← Chapters

အခန်း (၁၂၆၉-၁၂၇၀)

Vol. 73 Ch. 1269-1270

အခန်း (၁၂၆၉-၁၂၇၀)

Vol. 73 Ch. 1269-1270

အပိုင်း (၁၂၆၉)

သုံးခု၊ ငါးခု၊ ရှစ်ခု...

မူလက ဤရေတွင်းသည် ခြောက်သွေ့ပြီး ဗလာဖြစ်နေခဲ့၏။ သို့သော်ငြား ထိုဝိညာဉ်များ ဝင်ရောက် သွားပြီးနောက် ရေတွင်းရေများ ပြည့်လျှံလာသကဲ့သို့ ဖြစ်လာပြီး နက်နဲဆန်းကြယ်သော ဝိညာဉ်စွမ်းအားများ လှုပ်ရှား စီးဆင်းလာခဲ့၏။

၎င်းသည် ပြင်ပယဉ်ကျေးမှု၏ နဂါးစာလုံးပင် ဖြစ်နေဆဲပင်။ သို့သော်ငြား ယခုတစ်ကြိမ်တွင် နှစ်ဖက်မြင် သဘောတရားမှ သုံးဖက်မြင် သဘောတရားသို့ ပြောင်းလဲသွားခဲ့၏။ မည်သို့ ပြောပြရမည်နည်း။

ယခင်တစ်ခေါက်က နဂါးစာလုံးသည် မျက်နှာပြင်တစ်ခုပေါ်တွင် ရေးဆွဲထားသကဲ့သို့ ဖြစ်၏။ အလျားနှင့် အနံသာ ရှိပြီး ထုထည် မရှိခဲ့ပေ။ ထိုစဉ်က လူ ၄ ယောက်၏ ဝိညာဉ်ကို အသုံးပြုကာ ရေးဆွဲခဲ့ခြင်း ဖြစ်သည်။ ယခုတစ်ကြိမ်တွင်မူ ‘နဂါး’ စာလုံးသည် ပြားကပ်မနေတော့ဘဲ လုံးဝ သုံးဖက်မြင် ပုံသဏ္ဍာန် ဖြစ်လာခဲ့သည်။

မူလက မျက်နှာပြင်တစ်ခုတည်းသာ လှုပ်ရှားနေခဲ့သော်လည်း ယခုအခါ မရေမတွက်နိုင်သော မျက်နှာပြင်များ လှုပ်ရှား ပြောင်းလဲနေပြီး အခိုက်အတန့်တိုင်းတွင် သတင်းအချက်အလက်ပေါင်း မြောက်မြားစွာကို ထုတ်လွှတ် နေသည်။ ဤမြင်ကွင်းသည် အလွန်တရာ နက်နဲဆန်းကြယ်လွန်းပြီး အံ့သြမင်သက်ဖွယ် ကောင်းလှ၏။

အခြေခံအဆင့် နဂါးဉာဏ်အလင်းသည် နှစ်ဖက်မြင်ဖြစ်ပြီး အလယ်အလတ်အဆင့် နဂါးဉာဏ်အလင်းသည် သုံးဖက်မြင် ဖြစ်နေခဲ့၏။ အဆင့်မြင့် နဂါးဉာဏ်အလင်း ဆိုလျှင် လေးဖက်မြင်များ ဖြစ်နေမည်လား။ သို့သော်ငြား ဤအကြိမ်သည် နောက်ဆုံးအကြိမ် ဖြစ်နေပြီ မဟုတ်ပါလား။

ပိရမစ်ထဲတွင် နောက်ဆုံး ကျန်ရစ်နေသော မဟာပညာရှင်ကြီးက ဖြည်းညင်းစွာ မေးလိုက်သည်။ “အရှင်ရှမ့်လန်... အဆင်သင့် ဖြစ်ပြီလား။”

ရှမ့်လန်က ဖြေလိုက်၏။ “ကျုပ် အဆင်သင့် ဖြစ်ပါပြီ။”

နောက်ဆုံး ကျန်ရစ်သော မဟာပညာရှင်ကြီး၏ ဝိညာဉ်သည် သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ခွာပြီး ရေတွင်းထဲသို့ စီးဝင်သွားကာ ပြင်ပယဉ်ကျေးမှု၏ သုံးဖက်မြင် နဂါးစာလုံးအတွက် နောက်ဆုံး အစိတ်အပိုင်းအဖြစ် ဖြည့်ဆည်း ပေးလိုက်သည်။

ဤ မဟာပညာရှင် ၉ ဦးစလုံး လုံးဝ သေဆုံးသွားခဲ့ကြလေပြီ။ သူတို့၏ ဝိညာဉ်များနှင့် အသက်များကို ရှမ့်လန်၏ ဒုတိယအကြိမ် နဂါးဉာဏ်အလင်း အတွက် အလုံးစုံ ပေးဆပ်သွားခဲ့ကြခြင်း ဖြစ်၏။

ရှမ့်လန်သည် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး ရေတွင်းထဲသို့ ဖြည်းညင်းစွာ လျှောက်လှမ်း ဝင်ရောက်လိုက်၏။ ထိုရေတွင်းသည် ဝိညာဉ်စွမ်းအင်များဖြင့် ပြည့်နှက်နေသည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် သုံးဖက်မြင် နဂါးစာလုံးထဲသို့ လုံးဝ ဝင်ရောက်သွားခဲ့၏။ သူသည် ဒုတိယအကြိမ် နဂါးဉာဏ်အလင်းကို ခံယူနေပြီ ဖြစ်သည်။

“ဝုန်း... ဝုန်း... ဝုန်း...”

ရှမ့်လန်သည် သူကိုယ်တိုင် ဗလာနယ် ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရပြီး ပြီးပြည့်စုံသော ဝိညာဉ်လောကတစ်ခု ဖြစ်သည့် နဂါးစာလုံးအတွင်း၌ လုံးဝလွင့်ပါးသွားသကဲ့သို့ ဖြစ်နေခဲ့၏။ ထိုအချိန်၌ ရှမ့်လန်သည် သူ၏ စိတ်အာရုံထဲရှိ နဂါးကြီးကို အမိန့်ပေးလိုက်သည်။

“နဂါး... အချိန်ကျပြီ။ ဝင်လိုက်တော့။ ကျုပ် မင်းနဲ့အတူ ရှိနေတယ်ဆိုတာ မှတ်ထားပါ။ ကျုပ်တို့ ဒီကပ်ဘေးကြီးကို အတူတူ ဖြတ်ကျော်ကြမယ်။ ငရဲဘုံကို ကောင်းကင်ဘုံဖြစ်အောင် ကျုပ်တို့ ပြောင်းလဲပစ်ကြမယ်။ ကပ်ဘေးဆိုးကို နိဗ္ဗာန်အဖြစ် ပြောင်းလဲပစ်ကြမယ်။”

“အမိန့်တော်အတိုင်းပါ အရှင်။”

နဂါးကြီးက ဖြည်းညင်းစွာ ပြန်ပြောလိုက်၏။ “ရလဒ်က ဘယ်လိုပဲ ဖြစ်နေပါစေ။ ကျုပ် ခင်ဗျားအတွက် ဂုဏ်ယူပါတယ်။ ကျုပ် ခင်ဗျားအပေါ် သစ္စာစောင့်သိပါ့မယ်။ အကြွင်းမဲ့ သစ္စာတရားပါ။ ကျုပ်ကို မင်းနဲ့ငါပဲ ပြောပါတော့ အရှင် ... ကျုပ် အလုံးစုံ အညံ့ခံပါပြီ။”

ထိုအချိန်တွင် ကျောက်စိမ်းဖြူတောင် တံခါးဝ၌ နဂါးကြီး၏ နှုတ်ခမ်းမွေး ထိုးစိုက်ထားသော အပေါက်တစ်ပေါက် ကျန်ရှိနေသေးသည်။ ရှမ့်လန်၏ အမိန့်ကို ကြားလိုက်ရပြီးနောက် နဂါးကြီးသည် ထိုအပေါက်ထဲသို့ လျင်မြန်စွာ တိုးဝင်လိုက်သည်။

မျက်တောင်တစ်ခတ် အတွင်း၌ပ ဖြစ်၏။ နဂါးကြီးသည် အလင်းတန်းတစ်တန်း အဖြစ် ပြောင်းလဲသွားပြီး ကျောက်စိမ်းဖြူတောင်အတွင်းသို့ ဝင်ရောက်သွားခဲ့၏။

