← Chapters

နယ်ပယ်သုံးခု

Vol. 6 Ch. 506

နယ်ပယ်သုံးခု

Vol. 6 Ch. 506

စိတ်စွမ်းအားဖြင့် ဆက်သွယ် ပြောဆိုခြင်းမှာ ဆန်းလျန်အတွက် ထူးဆန်းသည့်ကိစ္စ မဟုတ်ပါ။

သို့သော် ယခုတစ်ကြိမ် စိတ်စွမ်းအားဖြင့် ဆက်သွယ် လိုက်သူကတော့ အလွန်မှ ထူးဆန်း အံ့သြဖွယ်ရာ ကောင်းလွန်း လေသည်။

အဘယ်ကြောင့်ဆိုသော် အသံထွက်ပေါ် လာရာသည် မည်သည့်နေရာကဖြစ်သည်ကို ဆန်းလျန် ကိုယ်တိုင်ပင် မခန့်မှန်းနိုင်သောကြောင့် ဖြစ်လေသည်။

ဆက်သွယ်လာသူသည် သူ့ဘက်က ဆန်းလျန်ကို စတင် ဆက်သွယ်သည်ကို တာ့ရှားဧကရာဇ်နှင့် ယင်းလုန် မရိပ်မိစေရန် ကြားခံစွမ်းအား တစ်ခုမသုံးဘဲ တိုက်ရိုက် ဆက်သွယ်ခဲ့ခြင်း ဖြစ်လေသည်။

ဆန်းလျန်သည် ဝမ်ချန်နန်းတော်၏ ဝူမန်တံခါးသို့ လှမ်းကြည့် လိုက်လေသည်။ ထိုနေရာတွင် ရှားထိုက် အကျဉ်းထောင် တည်ရှိလေသည်။ ဝမ်ချန်နန်းတော်တွင် မည်သူမှ မရိပ်မိအောင် ဆန်းလျန်ကို စိတ်ဖြင့်ဆက်သွယ် နိုင်သူမှာ ရှားထိုက် အကျဉ်းထောင်တွင် ချုပ်နှောင် ခံထားရသည့် ထျန်းယီမှ လွဲပြီး မည်သူမှ မဖြစ်နိုင်ပေ။

ဆန်းလျန်က ပြုံးလိုက်ပြီး ထိုဆက်သွယ်မှုကို လျစ်လျူရှု လိုက်လေသည်။ ဆန်းလျန်ထံမှ အကြောင်း မပြန်သည့် အခါ သူ့ကို ဆက်သွယ်သည့်သူသည် တိတ်ဆိတ် သွားလေသည်။

ဆန်းလျန်က ထျန်းယီနှင့် မဆက်သွယ်ချင်သောကြောင့် လျစ်လျူရှုခဲ့မိခြင်း မဟုတ်ပါ။

တာ့ရှားဧကရာဇ်သည် ကျောက်ပန်းပု ရုပ်တုကြီးကို တွေ့မြင်သွားပြီ ဖြစ်သည့်အတွက် သူ၏ စိတ်အာရုံကို တာ့ရှားဧကရာဇ်ထံမှ မပျံ့လွင့် စေလိုသောကြောင့် ထျန်းယီကို ပြန်လည် မဆက်သွယ်ခဲ့ခြင်း ဖြစ်လေသည်။

တာ့ရှားဧကရာဇ်သည် သတိလက်လွတ်ဖြင့်ပင် ကျောက်ရုပ်တုကြီး ဆီသို့ လျှောက်သွား လေသည်။ စိမ်းပြာရောင် ပိုးသားပိတ်စသည် ရုတ်တရက် ပျောက်ကွယ် သွားပြီး ကျောက်ရုပ်တုကြီးကို ပီပီပြင်ပြင် မြင်တွေ့လိုက်ရ လေသည်။

အမတ်မင်းများမှာ ကြောက်ရွံ့နေကြသည့်တိုင် ဧကရာဇ်မင်းကို အကဲခတ် နေကြလေသည်။

တာ့ရှားပြည်တွင် မရေမတွက်နိုင်အောင် များပြားသည့် လူစွမ်းကောင်းများ များစွာ ထွက်ပေါ်ခဲ့သည့်တိုင် နှစ်ပေါင်း ငါးထောင် အတွင်းတွင် တာ့ရှား ဧကရာဇ်လောက် တန်ခိုးစွမ်းအား မြင့်မားသူ တစ်ဦး တစ်ယောက်မျှ ပေါ်ထွက်ခဲ့ခြင်း မရှိပေ။

