← Chapters

အခန်း (၁၂၇၃-၁၂၇၄)

Vol. 73 Ch. 1273-1274

အခန်း (၁၂၇၃-၁၂၇၄)

Vol. 73 Ch. 1273-1274

အပိုင်း (၁၂၇၃)

ထိုအချိန်တွင် တော်ဝင်ရန်အင်ပါယာသည် အံ့အားသင့်သွားခဲ့သည်။ ဘာတွေ ဖြစ်ကုန်သနည်း။ ရှမ့်လန် ပျောက်ဆုံးသွားပြီ မဟုတ်ပါလား။ တော်ဝင်ချန်အင်ပါယာတွင် အထူးနဂါးနောင်တကို ပစ်လွှတ်နိုင်သူ မရှိတော့ဘူး မဟုတ်ပါလား။

ဟုတ်သည်။ ရှမ့်လန် မရှိတော့သော်လည်း ရှမ့်ယီ ရှိနေ၏။ တော်ဝင်ချန်အင်ပါယာ၏ အိမ်ရှေ့စံအနေဖြင့် သူသည် အထူးနဂါးနောင်တကို ပစ်လွှတ်ပိုင်ခွင့် အာဏာ ရှိနေသည်။ အထူးနဂါးနောင်တ ၅ ခု အနက် ၄ ခုကို တော်ဝင်ရန်အင်ပါယာက အောင်မြင်စွာ ကြားဖြတ်ဟန့်တားနိုင်ခဲ့သော်လည်း နောက်ဆုံး တစ်ခုကို တားဆီးနိုင်ခြင်း မရှိခဲ့ပေ။ ၎င်း ပေါက်ကွဲသွားပြီး ထိခိုက်သေဆုံးမှု များပြားခဲ့သည်။

ထိုအချိန်မှစ၍ နှစ်ဖက်စလုံးသည် အထူးနဂါးနောင်တကို မသုံးစွဲရန် နားလည်မှု ရယူထားခဲ့ကြသည်။ ဤစစ်ပွဲကြီးတွင် လူတစ်ယောက်သည် ကြယ်တစ်ပွင့်ကဲ့သို့ ထွန်းလင်းတောက်ပလာခဲ့သည်။ သူကား တော်ဝင်ချန်အင်ပါယာ အိမ်ရှေ့စံ ရှမ့်ယီပင် ဖြစ်၏။

သူသည် ထူးချွန်ထက်မြက်ကြောင်း ပြသရန် မလိုအပ်သလို ကိုယ်တိုင် တိုက်ပွဲဝင်ရန်လည်း မလိုအပ်ပေ။ သို့သော်ငြား သူသည် အဓိက တပ်ဖွဲ့၏ ရှေ့တန်းစစ်မျက်နှာပြင်တွင် အမြဲ ရှိနေလေ့ရှိသည်။ အထူးနဂါးနောင်တ ကို ကြားဖြတ်ဟန့်တားပြီး ပြန်လည်တိုက်ခိုက်ခဲ့သူမှာ သူပင် ဖြစ်သည်။ ထိုသို့ဆိုလျှင် လုံလောက်ပြီ မဟုတ်ပါလား။

အစပိုင်းတွင် တော်ဝင်ချန်အင်ပါယာသည် အင်ပါယာရှမ့်လန်အတွက် လက်စားချေလိုစိတ် ပြင်းပြပြီး အနိုင်ရရန် စိတ်ဆုံးဖြတ်ထားခဲ့ကြသည်။ သို့နှင့် အိမ်ရှေ့စံရှမ့်ယီသည် လူတိုင်းကို မျှော်လင့်ချက် ပေးခဲ့သည်။ တော်ဝင်ချန်အင်ပါယာသည် ဘယ်တော့မှ ပျက်သုဉ်းမည် မဟုတ်သလို ကျန်းမိသားစုသည်လည်း ဘယ်တော့မှ ပျက်သုဉ်းမည် မဟုတ်ပေ။

ထို့သို့ဖြင့် တော်ဝင်ရန်အင်ပါယာ နှင့် ရှမ့်လန်တို့သည် ဤလောကစစ်ကြီးတွင် ပါဝင်ပတ်သက်ခြင်း မရှိကြပေ။ နောက်ဆုံးတွင် တော်ဝင်ချန်အင်ပါယာက အသာစီးရလာခဲ့သည်။ အကယ်၍ တော်ဝင်ရန်အင်ပါယာ နှင့် ရှမ့်လန်တို့ မပေါ်လာခဲ့လျှင်၊ နဂါးနှစ်ကောင် တိုက်ပွဲမဝင်ခဲ့လျှင် တော်ဝင်ရန်အင်ပါယာသည် သေချာပေါက် ရှုံးနိမ့်ရမည် ဖြစ်သည်။

စစ်ပွဲပြီးနောက် နုရှောင့်မြို့၏ လက်နက်သစ် ဖွံ့ဖြိုးတိုးတက်မှုသည် ပေါက်ကွဲအားကောင်းသော ကာလသို့ ရောက်ရှိလာခဲ့သည်။ ပျမ်းမျှအားဖြင့် နှစ်လလျှင် တစ်ကြိမ် ကြီးမားသော တိုးတက်မှု ရှိလာခဲ့သည်။ ပျောက်ဆုံးနိုင်ငံ၏ ပင်လယ်မွန်းစတား တပ်တော်ကြောင့် နုရှောင့်မြို့သည် လုံးဝ ဘေးကင်းလုံခြုံနေခဲ့၏။

တော်ဝင်ချန်အင်ပါယာကို ကန့်သတ်ထားသည့် တစ်ခုတည်းသော အရာမှာ အိမ်မက်ဆိုးကျောက်တုံး ရှားပါးမှုပင် ဖြစ်သည်။ နောက်ဆုံးတွင် မီးနတ်ဘုရားဂိုဏ်းသည် သူတို့ ပိုင်ဆိုင်သမျှ အရာအားလုံးကို အသုံးပြုပြီး အိမ်မက်ဆိုးကျောက်တုံး အမြောက်အမြားကို တော်ဝင်ချန်အင်ပါယာသို့ သုံးကြိမ်တိုင်တိုင် ပို့ဆောင်ပေးခဲ့သည်။ ဤသည်မှာ သူတို့ နှစ်ပေါင်း ရာနှင့်ချီ စုဆောင်းထားခဲ့သော စည်းစိမ်ဥစ္စာများ ဖြစ်သည်။

...........

မီးတောက်မြို့တော် နန်းတော် .... ။

ဤနေရာရှိ လေထုသည် သက်သောင့်သက်သာ ရှိနေသည်။ တော်ဝင်ရန်အင်ပါယာ အနိုင်ရမည်ဟု သူတို့ ထင်မှတ်ထားကြသောကြောင့် သက်သောင့်သက်သာ ရှိနေကြခြင်း ဖြစ်၏။

တော်ဝင်ရန်တွင် နဂါးရှိပြီး တော်ဝင်ချန်အင်ပါယာ၏ နဂါးမှာ သေဆုံးသွားပြီ ဖြစ်သည်။ အင်ပါယာ တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာချိန်တွင် တော်ဝင်ရန်၏နဂါးသည် လုံးဝ ပြန်လည် ကောင်းမွန်လာမည်ဖြစ်ပြီး တော်ဝင်ချန်အင်ပါယာသည်လည်း လုံးဝ ပျက်သုဉ်းသွားမည် ဖြစ်သည်။ သို့သော်ငြား အင်ပါယာ တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာသည်အထိ သူတို့ တောင့်ခံထားရပေဦးမည်။

အိမ်ရှေ့စံမင်းသားသည် ကြီးမားသော ဖိအားကို ခံစားနေရ၏။ တော်ဝင်ရန်အင်ပါယာသည် ဤမျှ ကြွယ်ဝ ချမ်းသာသော်လည်း စစ်ပွဲတွင် အလွန် သနားစရာကောင်းသော အခြေအနေသို့ ရောက်ရှိနေခဲ့သည်။ ပထမ သုံးလအတွင်း သူတို့ မပြင်ဆင်ထားမိသောကြောင့် တော်ဝင်ချန်အင်ပါယာ တပ်တော်သည် သူတို့၏ နယ်မြေထဲသို့ မိုင်ပေါင်း ထောင်ချီ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။ နယ်မြေ စတုရန်းကီလိုမီတာ ၁.၅ သန်း ဆုံးရှုံးခဲ့ရသည်။

နောက်ထပ်နှစ်လအတွင်း တော်ဝင်ရန်အင်ပါယာ တပ်တော်သည် ပြန်လည် တိုက်ခိုက်ပြီး နယ်မြေ စတုရန်း ကီလိုမီတာ တစ်သန်းကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော်ငြား စစ်ပွဲသည် နှစ်ဝက်ခန့် ကြာမြင့်လာချိန်မှာတော့ အောင်ပွဲသည် တော်ဝင်ချန်အင်ပါယာဘက်သို့ တစ်ဖန် ယိမ်းယိုင်သွားပြန်၏။

