အခန်း (၅၃၂-၅၃၄)
Vol. 36 Ch. 532-534
Chapter 532 နတ်ဆိုးနဂါး၏စိတ်မကောင်းစရာ သတိပေးချက်
ဝေါ့! ဝေါ့! ဝေါ့!
အားလုံး မှင်တက်နေကြချိန်တွင် တစ်ဖက်၌ နတ်ဆိုးနဂါးသည် အော့အန်နေ၏။ သူ၏ ကိုယ်တွင်း ကလီစာများကိုပါ အန်ထုတ်လုနီးပါး ဖြစ်နေသည်။
မျက်တောင် တစ်ခတ်အတွင်းမှာပင် မြေကြီးပေါ်၌ အသားစများနှင့် ပြည့်နှက်ကာ နီရဲလာသည်။ ဤမြင်ကွင်းသည် အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။
ထိုအချိန်တွင် ဖုထျန်းနှင့် အီကွမ်နာသာမက ဘေးပတ်လည်မှ ကပ်ဆိုးဂြိုဟ်၏ သိုင်းပညာရှင်များ အားလုံးသည် မြေကြီးပေါ်မှ ကျိုးပဲ့နေသော အရိုးများနှင့် အပိုင်းအစများအားလုံးကို ကြည့်ပြီး ကြက်သီးမွေးညင်းထကာ ခေါင်းမွေးထောင်လာလေသည်။
ထိုအရာများသည် သိုင်းပညာရှင်များ၏ အသားစများသာ ဖြစ်လေသည်။ ထောင်သောင်းချီသော နတ်ဘုရားများကို သတ်ဖြတ်ခဲ့သော ကပ်ဆိုးဂြိုဟ်၏ သိုင်းပညာရှင်သည် သွေးအိုင်ဘဝသို့ ကျရောက်သွားလေပြီ။
*မြတ်စွာဘုရား*
ယခုအချိန်တွင် သွေးမကြောင်တတ်သော သိုင်းပညာရှင်အချို့ပင် လိပ်ပြာလွင့်မတတ် ကြောက်လန့်နေကြသည်။
ထိုလူအုပ်ထဲရှိ အဘွားအိုသည်လည်း ကိုယ့်မျက်လုံးကိုယ် မယုံနိုင်အောင် ဖြစ်နေ၏။
“ဖုန့်ဝူ၊ သူ … သူက ဘယ်လိုလုပ် နတ်ဘုရား ဂိုဏ်းချုပ်အဆင့် တစ်ပိုင်းအဆင့်လေးနဲ့ ဒီလို ကြောက်စရာကောင်းတဲ့ သားရဲမျိုး ရထားတာလဲ”
မျက်စိရှေ့မှ မြင်ကွင်းသည် အဘွားအို ထင်ထားသည်ထက် ကျော်လွန်နေသည်။ သူမစိတ်ထဲတွင် ယဲ့ဖန်ကို နတ်ဆိုးတစ်ကောင်ဟု မြင်ခဲ့သည်။ ယခုအခါတွင် သူ့အား မိစ္ဆာတစ်ကောင်ဟု ထင်နေမိသည်။
နတ်ဘုရား ဂိုဏ်းချုပ်တစ်ပိုင်းအဆင့်၌ ရာနှင့်ချီသော သိုင်းပညာရှင်များကို တစ်လုပ်တည်းနှင့် ကိုက်စားနိုင်သည့် ဧရာမ နဂါးကြီး ရှိနေသည်မှာ မယုံနိုင်စရာ ကောင်းလှသည်။
ဖုန့်ဝူ၏ မျက်နှာ၌လည်း အလွန် ထိတ်လန့်နေဟန်များ ထင်ဟပ်နေ၏။ ယဲ့ဖန် တစ်ချက်လေးတောင်မှ လှုပ်စရာ မလိုဟု သူမလည်း ထင်မထားမိပါ။ သူ၏ သားရဲကို လွှတ်လိုက်သည်နှင့် ရာချီသော သူတော်စင်အဆင့် သိုင်းပညာရှင်များကို ချက်ချင်း ဖျက်ဆီးလိုက်နိုင်၏။
“ဒီလူက ဘယ်လိုလူမျိုးလဲ …”
ဖုန့်ဝူသည် ပဟေဠိဖြစ်နေသော အကြည့်များဖြင့် ယဲ့ဖန်ကို ကြည့်နေမိသည်။ သူနှင့် ပိုပတ်သက်မိလေ၊ သူက ပို၍ ဆန်းကြယ်လေ ဖြစ်လေသည်ကို သူမ သိလာရသည်။ သူ့ကို နားလည်ရန် ခက်ခဲလှပေသည်။
“မဟုတ်ဘူး … မဖြစ်နိုင်ဘူး”
ထိုအချိန်၌ အထိတ်လန့်ဆုံးသူမှာ ခုန်လင်ပင် ဖြစ်လေသည်။ သူမသည် ဧရာမ နဂါးကြီးကိုကြည့်ပြီး လိပ်ပြာလွင့်မတတ် ဖြစ်နေသည်။ သူမ၏ လှပသော မျက်နှာထက်၌ မယုံနိုင်ဟန်များဖြင့် ပြည့်နှက်နေ၏။
“ဒါ ဘယ်လိုလုပ် ဖြစ်သွားရတာလဲ …”
ယဲ့ဖန် သေတော့မည်ဟု သူမ ထင်လိုက်သည့် အကြိမ်တိုင်း တစ်ဖက်လူက ထူးဆန်းစွာဖြင့် အခြေအနေကို ပြောင်းပြန်လှန်ပစ်လာသည်။ ဤသည်က သူမကို ခေါင်းခြောက်မတတ် ဖြစ်သွားစေသည်.
“မကောင်းဆိုးဝါးကောင်၊ မင်း သေလိုက်တော့”
ထိုစဉ် အားလုံး ထိတ်လန့်နေချိန်၌ ဖုထျန်းနှင့် အီကွမ်နာတို့သည် ထိတ်လန့်နေရာမှ သတိဝင်လာကြသည်။
သူတော်စင် အထွတ်အထိပ်အဆင့်နှစ်ယောက်လုံးသည် မုန်းတီးစွာဖြင့် နဂါးကြီးထံသို့ ပြေးဝင်၍ တိုက်ခိုက်ကြလေသည်။
“ငါ့ဓားချက်အောက်မှာ သေလိုက်တော့”
ဖုထျန်းသည် ဓားကိုဝင့်၍ နတ်ဆိုးနဂါး၏ ခန္ဓာကိုယ်အား ခုတ်ပိုင်းလာသည်။ ဓားချက်က နတ်ဆိုးနဂါးပေါ်သို့ ကျရောက်လာ၏။
“ဓားရိုင်းတိုက်ကွက်”
အီကွမ်နာသည် နှစ်မီတာ ရှည်သော ဓားရှည်ကြီးတစ်လက်ကို ကိုင်ဆွဲ၍ နတ်ဆိုးနဂါး၏ ဦးခေါင်းကို ခုတ်ပိုင်းလာသည်။ အလွန် ပြင်းထန်သော ဓားချက်များက နတ်ဆိုးနဂါးကို လွှမ်းခြုံလာသည်။
ထိုအချိန်၌ သူတော်စင် အထွတ်အထိပ်အဆင့် သိုင်းပညာရှင် နှစ်ယောက်၏ အရှိန်အဝါက ပြင်းထန်လွန်းလှသည်။ ၎င်းတို့ထံမှ ထွက်ပေါ်လာသော ဖိအားသည် ဘေးပတ်လည်မှ သိုင်းပညာရှင်များအား ထိတ်လန့်တကြား နောက်ဆုတ်သွားစေခဲ့သည်။
ထိုသို့နောက်ဆုတ်လိုက်တာတောင်မှ ဓားရောင်တစ်ချက်က သိုင်းပညာရှင်အချို့၏ အသားကို ဖြတ်မိ၍ သွေးထွက်လာလေသည်။ အားလုံး ဇောချွေးပြန်၍ ကြောက်လန့်နေသည်။
“မြတ်စွာဘုရား နှစ်ယောက်လုံးက အားကုန် ထုတ်သုံးနေကြတာပဲ”
သိုင်းပညာရှင်တိုင်း မျက်ခုံးလှုပ်နေကြသည်။ ဖုထျန်းနှင့် အီကွမ်နာတို့၏ တိုက်ကွက်က မိုးကောင်းကင်နှင့် မြေကြီးတို့အား ပျက်စီးစေသည်ကို သူတို့ သိနေကြသည်။
ယခုအခါတွင် ပြင်းထန်သော တိုက်ကွက်က နတ်ဆိုးနဂါး၏ ကိုယ်ပေါ်သို့ ကျရောက်လာသည်။
“သူတို့ အောင်မြင်တော့မှာလား”
ကပ်ဆိုးဂြိုဟ်၏ သိုင်းပညာရှင်တိုင်း အလွန် စိုးရိမ်၍ ချွေးပြန်နေကြပြီး မျက်စိရှေ့မှ မြင်ကွင်းအား မျက်တောင်မခတ်ဘဲ ကြည့်နေကြသည်။
ဒေါင်!
