← Chapters

အခန်း (၅၄၄-၅၄၆)

Vol. 37 Ch. 544-546

အခန်း (၅၄၄-၅၄၆)

Vol. 37 Ch. 544-546

Chapter 544 မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်၍

*နတ်ဘုရား စိတ်ဝိညာဉ် မရှိတော့ပါလား*

ထိုသို့သောအချိန်၌ ကပ်ဆိုးဂြိုဟ်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေကြသည်။ အားလုံး၏ အကြည့်များက အလယ်သို့ ရောက်ရှိနေပြီး နတ်ဘုရား သားတော်၏ စိတ်ဝိညာဉ် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်ကို ကြည့်ကာ တုန်ယင်နေကြသည်။

*သေသွားပြီပဲ*

ဂလု!

အားလုံး ကြောက်ရွံ့နေကာ ယဲ့ဖန်အား ထိတ်လန့်ကြောက်ရွံ့၍ အံ့ဩကာ စိတ်ရှုပ်ထွေးသလို ကြည့်နေကြသည်။

ဝံပုလွေလေးကြောင့် ဒဏ်ရာရခဲ့သောသူက ဝံပုလွေလေးကို အနိုင်ယူခဲ့သူကို သတ်နိုင်လိမ့်မည်ဟု မည်သူမျှ ထင်မထားမိချေ။

“နတ်ဆိုးဧကရာဇ်တဲ့လား”

ဂလု!

များစွာသော သိုင်းပညာရှင်များသည် တံတွေးကို မနည်းမျိုချနေရပြီး အားလုံး ကြက်သီးမွေးညင်း ထနေကြလေသည်။ အထူးသဖြင့် ခုန်လင်နှင့် ကျန်းရုန်ပင်။ နှစ်ယောက်လုံး ခြေထောက်များ ပျော့ခွေ၍ ကြက်သေ သေနေကြသည်။ သူတို့သည် အလွန်အမင်း ထိတ်လန့်နေသော မျက်နှာထားနှင့် သွေးပျက်နေ ကြလေသည်။

“လတ်စသက်တော့ သူ … သူက နတ်ဆိုးဧကရာဇ် ဖြစ်နေတာကိုး”

ခုန်လင် မှင်တက်အံ့အားသင့်နေပြီး လိပ်ပြာလွင့်မတတ် ကြောက်လန့်ကာ ဇောချွေးပြန်နေသည်။

“ငါ … ငါက … နတ်ဆိုးဧကရာဇ်ကို သတ်ချင်နေခဲ့တာပဲ”

သူတို့ ကိုယ့်ပါးကိုယ် ပြန်ရိုက်ချင်နေမိသည်။ ယခုအခါမှ သူတို့ မည်မျှ တုံးအခဲ့သည်ကို သူတို့ ပြန်သတိထားမိလာကြသည်။

သူတို့နှင့် ဆန့်ကျင်ဘက် တစ်ဖက်တွင်မူ ခန်းမသခင်နှင့် အခြားသူများသည် ပြောမပြတတ်လောက်အောင် အံ့အားသင့်နေကြသည်။

“နဂါးနက် အရှင်သခင်က နတ်ဆိုးဧကရာဇ်တဲ့လား၊ ဘုရား ဘုရား”

နဂါးနက်ခန်းမ၏ သိုင်းပညာရှင်တိုင်းသည် ယဲ့ဖန်အား နတ်ဘုရား တစ်ပါးကို ကြည့်သကဲ့သို့ ကြည့်နေမိကြသည်။ ယဲ့ဖန်က ဝံပုလွေလေးကို ခေါင်းထဲမထည့်ခဲ့သည်ကို သူတို့ မအံ့ဩတော့ပါ။ နတ်ဘုရား သားတော်ကို သူ အလေးမထားခဲ့သည်ကိုလည်း သူတို့ မအံ့ဩမိတော့ချေ။ သူက ကြောက်မက်ဖွယ် အကောင်းဆုံးပုဂ္ဂိုလ် ဖြစ်နေခဲ့သည်ကိုး။

ရွှစ်!

လူတိုင်း သေလုနီးပါး ကြောက်လန့်နေစဉ်တွင် ယဲ့ဖန်က သူ၏လက်တစ်ဖက်ကို လှုပ်ခါလိုက်သည်။ ထိုအခါ နတ်ဘုရား သားတော်၏ သွေးမြူခိုးကို ဝါးမျိုလိုက်ပြီးနောက် ရစ်ဝဲနေသော နတ်ဆိုးချီမျှင်စုများက သူ့လက်ဝါးထက်သို့ ရောက်ရှိလာသည်။ ထို့နောက် ကောင်းကင် နတ်ဘုရင် စဦးအဆင့်၏ နတ်ဘုရား အမြုတေက ယဲ့ဖန်၏ လက်ဝါးပေါ်သို့ ကျရောက်လာ၏။

နတ်ဘုရား အမြုတေမှ ပျံ့လွင့်လာသော ဖိအား အရှိန်အဝါက လူတိုင်းအား အလွန်အမင်း ကြောက်လန့်သွားစေသည်။

