အခန်း (၁၂၇၅-၁၂၇၆)
Vol. 73 Ch. 1275-1276
အပိုင်း (၁၂၇၅)
ပင်းပြည်နယ် စစ်မျက်နှာပြင်တွင် အထူးနဂါးအရှိန်အဝါ ပစ်လွှတ်စင် ဒါဇင်ကျော် ရှိနေပြီးသား ဖြစ်သည်။ ဆိုလိုသည်မှာ စုစုပေါင်း အထူးနဂါးအရှိန်အဝါ ပစ်လွှတ်စင် ၅၀ ရှိလာမည် ဖြစ်သည်။ သူတို့သည် အထူးနဂါး နောင်တ ၁၀၀ လုံးကို ၁၀ စက္ကန့်အောက် အချိန်အတွင်း ပစ်လွှတ်နိုင်မည် ဖြစ်သည်။ ဤနည်းအားဖြင့် တော်ဝင်ချန် အင်ပါယာ၏ ကြားဖြတ်ဟန့်တားနိုင်စွမ်းထက် များစွာ သာလွန်သွားပေမည်။
အမှန်စင်စစ် တော်ဝင်ချန်အင်ပါယာသည် အထူးနဂါးနောင်တ အမြောက်အမြား လာနေသည်ကို တွေ့ရှိပါက တော်ဝင်ရန်အင်ပါယာ တပ်တော်ဆီသို့ အထူးနဂါးနောင်တ ဒါဇင်နှင့်ချီ ပစ်လွှတ်ရန် ဝန်လေးနေမည် မဟုတ်ပေ။ ဤသည်မှာ အတူတကွ ပျက်သုဉ်းခြင်း နည်းလမ်းတစ်မျိုးပင် ဖြစ်သည်။
“ဝူး... ဝူး... ဝူး... ဝူး...”
တော်ဝင်ရန်အင်ပါယာ ၏ မဟာဗျူဟာမြောက် လေတပ်တော်သည် အထူးနဂါးနောင်တ ၁၀၀ ကျော်ကို သယ်ဆောင်ပြီး တောင်ဘက် ညကောင်းကင်ယံအောက်တွင် ပျံသန်းသွားကြ၏။
နောက် ၃ ရက်အကြာတွင် သူတို့သည် တော်ဝင်ချန်အင်ပါယာ၏ အဓိကတပ်ဖွဲ့ကို ဖျက်ဆီးအားပြင်းသော တိုက်ခိုက်မှုကြီး ပြုလုပ်ကြတော့မည်။
...........
လွန်ခဲ့သော ၂ ရက်ကပင် ရှမ့်လန်သည် ပင်းပြည်နယ် စစ်မျက်နှာပြင်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သူသည် တော်ဝင်ချန်အင်ပါယာ အဓိကတပ်ဖွဲ့၏ ပင်မစခန်းတွင် ရှိနေခြင်း ဖြစ်၏။ ရှမ့်လန်ကို ပြန်လည် မြင်တွေ့လိုက်ရချိန်မှာတော့ စစ်သူကြီးများ၏ စိတ်လှုပ်ရှားမှုကို ဖော်ပြရန် စကားလုံး မရှိနိုင်အောင်ပင်။ ရှမ့်လန် မသေသေးကြောင်း သိထားကြသော်လည်း အမှန်တကယ် ပြန်လည် မြင်တွေ့လိုက်ရချိန်မှာတော့ အလွန်အမင်း စိတ်ချမ်းသာ ဝမ်းမြောက်သွားကြသည်။
“အရှင် အသက်ရာကျော် ရှည်ပါစေ။ အရှင် အသက်ရာကျော် ရှည်ပါစေ။”
“အရှင် အသက်ရာကျော် ရှည်ပါစေ။ အရှင် အသက်ရာကျော် ရှည်ပါစေ။”
စစ်သူကြီး တစ်ရာကျော်သည် မြေပြင်ပေါ်တွင် ညီညာစွာ ဒူးထောက်လိုက်ကြ၏။
ရှမ့်လန် အမှန်တကယ် ဂုဏ်ယူမိသည်။ ကျော်ကြားသော စစ်သူကြီးများ များပြားလှသည်။ နန်ကုန်းအို ကဲ့သို့သော စစ်သူကြီးပင်လျှင် ထိုသူတို့၏ နောက်တွင် ဒူးထောက်နေရသည်။ မသိလိုက်မသိဘာသာဖြင့် သူ၏ လက်အောက်တွင် အရည်အချင်းရှိသူများ များပြားလာခဲ့သည်။
မင်းသားကျင်းက ဦးတိုက်ကာ လျှောက်တင်လိုက်၏။ “အရှင်... ဒီစစ်ပွဲကြီး ဖြစ်ပွားတာကို ကျုပ် မတားဆီး နိုင်ခဲ့ပါဘူး။ ကျုပ်မှာ အပြစ်ရှိပါတယ်။”
ရှမ့်လန်က ပြောလိုက်သည်။ “ဒီလောကစစ်ကြီးက ရုတ်တရက် ဖြစ်ပွားလာခဲ့တာပါ။ ဒါပေမဲ့ ကျုပ်ကိုလည်း အရမ်း အံ့သြစေခဲ့တယ်။ ကောင်းကောင်း တိုက်ခိုက်ခဲ့ကြတယ်။ ကျုပ် စိတ်ကူးထားတာထက်တောင် ပိုကောင်း နေပါသေးတယ်။”
ရှမ့်လန်သည် ရှမ့်ယီ၏ အနားသို့လျှောက်သွားပြီး ပခုံးကို ပုတ်ကာ ပြောလိုက်၏။ “ကောင်းတယ်။ မင်းက မင်းအဖေထက် ပိုတော်တယ်။”
“ခမည်းတော်က အမြဲတမ်း ပြိုင်ဘက်ကင်းပြီး ထူးခြားသူပါ။” ရှမ့်ယီက လေးနက်စွာ ပြောလိုက်သည်။
ထိုအချိန်တွင် ရှမ့်လန်၏လက်ထဲ၌ စစ်ပွဲ အစီရင်ခံစာ နှစ်စောင် ကိုင်ဆောင်ထားသည်။ တစ်စောင်မှာ ရွှဲ့ပြည်နယ်မှ ဖြစ်ပြီး အခြားတစ်စောင်မှာ ချောင်နိုင်ငံမှ ဖြစ်သည်။ နှစ်ဖက်စလုံး အောင်ပွဲခံခဲ့ကြ၏။ ရွှဲ့ပြည်နယ်၏ စစ်သည် သိန်းချီသော တပ်တော်သည် တော်ဝင်ရန်အင်ပါယာ တောင်ဘက်ရှိ မင်ပြည်နယ် ခံစစ်မျဉ်းကို ဖောက်ထွက်နိုင်ခဲ့သည်။ ဆိုလိုသည်မှာ တော်ဝင်ရန်အင်ပါယာ ၏ တောင်ဘက် ပြည်နယ် ၃ ခုသည် လုံးဝ ကျရှုံးသွားပြီ ဖြစ်၏။
ချောင်နိုင်ငံက ပို၍ပင် အထင်ကြီးဖွယ် ကောင်းသေးသည်။ သူတို့သည် ကျင်းနိုင်ငံ အဓိကတပ်ဖွဲ့များနှင့် တော်ဝင်ရန်အင်ပါယာ၏ မဟာမိတ် တပ်ဖွဲ့များကို တိုက်ရိုက် ချေမှုန်းပစ်လိုက်ကြသည်။ တော်ဝင်ကပ်ဘေး ဘုရားကျောင်း၏ လျှို့ဝှက်တပ်ဖွဲ့ဝင် ၁ သိန်းခွဲ ဘယ်က ရောက်လာသနည်း။ ကောင်းကင်ပင်လယ်နန်းဆောင် လား။ ရှန့်ကုန်းဘုရားကျောင်းလား။
ဟုတ်သလိုလိုနှင့် မဟုတ်ပေ။ ကောင်းကင်ပင်လယ်နန်းဆောင်သည် သူတို့ မနှစ်သက်သော လက်နက် ပစ္စည်းကိရိယာ အချို့ကိုသာ ဖယ်ရှားပေးခဲ့ခြင်း ဖြစ်သည်။ ရှန့်ကုန်းဘုရားကျောင်း ကန်ဝမ်သည် လွန်ခဲ့သော ဆယ်စုနှစ် အနည်းငယ်အတွင်း တပ်ဖွဲ့တစ်ခုကို လျှို့ဝှက်လေ့ကျင့်ပေးခဲ့ပြီး ဖုံးကွယ်ထားခဲ့ခြင်းသာ ဖြစ်သည်။ သို့သော်ငြား သူတို့သည် ဤအချိန်ကို ရွေးချယ်ပြီး တိုက်ခိုက်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
