← Chapters

ထျန်းဖူနန်းတော် ရှစ်ခု

Vol. 48 Ch. 503

ထျန်းဖူနန်းတော် ရှစ်ခု

Vol. 48 Ch. 503

ထျန်းရှထုန် ပင်မအဆောက်အအုံရှိ ထန်ထျန်း၏ သီးသန့် ဧည့်ခန်းမအတွင်း၌

ယခုအခါ ထန်ထျန်းနှင့် ယန်ရှို့အင်မော်တယ်အရှင်တိုက တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင် ထိုင်နေကြသည်။

မြင့်မြတ် သားတော် စမ်းသပ်ပွဲ စတင်ရန် သုံးရက်သာ လိုတော့သည့်အချိန်တွင် ယန်ရှို့အင်မော်တယ်အရှင်က ဤသတင်းကို လာရောက် အသိပေးခြင်းဖြစ်သည်။

သို့သော် ယန်ရှို့အင်မော်တယ်အရှင် ၏ ပထမဆုံးစကားကြောင့်ပင် ထန်ထျန်း အနည်းငယ် မှင်သက်သွားရသည်။

"တခြား ထျန်းဖူနန်းတော် ရှစ်ခုကလည်း ရှေးဟောင်းစစ်မြေပြင် ကို အတူတူ သွားကြမယ် ဟုတ်လား"

သူက အံ့သြတုန်လှုပ်စွာ မေးလိုက်သည်။

တိမ်တိုက် ထျန်းဖူနန်းတော် ၏ အထက်တွင် ကောင်းကင်ထိပ်ဆုံး ရှိသည်။

တိတိကျကျ ပြောရလျှင် ကောင်းကင်ထိပ်ဆုံးတွင် ဝူရှန့်ကျိကျွင်း ရှိသည်။

ထိုပုဂ္ဂိုလ်မှာ ကျိကျွင်း တစ်ဦးပင် ဖြစ်သည်။

ထို ကျိကျွင်း၏ လက်အောက်တွင် တိမ်တိုက် ထျန်းဖူနန်းတော် အပြင် အခြားသော နန်းတော် ရှစ်ခု ရှိသေးသည်။

၎င်းတို့မှာ ထိုက်ယိထျန်းဖူနန်းတော်၊ ကျိရှောင်းထျန်းဖူနန်းတော်၊ ဟုန်းယွမ်ထျန်းဖူနန်းတော်၊ ကျိုးရွှမ်ထျန်းဖူနန်းတော်၊ ချီလျန့်ထျန်းဖူနန်းတော်၊ ပေဟန့်ထျန်းဖူနန်းတော်၊ ကျန်းယွီထျန်းဖူနန်းတော်၊ မင်ယွမ်ထျန်းဖူနန်းတော် တို့ ဖြစ်ကြသည်။

ဤနန်းတော်များက သူတို့ သက်ဆိုင်ရာ ကမ္ဘာလောကများတွင် ကမ္ဘာကို တုန်ဟည်းစေသော အင်အားစုများ ဖြစ်ကြသည်။

သူတို့တွင် အားသာချက်၊ အားနည်းချက် အသီးသီးရှိကြပြီး တိမ်တိုက် ထျန်းဖူနန်းတော် မှာ နန်းတော်ကိုးခု ထဲတွင် အလယ်အလတ် အဆင့်လောက်၌သာ ရှိသည်။

ယခင်က ထန်ထျန်းသည် ဝမ်ကျိယွီ ပြောပြချက်အရ ဤနန်းတော် ကိုးခုမှာ တစ်ခါတစ်ရံ ထိတွေ့မှု ရှိတတ်ကြောင်း အတူတူ ပူးပေါင်းဆောင်ရွက်ခြင်း သို့မဟုတ် အရေးကြီးသော အကျိုးအမြတ်များအတွက် ပြိုင်ဆိုင်ခြင်းမျိုး ရှိတတ်ကြောင်း ကြားဖူးသည်။

သို့သော် ထိုကိစ္စမျိုးမှာ အဆင့်မြင့်ဆုံး ပုဂ္ဂိုလ်များကြားတွင်သာ ကန့်သတ်ထားလေ့ရှိသည်။

ဥပမာ ရှင်းဟယ် အင်မော်တယ်ဧကရာဇ် ပင်။

အနိမ့်ဆုံးအားဖြင့် မြင့်မြတ် သားတော် များသာ သိ ရှိကြခြင်းဖြစ်သည်။

မြင့်မြတ် သားတော် အဆင့်အောက်ရှိသူများမှာ ဤကဲ့သို့သော ကိစ္စများနှင့် ထိတွေ့ခွင့် မရသလောက်ပင်။

