အခန်း (၅၃၅-၅၃၇)
Vol. 36 Ch. 535-537
Chapter 535 ထူးချွန်သော ဝံပုလွေလေး
ဝမ်ရှင်းညီလာခံ၌ ဂြိုဟ်သခင်များ စုဝေးပြီး ရတနာများနှင့် ကျင့်စဉ်များ လဲလှယ်ကြသည်။ ပို၍ အရေးပါဆုံး တစ်ခုမှာ ဝမ်ရှင်း ပါရမီရှင် ပြိုင်ပွဲ ဖြစ်လေသည်။
ဤသည်မှာ ထျန်းချီ၊ ထျန်းမင်နှင့် ပါရာကူတာ စသည့် ဒါဇင်ချီသော ဂြိုဟ်စုနယ်မြေများမှ အသန်မာဆုံး ပါရမီရှင်များ၏ ပြိုင်ပွဲ ဖြစ်ပေသည်။
ပါရမီရှင် တိုက်ပွဲ၌ နာမည်အကြီးဆုံး ဖြစ်လာမည့်သူသည် အဓိက အင်အားစုများ၏ စိတ်ဝင်စားခြင်းကို ခံရပေမည်။ ဤသည်မှာ များစွာသော အမည်မသိ ပါရမီရှင်များ ဂုဏ်သတင်း ကျော်စောလာမည့် အချိန်ကောင်းပင် ဖြစ်သည်။
သို့သော် ယခုအချိန်၌ ဝမ်ရှင်းညီလာခံမှ ပါရမီရှင်များ စိတ်ဓာတ်ကျနေကြသည်။ အဘယ်ကြောင့်ဆိုသော် ထိတ်လန့်ဖွယ်ကောင်းသည့် ဝံပုလွေလေး ပေါ်ထွက်လာ သောကြောင့်ပင်။
အထူးသဖြင့် ဝံပုလွေလေးက နာမည်ကြီး နံပါတ်တစ် ပါရမီရှင်များဖြစ်သော ဟူယန်နှင့် မော်ဒိုကို သတ်ခဲ့သည်။ ဤသည်က ဝံပုလွေလေး၏ ဂုဏ်သတင်းကို မိုးထိုးမတတ် မြင့်မားသွားစေသည်။
ယနေ့သည် ဝမ်ရှင်း ပါရမီရှင် ပြိုင်ပွဲ၏ အဖွင့်ပွဲစဉ် နေ့ဖြစ်သည်။ ပါရမီရှင်များအားလုံးထံသို့ သတင်းတစ်ခု ပျံ့လွင့်လာသည်။
အကယ်၍ တစ်စုံတစ်ယောက်က သူ၏တိုက်ကွက်ကို ခုခံနိုင်ပါက ဝမ်ရှင်း ပါရမီရှင်တိုက်ပွဲ၏ ချန်ပီယံဆုကို လက်လွှတ်မည်ဟု ဝံပုလွေလေးက ဆိုလာခြင်းပင်။
ထိုသတင်း ပျံ့နှံ့သွားသည်နှင့် ကပ်ဆိုးဂြိုဟ်တစ်ခုလုံး အုတ်အောင်သောင်းနင်း ဖြစ်သွား လေသည်။
ဝမ်ရှင်း ပါရမီရှင် တိုက်ပွဲ၌ ပါဝင်ဆင်နွှဲသည့် ထိပ်တန်း ပါရမီရှင်များ ဒါဇင်နှင့်ချီ၍ ရှိသည်။ တစ်ယောက်ချင်းစီတိုင်းသည် ထူးချွန်၍ ငယ်ရွယ်ကာ အားမာန်တက်ကြွသူများဖြစ်သောကြောင့် အခြားသူများကို ဦးမညွှတ်ချင်သည့် စိတ်ထားများ ရှိကြသည်။
ဝံပုလွေလေး၏ စကားက မရေတွက်နိုင်သော ပါရမီရှင်များကို ချန်ပီယံဆုရယူရန် မျှော်လင့်ချက် ပေးစွမ်းလာ၏။
မနက်ခင်း၌ ကပ်ဆိုးဂြိုဟ်၏ မြို့တွင်းကွက်လပ်၌ ထောင်သောင်းချီသော လူများ စုဝေးရောက်ရှိနေပြီး အားလုံး၏ အကြည့်များက အမြင့်ဆုံး စင်မြင့်ကို ကြည့်နေကြသည်။
ထိုနေရာသည် ပါရမီရှင်ပြိုင်ပွဲအတွက် ပြင်ဆင်ထားသည့် တိုက်ပွဲစင်မြင့် ဖြစ်သည်။ ထိုသို့သောအချိန်၌ ဝံပုလွေလေးသည် ခုံတစ်လုံးပေါ်၌ ထိုင်နေပြီး ထပင်မထချေ။
သူ၏မျက်နှာချင်းဆိုင်၌ သိုင်းပညာရှင်တစ်ယောက်က ဓားတစ်လက်ကို ကိုင်ဆွဲ၍ ငြိမ်သက်စွာ ရပ်နေသည်။ ထိုသူသည် လေမိုးကြိုး ဂြိုဟ်စုနယ်မြေမှ နံပါတ်တစ် ပါရမီရှင် ဖုန်းလေ့ပင် ဖြစ်သည်။
“ဝံပုလွေလေး မင်း ထိုင်ပြီးတော့ ငါနဲ့တိုက်ခိုက်ချင်တာ သေချာလား”
ဖုန်းလေ့၏ မျက်နှာထားက သုန်မှုန်နေသည်။ အရှက်ခွဲခြင်းပင်။
သူ့စိတ်ထဲတွင် ဝံပုလွေလေးက ထိုင်မြဲထိုင်၍ သူနှင့်တိုက်ခိုက်ခြင်းက သူ့ကို အရေးမစိုက်ကြောင်း ပြနေသည်ဟု ထင်မှတ်မိသည်။ ဖုန်းလေ့၏ အမူအရာက ပို၍ ဖြူရော်လာသည်။
သူ့စကားကြောင့် ဝံပုလွေလေး မျက်မှောင်ကြုတ်သွားသည်။
“မင်းက ငါ ထပြီး တိုက်ခိုက်ရလောက်အောင် အရည်အချင်း မရှိဘူး”
ဝုန်း!