ပထမအချက်မှာ အနောက်ဘက် စစ်မျက်နှာပြင် ဖြစ်သည်။ ကျင်းနိုင်ငံသည် တော်ဝင်ရန်၏ အထောက်အပံ့နှင့် ကိုယ်ပိုင် လျှို့ဝှက်တပ်ဖွဲ့ ရှိသော်လည်း နယ်မြေများ ဆုံးရှုံးနေဆဲ ဖြစ်သည်။ သို့သော်ငြား အနောက်ဘက် စစ်မျက်နှာပြင်သည် မီးတောက်မြို့တော်နှင့် ဝေးကွာနေသေးသည်။ အစိုးရိမ်ရဆုံးမှာ တောင်ဘက် စစ်မျက်နှာပြင် နှင့် အဓိက စစ်မျက်နှာပြင်တို့ ဖြစ်ကြသည်။ တော်ဝင်ချန်အင်ပါယာ၏ အဓိက တပ်တော်နှင့် ရွဲ့ပြည်နယ် တပ်တော်သစ်တို့ မကြာမီ ဆုံတွေ့ကြတော့မည်။

လက်ရှိတွင် တော်ဝင်ရန်အင်ပါယာသည် အဓိက စစ်မျက်နှာပြင်တွင် စစ်သည် ၇ သိန်း အသုံးပြုထားပြီး တော်ဝင်ချန်အင်ပါယာသည် စစ်သည် ၃ သိန်း အသုံးပြုထားသည်။ တော်ဝင်ရန်အင်ပါယာ သည် ကြီးမားသော အားသာချက် ရှိနေသေးသည်။ ထို့အပြင် သူတို့သည် ခံစစ်ဘက်တွင် ရှိနေကြသည်။

သို့သော်ငြား ရွဲ့ပြည်နယ်တပ်တော်သည် မင်ပြည်နယ် ခံစစ်မျဉ်းကို ဖောက်ထွက်နိုင်သည်နှင့် တော်ဝင်ချန် အင်ပါယာ၏ အဓိကတပ်တော်နှင့် ပေါင်းစည်းသွားမည် ဖြစ်သည်။ ထိုအချိန်တွင် သူတို့၌ စစ်သည် ၅ သိန်း ရှိလာပေမည်။

အဓိပ္ပာယ်မဲ့သော ညီလာခံ ပြီးဆုံးပြီးနောက် ခန်းမဆောင်ကြီး တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြန်သည်။ တော်ဝင်ရန်အိမ်ရှေ့စံသည် မြေပုံကြီးကို ကြည့်လိုက်သည်။ အရှေ့ဘက် စစ်မျက်နှာပြင်သည် သူ အနည်းဆုံး စိုးရိမ်ရသော နေရာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဝူပြည်နယ်သည် အားနည်းသောကြောင့်ပင်။

ဝူဘုရင်၌ စစ်သည် ၄ သိန်းကျော် ရှိသော်လည်း စစ်မှန်သော တိုက်ခိုက်ရေး စွမ်းရည် ရှိသူများမှာ နုရှောင့်မြို့တွင် လေ့ကျင့်ထားသော စစ်သည်သစ် ၁ သိန်းခွဲသာ ရှိသည်။ ကျန်ရှိသော စစ်သည် ၂ သိန်းခွဲမှာ အလွန် အားနည်းလှသည်။

တော်ဝင်ရန်အင်ပါယာ၏ မင်းသားဝူတွင် စစ်သည် ၃ သိန်းသာ ရှိသော်လည်း ဝူဘုရင်၏ တိုက်ခိုက်မှုကို တားဆီးနိုင်စွမ်း ရှိနေသေးသည်။ ပြန်လည် တိုက်ခိုက်ရန်တော့ မဖြစ်နိုင်ပေ။

အဘယ်ကြောင့်ဆိုသော် ဝူဘုရင်၏ နောက်တွင် တော်ဝင်ချန်အင်ပါယာ ရေတပ်နှင့် ပျောက်ဆုံးနိုင်ငံ၏ ပင်လယ်မွန်းစတား တပ်တော် ရှိနေသောကြောင့် ဖြစ်သည်။ အခြေအနေ အနည်းငယ် ဆိုးရွားလာသည်နှင့် ဝူဘုရင်သည် ပျောက်ဆုံးနိုင်ငံတော် ရေတပ်၏ အကာအကွယ် အောက်သို့ ချက်ချင်း ဆုတ်ခွာသွားတတ်သည်။

အနောက်ဘက် စစ်မျက်နှာပြင်သည် အဆိုးရွားဆုံး ဖြစ်နေသည်။ ကျင်းနိုင်ငံသည် ကြာရှည် တောင့်ခံနိုင်တော့မည် မဟုတ်ပေ။ အစိုးရိမ်ရဆုံးမှာ အဓိက စစ်မျက်နှာပြင် ဖြစ်သည်။ လက်ရှိတွင် တော်ဝင်ချန်အင်ပါယာနှင့် တော်ဝင်ရန်၏ အဓိကတပ်ဖွဲ့များသည် ပင်းပြည်နယ် ခံစစ်မျဉ်းတွင် ဖြန့်ကျက်ထားကြ၏။

ပင်းပြည်နယ်သည် တော်ဝင်ရန်အင်ပါယာ ငြိမ်းချမ်းရေး ပြည်နယ်၏ မြို့တော် ဖြစ်သည်။ တော်ဝင်ချန်အင်ပါယာ နယ်စပ်နှင့် မိုင် ၆၀၀ ကွာဝေးပြီး မီးတောက်မြို့တော်နှင့် မိုင် ၂,၉၀၀ ကွာဝေးသည်။ တစ်နည်းအားဖြင့် ပြောရလျှင် အဓိက စစ်မျက်နှာပြင်သည် တော်ဝင်ရန်အင်ပါယာ နယ်နိမိတ် အတွင်းတွင် ရှိနေခြင်း ဖြစ်သည်။

တော်ဝင်ချန် အင်ပါယာ၏ အဓိကတပ်ဖွဲ့သည် မိုင် ၆၀၀ အထိ ထိုးဖောက်ဝင်ရောက် တိုက်ခိုက်နိုင်ခြင်းမှာ ကြီးမားသော အရှက်တကွဲ ဖြစ်ရခြင်းပင်။

ပင်းပြည်နယ်သည် မီးတောက်မြို့တော်နှင့် အလွန် ဝေးကွာပုံရသော်လည်း ပင်းပြည်နယ် ခံစစ်မျဉ်း ကျိုးပျက်သွားသည်နှင့် ကျန်ရှိသော မိုင် ၂,၀၀၀ သည် ပြန့်ပြူးသော မြေပြင်ကျယ်ကြီး ဖြစ်သွားမည်။

ရွဲ့ဘုရင်၏ တောင်ဘက် စစ်မျက်နှာပြင်သည် မင်ပြည်နယ် ခံစစ်မျဉ်းကို ရူးသွပ်မတတ် တိုက်ခိုက်နေသည်။ ကျိုးပျက် သွားသည်နှင့် တော်ဝင်ချန်အင်ပါယာ၏ အဓိက တပ်ဖွဲ့နှင့် အောင်မြင်စွာ ပေါင်းစည်းသွားပေမည်။ ထို့နောက် စစ်သည် ၅ သိန်းသည် ပင်းပြည်နယ် ခံစစ်မျဉ်းကို ဖောက်ထွက်ကြလိမ့်မည်။ ဆိုလိုသည်မှာ တော်ဝင်ရန်အင်ပါယာ၏ တောင်ဘက်နှင့် အနောက်ဘက် ပြည်နယ် အားလုံး ကျရှုံးသွားမည် ဖြစ်သည်။ ဆိုလိုသည်မှာ သူတို့ အပင်ပန်းခံ ထိန်းညှိထားသော စစ်ပွဲသည် နောက်တစ်ကြိမ် ပြိုလဲသွားတော့မည် ဖြစ်သည်။ ထို့နောက် တော်ဝင်ချန်အင်ပါယာ တပ်တော်သည် မီးတောက်မြို့တော်ကို တိုက်ရိုက် တိုက်ခိုက်လာတော့မည်။

...........