သို့သော် ယခုတစ်ကြိမ်တွင်မူ အားလုံးကို တစ်နေရာတည်းတွင် စုစည်းပြီး မြင့်မြတ် သားတော် စမ်းသပ်ပွဲကို ပူးတွဲကျင်းပမည် ဖြစ်သည်။

ရှင်းဟယ်အင်မော်တယ်ဧကရာဇ် တစ်ဦးတည်းက အခြား ထျန်းဖူနန်းတော်များ၏ အစီအစဉ်ကို ဆုံးဖြတ်ပြီး တစ်နေရာတည်းမှာ စမ်းသပ်ခိုင်းဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။

ထို့ကြောင့် ဖြစ်နိုင်ခြေ တစ်ခုသာ ရှိသည်။

ဤစမ်းသပ်ပွဲက နောက်ကွယ်မှ ပိုမိုကြီးမားသော ကိစ္စအချို့နှင့် ပတ်သက်နေခြင်းပင်။

"ဟုတ်တယ်၊ ငါလည်း ဒီသတင်းကို ရုတ်တရက် ရခဲ့တာပဲ"

ယန်ရှို့အင်မော်တယ်အရှင်က ပြောသည်။ "ထျန်းဖူနန်းတော် ကိုးခုလုံး စုစည်းမိပြီဆိုရင် ဒီစမ်းသပ်ပွဲက အရင်ကထက် မရိုးရှင်းတော့ဘူး"

"တိကျတဲ့ စည်းမျဉ်းတွေကတော့ မသတ်မှတ်ရသေးဘူး။ ကိစ္စက အရမ်းလောတကြီး ဖြစ်သွားလို့ မင်းတို့ ရှေးဟောင်းစစ်မြေပြင်ကို ရောက်မှပဲ သိရလိမ့်မယ် ထင်တယ် "

"ဒါပေမဲ့ သေချာတာတစ်ခုကတော့ ဒီတစ်ခေါက် စမ်းသပ်ပွဲရဲ့ ခက်ခဲမှုနဲ့ အန္တရာယ်က ပိုပြီး ရှုပ်ထွေးလာလိမ့်မယ်"

ထန်ထျန်း ခေါင်းညိတ်လိုက်သည်။

သူသည်လည်း ယန်ရှို့အင်မော်တယ်အရှင် နှင့် အမြင်တူသည်။

သို့သော် မည်သို့ပင်ဖြစ်စေ သူ၏ ရည်မှန်းချက်က တစ်ခုတည်းသာ ရှိသည်။

ရှေးဟောင်း ဘိုးဘေးနယ်မြေထဲသို့ ဝင်ရောက်ပြီး ပုံရိပ်ယောင်ကမ္ဘာ ၏ စစ်မှန်သော အဓိက သယ်ဆောင်သူ ကို ရှာဖွေကာ ဟင်းလင်းပြင် နယ်မြေ ကို ပြည့်စုံအောင် လုပ်ရန်ပင်။

"ဒီတစ်ခေါက် စမ်းသပ်ပွဲက အပျက်အစီး နယ်မြေ တစ်ခုထဲမှာ လုပ်မှာ "

"အဲဒီနေရာက အခုမှ အသစ် ရှာတွေ့ထားတာလို့ ကြားတယ်"

"အဲဒီထဲမှာ တစ်ခုခု တန်ဖိုးရှိတာကို တွေ့ထားလို့ ဖြစ်မယ်"

ထန်ထျန်းက ပြော သည်။

ယန်ရှို့အင်မော်တယ်အရှင် က ခေါင်းညိတ်ကာ "ဖြစ်နိုင်တယ်"

"ထျန်းဖူ နန်းတော် ကိုးခုလုံးက အကျိုးအမြတ်မရှိရင် လှုပ်ရှားမယ့်သူတွေ မဟုတ်ဘူး။ ဒီအကြောင်းပြချက်ကြောင့်သာ မဟုတ်ရင် ငါတို့ စမ်းသပ်ပွဲလုပ်ခါနီးမှ အတင်းအကျပ် ကြားဖြတ်ဝင်လာမှာ မဟုတ်ဘူး"

ထန်ထျန်းက ဆက်မေးသည်။ "အဲဒါ ဘယ်လို အရာမျိုး ဖြစ်နိုင်မလဲ"

"ထျန်းဖူ နန်းတော် ကိုးခုကြားမှာ အမြဲတမ်း ပဋိပက္ခတွေ ရှိတယ်လို့ ကျွန်တော် ကြားဖူးတယ်"