လက်ရှိ အခြေအနေသည် တော်ဝင်ချန်အင်ပါယာအတွက် အလွန် အားနည်းချက် ရှိနေသည်။ တော်ဝင်ရန်၏ နဂါးကြီး မကြာမီ ပြန်ပေါ်လာတော့မည်ကို လောကကြီးက သိထားကြသည်။ တော်ဝင်ချန်အင်ပါယာ၏ အောင်ပွဲ မည်မျှပင် ကြီးမားပါစေ ယာယီသဘောသာ ဖြစ်သည်။
ရှမ့်လန်၏ နဂါးသည် ပြန်လည် ရှင်သန်လာရုံသာမက နိဗ္ဗာန ဝင်ရောက်ပြီး ဖြစ်ကြောင်း မည်သူမှ မသိကြပေ။ မဟုတ်သေး။ တစ်ယောက်ယောက် သိကောင်း သိနေနိုင်သည်။ ကန်ဝမ်၊ တော်ဝင်ကပ်ဘေးဘုရားကျောင်း၏ နောက်ဆုံး ဆက်ခံသူပင် ဖြစ်၏။
ပျောက်ဆုံးနိုင်ငံ၏ အပျက်အစီးများကြားရှိ ပိရမစ်ထဲမှ မဟာပညာရှင် ၁၃ ဦးသည် တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်နှင့် ဆက်စပ်မှု ရှိနေသည်မှာ ထင်ရှားသည်။ ရှမ့်လန်သည် အလယ်အလတ်အဆင့် နဂါးဉာဏ်အလင်း ပြီးမြောက်ခဲ့ခြင်းသည် အခြားသူများအတွက် ထိပ်တန်း လျှို့ဝှက်ချက် ဖြစ်နိုင်သော်လည်း ကန်ဝမ် အတွက်မူ ဟုတ်ချင်မှ ဟုတ်ပေမည်။
ကောင်းကင်ပင်လယ်နန်းဆောင်သခင် ကျိုးရှီသည် အဘယ်ကြောင့် ဤအချိန်တွင် ဝင်ရောက်စွက်ဖက်ရသနည်း။ သူသည် တော်ဝင်ရန်အင်ပါယာ ကို ပြစ်မှားရန် နောက်ဆုံးမှ စဉ်းစားမည့်သူ ဖြစ်သင့်သည် မဟုတ်ပါလား။
သို့သော်ငြား မည်သို့ပင်ဖြစ်စေကာမူ တောင်ဘက်နှင့် အနောက်ဘက် စစ်မျက်နှာပြင်များမှ ဖောက်ထွက်နိုင်မှု သည် တော်ဝင်ရန် အိမ်ရှေ့စံကို အကျပ်အတည်းသို့ တွန်းပို့လိုက်ပြီဖြစ်သည်။
ဤအရာအားလုံးသည် ရှမ့်လန် စိတ်ကူးထားသည်ထက် ပိုမို ပြည့်စုံကောင်းမွန်နေသည်။ သူသည် မီးတောက်မြို့တော်သို့ နဂါးတစ်ကောင်တည်းဖြင့် ဝင်ရောက်သွားပြီး တော်ဝင်ချန်အင်ပါယာ ပြည်သူများကို ပွဲကြည့်ပရိသတ်အဖြစ် ထားခဲ့ရန် ဆန္ဒမရှိခဲ့ပေ။
ရှမ့်လန် မပါဝင်ဘဲနှင့်ပင် တော်ဝင်ချန်အင်ပါယာသည် ကြီးမားသော အောင်ပွဲ ရရှိခဲ့သည်။ ရွှဲ့ပြည်နယ်နှင့် ချောင်နိုင်ငံ တပ်တော်များပင်လျှင် စစ်မြေပြင်တွင် ပြိုင်ဘက်ကင်းသော တော်ဝင်ရန်အင်ပါယာ တပ်တော်ကို အနိုင်ယူနိုင်ခဲ့ကြသည်။
ဤသည်မှာ ရှမ့်လန် လိုလားသော အရာပင် ဖြစ်သည်။ သူ၏ တော်ဝင်ချန်အင်ပါယာ တပ်တော်သစ်သည် အောင်မြင်ခဲ့သည်။ သူသည် သိပ္ပံနည်းပညာနှင့် ရှေးဟောင်း ယဉ်ကျေးမှုကို အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့သည်။ ထို့အပြင် ရှမ့်လန် မှန်းဆထားသည်ထက် တစ်နှစ်၊ နှစ်နှစ်ခန့် စောပြီး ပြီးမြောက်ခဲ့ခြင်း ဖြစ်၏။
ရှမ့်လန်က ပြောလိုက်သည်။ “တော်ဝင်ရန် အိမ်ရှေ့စံ ရူးသွပ်နေပြီ။ နဂါးနောင်တ အမြောက်တွေကို ရူးသွပ်မတတ် ပစ်ခတ်တော့မယ်။ သူက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတဲ့ နည်းဗျူဟာကို သုံးတော့မယ်။ တော်ဝင်ရန်အင်ပါယာ က နဂါးနောင်တ အမြောက် ဘယ်လောက် ပစ်ခတ်မယ်လို့ ထင်သလဲ။”
မင်းသားကျင်းက ဖြေလိုက်သည်။ “၈၀ ကနေ ၁၀၀ ကြားလောက်ပါ။”
“၁၀၀ ပါ။”
စုနန်က ပြောလိုက်၏။ “တော်ဝင်ရန်အိမ်ရှေ့စံက စိတ်စွဲလမ်းတဲ့ ရောဂါ ရှိတယ်။ သူက ဂဏန်းပြည့်အောင် လုပ်လိမ့်မယ်လို့ ကျုပ် ထင်တယ်။”
ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ်လည်း ၁၀၀ လို့ ထင်တယ်။ ကျုပ်တို့ရဲ့ ကြားဖြတ်ဟန့်တားနိုင်စွမ်းနဲ့ဆိုရင် ဘယ်လောက် ဟန့်တားနိုင်မလဲ။ တော်ဝင်ရန်အင်ပါယာ က ဒါဇင်နဲ့ချီ ဒါမှမဟုတ် အဲဒီထက်ပိုပြီး တပြိုင်နက် ပစ်ခတ်လာနိုင်တယ်။”
“၆၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းလောက်ပါ။”
ရှယ်လီက ပြောလိုက်သည်။ စကားပြောပြီးချိန်မှာတော့ သူမသည် ရှမ့်လန်ကို မျက်စောင်းထိုးလိုက်သေး၏။
‘အရှင်... ကျွန်မ မှတ်မိသလောက်ဆိုရင် ရှင် ကျွန်မနဲ့ အချက်အလက်တချို့ကို သဘောတူခဲ့တယ်နော်။ နောက်ဆုံးကျတော့ ဘာစကားမှ မပြောဘဲ ရှီလွန်အင်ပါယာကနေ ထွက်ပြေးလာခဲ့တယ်။ ၃ ကြိမ်တောင် ရှိပြီ။ ဘုရင်တစ်ပါးရဲ့ ကတိစကားက ဘယ်မှာလဲ။ ရှင်က မျက်လုံးစုံမှိတ်ပြီး ကတိ ၃ ခါ ဖျက်ခဲ့တာပဲ။’
ထို့ကြောင့် လွန်ခဲ့သော လအနည်းငယ်က နတ်ဆရာမ ရှယ်လီသည် ပစ္စည်းများ ပို့ဆောင်ပေးရင်း အခွင့်ကောင်း ယူကာ ထပ်မံ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ သူမနှင့်အတူ မီးနတ်ဘုရားဂိုဏ်းမှ လူတစ်သောင်းနီးပါး ပါလာခဲ့သည်။