ထိုစဉ် ယဲ့ဖန်က ထိုအမြုတေကို ပါးစပ်ထဲ ပစ်ထည့်၍ အေးအေးလူလူ ဝါးစားနေသည်။ ထိုသို့ နတ်ဘုရား အမြုတေကို ဝါးစားနေစဉ်တွင် သူ့ထံမှနေ၍ ပို၍ ခြောက်ခြားဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာသည်။

မိုးကောင်းကင် တုန်ခါနေသကဲ့သို့ ယဲ့ဖန်၏ ခန္ဓာကိုယ်တွင်းမှ ပေါက်ကွဲမှုက ဆက်လက် ဖြစ်ပွားလျက် ရှိသည်။

ပြင်းထန်လှပေ၏။

ယဲ့ဖန်၏ ခန္ဓာကိုယ်တွင်း၌ ဖွဲ့စည်းမှုများ ပြောင်းလဲဖြစ်ပေါ်နေသည်ကို အားလုံး ခံစားမိသည်။ ထိုဖိအားက လူတိုင်းကို တုန်ယင်သွားစေသည်။

ဝုန်း!

ကပ်ဆိုးဂြိုဟ်၏ အပြင်ဘက်၌ အမည်းရောင် တိမ်စိုင်တိမ်လိပ်များ စုဝေးလာပြီး မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။

ယဲ့ဖန်၏ ပြင်းထန်သော အဆင့်တက်ခြင်းသည် သည်းမခံနိုင်လောက်အောင် ဖြစ်စေသကဲ့သို့ မိုးကောင်းကင် ဒဏ်ခတ်ခြင်းကို ဖြစ်ပေါ်လာစေလေသည်။ ပြင်းထန်သော အဖျက်စွမ်းအင်က ကပ်ဆိုးဂြိုဟ်ဆိုးတစ်ခုလုံးကို တုန်ခါသွားစေသည်။

“မြတ်စွာဘုရား၊ ဒါ … ဒါက နတ်ဘုရား မိုးကြိုးကပ်ဘေးပဲ”

“ဘယ်လိုလုပ် ဖြစ်နိုင်မှာပဲ၊ နတ်ဘုရား ဂိုဏ်းချုပ်အဆင့်ကို အဆင့်တက်ချင်နေတာက ဘယ်လိုလုပ် နတ်ဘုရား မိုးကြိုးကပ်ဘေးကို ဖြစ်စေမှာလဲ”

“….”

သိုင်းပညာရှင်များအားလုံး ရူးမတတ် ဖြစ်နေကြသည်။ နတ်ဘုရား မိုးကြိုးကပ်ဘေးသည် ကောင်းကင် နတ်ဘုရင်အဆင့် သိုင်းပညာရှင် အဆင့်တက်မှသာ ဖြစ်ပေါ်လာတဲ့ မိုးကောင်းကင် ဥပဒေသရဲ့ ကပ်ဘေးလေ”

ယခုအခါတွင် နတ်ဘုရား ဂိုဏ်းချုပ် တစ်ပိုင်းအဆင့်မှ နတ်ဘုရား ဂိုဏ်းချုပ်အဆင့်သို့ အဆင့်တက်ခြင်းက လောက ဥပဒေသကို ဖြစ်ပေါ်စေနေသည်။ ဤသည်မှာ တွေးပင်မတွေးဝံ့သော ကိစ္စပင်။

စကြဝဠာ၏ ရှည်လျားသော သမိုင်းကြောင်း၌ နတ်ဘုရား ဂိုဏ်းချုပ်အဆင့်သို့ အဆင့်တက်ခြင်းမှနေ၍ နတ်ဘုရား မိုးကြိုးကပ်ဘေးကို ဖြစ်ပေါ်စေခဲ့နိုင်သည့် သိုင်းပညာရှင်ဟူ၍ တစ်ယောက်မှ မရှိခဲ့ချေ။

“မကောင်းတော့ဘူး”

ယဲ့ဖန်တောင်မှ ချက်ချင်း မျက်နှာပျက်သွားသည်။ သူ့မျက်နှာထက်၌ ထိတ်လန့်ဟန်များ ထင်ဟပ်လာသည်။

သူ၏ ပထမဘဝတွင် သူ၏ ပထမဆုံးသော နတ်ဘုရားမိုးကြိုးကပ်ဘေးသည် သူတော်စင်အဆင့်သို့ အဆင့်တက်စဉ်အခါကမှ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ ထိုအခါက သူသည် နတ်ဘုရား မိုးကြိုးကပ်ဘေးကြောင့် သုတ်သင်ခံရလုနီးပါး ဖြစ်ခဲ့သလို လောက ဥပဒေသအား တောင့်မခံနိုင် လောက်အောင် ဖြစ်ခဲ့ရသည်။