စိမ်းပြာရောင် ပိုးသားပိတ်စ ပျောက်ကွယ် သွားသည်နှင့် တာ့ရှားဧကရာဇ်နှင့် အလွန်တူသည့် ကျောက်ရုပ်တုကြီး တစ်ခု ထွက်ပေါ်လာလေသည်။

ထိုကျောက်ရုပ်တုကြီးမှ မြင့်မားသည့် စွမ်းအားတစ်ခုသည် ခန်းမတစ်ခုလုံးသို့ ပျံ့နှံ့ သွားလေသည်။

ပန်းပုကို ထွင်းထုထားသည့် ကောက်ကြောင်းတိုင်းသည် ကျက်သရေရှိလှပြီး သဘာဝ ကျလွန်းလေသည်။ မျဉ်းဖြောင့်များ ရေးထွင်း ထားသည်မှာ ပေါက်ကွဲစေနိုင်သည့် စွမ်းအားများဖြင့် ပြည့်နှက်နေသည့် အလား ထင်ရသည်။

ဧကရာဇ်၏ နှုတ်ခမ်းများထက်ဝယ် အတိတ်၊ အနာဂါတ်၊ ပစ္စုပ္ပန်၊ ရှေးခေတ်နှင့် ခေတ်သစ် အားလုံးတွင် မည်သူ့ကိုမဆို အထင်အမြင် သေးသည့် တာ့ရှားဧကရာဇ်၏ ပင်ကိုသဘောထားကို တွေ့မြင် ရလေသည်။

ဝမ်ချန်နန်းတော်တွင် ပန်းပု ပညာရှင်များစွာ ရှိသည့်တိုင် ထိုမျှ ပြည့်စုံလွန်းသည့် ပန်းပုလက်ရာမျိုး ဖန်တီးနိုင်သူမှာ လက်တစ်ဆုပ်စာမျှသာလျှင် ရှိလေသည်။

မည်သို့ပင်ဖြစ်စေ ကျောက်ပန်းပု ရုပ်တုကြီးသည် တာ့ရှားဧကရာဇ်၏ စိတ်အာရုံကို အလွန်မှ စွဲဆောင် နိုင်ခဲ့လေသည်။ ကျောက်ပန်းပု ရုပ်တုအတွင်းတွင် သိုဝှက်စွာဖြင့် မိစ္ဆာစွမ်းအားများ တည်ရှိ နေလေသည်။ ထိုအချက်ပင် တာ့ရှားဧကရာဇ်ကို စွဲဆောင်နေခြင်း ဖြစ်လေသည်။ ထိုမိစ္ဆာ စွမ်းအားများသည် ဒီရေကဲ့သို့ မြင့်တက် နေသည့်တိုင် ပြင်ပသို့ ယိုစိမ့်လာခြင်း မရှိပေ။ ထိုမိစ္ဆာစွမ်းအားများသည် ကျောက်ပန်းပု ရုပ်တုထဲတွင် ပိတ်လှောင် ခံထားရသည့် အလားပင် ဖြစ်လေသည်။

ကျောက်ပန်း ပုရုပ်တုကြီးမှာ အသက်ဝင် လွန်းလှသည့် အတွက် ခန်းမ အတွင်းရှိ လူများအားလုံးမှာ ကျောက်ပန်းပု ရုပ်တုကြီးကို သတိလက်လွတ်ငေးကြည့်နေမိကြလေသည်။ သို့သော် စိတ်မကောင်းစရာ အချက်မှာ ကျောက်ပန်းပု ရုပ်တုကြီးတွင် မျက်လုံးများ မပါရှိခြင်း ဖြစ်လေသည်။

တာ့ရှား ဧကရာဇ်သည် လက်များကို နောက်သို့ ပစ်လိုက်ရင်း ပန်းပုရုပ်တုကြီးကို သေချာ ကြည့်နေလေသည်။ ပန်းပုရုပ်တု၏ ကောက်ကြောင်းများကို ဓားသုံးလက်ဖြင့် ထွင်းထုခဲ့ဟန် တူလေသည်။ အောက်ဘက်ပိုင်းရှိ ကောက်ကြောင်းများမှာ တိုတောင်းသော်လည်း မိစ္ဆာစွမ်းအားများ လျော့နည်း နေလေသည်။

နဖူးထက်ရှိ ကောက်ကြောင်း များတွင်တော့ နူးညံ့သိမ်မွေ့မှုများကို တွေ့နိုင်လေသည်။ ထူးခြားစွာ ထွင်းထုထားသည့် တိုင် မည်သည့် သဲလွန်စမှ မကျန်ခဲ့ပေ။

