← Chapters

ရှေးဟောင်းမျိုးနွယ်ရှစ်ခု

Vol. 6 Ch. 504

ရှေးဟောင်းမျိုးနွယ်ရှစ်ခု

Vol. 6 Ch. 504

ဆန်းလျန်ရှိရာသို့ လျှောက်လာသည့်လူမှာ အရပ်ပုပြတ်ပြတ်နှင့် ဖြစ်လေသည်။ သူ၏ အရပ်မှာ ဆန်းလျန် ပခုံးလောက်ပင် မရှိပေ။ သူ၏အသားအရေက ညိုပြီး ခန္ဓာကိုယ်က ကြံ့ခိုင်ပုံ ရလေသည်။ အထူးသဖြင့် သူ၏ပခုံးများက အလွန်သန်မာလေသည်။

သူက ကျားသစ်သားရေဖြင့် ပြုလုပ်ထားသည့် အဝတ်အစားများကို ဝတ်ဆင်ထားပြီး သူ၏ခါးတွင် ဓားမြောင် တစ်လက် ချိတ်ဆွဲထားလေသည်။ ချောမွေ့နေသည့် ဆံပင်များက ခပ်တိုတို ဖြစ်ပြီး မျက်ဝန်းများကတော့ စူးရှ တောက်ပလျက် ရှိလေ၏။

သူက ဆန်းလျန်ကို လက်ညှိုးထိုးလိုက်ပြီး…

"မင်း… ဒီခုံကနေ ဖယ်စမ်း…"

တာ့ရှားဧကရာဇ်သည် ညစာစားပွဲတွင် သံတမန်များ ထိုင်ရန်အတွက် ခုံများကို သုံးတန်း ခွဲထားပေးလေသည်။ ရှေ့ဆုံးတန်း၊ အလယ်တန်းနှင့် နောက်ဆုံးတန်းများ ဖြစ်လေသည်။ ထိုင်ခုံနေရာ အလုပ် အစားအသာက်နှင့် ယမကာတည်ခင်း ဧည့်ခံမှု အရည်အသွေးကလည်း ကွဲပြားလေသည်။ တာ့ရှားဧကရာဇ်နှင့် အဆင်ပြေသည့် နိုင်ငံများမှ သံတမာန်များက ရှေ့ဆုံးရှိ အထူးထိုင်ခုံတွင် ထိုင်ခွင့်ရကြပြီး အစားအသောက်နှင့် အရက်များကလည်း ထိပ်တန်းဖြစ်လေသည်။

နိုင်ငံခြားရေးဝန်ကြီးလေ့နော်သည် ဆန်းလျန်ကို အထူးခုံတွင် နေရချထားပြီး စီစဉ် ပေးခဲ့လေသည်။ သို့သော် အထူးထိုင်ခုံများက အရေအတွက် ကန့်သတ်ထားသည့် အတွက် အချို့သော သံတမန်များမှာ အထူးခုံတွင် နေရာမရခဲ့ကြပေ။

ဆန်းလျန်ကို နေရာ ဖယ်ခိုင်းသည့်သူမှ “ပါ” နိုင်ငံမှ သံတမန်တစ်ယောက် ဖြစ်လေသည်။

ပါနိုင်ငံသည် တာ့ရှားပြည် အနောက်ဘက်တွင် ရှိသည့် နိုင်ငံတစ်ခုဖြစ်ပြီး ပါလူမျိုးများသည် ဂူများအတွင်းတွင် နေထိုင်လေ့ ရှိသူများ ဖြစ်ကြလေသည်။ သူတို့က မှော်နက် လမ်းစဉ်ကို လိုက်စားကြသူများ ဖြစ်လေသည်။

ဆန်းလျန်သည် ရှီးလျန်မှ တာ့ရှားသို့ ထွက်ခွာလာသည့် အချိန်တွင် ထိုပါလူမျိုးများ၏ ရဲရင့်ခြင်း အကြောင်းများကို ကြားသိခဲ့ရဖူးလေသည်။

ပါလူမျိုးများသည် အရပ်မမြင့်ကြပါ။ သူတို့၏ တန်ခိုးစွမ်းအားသည် တစ္ဆေသရဲများကို ဝတ်ပြုကိုးကွယ်ပြီးမှ ရရှိလာသည့် တန်ခိုးစွမ်းအားများ ဖြစ်လေသည်။ တစ္ဆေသရဲများကို ကိုးကွယ်သူများ ဖြစ်သည့်တိုင် သူတို့သည် သေရမည်ကို မကြောက်ကြသည့် လူစားမျိုးများ ဖြစ်လေသည်။ ပါနိုင်ငံသည် အနောက်တောင်ပိုင်း ဒေသတွင် အင်အားကြီးနိုင်ငံတစ်ခုအဖြစ် သတ်မှတ် ခံရလေသည်။