*မောက်မာလိုက်တာ*
*ဗိုလ်ကျလိုက်တာ*
ထိုစကားကြောင့် ပွဲကြည့်စင်ရှိ ထောင်သောင်းချီသော သိုင်းပညာရှင်များကြား၌ ပွက်လောရိုက် သွားလေသည်။
အထူးသဖြင့် ဖုန်းလေ့ပင်၊ သူ၏ မျက်နှာထားက အလွန်အမင်း သုန်မှုန်နေ၏။
“မောက်မာလွန်းတဲ့ ဝံပုလွေပဲ၊ မင်းက သန်မာရင်တောင်မှ ငါ့ရဲ့ မိုးသက်မုန်တိုင်းက မင်းကို အနိုင်မယူနိုင်ဘူးလို့ ငါ မထင်ဘူး”
ဖုန်းလေ့၏ မျက်လုံး၌ ရက်စက်ကြမ်းကြုတ်သော အမူအရာများ ဖြတ်သန်းသွားသည်။ ဝံပုလွေလေး၏ တိုက်ကွက်ကို သူ ဟန့်တားနိုင်သရွေ့ သူ ချန်ပီယံ ဖြစ်ပေမည်။
ဝံပုလွေလေး၏ ဂုဏ်သတင်းကို သူကိုယ်တိုင် နင်းခြေနိုင်ပေတော့မည်။ ဤသို့ တွေးမိပြီးနောက် ဖုန်းလေ့သည် သူ့လက်ထဲမှ နတ်ဘုရား ဓားရှည်ကို ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်သည်။ ထို့နောက် သူသည် ရိပ်ခနဲ လှုပ်ရှား၍ ဝံပုလွေလေးထံသို့ အရှိန်နှင့် ပြေးဝင်လာသည်။
“ပြိုင်ဘက်ကင်း လေမိုးကြိုး”
ထိုစကားသံအဆုံး၌ ဖုန်းလေ့၏ လက်ထဲမှ နတ်ဘုရားဓားနှင့်အတူ လေပြင်းမုန်တိုင်းများ တိုက်ခိုက်လာပြီး ကောင်းကင်တစ်ခွင်၌ မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။
ချက်ချင်းဆိုသလိုပင် ပြင်းထန်သော လေမိုးကြိုး စွမ်းအင်များက မိုးကြိုး၏ နတ်ဘုရားဓား ပေါ်သို့ စုစည်းလာသည်။ ထိုဓားချက်သည် ဝံပုလွေလေးထံသို့ ကျရောက်လာလေတော့သည်။
ရုတ်ချည်းဆိုသလိုပင် ထိပ်တန်း ရွှေရောင် သံမဏိဖြင့် ပြုလုပ်ထားသော စင်မြင့်သည် တစ်လက် မချင်းစီ အက်ရာထင်လာသည်။
ထိတ်လန့်ဖွယ် ဖိအားတစ်ခုက ဝံပုလွေလေးအား လွှမ်းခြုံလာ၏။ ထိုသို့သောအချိန်၌ ဤသည်မှာ နံပါတ်တစ် ပါရမီရှင် ဖုန်းလေ့၏ အပြင်းဆုံး တိုက်ကွက်ဖြစ်ကြောင်း အားလုံး သိလိုက်သည်။
“မင်း ဝံပုလွေလေးကို အနိုင်ယူနိုင်မှာလား”
အားလုံးက စင်မြင်ပေါ်သို့ မမှိတ်မသုန် ကြည့်နေမိကြသည်။ အားလုံး၏ သိချင်နေသော အကြည့်အောက်၌ ဝံပုလွေလေးက တုပ်တုပ်မျှ မလှုပ်ချေ။
သူသည် လက်ချောင်းတစ်ချောင်းကိုသာ ဆန့်ထုတ်၍ ထိတ်လန့်ဖွယ် ဓားရောင်ကို အသာ ဆန့်ထုတ်လိုက်သည်။
*ဘာ*
လူတိုင်း ကိုယ့်မျက်လုံးကိုယ် မယုံနိုင်အောင် ဖြစ်နေကြသည်။
*လက်ချောင်းတစ်ချောင်းတည်းလား*
*ဝံပုလွေလေးက လက်ချောင်းတစ်ချောင်းတည်းနဲ့ ဖုန်းလေ့ရဲ့ အပြင်းဆုံး တိုက်ကွက်ကို ခုခံချင်နေတာလား*
*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
ထိုအချိန်၌ ပွဲကြည့်ပရိသတ်များကြား၌ အုတ်အော်သောင်းနင်း ဖြစ်နေလေသည်။ စင်မြင့်ပေါ်မှ ဖုန်းလေ့ကမူ အလွန်အမင်း ပျော်ရွှင်နေ၏။
“ဒီမောက်မာတဲ့ကောင်တော့ ရှုံးတော့မှာပဲ၊ ဝံပုလွေလေး ဒီတစ်ကြိမ်တော့ မင်းရဲ့ဂုဏ်ပုဒ်က ငါ ဖုန်းလေ့ရဲ့ အပိုင်ဖြစ်လာတော့မှာကွ”
ဖုန်းလေ့ အားပါးတရ ပြုံးလိုက်မိသည်။ သို့သော် ထိုစဉ် သူ၏အပျော်က အေးခဲသွားလေသည်။
ဝုန်း!
ကြောက်မက်ဖွယ် ပေါက်ကွဲသံနှင့်အတူ ဝံပုလွေလေး၏ လက်ချောင်းမှ ကြောက်မက်ဖွယ် ဖိအားများ ထွက်ပေါ်လာပြီး ဖုန်းလေ့၏ နတ်ဘုရားဓားချက်ကို ပြင်းထန်စွာ တန်ပြန် တိုက်ခိုက်လာသည်ကို အားလုံး တွေ့လိုက်ရသည်။
ဂျွတ်! ဂျွတ်!
ဖုန်းလေ့၏ နတ်ဘုရားဓားပေါ်၌ ပင့်ကူမျှင်ကဲ့သို့ အက်ရာများ ထွက်ပေါ်လာသည်။ နောက်ဆုံး၌ တဂျွတ်ဂျွတ် အက်ကွဲသံနှင့်အတူ ဖုန်းလေ့၏ နတ်ဘုရားဓားက ချက်ချင်း ကျိုးပဲ့သွားလေသည်။
သို့သော် ထိုကြောက်မက်ဖွယ် စွမ်းအင်က ဖုန်းလေ့ထံသို့ လျှပ်စီးသဖွယ် တိုးဝင်လာပြီး သူ့ရင်ဘတ်အား ပြင်းထန်စွာ ဝင်ဆောင့်လေတော့သည်။
ဝုန်း!
ဖုန်းလေ့ တစ်ကိုယ်လုံး မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ဖြစ်သွားလေသည်။ ထိုတိုက်ကွက်နှင့်တင် သူ စင်အောက်သို့ လွင့်စဉ်သွားသည်။
သူ့ရင်ဘတ်မှ သွေးများ စီးကျလာပြီး အော်ပင်မအော်နိုင်ဘဲ သတိလစ်သွားလေတော့သည်။ တိတ်ဆိတ်သွားသည်။ ထိုအချိန်၌ ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်သွားလေသည်။
လူတိုင်း ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ဖြစ်နေကြသည်။ လက်ချောင်းတစ်ချောင်းတည်းနှင့်တင် နံပါတ်တစ် ပါရမီရှင်ကို သတ်လိုက်နိုင်သည်တဲ့လား။
ဘယ်လိုလုပ် ဖြစ်နိုင်မှာမည်နည်း။ ထောင်သောင်းချီသော ဂြိုဟ်သခင်များ၏ မျက်နျာထပ်၌ ထိတ်လန့်ဟန်များ စွန်းထင်းနေပြီး သူတို့ မြင်လိုက်ရသည့် အရာကို မယုံနိုင်လောက်အောင် ဖြစ်နေကြသည်။
