့သော အဝတ်တို့ကိုထုတ်ယူလိုက်သည်။
အဝတ်များထဲတွင် မြို့တော် Z အခြေစိုက်စခန်းမှ ရရှိခဲ့သော baby wipe များလည်းရှိလေသည်။
သူ အထုပ်ကို ဖြဲပြီးဖွင့်ပြီး သူ့ဘေးမှ ညစ်ပတ်နေသော ကလေးမလေးဆီ လှမ်းပေးလိုက်၏။
ကလေးမလေး၏ ညစ်ပတ်နေသော မျက်နှာနှင့် သူမ၏ပေကျံနေသော အဝတ်အစားများကို ကြည့်လိုက်ပြီးနောက် ယင်ရိလျိုအတွက် ဝတ်ဆင်နိုင်ရန် သန့်ရှင်းလှပသော မင်းသမီးဝတ်စုံလေးကို သွားဝယ်ပေးချင်စိတ် ပြင်းပြနေလေသည်။
သူ မျက်ခုံးကို အနည်းငယ်တွန့်ချိုးလိုက်ပြီး တီးတိုးပြောခဲ့၏။
“မင်း ဒဏ်ရာရသွားသေးလား”
ယင်ရိလျို မျက်တောင်ခတ်လိုက်ပြီး မယုံနိုင်လောက်အောင် လိမ္မာစွာဖြင့် ခေါင်းရမ်းလိုက်သည်။ သူမက ကျင်းယန်နှင့် အလွန်နီးကပ်နေသဖြင့် ခေါင်းငုံ့လိုက်သည့်အခိုက်တွင် ထိုအမျိုးသား၏ ရှည်လျား၊ ထူထဲသော မျက်တောင်များကို မြင်တွေ့နိုင်လေ၏။
ဤအခိုက်အတန့်တွင် ကျင်းယန်က သူမ၏ညစ်ပတ်နေသော လက်လေးကို ကိုင်လိုက်ပြီး ညင်သာစွာ သုတ်ပေးခဲ့သည်။ သူမ၏လက်ချောင်း တစ်ချောင်းချင်းစီကို အဖိုးတန်လေးများနှယ် ဆက်ဆံနေခဲ့ပြီး သူမ၏လှုပ်ရှားမှုများကလည်း အလွန်အမင်း ညင်သာနေခဲ့လေ၏။
သူမ၏လက်လေးများကို သန့်ရှင်းပြီးနောက် cleansing wipe အသစ်တစ်ခုကိုထုတ်ယူပြီး နှုတ်ခမ်းကိုတင်းတင်းစေ့ကာ ကလေးမလေး၏ မျက်နှာပေါ်မှ ဖုန်မှုန့်များကို ညင်သာစွာ သုတ်ပေးခဲ့ပြန်သည်။
ယင်ရိလျိုက စိုစွတ်ပြီးတောက်ပနေသော မျက်နှာလေးဖြင့် မျက်လုံးဝိုင်းဝိုင်များကို မှေးကျဥ်းလိုက်လေ၏။ သူမ၏အသွင်အပြင်လေးမှာ နူးညံ့ပြီး ချွဲနွဲ့သော ကြောက်ပေါက်လေးတစ်ကောင်နှင့်ပင် တူနေလေ၏။
ကျင်းယန်က သူ၏လက်ကို မြှောက်လာခဲ့သည့် အချိန်တွင်လည်း ယင်ရိလျို၏အကြည့်က သူမ၏မျက်နှာကို သန့်ရှင်းပေးနေသော သွယ်လျသော လက်ချောင်းများအပေါ် ကျရောက်သွားခဲ့သည်။
ကျင်းယန်၏ လက်ချောင်းများက အလွန်ဆွဲဆောင်မှုရှိကြောင်းကို သူမသိခဲ့သည်မှာ ကြာပေပြီ။
သို့သော်ငြား သူမကို ပို၍စိုးရိမ်သွားစေသည့်အရာမှာ သူ၏လက်ပေါ်မှ ရောင်ရမ်းနေသော ဒဏ်ရာပင်ဖြစ်၏။
သူ၏လက်ဖမိုးနှင့် လက်ဆစ်များက နီရဲနေပြီး အရေပြား၏ အပိုင်းအနည်းငယ်က ထင်ထင်ရှားရှားအကွက်များအဖြစ် ဆုတ်ပြဲနေခဲ့သည်။
ဒဏ်ရာမှ အနီရောင်သွေးစီးကြောင်းများ စိမ့်ထွက်နေပြီး ရေဆိုးမြောင်းလူဆင်းပေါက်မှ ဖုန်မှုန့်များ သဲများနှင့် ဖုံးလွှမ်းနေဆဲဖြစ်၏။
ဤဒဏ်ရာမှာ ကျင်းယန် လူဆင်းပေါက်အဖုံးကို အင်အားသုံးဖွင့်ခဲ့ချိန်က ခံစားခဲ့ရသော ဒဏ်ရာဖြစ်သည်။ သို့သော်ငြား ဒဏ်ရာက သူ၏ကိုယ်ပိုင်လက်ပေါ်တွင် မရှိနေသည့်နှယ် လုံးလုံးလျားလျား တွန့်ဆုတ်မရှိချေ။
ထိုသူက သူ၏ပြန်လည်ကုသနိုင်သော စွမ်းရည်များအပေါ်တွင် မှီခိုနေသောကြောင့် ထိုအကြောင်းကို စိတ်ထဲတွင်မထားခြင်း ဖြစ်နိုင်ပေဒ။
ကလေးမလေး၏မျက်နှာက သန့်ရှင်းသွားပြီး သူမ၏အလွန်ချစ်စရာကောင်းသော အခြေအနေဆီ ပြန်ရောက်သွားချိန်အထိ ကျင်းယန်၏အမူအရာက တည်ငြိမ်နေဆဲပင်။ ထို့နောက်တွင် သူက cleansing wipe ကို အိတ်ထဲပြန်ထည့်ပြီး ဇစ်ဆွဲပိတ်ရန် ပြင်ဆင်ခဲ့သည်။
ထိုအခိုက်အတန့်တွင် သေးငယ် နူးညံ့သော လက်ဖဝါးလေးတစ်ဖက်က သူ၏လက်ဖမိုးကို ရုတ်တရက် အုပ်ကိုင်လာခဲ့၏။
သူခေါင်းမော့လိုက်လျှင် ယင်ရိလျိုက နှုတ်ခမ်းကိုဆူထော်ထားပြီး အတော်လေး မကျေနပ်သည့်ပုံဖြင့် စောင့်ကြည့်နေသည်ကို မြင်လိုက်ရသည်။
“ဘာဖြစ်လို့လဲ?”