ထိုစဉ် နဂါးကိုယ်ပေါ်မှ မီးပွားများ လွင့်စဉ်လာသည်။ ပြင်းထန်သော ဓားချက်သည် နတ်ဆိုးနဂါး၏ ခန္ဓာကိုယ်အား တစ်ချက်လေးမှ မခုတ်ပိုင်းနိုင်ဘဲ ဓားရာများသာ ကျန်ရစ်ခဲ့သည်။
*သောက်ကျိုးနည်း …*
ဖုထျန်းနှင့် အီကွမ်နာတို့ အလွန် ထိတ်လန့်သွားသည်။ နဂါးတစ်ကောင်၏ ခန္ဓာကိုယ်က ဤမျှ မာကြောလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။ သူတို့၏ ဓားများနှင့်တောင်မှ ထိခိုက်အောင် မလုပ်နိုင်ချေ။
ဂါး!
သို့သော် ဤဓားချက်က နတ်ဆိုးနဂါး၏ ဒေါသကို ဆွလိုက်သလိုသာ ဖြစ်သွားလေသည်။ သူ၏ ဧရာမ ဦးခေါင်းကြီးက မြောက်တက်လာကာ ဖုထျန်းနှင့် အီကွမ်နာတို့အား ပုရွက်ဆိတ်များကို ကြည့်သကဲ့သို့ ကြည့်၍ သူ၏ သွေးစွန်းနေသော ပါးစပ်ကြီးအား ဟလာသည်။
လေတိုးသံနှင့်အတူ အလွန် ပြင်းထန်သော ဖိအားက သူတော်စင် အထွတ်အထိပ်အဆင့် နှစ်ယောက်အား လွှမ်းမိုးလာသည်။
“မကောင်းတော့ဘူး”
ထိုအချိန်၌ ဖုထျန်းနှင့် အီကွမ်နာတို့သည် မရဏ အငွေ့အသက်များက သူတို့ကို လွှမ်းခြုံလာသကဲ့သို့ ခံစားမိသည်။
နှစ်ယောက်သား အသည်းအသန် ထွက်ပြေးကြသည်။ သူတို့၏ အလျင်က မြန်သော်လည်း နတ်ဆိုးနဂါးက သူတို့ထက် ပိုမြန်နေသည်။
သူ့ခန္ဓာကိုယ်ကို တစ်ချက်တွန့်လိုက်သည်နှင့် သူသည် ဖုထျန်းနှင့် အီကွမ်နာတို့ပေါ်သို့ ရောက်လာသည်။
ထို့နောက် သူသည် အစွယ်များကို ဖြဲပြ၍ ဖုထျန်းတို့နှစ်ယောက်ကို ကိုက်ရန်ပြင်လာသည်။
“မလုပ်နဲ့”
ဖုထျန်းနှင့် အီကွမ်နာတို့ထံမှ ကြောက်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာ၏။ နှစ်ယောက်လုံး၏ ခန္ဓာကိုယ် အပေါ်ပိုင်း၌ နတ်ဆိုးနဂါး၏ အစွယ်များ ထိုးစိုက်သွားသည်။
သူတို့ ခန္ဓာကိုယ်မှ ရဲရဲနီသော သွေးများ ပန်းထွက်လာသည်။ ထို့အတူ နတ်ဆိုးနဂါး၏ ပါးစပ်က ပြန်ပိတ်သွားလေသည်။
ဂျွတ်! ဂျွတ်!
အရိုးကျိုးသံနှင့် အသားကို ဝါးစားသံများက အဆက်မပြတ် ထွက်ပေါ်လာ၏။ သွေးများက နတ်ဆိုးနဂါး၏ ပါးစပ်မှ စီးကျနေသည်။
အရိုးကျိုးသံနှင့်အတူ ဖုထျန်းနှင့် အီကွမ်နာတို့၏ ခန္ဓာကိုယ် အပေါ်ပိုင်းသည် နတ်ဆိုးနဂါး၏ ကိုက်စားခြင်းကို ခံလိုက်ရသည်။ ခန္ဓာကိုယ် အောက်ပိုင်းနှစ်ခုသာ မြေကြီးပေါ် ရပ်လျက် ကျန်ရှိလေသည်။ တစ်ခဏ အကြာ၌ မြေကြီးပေါ် လဲကျသွားသည်။
နဂါးကြီးသည် အကြိမ် အနည်းငယ်မှ ဝါးပြီးနောက် ဖုထျန်းနှင့် အီကွမ်နာတို့၏ ခန္ဓာကိုယ် အပေါ်ပိုင်းကို အကုန်အစင် မျိုချစားသောက်၍ ပြီးသွားလေသည်။
ထိုအချိန်၌ တစ်လောကလုံး တိတ်ဆိတ်၍နေ၏။
*သေသွားပြီ*
*ကပ်ဆိုးဂြိုဟ်ရဲ့ အကြမ်းဆုံး ဗိုလ်မှူးနှစ်ယောက်ဖြစ်တဲ့ ဖုထျန်းနှင့် အီကွမ်နာတို့က တစ်ချက်တည်းနဲ့ သူတို့ကိုယ်အပေါ်ပိုင်းအထိ ကိုက်စားတာ ခံလိုက်ရတယ်တဲ့လား*
*ထိတ်လန့်ဖို့ ကောင်းလိုက်တာ*
သိုင်းပညာရှင်များ၏ နဖူးမှ ချွေးများ တဒီးဒီး စီးကျလာသည်။ လူတိုင်း အရိုးကွဲမတတ် အေးစက်လာသလို ခံစားမိသည်။
လူတိုင်း၏ ထိတ်လန့် ကြောက်ရွံ့မှုကို နတ်ဆိုးနဂါးက အရေးမလုပ်ချေ။ သူသည် အရသာရှိသော အစားအသောက်ကို စားလိုက်ရသကဲ့သို့ အရသာခံနေသည့် မျက်နှာထားနှင့် ယဲ့ဖန်ကို လှမ်းကြည့်၍ ပြုံးလိုက်သည်။
“ငယဲ့ကြီး ဒါရောဘယ်လိုလဲ၊ ဒီခံ့ချောနဂါးကြီးက သူတို့ရဲ့ ကိုယ်အပေါ်ပိုင်းကိုပဲ စားလိုက်တာ၊ ဒီတော့ သူတို့ရဲ့ သုတ်ပိုးထွက်တဲ့ နေရာကို မစားမိဘူးမလား”
“ဟဲဟဲ … ဒီခံ့ချောနဂါးကြီးက ထက်မြက်ပြီး ပြိုင်ဘက်ကင်းတယ် မဟုတ်လား။ လူ့အရိုးတောင် မကျန်ဘူး”
ယဲ့ဖန် သူ့ကို ရွံတောင်ရွံလာသည်။
*ဣန္ဒြေလေးဘာလေး ဆယ်ပါဦးလားကွာ*
သူ့စကားကြောင့် ယဲ့ဖန် မျက်မှောင်ကြုတ်နေသည်။ သူ နှုတ်ခမ်းကို အသာတွန့်ကွေး၍ ပြောလိုက်သည်။
“မင်း ငတုံးက သုတ်ရည်က ဝမ်းဗိုက်ထဲမှာ ရှိတာလေ၊ မင်းက သူတို့ဗိုက်အထိ စားလိုက်တာလေကွာ”
*အမ်*
ယဲ့ဖန်၏ စကားကြောင့် နတ်ဆိုးနဂါး၏ အပြုံးက တောင့်တင်းသွားသည်။ ထို့နောက် နတ်ဆိုးနဂါး၏ မျက်နှာထားက သုန်မှုန်လာသည်။
သူ့ကိုယ်ကို တစ်ခဏမျှ တွန့်ကွေးပြီးနောက် နတ်ဆိုးနဂါးသည် စားထားသမျှကို ပြန်အန်လေသည်။
ဝေါ့! ဝေါ့! ဝေါ့!