ထိတ်လန့်ကြောက်ရွံ့နေသည်။ လူတိုင်းသည် ဝံပုလွေလေးအား မိစ္ဆာတစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်နေမိသည်။
ဝံပုလွေလေး၏ အနောက်ရှိ နတ်မိမယ် ခုန်လင်နှင့် တတိယဗိုလ်မှူးတို့သည် အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။
သူတို့၏အမြင်တွင် ဝံပုလွေလေးသည် ခန့်မှန်းမရနိုင်သော နတ်ဘုရားတစ်ပါးသာ ဖြစ်လေသည်။
“နောက်တစ်ယောက်”
ထိုစဉ် ဝံပုလွေလေး၏ အသံ ထွက်ပေါ်လာသည်။ ထိုအသံအဆုံး၌ အခြားဂြိုဟ်စုနယ်မြေမှ နံပါတ်တစ် ပါရမီရှင်တစ်ယောက်က ဒုတိယအကြိမ် စိန်ခေါ်လာသည်။
သို့သော် နောက်ထပ် ဖြစ်ပေါ်လာသော အရာက လူတိုင်းအား စိတ်ဓာတ်ကျသွားစေသည်။
ဒုတိယအကြိမ်၊ ငါးကြိမ်၊ ဆယ်ကြိမ်။
…
မျက်တောင်တစ်ခတ် အတွင်းမှာပင် ထိပ်တန်းဂြိုဟ်စုနယ်မြေ ဆယ်ခုမှ ပါရမီရှင်များသည် စင်ပေါ်တက်၍ ဝံပုလွေလေးကို စိန်ခေါ်ခဲ့သည်။
သို့သော် အားလုံးသည် လက်ချောင်းတစ်ချောင်းတည်းနှင့် ရှုံးနိမ့်သွားရသည်။ ဤသည်က လူတိုင်းအား မယုံသင်္ကာ ဖြစ်သွားစေသည်။
“အမှိုက်တစ်ဖွဲ့ပဲ”
ထိုစဉ် ဝံပုလွေလေးက မတ်တပ်ထရပ်လာလေသည်။ သူသည် စင်အောက်မှ လူတိုင်းကို စိုက်ကြည့်၍ လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။
“မင်းတို့အားလုံး တက်လာခဲ့၊ တစ်ပြိုင်တည်း တိုက်ကြ”
“ငါ မင်းတို့အားလုံးကို တစ်ပြိုင်နက် မခုခံနိုင်ဘူးဆိုရင် ငါ ပါရမီရှင် ပြိုင်ပွဲကနေ နုတ်ထွက်လိုက်မယ်”
ဝံပုလွေလေး၏ စကားက ဆီအိုးထဲ ရေတစ်စက်ကျသွားသကဲ့သို့ ကွင်းပြင်တစ်ခုလုံး ဆူညံပွက်လောရိုက် သွားလေ၏။
*အားလုံးကို တစ်ကွက်တည်းနဲ့ တိုက်ခိုက်မယ်တဲ့လား*
*ဖြစ်နိုင်ချေ မရှိလိုက်တာ*
မည်သို့သော သူမျိုးက ဤမျှ မောက်မာ၍ ကြမ်းကြုတ်လိမ့်မည်ဟု သူတို့ ထင်မထားမိကြချေ။
စိတ်တိုလာကြသည်။ ဝမ်ရှင်း ညီလာခံသို့ လာရောက်ကြသော ပါရမီရှင်များအားလုံး အရှက်ရကာ ဒေါသထွက်လာကြလေသည်။
ရွှစ်! ရွှစ်! ရွှစ်!
သိုင်းပညာရှင်များ တစ်ယောက်ပြီးတစ်ယောက် စင်မြင့်ထက်သို့ သည်းကြီးမည်းကြီး ပြေးဝင်သွားကြသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် သိုင်းပညာရှင်များနှင့် ပြည့်နှက် သွားလေသည်။
ထောင်ချီသော ပါရမီရှင်များမှ ထွက်ပေါ်လာသော ဖိအားသည် လူတိုင်းအား အလွန်အမင်း ခြောက်ခြားသွားစေသည်။
ထိုထောင်ချီသော သိုင်းပညာရှင်များ၏ စုပေါင်းအားနှင့်ဆိုလျင် သူတို့ အနီးအနားရှိ များစွာသော ဂြိုဟ်စုနယ်မြေများကို သိမ်းပိုက်နိုင်လိမ့်မည်မှာ အသေအချာပင်ဟု လူတိုင်း ထင်လိုက် မိကြသည်။ ယခုအချိန်တွင် အားလုံးသည် လူတစ်ယောက်တည်းကို ရင်ဆိုင်တိုက်ခိုက် နေကြသည်။
“လာလေ၊ ချမယ်”
သို့သော် အားလုံး ထင်ထားသည်နှင့် ခြားနားစွာပင် ဝံပုလွေလေးသည် ထိုသူများကို ကြည့်ပြီး တိုက်ခိုက်လိုစိတ် ပြင်းထန်နေ၏။
သူသည် အရူးတစ်ယောက်ကဲ့သို့ ထောင်ချီသော ပါရမီရှင်များအား ကျယ်လောင်စွာ အော်ပြော လိုက်သည်။
ထိုအသံသည် ထောင်ချီသော ပါရမီရှင်များအား အံ့အားသင့်သွားစေသည်။ ထို့နောက် အားလုံး ဒေါသူပုန်ထ လာကြသည်။
“သတ်ကြဟေ့”
မိုးခြိမ်းသံကဲ့သို့ ဟစ်ကြွေးသံနှင့်အတူ ထောင်ချီသော ပါရမီရှင်များက ဝံပုလွေလေးထံသို့ လျင်မြန်စွာ ပြေးဝင်လာကြသည်။ ထိုသူတို့၏ တစ်ဟုန်ထိုး ပြေးဝင်လာသော အရှိန်က ဝံပုလွေလေးကို ဝါးမျိုတော့မည်ဟု ထင်မှတ်မှားရလေသည်။
Chapter 536 သူများလား
“ဝံပုလွေလေး”
ဝံပုလွေလေးအား ထောင်ချီသော ပါရမီရှင်များက အုပ်မိုးသွားသည်ကိုမြင်ပြီး နတ်မိမယ် ခုန်လင်နှင့် တတိယဗိုလ်မှူးတို့ ထိတ်လန့်သွားကာ စိုးရိမ်စိတ်များနှင့် ပြည့်နှက် လာသည်။
ထောင်ချီသော ပါရမီရှင်များကို တစ်ယောက်တည်း စိန်ခေါ်သည်တဲ့လား။
ဤသည်မှာ ဝမ်ရှင်း ပါရမီရှင်ပြိုင်ပွဲ၌ ထိတ်လန့်စရာအကောင်းဆုံး မှတ်တမ်းတစ်ခုအဖြစ် သမိုင်းတွင် သွားပေလိမ့်မည်။
*သူ နိုင်ပါ့မလား*
နတ်မိမယ် ခုန်လင်နှင့် တတိယဗိုလ်မှူး ကျန်းရုန်သာမက ကွင်းပြင်တစ်ခုလုံးရှိ ထောင်သောင်းချီသော သိုင်းပညာရှင်များက စင်မြင့်ထံသို့ စိတ်လှုပ်ရှား၍ ကြောက်ရွံ့နေဟန်ဖြင့် ကြည့်နေကြသည်။
သူတော်စင်အဆင့် သိုင်းပညာရှင်တောင်မှ ထောင်ချီသော လူများနှင့် တိုက်ခိုက်ရာတွင် ထိတ်လန့်ပေလောက်သည်။ သို့သော် ယခုအခါတွင် …
“သတ်”
ရွှစ်! ရွှစ်! ရွှစ်!