သို့သော် ယခုအခါတွင် နတ်ဘုရား မိုးကြိုးကပ်ဘေးက အဆင့်ကြီး နှစ်ခုနှင့် အဆင့်ငယ် ဆယ်ခုစာ စော၍ ကျရောက်လာလိမ့်မည်ဟု ယဲ့ဖန် ထင်မထားမိချေ။

ဤသည်က သူသည် ယခုဘဝ၌ ယခင်ဘဝက တူညီသော အချိန်ကထက် ပို၍ သန်မာနေသည်ကို ပြသနေသည်။ နတ်ဘုရား ဂိုဏ်းချုပ်အဆင့်သို့ အဆင့်တက်နိုင်ခြင်းကပင် လောကကြီးကို ဒေါသထွက်အောင် လုပ်နိုင်နေသည်။

“တကယ်ကို ပြင်းထန်လွန်းတဲ့ နတ်ဘုရား မိုးကြိုးပဲ”

လက်ရှိအချိန်တွင် ယဲ့ဖန်သည် မျက်ခုံး တလှုပ်လှုပ် ဖြစ်နေပြီး နတ်ဘုရား မိုးကြိုးကပ်ဘေး၏ ကြောက်စရာ ကောင်းသော အဖျက်စွမ်းအင်အား ရှင်းလင်းစွာ ခံစားမိနေသည်။

“အခြားသူတွေအတွက်ဆို ဒါက သေမင်းရဲ့ ရှေ့ပြေးနိမိတ်ပဲ၊ ငါ့အတွက်ကတော့ ဒါက အဆုံးမဲ့တဲ့ လက်နက်ပဲ”

ယဲ့ဖန်၏ နှုတ်ခမ်းထောင့်က တွန့်ကွေးသွားပြီး အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ ထို့နောက် သူ့လက်တစ်ဖက်က သွေးကြောဆုံမှတ်တစ်ခုကို ဖိနှိပ်လိုက်သည်။

“ငါ့ကို ပေးလိုက်စမ်း”

ထိုလက်ဖျားက သွေးကြောတစ်ခုကို ဖိသွားသည်နှင့် ခန္ဓာကိုယ်တွင်းမှ ကြောက်စရာ ကောင်းသော အရှိန်အဝါက ယဲ့ဖန်ကြောင့် ပြန်ရုတ်သိမ်းသွားသည်။

ကောင်းကင်ထက်မှ မြွေဖြူများကဲ့သို့ လျှပ်စီးများသည်လည်း တဖြည်းဖြည်း လွင့်ပြယ်သွားလေသည်။ နောက်ဆုံးတွင် တိမ်မည်းလိမ်များ လွင့်ပါး၍ ကြည်လင်သော ကောင်းကင်ယံ ပြန်လည် ထွက်ပေါ်လာသည်။

*ပျောက်ကွယ်သွားပြီပဲ*

အားလုံး စိတ်အေးသွားကြသည်။ နတ်ဘုရား ဂိုဏ်းချုပ်တစ်ပိုင်း အဆင့်မှနေ၍ နတ်ဘုရားဂိုဏ်းချုပ် အဆင့်သို့ တက်သွားသူက ဘယ်လိုလုပ် နတ်ဘုရားမိုးကြိုး ကပ်ဘေးကို မဖြစ်ပေါ်စေနိုင်ကြောင်း သူတို့ သိနေပါသည်။

သို့သော်ငြားလည်း ယဲ့ဖန်၏ အတောမသတ်နိုင်သော အရှိန်အဝါကြောင့် သူတို့ တုန်ယင်သွားကြသည်။ သူသည် နတ်ဘုရား ဂိုဏ်းချုပ်အဆင့်သို့ အဆင့်တက်ရန် အလွန်နီးစပ်နေသော်လည်း သူ၏ အရှိန်အဝါက ကောင်းကင် နတ်ဘုရင် စဦးအဆင့် သိုင်းပညာရှင်ထက်တောင်မှ ပို၍ ကြောက်စရာ ကောင်းပါသည်။

ထောင်သောင်းချီသော သိုင်းပညာရှင်များသည် သူ့ရှေ့၌ ဘာမှမဟုတ်သလို ခံစားမိကြသည်။ ထိုအချိန်၌ ဝံပုလွေလေးက ဝမ်းသာလွန်း၍ ငိုကြွေးကာ ယဲ့ဖန်ရှေ့၌ ဒူးတစ်ဖက်ထောက်လာသည်။

“လောဘအိုး ဝံပုလွေ ဖေးချမ်က သခင်ကြီးကို ဂါဝရပြုပါတယ်”

“နတ်ဆိုးတွေက မသေဆုံးနိုင်ဘူး၊ နတ်ဆိုးဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေ”

ထိုစကားကြောင့် လှိုင်းလုံးကဲ့သို့ ပဲ့တင်ထပ်သွားလေသည်။ ခန်းမသခင်နှင့် အခြားသူများ ယခုထက်ပို၍ စိတ်မလှုပ်ရှားနိုင်တော့ချေ။ သူတို့သည်လည်း ဒူးတစ်ဖက်ထောက်၍ ရင်ဘတ်ပေါ် လက်တင်လာသည်။