သွေးစက်များက သိုင်းပညာရှင်များ၏ မျက်နှာသို့ လာစင်လေသည်။ ထို့အတူ အသားစများပါ သိုင်းပညာရှင်များ၏ မျက်နှာကို လာစင်သောကြောင့် အားလုံး ရူးမတတ် ဖြစ်လာကြသည်။
သို့သော် နတ်ဆိုးနဂါးက အဖတ်မလုပ်ဘဲ ဆက်တိုက် အော့အန်ရင်း ကျိန်ဆဲနေ၏။
“ခွေးမသား၊ ခွေးမသား၊ ခွေးမသား”
“ဒီဘိုးဘိုးကြီးက နှစ်တွေ ဒီလောက် အကြာပြီးနေပြီးမှ အစွမ်းပြတာကို ဟိုဟာကို စားမိရတယ်လို့၊ ရွံလိုက်တာ”
ထိုအခိုက်တွင် နတဆိုးနဂါးသည် လိင်အင်္ဂါကို ထွေးထုတ်မိသည်။
နတ်ဆိုးနဂါး၏ ဝမ်းချုပ်သကဲ့သို့သော မျက်နှာထားကို ကြည့်ပြီး ယဲ့ဖန် စိတ်ညစ်သွားသည်။
“လူတွေကို စားတာက အန္တရာယ်များတယ်၊ မင်း သတိထားဖို့လိုတယ်၊ မင်းကိုယ်မင်း ညီငယ်လေးကို စားတဲ့ ထိပ်တန်း ဧကရာဇ်လို့ နာမည် ပြောင်းလိုက်ပါလား”
Chapter 533 ဝံပုလွေလေး၏ သေရေးရှင်ရေး အခြေအနေ
တတိယဗိုလ်မှူးစံအိမ်။
စံအိမ်ထဲ၌ တတိယဗိုလ်မှူးသည် စားပွဲဝိုင်း၌ ထိုင်ရင်း လက်ဘက်ရည်ခွက်ကို ကိုင်ကာ အားရကျေနပ်သော မျက်နှာထားနှင့် စိတ်ကျေနပ်နေ၏။
“ဒီအချိန်လောက်ဆို သူတို့ ဒီရောက်သင့်ပြီ၊ ဖုထျန်းနဲ့ အီကွမ်နာတို့ ဟိုသောက် နဂါးနက်ကောင်ကို လွှမ်းမိုးနိုင်ပြီလား မသိဘူး”
ဖုထျန်းနှင့် အီကွမ်နာတို့ ရက်စက်ပုံကို တွေးမိပြီးနောက် သူသည် လှောင်ပြုံးပြုံးနေ၏။ ထို့နောက် လက်ဘက်ရည်ခွက်ကို ကိုင်၍ တစ်ငုံသောက်လိုက်သည်။
အစောင့်တစ်ယောက်က ခပ်သွက်သွက် ဝင်လာပြီး တစ္ဆေသူတော်စင်အား အရိုအသေ ပေး၍ ပြောလိုက်သည်။
“တတိယဗိုလ်မှူးကို အစီရင်ခံပါတယ်၊ ရွှမ်ထုံ ပြန်ရောက်လာပါပြီ”
*ဟမ်*
ထိုစကားကြောင့် တစ္ဆေသူတော်စင်သည် မှင်တက်နေပြီးမှ ပျော်မြူးသွားလေသည်။
“ဟုတ်ပြီလေ၊ ကောင်းတယ်၊ ကြည့်ရတာ ဟိုကောင် သေပြီထင်တယ်”
ထိုသို့ တွေးမိပြီးနောက် သူ အစောင့်ကို ခပ်မြန်မြန် ပြောလိုက်သည်။
“ရွှမ်ထုံကို မြန်မြန်ဝင်လာခိုင်းလိုက်”
ထိုအစောင့် ပြန်ထွက်သွားပြီးနောက် ကြောက်လန့်တကြား ဖြစ်နေသော လူတစ်ယောက်က အပြေးအလွှား ဝင်လာလေသည်။
ထိုသူသည် ရွှမ်ထုံပင် ဖြစ်လေသည်။ သို့သော် သူ့မျက်နှာသည် သရဲသဘက်နှင့် တွေ့ခဲ့ရသကဲ့သို့ ဖြူဖပ်ဖြူရော် ဖြစ်နေသည်။
ခန်းမထဲရောက်သည်နှင့် သူက တစ္ဆေသူတော်စင်ရှေ့ ဒူးထောက်လေသည်။
*ဟမ်*
ဤမြင်ကွင်းကြောင့် သူ အံ့ဩသွားပြီး မျက်မှောင်ကြုတ်၍ ခပ်သွက်သွက် မေးလိုက်သည်။
“ရွှမ်ထုံ၊ မင်း ဘာဖြစ်နေတာလဲ၊ ဟိုကောင် သေပြီလား”
“သေပြီ … သေပြီ”
ရွှမ်ထုံ၏နဖူးမှ ချွေးစေးများ တတောက်တောက် စီးကျလာသည်။ သူ၏ စကားကြောင့် တစ္ဆေသူတော်စင်၏ မျက်နှာက ပို၍ကျေနပ်သွားပုံ ပေါ်လာ၏။ မကြာခင်မှာပင် သူ့အပျော်များ အားလုံး အေးခဲသွားရသည်။
“ဖုထျန်းနဲ့ အီကွမ်နာတို့ နှစ်ယောက်လုံး သေကုန်ပြီ”
*ဘာ*
ထိုစကားကြောင့် သူ ထခုန်မိတတ် ဖြစ်သွားပြီး ကိုယ့်နားကိုယ် မယုံနိုင် ဖြစ်နေ၏။
“ရွှမ်ထုံ မင်း ရှင်းရှင်းပြောစမ်း၊ ဟိုကောင် သေတာလား၊ ဒါမှမဟုတ် ဖုထျန်းနဲ့ အီကွမ်နာတို့ သေတာလား”
သူ ရင်တဒုန်းဒုန်းခုန်နေပြီး သူ ကြားခဲ့သည့်စကားက မှားပါစေဟု သူ မျှော်လင့်နေသည်။