ရှယ်လီက ဆက်ပြောလိုက်၏။ “ပညာရှိကြီး တွိုင်းက အရမ်း ထူးချွန်ပါတယ်။ မကြာသေးခင်ကပဲ သူက အသေးစား နဂါးအရှိန်အဝါကို သုံးပြီး ကြားဖြတ်ဟန့်တားရေး စနစ်ကို ပြုပြင် မွမ်းမံခဲ့တယ်။”
သို့သော်ငြား လောလောဆယ် သူတို့ လိုအပ်နေသည့် တစ်ခုတည်းသော အရာမှာ နဂါးသွေးခြင်ဆီ ပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကြားဖြတ်ဟန့်တားရေး မြားတိုင်းသည် နဂါးသွေးခြင်ဆီ လိုအပ်သောကြောင့် ဖြစ်သည်။ နဂါးသွေးခြင်ဆီကသာ နဂါးနောင်တအတွင်းရှိ စွမ်းအင်နှင့် ဓာတ်ပြုနိုင်ပြီး ကြားဖြတ်ဟန့်တား ဖောက်ခွဲနိုင်မည် ဖြစ်သည်။
နဂါးသွေးခြင်ဆီသည် ပြန်လည် ထုတ်လုပ်၍ မရနိုင်ပေ။ သို့သော်ငြား ထိုအရာမှာ အတိတ်က ဖြစ်သည်။ မီဒူဆာ နိုင်ငံ၏ မြေအောက် သင်္ချိုင်းဂူထဲတွင် နဂါးသွေးခြင်ဆီအဖြစ် သန့်စင်နိုင်သော နဂါးသွေး အမြောက်အမြား ရှိနေသည်။ သေချာသည်မှာ ဤအရာအတွက် အလယ်အလတ်အဆင့် နဂါးဉာဏ်အလင်း နားလည် သဘောပေါက်ထားမှု လိုအပ်၏။
ရှယ်လီက ပြောလိုက်သည်။ “ဒါကြောင့် ကံကောင်းမယ်ဆိုရင် ၇၅ ရာခိုင်နှုန်းလောက် ကြားဖြတ် ဟန့်တားနိုင်ပါလိမ့်မယ်။”
စုနန်က ပြောလိုက်၏။ “ဒါပေမဲ့ အခု အရှင် ရောက်နေပြီဆိုတော့ ကျုပ်တို့ရဲ့ ကြားဖြတ်ဟန့်တားရေး စနစ်က အသုံးဝင်တော့မယ် မထင်ဘူး။
အရင်တုန်းက အရှင်က တော်ဝင်ရန်အင်ပါယာ ဆီကနေ အထူးနဂါးနောင်တ ၅၀ ကျော် သိမ်းပိုက်ခဲ့ဖူးတယ်။ အဲဒါကြောင့် တော်ဝင်ရန် အိမ်ရှေ့စံ သွေးအန်လုနီးပါး ဖြစ်ခဲ့ရတယ်။ ဒီတစ်ခါ ၁၀၀ စလုံးကို သိမ်းပိုက်လိုက်ရင် သူ တကယ် သွေးအန်တော့မယ် ထင်တယ်။”
ရှမ့်လန်က ပြောလိုက်သည်။ “နဂါးနောင်တ ၁၀၀ လုံးကို တပြိုင်နက် သိမ်းပိုက်တာ ပိုလွယ်ကူစေဖို့ ကျုပ်တို့ရဲ့ စစ်သည် ၃ သိန်းကို စုစည်းထားရမယ်။ ဒါမှ တော်ဝင်ရန်အင်ပါယာရဲ့ နဂါးနောင်တတွေ ပိုပြီး စုစည်း ကျရောက်လာမှာ။”
...........
မင်းသားကျင်း၏ အမိန့်အရ တော်ဝင်ချန်အင်ပါယာ၏ အဓိက တပ်ဖွဲ့ဝင် ၃ သိန်းသည် စတင် စုစည်း လိုက်ကြသည်။ ၁၈ နာရီ ကြာပြီးနောက် တပ်တော်ကြီးသည် လုံးဝ စုစည်းသွားခဲ့သည်။ မူလက စတုရန်းကီလိုမီတာ ၄၀၀ နေရာယူထားသော်လည်း ယခုအခါ စတုရန်းကီလိုမီတာ ၆၀ အထိ ကျုံ့သွားခဲ့သည်။ ဤသည်မှာ အတော်လေး သိပ်သည်းနေပြီ ဖြစ်၏။
တော်ဝင်ရန်အင်ပါယာ သံသယ ဝင်မည်လား။ ဝင်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် တပ်တော် တိုက်ခိုက်တော့မည့်အချိန်တွင် သေချာပေါက် စုစည်းရမည် ဖြစ်သည်။ သို့မှသာ ညှိနှိုင်းကွပ်ကဲရန် လွယ်ကူမည် ဖြစ်သည်။ ထို့အပြင် ထိုးဖောက်တိုက်ခိုက်ရန် သာလွန်သော အင်အားများကို စုစည်းရမည် ဖြစ်သည်။
လက်ရှိတွင် ကျန်းမိသားစုနဂါးကြီးသည် သာမန် သတ္တဝါပျံ တစ်ကောင်ကဲ့သို့ပင် ဖြစ်နေသည်။ အသံလွန် အမြန်နှုန်းရှိသော သတ္တဝါပျံ အုပ်စုကြားတွင် ရောနှောနေသောကြောင့် လုံးဝ ထင်ရှားခြင်း မရှိပေ။
ရှမ့်လန်သည် နဂါး၏ ကျောပေါ်သို့ တက်လိုက်ပြီး ပြောလိုက်၏။ “နဂါး... ငါ ဖျော်ဖြေလို့ ပြီးရင် မင်း အလှည့် ရောက်လိမ့်မယ်။”
“ခင်ဗျား သဘောကျသလိုသာ လုပ်ပါ။ ကျုပ် ပူးပေါင်းဆောင်ရွက်ပါ့မယ်။” ကျန်းမိသားစု နဂါးကြီးက ပြောလိုက်သည်။ နိဗ္ဗာန ဝင်ရောက်ပြီးနောက် ၎င်းသည် ပိုမို ဖော်ရွေလာခဲ့သည်။ လူများကိုပင် စနောက် တတ်နေပြီ ဖြစ်သည်။
ရှမ့်လန်က ပြောလိုက်၏။ “ငါ တော်ဝင်ရန်အင်ပါယာရဲ့ နဂါးနောင်တတွေ အကုန်လုံးကို သိမ်းပိုက်ပြီးရင် မင်းရဲ့ ဖျော်ဖြေမှုက အရင်အတိုင်းပဲ ဖြစ်ရမယ်။ အဆမတန် ကြီးမားရမယ်။ မင်းက တော်ဝင်ရန် တပ်တော်ကို တိုက်ရိုက် အကြမ်းတမ်းဆုံး တိုက်ခိုက်ရမယ်။”
ကျန်းမိသားစု နဂါးကြီးက ပြောလိုက်သည်။ “ကျုပ် ပြန်ရောက်လာပြီ၊ ဒါပေမဲ့ ပိုပြီး မသန်မာလာသေးဘူးလို့ တော်ဝင်ရန်အင်ပါယာကို ထင်စေချင်တာမလား။”
ရှမ့်လန်က ပြောလိုက်၏။ “မင်းရဲ့ နားလည်နိုင်စွမ်းက သိပ်ကို ပြည့်စုံတာပဲ။”
ကျန်းမိသားစု နဂါးကြီးက ပြောလိုက်သည်။ “ကောင်းပြီ။ ပြဿနာ မရှိပါဘူး။ တကယ်တော့ ကျုပ်လည်း အဲဒီလို လွတ်လွတ်လပ်လပ် နေရတဲ့ နေ့ရက်တွေကို လွမ်းနေတာ။”
တစ်နှစ်မပြည့်သေးသော်လည်း ၎င်းသည် သေခြင်းနှင့် အသက်ရှင်ခြင်းကြား စည်းကို ဖြတ်ကျော်ခဲ့ရသည်။ ကျန်းမိသားစုနဂါးကြီးအတွက်မူ မရေမတွက်နိုင်သော နှစ်ကာလများပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ရှေးဟောင်းနဂါးရေကန် အတွင်း၌ မရေမတွက်နိုင်သော နှစ်ကာလများကြာ တိုက်ပွဲဝင် ခဲ့ရသောကြောင့်ပင်။
...........