တော်ဝင်ရန်အိမ်ရှေ့စံက သက်ပြင်းချလိုက်သည်။ “အရင်တုန်းက ရှမ့်လန် မရှိတဲ့ တော်ဝင်ချန်အင်ပါယာ ဆိုတာ ရွှံ့ပုံကြီး တစ်ပုံပဲလို့ ကျုပ် ထင်ခဲ့ဖူးတယ်။ ရှမ့်လန် မရှိဘဲနဲ့ တော်ဝင်ချန်အင်ပါယာက ဒီလောက် ကြမ်းတမ်းနေလိမ့်မယ်လို့ ကျုပ် မထင်ထားခဲ့ဘူး။”

မင်းသားလျန်က ပြောလိုက်၏။ “အတိတ်တုန်းက တော်ဝင်ချန်အင်ပါယာဆိုတဲ့ နေရာက ကလေးလေး တစ်ယောက်လိုပါပဲ။ ရှမ့်လန်က သူ့ကို အမြဲတမ်း ကာကွယ်ပေးထားခဲ့တယ်။ အခု နှစ်အနည်းငယ် ကြာပြီးတဲ့အခါ တော်ဝင်ချန်အင်ပါယာက ကြီးပြင်းလာခဲ့ပြီ။”

မင်းသမီး ကျိရွှမ်က ပြောလိုက်သည်။ “ရှမ့်လန်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာက နည်းပညာနဲ့ ရှေးဟောင်း ယဉ်ကျေးမှုကို ပေါင်းစပ်ထားတာပဲ။ အရင်တုန်းက ကျွန်မတို့ နားမလည်ခဲ့ပေမဲ့ အခုတော့ နားလည်သွားပြီ။”

မင်းသားလျန်က ပြောလိုက်၏။ “တကယ့်ကို လောက တုန်လှုပ်စရာပါပဲ။ သူတို့ရဲ့ တပ်တော်သစ်က သာမန်လူတွေနဲ့ ဖွဲ့စည်းထားတာ ထင်ရှားတယ်။ ကျုပ်တို့ရဲ့ သိန်းချီတဲ့ လူတွေက သွေးမျိုးဆက် ပြုပြင်ထားတဲ့ အထူးစစ်သည်တွေ၊ လျှို့ဝှက်စစ်သည်တွေ ဖြစ်နေပြီး ရှေးဟောင်း သံချပ်ကာတွေ၊ အထူး သံချပ်ကာတွေတောင် ရှိနေသေးတယ်။ ဒါပေမဲ့ သူတို့ရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေကို ကျုပ်တို့ မတားဆီးနိုင်သေးပါဘူး။”

မှန်ပါသည်။ သူတို့ မတားဆီးနိုင်ကြပေ။ တော်ဝင်ချန်အင်ပါယာ၏ စစ်ပွဲသည် စနစ်တစ်ခု ဖြစ်လာခဲ့၏။ ပထမဦးစွာ သူတို့သည် ထိန်းချုပ်ရေး ဗဟိုချက်၊ ရှေးဟောင်း သံချပ်ကာများနှင့် ရှေးဟောင်းလက်နက်များကို မလှုပ်ရှားနိုင်စေရန် အိမ်မက်ဆိုးကျောက်တုံး သံလိုက်ဗုံးများကို အသုံးပြုကြသည်။ ထို့နောက် မြေပြင်ကို ဗုံးကြဲတိုက်ခိုက်ရန် ငရဲမီးအမြောက်ဆံများနှင့် လက်ပစ်ဗုံးများကို အသုံးပြုကြသည်။ ထို့နောက် ပစ်ခတ်ရန် အိမ်မက်ဆိုးကျောက်တုံး ရိုင်ဖယ်များကို အသုံးပြုကြသည်။

ထိုမြင်ကွင်းကို ဖော်ပြရန် စကားလုံးမရှိပေ။ ကော်ဇောခင်း ဗုံးကြဲခြင်း၊ သိန်းနှင့်ချီသော အိမ်မက်ဆိုးကျောက်တုံး ရိုင်ဖယ်များနှင့် မရေမတွက်နိုင်သော စက်သေနတ်များ တပြိုင်နက် ပစ်ခတ်ခြင်းက ကျည်ဆန်မုန်တိုင်းကြီး တစ်ခုကဲ့သို့ပင်။

လက်ရှိတွင် ဝူ၊ ချောင် နှင့် ရွဲ့ပြည်နယ်တို့သည် သယံဇာတများ ကုန်ခမ်းနေပြီ ဖြစ်သည်။ ရှီလွန်အင်ပါယာ၏ ကုန်တင်သင်္ဘောကြီးများသည် သတ္တုအမျိုးမျိုးကို အဆက်မပြတ် သယ်ယူပို့ဆောင်ပေးနေကြသည်။ အထူးသဖြင့် မီးနတ်ဘုရားဂိုဏ်း ဖြစ်သည်။

ဤစစ်ပွဲကို ထောက်ပံ့ရန် သူတို့သည် နှစ်ရာပေါင်းများစွာ စုဆောင်းထားသော ကြွယ်ဝချမ်းသာမှုများကို ထုတ်ယူ အသုံးပြုခဲ့ကြသည်။ မီးနတ်ဘုရားဂိုဏ်း အဘယ်ကြောင့် ဤသို့လုပ်နေရသနည်း ဆိုသည်ကို သူတို့ မသိကြပေ။ ဤမျှအထိ အများကြီးပေးဆပ်ရသည်မှာ တန်ရဲ့လား။ တော်ဝင်ချန်အင်ပါယာဆီမှ သူတို့ ဘာများ ရနိုင်မည်နည်း။

တော်ဝင်ရန်အိမ်ရှေ့စံသည် နောက်ဆုံးတွင် သက်ပြင်းချလိုက်၏။ “ဒါတွေအားလုံးက ခမည်းတော်နဲ့ နဂါးကြီးကြောင့်ပဲ။”

မင်းသားလျန်နှင့် မင်းသမီးကျိရွှမ်တို့သည် လုံးဝ သဘောတူကြသည်။ မှန်ပါသည်။ ကံကောင်းထောက်မစွာပင် တော်ဝင်ရန်အင်ပါယာ၌ နဂါးကြီး ရှိနေသေးသည်။ တော်ဝင်ချန်အင်ပါယာ၏ နဂါးကြီးမှာ မရှိတော့ပေ။ ထိုသို့မဟုတ်ပါက တော်ဝင်ရန်အင်ပါယာသည် ဤစစ်ပွဲတွင် ရှုံးနိမ့်သွားပြီ ဖြစ်သည်။

တော်ဝင်ရန် အိမ်ရှေ့စံက ပြောလိုက်၏။ “ခမည်းတော် တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီး တော်ဝင်ရန်ရဲ့ နဂါးကြီး ပြန်ပေါ်လာတဲ့အခါ ရန်သူတွေအားလုံး ပျက်သုဉ်းသွားမယ်ဆိုတာ ကျုပ်တို့ အားလုံး သိကြပေမဲ့ ကျုပ်တို့ ပင်းပြည်နယ် ခံစစ်မျဉ်းကို အရှုံးပေးလို့ မဖြစ်ဘူး။ ပင်းပြည်နယ်တိုက်ပွဲကို ရှုံးလို့ မဖြစ်ဘူး။ တကယ်လို့ ရှုံးခဲ့မယ်ဆိုရင် ... ကျုပ် ထီးနန်းဆက်ခံဖို့ မျက်နှာ ရှိတော့မှာ မဟုတ်ဘူး။”

လက်ရှိတွင် တော်ဝင်ရန်အင်ပါယာ အရာရှိအားလုံးသည် တော်ဝင်ရန် အနိုင်ရမည်ဟု အခိုင်အမာ ယုံကြည်ထားကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့တွင် အထွတ်အထိပ်ဘုရင်နှင့် တော်ဝင်ရန် နဂါး ရှိနေသောကြောင့်ပင်။

ဤလောကစစ်ကြီးတွင် နှစ်ဖက်စလုံး၏ စစ်သေနာပတိချုပ်မှာ မည်သူနည်း။ တော်ဝင်ရန်အင်ပါယာ ဘက်တွင် အိမ်ရှေ့စံ ဖြစ်သည်။

သို့သော်ငြား တော်ဝင်ချန်အင်ပါယာ၌ အရာရှိများနှင့် ရဲရင့်သော စစ်သူကြီးများ အများအပြား ရှိနေသည်။ မင်းသား ၅ ပါးနှင့် မိမိဘာသာ ရပ်တည်နိုင်သော စစ်သေနာပတိချုပ် ၁၀ ဦးကျော် ရှိနေပြီ ဖြစ်သည်။ သို့သော်ငြား အမည်ခံ စစ်သေနာပတိချုပ် တစ်ဦးတည်းသာ ရှိသည်။ ၎င်းမှာ တော်ဝင်ချန်အင်ပါယာ၏ အိမ်ရှေ့စံ ရှမ့်ယီပင် ဖြစ်၏။