အပေါက်ဝသည် တစ်ဖန်ပြန်လည် ပိတ်ဆို့သွားပြန်၏။ နဂါးကြီးသည် အားကောင်းလှသော ရောင်ခြည်စွမ်းအင်များ အတွင်းသို့ လုံးဝ ဝင်ရောက်သွားခဲ့လေပြီ။ ဤရောင်ခြည်စွမ်းအင်သည် နှုတ်ခမ်းမွေးနှင့် ထိတွေ့ခဲ့ရသော ပမာဏထက် အဆပေါင်း တစ်သောင်း၊ တစ်သိန်း၊ တစ်သန်းမက ပိုမို များပြား အားကောင်းလှသည်။

အဆုံးအစမဲ့သော ရောင်ခြည်စွမ်းအင်များသည် ရူးသွပ်မတတ် လှုပ်ရှားစီးဆင်းနေပြီး နဂါးကြီး၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာခဲ့သည်။ နဂါးကြီး၏ ခန္ဓာကိုယ်သည် တစ်လက်မချင်းစီ ပြာကျသွားခဲ့ရသည်။ ဖျက်ဆီး၍ မရနိုင်သော ၎င်း၏ ခန္ဓာကိုယ်သည် အလိုအလျောက် မီးလောင်ကျွမ်းသွားခဲ့၏။

အမှန်စင်စစ် နဂါးသည် မီးလောင်ကျွမ်းသည့် အခြေအနေကို ခံနိုင်ရည် ရှိသည်။ ထိုအရာမှာ မျက်နှာပြင်ပေါ်ရှိ မီးတောက်များသာ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ကို ထိခိုက်သေခြင်း မရှိပေ။ သို့သော်ငြား ယခု ဖြစ်ပေါ်နေသော ထူးဆန်းသည့် အလိုအလျောက် မီးလောင်ကျွမ်းမှုသည် သူ၏ ခန္ဓာကိုယ်ကို တစ်လက်မချင်းစီ ပြာကျသွား စေခဲ့သည်။

“ဝုန်း... ဝုန်း... ဝုန်း... ဝုန်း... ဝုန်း...”

အဘယ်ကြောင့်ဆိုသော် အလိုအလျောက် မီးလောင်ကျွမ်းသည့် အပူချိန်သည် ဒီဂရီ စင်တီဂရိတ် သန်း ၁၀၀ ကျော်လွန်နေသောကြောင့် ဖြစ်ပေသည်။ ကြောက်မက်ဖွယ်ကောင်းသော ရောင်ခြည်စွမ်းအင်များသည် သူ၏ ခန္ဓာကိုယ်ထဲတွင် စုစည်းသွားပြီး အလွန်တရာ သန့်စင်သော ဖြိုခွဲခြင်း ဖြစ်စဉ် စတင်လာခဲ့၏။

ထိုကဲ့သို့ပင် မီတာ ရာဂဏန်းမျှသာ ကျန်ရှိတော့သော နဂါးကြီး၏ ခန္ဓာကိုယ်သည် တစ်လက်မချင်းစီ ပြာကျသွားခဲ့၏။ သို့သော်ငြား ဤနေရာသည် ရှေးဟောင်းနဂါးရေကန် မဟုတ်သေးပေ။ နဂါးရေကန်မှ ထွက်ပေါ်လာသော အငွေ့အသက်များသာ ရှိသေးသည်။

နဂါးရေကန်သည် မြေအောက် မီတာ သောင်းနှင့်ချီသော နက်ရှိုင်းသည့် အောက်ဆုံးနေရာတွင် ရှိနေခြင်း ဖြစ်၏။ နဂါးကြီးသည် ပြာကျသွားသော ခန္ဓာကိုယ်ကို ဂရုမစိုက်တော့ဘဲ အောက်သို့ ဆက်လက် ပြုတ်ကျသွားခဲ့၏။ မီတာ ၁၀,၀၀၀ ခန့် ပြုတ်ကျပြီးနောက် သူ၏ ခန္ဓာကိုယ် တစ်ဝက်ခန့်သာ ကျန်ရှိတော့၏။

မီတာ ၅၀,၀၀၀ ခန့် ပြုတ်ကျပြီးနောက် ခန္ဓာကိုယ်၏ ငါးပုံတစ်ပုံသာ ကျန်ရှိတော့သည်။

မီတာ ၁၀၀,၀၀၀ ခန့် ပြုတ်ကျပြီးနောက်...၊

မီတာ ၁၃၀,၀၀၀ ခန့် ပြုတ်ကျပြီးနောက်...၊

အောက်ဘက်တွင် ရှေးဟောင်းနဂါးရေကန် ရှိနေသည်။ ထိုနေရာတွင် နဂါးမျိုးနွယ်များ လိုအပ်သော စွမ်းအင် အားလုံး ရှိနေသော်လည်း အပြင်ဘက်ထက် ပိုမို အားကောင်းသော ကြောက်မက်ဖွယ် ရောင်ခြည်စွမ်းအင်များ လည်း ရှိနေ၏။

နဂါးများသည် လူသားများထက်ပင် ရောင်ခြည်စွမ်းအင်ကို အဘယ်ကြောင့် ပို၍ ကြောက်ရွံ့ကြသနည်း။ ယခုအခါ အမှန်တရား ပေါ်ပေါက်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ရောင်ခြည်စွမ်းအင်သည် သူတို့၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာချိန်မှာတော့ လျင်မြန်စွာ သန့်စင်သွားပြီး ကိုယ်တိုင် ဖြိုခွဲခြင်း ဖြစ်ပေါ်လာသောကြောင့်ပင်။

အလွန် သေးငယ်သော အဏုမြူဗုံးပေါင်းများစွာ ပေါက်ကွဲသကဲ့သို့ ဖြစ်ပေါ်စေပြီး ခန္ဓာကိုယ်ကို အတွင်းပိုင်းမှ စတင်ကာ ပြာကျသွားစေခြင်း ဖြစ်သည်။ နောက်ဆုံးတွင် အောက်ခြေသို့ ရောက်ရှိသွားခဲ့၏။ သို့သော်ငြား နဂါးကြီး၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ပြာကျသွားခဲ့သည်။

ဆယ်စုနှစ်များစွာကြာ စွမ်းအင်များကို ဝါးမျိုခဲ့သော ခန္ဓာကိုယ်၊ ဆယ်စုနှစ်များစွာကြာ ကြီးထွားလာခဲ့သော ခန္ဓာကိုယ်သည် လုံးဝ ပျောက်ကွယ်သွား၏။ အထီးကျန်ဆန်သော စွမ်းအင်သက်ရှိ တစ်ခုသာ ကျန်ရစ်ခဲ့သည်။ ဤသည်မှာ နတ်နဂါး အပိုင်းအစဟု ဆိုရမည်လား။ ဤသည်မှာ နဂါးဝိညာဉ် ဖြစ်နိုင်၏။

“ဖူး...”

ထိုအရာသည် နဂါးပုံသဏ္ဍာန် ရှိနေသေးသော်လည်း အလင်းရောင် အရိပ်တစ်ခုသာ ဖြစ်ပြီး တစ်ပေခန့်သာ ရှိတော့သည်။ မည်သည့် စွမ်းအားမှ မရှိတော့ချေ။ ဥထဲမှ ပေါက်ကာစ အချိန်ကထက်ပင် ပို၍ ရှေးကျပြီး ပို၍ အားနည်း နေသေးသည်။

ထို တစ်ပေခန့်သာရှိသော အလင်းရောင် အရိပ်နဂါးသည် ရှေးဟောင်းနဂါးရေကန်အတွင်းသို့ ဝင်ရောက်သွား ခဲ့သည်။ အဆုံးအစမဲ့သော စွမ်းအင်များနှင့် ရောင်ခြည်များ ပြည့်နှက်နေသော နဂါးရေကန်ပင်။ တစ်ခဏချင်း အတွင်းမှာပဲ မည်သည့် အသံမှ မကြားရ၊ မည်သည့် တုံ့ပြန်မှုမှ မရှိတော့ပေ။

ဤအရာသည် ရူးသွပ်ဖွယ်ရာကောင်းသော နိဗ္ဗာန ဆိုသည့်အရာလား။ ဘာမှ မဖြစ်ပျက်ခဲ့သလိုပင် တိတ်ဆိတ် ငြိမ်သက်သွားသည်။ နဂါး၏ ခန္ဓာကိုယ် ပြာကျသွားခဲ့သလို နောက်ဆုံး ကျန်ရစ်သော ဝိညာဉ် အစအနလေး သည်လည်း လုံးဝ ပျောက်ကွယ်သွားခဲ့ပြီလား။

...........