ထို့ပြင် ပါလူမျိုးများသည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာက အသူရာချောက်သို့ ရောက်ရှိ လာခဲ့ကြသည့် ရှေးဟေင်း မျိုးနွယ်ရှစ်ခု၏ မျိုးဆက်များ ဖြစ်လေသည်။

အသူရာချောက်သို့ ရောက်ရှိလာကြသည့် မျိုးနွယ်များတွင် တာ့ရှားဧကရာဇ်၏ ရှားမျိုးနွယ်နှင့် တော်ဝင်မိသားစု ဆယ့်နှစ်စုသာမက အခြားသော မျိုးနွယ်စုများလည်း ရှိသေးသည်။ သူတို့ အားလုံးသည် ထူးခြားသည့် မျိုးနွယ်များ ဖြစ်ကြလေသည်။

ထိုမျိုးနွယ်ရှစ်ခုမှာ - စစ်မျိုးနွယ်၊ ကျီမျိုးနွယ်၊ ကျန်းမျိုးနွယ်၊ ယောင်းမျိုးနွယ်၊ ယင်းမျိုးနွယ်၊ ယွင်မျိုးနွယ်၊ ကွေ့မျိုးနွယ်နှင့် ရန်မျိုးနွယ်တို့ ဖြစ်ကြလေ၏။

နှစ်ပေါင်း ထောင်ချီ ကြာမြင့်ခဲ့ပြီးသည့်နောက်…

စစ်မျိုးနွယ်သည် ရှားမျိုးနွယ်များနှင့် သွေးစပ် သွားခဲ့လေသည်။ ကျန်မျိုးနွယ် ခုနစ်ခုမှာတော့ တဖြည်းဖြည်း အားနည်း သွားခဲ့ရသည်။

ပါလူမျိုးများသည် ကျီမျိုးနွယ်မှ ဆင်းသက်လာသူများ ဖြစ်သည့်တိုင် သူတို့ကို အခြားနိုင်ငံများက အထင်သေး ကြလေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့က ဘိုးဘေးများ၏ မြင့်မြတ်သော လမ်းစဉ်သို့ မလိုက်ဘဲ တစ္ဆေနတ်ဘုရားများကို ကိုးကွယ် ဝတ်ပြုကြသောကြောင့် ဖြစ်လေသည်။ ပါလူမျိုးများသည် ကျုန်းလီတောင် ပတ်ဝန်းကျင်တွင် ကျက်စားလေ့ရှိကြပြီး အသူရာချောက်သို့ ကျူးကျော် ဝင်ရောက်လာသည့် လူသားများသည် သူတို့နှင့် သဘောတူညီမှု ယူကြရလေသည်။

ပါလူမျိုးများက တစ္ဆေနတ်ဘုရားများထံမှ တန်ခိုးစွမ်းအားများကို ငှားရမ်း အသုံးပြု နိုင်လေသည်။ ထိုသို့ အသုံးပြုနိုင် ရန်အတွက် သူတို့က တစ္ဆေနတ်ဘုရားများကို လူများဖြင့် ယဇ်ပူဇော်ကြရသည်။ ထို့ကြောင့် အိမ်နီးချင်းနိုင်ငံများဖြင့် သိပ်ပြီး အဆင်မပြေကြပေ။

သို့သော် အနောက်ဘက်ဒေသသည် ဝေးလံခေါင်သီသည့် အတွက် တာ့ရှားဧကရာဇ်က သူတို့ ကိစ္စများကို လျှော့ပေါ့ ပေးခဲ့လေသည်။ ထို့ပြင် ပါနိုင်ငံကလည်း ထူခြားသည့် လက်ဆောင် ပဏ္ဍာများကို တာ့ရှားဧကရာဇ်ဆီသို့ ဆက်သလေ့ ရှိလေသည်။

ဆန်းလျန်က ထိုသူကို စကားပြန်မပြောပါ။

ဆန်းလျန်အတွက် ပြဿနာကို ဖြေရှင်းပေးမည့် သူက အဆင်သင့်ရှိလေသည်။

ပါနိုင်ငံမှ သံတမာန် ဆန်းလျန်အနားသို့ ချဉ်းကပ်လာသည်နှင့် တစ်ပြိုက်နက် နိုင်ငံခြားရေး ဝန်ကြီး၏ လူယုံတစ်ယောက် ဖြစ်သည့် တန့်ခဲ့ကလည်း ဆန်းလျန်အနားသို့ ချက်ချင်း ရောက်လာလေသည်။ တန့်ခဲ့သည် နိုင်ငံခြားရေး ဝန်ကြီး၏ အမိန့်ကို ထိန်းသိမ်းရသည့် အခွင့်အာဏာ ရှိလေသည်။