တော်ဝင်ရန်အိမ်ရှေ့စံသည် အသက် ၄၀၊ ၅၀ အရွယ် ရှိနေပြီ ဖြစ်သော်လည်း ရှမ့်ယီသည် အသက် ၁၁ နှစ်ပင် မပြည့်သေးပေ။ အကယ်၍ တော်ဝင်ရန်အိမ်ရှေ့စံသည် ဤစစ်ပွဲတွင် ရှုံးနိမ့်ခဲ့ပါက အိမ်ရှေ့စံသည် ၁၁ နှစ်သား ကလေး တစ်ယောက်လောက်ပင် မတော်ဟု လူအများက ပြောဆိုကြလိမ့်မည်။ သူ မည်သို့ ထီးနန်း ဆက်ခံနိုင်တော့မည်နည်း။

ယခု အခိုက်အတန့်တွင် လူတိုင်းသည် ရင်တမမနှင့် စောင့်ဆိုင်းနေကြသည်။ အင်ပါယာသည် တံခါးပိတ် ကျင့်ကြံရာမှ မည်သည့်အချိန်တွင် ထွက်လာမည်နည်း။ နဂါးကြီးနှင့်အတူ လောကကြီးကို သိမ်းပိုက်ရန် မြန်မြန် ထွက်လာပါစေရန် သူတို့ မျှော်လင့်နေကြသည်။

တော်ဝင်ရန်အိမ်ရှေ့စံ တစ်ဦးတည်းသာလျှင် ခမည်းတော်ကို တံခါးပိတ်ကျင့်ကြံရာမှ ထွက်မလာစေချင်ခဲ့ပေ။ အနည်းဆုံးတော့ သူ ပင်းပြည်နယ် အဆုံးအဖြတ် တိုက်ပွဲကို အနိုင်ရပြီး တော်ဝင်ချန်အင်ပါယာ၏ အဓိက တပ်ဖွဲ့ကို ချေမှုန်းပြီးမှသာ ခမည်းတော် ထွက်လာစေချင်သည်။ ဖြစ်ကောင်း ဖြစ်နိုင်သည်မှာ အင်ပါယာတွင်လည်း ထိုကဲ့သို့သော အတွေးမျိုး ရှိနေပေလိမ့်မည်။

လက်ရှိတွင် တော်ဝင်ရန်၏ အဓိက တပ်ဖွဲ့နှင့် တော်ဝင်ချန်အင်ပါယာ၏ အဓိက တပ်ဖွဲ့တို့သည် ပင်းပြည်နယ် စစ်မျက်နှာပြင်တွင် နောက်ဆုံး စုစည်းမှု ပြီးစီးနေပြီ ဖြစ်သည်။ အဆုံးအဖြတ် တိုက်ပွဲ စတင်တော့မည်။

ဤစစ်ပွဲသည် အလွန် အရေးကြီးလှသည်။ အကယ်၍ တော်ဝင်ချန်အင်ပါယာ ရှုံးနိမ့်ခဲ့ပါက တော်ဝင်ချန် အင်ပါယာသည် အားနည်းသော အခြေအနေသို့ ရောက်ရှိသွားမည်။ ထို့နောက် တော်ဝင်ရန်၏ အဓိကတပ်ဖွဲ့သည် စစ်မီးလျှံများကို တော်ဝင်ချန်အင်ပါယာ နယ်မြေထဲသို့ ဆက်လက် တွန်းပို့သွားမည် ဖြစ်သည်။

အကယ်၍ တော်ဝင်ရန် ရှုံးနိမ့်ခဲ့ပါက ကြီးမားသော ကျရှုံးမှုကြီး ဖြစ်ပေလိမ့်မည်။ ထို့နောက် တော်ဝင်ချန် အင်ပါယာ၏ အဓိကတပ်ဖွဲ့သည် မိုင် ၂,၀၀၀ ကျော် ကွာဝေးသော မီးတောက်မြို့တော်ကို တိုက်ခိုက်လိမ့်မည်။ တော်ဝင်ရန်အင်ပါယာ အနေဖြင့် ပင်းပြည်နယ် ခံစစ်မျဉ်းကဲ့သို့ ခိုင်မာသော ခံစစ်မျဉ်းတစ်ခု တည်ဆောက်ရန် မဖြစ်နိုင်တော့သလောက်ပင်။

မင်းသားလျန်က မေးလိုက်၏။ “အထူးနဂါးနောင်တကို သုံးကြမလား။ တော်ဝင်ချန်အင်ပါယာမှာ ကြားဖြတ် ဟန့်တားရေး ကိရိယာတွေ ရှိပေမဲ့ ကျုပ်တို့ အထူးနဂါးနောင်တ ၅၀ သို့မဟုတ် ၁၀၀ လောက် တပြိုင်နက် ပစ်လွှတ်လိုက်မယ်ဆိုရင် သူတို့ တားဆီးနိုင်မှာ မဟုတ်ပါဘူး။”

မင်းသမီး ကျိရွှမ်က ပြောလိုက်သည်။ “အဲဒီလိုသာဆိုရင် တော်ဝင်ချန်အင်ပါယာရဲ့ နဂါးနောင်တ ဒါဇင်နဲ့ချီ ကျွန်မတို့ဆီ ကျရောက်လာလိမ့်မယ်။ ကျွန်မတို့ရဲ့ အဓိက မြို့ကြီးတွေပေါ် ကျရောက်လာရင်တောင်မှ ကျွန်မတို့ တားဆီးနိုင်မှာ မဟုတ်ဘူး။”

မင်းသားလျန်က ပြောလိုက်၏။ “ဒါပေမဲ့ ကျုပ်တို့မှာရှိတဲ့ နဂါးနောင်တနဲ့ နဂါးအရှိန်အဝါ ပစ်လွှတ်စင် အရေအတွက် က တော်ဝင်ချန်အင်ပါယာထက် အများကြီး သာလွန်နေတယ် မဟုတ်လား။”

တော်ဝင်ရန် အိမ်ရှေ့စံက ပြောလိုက်သည်။ “အဲဒီလို ဖြစ်လာရင် သန်းနဲ့ချီတဲ့ လူတွေ သေဆုံးကြလိမ့်မယ်။ မဖြစ်မနေ လိုအပ်တာမျိုး မဟုတ်ရင် ကျုပ်တို့ နဂါးနောင်တနဲ့ အပြန်အလှန် ပစ်ခတ်လို့ မဖြစ်ဘူး။”

မင်းသားလျန်က မေးလိုက်၏။ “တော်ဝင်ချန်အင်ပါယာအိမ်ရှေ့စံကို လုပ်ကြံသတ်ဖြတ်ဖို့ ဖြစ်နိုင်မလား။”

မင်းသမီး ကျိရွှမ်က ပြောလိုက်သည်။ “ကျွန်မ ကိုယ်တိုင် လုပ်ရမလား။ ဒါမှမဟုတ် ကောင်းကင်ပြစ်ဒဏ် နန်းဆောင် သခင် ဒါမှမဟုတ် ကျိဝူရွှမ်ကို လုပ်ခိုင်းရမလား။”

မင်းသားလျန် တိတ်ဆိတ်သွားခဲ့သည်။ အမှန်တကယ် မဖြစ်နိုင်ပေ။ တော်ဝင်ချန်အင်ပါယာ အိမ်ရှေ့စံ ရှမ့်ယီ၏ ဘေးတွင် ထိပ်တန်း ကျွမ်းကျင်သူများနှင့် အထူးစစ်သည် ထောင်ချီ ရှိနေသည်။ ချောင်ယောင်းအာနှင့် အရူးကြီး ကဲ့သို့သော ထိပ်တန်း ကျွမ်းကျင်သူများသာမက စေတီတောင်မှ သွေးမျိုးဆက် ပြုပြင်ထားသော မဟာပညာရှင်များလည်း ရှိနေသေး၏။

စစ်သည်သိန်းချီကြားတွင် ရှမ့်ယီကို လုပ်ကြံသတ်ဖြတ်မည် ဟုတ်လား။ စိတ်ကူးယဉ် သက်သက်သာ ဖြစ်၏။ အနောက်တိုင်း မီးနတ်ဘုရားဂိုဏ်းမှ ယစ်ပုရောဟိတ်ကြီး ၆ ဦးသည် ရှမ့်ယီကို အချိန်တိုင်း စောင့်ကြပ်ပေး နေကြသည်။

“အစီရင်ခံစာ... အစီရင်ခံစာ...”

“အရေးပေါ်... အရေးပေါ်...”