သူ စိုးရိမ်သည်မှာ အခြားသော ထျန်းဖူနန်းတော်များကလည်း ထိုရှေးဟောင်း ဘိုးဘေးနယ်မြေ တည်ရှိမှုကို သိသွားကြခြင်း ရှိ၊ မရှိပင်။

သို့သော် ယန်ရှို့အင်မော်တယ်အရှင် က ခေါင်းခါပြကာ "ဒါကတော့ ပြောရခက်တယ်"

" ရှေးဟောင်းစစ်မြေပြင်က အခြေအနေက ရှုပ်ထွေးသလို ကံကောင်းခြင်းတွေကလည်း ရှုပ်ထွေးတယ်"

"အဲဒီ အပျက်အစီး နယ်မြေက တကယ်တမ်း ဘယ်လိုမျိုးလဲဆိုတာ ငါလည်း မသိဘူး"

ထန်ထျန်းက ခေါင်းညိတ်လိုက်သည်။

ယန်ရှို့အင်မော်တယ်အရှင်၏ အဓိက တာဝန်မှာ ထျန်းချီတောင် ကို စီမံရန် ဖြစ်သောကြောင့် ရှေးဟောင်းစစ်မြေပြင် ကိစ္စများကို အသေးစိတ် မသိခြင်း ဖြစ်သည်။

သို့သော် ရှင်းဟယ်အင်မော်တယ်ဧကရာဇ် ကမူ သေချာပေါက် သိပေလိမ့်မည်။

ထန်ထျန်း စဉ်းစားနေသည်ကို မြင်သောအခါ ယန်ရှို့အင်မော်တယ်အရှင် က သူ စိုးရိမ်နေသည်ဟု ထင်ပြီး အားပေးစကား ပြော လာသည်။ "ထန်ထျန်း... စမ်းသပ်ပွဲက ပိုခက်ခဲလာတယ် ဆိုပေမဲ့ မင်း အရမ်း စိုးရိမ်မနေပါနဲ့"

"ကျန့်ဟွမ်းတောင်က ရှန်းယန် တို့က မင်းကို အစွမ်းကုန် ကူညီပေးကြလိမ့်မယ်"

"နောက်ပြီး ငါ ထင်တာ မမှားဘူးဆိုရင်..."

"မင်း အင်မော်တယ်အရှင် အဆင့်ကို ချိုးဖျက်နိုင်သွားပြီလား"

ထန်ထျန်းက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။

"ပြီးခဲ့တဲ့ ရှန်းယွမ်ပင်လယ်မှာ ကျွန်တော် ကံကောင်းခြင်းတွေ အများကြီး ရခဲ့တယ်"

ယန်ရှို့အင်မော်တယ်အရှင် က မုတ်ဆိတ်ကို သပ်ရင်း ရယ်မောကာ "ဒါက ဖြစ်သင့်တာပဲ"

"ရှန်းယွမ်စင်မြင့်ရဲ့ ထိပ်ဆုံးကို တက်နိုင်တဲ့သူက ထျန်းဖူနန်းတော် သမိုင်းတစ်လျှောက်မှာ တစ်ယောက်ပဲ ရှိခဲ့တာ၊ မင်းက ဒုတိယမြောက်ပဲ"

"အဲဒီလူက စမ်းသပ်ပွဲပြီးတာနဲ့ ဧကရာဇ် ဖြစ်သွားတာပဲ၊ မင်း အင်မော်တယ်အရှင် ဖြစ်တာက သဘာဝကျပါတယ်"

ထန်ထျန်းမှာ ဘာမှ မပြောဘဲ ပြုံးနေလိုက်သည်။

အကယ်၍ သူသာ ယခု အင်မော်တယ်အရှင် နှောင်းပိုင်းအဆင့် သို့ ရောက်နေပြီဖြစ်ကြောင်း ယန်ရှို့အင်မော်တယ်အရှင် သိသွားလျှင် မည်ကဲ့သို့ တုံ့ပြန်မည်ကိုပင် သူ စိတ်ဝင်စားမိသည်။

"ဒါနဲ့ တခြား ထျန်းဖူနန်းတော်တွေက မြင့်မြတ် သားတော်လောင်းလျာ တွေရဲ့ ခွန်အား က ဘယ်လိုရှိလဲ"