အချိန်များသည် ရေစီးသဖွယ် ကုန်ဆုံးသွားပြီး နေ့ရက်များသည် လျင်မြန်စွာ ကုန်လွန်သွားခဲ့သည်။ နှစ်ဝက်ခန့်ပင် ကြာမြင့်သွားခဲ့၏။ ရှမ့်လန်၏ ရူးသွပ်ဖွယ် နိဗ္ဗာနဖြစ်စဉ် ဆိုသည်မှာလည်း ပြီးဆုံးသွားခဲ့သည်။

...........

ပျောက်ဆုံးနိုင်ငံတော် အပျက်အစီးများကြားရှိ မဟာပညာရှင်ကြီးများသည် ရှမ့်လန် အဆင်သင့် ဖြစ်ပြီလား ဟု ထပ်ခါတလဲလဲ မေးမြန်းခဲ့ကြသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ ဒုတိယအကြိမ် နဂါးဉာဏ်အလင်းသည် သေမတတ် ခံစားရသည်အထိ အလွန်တရာ အန္တရာယ်များသည်။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန် ရေတွင်းထဲသို့ ဝင်ရောက်လိုက်ပြီးနောက် သူ၏ ဝိညာဉ်သည် ချက်ချင်း ပိတ်မိသွားသောကြောင့်ပင်။

ဤခံစားမှုသည် အလွန် ရင်းနှီးကျွမ်းဝင်နေခဲ့သည်။ လောကကြီး တစ်ခုလုံး ဗလာသက်သက် ဖြစ်သွားသကဲ့သို့ ဖြစ်ပြီး သူ၏ ခန္ဓာကိုယ်ကို လုံးဝ မခံစားရတော့ပေ။ လွင့်မျောနေသော ဝိညာဉ်တစ်ခုသာ ကျန်ရှိတော့သည်။ ဤ သုံးဖက်မြင် ပြင်ပယဉ်ကျေးမှုတွင် “နဂါး” ဟူသော စာလုံးသည် သီးခြား လွတ်လပ်သော စိတ်ဝိညာဉ် လောကတစ်ခု ကဲ့သို့ ဖြစ်ပြီး အဆုံးအစမရှိ ပြောင်းလဲနေသည်။

ဉာဏ်အလင်းပွင့်ခြင်း လုပ်ငန်းစဉ်သည် ထွက်ပြေးခြင်း လုပ်ငန်းစဉ်နှင့် ပို၍ တူနေသည်။ ဟုတ်ပေသည်။ ထွက်ပြေးခြင်း ဖြစ်၏။ အကျဉ်းထောင်မှ လွတ်မြောက်ခြင်းမျိုး၊ လွတ်လပ်ခွင့် ရရှိခြင်းမျိုးသာ မကဘဲ အဆက်မပြတ် ကြုံတွေ့နေရသော အန္တရာယ်များကြားမှ မိမိကိုယ်ကို ကာကွယ်ရန် ထွက်ပြေးရခြင်းမျိုးလည်း ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် ဤစာလုံးသည် အဆက်မပြတ် ပြောင်းလဲနေပြီး ထူးဆန်းသော စွမ်းအင်အမျိုးမျိုး လှုပ်ရှား စီးဆင်းနေသောကြောင့် ဖြစ်သည်။ ယခုအခိုက်အတန့်တွင် ဤနေရာ၊ ဤလမ်းကြောင်းသည် ဘေးကင်း လုံခြုံနိုင်သော်လည်း၊ နောက်တစ်ခဏတွင်မူ ထိုနေရာသည် ငရဲဘုံ ဖြစ်သွားနိုင်သည်။

အဆုံးအစမရှိသော ပြောင်းလဲမှုများ၊ အဆုံးအစမရှိသော စွမ်းအင်နည်းလမ်းများ၊ မီးလောက၊ ရေခဲလောက စသည့် ငရဲလောကတစ်ခုခုထဲသို့ ရောက်ရှိနေသကဲ့သို့ ဖြစ်နေသည်။ အစပိုင်းတွင်မူ ထွက်ပြေးရုံဖြင့် လုံလောက်ခဲ့၏။ စွမ်းအင်နှင့် ပြောင်းလဲမှု နိယာမများကို နားလည်သဘောပေါက်ပြီးနောက် ထွက်ပြေး၍ ရနိုင်ခဲ့၏။

သို့သော်ငြား နောက်ပိုင်းတွင် ထွက်ပြေးရုံဖြင့် မလုံလောက်တော့ပေ။ ထိုအထဲတွင် နှစ်မြှုပ်ထားပြီး မိမိကိုယ်ကို ဦးဆောင် ပြောင်းလဲပစ်မှသာ ရနိုင်တော့သည်။ နောက်ဆုံးတွင်မူ တစ်ဖက်သား၏ စွမ်းအင် လှည့်ပတ်မှု နည်းလမ်း ကိုပင် တက်ကြွစွာ ပြောင်းလဲပစ်ရတော့သည်။

အမှန်စင်စစ် ဤအရာအားလုံးသည် စိတ်ကူးယဉ် သက်သက်သာ ဖြစ်၏။ စိတ်ပိုင်းဆိုင်ရာနှင့် ဝိညာဉ်ပိုင်းဆိုင်ရာ လောကသက်သက်သာ ဖြစ်သည်။ သို့သော်ငြား ဤအရာအားလုံးသည် လက်တွေ့ ဖြစ်နေပြေန်သည်။ အကယ်၍ ကျရှုံးသွားခဲ့လျှင် မိမိ၏ အသက်အန္တရာယ်ကို အမှန်တကယ် ထိခိုက်နိုင်၏။

ပို၍ ထူးဆန်းသည်မှာ ရှမ့်လန်နှင့် နဂါးတို့ ကြုံတွေ့နေရသော အခြေအနေသည် ထပ်တူနီးပါး တူညီနေခြင်း ဖြစ်သည်။ ရှမ့်လန်၏ဝိညာဉ်သည် ဤရေတွင်းထဲတွင် ပိတ်မိနေခဲ့၏။ နဂါး၏ခန္ဓာကိုယ်သည် လုံးဝ ပျက်စီးသွားခဲ့ပြီး ရှေးအကျဆုံးဝိညာဉ်သာ ကျန်ရစ်ကာ နဂါးရေကန်၏ အဆုံးအစမဲ့သော ရောင်ခြည်စွမ်းအင်များ ကြားတွင် ပိတ်မိနေခဲ့သည်။

အစပိုင်းတွင် ရှမ့်လန်သည် ထွက်ပြေးနေခဲ့သလို နဂါးဝိညာဉ်သည်လည်း ထွက်ပြေးနေခဲ့သည်။ အဘယ်ကြောင့် ဆိုသော် ဤရှေးဟောင်းနဂါးရေကန် အတွင်း၌ မရေမတွက်နိုင်သော စွမ်းအင်အမျိုးအစားများသည် လှုပ်ရှား စီးဆင်းနေပြီး တိုက်ခိုက်ခြင်း၊ ပြောင်းလဲခြင်းများ ဖြစ်ပေါ်နေသောကြောင့်ပင်။

နဂါး လျင်မြန်စွာ ကြီးထွားလာစေရန် ဤနဂါးရေကန်တွင် စွမ်းအင်နှင့် ဒြပ်ဝတ္ထုအမျိုးမျိုး ပါဝင်နေသည်။ ၎င်းတို့သည် အပြည့်စုံဆုံး အချိုးအစားအတိုင်း ပေါင်းစပ်ထားခြင်း ဖြစ်၏။ သို့သော်ငြား နေဝင်ချိန်လက်နက်ဖြင့် တိုက်ခိုက်လိုက်ပြီးနောက် မရေမတွက်နိုင်သော ယူရေနီယမ်များနှင့် များပြားလွန်းသော ရောင်ခြည်စွမ်းအင် ပမာဏ အမြောက်အမြားသည် နဂါးရေကန် အတွင်းသို့ စီးဝင်လာခဲ့၏။

ထို့နောက် မည်သို့ လုပ်ဆောင်ရမည်နည်း။ မရေမတွက်နိုင်သော စွမ်းအင်များနှင့် ဒြပ်ဝတ္ထုများသည် ရည်မှန်းချက် တစ်ခုတည်းအတွက် ရူးသွပ်မတတ် တိုက်ခိုက်ပြောင်းလဲနေကြသည်။ မျှခြေအသစ်တစ်ခုသို့ ဝင်ရောက်ရန် နဂါးဝိညာဉ်သည် နဂါးရေကန်ထဲသို့ ဝင်ရောက်သွားချိန်တွင် အလွန်တရာ သေးငယ်သွားသည်။

နဂါးရေကန်သည် အဆုံးအစမရှိ ကြီးမားကျယ်ပြန့်ပြီး အဆက်မပြတ် ပြောင်းလဲနေ၏။ ထိုအချိန်၌ ယာယီ မျှခြေတစ်ခု ရရှိထားသောကြောင့် ဤနေရာသည် ငြိမ်းချမ်းနေသေးသည်။ သို့သော်ငြား နောက်တစ်ခဏတွင် ထိုမျှခြေသည် ချက်ချင်း ပျက်ပြားသွားခဲ့သည်။ စွမ်းအင်အမျိုးအစား များစွာသည် နောက်တစ်ကြိမ် ပြင်းထန်စွာ တိုက်မိပြီး ပြောင်းလဲသွားကြပြန်၏။

“ဘုန်း... ဘုန်း... ဘုန်း...”