“အရှင် … ဒီစကားတွေက အမှန်ပါ၊ အရှင် ဖုထျန်းနဲ့ အရှင် အီကွမ်နာအပြင် ရာချီတဲ့ ကပ်ဆိုးဂြိုဟ်ရဲ့ နတ်ဘုရားမျိုးနွယ်တွေအားလုံး … သေကုန်ပါပြီ”
သူ့စကားသည် မိုးကြိုးပစ်ချလိုက်သကဲ့သို့ တစ္ဆေသူတော်စင်အား မှင်တက်သွားစေသည်။
“မဟုတ်ဘူး … ဘယ်လိုလုပ် ဒီလို ဖြစ်ရမှာလဲ၊ ဘယ်လိုလုပ် ဖုထျန်းနဲ့ အီကွမ်နာက သေရမှာလဲ”
ဖုထျန်းနှင့် အီကွမ်နာတို့၏ ခွန်အားကို သူ အသိဆုံး ဖြစ်သည်။ နှစ်ယောက်စလုံးသည် သူ့ထက် အဆပေါင်းများစွာ ပိုသန်မာလေသည်။ ပြောရလျင် ဝံပုလွေအဖွဲ့မှလွဲ၍ သူတို့ကို ယှဉ်နိုင်သည့် ရန်သူ အနည်းငယ်သာ ရှိသည်။ သို့သော် ယခုအခါတွင် …
“ပြောစမ်း၊ ဘယ်လိုတွေ ဖြစ်ကုန်တာလဲ၊ သူတို့ ဘယ်လို သေသွားတာလဲ”
သူ့မျက်နှာ၌ ထိတ်လန့်ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေ၏။ သူ့အမေးကြောင့် ရွှမ်ထုံက အားတင်း၍ သူ့ကို ပြန်ပြောပြလေသည်။
“ဗိုလ်မှူးနှစ်ယောက်နဲ့ ရာချီတဲ့ နတ်ဘုရားမျိုးနွယ် အစောင့်အားလုံး နဂါးနက် အရှင်သခင်ရဲ့ အိမ်မွေးသားရဲကြီး ဝါးစားတာကို ခံလိုက်ရပါတယ်”
ထိုအချိန်တွင် သူ၏ ခြေထောက်များက ပျော့ခွေလာပြီး စိတ်ဓာတ်ကျကာ ကြမ်းပြင်ပေါ် ပစ်လဲကျသွားသည်။ ခေါင်းစခြေဆုံး အေးစက်တောင့်တင်းလာပြီး ကြက်သီးမွေးညင်း ထလာသည်။
*အိမ်မွေးသားရဲ*
*ဗိုလ်မှူးနှစ်ယောက်က တကယ်ပဲ အိမ်မွေးသားရဲ စားလိုက်တာကို ခံလိုက်ရတာလား*
*မဖြစ်နိုင်လိုက်တာ*
ချက်ချင်းဆိုသလိုပင် ရွှမ်ထုံက အဖြစ်အပျက်များကို အသေးစိတ် ထပ်ပြောပြလာသည်။ သူ နားထောင်လေ သူ ပို၍ မျက်နှာပျက်ယွင်းလာလေ ဖြစ်လာ၏။
“မကောင်းဆိုးဝါး၊ ဒီလူက မကောင်းဆိုးဝါးပဲ”
သူ တစ်ကိုယ်လုံး အေးစက်တုန်ယင်လာပြီး မတ်တပ် ထရပ်လိုက်သည်။
“မြန်မြန်လုပ်၊ မြင်နဂါး အသင့်ပြင်ထား၊ ငါ ဒီအကြောင်းကို ဝံပုလွေလေးကို ပြောပြမှဖြစ်မယ်”
ရုတ်တရက် သူ သွေးပျက် ခြောက်ခြားလာသည်။
.....
တစ်ချိန်တည်းမှာပင် ကပ်ဆိုးဂြိုဟ်ပေါ်၌ ဂြိုဟ်သခင်များအားလုံးသည် နှစ်တစ်ထောင်မှ တစ်ခါ ကျင်းပသော ညီလာခံသို့ ရောက်နေကြသဖြင့် အသက်ဝင်၍ အမြင်ဆန်းနေ၏။
သို့သော် ယနေ့တွင် ကပ်ဆိုးဂြိုဟ်ပေါ်မှ သတင်းတစ်ခုကြောင့် ဂြိုဟ်သခင်များအားလုံး ထိတ်လန့်သွားကြသည်။
ထိုသတင်းသည် ကပ်ဆိုးဂြိုဟ်၏ ပထမဗိုလ်မှူး ဖုထျန်းနှင့် ဒုတိယဗိုလ်မှူး အီကွမ်နာတို့နှင့်အတူ ရာချီသော သူတော်စင်အဆင့် နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်များ အားလုံး နဂါးနက် အရှင်သခင်၏ အိမ်မွေးသားရဲကြီး၏ ဝါးမျိုခြင်း ခံလိုက်ရသည်ဟူသော သတင်းပင်။
ကပ်ဆိုးဂြိုဟ်တစ်ခုလုံး အုတ်အော်သောင်းတင်း ဖြစ်သွားလေသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် နဂါးနက် အရှင်သခင်၏ နာမည်က လူတိုင်း၏ နားထဲသို့ မိုးခြိမ်းသံသဖွယ် ဝင်ရောက်လာသည်။
ထိုသည်သာမကချေ။ သူတို့သည် ဝံပုလွေအဖွဲ့ တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာသည်နှင့် ဝံပုလွေလေးနှင့် နဂါးနက် အရှင်သခင်တို့၏ တိုက်ပွဲကို စောင့်မျှော်နေကြသည်။
.....