“နဂါးနက် ကျေးကျွန်များက သခင်ကြီးကို ဂါဝရပြုပါတယ်”

ဘေးပတ်လည်မှ ထောင်သောင်းချီသော ကပ်ဆိုးဂြိုဟ်၌ နေထိုင်သူများကလည်း မြေကြီးပေါ် ဒူးထောက်လာကြသည်။

“ကပ်ဆိုးဂြိုဟ်သူများက နတ်ဆိုးဧကရာဇ်ကို အရိုအသေပေးပါတယ်”

ဤမြင်ကွင်းကြောင့် ကျန်သိုင်းပညာရှင်များသည် အသည်းအသန် ဒူးထောက်၍ အရိုအသေ ပေးလာကြသည်။

“ကျွန်တော်မျိုးတို့ နတ်ဆိုးဧကရာဇ်ကို အရိုအသေ ပေးပါတယ်”

ဂါဝရပြုသံများက ကောင်းကင်အနှံ့သို့ ပျံ့နှံ့သွားသည်။ ကပ်ဆိုးဂြိုဟ်တစ်ခုလုံးသည် လူတစ်ယောက်တည်းကြောင့် တုန်လှုပ်နေကြသည်။

ခုန်လင်နှင့် ကျန်းရုန်တို့သာ မှင်တက်နေကြလေသည်။ သူတို့သည် သွေးပျက်နေကြပြီး ပြင်းထန်သော ဖိအားကြောင့် ဒူးထောက်နေရသလို စိတ်ထဲ၌ ခြောက်ခြား၍နေ၏။ သူတို့၏ ခြေထောက်ကြားမှ ကျင်ငယ်ရည်များ စီးကျလာသည်။

ယဲ့ဖန်က ကိုယ်ကိုကိုင်း၍ ဖေးချမ်ကို ဆွဲထူက မတ်တပ်ရပ်စေလိုက်သည်။

“သခင်ကြီး”

ဖေးချမ်၏ မျက်လုံးများက နီရဲ၍ စိုစွတ်နေသည်။ သူ အလွန် စိတ်လှုပ်ရှားနေ၏။ သူ နေ့ရောညပါ သတိရနေခဲ့သည့် ထိုပုဂ္ဂိုလ်၊ သူ့အား အံ့အားသင့်အောင် လုပ်ခဲ့သော ထိုပုဂ္ဂိုလ်က ယခု ဤသို့ ရောက်နေလေသည်။ အခြားဂြိုဟ်ပေါ်တွင် ပြန်လည်ဆုံတွေ့ခဲ့ရသည်။

“ဖက်တီး မင်း ပိန်သွားသားပဲ”

ယဲ့ဖန် ရင်ထဲ မချိသလို ခံစားမိပြီး ဖေးချမ်းအား ခပ်တင်းတင်း ဖက်ထားလိုက်မိသည်။ သွေးသောက် ညီအစ်ကိုတို့၏ မေတ္တာဓာတ်သည် အမျိုးသားတို့ထံ၌ တိတ်တဆိတ် စီးဆင်းနေသည်။

ယဲ့ဖန်နှင့် ဖေးချမ်ကို ကြည့်ပြီး ထောင်သောင်းချီသော သိုင်းပညာရှင်များသည် နတ်ဘုရားမျိုးနွယ်နှင့် အင်မော်တယ်မျိုးနွယ်တို့၏ အော်သံများကို ကြားယောင်လာသလို ခံစားမိလာသည်။

ထိုအချိန်နှင့် ခုန်လင်နှင့် ကျန်းရုန်တို့သည် ကြောက်လန့်နေသော ယုန်များကဲ့သို့ ယဲ့ဖန်နှင့် ဖေးချမ်တို့ အာရုံမစိုက်ခင်တွင် တိတ်တဆိတ် ထွက်ပြေးရန် ပြင်လာကြသည်။

ယခင်တုန်းက ယဲ့ဖန်ကို သေစေလိုသော သူတို့နှစ်ယောက်သည် ယခုအခါတွင် အသက်ရှင်ရန်အတွက် ထွက်ပြေးချင်နေကြသည်။

*မြန်မြန်၊ မြန်မြန်၊ မြန်မြန်*

နှစ်ယောက်သား ထောင်သောင်းချီသော လူအုပ်ကြားထဲမှ ကျိတ်၍ ထွက်ပြေးရန် ပြင်လာစဉ်တွင် ရေခဲတမျှ အေးစက်သော အကြည့်တစ်စုံက သူတို့ပေါ် ကျရောက်လာသည်။

သူတို့ခန္ဓာကိုယ်များ ရုတ်တရက် တောင့်တင်းလာပြီး ရှေးဟောင်းသားရဲ၏ စိုက်ကြည့်ခြင်းကို ခံရသကဲ့သို့ ကတုန်ကယင် ဖြစ်လာသည်။