နဂါးရေကန်ထဲတွင် မည်သည့်အရာမဆို ဖြစ်ပျက်နိုင်သည်။ အဏုမြူ ဖြိုခွဲခြင်း၊ ဒြပ်ဝတ္ထု ပြိုကွဲခြင်း၊ ရောင်ခြည် အမျိုးမျိုး၊ အပူချိန်လွန်ကဲခြင်း၊ ထူးဆန်းသော သံလိုက်စက်ကွင်း .. စသည်ဖြင့် ကြောက်မက်ဖွယ် စွမ်းအင် စစ်မြေပြင်ကြီး တစ်ခု ဖြစ်နေသည်။

စက္ကန့်တိုင်းတွင် နဂါးရေကန်သည် အဆုံးအစမဲ့သော စွမ်းအင်များဖြင့် ပြည့်နှက်နေပြီး မရေမတွက်နိုင်သော စစ်မြေပြင်များ၌ တိုက်ခိုက်နေရသလိုပင်။ အစပိုင်းတွင် နဂါးဝိညာဉ်သည် အသည်းအသန် ပုန်းအောင်းပြီး ဘေးကင်းရာ နေရာကိုသာ ရှာဖွေနိုင်ခဲ့၏။

တဖြည်းဖြည်းနှင့် ရှောင်တိမ်းရုံဖြင့် မဖြစ်နိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ဘေးကင်းလုံခြုံသော တည်နေရာဟူ၍ မရှိတော့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ကြောက်မက်ဖွယ် စွမ်းအင်ထိခိုက်မှုများကို ခုခံ ကာကွယ်ရန် မိမိ၏ စွမ်းအင်အခြေအနေကို တက်ကြွစွာ ပြောင်းလဲပစ်ရတော့သည်။

သို့ပေမည့် မိမိကိုယ်ကိုယ် တက်ကြွစွာ ပြောင်းလဲလျှင်ပင် အလုပ်မဖြစ်ကြောင်း သဘောပေါက်လာခဲ့၏။ ဒဏ်ရာအများစုမှာ အလွန် ကြောက်စရာ ကောင်းပြီး မိမိကိုယ်ကိုယ် ပြောင်းလဲရန် ကြိုးစားနေလျှင်ပင် အရာထင်မည် မဟုတ်ပေ။

သူသည် ထိုစွမ်းအင်တိုက်ပွဲများထဲသို့ ဝင်ရောက်ပြီး အခြေအနေများကို တက်ကြွစွာ ပြောင်းလဲပစ်ဖို့ ကြိုးစားသည်။ နောက်ပိုင်းတွင် သူသည် ဦးဆောင်တိုက်ခိုက်လာနိုင်ပြီး ဦးဆောင်ဖျက်ဆီးခြင်းများပင် ပြုလုပ်လာနိုင်ခဲ့သည်။

အတိုချုပ် ပြောရလျှင် အဆုံးအစမဲ့သော တိုက်ပွဲများနှင့် ရူးသွပ်ဖွယ် ပြောင်းလဲမှုများ ဖြစ်သည်။ ဤနဂါးရေကန်ထဲတွင် စည်းစနစ်ဟူ၍ မရှိပေ။ လုံးဝ ဖရိုဖရဲ ဖြစ်နေ၏။ တစ်ခုတည်းသော စည်းစနစ်မှာ နဂါးဝိညာဉ် ကိုယ်တိုင်ပင် ဖြစ်၏။

ဤတိုက်ပွဲနှင့် ပြောင်းလဲမှုများကြားတွင် နဂါးဝိညာဉ်သည် ပိုမို သန်မာအားကောင်းလာခဲ့သည်။ အတိုင်းအတာ တစ်ခုအထိ သန်မာလာချိန်မှာတော့ ဝါးမျိုခြင်းကို စတင် ပြုလုပ်လာခဲ့၏။

အစပိုင်းတွင် စွမ်းအင်နှင့် ဒြပ်ဝတ္ထု တစ်စိတ်တစ်ပိုင်းကိုသာ ဝါးမျိုနိုင်ခဲ့သည်။ သို့သော်ငြား ပြောင်းလဲလာပြီး ပိုမို သန်မာလာသည်နှင့်အမျှ စွမ်းအင် နှင့် ဒြပ်ဝတ္ထုများကို ပိုမို ဝါးမျိုလာနိုင်ခဲ့သည်။

သူ၏ စွမ်းအင်သည် ပိုမို အားကောင်းလာပြီး နဂါးရေကန်ထဲရှိ ဒြပ်ဝတ္ထုများသည် သူ၏ ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်ပေးခဲ့ကြသည်။ နောက်ဆုံးတွင် သူသည် ဝိညာဉ်သက်သက် မဟုတ်တော့ဘဲ ဥထဲမှ ပေါက်ကာစ ကဲ့သို့ တစ်ပေခန့်ရှိသော နဂါးအဖြစ် ပြန်လည် မွေးဖွားလာခဲ့၏။

အမှန်စင်စစ် ဤသည်မှာ မျက်နှာပြင်ပေါ်၌သာ တူညီခြင်း ဖြစ်ပြီး အတွင်းပိုင်းတွင်မူ ပြောင်းလဲသွားခဲ့သည်။ ပိုမို သန်မာလာပြီး ပိုမို ပြည့်စုံလာခဲ့သည်။ ထို့နောက် သူသည် ပိုမို ရူးသွပ်စွာ ဝါးမျိုပြီး ကြီးထွားလာခဲ့သည်။

ယခင်က မီးတောင်များနှင့် အစာများကို ဝါးမျိုပြီး ကြီးထွားရန် တစ်နှစ်ခန့် အချိန်ယူခဲ့ရ၏။ ယခုမူ တစ်နှစ်ထက် လျော့နည်းသွားနိုင်သည်။ သာမန်မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် ကြီးထွားလာနေခြင်း ဖြစ်သည်။ ပိုမို ကြီးမားလာပြီး ပိုမို သန်မာလာခဲ့၏။

...........