တစ်ချို့က ဓားများကို ဝင့်ကာ တိုက်ခိုက်လာသောကြောင့် ဓားရောင်များ တလက်လက် တောက်ပနေပြီး တစ်ချို့က လက်သီးသိုင်း၊ လက်ဝါးသိုင်းများဖြင့် တိုက်ခိုက်လာကြသည်။
မရေတွက်နိုင်သော တိုက်ခိုက်မှုများက လူအုပ်ထဲမှ ဝံပုလွေလေးထံသို့ အရူးအမူး ကျရောက် လာသည်။ ဤမြင်ကွင်းက အဆုံးသတ်ဟု ထင်မှတ်ရသည်။
ထိပ်တန်း ရွှေရောင် သံမဏိများဖြင့် တည်ဆောက်ထားသော စင်မြင့်သည် ပြင်းထန်သော ဖိအားကို တောင့်မခံနိုင်ကဲ့သို့ ချက်ချင်း အက်ကွဲလာသည်။
မရဏ အငွေ့အသက်များက ဝံပုလွေလေးထံ ချက်ချင်း ကျရောက်လာသည်။
ထိုစဉ် သိုင်းပညာရှင်များစွာ၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်နေရသော်လည်း ဝံပုလွေလေး၏ မျက်လုံး၌ ကြောက်စိတ်များ မရှိဘဲ အရူးတစ်ယောက်သဖွယ် ရူးသွပ်နေဟန်များနှင့်သာ ပြည့်နှက်နေလေသည်။
“တစ်ချက်တည်းနဲ့တင် လုံလောက်တယ်”
ထိုစကားအဆုံး၌ သူသည် လက်တစ်ဖက်ကို လှုပ်လိုက်သောအခါ အနက်ရောင်နှင့် ရွှေရောင် ချီမျှင်စုများက သူ့လက်ဝါးပေါ်၌ စုဝေးလာသည်။
ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာပင် ကြောက်မက်ဖွယ် ဝံပုလွေ လက်သည်းတစ်ဖက် ထွက်ပေါ်လာ၏။
“ငါ့အတွက် ဖျက်ဆီးလိုက်စမ်း”
ထိုစကားသံအဆုံး၌ ဝံပုလွေလေးသည် ဘေးပတ်လည်အား ဝံပုလွေလက်သည်းဖြင့် ရိုက်ထုတ်လိုက်သည်။
ဝုန်း!
ပြင်းထန်သော ဖိအားတစ်ခုသည် ဆူနာမီလှိုင်းကဲ့သို့ ဘေးပတ်လည်အား ရိုက်ခတ် သွားလေသည်။
ထိုသို့သောအချိန်၌ အားလုံး ကြက်သီးထစေလောက်မည့် အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာသည်။ ထိပ်သီး ပါရမီရှင်များသည် ဝံပုလွေလက်သည်းအောက်၌ ပုရွက်ဆိတ်ကဲ့သို့ အားနည်းလာသည်။
လက်သည်းများကြောင့် အရိုးများ ကျိုးကြေ၍ အရပ်မျက်နှာအနှံ့သို့ လွင့်ထွက်သွားကြသည်။ ဖက်ထုပ်များကဲ့သို့ တဖြုတ်ဖြုတ် ပြုတ်ကျလာသော မြင်ကွင်းကြောင့် အားလုံး အလွန် ထိတ်လန့်သွားသည်။
လူဆယ်ယောက်၊ အယောက်တစ်ရာ၊ အယောက်တစ်ထောင်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ဆုံးသော ပါရမီရှင်သည် စင်မြင့်ပေါ်မှ လွင့်ထွက်သွားပြီး အောက်သို့ ပြုတ်ကျ သွားလေသည်။
အားလုံး၏ ကိုယ်မှ သွေးများ ဒလဟော စိမ့်ထွက်လာသည်။ သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံး ကျိုးကြေမတတ် ဖြစ်နေ၏။ ပြင်းထန်သော နာကျင်မှုကြောင့် လူတိုင်း ကတုန်ကယင် ဖြစ်နေကြသည်။
ထိုအချိန်တွင် ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်နေ၏။ အားလုံး ချွေးတလုံးလုံး ဖြစ်နေကြသည်။
*တစ်ချက်တည်းနဲ့ အားလုံးကို အနိုင်ယူလိုက်တယ်တဲ့လား*
အားလုံး သတိဝင်လာပြီးနောက် ကွင်းပြင်တစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။ မရေတွက်နိုင်သော သိုင်းပညာရှင်များက စိတ်လှုပ်ရှားစွာဖြင့် ထရပ်လာသည်။ ထို့နောက် လက်သီးလက်မောင်းတန်း၍ ဟစ်ကြွေးလေတော့သည်။
“ပြိုင်ဘက်ကင်း ဝံပုလွေလေး”
“ပြိုင်ဘက်ကင်း ဝံပုလွေလေး”
“…”
ထိုအချိန်၌ ပြိုင်ဘက်ကင်း ဝံပုလွေလေးဟူသော အသံက ကပ်ဆိုးဂြိုဟ်တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားလေသည်။
ဝံပုလွေလေး ဟူသော စကားလုံးက လူတိုင်း၏ အလေးအမြတ် ထားသော နတ်ဘုရားတစ်ပါး ဖြစ်လာလေသလားဟု ထင်မှတ်ရသည်။ လူတိုင်း စိတ်လှုပ်ရှားစွာဖြင့် တုန်ယင်နေကြသည်။
ထောင်သောင်းချီသော လူများက သံပြိုင်ဟစ်ကြွေးနေခြင်းသည် မကြုံစဖူး ထူးကဲသော အတွေ့အကြုံ တစ်ခုကို ပေးစွမ်းနေ၏။ ခုန်လင်နှင့် တတိယဗိုလ်မှူး ကျန်းရုန်တို့ စိတ်လှုပ်ရှားမှုကြောင့် မျက်နှာများ နီမြန်းနေသည်။
သူတို့သည် ဝံပုလွေလေးအား လှမ်းကြည့်ရင်း သူတို့၏ အစစ်အမှန် နတ်ဘုရားကို ရှာတွေ့လိုက်သကဲ့သို့ သူ့အား လေးစားပြီးရင်း လေးစားလာကြသည်။ သူသည် မထီမဲ့မြင် ပြုလုပ်၍ရမည့် လူစားမျိုး မဟုတ်ချေ။
ဝံပုလွေလေးကမူ ဤအခြေအနေကို လုံးဝ အရေးမစိုက်ချေ။ သူ၏ အမူအရာက အေးစက်နေပြီး ဘေးဘီအား တစ်ချက် ဝေ့ကြည့်လိုက်သည်။
“ဘယ်လိုလဲ၊ ဟိုလူ မပေါ်လာသေးဘူးလား”
ပါရမီရှင် ပြိုင်ပွဲသို့ ဝံပုလွေလေး ပါဝင်ယှဉ်ပြိုင်ရသည့် အကြောင်းရင်းမှာ တစ်စုံတစ်ယောက်ကို သတ်ချင်၍သာ ဖြစ်ကြောင်း ခုန်လင်နှင့် သူတို့လူများသာ သိလေသည်။
စိတ်မကောင်းစရာက ထိုလူ ပေါ်မလာသေးခြင်းပင်။ ကျန်းရုန်က ခေါင်းခါလိုက်သည်။
“သခင်လေး အဲ့လူက ငကြောက်ပဲဗျ၊ သူက သခင်လေး ထွက်လာမှာကို သိနေလို့ နဂါးနက် ခန်းမမှာပဲ နေပြီး လူလုံးထွက်မပြရဲတာလို့ ကျွန်တော် ထင်တယ်”