တန့်ခဲ့မှာ ဟူမျိုးနွယ် တစ်ယောက် ဖြစ်လေသည်။ သူက နိုင်ငံခြားရေး ဝန်ကြီးထံတွယ် ဆယ်နှစ်ကျော်တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး သံတမာန်များစွာက သူ့ကိုရင်းနှီးကြလေသည်။

ပါတိုင်းပြည်မှ သံတမာန်ကလည်း တန့်ခဲ့ကို ကောင်းကောင်း သိလေသည်။ ထို့ကြောင့် သူ့ကို မြင်သည်နှင့် ချက်ချင်း နှုတ်ဆက်လိုက်သည်။

သို့သော် တန်ခဲ့က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး…

"သူ့ကို ခေါ်ထုတ်သွားကြစမ်း…"

အမိန့်ပေးလိုက်သည်နှင့် အစောင့်တစ်ယောက် ရောက်လာပြီး ပါတိုင်းပြည်မှ သံတမာန်ကို အဝေးသို့ ခေါ်ထုတ် သွားလေတော့သည်။

ပါနိုင်ငံမှသံတမန်မှာ တစ္ဆေနတ်ဘုရားများ၏ တန်ခိုးစွမ်းအားများကို ပိုင်ဆိုင်ထားသည့်တိုင် တာ့ရှားဧကရာဇ်၏ ညစာ စားပွဲတွင်တော့ တိုက်ခိုက်ရဲခြင်း မရှိပေ။ သို့သော် သူက အော်ဟစ်ဆဲရေး သွားသေးသည်။

တန်ခဲ့က ဆန်းလျန်ကို အဓိပ္ပာယ်ပါပါဖြင့် တစ်ချက်ပြုံးပြလိုက်ပြီး စကားမပြောတော့ဘဲ ထွက်ခွာ သွားလေသည်။

အနယ်နယ်အရပ်ရပ်မှ သံတမန်များစွာ ရှိသော်လည်း ဆန်းလျန်ကတော့ ထူးခြားသူ ဖြစ်လေသည်။ နိုင်ငံခြားရေးဝန်ကြီး လေ့နော်ကိုယ်တိုင်က ဆန်းလျန်ကို ဂရုစိုက်ရန် မှာကြားထားသည့် အပြင် ဆန်းလျန်သည် မင်းသမီးလေး လေ့ကျင်းနှင့် ရင်းရင်းနှီးနှီး စကား ပြောနေသည်ကိုလည်း တန့်ခဲ့တွေ့မြင်ခဲ့သည်။ ထို့ကြောင့် သူက ဆန်းလျန်ကို မလေးမစား မဆက်ဆံဝံ့ပါချေ။

ထို့ပြင် တာ့ရှားပြည်တွင် သာမန် မင်းမှုထမ်းများသည် တော်တော်နှင့် ရာထူး တိုးလေ့ မရှိကြပေ။ ရာထူးတိုးရန်အတွက် အဆက်အသွယ် လိုလေသည်။

နိုင်ငံခြားရေးဝန်ကြီးက သူ့ကို ဂရုစိုက်လေသည်။ သူက အမှားပြုမိလျှင်ပင် သူ့ကို အကာအကွယ် ပေးလေ့ရှိသည်။ သို့သော် ရာထူး တိုးပေးရန်တော့ လမ်းမမြင်ပေ။

တန့်ခဲ့က ရည်မှန်းချက်ကြီးသူ ဖြစ်လေသည်။ သူက ဘဝတစ်လျှောက်လုံး လက်ရှိရာထူးဖြင့် တာဝန် မထမ်းဆောင် လိုပါ။ ထို့ကြောင့် သူက ဆန်းလျန်ကို အခွင့်အရေး တစ်ခုအနေဖြင့် အသုံးချရန် စိတ်ကူး ထားမိလေသည်။

တန့်ခဲ့သည် ဆန်းလျန်ကို မည်သည့်စကားမှ မပြောဘဲ ပြုံးရုံသာ ပြုံးပြခဲ့သည့်တိုင် ထိုအပြုံးက စကားလုံးပေါင်း တစ်ထောင်လောက်ထက် အဓိပ္ပာယ် နက်ရှိုင်းလေသည်။

တန့်ခဲ့က ပါနိုင်ငံမှ သံတမန်ကို မောင်းထုတ်လိုက်သည့် အဖြစ်အပျက်ကို တွေ့မြင် လိုက်ကြသည်နှင့် သံတမန်များသည် ဆန်းလျန်၏ အကြောင်းကို တီးတိုး ပြောဆို နေကြလေတော့သည်။