အပိုင်း (၁၂၇၀)

အပြန်အလှန် ကူညီခြင်း ဟူသော စကားတစ်ခွန်း ရှိသည်။ ယခု အခိုက်အတန့်တွင် နဂါးနှင့် ရှမ့်လန်တို့သည် အပြန်အလှန် ကူညီနေကြခြင်း ဖြစ်သည်။ နဂါးရေကန်ထဲတွင် နဂါး ကြုံတွေ့နေရသော အန္တရာယ်များကို နဂါးဉာဏ်အလင်း လောကထဲတွင် ရှမ့်လန် ကြုံတွေ့နေရသည်။ လုံးဝ ကွဲပြားသည်ဟု ထင်ရသော်လည်း တကယ်တမ်းကျတော့ လုံးဝ တူညီနေသည်။

နဂါးဉာဏ်အလင်း လောကထဲတွင် ရှမ့်လန်၏ ဝိညာဉ်သည်လည်း အလွန် အားနည်းပြီး သေးငယ်လှသည်။ ရူးသွပ်ဖွယ် ပြောင်းလဲမှုများသည် သူ့ကို အဆက်မပြတ် ပြောင်းလဲစေခြင်း၊ လေ့လာသင်ယူစေခြင်း၊ တိုက်ခိုက်စေခြင်း နှင့် ဝါးမျိုစေခြင်းများ ပြုလုပ်စေခဲ့၏။

သို့သော်ငြား နဂါးသည် စွမ်းအင်နှင့် ဒြပ်ဝတ္ထုများကို ဝါးမျိုခြင်း ဖြစ်၏။ ရှမ့်လန်မူကား အသိပညာနှင့် စိတ်ဝိညာဉ် အတိုင်းအတာ တစ်ခုကို ဝါးမျိုခြင်း ဖြစ်သည်။ ရှမ့်လန်နှင့် နဂါးကြီးတို့သည် မိုင်ပေါင်း တစ်သောင်းကျော် ကွာဝေးနေကြသော်လည်း တစ်ဦးနှင့်တစ်ဦး စိတ်ချင်းဆက်နွယ် ခံစားနိုင်ကြသည်။

ထိုအရာသည် အွန်လိုင်းဂိမ်း ကစားနေရုံ သက်သက် မဟုတ်ပေ။ အမှန်တကယ်တော့ သူ့ထဲတွင် ကိုယ်ရှိနေပြီး ကိုယ့်ထဲတွင် သူရှိနေသကဲ့သို့ ဖြစ်နေသည်။ တစ်ခါတစ်ရံတွင် ရှမ့်လန်သည် နဂါးရေကန်ထဲတွင် ရောက်ရှိနေပြီး နဂါးနှင့်အတူ လိုက်ပါပြောင်းလဲနေသကဲ့သို့ပင် ခံစားရ၏။

မရေမတွက်နိုင်သော အန္တရာယ်များ ရှိနေသည်။ နဂါးတစ်ကောင်တည်းကို အားကိုး၍ မရနိုင်ပေ။ ရှမ့်လန်၏ ဉာဏ်ပညာ နှင့် တွက်ချက်မှုများ လိုအပ်သည်။ ရှမ့်လန်သာ မရှိလျှင် နဂါးသည် ၁၀ စက္ကန့်ထက် ပိုမို အသက်ရှင်နိုင်မည် မဟုတ်ဘဲ ချက်ချင်း ပြာကျသွားမည်။

ထို့အပြင် မရေမတွက်နိုင်သော အန္တရာယ်များလည်း ရှိနေသည်။ ရှမ့်လန် တစ်ယောက်တည်းကိုလည်း အားကိုး၍ မရနိုင်ပေ။ သူသည် လုံလောက်သော ဉာဏ်ပညာ ရှိသော်လည်း သူ၏ တွေးခေါ်မှုသည် လူသားဆန်လွန်း နေသည်။ စွမ်းအင်နှင့် ပတ်သက်သော သူ၏ နားလည်နိုင်စွမ်းသည် နဂါးလောက် မနှံ့စပ်သောကြောင့် နဂါး၏ ပင်ကိုအသိစိတ်ကို အားကိုးရသည်။

နဂါး၏ ပင်ကိုအသိစိတ်နှင့် ရှမ့်လန်၏ ဉာဏ်ပညာတို့ ပေါင်းစပ်လိုက်ချိန်မှာတော့ အကျပ်အတည်းများစွာကို တစ်ခုပြီးတစ်ခု ကျော်ဖြတ်နိုင်ခဲ့ကြသည်။ အတိုင်းအဆမရှိသော ပြောင်းလဲမှုများ၊ အတိုင်းအဆမရှိသော တိုက်ပွဲများ နှင့် အတိုင်းအဆမရှိသော ဝါးမျိုမှုများဖြစ်၏။

နဂါး ပြောခဲ့သည်မှာ မှန်ကန်သည်။ ရှမ့်လန်သာ မပါဝင်ခဲ့လျှင် ဤအရာသည် မျှော်လင့်ချက်မဲ့သော အခြေအနေတစ်ခု ဖြစ်သည်။ နှစ်ဦးစလုံးသည် တစ်ဦးနှင့်တစ်ဦး မရှိမဖြစ် လိုအပ်သည်။

...........

နှစ်ဝက်... လက်တွေ့လောကတွင် နှစ်ဝက်မျှသာ ကုန်လွန်သွားခဲ့၏။ သို့သော်ငြား ရှမ့်လန်၏ ဝိညာဉ်အတွက်မူ အချိန် မည်မျှ ကုန်လွန်သွားခဲ့ပြီနည်း။ သူ အမှန်တကယ် မသိနိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ဝိညာဉ် လောကတွင် ဖြစ်ပျက်သမျှ အရာအားလုံးသည် တစ်သက်တာ၊ သို့မဟုတ် ဘဝပေါင်းများစွာ ကြာမြင့်နိုင် သောကြောင့်ပင်။

ဤကဲ့သို့သော နဂါးဉာဏ်အလင်းသည် ယဉ်ကျေးမှုနှင့် စွမ်းအင်ဆိုင်ရာ ဉာဏ်အလင်းပွင့်ခြင်း တစ်မျိုးပင် ဖြစ်သည်။ လောကတစ်ခုပေါ်တွင် မွေးဖွားလာသော သက်ရှိတစ်ခုနှင့် တူလှသည်။ ဤလောကကြီးသည် အန္တရာယ်များဖြင့် ပြည့်နှက်နေ၏။

အစပိုင်းတွင် ဤသက်ရှိသည် ဘေးကင်းရာ နေရာကို ရှာဖွေခဲ့သည်။ ထို့နောက် မိမိကိုယ်ကိုယ် ပြောင်းလဲခဲ့သည်။ ထို့နောက် ပိုမို သန်မာလာခဲ့သည်။ လောကကြီး၏ ဒြပ်ဝတ္ထုများကို ငှားရမ်းသုံးစွဲခဲ့သည်။ သူ၏ နောက်ဆုံး ပန်းတိုင်ကား အဘယ်နည်း။ ဤလောကမှ ထွက်ခွာပြီး အာကာသထဲသို့ ပိုမို နက်ရှိုင်းစွာ၊ ပိုမို ဝေးကွာစွာ သွားရောက်ရန်ပင် ဖြစ်သည်။

နှစ်ပေါင်းများစွာ ရုန်းကန်ခဲ့ရသော လူသားများနှင့် တူလှသည်။ သူတို့တွင် ကြယ်တာရာ ပင်လယ်ဟူသော ကြီးမားသည့် ပန်းတိုင်တစ်ခု အမြဲ ရှိခဲ့ကြသည်။ ပထမဆုံးအနေဖြင့် လောကမြေ၏ ဆွဲငင်အားကို ကျော်လွန်ပြီး အာကာသထဲသို့ ဝင်ရောက်ရန် ဖြစ်သည်။ ဤသည်မှာ လူသားများ ပြုလုပ်နိုင်ခဲ့ပြီးသော အရာ ဖြစ်၏။

နောက်တစ်ဆင့်မှာ နေအဖွဲ့အစည်း၏ ဆွဲငင်အားကို ကျော်လွန်ပြီး နေအဖွဲ့အစည်း ပြင်ပရှိ အာကာသ (နေအဖွဲ့အစည်း၏ အပြင်ဘက် သီးခြား ဂြိုဟ်ပတ်လမ်း) သို့ သွားရောက်ရန် ဖြစ်သည်။ ဤအရာကိုမူ မပြုလုပ်နိုင်ကြသေးပေ။

နောက်ဆုံးတွင် ရှမ့်လန် သဘောပေါက် သွားခဲ့သည်မှာ သက်ရှိပဲ ဖြစ်ဖြစ်၊ ယဉ်ကျေးမှုပဲ ဖြစ်ဖြစ် သူတို့အားလုံးတွင် တူညီသော ပန်းတိုင်နှင့် ဆင်တူသော ဒဿနများ ရှိကြသည် ဟူသောအချက်ပင်။

သို့သော်ငြား ဤအလယ်အလတ်အဆင့် နဂါးဉာဏ်အလင်းသည် ငရဲခန်းထဲတွင် အကြိမ်ပေါင်း တစ်ရာမက ရုန်းကန်နေရသကဲ့သို့ အမှန်တကယ် ဖြစ်စေခဲ့သည်။ ရှမ့်လန်၏ ဉာဏ်ပညာ၊ ကံတရားနှင့် စိတ်ဝိညာဉ် အားလုံးကို အမှန်တကယ် ကုန်ခမ်းစေခဲ့သည်။