နောက်တစ်နေ့တွင် တော်ဝင်ချန်အင်ပါယာ အဓိကတပ်ဖွဲ့၏ စစ်သေနာပတိချုပ် မင်းသားကျင်းသည် အမိန့်ပေးလိုက်သည်။ “တိုက်ခိုက်ကြ။ ပင်းပြည်နယ်ကို တိုက်ခိုက်ကြ။”
သူ၏ အမိန့်သံနှင့်အတူ ကောင်းကင်ယံတွင် စစ်ဗုံသံများ ပြည့်နှက်သွားခဲ့၏။
“ဝူး... ဝူး... ဝူး... ဝူး...”
မရေမတွက်နိုင်သော လေကြောင်းစစ်သည်များသည် ကောင်းကင်ယံသို့ ပျံတက်သွားကြသည်။ တော်ဝင်ချန် အင်ပါယာ၏ အဓိက တပ်ဖွဲ့ဝင် ၃ သိန်းသည် လီပေါင်း ဒါဇင်ချီ ကွာဝေးသော ပင်းပြည်နယ် ခံစစ်မျဉ်းဆီသို့ ခမ်းနားထည်ဝါစွာ ချီတက်သွားကြသည်။ တော်ဝင်ရန်အင်ပါယာ နှင့် တော်ဝင်ချန်အင်ပါယာကြား အဆုံးအဖြတ် တိုက်ပွဲ ဖြစ်သော ပင်းပြည်နယ် တိုက်ပွဲကြီး တရားဝင် စတင်ခဲ့ပြီ ဖြစ်သည်။
“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း......”
သိန်းနှင့်ချီသော စစ်သည်များသည် စည်းစနစ်တကျ ချီတက်လာကြသည်။ မြေပြင်တစ်ခုလုံး တုန်ခါသွားခဲ့၏။ ကောင်းကင်ယံတွင် မိုးပျံခံတပ်ကြီး ဒါဇင်ကျော် ပျံတက်သွားကြသည်။ မြေပြင်ပေါ်မှာတော့ အသေးစား နဂါးအရှိန်အဝါ ၂၀၀ ကျော်သည် တပ်တော်၏ ကာကွယ်မှုအောက်၌ ချီတက်လာကြသည်။ ငရဲမီးအမြောက်သစ် ၈၀၀ ကျော်လည်း ပါဝင်၏။
ဤစစ်သည် ၃ သိန်း စလုံးသည် လျှို့ဝှက် သံချပ်ကာများ ဝတ်ဆင်ထားကြပြီး အိမ်မက်ဆိုးကျောက်တုံး ရိုင်ဖယ်များကို ကိုင်ဆောင်ထားကြသည်။ သူတို့သည် စစ်မှန်သော သံမဏိ ရေစီးကြောင်းကြီး တစ်ခုကဲ့သို့ စည်းစနစ်တကျ ချီတက်လာကြသည်။ ပင်းပြည်နယ် ခံစစ်မျဉ်းဆီသို့ ဦးတည် ချီတက်လာကြသည်။
...........
ပင်းပြည်နယ် ခံစစ်မျဉ်းသည် မြို့တစ်မြို့တည်း မဟုတ်တော့ပေ။ လီ ၁၀၀ နီးပါး ရှည်လျားသော ခံတပ်မြို့ရိုးကြီး ဖြစ်နေသည်။ မြင့်မားသော မြို့ရိုးများသာမက မရေမတွက်နိုင်သော ခံတပ်ငယ်များနှင့် မြေအောက် လှိုဏ်ခေါင်းများလည်း ပါဝင်သည်။ တော်ဝင်ရန်အင်ပါယာ ၏ စစ်သည် ၇ သိန်းသည် ပင်းပြည်နယ် မြို့တော်နှင့် ခံစစ်မျဉ်း တစ်လျှောက်လုံးကို စောင့်ကြပ်နေကြ၏။
သူတို့တွင် အမြောက်များ သို့မဟုတ် အသေးစား နဂါးအရှိန်အဝါများ မရှိသော်လည်း မရေမတွက်နိုင်သော ရှေးဟောင်းလေးများနှင့် ရှေးဟောင်း စစ်ဒူးလေးကြီးများ ရှိနေသည်။ ရှေးဟောင်း စွမ်းအင်ဗဟိုချက်များနှင့် ထိန်းချုပ်ရေး စင်တာများ သက်သက်ပင် ၁၀၀ ကျော် ရှိသည်။ ကောင်းကင်မှ ကြည့်လိုက်လျှင် အမှန်တကယ် ရှုပ်ထွေး ပွေလီသော မြင်ကွင်းပင် ဖြစ်သည်။
မင်းသမီး ကျိရွှမ်သည် အသံလှိုင်းသတ္တဝါပျံကို စီးနင်းကာ မြေပြင်အထက် မီတာ တစ်သောင်းအမြင့်မှ အရာအားလုံးကို ငုံ့ကြည့်နေ၏။
တော်ဝင်ချန်အင်ပါယာ၏ စစ်သည် ၃ သိန်းသည် ပိုမို သိပ်သည်းလာပြီး ဒီလှိုင်းလုံးကြီး သဖွယ် ရှေ့သို့ တိုးဝင်လာနေကြသည်။ ရွှဲ့ပြည်နယ်၏ စစ်သည် ၂ သိန်း မရောက်လာသေးသော်လည်း သိပ်မဝေးတော့ပေ။
မင်းသမီး ကျိရွှမ် တွေးနေမိသည်။ အကယ်၍ သူတို့သာ အထူးနဂါးနောင်တ မပစ်လွှတ်ခဲ့လျှင် ဘာဖြစ်မည်နည်း။ သူတို့ ရှုံးနိမ့်ကြပေလိမ့်မည်။ တော်ဝင်ရန်အင်ပါယာ ၏ စစ်သည် ၇ သိန်းသည် တော်ဝင်ချန်အင်ပါယာ၏ စစ်သည် ၅ သိန်းကို အနိုင်ယူနိုင်မည် မဟုတ်ပေ။
အပိုင်း (၁၂၇၆)