သူတို့ နောက်လှည့်၍ ပြန်ကြည့်လိုက်သောအခါ ခပ်လှမ်းလှမ်း၌ ရပ်နေသော ယဲ့ဖန်နှင့် ဖေးချမ်တို့က သူတို့ကို ပြုံး၍ ကြည့်နေသည်ကို တွေ့လိုက်ရသည်။

နှစ်ယောက်လုံး သည်းခြေပျက်မတတ် ကြောက်လန့်ကာ ဒူးထောက်၍ အသနားခံကြလေသည်။ သူတို့ စကားမဆုံးခင်တွင် ခက်ထန်သော အသံတစ်သံ ထွက်ပေါ်လာသည်။

“မင်းတို့က ငါ့သခင်ကြီးကို ငါ့လက်နဲ့ သတ်ခိုင်းခဲ့တယ်”

“ခုန်လင်နဲ့ မင်းက ငါ့သခင်ကြီးကို မသိစိတ်ထဲထိ မုန်းတီးခဲ့တယ်”

“မင်းတို့ကောင်တွေ သေပေတော့”

မရဏခေါ်သံကဲ့သို့သော စကားသံအဆုံး၌ ဖေးချမ်၏ ဝံပုလွေလက်သည်းတစ်ဖက်က သူတို့ပေါ် ရုတ်တရက် ကျရောက်လာသည်။ နှစ်ယောက်လုံး ပိပြား၍ သွေးမြူခိုးများ ဖြစ်သွားကြသည်။

Chapter 545 မိုနာဒိုဘုရင်

တစ်ချိန်တည်းမှာပင် မိုနာဒို နတ်ဘုရားနတ်မြေ၌။

ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်တစ်ခုသည် မြင့်မားသော တောင်တစ်လုံးကဲ့သို့ နှစ်ထောင်ပေါင်းများစွာ ထိုင်နေဟန်ဖြင့် ဂြိုဟ်ပေါ်တွင် ထိုင်လျက်ရှိသည်။ ထိုပုံရိပ်ထံမှ ထွက်ပေါ်လာသော အငွေ့အသက်သည် အလွန် ကြောက်စရာ ကောင်းလာသည်။

အငွေ့အသက်တိုင်း၌ စကြဝဠာ၏ ဥပဒေသများ ပါဝင်နေသည်။ ထိုအငွေ့အသက်နှင့်တင် ဂြိုဟ်များကို ဖျက်ဆီးရန် လုံလောက်နေလေပြီ။

သို့သော် မိုနာဒိုဘုရင်၏ သားဖြစ်သူ နတ်ဘုရား သားတော်၏ နတ်ဘုရား စိတ်ဝိညာဉ် သေဆုံးသွားချိန်တွင် ထိုပုံရိပ်၏ ရဲရဲနီသော မျက်လုံးတစ်စုံ ပွင့်လာသည်။

ထိုမျက်လုံးများသည် အလောင်းတောင်မှ သွေးများ ပင်လယ်ကဲ့သို့ စီးဆင်းနေသကဲ့သို့ ချင်းချင်းနီလျက် ရှိပြီး ဖိနှိပ်ညှင်းပန်းလိုဟန်များ ထင်ဟပ်နေသည်။

“သေစမ်း၊ ငါ ဘာလို့ ကပ်ဘေးတစ်ခု ဖြစ်လာတော့မလို ထင်ယောင်ထင်မှားနဲ့ မြင်ယောင်နေရတာလဲ”

“အဲ့ဒါ ဘာကြီးလဲ”

မိုနာဒိုနတ်ဘုရား မယုံနိုင်သလို ဖြစ်နေသည်။ နတ်ဆိုးမျိုးနွယ်၏ ပုန်းကွယ်နေသော ထိပ်တန်း မကောင်းဆိုးဝါးများ မွေးဖွားလာသည်သာ မဟုတ်ပါက မည်သူမျှ သူ့ကို ခြိမ်းခြောက်ရလောက်အောင် လုပ်နိုင်မည် မဟုတ်ပါ။

သို့သော် မိုနာဒိုဘုရင်၏ မျက်နှာထက်၌ မယုံသင်္ကာဖြစ်ဟန်၊ အံ့ဩဟန်နှင့် စိတ်ဆိုးနေဟန်များ ထင်ဟပ်နေသည်။

ဝုန်း!

ထိုစဉ် စစ်သင်္ဘောတစ်စီးက ရုတ်တရက် ဆင်းသက်လာသည်။ ထို့နောက် စစ်သင်္ဘောထက်မှနေ၍ အကြားအမြင်ဆရာကြီးတစ်ယောက် ပြေးထွက်လာသည်။ ထိုသူသည် မိုနာဒိုမိသားစု၏ အသက်များကို တာဝန်ယူ ကြီးကြပ်ရသည့် အကြီးအကဲ တစ်ယောက် ဖြစ်လေသည်။

တစ်စုံတစ်ယောက် သေသွားပါက သူ အကုန် သိသည်။ ထိုသူက အသည်းအသန် ပြေးလာသဖြင့် မိုနာဒိုနတ်ဘုရား ရင်ထဲ စိုးရိမ်စိတ် ဝင်လာသည်။