ထိုသို့ပြောနေချိန်တွင် ကျန်းရုန်သာမက ခုန်လင်ပါ အထင်သေးသော အမူအရာများနှင့် ပြည့်နှက်နေ၏။
သူတို့စိတ်ထဲတွင် ထိုသောက်သုံးမကျသော နဂါးနက် အရှင်သခင်က ဝံပုလွေလေး၏ ခြေရာကိုပင် မယှဉ်နိုင်လောက်ဟု ထင်နေကြသည်။
“ပေါ်မလာရဲဘူးတဲ့လား”
ထိုစကားကြောင့် ဝံပုလွေလေးက လှောင်ပြုံးပြုံးလိုက်သည်။
“ဒီလိုဆိုလည်း သူ့ကို သွားသတ်ရတာပေါ့”
ထိုသို့ပြောပြီး ဝံပုလွေလေးသည် ဆက်စောင့်မနေတော့ဘဲ စင်မြင့်ထက်မှ ခုန်ဆင်း၍ နဂါးနက် အစည်းအရုံးခန်းမရှိရာဘက်သို့ ဦးတည်၍ ထွက်ခွာသွားသည်။
*ဟမ်*
ဤမြင်ကွင်းက ဘေးပတ်လည်ရှိ လူတိုင်း၏ သိချင်စိတ်အား မြင့်တက်သွားစေသည်။ ကပ်ဆိုးဂြိုဟ်တစ်ခုလုံးကို တုန်လှုပ်သွားစေသည့် နဂါးနက် အရှင်သခင်က ဝံပုလွေလေးနှင့် တိုက်ခိုက်လိမ့်မည်ဟု လူတိုင်း ထင်ကြေးပေးခဲ့ကြသည်။
ယခုအချိန်တွင် ထိုတိုက်ပွဲက အမှန်တကယ် ဖြစ်လာမည်လား။
ထိုအခိုက်တွင် အားလုံး၌ ဤနေရာ၌ နေခဲ့ချင်စိတ် မရှိတော့ချေ။ သူတို့အားလုံး မတ်တပ်ထရပ်ကာ ဝံပုလွေလေးနောက်မှနေ၍ နဂါးနက် အစည်းအရုံးခန်းမသို့ လိုက်ပါ သွားကြသည်။
…
တစ်ချိန်တည်းမှာပင် နဂါးနက် ခန်းမ၌ မွန်းကြပ်သော လေထုတစ်မျိုးက ခန်းမအား ဖုံးလွှမ်းနေသည်။ ခန်းမသခင်နှင့် အကြီးအကဲ လေးယောက်တို့သည် ဟော့ပေါ့အိုးထဲ ကျသွားသည့် ပုရွက်ဆိတ်ကဲ့သို့ စိုးရိမ်မကင်း ဖြစ်ကာ ဟိုလျှောက်ဒီလျှောက် ဖြစ်နေလေသည်။
သူတို့နဖူးမှ ချွေးများ တဒီးဒီးစီးကျလျက် ရှိသည်။ ကပ်ဆိုးသည် ဖြစ်အံ့ဆဲဆဲ ဖြစ်နေသည်ကို သူတို့ ခံစားမိပုံရသည်။
“သတင်းပို့ပါတယ်”
ထိုသို့သောအချိန်၌ နဂါးနက် သိုင်းပညာရှင်တစ်ယောက်သည် ထိတ်လန့်တကြား ပြေးဝင်လာလေ၏။ ထိုသူကို မြင်သည်နှင့် ခန်းမသခင်နှင့် အခြားများက ခပ်သွက်သွက် မေးလိုက်သည်။
“အခြေအနေ ဘယ်လိုရှိလဲ”
“ခန်းမသခင် …”
နဂါးနက် သိုင်းပညာရှင်က သူ့နဖူးမှ ချွေးစေများကို သုတ်၍ ထိတ်လန့်နေသော မျက်နှာထားနှင့် ပြောလိုက်သည်။
“ဝံပုလွေလေးက ထောင်ချီတဲ့ ပါရမီရှင်တွေကို တစ်ချက်တည်းနဲ့ အနိုင်ယူလိုက်နိုင်ပါတယ်၊ သူက ဝမ်ရှင်း ကွင်းပြင်ကနေ ထွက်လာပြီးတော့ အစည်းအရုံးခန်းမဆီ လာနေပါတယ်”
ထိုစကားကြောင့် ခန်းမသခင်နှင့် အကြီးအကဲ လေးယောက်လုံး မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားလိုက်ရသည်။
*ပြီးသွားပြီပဲ*
ငါးယောက်လုံး ခါးသီးစွာ ပြုံးလိုက်မိသည်။ ကပ်ဆိုးတစ်ခု ရောက်ရှိလာမည်ကို သူတို့ သိလိုက်ကြသည်။
“ဒီတစ်ခေါက်တော့ ငါ မလွတ်နိုင်ဘူးထင်တယ်”
ခန်းမသခင်သည် တစ်ခဏမျှ တွေးတောနေပြီးနောက် အကြီးအကဲ လေးယောက်ကို လှမ်းပြောလိုက်သည်။
“မင်းတို့လေးယောက်၊ သခင်ကြီးနောက် မြန်မြန်လိုက်ပြီး ကပ်ဆိုးဂြိုဟ်ကနေ ထွက်သွားတော့”
*ဘာ*
ခန်းမသခင်၏ စကားကြောင့် အကြီအးကဲ လေးယောက်လုံး မျက်နှာပျက်သွားကြသည်။
“ခန်းမသခင် ခင်ဗျား …”
အကြီးအကဲ လေးယောက်လုံး တစ်ခုခု ပြောချင်သော်လည်း ခန်းမသခင်က သူတို့ကို လက်ကာပြလေသည်။ သူ၏ မျက်နှာထားက ပြာနှမ်းနေသည်။
“သခင်ကြီးက သန်မာပြီး ဆန်းကြယ်ပါတယ်၊ ဒါပေမဲ့ သူ့ရန်သူက ဝံပုလွေလေး ဖြစ်နေတယ်၊ အဲ့မကောင်းဆိုးဝါးက တစ်ချက်တည်းနဲ့ ထောင်ချီတဲ့ ပါရမီရှင်တွေကို အနိုင်ယူနိုင်ခဲ့တာ”
“ဒီတစ်ခေါက်တော့ ငါတို့ သခင်ကြီးကို ကိုယ်တိုင် စွန်စားခိုင်းလို့ မဖြစ်ဘူး”
ထိုသို့ပြောပြီး ခန်းမသခင်က ရူးသွပ်နေသော မျက်နှာထားဖြင့် ဆက်ပြောလာသည်။
“အဲ့ဒါကြောင့် မင်းတို့ ကပ်ဆိုးဂြိုဟ်ကနေ ထွက်သွားမှာပဲ ရမယ်။ ဘယ်သူမှ မသိတဲ့နေရာကို သွားကြ၊ သခင်ကြီး ပိုသန်မာလာတဲ့ နေ့ကိုစောင့်၊ အဲ့နေ့အထိ စောင့်ပြီးမှ စကြဝဠာကြီးကို အုပ်ချုပ်ကြ”
ခန်းမသခင်၏ စကားကို နားထောင်ပြီး အကြီးအကဲ လေးယောက်လုံး မျက်ရည်ကျ လာလေတော့သည်။ ခန်းမသခင်၏ စကားက မှန်ကန်ကြောင်း သူတို့ သိနေသည်။
သူတို့သခင်ကြီးသည် အလွန် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပြိုင်ဘက်ကင်းလာမည့် အလားအလာ ရှိပါ၏၊ သို့သော် ယခုအချိန်တွင် သူသည် နတ်ဘုရား ဂိုဏ်းချုပ်တစ်ပိုင်းအဆင့်သာ ရှိသေးသည်။ နဂါးနက် အစည်းအရုံး၏ ကာကွယ်မှုနှင့်တောင်မှ ဝံပုလွေလေးကို နှိမ်နှင်းရင် ခက်ခဲလှသည်။
ယခုအချိန်တွင် ရှောင်တိမ်း၍ အင်အားကြီးလာသည်ကို စောင့်မှ ရပေတော့မည်၊ နောက်ပိုင်းမှသာ လောကကြီးကို အောင်အောင်မြင်မြင် စိုးမိုးနိုင်ပေမည်။
ထိုသို့တွေးပြီးနောက် ငါးယောက်လုံး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီးနောက် သီးသန့်ခန်းထဲသို့ ခြေလှမ်းပြင်လိုက်ကြသည်။ သူတို့ ယဲ့ဖန်ကို နားချချင်နေ၏။
ဒေါက်! ဒေါက်! ဒေါက်!