တော်ဝင်ချန်အင်ပါယာ ဤမျှ အစွမ်းထက်လာသည်မှာ ယုံကြည်နိုင်စရာ မရှိပေ။ ရှမ့်လန် အနောက်တိုင်း လောကမှ ပြန်လာသည်မှာ နှစ်အနည်းငယ်သာ ရှိသေးသည်။ ၇ နှစ်ပင် မပြည့်သေးပေ။ ယုတ္တိဗေဒအရ ပြောရလျှင် ဤမျှကြီးမားသော အတိုင်းအတာအထိ ဖွံ့ဖြိုးတိုးတက်လာရန် ဆယ်စုနှစ် အနည်းငယ် ကြာမြင့်သင့်၏။
မင်းသမီးကျိရွှမ်သည် နည်းပညာ ပေါက်ကွဲအားကောင်းမှုကို သဘာဝကျကျပင် မသိနားမလည်ခဲ့ပေ။ ကနဦး အခက်အခဲများကို ကျော်လွှားနိုင်သည်နှင့် နောက်ဆက်တွဲ ပေါက်ကွဲအားကောင်းသော ဖွံ့ဖြိုးတိုးတက်မှုသည် စိတ်ကူးထားသည်ထက် များစွာ သာလွန်လေ့ရှိသည်မဟုတ်ပါလား။
ထို့အပြင် ရှမ့်လန်သည် သုညမှ စတင်ခဲ့ခြင်း မဟုတ်ပေ။ သူ့တွင် ခိုင်မာသော အခြေခံအုတ်မြစ် ရှိပြီးသား ဖြစ်သည်။ ရှေးဟောင်း ယဉ်ကျေးမှု ပေါ်ပေါက်လာခြင်းနှင့် ပေါင်းစပ်လိုက်ချိန်မှာတော့ နုရှောင့်မြို့၏ ဖွံ့ဖြိုးတိုးတက်မှု သည် မိုးထိအောင် မြင့်တက်သွားခဲ့သည်။
မင်းသမီးကျိရွှမ်သည် တော်ဝင်ချန်အင်ပါယာ၏ စစ်သည် ၃ သိန်းကို ကြည့်လိုက်ပြီးနောက် ကောင်းကင်မှ နေမင်းကြီးကို ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူမ၏ အိတ်ဆောင်နာရီကို ကြည့်လိုက်၏။
၁၁ နာရီ ၅၅ မိနစ် ဖြစ်သည်။
မွန်းတည့်ချိန်၊ နေရောင်ခြည် အားအကောင်းဆုံး အချိန်တွင် သူမ အထူးနဂါးနောင်တကို ပစ်လွှတ်မည်။ နဂါးနောင်တ ၅၀ ကို တပြိုင်နက် ပစ်လွှတ်မည်။ စက္ကန့် ၃၀ အတွင်း အထူးနဂါးနောင်တ ၁၀၀ စလုံးကို ပစ်လွှတ်မည်။
တော်ဝင်ချန်အင်ပါယာ၏ စစ်သည် ၃ သိန်းသည် အလွန် သိပ်သည်းနေကြသည်။ သူတို့သည် အလျား မိုင် ၃၀ အောက်၊ အနံ ၁၀ မိုင် ရှိသော စတုဂံပုံသဏ္ဍာန် အတွင်း၌ ချီတက်နေကြခြင်း ဖြစ်သည်။ စုစုပေါင်း ဧရိယာသည် စတုရန်းကီလိုမီတာ ၆၀ အောက်တွင် ရှိသည်။
အများဆုံး အထူးနဂါးနောင်တ ၅ ခုလောက် ကြက်ခြေခတ်ပုံစံ ပေါက်ကွဲလိုက်လျှင်ပင် စစ်သည် ၃ သိန်းစလုံးကို လုံးဝ ချေမှုန်းပစ်ရန် လုံလောက်သည်။ တော်ဝင်ချန်အင်ပါယာသည် အထူးနဂါးနောင်တ ဘယ်လောက်များများ ကြားဖြတ်ဟန့်တားနိုင်မည်နည်း။ ၅၀ ရာခိုင်နှုန်းလား။ ၆၀ ရာခိုင်နှုန်းလား။
မင်းသမီး ကျိရွှမ်သည် သူမ၏ ပင်းပြည်နယ် ခံစစ်မျဉ်းကို ပြန်ကြည့်လိုက်သည်။ တော်ဝင်ချန်အင်ပါယာသည် သေချာပေါက် ပြန်လည် တိုက်ခိုက်လိမ့်မည်။ ထိုအချိန်တွင် ပင်းပြည်နယ် မြို့တော်ရှိ နေရာအများအပြားသည် အပျက်အစီးများ ဖြစ်သွားပေလိမ့်မည်။ တော်ဝင်ရန်အင်ပါယာ ၏ စစ်သည် ၇ သိန်းအနက် ဘယ်လောက်များများ သေဆုံးရမည်နည်း။
အိမ်ရှေ့စံမင်းသား၏ ဂုဏ်သိက္ခာနှင့် တော်ဝင်ရန်အင်ပါယာ၏ ဂုဏ်ဒြပ်အတွက် အရာအားလုံး ပေးဆပ်ရကျိုး နပ်ပါလိမ့်မည်။
၁၁ နာရီ ၅၈ မိနစ် ဖြစ်သည်။ မင်းသမီး ကျိရွှမ်သည် သူမ လက်ထဲရှိ ရှေးဟောင်း ဘုရင်လက်စွပ်ကို လှည့်လိုက်သည်။ ထိုအရာသည် ကျိမိသားစု၏ ဘုရင်လက်စွပ် ဖြစ်သည်။
အထူးနဂါးနောင်တ ၅၀ ကျော် အဆင်သင့် ဖြစ်နေ၏။
၁၁ နာရီ ၅၉ မိနစ်....၊
၁၂ နာရီ တိတိ မွန်းတည့်ချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
မင်းသမီး ကျိရွှမ်သည် ရုတ်တရက် အလင်းတန်းတစ်ခု အဖြစ် ပြောင်းလဲသွားခဲ့၏။ ချက်ချင်းပဲ အထူးနဂါးအရှိန်အဝါပစ်လွှတ်စင် အားလုံးကို အသက်သွင်းလိုက်၏။ “ပစ်ကြ။”
“ပစ်ကြ။”
“ပစ်ကြ။”
“ရွှီ... ရွှီ.. ရွှီ...”