ခန္ဓာကိုယ် အပိုင်းတွင် ထွင်းထုထားသည့် ကောက်ကြောင်း များကတော့ ကွဲပြားခြားနားသည့် ခံစားချက်ကို ပေးလေသည်။ ရေတိမ်ပိုင်း မဟုတ်သလို၊ ရေနက်ပိုင်းလည်း မဟုတ်။ အလွန် သင့်တင့်စွာ ထွင်းထု ထားခြင်း ဖြစ်လေသည်။

ပန်းပုထုစဉ်တွင် အသုံးပြုသည့် ဓားများသည် ပန်းပုထုရန် အတွက် အကာင်းဆုံးသော ဓားများ ဖြစ်နိုင်လေသည်။

ထို့ပြင် လေ့ကျင်းသည် ပန်းပုထုစဉ်အချိန်တွင် စိတ်ရောကိုယ်ရောနှစ်ကာ ပန်းပုရုပ်တုကို ထွင်းထုခဲ့ပုံရသည့်တိုင် သူမတွင် စိတ်ဖိစီးမှုရှိခဲ့ပုံမပေါ်ပေ။ ပန်းပုရုပ်တု၏ ထွင်းထုချက်တိုင်းသည် မှန်ကန်လွန်းလှလေသည်။

တာ့ရှားဧကရာဇ်သည် သာမန်လူတစ်ယောက်မဟုတ်ပါ။ သူ၏နားလည်နိုင်စွမ်းသည် အခြားသူများထက်သာလွန် လေသည်။

သူ့ရှေ့မှ ပန်းပုရုပ်တုသည် လေ့ကျင်းကိုယ်တိုင်ထွင်းထုထားသည့် ပန်းပုလက်ရာဖြစ်သည်ဆိုသည်မှာ သံသယဝင်စရာမရှိပေ။ သို့သော်… ပန်းပုထုလုပ်ရန်အတွက် ဓားများကို လေ့ကျင်းကိုပေးခဲ့သူကတော့ သူမတူအောင် ပြိုင်ဘက်ကင်းသူတစ်ယောက် ဖြစ်လေသည်။ ဓားသွားသုံးလက်ကိုအသုံးပြုခဲ့ဟန်ရှိပြီး ထိုဓားသွားများထံမှ တာအိုစွမ်းအားများကိုပင် ပန်းပုရုပ်တုထံတွင် စီးဆင်းသက်ဝင်နေသည်ကို တွေ့မြင်ရလေသည်။

ထိုတာအိုစွမ်းအားသုံးခုသည် မိုး ၊ မြေနှင့် လူသားဆိုသည့် နယ်ပယ်သုံးခုကို ကိုယ်စားပြုလေသည်။

“ကောင်းတယ် … ကောင်းတယ် … ကောင်းတယ်”

တာ့ရှားဧကရာဇ်သည် “ကောင်းတယ်” ဆိုသည့်စကားကို သုံးကြိမ်တိုင်တိုင်ပြောလိုက်လေသည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် သူမည်မျှစိတ်လှုပ်ရှားနေသည်လည်းဆိုသည့်အချက်ကို သိနိုင်လေသည်။

ရုတ်တရက်…

ခန်းမဆောင်အပြင်ဘက်ရှီ လရောင်သည် ရုတ်တရက်လင်းလက်သွားပြီး ခန်းမအတွင်းသို့ လျှင်မြန်စွာ ဝင်ရောက်လာလေသည်။ လရောင်နှင့်အတူ ဓားကောက်ကြီးတစ်လက် ခန်းမအတွင်းသို့ဝင်ရောက်လာပြီး တာ့ရှား ဧကရာဇ်၏လက်တွင်းသို့ ရောက်ရှိလာလေသည်။

ဆန်းလျန်သည် သူ၏နေရာတွင်ထိုင်နေပြီး အခြားသောသံတမန်များနှင့် စကားပြောရင်းရယ်မောနေလေသည်။ သို့သော် သူ၏အကြည့်ကတော့ တာ့ရှားဧကရာဇ်ကိုင်ထားသည့် ဓားကောက်ကြီးဆီသို့ ကျရောက်နေလေသည်။

ဓားကောက်ကြီး၏စွမ်းအားမှာ အလွန်သိပ်သည်းလှသည့်အတွက်ကြောင့် ဓားကိုမည်သူမှ သတိထာားမိကြခြင်း မရှိပေ။

ထို့ကြောင့် ဆန်းလျန်ဘေးနားတွင်ထိုင်နေကြသည့်သံတမန်များသည် ထိုဓားကောက်ကြီးကို သတိထားမိခြင်း မရှိကြပေ။