နောက်ဆုံးတွင်မူ အရာအားလုံး ပြီးဆုံးသွားခဲ့သည်။ သူ၏ ဝိညာဉ်သည် ရေတွင်းထဲရှိ နဂါးစာလုံးမှ လွတ်မြောက် လာသကဲ့သို့ ရှိနေ၏။ မဟာပညာရှင်ကိုးဦး၏ အသက်နှင့် ဝိညာဉ်များဖြင့် ဖွဲ့စည်းထားသော အထူး ဝိညာဉ်လောကကြီးပင်။ သူသည် ဒုတိယအဆင့် နဂါးဉာဏ်အလင်းကို ပြီးမြောက်အောင်မြင်သွားခဲ့၏။

သူ၏ ဝိညာဉ်သည် ခန္ဓာကိုယ်ထဲသို့ ပြန်လည် ရောက်ရှိလာပြီးနောက် တိတ်ဆိတ်ငြိမ်သက်စွာ ငေးမော နေမိသည်။ ဤနက်နဲဆန်းကြယ်သော အရာများကို ဘေးဖယ်ထားလိုက်လျှင် ဒုတိယအဆင့် နဂါးဉာဏ် အလင်းမှ ရှမ့်လန် မည်သည်တို့ကို လေ့လာသင်ယူနိုင်ခဲ့သနည်း။ များပြားလှသည်။ အလွန်များပြားသည်။ အလွန့် အလွန် များပြားလှသည်။

ပထမ ရလဒ်မှာ အိမ်မက်ဆိုးကျောက်တုံး၏ မူလသဘောတရားနှင့် နီးပါး တူညီသည်။ ဒုတိယ ရလဒ်မှာ စွမ်းအင် ပတ်ဝန်းကျင်ကို အသုံးပြုပြီး အလွန်မြင့်မားသော ဖိအားကို ဖန်တီးကာ ဟိုက်ဒရိုဂျင်ကို သတ္တုဟိုက်ဒရိုဂျင်အဖြစ် ပြောင်းလဲပြီး စွမ်းအင်ဗဟိုချက် တည်ဆောက်နည်းပင် ဖြစ်သည်။ တတိယ ရလဒ်မှာ နဂါးသွေး၏ စွမ်းအင်ကို အသန့်စင်ဆုံး နဂါးသွေးခြင်ဆီအဖြစ် ဖိသိပ်ပြီး နဂါးနှလုံးသားနှင့် နဂါးနောင်တကို ဖန်တီးနည်းပင် ဖြစ်၏။

အလယ်အလတ်အဆင့် နဂါးဉာဏ်အလင်း အတွင်း၌ နဂါးနောင်တ ဖန်တီးသည့် သဘောတရားကို တိုက်ရိုက် လေ့လာ သင်ယူနိုင်ခဲ့သည်မှာ ယုံကြည်နိုင်စရာပင် မရှိပေ။ လူတိုင်း၏ နဂါးဉာဏ်အလင်းသည် မတူညီကြ သော်လည်း အားလုံးမှာ ဘုံရလဒ်များ ဖြစ်ကြသည်။ အခြေခံအားဖြင့် အလယ်အလတ်အဆင့် နဂါးဉာဏ် အလင်းကို ပြီးမြောက်အောင်မြင်သူတိုင်း ဤအကြောင်းအရာများကို လေ့လာသင်ယူနိုင်ကြသည်။

သို့သော်ငြား ရှမ့်လန်တွင်မူ သူ၏ ကိုယ်ပိုင် နဂါးဉာဏ်အလင်း ရှိနေသည်။ လောကပျက်ကပ် စီမံကိန်းကို တိုက်ရိုက် ပြီးမြောက်စေနိုင်ပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန်သည် အလယ်အလတ်အဆင့် နဂါးဉာဏ်အလင်း မှတဆင့် ယူရေနီယမ် သန့်စင်နည်းလမ်းကို ရရှိခဲ့သောကြောင့် ဖြစ်၏။ လောကမြေပေါ်ရှိ ဗဟိုခွာအားသုံး ကိရိယာများနှင့် လုံးဝ မတူညီပေ။

အမှန်စင်စစ် ဤနည်းလမ်းသည် နဂါးကို အသုံးပြုရန် လိုအပ်သည်။ သို့သော်ငြား နဂါး မရှိလျှင်လည်း နဂါးနှလုံးသားကို အသုံးပြု၍ ရနိုင်သည်။ တစ်ခုတည်းသော လိုအပ်ချက်မှာ နဂါးနှလုံးသားကို ကိရိယာကြီး တစ်ခုအဖြစ် ချဲ့ထွင်ပြီး ယူရေနီယမ်ကို အဝေးမှနေ၍ အဆက်မပြတ် သန့်စင်ထုတ်ယူရန် ဖြစ်သည်။ ထို့အပြင် ၉၉% ကျော်အထိ တိုက်ရိုက် သန့်စင်နိုင်မည်။

ယူရေနီယမ် ၉၉% သန့်စင်ပြီးသည်နှင့် အဏုမြူဗုံးကို တိုက်ရိုက် ပြုလုပ်နိုင်ပြီး ဖြိုခွဲခြင်း တုံ့ပြန်မှုကို တိုက်ရိုက် လုပ်ဆောင်နိုင်မည်။ ဤသည်မှာ ရှမ့်လန် တစ်ဦးတည်းသာ ရရှိခဲ့သော အလယ်အလတ်အဆင့် နဂါး ဉာဏ်အလင်းပင် ဖြစ်သည်။

ရရှိလိုက်သော အကျိုးအမြတ်များမှာ စိတ်ကူး၍ပင် မရနိုင်လောက်အောင်ပင်။ ရှမ့်လန်၏ စွမ်းအင်ဆိုင်ရာ ဗဟုသုတ အားလုံး ပေါင်းစပ်ထားသည်ထက်ပင် သာလွန်နေသေးသည်။ သူ ဖတ်ရှုခဲ့ဖူးသော ရှေးဟောင်း စာအုပ်များ နှင့် ကျမ်းလိပ်များသည် ဘာသာပြန်ထားသော ရလဒ်များသာ ဖြစ်သည်။ စိတ်စွမ်းအင် အရင်းအမြစ် များကို ဖြုန်းတီးရာ ရောက်ပြီး လုံလောက်အောင် တိုက်ရိုက် မကျပေ။

အဘယ်ကြောင့်ဆိုသော် လူသားများ နားလည်နိုင်သော စကားလုံးများ၊ ပုံရိပ်များအဖြစ် ဘာသာပြန်ဆို ထားသောကြောင့်ပင်။ စကားလုံးများနှင့် ပုံရိပ်များ ဖော်ပြနိုင်သည့် အရာများမှာ အလွန် အကန့်အသတ် ရှိလှသည်။

နက်နဲသော အရာအချို့သည် အတွေးထဲတွင်သာ တည်ရှိနိုင်ပြီး လေ့ကျင့်ခန်းများမှတဆင့် တိကျစွာ ဖော်ပြ၍ မရနိုင်ပေ။ နဂါးဉာဏ်အလင်း ဆိုသည်မှာ စွမ်းအင်၏ တိုက်ရိုက်အကျဆုံး နည်းလမ်းကို အသုံးပြုပြီး အာရုံခံစား နားလည် သဘောပေါက်ခြင်း ဖြစ်သည်။ စကားလုံး အတားအဆီးများကို ဖယ်ရှားပစ်ခြင်းပင်။

နဂါးဉာဏ်အလင်းဟု ခေါ်ဆိုသော်လည်း။ နဂါးတစ်ကောင်တည်းသာ မဟုတ်ပေ။ ထူးခြားသော စွမ်းအင် ယဉ်ကျေးမှု တစ်ခု ဖြစ်သည်။ အိမ်မက်ဆိုးကျောက်တုံး၊ နဂါးနောင်တနှင့် နဂါးကြီး မွေးဖွားလာခြင်းတို့ပင်လျှင် ဤယဉ်ကျေးမှုမှ ပေါက်ဖွားလာခြင်း ဖြစ်သည်။

ဤအခိုက်အတန့်တွင် ပြိုင်ဘက်ကင်း ဖြစ်ရခြင်းသည် အမှန်တကယ် အထီးကျန်ဆန်ကြောင်း ရှမ့်လန် ခံစားလိုက်ရသည်။ ဤပြိုင်ဘက်ကင်းခြင်းမှာ သူ၏ သိုင်းပညာစွမ်းရည်ကြောင့် မဟုတ်ဘဲ အလွန် အားကောင်းသော စွမ်းအင်ဆိုင်ရာ အသိပညာကို ပိုင်ဆိုင်ထားသောကြောင့် ဖြစ်၏။