ပထမလှိုင်းသည် ၁၀ စက္ကန့်သာ ကြာမြင့်သည်။ အထူးနဂါးနောင်တ ၅၀ စလုံး ပစ်လွှတ်လိုက်ပြီ ဖြစ်သည်။
၁၀ စက္ကန့်အတွင်းမှာပဲ ဒုတိယလှိုင်း အထူးနဂါးနောင်တများကို နဂါးအရှိန်အဝါ ပစ်လွှတ်စင်များထဲသို့ ထည့်သွင်းလိုက် ကြသည်။
မင်းသမီးကျိရွှမ်သည် နောက်တစ်ကြိမ် ပစ်ခတ်လိုက်၏။ ၁၀ စက္ကန့် အတွင်းမှာပဲ ဒုတိယလှိုင်း အထူးနဂါးနောင်တ ၅၀ ကို ပစ်လွှတ်လိုက်ပြန်သည်။ စက္ကန့် ၃၀ အတွင်း အထူးနဂါးနောင်တ ၁၀၀ စလုံးကို ပစ်လွှတ်လိုက်ပြီ ဖြစ်၏။
ပစ်ခတ်သည့် အကွာအဝေးမှာ လီ ၂၀၀ ခန့်၊ သို့မဟုတ် မီတာ တစ်သောင်းခန့်သာ ရှိသည်။ အထူးနဂါးနောင်တ အတွက် ၃၅ စက္ကန့်အောက်သာ ကြာမြင့်မည် ဖြစ်သည်။ မျက်တောင်တစ်ခတ် အတွင်းမှာပဲ နှိုင်းယှဉ်ဖော်ပြ၍ မရနိုင်လောက်အောင် အံ့မခန်း ခမ်းနားထည်ဝါသော မြင်ကွင်းကြီး တစ်ခု ထပ်မံ ပေါ်ပေါက်လာခဲ့ပြန်သည်။
ပထမလှိုင်း အထူးနဂါးနောင်တများ၊ ဒုတိယလှိုင်း အထူးနဂါးနောင်တများသည် မျက်စိကျိန်းလောက်အောင် တောက်ပသော ကြယ်ကြွေမိုးကြီး တစ်ခုကဲ့သို့ပင် ကောင်းကင်ယံကို ဖြတ်သန်းပြီး တော်ဝင်ချန်အင်ပါယာ၏ စစ်သည် ၃ သိန်း ရှိရာဆီသို့ ဦးတည် ပျံသန်းသွားကြ၏။
မွန်းတည့်နေမင်း၏ အောက်တွင် အထူးနဂါးနောင်တ အစင်းတစ်ရာသည် ရောင်ပြန်ဟပ်ကာ တောက်ပ ဖြာလက်နေကြသည်။ ယင်းတို့အနက် ငါးစင်းခန့် ပစ်မှတ်ကို ထိမှန်သည်နှင့် သုံးသိန်းသော စစ်သည်တော်တို့ ပြာကျ ပျက်စီးသွားရပေလိမ့်မည်။
မင်းသမီး ကျိရွှမ်သည် ကောင်းကင်ထက်မှ ပျံသန်းသွားသော အထူးနဂါးနောင်တများကို ကြည့်လိုက်မိ၏။ ထို့နောက် ချန်အင်ပါယာ၏ တပ်တော်ကြီးဆီသို့ အကြည့်ပို့လိုက်ပြန်သည်။ ရန်အင်ပါယာ၏ နဂါးနောင်တ များကို မြင်သည်နှင့် ချန်အင်ပါယာဘက်မှ တုံ့ပြန်ပစ်ခတ်မည်မှာ သေချာလှသည်။
၎င်းတို့သည် အထူးနဂါးနောင်တ ဒါဇင်ပေါင်းများစွာကို ချက်ချင်း ပစ်လွှတ်ကြပေလိမ့်မည်။ အစင်း နှစ်ဆယ်ခန့် ရှိနိုင်၏။ ချန်အင်ပါယာတွင် နဂါးနောင်တ အစင်းရေ ထိုမျှလောက် များများစားစား မရှိပေ။ မည်သို့ပင်ဆိုစေကာမူ ၎င်းတို့ မုချ ပစ်ခတ်ကြပေလိမ့်မည်။
သို့သော်ငြား ဆယ်စက္ကန့် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။ ချန်တပ်တော်၏ ကောင်းကင်ယံမှ မည်သည့် အထူးနဂါးနောင်တမှ ပစ်ခတ်လာခြင်း မရှိခဲ့ပေ။ မည်သို့သော အခြေအနေနည်း။ ချန်အင်ပါယာသည် မဟာဗျူဟာမြောက် တန်ပြန်တိုက်စစ် ဆင်နွှဲမည် မဟုတ်ပါလား။
ဤအခြေအနေအတွက် သူမ ဝမ်းသာသင့်သော်လည်း အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် မင်းသမီး ကျိရွှမ်၏ စိတ်နှလုံးသည် အလွန်တရာ ဂနာမငြိမ် ဖြစ်လာရသည်။ ထို့နောက် ပို၍ ထူးဆန်းသော ဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာခဲ့၏။
တော်ဝင်ရန်အင်ပါယာ၏ ပထမအသုတ် အထူးနဂါးနောင်တ အစင်းငါးဆယ်သည် ချန်အင်ပါယာ၏ သုံးသိန်းသော စစ်သည်တော်များထံသို့ ကျရောက်လုနီးပါး ဖြစ်နေသော်လည်း ရန်သူဘက်မှ ကြားဖြတ်ဟန့်တားသည့် မြားတစ်စင်းမှ ပစ်ခတ်ခြင်း မပြုခဲ့ပေ။
ချန်အင်ပါယာ၌ ကြားဖြတ်ဟန့်တားသည့် ကိရိယာများ ရှိနေသည်မှာ ထင်ရှားပါလျက် အဘယ်ကြောင့် ကြားဖြတ်တိုက်ခိုက်ခြင်း မပြုသနည်း။ မည်သည့်အရာများ ဖြစ်ပျက်နေသနည်း။
မင်းသမီး ကျိရွှမ်၏ နှလုံးသားထဲတွင် အဖြေတစ်ခု ရှိနှင့်နေပြီ ဖြစ်၏။ ထိုအဖြေသည် ဖြစ်နိုင်ခြေ အနည်းဆုံးသော အဖြေတစ်ခုပင် ဖြစ်သည်။
သို့သော်ငြား တော်ဝင်ရန်အင်ပါယာဘက်မှ လူများကမူ ထိုသို့ မမြင်ကြပေ။ ပင်းပြည်နယ် ခံစစ်စည်းရိုးရှိ ရန်စစ်သည်တော်များသည် ထိုမြင်ကွင်းကို ရှင်းလင်းစွာ မြင်တွေ့နေကြရ၏။ နဂါးနောင်တ ဒါဇင်ပေါင်း များစွာသည် ဥက္ကာပျံများအလား ချန်အင်ပါယာ၏ ပင်မတပ်ကြီးဆီသို့ ဦးတည်ပျံသန်းသွားကြ၏။
အကွာအဝေးသည် တရွေ့ရွေ့ နီးကပ်လာခဲ့ပြီ ဖြစ်သည်။
မီတာ သုံးသောင်း၊ မီတာ နှစ်သောင်း၊ မီတာ တစ်သောင်း...