ကပ်ဆိုးဂြိုဟ်၏ အနောက်ဘက်၌ ဂြိုသ်သေတစ်ခု ရှိသည်။ ထိုဂြိုဟ်ပေါ်၌ မည့်သည့်အရာမှ မရှိဘဲ ဖုန်တထောင်းထောင်း ထနေ၏။ ထိုဂြိုဟ်၏ အတွင်းတစ်နေရာ၌ ဧရာမ ဂူကြီး တစ်လုံး ရှိလေသည်။
ထိုဂူ၏ အဝင်ဝ၌ လူအိုကြီးတစ်ယောက်နှင့် လူငယ်တစ်ယောက်တို့ ငြိမ်သက်စွာ ရပ်နေကြသည်။ ထိုသူတို့သည် အဘိုးအိုတစ်ယောက်နှင့် မိန်းမပျိုလေးတစ်ယောက်တို့ ဖြစ်လေသည်။
“ဘိုးဘိုး ရွှမ်ဖုန်း၊ ဒီနေရာက ဝံပုလွေအဖွဲ့ရဲ့ နေရာလား”
ထိုအမျိုးသမီးသည် နတ်မိမယ် ခုန်လင်သာ ဖြစ်ပြီး သူမဘေးမှ အဘိုးအိုသည် သူမတို့ ခုန်ကလန်၏ အကြီးအကဲ ဖြစ်လေသည်။
ခုန်လင်သည် ကပ်ဆိုးဂြိုဟ်၌ သူမ၏ ဆန်းကျယ်သော အဘိုးနှင့် တွေ့ရလိမ့်မည်ဟု ထင်မထားမိချေ။ သူမ ကလန်မှ အဘိုးသည် နာမည်ကြီး ဝံပုလွေလေး၏ ဘဏ္ဍာစိုး ဖြစ်နေလိမ့်မည်ဟု ထင်မထားမိချေ။
ခုန်လင်၏ စကားကြောင့် ခုန်ရွှမ်ဖုန်းက ပြုံးလိုက်သည်။
“လင်အာ၊ သမီး ဘာမှမသိပါဘူး။ ဝံပုလွေလေးရဲ့ ကျင့်စဉ်နဲ့ အထင်ကြီးရလောက်တဲ့ ခွန်အားက မိုးထိုးနေတာ။ သူ အောင်မြင်သွားတာနဲ့ ဂြိုဟ်တစ်ခုလုံးကို ဖျက်ဆီးသွားမှာ”
“အဲ့ဒါကြောင့် ဘိုးဘိုးက ကပ်ဆိုးဂြိုဟ်ကို ထိခိုက်မိမှာစိုးလို့ ဒီနေရာကို လာရှောင်နေတာပဲ”
*ဘယ်လို*
ခုန်လင် မှင်တက်သွားသည်။
*အောင်မြင်သွားတာနဲ့ ဂြိုဟ်တစ်ခုလုံး ပျက်စီးသွားမယ်တဲ့လား*
*ကြောက်စရာ ကောင်းလိုက်တာ*
“ခဏစောင့်ဦး၊ မနက်ဖြန် ဝမ်ရှင်း ညီလာခံ စမှာဆိုတော့ ဒီနေ့ ဝံပုလွေလေး သေချာပေါက် ထွက်လာလောက်တယ်”
ခုန်ရွှမ်ဖုန်းက ထိုသို့ပြောပြီး သူ၏မြေးမလေးကို မျှော်လင့်တကြီး ကြည့်လိုက်သည်။
“လင်အာ၊ ဝံပုလွေလေးမှာ တာအို လက်တွဲဖော် မရှိဘူး။ သမီးက ဘိုးဘိုးတို့ ခုန်ကလန်ရဲ့ အံ့ဩစရာ အကောင်းဆုံး နတ်မိမယ်လေးပဲ၊ သမီးသာ ဝံပုလွေလေးရှေ့မှာ ကောင်းကောင်း စွမ်းဆောင်ပြနိုင်မယ်ဆိုရင် သမီး အခွင့်အရေး ရလာလောက်တယ်”
ထိုစကားက ခုန်လင်အား အလွန် ဝမ်းသာသွားစေသည်။ ဤဝံပုလွေလေးကိုသာ ခိုကပ်နိုင်ပါက ခုန်လင် မျှော်လင့်နေသော အရာကို ရလာနိုင်လောက်သည်။
ဤသို့တွေးနေရင်းနှင့် ခုန်လင်သည် မရည်ရွယ်ဘဲ ယဲ့ဖန်ကို အမှတ်ရသွားသည်။ သူမ ခေါင်းအသာခါလိုက်သည်။
ယဲ့ဖန်၏ ကြောက်မက်ဖွယ် ဧရာမ နဂါးနက်ကြီးက သူမအား မှင်တက်အံ့ဩအောင် လုပ်နိုင်သော်လည်း ဝံပုလွေလေးသာလျင် သူမ၏ အစစ်အမှန် ကယ်တင်ရှင်သာ ဖြစ်မည်ဟု ခံစားမိနေသည်။
ပြောရလျင် ဝံပုလွေလေးသည် အလွန် နာမည်ကြီးပြီး ယဲ့ဖန်က ပို၍ ဆန်းကြယ်လျင်တောင်မှ သူသည် နတ်ဘုရား ဂိုဏ်းချုပ်တစ်ပိုင်းအဆင့်သာ ဖြစ်သည်။
ဝုန်း! ဝုန်း! ဝုန်း!
သူတို့ စောင့်နေကြစဉ်တွင် ဂြိုဟ်သေ၏ အပြင်ဘက် လေထုလွှာသည် ကမ္ဘာပျက်ကပ် ဆိုက်ရောက်လာလေသကဲ့သို့ အက်ကွဲလာသည်။
ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ် လူနှစ်ယောက် ရောက်ရှိလာ၏။ ထိုလူနှစ်ယောက် ရောက်ရှိလာခြင်းနှင့်အတူ ဂြိုဟ်သေတစ်ခုလုံး မြည်ဟီးကာ တုန်ခါလာလေသည်။
သူတို့ကို မြင်ပြီး ခုန်ရွှမ်ဖုန်းနှင့် ခုန်လင်တို့ အံ့ဩသွားကြသည်။ ထိုလူနှစ်ယောက်ကို သတိထားမိပြီးနောက် ခုန်ရွှမ်ဖုန်း ကြက်သီးထလာသည်။
“မကောင်းတော့ဘူး၊ အဲ့ဒါ တစ္ဆေ ဂြိုဟ်စုနယ်မြေက နံပါတ်တစ် ပါရမီရှင် ဟူယန်နဲ့ ထျန်းမင် ဂြိုဟ်စုနယ်မြေက နံပါတ်တစ် ပါရမီရှင် မော်ဒိုပဲ”
“သူတို့က ဝံပုလွေလေးရဲ့ ရန်သူတွေ”
ထိပ်တန်း ပါရမီရှင်နှစ်ယောက်၊ အကြမ်းတမ်းဆုံး ရန်သူများ။
ဟူယန်သည် ပါရာကူတာ ဂြိုဟ်စုနယ်မြေကို စိုးမိုး၍ မော်ဒိုက ထျန်းမင် ဂြိုဟ်စုနယ်မြေကို စိုးမိုးသည်။
ထိုလူနှစ်ယောက်သည် ကပ်ဆိုးဂြိုဟ်မှ ဝံပုလွေလေးနှင့် သိပ်လက်ရည်မကွာလှချေ။