“မကောင်းတော့ဘူး”

မိုနာဒိုနတ်ဘုရား ဇဝေဇဝါ ဖြစ်လာသည်။ ထိုအကြားအမြင်ဆရာကြီးသည် မိုနာဒိုနတ်ဘုရားရှေ့သို့ ရောက်သည်နှင့် ချက်ချင်း ဒူးထောက်ချလာသည်။

“သခင်ကြီး၊ သခင်လေး … သူ … သူ ကျဆုံးသွားပါပြီ”

ထိုစကားသည် မိုနာဒိုနတ်ဘုရား၏ နားထဲတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်သွားပြီး ချက်ချင်း မှင်တက်သွားသည်။

မိုနာဒို နတ်ဘုရား၏ သားတော်သည် မိုနာဒို နတ်ဘုရားမြေတွင် ကြောက်မက်ဖွယ် အကောင်းဆုံး ပါရမီရှင် ဖြစ်လေသည်။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

“ဘယ်သူလုပ်တာလဲ”

ခက်ထန်သော စကားသံ ထွက်လာသောအခါ နတ်ဘုရားနယ်မြေ ဘေးပတ်လည်ရှိ ဂြိုဟ်များသည် ထိုအသံကြောင့် ပေါက်ကွဲသွားသည်။

ထိုအကြားအမြင်ဆရာကြီးတောင်မှ အော်သံကြောင့် မီတာ တစ်ထောင်ခန့် လွင့်ထွက်သွားပြီး သွေးအန်လာကာ ခွေးတစ်ကောင်ကဲ့သို့ ကြောက်လန့်၍ တုန်ယင်နေသည်။

“သခင်ကြီး စိတ်ဆိုးနေပြီ၊ သခင်လေးက ကပ်ဆိုးဂြိုဟ်စုနယ်မြေထဲမှ ကျဆုံးသွားတယ်လို့ သိရပါတယ်၊ လူသတ်သမားကိုတော့ မသိရသေးပါဘူး”

*ကပ်ဆိုးဂြိုဟ်စုနယ်မြေတဲ့လား*

ထိုစကားကြောင့် မိုနာဒိုနတ်ဘုရား ငြိမ်သက်သွားပြီး မျက်လုံးများက ဒေါသကြောင့် မီးဝင်းဝင်း တောက်လာသည်။ ကျောချမ်းဖွယ် ကောင်းလှ၏။

“သိပ်တော်တဲ့ ကပ်ဆိုးဂြိုဟ်စုနယ်မြေပဲ”

“ထူဘုရင်ကို ထုတ်ပြီး မိုနာဒို စစ်သား ငါးသောင်းကို ဦးဆောင်ခိုင်းလိုက်၊ ပြီးရင် ကပ်ဆိုးဂြိုဟ်စုနယ်မြေကို သွားပြီး အဲ့လူသတ်သမားကို သတ်ဖို့ အမိန့်ပေးလိုက်။ ငါ့သားအတွက် သွေးကြွေးဆပ်ခိုင်းလိုက်စမ်း”

*ထူဘုရင်*

ထိုနာမည်ကို ကြားသည်နှင့် အကြီးအကဲသည် ခြောက်ခြား၍ ကတုန်ကယင် ဖြစ်သွားလေသည်။

*သူက မိုနာဒိုရဲ့ ပထမဘုရင် မဟုတ်လား*

*လူသတ်တာကို စွဲလမ်းလွန်းလို့ သတ်ဖြတ်သူဘုရင်လို့ တင်စားကြတာလေ*

*ရန်သူတင်မကဘဲ မိုနာဒို နတ်ဘုရားမျိုးနွယ်တွေပါ သူ သတ်တာခံရလို့ သွေးချောင်းစီးခဲ့သေးတယ်*

*ဒါကို အခု …*

“သခင်ကြီး၊ ထူဘုရင်က လူသတ်တာကို စွဲလမ်းလွန်းတာမို့ ကောင်းကင်တာအိုနဲ့ ဆန့်ကျင်နေတဲ့သူပါ။ တကယ်လို့ သူ့ကိုသာ တောင်ပေါ်ကနေ ထုတ်လာခဲ့ရင် ကပ်ဆိုး ဂြိုဟ်စုနယ်မြေတစ်ခုလုံး သုတ်သခင်ခံရမှာပါ။ ဒါက …”

အကြားအမြင်ဆရာကြီးသည် အလွန် ကြောက်လန့်နေပြီး မိုနာဒို နတ်ဘုရားအား ဖျောင်းဖျချင်နေသည်။ သူ့စကားစရုံသာ ရှိသေးချိန်တွင် အော်သံတစ်သံ ထွက်ပေါ်လာသည်။

“သွားမှာသာ သွားစမ်း”

မိုနာဒိုနတ်ဘုရား၏ အော်သံက သူ့အား ချက်ချင်း တုန်ယင်၍ အရိုးအသားများပါမကျန် ကြေမွသွားသကဲ့သို့ ခံစားသွားရစေသည်။ ဆိုးရွားလှသည်။