ရုတ်တရက် တော်ဝင်ရန်အင်ပါယာ ၏ ရေနက်တပ်ဖွဲ့ စစ်သည်တစ်ဦးသည် နှင်းလင်းယုန် ပေါ်မှ ဆင်းသက်လာခဲ့သည်။ ထို့နောက် သူသည် စာလွှာတစ်စောင်ကို မြှောက်ကိုင်လျက် ရူးသွပ်မတတ် ပြေးဝင်လာ ခဲ့သည်။ စာလွှာတွင် ငှက်မွေး ၅ ချောင်း တပ်ဆင်ထားသည်။ အမြင့်ဆုံး အဆင့်အတန်း ဖြစ်ပုံရ၏။

တော်ဝင်ရန်အိမ်ရှေ့စံသည် ရေနက်တပ်ဖွဲ့စစ်သည်၏ သံချပ်ကာကို ကြည့်လိုက်ပြီး ထိုစစ်သည် အနောက်ဘက်မှ လာကြောင်း သိလိုက်သည်။ အနောက်ဘက် စစ်မျက်နှာပြင်တွင် ဘာများ ဖြစ်ပျက်ခဲ့သနည်း။

အပိုင်း (၁၂၇၄)

ကျင်းနိုင်ငံသည် နယ်မြေများ ဆုံးရှုံးနေသော်လည်း နယ်မြေ သုံးပုံနှစ်ပုံ ကျန်ရှိနေသေးသည်။ အနည်းဆုံးတော့ လာမည့် လအနည်းငယ်အတွင်း ပျက်သုဉ်းမည့် အန္တရာယ် ရှိလိမ့်မည် မဟုတ်ပေ။ ချောင်ဘုရင်၏ တိုက်ခိုက်မှုများ ပြင်းထန်သော်လည်း သူ့တွင် စစ်သည် ၄ သိန်းသာ ရှိသည်။

ထိုအထဲတွင် နုရှောင့်မြို့၌ လေ့ကျင့်ထားသော စစ်သည်သစ် ၁ သိန်းခွဲခန့်သာ တိုက်ခိုက်နိုင်စွမ်း ရှိသည်။ စစ်ပွဲ ကြာရှည်လာသည်နှင့်အမျှ ချောင်ဘုရင်၏ တပ်တော်သည် ယခင်ကကဲ့သို့ တားဆီးမရနိုင်အောင် မကြမ်းတမ်းတော့ပေ။ ကျင်းနိုင်ငံ အိမ်ရှေ့စံသည် တောင့်ခံထားနိုင်သေး၏။

ရေနက်တပ်ဖွဲ့ ကင်းထောက်က အော်ပြောလိုက်သည်။ “အိမ်ရှေ့စံမင်းသား... ကျင်းနိုင်ငံရဲ့ အဓိက တပ်ဖွဲ့ကြီး လုံးဝ ချေမှုန်းခံလိုက်ရပါပြီ။ ရန်သူက ကျင်းနိုင်ငံမြို့တော်ဆီ တည့်တည့် ဦးတည်လာနေပါတယ်။ ကျုပ်တို့ ကယ်တင်သင့်လား။ ဒါက ကျင်းနိုင်ငံ အိမ်ရှေ့စံရဲ့ စစ်ကူတောင်းခံလွှာပါ။ ပို့ဆောင်ဖို့ လူရာချီ စေလွှတ်ခဲ့တာပါ။ ကျုပ် ပထမဆုံး ပို့ဆောင်နိုင်ခဲ့တာပါ။”

တော်ဝင်ရန် အိမ်ရှေ့စံ၊ မင်းသမီး ကျိရွှမ်နှင့် မင်းသားလျန်တို့ အံ့အားသင့်သွားကြ၏။ ‘ရူးနေတာလား။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။’

ကျင်းနိုင်ငံသည် တင်းယွမ်မြို့တွင် ကြီးမားသော ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသော်လည်း စစ်သည် တစ်သန်းနီးပါး ကျန်ရှိနေသေးသည်။ တော်ဝင်ရန်အင်ပါယာ၏ စစ်ကူ ၁ သိန်းလည်း ပါဝင်သေးသည်။ ချောင်ဘုရင်ကို မနိုင်လျှင်တောင်မှ ခုခံကာကွယ်ဖို့ ပြဿနာ မရှိသင့်ပေ။ ချောင်ဘုရင်ထက် သုံးဆလောက် ကြီးမားတဲ့ တပ်တော် ရှိနေသည် မဟုတ်ပါလား။

တော်ဝင်ရန် အိမ်ရှေ့စံက ပြောလိုက်သည်။ “မဖြစ်နိုင်ဘူး။ စစ်ပွဲဖြစ်တာ နှစ်ဝက်ကြာပြီးတဲ့နောက် ချောင်ဘုရင်ဆီမှာ စစ်သည် ၃ သိန်းထက် ပိုမရှိနိုင်ဘူး။ တော်ဝင်ချန်အင်ပါယာရဲ့ ဂေါယွမ်၊ လီဟုန်ထူတို့ဆီမှာ စစ်သည် ၁ သိန်းထက် ပိုမရှိနိုင်ဘူး။ ဒါအပြင် သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က သိပ်မကောင်းဘူး။ ကျင်းဘုရင်မှာ ခိုင်မာတဲ့ မြို့တော်နဲ့ မရေမတွက်နိုင်တဲ့ စစ်သည်တွေ ရှိတယ်။ ဘယ်လိုလုပ် ဒီလောက်မြန်မြန် ရှုံးနိမ့်သွားတာလဲ။”

ရေနက်တပ်ဖွဲ့ ကင်းထောက်က ပြောလိုက်၏။ “အနောက်ဘက် စစ်မျက်နှာပြင်က အခြေအနေ တင်းမာနေပေမဲ့ နောက်ဆုံးမှာ တော်ဝင်ကပ်ဘေးဘုရားကျောင်း တပ်ဖွဲ့ ၁သိန်းခွဲက အနောက်ဘက်ကနေ ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။ အားလုံးနီးပါးက လျှို့ဝှက်တပ်ဖွဲ့တွေ ဖြစ်ပြီး တားဆီးလို့ မရနိုင်ပါဘူး။

တော်ဝင်ချန်အင်ပါယာရဲ့ ချောင်ဘုရင်၊ တော်ဝင်ချန်အင်ပါယာရဲ့ လီဟုန်ထူ နဲ့ တော်ဝင်ကပ်ဘေးဘုရားကျောင်း တပ်တော်တို့က ကျင်းဘုရင်ရဲ့ တပ်တော်ကို အရှေ့၊ တောင်၊ အနောက် ဘက်တွေကနေ တိုက်ခိုက်ခဲ့ကြပါတယ်။ နှစ်ရက်ကြာ တိုက်ခိုက်ပြီးနောက် ကျင်းဘုရင် ရှုံးနိမ့်သွားပြီး ထိခိုက်သေဆုံးမှု များပြားခဲ့ပါတယ်။”

တော်ဝင်ရန်အိမ်ရှေ့စံသည် ထိုစကားကို ကြားလိုက်ရချိန်မှာတော့ စိတ်လွတ်သွားလုနီးပါး ဖြစ်သွားခဲ့သည်။ တော်ဝင်ကပ်ဘေး ဘုရားကျောင်း တပ်တော် ဟုတ်လား။ တော်ဝင်ကပ်ဘေးဘုရားကျောင်းသည် အနောက်တိုင်းဒေသ တွင် ပျက်သုဉ်းသွားပြီ ဖြစ်သောကြောင့် ဤလျှို့ဝှက်တပ်ဖွဲ့ မည်သည့်နေရာက ရောက်လာသနည်း။

၁ သိန်းခွဲ ဟုတ်လား။ မည်သူ့ကို လာလိမ်နေသနည်း။ မြေကြီးထဲက ထွက်လာသည်လား။

သို့သော်ငြား ယနေ့သည် တော်ဝင်ရန်အင်ပါယာအတွက် ကပ်ဘေးနေ့ဖြစ်ရန် ဖန်လာခဲ့သည်။ နောက်ထပ် အသံလှိုင်းသတ္တဝါပျံတစ်ကောင် ကောင်းကင်ယံမှ ပျံသန်းရောက်ရှိလာပြန်သည်။ အခြား ရေနက်တပ်ဖွဲ့ ကင်းထောက် တစ်ဦး ဖြစ်သည်။

“အစီရင်ခံစာ... အစီရင်ခံစာ.. မင်ပြည်နယ် ခံစစ်မျဉ်း ကျသွားပါပြီ။ ရွဲ့ဘုရင်ရဲ့တပ်တော်က မင်ပြည်နယ် မြို့တော်ကို သိမ်းပိုက်လိုက်ပြီး မကြာခင် တော်ဝင်ချန် အဓိကတပ်ဖွဲ့နဲ့ ပေါင်းစည်းတော့မှာပါ။ ပင်းပြည်နယ် ခံစစ်မျဉ်း အန္တရာယ် ရှိနေပါပြီ။ အန္တရာယ် ရှိနေပါပြီ။”

...........