ဤမြင်ကွင်းကြောင့် ခုန်လင် အလွန်အမင်း ဖြူရော်လာသည်။ သူတို့၏ ထိတ်လန့်နေသော အကြည့်အောက်၌ မိုးခြိမ်းသံကဲ့သို့သော အသံနှစ်သံ ထွက်ပေါ်လာလေသည်။
“ဟဲဟဲ … ဟေ့ ဝံပုလွေ၊ မင်းနဲ့ငါ အရင်တစ်ခေါက် တိုက်ပွဲတုန်းက အနိုင်မရလိုက်ဘူး၊ ဒီနေ့ ထွက်လာခဲ့စမ်း၊ သေခြင်းရှင်ပွဲ တိုက်ပွဲ ဆင်နွှဲရအောင်”
ဟူယန်၏ မျက်လုံးများက အေးစက်၍ လှောင်ပြုံးပြုံးနေသည်။ ဘေးနားမှ မော်ဒိုကလည်း ပျက်ရယ်ပြုလေ၏။
“ဝံပုလွေ ငါ့ရန်သူလေးကို ငါ နောက်ဆုံးအကြိမ် အရိုအသေ ပေးရမလား”
ခြိမ်းခြောက်နေခြင်းပင်။ ထိုဂြိုဟ်စုနယ်မြေနှစ်ခု၏ ပါရမီရှင်များသည် အလွန် ညီညွတ် နေကြသည်။ နှစ်ယောက်ပူးပေါင်း၌ ဝံပုလွေလေးကို အနိုင်ယူချင်နေကြသည်မှာ ရှက်စရာ ကောင်းလှသည်။
Chapter 534 ဝံပုလွေလေး ထွက်လာပြီ
ကြောက်မက်ဖွယ် ကောင်းလှသည်။ ထိုသို့သောအချိန်၌ ဟူယန်နှင့် မော်ဒိုတို့၏ ပြင်းထန်သော စွမ်းအင်ကို ခံစားမိပြီး ခုန်ရွှမ်ဖုန်းနှင့် ခုန်လင်တို့ ကြက်သီးမွေးညင်း ထလာကြသည်။
ထိုသူမတူအောင် ထူးချွန်သော ပါရမီရှင်နှစ်ယောက်ရှေ့၌ သူတို့သည် ပုရွက်ဆိတ်များကဲ့သို့ အားနည်းလှသည်ကို သူတို့ ရှင်းလင်းစွာ ခံစားမိနေသည်။ တစ်ဖက်လူက လက်လေးတစ်ချောင်း လှုပ်လိုက်ရုံနှင့် သူတို့ သေသွားလောက်သည်။
“ဘိုးဘိုးရွှမ်ဖုန်း၊ ဝံပုလွေလေးအတွက် အန္တရာယ်ထဲ ရောက်တော့မှာလား”
ခုန်လင်း စိုးရိမ်မကင်း ဖစ်နေ၏။ ဝံပုလွေလေးကဲ့သို့ လူအထင်ကြီးလောက်သည့် ထောက်ပံ့ပေးနိုင်သူမျိုး သူမ ယခုမှ ရှာတွေ့ကဲ့သဖြင့် ဝံပုလွေလေး အန္တရာယ် ဖြစ်မည်ကို သူမ မလိုလားချေ။ သူမစကားကြောင့် ရွှမ်ခုန်ဖုန်း၏ မျက်နှာက မသိမသာ သုန်မှုန်လာသည်။
“မသိဘူး … ဘိုးဘိုး မသိတော့ဘူး”
“ဟူယန်နဲ့ မော်ဒိုတို့ နှစ်ယောက်လုံးက ထိပ်တန်း မိစ္ဆာလိုလူမျိုးတွေပဲ၊ တစ်ယောက်ချင်းစီဆို ဝံပုလွေလေး နိုင်နိုင်တယ်၊ ဒါပေမဲ့ အခု နှစ်ယောက်က အတူပူးပေါင်းထားတာဆိုတော့ ဝံပုလွေလေး ဒုက္ခရောက်မှာကို အဘိုး စိုးရိမ်တယ်”
ခုန်ရွှမ်ဖုန်း၏ စကားများက ခုန်လင်းအား ထိတ်လန့်၍ ဖြူဖပ်ဖြူရော် ဖြစ်သွားစေသည်။ ထိုအချိန်၌ သူတို့နှစ်ယောက်သည် ဂူကြီးထဲသို့ အကြည့်ရောက်သွားကြသည်။ သူတို့ စိုးရိမ်နေကြလေသည်။
ကောင်းကင်ထက်မှ ဟူယန်နှင့် မော်ဒိုတို့သည် ဂူပေါက်ဝ၌ မည်သည့် လှုပ်ရှားမှုကိုမှ မတွေ့ရသည်ကို လှောင်ပြုံးပြုံးသွားသည်။
“ဟီးဟီး … ဘာလဲ၊ မြင့်မြတ်ပါတယ်ဆိုတဲ့ ဝံပုလွေလေး မင်း သတ္တိကြောင်နေပြီလား”
ထိုစကားသံနှင့်အတူ ဟူယန်က လက်ကိုလှုပ်လိုက်သောအခါ ငွေရောင်ဓားတစ်လက်က လျှပ်စီးသဖွယ် ဂူပေါက်ဝသို့ ပြေးဝင်သွားလေသည်။
ရွှစ်!
ငွေရောင်ဓားရှည်သည် ဂူပေါက်ဝသို့ ရောက်သည်နှင့် လှစ်ခနဲ ပျောက်ကွယ်သွားသည်။ ဘာအသံမှ ထွက်မလာသဖြင့် ထူးဆန်းလှသည်။ ထိုဂူဝသည် မိစ္ဆာတစ်ကောင်ကြီး၏ ပါးစပ်လေလားဟု ထင်မှတ်မှားရပြီး အရာအားလုံးကို ဝါးမျိုသွားလေသည်။
ဤအဖြစ်ကြောင့် ဟူယန်နှင့် မော်ဒိုတို့ မျက်မှောင်ကြုတ်သွားသည်။
“ပုန်းနေတယ်ပေါ့လေ”
“ဝံပုလွေလေး မင်းက တိုက်ပွဲကို ထွက်မတိုက်ချင်မှတော့ ငါတို့က မင်း ထွက်လာအောင် ဖိအားပေးရတာပေါ့”
ထိုသို့ပြောပြီးနောက် သူတို့နှစ်ယောက်သည် အချင်းချင်း ပြန်ကြည့်လာပြီး ရက်စက် ယုတ်မာတော့မည့် အမူအယာမျိုး ထင်ဟပ်လာကြသည်။
ဝုန်း! ဝုန်း! ဝုန်း!
နှစ်ယောက်လုံး လက်ဝါးချက်တစ်ချက်ကို ထုတ်ဖော်လိုက်သောအခါ ကြောက်မက်ဖွယ် လက်သဏ္ဌာန် လှိုင်းလုံးများ ထွက်ပေါ်လာပြီး ဂူပေါက်ဝအား ဆွဲခါယမ်းမည့်ဟန်ဖြင့် တိုးဝင်သွားလေသည်။ ထိုလက်ဝါးချက်သည် ဂြိုဟ်တစ်ခုလုံးကို ဖမ်းဆုပ်ထားနိုင်ပုံရသည်ဟု ထင်မှတ်ရလေ၏။
“သေချင်နေတာပဲ”
ထိုစဉ် ဩရှရှနှင့် အေးစက်စက် အသံတစ်သံက ဂူထဲမှ ထွက်ပေါ်လာလေသည်။
ဝုန်း!