တော်ဝင်ရန်အင်ပါယာ၏ စစ်သည်တော်များသည် စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေကြသည်။ နေမင်းထက် အဆပေါင်းများစွာ ပိုမိုတောက်ပသော အလင်းရောင်များ ဖြာထွက်လာမည့် ကမ္ဘာပျက်မတတ် ပေါက်ကွဲမှုကြီးကို သူတို့ စောင့်ဆိုင်းနေလိုက်ကြ၏။
အထူးနဂါးနောင်တ အစင်းတစ်ရာ၏ ပေါက်ကွဲမှုသည် ယခင်က တစ်ခါမှ မကြုံဖူးသော ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းတစ်ခု ဖြစ်လာပေလိမ့်မည်။ မကြာမီတွင် ချန်အင်ပါယာ၏ သုံးသိန်းသော စစ်သည်တော်တို့သည် ဤလောကကြီးထဲမှ လုံးဝဥဿုံ ပျောက်ကွယ်သွားရတော့မည်။
တော်ဝင်ရန်အင်ပါယာမှ လူများစွာတို့သည် ကြက်သီးမွေးညှင်းများ ထလာခဲ့ရသည်။ လောကပျက်ကပ်ကြီး လာနေပြီ ဖြစ်သည်။
ချန်အင်ပါယာ၏ ပင်မတပ်ကြီးသည် တန်ပြန်တိုက်ခိုက်ခြင်း မရှိသကဲ့သို့ ကြားဖြတ်ဟန့်တားခြင်းလည်း မရှိခဲ့ပေ။ ကြောက်လန့်ပြီး သတိလစ်သွားကြလောက်ပေပြီ။
ပထမအသုတ် အထူးနဂါးနောင်တများသည် ချန်တပ်တော်၏အထက် ကောင်းကင်ယံသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ကြီးမားသော ပျက်သုဉ်းခြင်း အခိုက်အတန့် ရောက်ရှိလာတော့မည် ဖြစ်သည်။ ထို့နောက် ရုတ်တရက် ကောင်းကင်ယံရှိ အထူးနဂါးနောင်တ အစင်းငါးဆယ်သည် လေထဲတွင် ခဲသွားသကဲ့သို့ ရပ်တန့် သွားခဲ့သည်။
ယခင်ကဆိုလျှင် ရှေ့သို့ ဆက်မသွားရုံသာ ရပ်တန့်ခြင်း ဖြစ်၏။ ယခုတစ်ကြိမ်တွင်မူ လေထဲ၌ အမှန်တကယ်ပင် တောင့်တင်း ရပ်တန့်သွားခဲ့ခြင်း ဖြစ်သည်။ ရုပ်ရှင်ပြကွက်တစ်ခုကို ခေတ္တရပ်တန့်လိုက်သကဲ့သို့ပင်။
သုံးစက္ကန့်အကြာတွင် အထူးနဂါးနောင်တ အစင်းငါးဆယ်သည် မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့သည်။ ယင်းတို့သည် ပေါက်ကွဲခြင်း မရှိခဲ့ပေ။ ထိုအစား ဖမ်းဆီးထိန်းချုပ်ခြင်း ခံလိုက်ရသည်နှင့် တူ၏။ ထို့နောက် ဒုတိယအသုတ် အထူးနဂါးနောင်တ အစင်းငါးဆယ်သည်လည်း လေထဲတွင် ထပ်မံ၍ ရပ်တန့်သွားခဲ့ပြန်သည်။ ထို့နောက် ငြိမ်းချမ်းစွာပင် မြေပြင်ပေါ်သို့ ထပ်မံပြုတ်ကျသွားခဲ့ပြန်၏။
ဤမြင်ကွင်းသည် အသက်ရှူမှားလောက်ဖွယ်ရာ ကောင်းလှသည်။ ထို့အပြင် အလွန်တရာလည်း ထူးဆန်းနေ၏။ တစ်ချိန်တည်းမှာပဲ ကောင်းကင်ယံ၌ အနက်ရောင် အစက်အပြောက်တစ်ခု ပေါ်ထွက် လာခဲ့သည်။
ကီလိုမီတာ ဆယ်ဂဏန်းမျှ ကွာဝေးသော နေရာမှ ကြည့်လျှင် ထိုအစက်အပြောက်သည် သာမန် ပျံသန်းနေသော သားရဲတစ်ကောင်အလား သေးငယ်လှသည်။ သို့သော်ငြား ထိုအနက်ရောင် အစက်သည် လျင်မြန်စွာ ကြီးထွားလာခဲ့၏။ ပို၍ ကြီးမားလာသည်။ ပို၍ ... ပို၍ ကြီးမားလာသည်။ နောက်ဆုံးတွင်မူ ကောင်းကင်ပြင် တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့တော့၏။
“ဝုန်း...”
ကြီးမားလှသော အနက်ရောင် သဏ္ဍာန်ကြီးသည် ရုတ်ခြည်း မီးတောက်မီးလျှံများ ထတောက်လာခဲ့သည်။
“နဂါး... နဂါး... နဂါး...”
ချန်အင်ပါယာ၏ နဂါးကြီး ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ရှမ့်လန်သည် နဂါးကြီးနှင့်အတူ ပြန်လည် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ အထူးနဂါးနောင်တ အစင်းတစ်ရာ လေထဲတွင် ရပ်တန့်ကာ ပြုတ်ကျ သွားခဲ့သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
နဂါးကြီးနှင့် ရှမ့်လန်တို့သည် ဘုရင်တစ်ပါး၏ ပြန်လည်ရောက်ရှိလာခြင်းကို အထိရောက်ဆုံး နည်းလမ်းဖြင့် ပြသလိုက်ခြင်း ဖြစ်သည်။ ဤသည်မှာ ကျန်းကလန်၏နဂါးကြီး လူအများရှေ့တွင် ပထမဆုံးအကြိမ် ကိုယ်ထင်ပြခြင်း ဖြစ်သည် မဟုတ်ပါလား။ ယခင်ကမူ ၎င်းသည် ကောင်းကင်အမြင့်၌သာ ပျံသန်းနေခဲ့ဖူး၏။
ရှမ့်လန်သည် နဂါးကြီးကို စီးနင်းလျက် အသံ၏အမြန်နှုန်းထက် သုံးဆပိုမိုသော အဟုန်ဖြင့် ပင်းပြည်နယ် ခံစစ်စည်းဆီသို့ ပျံသန်းဝင်ရောက်လာခဲ့သည်။ သူ ဖြတ်သန်းသွားရာ နေရာတိုင်းရှိ မြေပြင်ပေါ်မှ အရာအားလုံးသည် မီးလောင်ကျွမ်းသွားခဲ့ရ၏။ သစ်တောများ၊ လယ်မြေများ၊ မြေဆီလွှာများနှင့် ကျောက်တုံးများပါမကျန် အရာအားလုံး မီးလောင်တိုက်သွင်းခံလိုက်ရသည်။
မြေပြင်တစ်ခုလုံး တုန်ခါလာခဲ့၏။
ပင်းပြည်နယ်မြို့တော် တစ်ခုလုံးလည်း စတင်တုန်ခါလာခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော အပူလှိုင်း မုန်တိုင်းကြီးတစ်ခု ရုတ်တရက် တိုက်ခတ်လာခဲ့သည်။
“ဝုန်း... ဝုန်း... ဝုန်း... ဝုန်း...”
ရှမ့်လန်၏ နဂါးကြီးသည် ပင်းပြည်နယ် ခံစစ်စည်းအထက်မှ ဖြတ်ကျော်ပျံသန်းသွားခဲ့၏။ မီးမှုတ်ထုတ်ရန်ပင် မလိုအပ်ခဲ့ပေ။ ဖြတ်ကျော်ပျံသန်းသွားရုံဖြင့် လုံလောက်နေခဲ့၏။
“ဝုန်း... ဝုန်း... ဝုန်း... ဝုန်း...”