ထန်ထျန်းက အကြောင်းအရာ ပြောင်းကာ မေးလိုက်သည်။

ယန်ရှို့အင်မော်တယ်အရှင် က ခဏစဉ်းစားပြီး "အားကောင်းတဲ့သူရော အားနည်းတဲ့သူရော ရှိမှာပဲ၊ ဒါပေမဲ့ ထိပ်တန်းပိုင်းတွေကတော့ သိပ်ကွာခြားမှာ မဟုတ်ဘူး"

" သူတို့က ရုတ်တရက်ကြီး ဆုံးဖြတ်လိုက်တာဆိုတော့ ပြင်ဆင်မှုအပိုင်းမှာ ငါတို့လောက် မပြည့်စုံနိုင်သလို လူဦးရေလည်း ငါတို့လောက် များမှာ မဟုတ်ဘူး"

" ကြီးကြီးမားမား ပဋိပက္ခမဖြစ်ရင်တော့ ပြဿနာမရှိပါဘူး။ ရှေးဟောင်းစစ်မြေပြင်ရဲ့ အကြီးဆုံး အန္တရာယ်က စစ်မြေပြင်ကိုယ်တိုင်ပဲ"

"ဒါပေမဲ့... ထျန်းဖူနန်းတော်အချို့နဲ့ ငါတို့နဲ့က သိပ်ပြီး အဆင်မပြေကြဘူး။ အသေးစိတ်ကိုတော့ ရှင်းဟယ်အင်မော်တယ်ဧကရာဇ် က မင်းတို့ကို ပြောပြလိမ့်မယ်"

ယန်ရှို့အင်မော်တယ်အရှင် ထွက်သွားပြီးနောက် ထန်ထျန်းက ရှင်းဟယ်အင်မော်တယ်ဧကရာဇ် ကို တိုက်ရိုက် ဆက်သွယ်ကာ မေးမြန်းခဲ့သည်။

ရှင်းဟယ်အင်မော်တယ်ဧကရာဇ် ကမူ သူ၏ စိုးရိမ်ပူပန်မှုများကို ဖြေဖျောက်ပေးခဲ့သည်။

အခြား ထျန်းဖူနန်းတော် ရှစ်ခုမှာ အပျက်အစီး နယ်မြေအတွင်းရှိ ရတနာအချို့အတွက်သာ လာကြခြင်းဖြစ်ပြီး ရှေးဟောင်း ဘိုးဘေးနယ်မြေ တည်ရှိမှုကို မသိကြပေ။

ထို့ကြောင့် ထန်ထျန်း၏ အစီအစဉ်အပေါ် သက်ရောက်မှု ရှိမည်မဟုတ်ပေ။

သုံးရက်ဆိုသော အချိန်မှာ မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားသည်။

စမ်းသပ်ပွဲ မတိုင်မီ တစ်ရက်အလိုတွင် ထန်ထျန်းက ထျန်းချီတောင်သို့ ပြန်ရောက်နေပြီ ဖြစ်သည်။

နေဝန်းနီကြီး ထွက်ပေါ်လာချိန်တွင် ရှေးဟောင်းစစ်မြေပြင်သို့ သွားရောက်ကြမည့် မြင့်မြတ် သားတော်လောင်းလျာ အားလုံးမှာ ဝမ့်ရှန်းစင်မြင့် ၌ စုစည်းမိကြပြီ ဖြစ်သည်။

ရှင်းဟယ်အင်မော်တယ်ဧကရာဇ် ၊ မဟာအကြီးအကဲနှင့် ယန်ရှို့အင်မော်တယ်အရှင်တို့ အားလုံး ရောက်ရှိနေကြသည်။

ထို့အပြင် ထျန်းဖူနန်းတော်၏ ကျန်ရှိသော အင်မော်တယ် ဧကရာဇ်နှစ်ပါးမှာလည်း ကိုယ်ထင်မပြသော်လည်း အဝေးတစ်နေရာမှ စောင့်ကြည့်နေကြသည်။

လူတိုင်း အဆင်သင့်ဖြစ်သောအခါ ရှင်းဟယ်အင်မော်တယ်ဧကရာဇ် ခါးရှိ ဓားရှည်ကို ဆွဲထုတ်ကာ ဝှေ့ယမ်း ခုတ်ချလိုက်သည်။

ဟင်းလင်းပြင်ထဲတွင် အက်ကြောင်းတစ်ခု ဖြည်းဖြည်းချင်း ပေါ်ပေါက်လာပြီး လျင်မြန်စွာ ကျယ်ပြန့်လာကာ နက်မှောင်သော ဟင်းလင်းပြင် တံခါး တစ်ခု ဖြစ်ပေါ်လာတော့သည်။

All Chapters