ဓားကောက်ကြီးအတွင်းမှ တန်ခိုးစွမ်းအားသည် ပန်းပုရုပ်တုအတွင်းတွင် ဆန်းလျန်ထည့်သွင်းထားသည့် တာအိုတရားကို ဖျက်ဆီးပစ်နိုင်သည်ထက်ပင် ပိုနေသေးသည်။ ထိုဓားကောက်ကြီးသည် ဝိညာဉ်ကိုပင် ချုပ်နှောင်ထားနိုင်စွမ်းရှိလေ၏။

ဓားသွားမှ တန်ခိုးစွမ်းအားများည် ကျောက်ပန်းပုရုပ်တုကြီးကို ဖုံးလွှမ်းသွားသည်နှင့် ပန်းပုရုပ်တုမှ အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာလေသည်။

ခန်းမတစ်ခုလံးသည် အပ်ကျသံပင်မကြားရလောက်အောင် တိတ်ဆိတ်နေလေသည်။

ရွှမ်ကျန်းကျောင်းတော်မှ တာအိုဆရာတစ်ပါးမှာလည်း ဧကရာဇ်မင်း၏ ညစာစားပွဲသို့ ရောက်ရှိနေလေသည်။ ထိုသူမှာ လျိုမုန့်တယ်၏ဆရာဖြစ်သူ တာအိုဆရာမုကျန်းပင် ဖြစ်လေသည်။

သူက ပန်းပုရုပ်တုမှထွက်ပေါ်လာသည့် အဖြူရောင်အလင်းတန်းကို တွေ့မြင့်လိုက်ရသည့်အခါတွင်တော့ အလွန် အံ့အားသင့်သွားပြီး သူနှင့်မျက်နှာချင်းဆိုင်တွင်ထိုင်နေသည့် တာ့ကြွယ်ကျောင်းတော်မှ ဆရာတော်ကို လှမ်းကြည့် လိုက်လေသည်။

ဘုန်းတော်ကြီးကလည်း စိတ်ရှုတ်ထွေးသည့်အမူအရာဖြင့် တာအိုဆရာမုကျန်းကို ပြန်ကြည့်လိုက်လေသည်။

ထိုအဖြူရောင်အလင်းတန်း၏အဓိပ္ပါယ်ကို သူတို့နှစ်ယောက်လုံး ကောင်းကောင်းသိလေသည်။ ထိုအလင်းတန်းမှာ ဇင်ဗုဒ္ဓဘာသာ၏အမြင့်ဆုံးလမ်းစဉ်တစ်ခုဖြစ်သည့် “အမြင့်မြတ်ဆုံးစိတ်ဝိညာဉ်” ဆိုသည့် တန်ခိုးစွမ်းအားပင် စြဖ်လေသည်။

ဗောဓိသကျအဆင့်ရောက်မှသာလျှင် ရရှိနိုင်သည့်တန်ခိုးစွမ်းအားဖြစ်လေသည်။

သို့သော်… ထိုအလင်းတန်းကို ရုပ်တုထဲတွင်ထည့်သွင်းပေးလိုက်သည့် ကျင့်ကြံသူသည် မည်သူပင်ဖြစ်ပါစေ ဗုဒ္ဓဘာသာမှတန်ခိုးစွမ်းအားဖြစ်နေသည့်အတွက် တာ့ရှားဧကရာဇ်အနေဖြင့် တာ့ကြွယ်ကျောင်းတော်နှင့် ဆက်စပ်မှုရှိသည်ဟု သံသယဝင်သွားနိုင်လေသည်။

တာအိုဆရာမုကျန်းမှာ စိတ်ထားကောင်းသူတစ်ယောက်ဖြစ်သော်လည်း ပြဿနာရှာသည့်အဆင့်မြင့်ကျင့်ကြံသူမှာ တာအိုကျင့်ကြံသူတစ်ယောက်မဟုတ်ဘဲ ဗုဒ္ဓဘာသာကျင့်ကြံသူတစ်ယောက်ဖြစ်နေသည့်အတွက် အနည်းငယ် စိတ်သက်သာရာရသွားလေသည်။

တစ်ပြိုင်နက်ထဲမှာပင် စိတ်ပျက်ခြင်းကိုလည်း သူခံစားလိုက်ရသည်။ တာအိုကျင့်ကြံသူများထဲတွင်လည်း ထိုမျှအဆင့်အတန်းမြင့်မားသည့် ကျင့်ကြံသူတစ်ယောက် ထွက်ပေါ်လာစေချင်မိသောကြောင့် ဖြစ်လေသည်။