ရုတ်တရက် ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာ၏။ ဂြိုဟ်သေတစ်ခုလုံး ပျက်စီးတော့မည့်အလား အက်ကွဲရာများ ပေါ်ပေါက်လာသည်။
ထို့အတူ ဂူကြီးတစ်ခုလုံး ပေါက်ကွဲလာ၏။ ထို့နောက် ဂူထဲမှ ကြောက်မက်ဖွယ် ဝံပုလွေလက်သည်း တစ်စုံ ထွက်ပေါ်လာသည်။ ထိုဝံပုလွေလက်သည်းများသည် အလွန် ကြီးမားလှသည်။ ထိုလက်သည်းနှင့်တင် ဂြိုဟ်များကို ချေမွရန် လုံလောက်နေလေပြီ။
ထိုလက်သည်းများသည် လျှပ်စီးသဖွယ် လျင်မြန်လှသည့် အရှိန်ဖြင့် ကောင်းကင်ထက်မှ ဟူယန်နှင့် မော်ဒိုတို့အား ဖမ်းဆုပ်ရန် ပြင်လာသည်။
“တစ်ယောက်တည်းနဲ့ ရန်သူနှစ်ယောက်ကို ဖမ်းချင်တယ်ပေါ့၊ ဝံပုလွေလေး မင်း တော်တော် ဘဝင်မြင့်တာပဲ”
ဟူယန်နှင့် မော်ဒိုတို့ နှစ်ယောက်လုံး ပျက်ရယ်ပြုလာကြသည်။ တစ်ယောက်ချင်းစီ တိုက်ခိုက်ရမည်ဆိုလျင် သူတို့သည် ပြိုင်ဘက်များ မဟုတ်ကြချေ။
သို့သော် သူတို့နှစ်ယောက်ပေါင်းလိုက်မည်ဆိုပါက သူတို့ ဝံပုလွေလေးကို သတ်နိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိနေသည်။
ထိုသို့သောအချိန်၌ နှစ်ယောက်လုံးသည် လှောင်ပြုံးပြုံး၍ ဝံပုလွေလက်သည်းအား ပြင်းထန်သည့် အရှိန်ဖြင့် ပြန်၍ တိုက်ခိုက်လေသည်။
ဝုန်း!
မျက်စိတစ်မှိတ်အတွင်းမှာပင် ပါရမီရှင်နှစ်ယောက်၏ ဧရာမ လက်ဝါးနှစ်ဖက်က ဝံပုလွေ လက်သည်းများနှင့် ထိပ်တိုက် တွေ့ဆုံသွားလေသည်။
ကြောက်မက်ဖွယ် ကောင်းလှသော အရှိန်အဝါကြောင့် ခုန်လင်နှင့် ခုန်ရွှမ်ဖုန်းတို့ နှစ်ယောက်လုံး မီတာ တစ်ရာခန့် လွင့်ထွက်သွားလေသည်။
မြေးအဘိုးနှစ်ယောက်လုံး ထိတ်လန့်နေကြသည်။ ထိုစဉ် ပို၍ အံ့ဩစရာကောင်းသည့် အဖြစ်အပျက်က ယခုမှ စတင်လာလေတော့သည်။
ဂျွတ်! ဂျွတ်!
ဟူယန်နှင့် မော်ဒိုတို့၏ ဧရာမလက်ဝါး၌ ပင့်ကူမျှင်ကဲ့သို့ အက်ရာများ ပေါ်ထွက်လာသည်။ ထို့နောက် ထိုလက်ဝါးနှစ်ခုလုံး ပျက်စီးသွားလေသည်။
“ချီးတဲ့မှပဲ”
ဟူယန်နှင့် မော်ဒိုတို့ အကြီးအကျယ် မျက်နှာပျက်သွားကြသည်။ ထိတ်လန့်ဖွယ် ဝံပုလွေ လက်သည်းတစ်စုံက သူတို့၏ ဧရာမ လက်ဝါးများကို ဖျက်ဆီးပြီးနောက် သူတို့ထံ ပြေးဝင်လာသည်ကို တွေ့လိုက်ရသည်။ မရဏ အငွေ့အသက်များက သူတို့ကို လွှမ်းခြုံလာသည်။ နှစ်ယောက်လုံး လိပ်ပြာလွင့်မတတ် ကြောက်လန့်လာလေသည်။
“မလုပ်နဲ့”
နှစ်ယောက်လုံး မရှောင်တိမ်းနိုင်တော့ဘဲ ရုတ်တရက် ဝံပုလွေလက်သည်း၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။
ယခုအချိန်၌ ပါရမီရှင် နှစ်ယောက်သည် ဝံပုလွေလက်သည်းအောက်၌ ပုရွက်ဆိတ်ကဲ့သို့ အားနည်းလာလေသည်။
ထိတ်လန့်တကြား အော်ဟစ်သံများနှင့်အတူ ဝံပုလွေလက်သည်းများက သူတို့ကို ဖျစ်ညှစ်လာသည်။
ထိပ်တန်း ပါရမီရှင်နှစ်ယောက်လုံးသည် ချက်ချင်း ပေါက်ကွဲ၍ သေဆုံးသွားလေတော့သည်။ ရဲရဲနီသော သွေးများက မိုးစက်သဖွယ် ကောင်းကင်ထက်မှ ကျဆင်းလာသည်။
ဟူယန်နှင့် မော်ဒိုတို့နှစ်ယောက်လုံး အရိုးပင် မကျန်ရစ်ခဲ့ချေ။
*သေသွားပြီလား*
*ပါရာကူတာ ဂြိုဟ်စုနယ်မြေနဲ့ ထျန်းမင် ဂြိုဟ်စုနယ်မြေက နံပါတ်တစ် ပါရမီရှင်နှစ်ယောက်က ဒီလိုမျိုး တစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရတယ်တဲ့လား*
အလွန်တရာ ကြောက်လန့်စိတ်များက ခုန်ရွှမ်ဖုန်းနှင့် ခုန်လင်တို့ နှလုံးသားအား စိုးမိုးလာပြီး တစ်ကိုယ်လုံး အေးစက်၍ တုန်ယင်နေကြသည်။
ဂလု!
ထိုအချိန်၌ ခုန်လင်သည် မနေနိုင်ဘဲ တံတွေးမျိုချမိသွားသည်။ သူမ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်အောင် ဖြစ်နေသည်။
*သန်မာလိုက်တာ*
သူမဘဝ၌ ဤမျှ ခွန်အားကြီးသောသူမျိုး တစ်ခါမှ မမြင်ဖူးချေ။ ဝံပုလွေလက်သည်း တစ်စုံတည်းနှင့် ပါရမီရှင် နှစ်ယောက်ကို ညှစ်သတ်လိုက်နိုင်စွမ်း ရှိသည်။
“တော်လိုက်တာ … တကယ် သန်မာတာပဲ”
ချက်ချင်းဆိုသလိုပင် ဝံပုလွေလေး၏ ပုံရိပ်က သူမနှလုံးသားကို စိုးမိုးသွားလေသည်။
ခုန်ရွှမ်ဖုန်းသည်လည်း စိတ်လှုပ်ရှားနေ၏။ နီမြန်းနေသော မျက်နှာနှင့် မြေကြီးပေါ် ဝပ်တွား၍ ဂူပေါက်ဝသို့ အော်ပြောလိုက်သည်။
“ကျွန်အိုကြီးက သခင်လေး တံခါးပိတ် ကျင့်ကြံရာက ထွက်လာတာကို ကြိုဆိုပါတယ်”
ဝုန်း!