ထိုစဉ် ခြေလှမ်းသံနှင့်အတူ ယဲ့ဖန် ထွက်လာသည်။ ယဲ့ဖန်ကိုမြင်သည်နှင့် ခန်းမသခင်တို့ ငါးယောက်လုံး ဦးညွှတ်လိုက်ပြီးနောက် နားချချင်နေကြသည်။ သို့သော် တစ်ခွန်းမှ မပြောရသေးခင်မှာပင် ယဲ့ဖန် အသာ ပြောလာသောစကားက ခန်းမသခင်နှင့် အခြားသူများကို တုန်လှုပ်သွားစေသည်။
“ပြောစရာ မလိုဘူး၊ ကျုပ်မှာ ကျုပ် ညီအစ်ကိုတွေကို စွန့်ပစ်တတ်တဲ့ အကျင့်မရှိဘူး”
*ညီအစ်ကိုတဲ့လား*
ထိုစကားတစ်ခွန်းက ခန်းမသခင်တို့ ငါးယောက်လုံးကို ဝမ်းနည်း ပျော်ရွှင်၍ စိုးရိမ်သလို ခံစားလာရစေသည်။
ထိုသည်သာမက ယဲ့ဖန်က နှုတ်ခမ်းတွန့်ရုံပြုံး၍ ပြုံးစစနှင့် ပြောလိုက်သည်။
“ပြီးတော့ ကျုပ်နဲ့ ဝံပုလွေလေးက ရန်သူတွေ ဖြစ်ကိုဖြစ်လာလိမ့်မယ်လို့ ဘယ်သူ ပြောလို့လဲ”
*ဟမ်*
ခန်းမသခင်နှင့် အခြားသူများ မှင်တက်သွားကြသည်။ ယဲ့ဖန်၏ ဆိုလိုရင်းကို သူတို့ နားမလည်ကြချေ။ သို့သော် ယဲ့ဖန်သည် ထပ်ရှင်းပြမနေဘဲ လူအုပ်ကြီးကို ဦးဆောင်၍ ခန်းမ အပြင်သို့ ထွက်လာလိုက်သည်။
ယဲ့ဖန်၏ မျက်ဝန်း၌ စိတ်လှုပ်ရှား၍ သတိရနေသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
“ဝံပုလွေလေးတဲ့လား၊ အဲ့ဒါ သူများလား”
ထိုလူအကြောင်း တွေးလိုက်မိပြီးနောက် ယဲ့ဖန်၏ အပြုံးက ပို၍တောက်ပလာလေသည်။
Chapter 537 ကံဆိုးချင်တော့ မင်းက သူ မဟုတ်ဘူးပဲ
နဂါးနက်ခန်းမနှင့် မနီးမဝေး၌ ခြေသံများ ပဲ့တင်ထပ်လျက် ရှိသည်။ ခပ်လှမ်းလှမ်းမှ လူအုပ်ကြီး တစ်အုပ်က နဂါးနက် ခန်းမထံသို့ အပြေးနှင်လာကြသည်ကို တွေ့လိုက်ရသည်။
ထိုလူအုပ်၌ ထောင်သောင်းချီသော လူများပါဝင်နေပြီး မျက်စိတစ်ဆုံး အပြည့်ပင်။ ထိုသူတို့အား ဦးဆောင်လာသောသူသည် ဝံပုလွေလေးသာ ဖြစ်လေသည်။
သူ့နောက်၌ ကျန်းရုန်နှင့် ခုန်လင်တို့ ခပ်သွက်သွက် လိုက်ပါလာကြသည်။ သူတို့နှစ်ယောက်၏ မျက်နှာထက်၌ ပြောမပြနိုင်သော စိတ်လှုပ်ရှားမှုများ ထင်ဟပ်နေပြီး ခပ်ဝေးဝေးမှ နဂါးနက် ခန်းမကို ကြည့်နေကြသည်။
“နဂါးနက်အရှင်သခင် ဒီတစ်ခေါက်တော့ မင်း ဘယ်လို သေရမလဲဆိုတာကို ငါ တွေ့ရတော့မှာလား”
သူတို့၏မျက်နှာ၌ မကျေနပ်ချက်များဖြင့် ပြည့်နှက်နေ၏။ ယဲ့ဖန်သည် ယခင်က သူ့အား အချက်တစ်ရာ ရိုက်နှက်ခဲ့သည်ကို သူ ယခုထိ မှတ်မိနေပါသေးသည်။
သူ၏ဆန့်ကျင်ဘက်တွင်မူ ခုန်လင်၏ မျက်နှာ၌ ပဟေဠိဖြစ်နေဟန်များဖြင့် ပြည့်နှက်နေသည်။
“ဒီလူရဲ့ ကျဆုံးဖို့ အချိန်ရောက်လာပြီလား”
ယခင်က ခုန်လင်၏ အစေခံကို ယဲ့ဖန် သတ်ခဲ့သဖြင့် သူမ စိတ်ထဲ ရှုပ်ထွေးနေသလို ယဲ့ဖန်အပေါ် မုန်းလည်းမုန်းနေ၏။
သို့သော် ဆူပူအုံကြွနေသော လူအုပ်ကြီးက နဂါးနက် အစည်းအရုံးခန်းမသို့ မရောက်ခင်တွင် ဝံပုလွေလေး၏ ခြေလှမ်းများက ရုတ်တရက် ရပ်တန့်သွားသဖြင့် သူတို့လည်း လိုက်ရပ် လိုက်ရသည်။
သူ၏မျက်လုံးအစုံက ရှေ့တည့်တည့်သို့ စိုက်ကြည့်နေသည်။ မျက်စိရှေ့တည့်တည့်ရှိ နဂါးနက် ခန်းမ၏ တံခါးဝ၌ အနက်ရောင်ဝတ်ရုံနှင့် လူငယ်တစ်ယောက်က ခန်းမသခင်နှင့် အခြားသူများနှင့်အတူ သူတို့အား စောင့်ကြိုနေသကဲ့သို့ ရပ်စောင့်နေသည်။
*ဟမ်*
ထိုအချိန်တွင် ကျန်းရုန်နှင့် အခြားသူများ၏ မျက်နှာထက်၌ ဒေါသ အရိပ်အယောင်များ ထင်ဟပ်လာကြသည်။
“အဲ့ကောင်လေး ထွက်လာရဲလိမ့်မယ်လို့ ငါ ထင်မထားမိဘူး၊ ဝံပုလွေလေး လာမယ်ဆိုတာကို သိလို့ သူ ကြိုနှုတ်ဆက်ဖို့ ထွက်ရပ်နေတာလား”
အားလုံးက ယဲ့ဖန်အား အထင်သေးသလို ကြည့်လာကြသည်။ သို့သော် ဝံပုလွေလေးသည် ယဲ့ဖန်ကိုမြင်ပြီး မျက်လုံးပြူးသွားလေသည်။
“ဘယ် … ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
မယုံနိုင်စရာ ကောင်းသည့် အရာတစ်ခုကို မြင်လိုက်ရသကဲ့သို့ သူ့မျက်နှာ၌ ထိတ်လန့်မှုများနှင့် ပြည့်နှက်လာသည်။
အနက်ရောင်ဝတ်စုံနှင့် ထူးဆန်း၍ နတ်ဆိုးဆန်လှသည်။ ထိုနေရာ၌ ရပ်နေပုံကပင် ညအမှောင်ထဲမှ ဘုရင်တစ်ပါး ရပ်နေသကဲ့သို့ လူတို့အား ရုတ်တရက် ကြည်ညိုလေးစားစေသည့် စိတ်မျိုး ပေါ်ပေါက်လာစေသည်။
*ဒီပုံစံက*