ပင်းပြည်နယ် ခံစစ်စည်းရှိ မြို့ရိုးများ၊ ရဲတိုက်များ၊ ဥမင်များနှင့် ခံတပ်များသည် ချက်ချင်းပဲ ရဲရဲတောက် သွားခဲ့ရ၏။ တော်ဝင်ရန်အင်ပါယာ၏ မရေမတွက်နိုင်သော စစ်သည်တော်တို့သည် မီးလောင်ကျွမ်းကာ မီးသွေးတုံးများ အဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။ ထို့နောက် ကျင်းမိသားစု၏ နဂါးကြီးသည် ပင်းပြည်နယ် ခံစစ်စည်းအား ပြင်းထန်စွာ မီးမှုတ်တိုက်ခိုက်လိုက်တော့သည်။
ထိုအရာသည် အထူးနဂါးနောင်တများစွာ ပေါက်ကွဲသည်နှင့် တူလှ၏။ ယခင်က သူတို့ မမြင်တွေ့ခဲ့ရသော်လည်း ယခုမူ အမှန်တကယ် ကျရောက်လာခဲ့ပြီ ဖြစ်သည်။ မြေပြင်တစ်ခုလုံးသည် နေမင်းထက် ပိုမိုတောက်ပသော အလင်းရောင်ဖြင့် လင်းထိန်သွားခဲ့သည်။ ပင်းပြည်နယ် ခံစစ်စည်းတစ်ခုလုံး အလုံးစုံ ပျက်စီးသွားခဲ့ရ၏။
တော်ဝင်ရန် အင်ပါယာ၏ စစ်သည်တော် များစွာတို့သည် ချက်ချင်းပဲ ပြာမှုန့်ဘဝသို့ ရောက်ရှိသွားခဲ့ကြရသည်။
... ...
ယခုတစ်ကြိမ်တွင် ရှမ့်လန်သည် အမှန်တကယ် ကျေနပ်သွားခဲ့သည်။ သူ တစ်ဦးတည်းသာ မဟုတ်ပေ။ ချန်အင်ပါယာရှိ အခြားသူများ၊ အထူးသဖြင့် ချန်မြို့တော်မှ စစ်သည်တော်များသည်လည်း ကျေနပ်အားရ နေကြ၏။
ယခင်က တော်ဝင်ရန်အင်ပါယာ၏ နဂါးကြီး ချန်နိုင်ငံပိုင်နက်ထဲသို့ ဝင်ရောက်လာစဉ်က သူတို့အားလုံး အလွန်တရာ ထိတ်လန့်တုန်လှုပ်ခဲ့ကြရဖူး၏။ သူတို့၏ စိတ်ထဲတွင် နိမ့်ကျသည်ဟူသော ခံစားချက်မျိုးလည်း ဝင်ရောက်ခဲ့ဖူးသည်။ စစ်ပွဲ၏ ကောင်းကင်သားရဲကြီး၏ ရှေ့မှောက်တွင် မည်သူက ယုံကြည်မှု ရှိပါမည်နည်း။
ထိုအချိန်က တော်ဝင်ရန်အင်ပါယာ၏ နဂါးကြီးသည် ချန်မြို့တော်ကို ဖျက်ဆီးရန် လာနေသည်ဟူသော ကောလာဟလ များလည်း ထွက်ပေါ်ခဲ့ဖူး၏။ ချန်နိုင်ငံသားများ၊ အထူးသဖြင့် စစ်သည်တော်များ မည်မျှ မျှော်လင့်ချက် ကင်းမဲ့ခဲ့ရသနည်း။
တော်ဝင်ရန်အင်ပါယာ၏ နဂါးကြီး ဖြတ်သန်းပျံသန်းသွားစဉ်က အလွန်တရာ ခမ်းနားထည်ဝါခဲ့သည်။ အိမ်ခြေ မည်မျှပျက်စီးခဲ့ရသနည်း၊ မြေဧက မည်မျှမီးလောင်ကျွမ်းခဲ့ရသနည်း၊ သစ်တောများနှင့် လယ်မြေ မည်မျှ ပျက်စီးခဲ့ရပါသနည်း။ ယခုမူ အရာအားလုံးကို ပြန်လည်ပေးဆပ်လိုက်ပြီ ဖြစ်သည်။
ယခုအခါ သူတို့ ချန်အင်ပါယာ၏ အလှည့် ဖြစ်၏။ သူတို့ နဂါးကြီး၏ ခမ်းနားထည်ဝါမှုကို ပြသရမည့်အချိန် ဖြစ်၏။
“ဒါ ကျုပ်တို့ရဲ့ အင်ပါယာ ရှမ့်လန်ပဲ။ ဒါ ကျုပ်တို့ရဲ့ နဂါးကြီးပဲ။ အခု မင်းတို့တွေ တုန်လှုပ် ငိုကြွေးရမယ့် အလှည့် ရောက်ပြီ။ ဟား ဟား ဟား ဟား...”
မူလက ထိုးဖောက်မရနိုင်ဟု ထင်မှတ်ခဲ့ကြသော ပင်းပြည်နယ် ခံစစ်စည်းသည် တော်ဝင်ရန်အင်ပါယာ နဂါးကြီး၏ ရှေ့မှောက်တွင် စက္ကူတစ်ရွက်အလား ဖြစ်နေခဲ့၏။ ကျိုးပဲ့လွယ်သည်ဟုပင် ပြော၍ မရနိုင်တော့ပေ။ နဂါးမီးလျှံအောက်တွင် ခိုင်ခံ့သော မြို့ရိုးများပင်လျှင် မြေမှုန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။ မြို့ရိုးများ၊ ခံတပ်များနှင့် ၎င်းတို့အပေါ်ရှိ စစ်သည်တော် အားလုံးသည် ဘာမှမကျန်အောင် ပျောက်ကွယ်သွားခဲ့ကြရ၏။
အလယ်အလတ်အဆင့် နဂါးဉာဏ်အလင်း မရရှိမီက ရှမ့်လန်သည် တွေးတောမိဖူးသည်။ ရှေးဟောင်း နဂါးရေကန် အတွင်း ပြန်လည်မွေးဖွားလာသည့် နဂါးတစ်ကောင်၏ ခန္ဓာကိုယ်သည် ယူရေနီယမ် ရောင်ခြည်သင့်မှုများဖြင့် ပြည့်နှက်နေလိမ့်မည်ဟု ထင်မှတ်ခဲ့ဖူး၏။ ၎င်းမှုတ်ထုတ်လိုက်သော မီးလျှံများ တွင်လည်း နျူကလီးယား ညစ်ညမ်းမှုများ ပါဝင်နေပေလိမ့်မည်။
ယခုရလဒ်မှာ မည်သို့နည်း။ ထိုအရာများ ပါဝင်ကောင်း ပါဝင်နိုင်သော်လည်း မပါဝင်သည်လည်း ဖြစ်နိုင်သည်။ လက်ရှိတွင် ကျင်းမိသားစု၏ နဂါးကြီးသည် အလွန်တရာ စွမ်းအားကြီးမားသော အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်၏။ သာမန်နဂါးတစ်ကောင်ကဲ့သို့ တိုက်ခိုက်နိုင်သလို ကြောက်မက်ဖွယ်ရာကောင်းသော နျူကလီးယား ဖြိုခွင်းမှု စွမ်းအင်ကိုလည်း ထုတ်လွှတ်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။ အမှန်စင်စစ် ထို့ထက်ပို၍ပင် လုပ်ဆောင်နိုင်စွမ်း ရှိသေးသည်။
သို့ဆိုစေကာမူ ယခု တိုက်ခိုက်မှုသည် ယခင်ကနှင့် အတူတူပင် ဖြစ်၏။ နဂါးနောင်တ၏ ပေါက်ကွဲမှု အာနိသင် ပါဝင်သော သာမန် နဂါးမီးလျှံမျှသာ ဖြစ်သည်။