ဤအခိုက်အတန့်တွင် တော်ဝင်ရန်အင်ပါယာ ကို ရှမ့်လန် ကောင်းစွာ နားလည်သွားခဲ့သည်။ အင်ပါယာသည် ဤလောကပေါ်တွင် ရှမ့်လန်နှင့် အဆင့်တူညီသော လူနည်းစုထဲမှ တစ်ဦး ဖြစ်သည်။ ယခင်က လူများ ပြောကြသည်မှာ အင်ပါယာသည် သိုင်းပညာမတတ်မြောက်ဟု ဆိုကြသည်။ သို့သော်ငြား မည်သူမှ မယုံကြည်ခဲ့ကြပေ။

အင်ပါယာ၏ သိုင်းပညာသည် အလွန်တရာ အားကောင်းမည်ဟု သူတို့ ခံစားကြရသော်လည်း သူသည် တစ်ခါမှ ထုတ်ဖော်ပြသခြင်း မရှိခဲ့ပေ။ ယခုမူ အင်ပါယာသည် သိုင်းပညာ မတတ်မြောက်ကြောင်း ရှမ့်လန် အသေအချာ သိရှိသွားခဲ့ပြီ ဖြစ်၏။ တကယ်တမ်းကျတော့ သူသည် သိုင်းပညာကို လိုအပ်ခြင်း မရှိပေ။

အင်ပါယာ ကဲ့သို့သော လူတစ်ယောက်အတွက် အချိန်သည် အလွန် တန်ဖိုးရှိသည်။ နားလည်သဘော ပေါက်ရန် အချိန်ပိုသုံးလေ၊ လေ့လာသင်ယူရန် အချိန်ပိုသုံးလေ ဖြစ်၏။ သူက အဘယ့်ကြောင့် သိုင်းပညာ လေ့ကျင့် နေရမည်နည်း။

အင်ပါယာသည် ရင်ကွမ်းကိုသော်လည်းကောင်း၊ သူ့ကိုသော်လည်းကောင်း ဂရုမစိုက်ခဲ့ကြောင်း ရှမ့်လန် နားလည်သွားခဲ့၏။ သူ၏ စိတ်ဝိညာဉ်လောကထဲတွင် အရာတစ်ခုတည်းသာ ရှိသည်။ ၎င်းမှာ သူ၏ နဂါးပင် ဖြစ်သည်။ ထို့အပြင် သူနှင့် သူ၏ နဂါးသည် အတူတူ ကြီးပြင်းလာခဲ့ကြခြင်း ဖြစ်သည်။

သူ၏ နဂါးသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်၏။ မီးနဂါး ကြယ်တံခွန် ဝင်တိုက်မှု သည် အရေးပါသော အလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့သည်။ ထိုအရာသည် သေလုမျောပါး ဖြစ်နေသော နဂါးကြီးကို လျှပ်စစ်ရှော့ခ် ရိုက်လိုက်သကဲ့သို့ ဖြစ်ပြီး ငြိမ်သက်နေသောနှလုံးသားကို အနှေးကွေးဆုံး နှလုံးခုန်နှုန်းဖြင့် တစ်ဖန်ပြန်လည် အလုပ်လုပ်စေခဲ့ခြင်း ဖြစ်၏။

ထို့နောက် တော်ဝင်ရန်အင်ပါယာသည် အားနည်းနေသော နဂါးရေကန်ထဲရှိ နဂါးကို ငရဲကျနေသော အကျပ်အတည်းများကြားမှ ခေါ်ထုတ်လာခဲ့သည်။ သူက နဂါးကို ဖန်တီးခဲ့ခြင်း ဖြစ်၏။ နဂါးကလည်း သူ့ကို ဖန်တီးပေးခဲ့ခြင်း ဖြစ်သည်။ သူ၏အလယ်အလတ်အဆင့် နဂါးအသိပညာသည် နဂါး၏ အသက်ကို ကယ်တင်ပေးခဲ့ခြင်း ဖြစ်သည်။

ယခင်က ရှမ့်လန်သည် အင်ပါယာကို နားမလည်ခဲ့ပေ။ ယခုမူ သူ ပိုမို နားလည်လာခဲ့၏။ အင်ပါယာသည်လည်း အံ့သြဖွယ် ကောင်းသည်။ သူသည် ရန်သူတစ်ယောက် ဖြစ်သော်လည်း အမှန်တကယ် အံ့သြဖွယ် ကောင်း၏။

သူ၏ဉာဏ်ပညာဖြင့် ရှေးဟောင်း ယဉ်ကျေးမှုကို ပြန်လည် အသက်သွင်းခဲ့သည်။ တော်ဝင်ရန်နိုင်ငံသည် ရှေးဟောင်း သိုင်းပညာများကို ထိန်းချုပ်နိုင်ခဲ့ပြီး လောကကို လွှမ်းမိုးထားနိုင်ခဲ့သည်။ ထို့နောက် သူ၏ ဉာဏ်ပညာဖြင့် နှစ်ပေါင်းများစွာကြာ သေဆုံးနေခဲ့သော နဂါးတစ်ကောင်ကို ပြန်လည် အသက်သွင်းနိုင်ခဲ့သည်။

တော်ဝင်ရန်နဂါးကို ကယ်တင်ရန် အင်ပါယာသည် အချိန် မည်မျှ ယူခဲ့ရမည်ဖြစ်ကြောင်း ရှမ့်လန် စိတ်ကူး၍ပင် မရနိုင်ပေ။ သို့သော်ငြား နှစ်အနည်းငယ်မျှတော့ ဟုတ်မည် မထင်ပေ။ မီးနဂါး ကြယ်တံခွန် ဝင်တိုက်ခြင်းသည် အဖိုးတန်သော အစပျိုးမှုတစ်ခုသာ ဖြစ်ပြီး နဂါး၏ ပြန်လည်ကောင်းမွန်လာမှုကို များစွာ အရှိန်မြှင့်တင် ပေးခဲ့ခြင်းသာ ဖြစ်၏။

ဤနဂါးကို ကယ်တင်ရန် သူ၏ ဘဝမှ ဆယ်စုနှစ်များစွာကို ပေးဆပ်ခဲ့ဟန် တူသည်။ သူ၏ နဂါးရေကန် သည်လည်း နှစ်အနည်းငယ်အတွင်း တည်ဆောက်နိုင်ခဲ့သည့် အရာတစ်ခု မဟုတ်ပေ။ တော်ဝင်ရန်အင်ပါယာ ၏ ကျိကလန်သည် နဂါးရေကန်ကို ပြန်လည် တည်ဆောက်ရန်နှင့် ဤနဂါးကို ပြန်လည် အသက်သွင်းရန် မျိုးဆက်ပေါင်းများစွာ၏ အချိန်နှင့် ဉာဏ်ပညာကို အသုံးပြုခဲ့ရပေလိမ့်မည်။

လူတိုင်းက အင်ပါယာကို အရာရာ စွမ်းဆောင်နိုင်သူ၊ ပြိုင်ဘက်ကင်းသူ အဖြစ်သာ မြင်ကြသည်။ ယခုအချိန်၌မူ အင်ပါယာသည် ဤနေ့ရက် ရောက်ရှိလာစေရန် ဉာဏ်ပညာနှင့် ကြိုးစားအားထုတ်မှု မည်မျှ စိုက်ထုတ်ခဲ့ရကြောင်း၊ မျိုးဆက်ပေါင်း မည်မျှ ကြိုးစားခဲ့ရကြောင်း ရှမ့်လန် မြင်တွေ့လိုက်ရသည်။

ယခင်က တော်ဝင်ရန်အင်ပါယာသည် အရှေ့တိုင်းနှင့် အနောက်တိုင်း လောကကြား ကုန်သွယ်မှုကို အဘယ်ကြောင့် လုံးဝ ပိတ်ပင်ထားခဲ့ကြောင်း ရှမ့်လန် နားမလည်ခဲ့ပေ။ ယခုမူ သူ နားလည်သွားခဲ့၏။

အမှန်စင်စစ် ရန်အင်ပါယာသည် ယနေ့အထိ အံ့သြဖွယ် အကောင်းဆုံး ရန်သူ ဖြစ်သည်။ ထို့အပြင် နိုင်ငံရေး သို့မဟုတ် ဉာဏ်နီဉာဏ်နက်များကို အားကိုးခြင်း မရှိဘဲ စစ်မှန်သော စွမ်းအားကိုသာ အားကိုးသူ ဖြစ်သည်။