သူ၏မျက်စိရှေ့မှ လူသည် သူ့ရင်ထဲ၌ တည်ရှိနေသော လူနှင့် တူညီသော ခန္ဓာကိုယ် အချိုးအစားနှင့် ပင်ကိုစရိုက်မျိုး ရှိလေသည်။
ဝံပုလွေလေး၏ မျက်လုံး၌ မျက်ရည်များ ဝေ့သီလာသည်။ သူ့ခန္ဓာကိုယ်က တုန်ယင်လို့လာ၏။
ဂြိုစ်သေပေါ်၌ ရှိနေစဉ်အခါက သူသည် ရက်ပေါင်းများစွာ ငြိမ်သက်စွာ ထိုင်နေ၍ အတိတ်က ဖြစ်ရပ်များကို အမှတ်ရနေမိသည်။ သူ ကျိတ်၍ ငိုကြွေးခဲ့ရသည်။ သူ ထိုပုဂ္ဂိုလ်၏ မျက်နှာကို အမှတ်ရနေသည်။ သူ ထိုပုဂ္ဂိုလ်၏ ပုံရိပ်ကို အမှတ်ရနေသည်။
ထိုလူ၏ လှုပ်ရှားမှုတိုင်းက သူ၏ နှလုံးသားထဲ၌ ကမ္ဗည်းထိုးထားသကဲ့သို့ စွဲထင်နေပြီး သူ ဘယ်သောအခါမှ မေ့ရက်နိုင်မည် မဟုတ်သလို မေ့လည်း မေ့သွားမည် မဟုတ်ပါ။
သူသည် ကပ်ဆိုးဂြိုဟ်သို့ ရောက်လာစဉ်ကတည်းက အဘိုးအို၏ ကလန်သို့ ခေါ်သွားခြင်း ခံခဲ့ရသည်။ သူ နေ့ရောညပါ အပြင်းအထန် ကြိုးစားခဲ့သည်။
သူ တားမြစ်နယ်မြေထဲသို့ ခြေချခဲ့ရရင်တောင်မှ၊ သူ အန္တရာယ်များ ဝန်းရံထားခြင်း ခံရရင်တောင်မှ၊ သို့မဟုတ် သူ ထပ်ခါထပ်ခါ သေလုနီးပါး ဖြစ်ခဲ့တာတောင်မှ သူ လုံးဝ နောင်တမရခဲ့ချေ။
ဝံပုလွေလေး၌ ပန်းတိုင်တစ်ခုသာ ရှိသည်၊ ထိုပန်းတိုင်မှ ထိုပုဂ္ဂိုလ်၏ မပြီးပြတ်သွားသော ဆန္ဒကို ဖြည့်ဆည်းပေးရန် ဖြစ်လေသည်။
နတ်ဆိုးများက အင်မော်တယ်များကို ဖျက်စီးရန် ဖြစ်လေသည်။
ထိုပုဂ္ဂိုလ်၏ ပန်းတိုင်အတွက် သူ အရာအားလုံးနီးပါးကို စွန့်လွှတ်ခဲ့သည်။ ကိုယ့်ကိုယ်ကိုယ် ထပ်ခါထပ်ခါ ဒဏ်ခတ်ခဲ့သည်။
သို့သော် ယခုအခါတွင် သူ့နှလုံးသားထဲမှ ပုဂ္ဂိုလ်နှင့် တူညီသော ပုံရိပ်အား သူ တွေ့နေရသည်။
“ဒါ … ဒါ သူများလား”
ဝံပုလွေလေး ကိုယ့်မျက်လုံးကိုယ် မယုံနိုင်သလို ဖြစ်နေသည်။ ယဲ့ဖန်အား သူ မျက်တောင် မခတ်တမ်း ကြည့်နေမိ၏။
ထိုစဉ် ယဲ့ဖန်က တဖြည်းဖြည်း သူ့ဘက် လှည့်လာသောအခါ ထူးဆန်းသော မျက်နှာတစ်ခုကို မြင်လိုက်ရသည်။
ထိုမျက်နှာကိုမြင်ပြီး ဝံပုလွေလေး၏ မျက်နှာ၌ စိတ်ပျက်မှုများနှင့် ပြည့်နှက်သွားသလို မချိပြုံး ပြုံးလိုက်မိလေသည်။
“တကယ်ပဲ သူ မဟုတ်ဘူးကိုး”
တောက်!
သူ့မျက်လုံးထောင့်မှ မျက်ရည်တစ်စက် စီးကျလာပြီး သူ့ရင်ထဲ၌ အလွန်အမင်း ဝမ်းနည်း သွားရသည်။
ထိုအချိန်၌ ဝံပုလွေလေး၏ လှုပ်ရှားမှုတိုင်းကို ကြည့်နေသော ခုန်လင်နှင့် ကျန်းရုန်တို့ ထိတ်လန့်သွားကြသည်။ ဝံပုလွေလေး မျက်ရည်ကျနေသည်ကိုမြင်ပြီး သူတို့ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်သလို ဖြစ်သွားကြလေ၏။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
ကပ်ဆိုးဂြိုဟ်၌ ဘိုးဘေးက သခင်လေးကို နေရာချ စီမံပေးခဲ့ပြီးကတည်းက သူသည် ဝံပုလွေလေးနှင့်အတူ မရေတွက်နိုင်သော နတ်ဘုရားများနှင့် နတ်ဆိုးများကို သတ်ဖြတ်ခဲ့သည်။ သွေးသံတရဲရဲနှင့် သေခြင်းရှင်ခြင်း တိုက်ပွဲများကို ဆင်နွှဲခဲ့သည်။ သို့သော် ဝံပုလွေလေး ငိုကြွေးသည်ကို သူ တစ်ခါမှ မတွေ့ခဲ့ရပေ။
ယခုအချိန်တွင် သူ့မျက်လုံးနှင့် တပ်အပ်မြင်ခဲ့ရ၍သာ မဟုတ်ပါက သူ အသတ်ခံရလျင်တောင်မှ သွေးအေး၍ ရက်စက်တတ်သော သခင်လေးက ငိုကြွေးလိမ့်မည်ဟု သူ ယုံကြည်နိုင်မည် မဟုတ်ပါ။
“မင်းက နဂါးနက် အရှင်သခင်လား”
ထိုအချိန်တွင် ဝံပုလွေလေးက ယဲ့ဖန်ကို စိုက်ကြည့်၍ ကျယ်လောင်စွာ အော်မေးလိုက်သည်။ ယဲ့ဖန်သည် ကပ်ဆိုးဂြိုဟ်ပေါ်သို့ ခြေချခဲ့စဉ်ကတည်းက သူ၏ ပုံစံအမှန်ကို တစ်ခါမှ ထုတ်မပြခဲ့ပေ။
ယခုအချိန်၌ ဝံပုလွေလေးကို မြင်ပြီးနောက် သူ့မျက်လုံးတွင် စိတ်လှုပ်ရှားဟန်များ ဖြတ်ပြေးသွားပြီး နှုတ်ခမ်းတွန့်ရုံပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။
*တကယ် ဖြစ်နေတာကိုး*
ဝံပုလွေလေး မျက်မှောင်ကြုတ်နေသည်။ နတ်ဘုရား ဂိုဏ်းချုပ်တစ်ပိုင်းအဆင့်သာ ရှိသေးသည့်သူက သူ့လူနှစ်ယောက်ကို တကယ် သတ်နိုင်လိမ့်မည်ဟု သူ ထင်မထားမိချေ။
ထိုအချိန်တွင် ဝံပုလွေလေးထံမှ ပြင်းထန်သော လူသတ်လိုသည့် အရိပ်အငွေ့များ ထွက်ပေါ်လာပြီး ယဲ့ဖန်ကို လွှမ်းခြုံသွားလေ၏။ ထိုစဉ် သူ ထပ်ပြောလိုက်သည်။
“မင်းက ငါ့ပြိုင်ဘက် မဟုတ်ဘူး၊ မင်းရဲ့ အိမ်မွေးသားရဲကို ထုတ်လိုက်”