အကြားအမြင် ဆရာကြီးသည် ထပ်၍ မဖျောင်းဖျရဲတော့ဘဲ ကိုယ့်ကိုယ်ကိုယ် အားတင်း၍ ပြန်ပြောလိုက်သည်။

“အမိန့်အတိုင်းပါ သခင်ကြီး”

ထိုသို့ပြောပြီးနောက် အကြားအမြင် ဆရာကြီးသည် စစ်သင်္ဘောပေါ် ပြန်တက်လိုက်ပြီး ထူဘုရင်အား တောင်ပေါ်မှ ပြန်ထုတ်ရန် မိုနာဒို နတ်ဘုရားမျိုးနွယ်များဘက်သို့ ဦးတည်ထွက်ခွာသွားသည်။

ထိုစစ်သင်္ဘော ထွက်ခွာသွားသည်ကို ကြည့်နေစဉ်တွင် မိုနာဒိုနတ်ဘုရားထံမှ လူသတ်လိုသော အငွေ့အသက်များ ပျံ့နှံ့လာသည်။

“သိပ်မကြာတော့ဘူး၊ နတ်ဆိုးနတ်ဘုရားရဲ့ မရဏကျင့်စဉ်ကို ငါ နှံ့နှံ့စပ်စပ် ကျင့်ကြံနိုင်ဖို့ သိပ်မလိုတော့ဘူး”

“ငါ အောင်မြင်သွားတာနဲ့ ငါ့ကလန်မှာ ကျန်ရစ်ခဲ့တဲ့ စိတ်ဝိညာဉ် အကြွင်းအကျန်နဲ့ ငါ့သားကို ပြန်အသက်သွင်းမယ်”

မိုနာဒိုနတ်ဘုရားသည် နှစ်ရာနှင့်ချီ၍ လျှို့ဝှက်နေထိုင်ခဲ့သည်။ သူ လူလုံးထွက်မပြချင်၍ မဟုတ်ပါ၊ ထွက်မပြနိုင်သေး၍ ဖြစ်သည်။

နတ်ဆိုးမျိုးနွယ်၏ နတ်ဘုရားအဆင့် ကျင့်စဉ်ဖြစ်သော မရဏသော့ချက်နှင့် နတ်ဘုရားမျိုးနွယ်၏ နတ်ဘုရားအဆင့် ကျင့်စဉ်ဖြစ်သော မိုးကောင်းကင် နတ်ဘုရားကျင့်စဉ်။

သူသည် ထိုကျင့်စဉ်နှစ်ခုလုံးကို နှစ်ရာနှင့်ချီ၍ လေ့လာကျင့်ကြံနေခဲ့ပြီး ယခုအခါတွင် သူ အောင်မြင်ခါနီးလာလေပြီ။

သူသာ ယခု တံခါးပိတ် ကျင့်ကြံနေရာမှ ထွက်လိုက်ပါက သူ့အောင်မြင်မှုအားလုံး ရေစုန်မျော ပေလိမ့်မည်။

“ငါ့သား စောင့်ဦး၊ ဒီအဖေက မင်းအတွက် ပြန်လက်စားချေပေးမှာကို စောင့်နေလိုက်တော့”

ထိုသို့ပြောပြီးနောက် မိုနာဒိုနတ်ဘုရားသည် မျက်လုံးပြန်မှိတ်၍ အရူးအမူး ကျင့်ကြံပြန်လေတော့သည်။

….

ကပ်ဆိုးဂြိုဟ်စုနယ်မြေ။ ၎င်း၏ပင်မဂြိုဟ်သည် ကပ်ဆိုးဂြိုဟ်ဖြစ်သော်လည်း ကပ်ဆိုးဂြိုဟ်၏ ကျန်းမိသားစု၌ သီးသန့်ဂြိုဟ်တစ်လုံး ရှိလေသည်။

ထိုဂြိုဟ်၏ နာမည်မှာ ကျန်းဝမ်ရှင်း ဖြစ်လေ၏။ ဝမ်ရှင်းဂြိုဟ်၏ အပြင်ဘက်၌ မြင်းနဂါးများ ခုန်ပေါက် ပြေးလွှားလျက် ရှိသည်။

ထိုမြင်းနဂါးများအား ရာနှင့်ချီသော သိုင်းပညာရှင်များက စီးနင်းလာကြသည်။ ထိုမြင်းနဂါးများကို ဦးဆောင်လာသူက ယဲ့ဖန်နှင့် ဖေးချမ်တို့ပင် ဖြစ်သည်။