ကျင်းယန် အနည်းငယ် စိတ်ရှုပ်ထွေးသွား၏။
သူ၏ခန္ဓာကိုယ်နှင့် ဒဏ်ရာများကို အနည်းငယ်လောက်ပင် ဂရုမစိုက်ကြောင်းကို မြင်လိုက်ရလျှင် ယင်ရိလျိုတစ်ယောက် ကူကယ်ရာမဲ့စွာဖြင်် သက်ပြင်းချလိုက်မိသည်။
သူမ ဆောင့်ကြောင့်ထိုင်လိုက်ကာ ကျောပိုးအိတ်ကို ဇစ်ဖွင့်ပြီး cleansing wipe ကိုပြန်ထုတ်လိုက်၏။
ထိုသို့ထိုင်လိုက်မှုကြောင့် သူမ၏ လုံးဝိုင်းပြီး ဝကစ်ကစ် ခန္ဓာကိုယ်က ဖက်ထုပ်လေးတစ်ထုပ်နှယ် ဖြစ်သွားခဲ့လေသည်။
ယင်ရိလျို တစ်ဖက်လူ၏ပြင်းထန်စွာ ဒဏ်ရာရထားသော ညာလက်ကို ဂရုစိုက်ပေးရန်အတွက် သူ၏လက်ကို မယူလိုက်၏။
ကျင်းယန်၏မျက်ခုံးများ အသာအယာ ကွေးညွတ်သွားပြီး သူ၏လက်ကို အလိုအလျှောက် အားလျှော့ပေးလိုက်ကာ ယုန်လေးကို ဆုတ်ကိုင်ခွင့်ပြုခဲ့သည်။
ယင်ရိလျို၏သေးငယ်ပြီး အသားထူသော လက်ဖဝါးလေးက ကျင်းယန်၏ကျောက်စိမ်းကဲ့သို့ ရှည်လျားသွယ်လျသော လက်ချောင်းများကို ဆုပ်ကိုင်လိုက်၏။
သူမ၏မျက်လုံးများက စိတ်ပူနေသော အကြည့်ရှိနေပြီး သူမ၏ နဖူးကလည်း တွန့်ချိုးနေခဲ့သည်။
ပြီးနောက်တွင် သူ့၏လက်ပေါ်မှ ပွန်းပဲပြီးသွေးထွက်နေသော အရေပြားကို သူမ စူးရဲစွာ စိုက်ကြည့်လိုက်ကာ ကျင်းယန်ကို ဒေါသတကြီးအကြည့်တစ်ချက် ပေးလိုက်၏။
“ကောက ကိုယ့်ကိုယ်ကိုယ် တကယ်ကြီး ဂရုမစိုက်ဘူးပဲ.. ဒါက ကောရဲ့လက်မဟုတ်ဘူးလား”
ထိုမိန်းကလေး၏အသံက ကလေးသံလေးဖြစ်နေခဲ့ပြီး ဒေါသတကြီးပြောနေချိန်တွင် သြဇာသက်ရောက်မှုမရှိသော်ငြား အရွယ်ရောက်သူတစ်ယောက်ကဲ့သို့အမူအရာမျိုး ရှိနေခဲ့လေသည်။
သူမက နူးညံ့စွာ ထိတွေ့ပြီး တစ်ဖက်လူလက်၏ပေါ်မှ ဖုန်မှုန့်နှင့် သွေးများကို ဖယ်ရှားပေးချင်သည့်နှယ် ဒဏ်ရာရသော နေရာကိုညင်သာစွာ မှုတ်ပေးခဲ့၏။ ထို့နောက် အားကို ပြန်လျှော့လိုက်ပြန်သည်။
*