ခန်းမဆောင်ကြီးသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ တော်ဝင်ရန်အိမ်ရှေ့စံသည် အချိန်ကြာမြင့်စွာ စကားမပြောနိုင်ဘဲ ဖြစ်နေသည်။ သူသည် မြေပုံကို ငေးမောကြည့်နေဆဲပင်။

တော်ဝင်ရန် အိမ်ရှေ့စံက မေးလိုက်သည်။ “စေတီတောင် ပျက်သုဉ်းသွားတာ ဘယ်လောက်ကြာပြီလဲ။ ကျုပ်တို့ နုရှောင့်မြို့ကို တိုက်ခိုက်ခဲ့တာ ဘယ်လောက်ကြာပြီလဲ။”

မင်းသားလျန်က ဖြေလိုက်၏။ “တစ်နှစ်ခွဲပါ။”

“တစ်နှစ်ခွဲ။”

တော်ဝင်ရန် အိမ်ရှေ့စံက ပြောလိုက်သည်။ “နုရှောင့်မြို့ တိုက်ပွဲ ရှုံးနိမ့်ပြီးနောက် ကျုပ်တို့ ချန်မြို့တော်ကို တိုက်ခိုက်ဖို့ စစ်သည်တစ်သန်း စုဆောင်းခဲ့တယ်။ ရှမ့်လန်က ကျုပ်တို့ကျိမိသားစုရဲ့ နဂါးနောင်တကို အောင်မြင်စွာ ဖြိုခွဲနိုင်ခဲ့ပြီး အထူးနဂါးနောင်တ နှစ်ခု ပစ်လွှတ်ခဲ့တယ်။ အဲဒါကြောင့် ကျုပ်တို့ လိုက်လျောခဲ့ရပြီး ချန်မြို့တော်ကို တိုက်ခိုက်ဖို့ လက်လျှော့ခဲ့ရတယ်။”

မင်းသားလျန်က စကားထောက်ပေး၏။ “အဲဒီလို ဖြစ်ခဲ့ဖူးပါတယ်။”

တော်ဝင်ရန် အိမ်ရှေ့စံက ပြောလိုက်သည်။ “တစ်နည်းအားဖြင့် ပြောရရင် လွန်ခဲ့တဲ့ တစ်နှစ်ခွဲတုန်းက ရှမ့်လန်က ကျုပ်တို့ကို မတိုက်ချင်ခဲ့ဘူး။”

မင်းသားလျန်က ပြော၏။ “ဟုတ်လောက်ပါတယ်။”

တော်ဝင်ရန် အိမ်ရှေ့စံက ဆက်ပြောသည်။ “တစ်နှစ်ခွဲ အချိန်လေးအတွင်းမှာ ရှမ့်လန် မရှိပေမဲ့ မင်းသားကျင်းက ကျုပ်တို့ကို စစ်ကြေညာရဲတယ်။ ပြီးတော့ သူ အနိုင်တိုက်နိုင်ခဲ့တယ်။”

မင်းသားလျန်က ပြောလိုက်၏။ “တကယ်တော့ အဲဒီတုန်းက တော်ဝင်ချန်အင်ပါယာရဲ့ စစ်ရေးအင်အားက အရမ်း တောင့်တင်းနေခဲ့ပါပြီ။ လူ ၅ သောင်းလောက်နဲ့ ရင်ကွမ်းရဲ့ စစ်သည် ၅ သိန်း ၊ လျှို့ဝှက်တပ်ဖွဲ့ ၁ သိန်းကျော် အပါအဝင်ကို ချေမှုန်းနိုင်ခဲ့တာပါ။

ဒါပေမဲ့ သူတို့ သိုလှောင်ရုံထဲမှာ လက်နက်သစ် မလုံလောက်တော့လို့ အဲဒီတိုက်ပွဲမှာ အရှိန်ထိန်းသွားခဲ့တာပါ။ အဲဒါကြောင့် သူတို့ ကျုပ်တို့ကို မတိုက်ချင်ခဲ့ပါဘူး။ ရှမ့်လန်က အထူးနဂါးနောင်တကို သုံးပြီး ကျုပ်တို့ကို လိုက်လျော ခိုင်းခဲ့တာပါ။ တစ်နှစ်ခွဲအတွင်းမှာ သူတို့ လက်နက်သစ် အမြောက်အမြား ဖန်တီးခဲ့ပြီး စစ်သည်သစ် ၄ သိန်းကျော်ကို တပ်ဆင်ပေးနိုင်ခဲ့ပါတယ်။”

ယခင်က နုရှောင့်မြို့သည် စစ်သည်သစ် ၅ သောင်းအတွက် လက်နက်သစ်များ ၊ အိမ်မက်ဆိုးကျောက်တုံး ရိုင်ဖယ်များ၊ စက်သေနတ်များ၊ အသေးစား နဂါးအရှိန်အဝါ စသည်ဖြင့် ထုတ်လုပ်ရန် နှစ်ဝက်ကျော် ကြိုးစားခဲ့ရသည်။ သို့သော်ငြား ယခုတစ်ကြိမ်တွင် တစ်နှစ်ခွဲအတွင်းမှာပဲ သူတို့သည် ပစ္စည်းကိရိယာသစ် ၄ သိန်း ထုတ်လုပ်နိုင်ခဲ့သည်။

ဤသည်မှာ နည်းပညာ ယဉ်ကျေးမှုများ အလုပ်လုပ်ပုံ ဖြစ်သည်။ အစုလိုက်၊ အပြုံလိုက် ထုတ်လုပ်မှု စတင်သည်နှင့် ထုတ်လုပ်ရေး လမ်းကြောင်းသည် လျင်မြန်စွာ ကျယ်ပြန့်လာပြီး ထုတ်လုပ်မှု ပေါက်ကွဲ အားကောင်းသော ကာလသို့ ရောက်ရှိသွားတတ်သည်။ သူတို့ လိုအပ်နေသည့် တစ်ခုတည်းသော အရာမှာ အိမ်မက်ဆိုး ကျောက်တုံး သလင်းကျောက်များ ဖြစ်သည်။ စေတီတောင်မှ တစ်သုတ် ပေးခဲ့ပြီး မီးနတ်ဘုရားဂိုဏ်းမှ သုံးသုတ် ပေးခဲ့၏။

မင်းသားလျန်က ဆက်ပြောလိုက်သည်။ “ဒါကြောင့် ဒီတိုက်ပွဲရဲ့ရလဒ်က ကျုပ်တို့အတွက် အရမ်း ပုံမှန်ပါပဲ။ ဒါပေမဲ့ အရမ်း အံ့သြနေစရာ မလိုပါဘူး။ ကျုပ်တို့ အားကောင်းနေခဲ့တာ၊ ရွှေထီးဆောင်းခဲတာ အရမ်းကြာပြီမို့ ရှုံးနိမ့်မှုကို လက်ခံဖို့ ခက်ခဲနေတာပါ။”

တော်ဝင်ရန် အိမ်ရှေ့စံက သက်ပြင်းချလိုက်ပြီး ပြောလိုက်၏။ “မှန်ပါတယ်။ ကျုပ်တို့ ရွှေထီးဆောင်းခဲ့တာ ကြာလှပြီ။ တကယ်တော့ ရှုထောင့်တစ်မျိုးကနေ ကြည့်မယ်ဆိုရင် တော်ဝင်ချန်အင်ပါယာရဲ့ အရည်အချင်းက ကျုပ်တို့ကို ကျော်တက်သွားပါပြီ။ သူတို့ဆီမှာ အရပ်ဘက်အရာရှိတွေက တိမ်တိုက်တွေလို များပြားပြီး စစ်သူကြီးတွေက မိုးစက်တွေလို များပြားတယ်လို့ ပြောလို့ရပါတယ်။”

ဤသည်မှာ တော်ဝင်ရန်အင်ပါယာ မနာလိုဖြစ်ရသော အချက်ပင်။ နောက်ဆုံးတွင် ရှမ့်လန်ထံ လက်နက် ချခဲ့သော ဝူကျွယ်နှင့် ရန်ထန်းရှောင် တို့ပင်လျှင် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်စွမ်း ရှိကြသည်။ အလွန် ယုတ်မာသော စရိုက်ရှိသည့် ကျောက်လင်ပင်လျှင် ဝန်ကြီးချုပ် ဖြစ်လာနိုင်လောက်အောင် အရည်အချင်း ရှိသည်။

တော်ဝင်ရန် အိမ်ရှေ့စံက မေးလိုက်၏။ “ရွဲ့ပြည်နယ်တပ်တော်ရဲ့ စစ်သေနာပတိချုပ်က ဘယ်သူလဲ။ နှစ်ဝက်အတွင်းမှာ သူတို့က တောင်ဘက် ပြည်နယ် ၃ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး ကျုပ်တို့ရဲ့ မင်ပြည်နယ် ခံစစ်မျဉ်းကို ဖောက်ထွက်နိုင်ခဲ့တယ်။ အဲဒီမှာ ကျုပ်တို့ စစ်သည် ၄ သိန်း ရှိနေတယ် မဟုတ်လား။”