ထိုစကားသံအဆုံး၌ ဂြိုဟ်သေတစ်ခုလုံး လုံးဝပေါက်ကွဲသွားသည်။ ဂြိုဟ်၏ ကျောက်တုံးကျောက်ဆောင် အပိုင်းအစများ လွင့်စဉ်နေ၏။ ထိုကျောက်တုံးများ၏ အလယ်၌ အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက် ထွက်ပေါ်လာသည်။
ထိုသူသည် ဝံပုလွေလေးပင်။ အင်အားကြီး၍ ဖိနှိပ်နိုင်စွမ်း ရှိသည်။ သူသည် ကောင်းကင်၌ ရပ်တန့်နေသော်ငြားလည်း လူတို့အား ကတုန်ကယင် ဖြစ်စေနိုင်သည့် ဖိအားများ ပေးစွမ်းနိုင်သည်။
ကြောက်စရာကောင်းသည့် ပြိုင်ဘက်ကင်းသော သားရဲရိုင်းတစ်ကောင် ပြန်လည်မွေးဖွား လာလေသလားဟု ထင်မှတ်ရသည်။
ထိတ်လန့်စရာ ကောင်းလှပေ၏။
“နှုတ် … ဝံပုလွေလေးကို နှုတ်ဆက်ပါတယ်”
ထိုအနက်ရောင်ဝတ်စုံနှင့် လူငယ်ကို မြင်ပြီး ခုန်လင်၏ လှပသော မျက်နှာလေးသည် စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေပြီး ချက်ချင်း ဒူးထောက်လိုက်မိသည်။
ဝံပုလွေ၏ အမူအယာကတော့ အရေးမလုပ်ဟန် ပေါ်နေ၏။ သူသည် ခုန်ကလန်၏ ဘိုးဘေးနှင့် မြေးမလေးတို့ အရိုအသေပေးသည်ကို အဖက်မလုပ်သည့်ပုံပင်။
သူ၏အကြည့်များက ကပ်ဆိုးဂြိုဟ်ရှိရာ အရပ်သို့သာ အကြည့်ရောက်နေပြီး စကြဝဠာအား ဖောက်ထွင်းမြင်ရပုံပေါ်ပြီး ကပ်ဆိုးဂြိုဟ်မှ အစောင့်တစ်ယောက် ပြေးလာနေသည်ကို မြင်နေပုံပေါ်သည်။
ထိုစဉ် ထိတ်လန့်ဖွယ် စစ်တပ်တစ်ခုက သူ့ထံသို့ အသည်းအသန် ပြေးလာနေ၏။ ထိုစစ်တပ်၏ ခေါင်းဆောင်မှာ တတိယဗိုလ်မှူးပင် ဖြစ်လေသည်။
ဝံပုလွေလေးကို မြင်သည်နှင့် နဖူးမှ ချွေးတဒီးဒီးကျကာ မြင်းနဂါးပေါ်မှ အသည်းအသန် ခုန်ဆင်းလိုက်သည်။ စစ်တပ်ကြီးနှင့်အတူ ဝံပုလွေလေးရှေ့၌ ဒူးထောက်ခစားလာသည်။
“ကျွန်တော်မျိုး သခင်လေး တံခါးပိတ် ကျင့်ကြံရာကနေ ပြန်ထွက်လာတာကို ကြိုဆိုပါတယ်”
ထိုသို့ပြောပြီးနောက် အားလုံးသည် အံ့အားသင့်၍ ပျော်ရွှင်နေဟန်များဖြင့် ဝပ်တွားကြလေသည်။ ထိုသူတို့ကိုကြည့်ပြီး ဝံပုလွေလေး၏ မျက်လုံးက မသိမသာ လက်သွားသည်။
“မင်းတို့ ဒီကို ကသုတ်သရိုက် ရောက်လာကြတာပဲ၊ မင်းတို့မှာ အရေးကြီးကိစ္စတစ်ခုခု ရှိလို့လား”
ထိုစကားကြောင့် တတိယဗိုလ်မှူး ရင်တုန်သွားပြီး ကိုယ့်ကိုယ်ကိုယ် ရဲဆေးတင်၍ ပြောလိုက်သည်။
“သခင်လေး၊ ဖုထျန်းနဲ့ အီကွမ်နာတို့ … သေသွားပါပြီ”
*ဘာ*
ထိုစကားအဆုံး၌ ဝံပုလွေလေး အံ့အားသင့်သွားလေသည်။ ထို့နောက် သေမင်းနတ်ဘုရား ဒေါသထွက်လာသကဲ့သို့ ခံစားမိပြီး အားလုံး ချမ်းစိမ့်စိမ့် ဖြစ်လာကြသည်။
“ဘာဖြစ်ခဲ့တာလဲ”
ထိုအသံသည် အရိုးခိုက်မတတ် အေးစက်နေပြီး ခေါင်းစခြေဆုံး တုန်ယင်ချမ်းအေးသွားစေသည်။
“သ … သခင်လေး၊ သင့်ရဲ့ လက်အောက်ငယ်သားက ဝမ်ရှင်းညီလာခံ အတောအတွင်း သခင်လေး မှာကြားခဲ့တဲ့အတိုင်း နတ်ဆိုးမျိုးနွယ်တွေရဲ့ ပစ္စည်းတွေကို စုဆောင်းခဲ့ပါတယ်။ ဒါပေမဲ့ နဂါးနက်အရှင်သခင်ကြောင့် ဒဏ်ရာရသွားခဲ့ပါတယ်”
“နောက်တော့ ဖုထျန်းနဲ့ အီကွမ်နာတို့က အချိန်မဆိုင်းဘဲ အဲ့လူကို လိုက်ရှာခဲ့တာပါ။ အဲ့အခါကျတော့ နဂါးနက် အရှင်သခင်က သူ့ရဲ့ အိမ်မွေးသားရဲကို သူတို့ကို အရှင်လတ်လတ် ဝါးစားပစ်ဖို့ အမိန့်ပေးလိုက်တော့တာပါပဲ”
“သခင်လေး ကျေးဇူးပြုပြီး ဖုထျန်းနဲ့ အီကွမ်နာအတွက် လက်စားချေပေးပါ”
တတိယဗိုလ်မှူး၏ စကားအဆုံး၌ သူ့နောက်မှ စစ်သားများကလည်း အရူးအမူး အော်ဟစ်ကြ လေသည်။
“သခင်လေး ကျေးဇူးပြုပြီး လက်စားချေပေးပါ”
ဝုန်း!
ရှိန်လောက်သည့် ထိုအသံများကြောင့် ခုန်လင် တုန်ယင်သွားရသည်။ ထိုသူ သေရတော့မည်ဟု သူမ သိလိုက်သည်။ ထိုသို့တွေးမိပြီးနောက် ခုန်လင် ခေါင်းခါလိုက်သည်။ သူမစိတ်ထဲတွင် ယဲ့ဖန်သည် သေလူ ဖြစ်သွားတော့မည်ဟု တထစ်ချ သတ်မှတ်လိုက်တော့သည်။
“ကောင်းပြီလေ၊ နဂါးနက် အရှင်သခင်တဲ့လား”
ဝံပုလွေလေးသည် အလွန် ဒေါသထွက်နေပြီး ပြုံးလိုက်လေသည်။ လူသတ်လိုသော အရိပ်အငွေ့များက သူ့မျက်လုံး၌ ပြည့်နှက်၍နေ၏။
“သွားကြမယ်၊ မနက်ဖြန် အဲ့ဒီ နဂါးနက် အရှင်သခင်ကို သတ်ပစ်ပြီးတော့ ကောင်းကင်ထက်မှာ ပြင်းထန်တဲ့ သွေးတိုက်ပွဲ ဆင်နွှဲပစ်မယ်”
ထိုသို့ပြောပြီးနောက် ဝံပုလွေလေးသည် မျက်နှာထားတင်းတင်းနှင့် အခြားသူများနှင့်အတူ ထွက်သွားလေသည်။ ထိုအခါမှသာ ခုန်လင် စိတ်အေးသွားလေသည်။
သူမသည် ဝံပုလွေလေးနှင့် အခြားသူများ၏ ပုံစံကိုကြည့်ပြီး ဝမ်ရှင်းညီလာခံ၌ ယဲ့ဖန် သွေးအိုင်၍ အသေဆိုးဖြင့် ပွဲချင်းပြီး သေသွားတော့မည်ဟု မြင်ယောင်နေတော့သည်။