ရွှမ်ကျန်းကျောင်းတော်မှ ဆရာသခင်ခုနစ်ပါးသည် အလွန်မှ ကျော်ကြားသူများဖြစ်ကြလေသည်။

သို့သော်… တာ့ရှားဧကရာဇ်၏မျက်လုံးထဲတွင်တော့ သူတို့သည် ဘာကောင်မှ မဟုတ်ကြပေ။

လောကနတ်ဘုရား… လောကနတ်ဘုရား။

လောထဲတွင် ပိတ်မိနေသေးသည်။ ဘုရင်တစ်ပါး၏ထိန်းချုပ်ခြင်းကိုလည်း ခံစားရသေးသည်။ သေခြင်းရှင်ခြင်းကိုလည်း မလွန်မြောက်နိုင်ကြသေးပေ။ သူတို့ဘဝသည် အမှန်တကယ်ပင် အပူအပင်ကင်းကင်းဖြင့် လွတ်လပ်ခြင်းအစစ်အမှန်ကို မရရှိနိုင်ကြသေးပေ။

အဖြူရောင်အလင်းတန်းသည် ခန်းမဆောင်အတွင်းတွင် လှည့်ပတ်နေလေသည်။ တာ့ရှားဧကရာဇ်သည် ဓားကောက်ကြီးကို စက်ဝိုင်းပုံသဏ္ဍန်လှည့်ပတ်ကာ ထိုအလင်းတန်းကို ထိုးခုတ်လိုက်သည့်တိုင် ထိုအလင်းတန်းကို ထိန်းချုပ်နိုင်စွမ်းမရှိပေ။ ခန်းမအတွင်းတွင် ရှားမျိုးနွယ်များအတွက် ပထမဆုံး အရှက်ရစေသည့်အဖြစ်အပျက်ပင် ဖြစ်လေသည်။

ဓားသွားမှအလင်းရောင်များထွက်ပေါ်လာပြီး ခန်းမဆောင်တစ်ခုလုံး လင်းလက်သွားလေသည်။ သို့သော် ခန်းမအတွင်းမှ မည်သူမှ ထိခိုက်ဒဏ်ရာရခြင်းမရှိပေ။ အဖြူရောင်အလင်းတန်းမှာလည်း လင်းလက်တောက်ပနေ လေ သည်။

နောက်ဆုံးတွင်တော့ အဖြူရောင်အလင်းတန်းကို ဓားကောက်ကြီးက ထိုးခုတ်မိသွားလေသည်။

ဓားကောက်ကြီးမှ အလင်းတန်းများနှင့် အဖြူရောင်အလင်းတန်းသည် ရုတ်တရက်ပေါင်းစီးသွားလေသည်။

အလင်းတန်းများသည် လောင်ကျွမ်းသွားပြီး မီးတောက်တစ်ခု ထွက်ပေါ်လာလေသည်။ ထိုမီးတောက်မှ တာအိုဝါဒမှ စစ်မှန်သောသမာဓိမီးတောက်ပင် ဖြစ်လေသည်။

ယခုတစ်ကြိမ်တွင်လည်း တာအိုဆရာမုကျန်းနှင့် တာ့ကြွယ်ကျောင်းတော်မှ ဘုန်းတော်ကြီးတို့ အကြည့်ချင်းဆုံသွား ကြပြန်လေသည်။

ဗုဒ္ဓဘာသာကျင့်စဉ်နှင့် တာအိုကျင့်စဉ် နှစ်မျိုးလုံးကို တစ်ပြိုင်နက်ထဲ ကျင့်ကြံထားသည့် ထူးခြားလှသည့်ကျင့်ကြံသူ သည် မည်သူဖြစ်ပါသနည်း။

အမှန်တော့ ဆန်းလျန်သည် တာအိုကျင့်ကြံသူတစ်ယောက်ဖြစ်လေသည်။ သို့သော် ဗုဒ္ဓဘာသာတန်ခိုးစွမ်းအား ဖြစ်သည့် “အမြင့်မြတ်ဆုံးစိတ်ဝိညာဉ်” တန်ခိုးစွမ်းအားထွက်ပေါ်လာရသည်မှာ ဓားသူတော်စင်ကျီဝေးထံမှ သင်ယူခဲ့ သည့် “ရှိခြင်းမရှိခြင်းဓားဝိညာဉ်” ကို အသုံးပြုလိုက်သောကြောင့် ဖြစ်လေ သည်။

ရှိခြင်းမရှိခြင်းဓားဝိညာဉ်တွင် ဗုဒ္ဓဘာသာအယူအဆများ များစွာပါဝင်သည် မဟုတ်ပါလား။

***

All Chapters