ဆန်းလျန်သည် ရှီးလျန်ပြည်မှ မင်းသားငယ် တစ်ပါး ဖြစ်လေသည်။

ရှီးလျန်ပြည် ဆိုသည်က တည်ထောင်သည်မှာ မကြာသေးသည့် တိုင်းပြည်ငယ် တစ်ခုဖြစ်သည့်တိုင် တာ့ရှီပြည်ကိုပင် အနိုင်ယူ တိုက်ခိုက်ခဲ့သည့် တိုင်းပြည်တစ်ခု ဖြစ်လေသည်။

တာ့ရှီပြည်နှင့် ရှီးလျန်ပြည် တိုက်ပွဲတွင် အလွန် အဆင့်မြင့်သည့် ကျင့်ကြံသူ တစ်ယောက်သည် ရှီးလျန်၏ နောက်ကွယ်မှ ကူညီ ပေးခဲ့လေသည်။ ထိုသူသည် တောင်နှင့် မြစ်ရေကိုပင် ထက်ပိုင်း ခွဲပစ်နိုင်လောက်အောင် တန်ခိုးစွမ်းအား မြင့်မား လွန်းလေသည်။

တာ့ရှီပြည်၏ ထောင်နှင့်ချီသည့် စစ်သည်တော်များ အားလုံး ထိုသူ၏ လက်ချက်ဖြင့် သေကျေ ပျက်စီးခဲ့ကြရလေသည်။ ထို့ကြောင့် ရှီးလျန်ပြည်သည် တည်ထောင်သည်မှာ မကြာသေးသည့်တိုင် စွမ်းအားပြည့်ဝသည့် နိုင်ငံတစ်ခုအဖြစ် ကျော်ကြား လာခဲ့လေသည်။

ထို့ကြောင့် ညစာစားပွဲတွင် ရှီးလျန်ပြည်မှ မင်းသားငယ်သည် အားလုံး၏ အာရုံစိုက်ခြင်းကို ခံနေရလေသည်။

သို့သော် တာ့ရှီနှင့် ရှီးလျန်တိုက်ပွဲတွင် ဖြစ်ပွားခဲ့သည့် ငလျှင်လှုပ်ခြင်းများနှင့် မြေပြိုခြင်းများမှာ တန်ခိုး စွမ်းအားကြောင့် မဟုတ်ဘဲ မိုးကောင်းကင် အလိုအတိုင်း ဖြစ်သည်ကို မည်သူမှ မသိရှိခဲ့ကြပါ။ ဆန်းလျန်နှင့် ရှီးလျန်ပြည်မှ လူများသာလျှင် အမှန်တရားကို သိရှိခဲ့ခြင်း ဖြစ်လေသည်။

ဝမ်ချန်နန်းတော်တစ်ခုလုံးသည် မီးများဖြင့် လင်းထိန်နေလေသည်။

ကောင်းကင်ထက်မှ ကြယ်စင်အလင်းတန်းများသည် တာ့ရှားဧကရာဇ်ကျင်းပရာ ညစာစားပွဲသို့ ဖြာလဲ့ကျဆင်းနေ လေသည်။

လပြည့်ဝန်းသည် အရှေ့ဆီမှ ထွက်ပေါ်လာပြီ ဖြစ်လေသည်။

တာ့ရှားနန်းတော်သည် ကြယ်ရောင်နှင့် လရောင်ကို အလင်းပြန်စေသည့် အထူးနည်းစနစ်ဖြင့် တည်ဆောက်ထားသည့် နန်းတော်တစ်ခု ဖြစ်သည်ကို ဆန်းလျန်ကတော့ ရှင်းရှင်းလင်းလင်း သိမြင်ထားလေသည်။

ဆန်းလျန် သတိထားမိသလို အခြားသူများလည်း သတိထားမိ နိုင်လေသည်။

ထို့ကြောင့် နန်းတော်ရင်ပြင်နှင့် နီးလာလေလေ ကြယ်ရောင်နှင့် လရောင်၏ စွမ်းအားများက ပိုပြီး သိပ်သည်းလာလေ ဖြစ်ပြီး ကျင့်ကြံသူများအနေဖြင့် စိတ်မသက်မသာ ခံစားရ စေနိုင်လေသည်။

သို့သော် ထိုစွမ်းအားများက ဆန်းလျန် အပေါ်တော့ သက်ရောက်မှုမရှိပါ။ ဆန်းလျန်သည် ပေါ့ပေါ့ပါးပါးပင် ရှိနေလေသည်။

***

All Chapters