သို့သော်ငြား ရန်သူဟူသည် ရန်သူသာ ဖြစ်သည်။ ဤအချက်သည် မည်သည့်အခါမှ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ အရှေ့တိုင်းလောကရှိ ကျန်းကလန်နှင့် ကျိကလန် ကြားတွင် တစ်ဦးတည်းသာလျှင် လောကကြီး၏ အရှင်သခင် ဖြစ်လာနိုင်၏။

လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်က ကျန်းကလန်နှင့် ကျိကလန်တို့သည် လောကကြီး၏ အရှင်သခင် ဖြစ်လာရန် တိုက်ခိုက်ခဲ့ကြ၏။ ကျန်းလီ သေဆုံးခဲ့ပြီး ကျန်းကလန် ရှုံးနိမ့်ခဲ့ရသည်။ ထိုအချိန်က တော်ဝင်ရန်အင်ပါယာ ၌ နဂါး မရှိခဲ့ပေ။ သူသည် ဉာဏ်ပညာ၊ ရှေးဟောင်း ယဉ်ကျေးမှု၏ စွမ်းအားနှင့် စွမ်းအင် စည်းမျဉ်းတို့ကိုသာ ပိုင်ဆိုင်ထားခဲ့သည်။

ယခုတစ်ကြိမ်တွင်မူ ရှမ့်လန်သည် အဆုံးအစမဲ့သော ယုံကြည်မှုများဖြင့် ပြည့်နှက်နေသည်။ အခြား အကြောင်းပြချက် မရှိပေ။ သူ၏ နဂါးသည် တစ်ကြိမ် သေဆုံးခဲ့ဖူးသောကြောင့် ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် သူ၏ နဂါးဉာဏ်အလင်းသည် တော်ဝင်ရန်အင်ပါယာ ဘုရင်၏ နဂါးဉာဏ်အလင်းထက် ဆယ်ဆမျှ ပိုမို ခက်ခဲပြီး အန္တရာယ်များခဲ့သောကြောင့် ဖြစ်၏။

နဂါးအတွက်လည်း ထိုနည်းတူပင် ဖြစ်သည်။ ယခုတစ်ကြိမ် သူ၏ ပြန်လည်ရှင်သန်ခြင်းသည် တော်ဝင်ရန်နဂါး၏ ပြန်လည်ရှင်သန်ခြင်းထက် အဆပေါင်း တစ်ရာမက ပိုမို အန္တရာယ်များခဲ့သည်။ ၎င်း ခံစားခဲ့ရသော စမ်းသပ်မှု များနှင့် ဒုက္ခဆင်းရဲများသည်လည်း မရေမတွက်နိုင်အောင် ပိုမို များပြားခဲ့သည်။

သူသည် ပါရမီ၊ စွမ်းရည် သို့မဟုတ် ကံတရားကို အားကိုးခဲ့ခြင်း မဟုတ်ပေ။ အဆုံးအစမဲ့သော စမ်းသပ်မှုများနှင့် ဒုက္ခဆင်းရဲများကို အားကိုးပြီး ပိုမို သန်မာလာခဲ့ခြင်း ဖြစ်သည်။ လက်တွေ့လောကတွင် နှစ်ဝက်မျှသာ ကြာမြင့် ခဲ့သော်လည်း ရှမ့်လန်နှင့် နဂါးဝိညာဉ်တို့ နှစ်ဦးစလုံးအတွက်မူ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့၏။

ရှမ့်လန်သည် ပိရမစ်အတွင်းမှ ဖြည်းညင်းစွာ လျှောက်လှမ်းထွက်လာပြီး သက်ပြင်းတစ်ချက် ချလိုက်၏။ သူ၏ ဖြစ်တည်မှု တစ်ခုလုံးသည် အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။ သူ၏ အကြည့်နှင့် အရှိန်အဝါသာမက မျက်နှာ ပုံသဏ္ဍာန်ပင် ပြောင်းလဲသွားခဲ့သည်။ သူသည် ဤလောကမှ လူသားများနှင့် အနည်းငယ် ကွဲပြားခြားနား နေသကဲ့သို့ပင်။

သူသည် အော်ဟစ်ခြင်း မရှိပေ။ မီတာတစ်သောင်းကျော် မြင့်မားသော နှင်းဖုံးတောင်ထိပ်ပေါ်တွင် တိတ်ဆိတ် ငြိမ်သက်စွာ ရပ်နေရုံသာ ရပ်နေလိုက်၏။ ထို့အပြင် သူသည် ရန်မြို့တော် ရှိရာဘက်သို့ ကြည့်နေခြင်း မဟုတ်ဘဲ မြောက်ဘက် အစွန်ဆုံး တိုက်ကြီး ရှိရာဘက်သို့ မျှော်ကြည့်နေခြင်း ဖြစ်သည်။

...........

ထိုအချိန် ကျောက်စိမ်းဖြူတောင်ပေါ်ရှိ ရှေးဟောင်းနဂါးရေကန်အတွင်း၌ နဂါးတစ်ကောင်သည် နဂါးရေကန်ထဲမှ ပျံသန်းထွက်ပေါ်လာပြီး လေထဲသို့ ဖြည်းညင်းစွာ မြင့်တက်လာခဲ့သည်။ ၎င်းသည် ကျောက်စိမ်းဖြူတောင်၏ အမြင့်ဆုံးနေရာသို့ ပျံသန်းသွားခဲ့သည်။

ဤနေရာရှိ အကာအကွယ် အတားအဆီးသည် နဂါးရေကန် တစ်ခုလုံးကို လွှမ်းခြုံထားသည်။ မည်သူမှ ဖြတ်သန်းသွားလာနိုင်ခြင်း မရှိပေ။ ယခင်က နဂါးဖြစ်လျှင်ပင် မဖြတ်သန်းနိုင်ခဲ့ပေ။ ငရဲဝိညာဉ်ပုတီးစေ့ကသာလျှင် အတားအဆီးကို အရည်ပျော်စေပြီး အပေါက်ဖောက်ပေးနိုင်ခဲ့၏။

ယခုမူ ကျန်းမိသားစု၏နဂါးသည် ညင်သာစွာ အသက်ရှူထုတ်လိုက်ရုံဖြင့် အတားအဆီးတွင် အပေါက်တစ်ပေါက် ဖြစ်ပေါ်စေခဲ့သည်။ သူသည် အပြင်သို့ ပျံထွက်လာပြီး မီတာ တစ်သောင်းကျော် မြင့်မားသော ကျောက်စိမ်းဖြူ တောင်ထိပ်ပေါ်တွင် ရပ်တန့်လိုက်သည်။

ယခင်က သူ ပေါ်လာတိုင်း လောကမြေကြီး တုန်လှုပ်ချောက်ချားဖွယ် ဖြစ်ခဲ့ရသည်။ ကောင်းကင်ယံကို ဖြတ်သန်း ပျံသန်းသွားတိုင်း ပူပြင်းသော မုန်တိုင်းများ ဖြစ်ပေါ်စေပြီး မြေပြင်ကို တုန်ခါစေခဲ့သည်။ မြေပြင်ပေါ်ရှိ ကျောက်ဆောင်များ နှင့် သစ်ပင်များကိုပင် လောင်ကျွမ်းစေခဲ့၏။

သူသည် ခမ်းနားထည်ဝါပြီး ကြောက်ရွံ့ဖွယ်ရာကောင်းသော်လည်း ထိုစွမ်းအားများကို ထုတ်လွှတ်ရုံသာ တတ်နိုင်ခဲ့သည်။ ယခုမူ နဂါးသည် ကျောက်စိမ်းဖြူတောင်ထိပ်ပေါ်တွင် တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေသည်။

အော်ဟစ်ခြင်း မရှိသလို ကောင်းကင်နှင့် မြေကြီးကို တုန်ခါစေခြင်းလည်း မရှိပေ။ ကောင်းကင်ကို ဖုံးလွှမ်းရန် အတောင်ပံများကိုပင် ဖြန့်ကျက်ခြင်း မရှိချေ။ အေးဆေး တည်ငြိမ်နေပုံ ရသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ စွမ်းအားနှင့် တည်ရှိမှုကိုပြသရန် အားကောင်းသော စွမ်းအင်များကို ထုတ်လွှတ်ဖို့ မလိုအပ်တော့သောကြောင့်ပင်။

All Chapters