မင်းသားလျန်က ဖြေလိုက်သည်။ “စစ်သေနာပတိချုပ် ပျံ့ရှောင်း၊ ဒုတိယ စစ်သေနာပတိချုပ် ကျုံးယောင် နဲ့ နင်ချီ တို့ပါ။”

တော်ဝင်ရန်အိမ်ရှေ့စံသည် သိပြီးသား ဖြစ်သော်လည်း မေးလိုက်မိခြင်း ဖြစ်သည်။ တော်ဝင်ရန် အိမ်ရှေ့စံက ပြောလိုက်၏။ “ဒီလူတွေပဲလား။ နင်ယွမ်ရှန်း နန်းတက်တုန်းကတော့ သူတို့က ဘာမှ မစွမ်းဆောင် နိုင်သလိုပဲ။ မင်းသားကျင်းကိုတောင် မနိုင်ခဲ့ဘူး။ ကျူးဟုန်ရွှဲ့က လူ ၁ သောင်းလောက်နဲ့ သူတို့ကို သတ်ဖြတ်ခဲ့တယ်။ အခု ဘယ်လိုလုပ် ဒီလောက် စွမ်းဆောင်နိုင်လာကြတာလဲ။ ကျုပ်တို့ရဲ့ အဓိက တပ်ဖွဲ့ဝင် သိန်းချီကို သတ်ဖြတ် နိုင်ခဲ့တယ်။”

မှန်ပါသည်။ စစ်သေနာပတိချုပ်များသည် ဤလူတွေပဲ ဖြစ်ပြီး လက်အောက်ခံလူတွေကလည်း ဤလူတွေပင်။ ရေနက်တပ်ဖွဲ့မှ ရန်အီပင်လျှင် တော်ဝင်ချန်အင်ပါယာ ရေနက်တပ်ဖွဲ့ ဒုတိယ စစ်သေနာပတိချုပ် အဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရသည်။

သို့သော်ငြား တပ်တော်နှင့် ပစ္စည်းကိရိယာများ ပြောင်းလဲသွားခဲ့ပြီး တိုက်ပွဲတွင် တားဆီး၍ မရနိုင်အောင် ဖြစ်လာခဲ့၏။

တော်ဝင်ရန်အိမ်ရှေ့စံသည် အနောက်တိုင်းဒေသ မြေပုံကို ကြည့်ကာ လှောင်ပြောင်လိုက်သည်။ “တော်ဝင်ကပ်ဘေး ဘုရားကျောင်းမှာ လျှို့ဝှက်တပ်ဖွဲ့ ၁ သိန်းခွဲ ရှိတယ်တဲ့လား။ ဟာသပဲ။ တော်ဝင်ကပ်ဘေး နန်းတော် တိုက်ပွဲပြီးနောက် အနောက်တိုင်းဒေသကနေ ထွက်ခွာသွားတဲ့ တော်ဝင်ကပ်ဘေးဘုရားကျောင်းရဲ့ လူတွေအားလုံးက လူဆိုးတွေချည်းပဲ။ အဲဒီတုန်းက ကျူးဟုန်ရွှဲ့က လူ ၂ သောင်းနဲ့ အနောက်တိုင်းဒေသကို ရှင်းလင်းခဲ့တာ။ တော်ဝင်ကပ်ဘေးဘုရားကျောင်းမှာ ဘယ်လိုလုပ် လျှို့ဝှက်တပ်ဖွဲ့ ၁ သိန်းခွဲ ရှိနိုင်မှာလဲ။”

မင်းသားလျန်က ပြောလိုက်၏။ “ကောင်းကင်ပင်လယ်နန်းဆောင် ဒါမှမဟုတ် ရှန့်ကုန်းဘုရားကျောင်း ဖြစ်နိုင်ပါတယ်။ သူတို့က တော်ဝင်ကပ်ဘေးဘုရားကျောင်းရဲ့ အလံကို လွှင့်ထူထားတာပါ။”

စဉ်းစားကြည့်လျှင် အဓိပ္ပာယ် ရှိသည်။ သို့သော်ငြား ထိုစကားမျိုး ကြားရသည်မှာ ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။

ကောင်းကင်ပင်လယ်နန်းဆောင်သည် သဲကန္တာရသို့ ထွက်ခွာခဲ့သည်မှာ နှစ်အနည်းငယ် ကြာမြင့်ခဲ့ပြီဖြစ်သည်။ နန်းဆောင်သခင် ကျိုးရှီသည် အရှေ့တိုင်းလောက၏ ပဋိပက္ခများမှ လုံးဝ ဆုတ်ခွာသွားသင့်ပြီ ဖြစ်၏။ ယခုအချိန်တွင် ပါဝင်ပတ်သက်လာစရာ အကြောင်းမရှိပေ။

ရှန့်ကုန်းဘုရားကျောင်း ဖြစ်သည်လား။ လက်တွေ့ မကျလှပေ။ ရှန့်ကုန်းဘုရားကျောင်းတွင် စွမ်းအားကြီးသူဟူ၍ ကျောင်းထိုင်ဘုန်းတော်ကြီး ကန်ဝမ် တစ်ပါးတည်းသာ ရှိသည်။ ရှန့်ကုန်းဘုရားကျောင်း တစ်ခုလုံးကို အကြိမ်တစ်ရာ ရောင်းစားလျှင်ပင် လျှို့ဝှက်တပ်ဖွဲ့ဝင် ၁ သိန်းခွဲ စုစည်းနိုင်မည် မဟုတ်ချေ။

ထိုသို့မဟုတ်ပါက တော်ဝင်ကပ်ဘေးဘုရားကျောင်းတွင် ဖုံးကွယ်ထားသော အင်အား ရှိနေသည်လား။ သို့သော်ငြား တော်ဝင်ကပ်ဘေးဘုရားကျောင်းတွင် ဖုံးကွယ်ထားသော အင်အား ရှိခဲ့ပါလျှင် ကျူးဟုန်ရွှဲ့ အနောက်တိုင်းဒေသ ကို ရှင်းလင်းစဉ်က အဘယ်ကြောင့် ပေါ်မလာခဲ့သနည်း။

“အရမ်း ကြောက်စရာ ကောင်းတာပဲ။”

တော်ဝင်ရန် အိမ်ရှေ့စံက ပြောလိုက်သည်။ “စစ်ပွဲ ရှုံးတာက ကိစ္စမရှိပါဘူး။ အဓိက အချက်က ရန်သူ ဘယ်သူလဲ ဆိုတာတောင် ကျုပ်တို့ မသိရတာပဲ။ ဒါက ကျုပ်တို့ရဲ့ နားတွေ၊ မျက်စိတွေ ပိတ်နေတယ်ဆိုတဲ့ သဘောပဲ။ ဒါက အသေအပျောက် အများဆုံး ဖြစ်စေမယ့် အရာပဲ။”

ဟုတ်သည်။ ရန်သူ၏ မည်သူမည်ဝါ ဖြစ်ကြောင်းကိုပင် မသိရှိရပါက အနောက်တိုင်းဒေသရှိ တော်ဝင်ရန်အင်ပါယာ ၏ ထောက်လှမ်းရေး ကွန်ရက်သည် လုံးဝ အလုပ်မဖြစ်တော့ဟု ဆိုလိုခြင်း ဖြစ်သည်။

တော်ဝင်ရန်အိမ်ရှေ့စံသည် မြေပုံကြီး ရှေ့တွင် ရပ်နေလိုက်၏။ သူ၏ အကြည့်များသည် ပင်းပြည်နယ် ခံစစ်မျဉ်း ပေါ်သို့ ကျရောက်နေ၏။

တော်ဝင်ချန်အင်ပါယာ၏ အဓိက တပ်ဖွဲ့တွင် စစ်သည် ၃ သိန်း ရှိသည်။ တော်ဝင်ရန်အင်ပါယာ ၏ ခံစစ်တပ်ဖွဲ့တွင် စစ်သည် ၇ သိန်း ရှိသည်။ ရွဲ့ပြည်နယ်၏ စစ်သည် ၂ သိန်းသည် တော်ဝင်ချန်အင်ပါယာ အဓိက တပ်ဖွဲ့ဆီသို့ လျင်မြန်စွာ ချီတက်လာနေကြသည်။ သူတို့ ပေါင်းစည်းရန် ပြင်ဆင်နေကြခြင်း ဖြစ်သည်။