“အဲ့မကောင်းဆိုးဝါး သားရဲကို အရင်သတ်ပြီးမှ မင်းကို သတ်မယ်”
ဝံပုလွေလေး၏ စကားလုံးများသည် အလွန် နိုင်လိုမင်းထက် ဆန်၏။ သူ့မျက်လုံးထဲတွင် ယဲ့ဖန်သည် ပုရွက်ဆိတ်ကဲ့သို့ အရေးမပါလှချေ။
ထိုအချိန်တွင် အားလုံးက ဖုထျန်း၊ အီကွမ်နာနှင့် ရာချီသော သူတော်စင်အဆင့်များကို ဝါးမျိုခဲ့သည့် သားရဲကြီးကို တွေ့မြင်ချင်နေသောကြောင့် ယဲ့ဖန်ကို စိုက်ကြည့်နေကြလေသည်။
“စိတ်မကောင်းပါဘူး၊ ငါ့ကောင်ကြီးက ညစ်ပတ်တဲ့အရာတွေ စားမိလို့ ဝမ်းလျှောနေတယ်”
*ဝမ်းလျှောနေတယ်*
ထိုစကားကို ကြားပြီးနောက် ဝံပုလွေလေးနှင့် ကျန်လူများအားလုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။
*ရက်စက်တဲ့သားရဲက ဝမ်းလျှောနေတယ်တဲ့လား*
*ဒါ ဘယ်လိုစကားကြီးလဲ…*
အားလုံး ဘာစကားမျှ မပြောနိုင်အောင် ဖြစ်နေကြသည်။ ထိုအချိန်တွင် အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်၌ ယဲ့ဖန်က ဝံပုလွေလေးကို လက်ယပ်ခေါ်၍ စနောက်သလို ပြောလာသည်။
“လာစမ်းပါ၊ ဝံပုလွေလေးက ဘယ်လောက် ကြောက်ဖို့ကောင်းလဲ ငါ ကြည့်ချင်လို့”
*ဘာ*
ယဲ့ဖန်က ကိုယ့်သေတွင်းကိုယ်တူးရဲလိမ့်မည်ဟု အားလုံး ထင်မထားမိချေ။ ချက်ချင်းဆိုသလိုပင် ထောင်သောင်းချီသော လူအုပ်ကြီးအတွင်း၌ ပွက်လောရိုက်သွားလေသည်။
မရေတွက်နိုင်သော ဂြိုဟ်စုနယ်မြေများ၏ နံပါတ်တစ် ပါရမီရှင်များတောင်မှ ဝံပုလွေလေးကို မယှဉ်နိုင်ခဲ့သည်ကို သူတို့ တွေ့ခဲ့ပြီးလေပြီ။
*အခု နံပါတ်တစ် ပါရမီရှင်တွေထက်တောင် နိမ့်ကျတဲ့ နတ်ဘုရား ဂိုဏ်းချုပ် တစ်ပိုင်းအဆင့်ပဲ ရှိသေးတဲ့ အဲ့လူက ဝံပုလွေလေးကို ယှဉ်တိုက်ချင်နေတယ်တဲ့လား*
ဤသည်မှာ ကိုယ့်သေတွင်းကိုယ်တူးနေသည်နှင့် အတူတူပင် ဖြစ်လေသည်။
ထိုသူများသာမက ခန်းမသခင်တို့ပါ ထိတ်လန့်သွားကြသည်။ ယဲ့ဖန်က ကြောက်စရာ ကောင်းသည့် နဂါးနက်ကို ထုတ်သုံးလိမ့်မည်ဟုသာ သူတို့ ထင်ထားမိပြီး ဤသို့ ဖြစ်လာလိမ့်မည်ဟု ထင်မထားမိချေ။
“သခင်ကြီး ကျေးဇူးပြုပြီး ပြန်စဉ်းစားပါဦး”
ခန်းမသခင်နှင့် အခြားသူများ၏ နဖူးမှ ချွေးအေးများ စီးကျလာသည်။ ယဲ့ဖန်၏ ရဲတင်းမှုကြောင့် သူတို့ ကြောက်လန့်နေကြသည်။ သူတို့ ဝံပုလွေလေးနှင့် ရင်ဆိုင်သည်နှင့် မည်သို့မျှ အသက်မရှင်နိုင်တော့ချေ။
ယဲ့ဖန်ကတော့ အခြားသူများ၏ စကားများကို ကြားဟန်မရဘဲ ဝံပုလွေလေးကိုသာ စိုက်ကြည့်၍ မချိုမချဉ် ပြုံးနေ၏။
“မင်းက ငါ မြင်ဖူးသမျှထဲမှာ အထူးဆန်းဆုံးသူလို့ ပြောရမှာပဲ”
ဝံပုလွေလေးက တောက်ပသော မျက်လုံးများနှင့် ယဲ့ဖန်ကို ကြည့်နေလေသည်။
“ကျုပ်က သူတော်စင် စဦးအဆင့်ကို ရောက်နေပြီ၊ ဒါပေမဲ့ ကျုပ် အဆင့်ငယ် လေးခုကို ကျော်တိုက်နိုင်တယ်။ ကျုပ်ကို ကောင်းကင်နတ်ဘုရင်လို့ ပြောလို့ရတယ်၊ ကျုပ်က ခင်ဗျားထက် အဆင့် ဆယ့်ငါးဆင့် ပိုမြင့်တယ်”
တစ်ချိန်တုန်းက အဆင့်ပေါင်းများစွာကို ကျော်ဖြတ်ပြီးတော့ ပြိုင်ဘက်ကို ချေမှုန်းနိုင်တဲ့ လူတစ်ယောက်ကို ကျုပ် သိခဲ့တယ်”
“အဲ့ဒီလူက စကြဝဠာထဲမှာ အကြီးကျယ်ဆုံး ပုဂ္ဂိုလ်ပဲ”
*ဘာ*
ဝံပုလွေလေး၏ အလွန်လေးစားသော အမူအရာကိုမြင်ပြီး အားလုံး မှင်တက် အံ့အားသင့် နေကြသည်။
တစ်စုံတစ်ယောက်က ကြောက်စရာကောင်းသော ဝံပုလွေလေး၏ လေးစားခြင်းကို ခံရလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။
ခုန်လင်တောင်မှ တအံ့တဩနှင့် ပါးစပ်အဟောင်းသား ဖြစ်နေလေသည်။ ဝံပုလွေလေး ပြောနေသော ထိုပုဂ္ဂိုလ်ကို ကျန်းရုန်တစ်ယောက်တည်းသာ သိသည်။ ထိုသူသည် လူသားမဆန်သော မကောင်းဆိုးဝါးသာ ဖြစ်လေသည်။
ထိုအချိန်၌ ဝံပုလွေလေးသည် အားလုံး၏ ထိတ်လန့်မှုကို ဂရုမစိုက်ချေ။ သူသည် ယဲ့ဖန်ကိုသာ စိုက်ကြည့်နေ၏။
“စိတ်မကောင်းစရာက မင်းက သူ မဟုတ်တာပဲ၊ ဒီလိုဆိုမှတော့ မင်း သေလိုက်တော့”
ထိုသို့ပြောပြီး ဝံပုလွေလေးက သူ့လက်ဝါးကို လှုပ်ခါလိုက်သည်။ ထိုအခါ ကြောက်မက်ဖွယ် ဝံပုလွေ လက်သည်းတစ်ဖက်က ယဲ့ဖန်၏ ခန္ဓာကိုယ်အား အပြင်းအထန် စုတ်ဖြဲရန် ဝင်ရောက်လာသည်။