တော်ဝင်ရန် အိမ်ရှေ့စံသည် စုတ်တံတစ်ချောင်းကို ထုတ်ယူပြီး မြေပုံပေါ်တွင် ဘဲဥပုံသဏ္ဍာန် တစ်ခု ရေးဆွဲလိုက်သည်။ ဤသည်မှာ တော်ဝင်ချန်အင်ပါယာ စစ်သည် ၃ သိန်း ဖြန့်ကြက်ထားပုံ ဖြစ်သည်။ ထိုစစ်သည် ၃ သိန်းသည် အလျား မိုင် ၈၀၊ အနံ မိုင် ၂၀ ရှိသော စတုဂံပုံသဏ္ဍာန် အတွင်း၌ ဖြန့်ကြက်ထားခြင်း ဖြစ်သည်။ စုစုပေါင်း စတုရန်းကီလိုမီတာ ၄၀၀ ခန့် ရှိသည်။ သိပ်သည်းလွန်းသည် မဟုတ်သလို၊ ပြန့်ကျဲလွန်းခြင်းလည်း မရှိပေ။

တော်ဝင်ရန် အိမ်ရှေ့စံက မေးလိုက်၏။ “ဒီစစ်သည် ၃ သိန်းကို လုံးဝ ချေမှုန်းပစ်ဖို့၊ ဘက်ပေါင်းစုံကနေ ဖုံးလွှမ်းပစ်ဖို့ အထူးနဂါးနောင်တ ဘယ်လောက် လိုမလဲ။”

မင်းသမီး ကျိရွှမ်က ပြောလိုက်သည်။ “တွက်ချက်မှုအရတော့ ၁၃ ခုလောက်ဆို လုံလောက်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ၂၀ လောက် လိုပါလိမ့်မယ်။ ဒါအပြင် တော်ဝင်ချန်အင်ပါယာမှာ ကြားဖြတ်ဟန့်တားရေး ကိရိယာ ရှိနေပါတယ်။ ကြားဖြတ်ဟန့်တားနိုင်ခြေနဲ့ တွက်ကြည့်မယ်ဆိုရင် အထူးနဂါးနောင်တ ၆၀ လောက် လိုပါလိမ့်မယ်။”

မင်းသားလျန်က ပြောလိုက်၏။ “အိမ်ရှေ့စံမင်းသား .... တကယ်လို့ ကျုပ်တို့ နဂါးနောင်တ ပစ်လွှတ်လိုက်ရင် သူတို့လည်း ပြန်ပစ်ကြလိမ့်မယ်။ သူတို့လည်း အကုန်လုံးကို ဟန့်တားနိုင်မှာ မဟုတ်သလို ကျုပ်တို့လည်း ဟန့်တားနိုင်မှာ မဟုတ်ဘူး။”

တော်ဝင်ရန် အိမ်ရှေ့စံက ပြန်ပြောလိုက်သည်။ “ဒါပေမဲ့ ကျုပ်တို့မှာ သူတို့ထက် လူအင်အား ပိုများတယ် မဟုတ်လား။ သူတို့ဘက်က ၃ သိန်း သေဆုံးသွားရင်တောင်မှ ကျုပ်တို့ဘက်မှာ ပင်းပြည်နယ် ခံစစ်မျဉ်းကို စောင့်ကြပ်ဖို့ စစ်သည် ၄ သိန်း ကျန်နေဦးမှာပဲ။ ပြီးတော့ ကျုပ်တို့ဆီက အထူးနဂါးနောင်တနဲ့ နဂါးအရှိန်အဝါ ပစ်လွှတ်စင် အရေအတွက်က သူတို့ထက် ပိုများတယ်လေ။”

မင်းသားလျန်သည် ဦးခေါင်းခွံတစ်ခုလုံး ထုံကျင်သွားသကဲ့သို့ ခံစားလိုက်ရသည်။ အိမ်ရှေ့စံမင်းသားသည် အေးဆေး တည်ငြိမ်ပုံ ရသော်လည်း ရူးသွပ်နေပြီ ဖြစ်ကြောင်း သူ သိသည်။ အင်ပါယာသည် တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာတော့မည်ကို သူ သိသည်။ အကယ်၍ နဂါးကြီး ထပ်မံ ပေါ်ထွက်လာပါက တော်ဝင်ချန် အင်ပါယာသည် သေချာပေါက် ရှုံးနိမ့်ပေမည်။

ထို့ကြောင့် တော်ဝင်ချန်အင်ပါယာကို မျက်နှာချင်းဆိုင် တိုက်ခိုက်စရာ မလိုပေ။ ထို့အပြင် နှစ်ဖက်စလုံးသည် နဂါးနောင်တဖြင့် အပြန်အလှန် ပစ်ခတ်ပြီး အပြန်အလှန် ဖျက်ဆီးကြမည်။ သို့သော်ငြား တော်ဝင်ရန် အိမ်ရှေ့စံ၌ အခြား ရွေးချယ်စရာ မရှိတော့ကြောင်း သူ သိသည်။ ထိုသူသည် မည်သို့ပင် ပေးဆပ်ရပါစေ ဤတိုက်ပွဲကို အနိုင်ရရန် လိုအပ်သည်။

“အထူးနဂါးနောင်တ ၁၀၀ ပြင်ဆင်ထားပါ။ နောက် ၃ ရက်ကြာရင် မွန်းတည့်ချိန်မှာ စက္ကန့် ၃၀ အတွင်း အထူးနဂါးနောင်တ ၁၀၀ လုံးကို ပစ်လွှတ်မယ်။” တော်ဝင်ရန် အိမ်ရှေ့စံက ပြောလိုက်သည်။ သူ၏ လေသံသည် အေးဆေးတည်ငြိမ်နေဆဲ ဖြစ်သော်လည်း ရူးသွပ်နေပြီ ဖြစ်ကာ မည်သူမှ သူ့အား တားဆီး၍ မရနိုင်တော့ပေ။

အဘယ်ကြောင့်ဆိုသော် အဆိုးရွားဆုံး အခြေအနေ ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သောကြောင့်ပင်။ ကျင်းနိုင်ငံသည် မကြာမီ ပျက်သုဉ်းတော့မည်။ ထိုအချိန်ရောက်လျှင် ချောင်ဘုရင်၏ တပ်တော်နှင့် မရှိသင့်သော တော်ဝင်ကပ်ဘေး ဘုရားကျောင်း၏ စစ်သည် ၁ သိန်းခွဲသည် အနောက်ဘက်မှနေ၍ တော်ဝင်ရန်အင်ပါယာ ကို ကျူးကျော်လာတော့မည်။ ထိုသူတို့ကို တားဆီးရန် ဘာကို အားကိုးရမည်နည်း။

ထိုအချိန် ရောက်လျှင် အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်ရပ်မှ တပ်တော်များသည် မီးတောက်မြို့တော်ကို ကျူးကျော်လာကြလိမ့်မည်။ အင်ပါယာ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီး နဂါးကြီး ပေါ်ထွက်လာကာ ရန်သူများကို နှိမ်နင်းနိုင်ခဲ့လျှင်ပင် အိမ်ရှေ့စံမင်းသား၏ ဂုဏ်သိက္ခာသည် ညှိုးနွမ်းသွားရပေလိမ့်မည်။ သူ၏ ရာထူးကိုပင် လက်လွတ် ဆုံးရှုံးရနိုင်သည်။

ထို့ကြောင့် ဤအချိန်တွင် သူ ဘာကိုမှ ဂရုစိုက်နေနိုင်တော့မည် မဟုတ်ပေ။ နဂါးနောင်တ များ အပြန်အလှန် ပစ်ခတ်ကြမည် ဆိုလျှင်လည်း ပစ်ခတ်ကြပါစေတော့။

မင်းသမီး ကျိရွှမ်က ပြောလိုက်၏။ “နားလည်ပါပြီ။ ကျွန်မ အခုပဲ သွားပြီး ပြင်ဆင်လိုက်ပါ့မယ်။”

နှစ်နာရီ ကြာပြီးနောက် သတ္တဝါပျံ ထောင်ပေါင်းများစွာသည် မီးတောက်မြို့တော်မှ ကောင်းကင်ယံသို့ ပျံတက် သွားကြသည်။

မြောက်ဘက်ရှိ လျှို့ဝှက်စခန်းတစ်ခုတွင် ကြီးမားသော အက်ကွဲကြောင်းကြီး တစ်ခု ထပ်မံ ပေါ်ပေါက် လာပြန်သည်။ အသံလှိုင်း သန္ဓေပြောင်း သားရဲကြီး တစ်ရာကျော်သည် ကောင်းကင်ယံ မီတာ ၁၉,၀၀၀ အမြင့်သို့ ပျံတက်သွားကြသည်။ သူတို့သည် အထူးနဂါးအရှိန်အဝါ ပစ်လွှတ်စင် ၃၄ ခုကို သယ်ဆောင်ပြီး ပင်းပြည်နယ် ခံစစ်မျဉ်းဆီသို့ ဦးတည် ပျံသန်းသွားကြ၏။

All Chapters