ကျန်းဝမ်ရှင်းဂြိုဟ်ကို လှမ်းကြည့်ရင်း ဖေးချမ်က အားပါးတရ ပြုံးလိုက်သည်။

“သခင်ကြီး၊ အရှေ့က ဂြိုဟ်က ကျန်းမိသားစုရဲ့ ဂြိုဟ် ကျန်းဝမ်ရှင်းပြ။ အစတုန်းက အဘိုးကြီးက ဂြိုဟ်တွေကို ခရီးဆန့်ပြီးတော့ ကမ္ဘာမြေပေါ်မှာ သွေးမျိုးစက် ချန်ခဲ့တယ်၊ ဒါပေမဲ့ ဘာအစအန၊ အဆက်အသွယ်မှ မရတော့ဘူး။ ကျွန်တော့်အဘွားမျိုးဆက်ကစပြီးတော့ ကျွန်တော် အဘွားရဲ့ မျိုးရိုးနာမည်ကိုပဲ ဆက်ပြီး ဆက်ခံလာခဲ့တာ အခုထိပဲ”

“အဘိုးကြီးက ကျွန်တော့်နာမည်ကို အကြိမ်ပေါင်းများစွာ ပြောင်းဖို့ ကြိုးစားခဲ့တယ်၊ ကျွန်တော် ဘယ်တော့မှ သဘောမတူခဲ့ဘူး”

ထိုအဘိုးကြီးအကြောင်း ပြောနေစဉ်တွင် ဖေးချမ်၏အပြုံးက ပို၍ ပီပြင်လာသည်။ သူ့စကားအဆုံးတွင် ယဲ့ဖန်၏ အင်္ကျီလက်စထဲမှ နဂါးခေါင်း ခပ်သေးသေးတစ်လုံး ထွက်လာပြီး ဖေးချမ်ကို အပြုံးနှင့် လှမ်းပြောလေသည်။

“ဟဲဟဲ … မင်းဘိုးဘေးကို ဒီခံ့ချောနဂါးကြီးက သိတာပေါ့၊ သူ့ကို ကျန်းချမ်လို့ ခေါ်တယ်မလား၊ ဉာဏ်နီဉာဏ်နက်များတဲ့ အဘိုးကြီးလေ”

*ကျန်းချမ်*

ထိုစကားကြောင့် ဖေးချမ် မှင်တက်သွားသည်။

“သခင်ကြီး၊ ခင်ဗျား ကျွန်တော့်ဘိုးဘေးနဲ့ တွေ့ဖူးတာလား”

သူ့စကားကြောင့် ယဲ့ဖန် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူက စိတ်ဝိညာဉ် ဂြိုဟ်ပေါ်မှ အကြောင်းများကို ဖေးချမ်အား ပြောပြလိုက်သည်။ ထိုမျှနှင့် မပြီးသေးချေ၊ နတ်ဆိုးနဂါးက ရယ်မော၍ ပြောလာသေးသည်။

“ဟဲဟဲ … ညီအစ်ကိုကျန်းက သိပ်တော်တဲ့ နောက်လိုက်ကောင်းလေးပြ၊ သူနဲ့ငါ သုံးခါလောက် ဆုံဖူးတယ်၊ ငါတို့ ဆောင်ကြာမြိုင်ကို အတူသွားပြီး သေနတ်တွေထုတ်ပြီးတော့ အတူ တွန်းပို့ဖူးတယ်”

ဝေါ့!

သူ့စကားကြောင့် ဖေးချမ် သွေးအန်လုနီးပါး ဖြစ်သွားလေသည်။

*ချီးပဲ၊ ဒီမျိုးမစစ်အိုကြီးကတော့*

ဖေးချမ် မျက်မှောင်ကြုတ်နေသည်။ သူ၏ ဘိုးဘေးက ထိုမျှအရေးမပါ ဖြစ်နေမည်ဟု ထင်မထားမိချေ။ သူတို့ အတူတူ စကားပြောလိုက်၊ ရယ်မောလိုက်နှင့် ကျန်းဝမ်ရှင်း အပြင်ဘက်သို့ ရောက်လာသည်။

သို့သော် သူတို့ အနားသို့ နီးလာသည်နှင့် ကျန်းဝမ်ရှင်းမှ နတ်ဘုရားမျိုးနွယ်တစ်စုက သူတို့ကို ချက်ချင်း တားဆီးလာသည်။

“သခင်လေးကို ဂါဝရပြုပါတယ်”

သူတော်စင် အထွတ်အထိပ် သိုင်းပညာရှင်တစ်ယောက်နှင့် ထောင်ချီသော နတ်ဘုရား အစောင့်အကြပ်များက ဖေးချမ်ကို အရိုအသေပေးလာကြသည်။

ဖေးချမ်က ခေါင်းညိတ်ပြ၍ သိပ်မတွေးနေတော့ဘဲ ယဲ့ဖန်ကိုခေါ်၍ ကျန်းဝမ်ရှင်းဂြိုဟ်သို့ ဝင်ရောက်ရန် ပြင်လိုက်သည်။ ထိုစဉ် သူတော်စင် အထွတ်အထိပ်အဆင့် သိုင်းပညာရှင်နှင့် နတ်ဘုရား အစောင့်အကြပ်များက သူတို့အဖွဲ့ကို တားဆီးလာကာ အားလုံးက ယဲ့ဖန်ကို စိုက်ကြည့်၍ ပြောလိုက်သည်။

“သခင်လေး၊ ဒီလူ ဝင်လို့မရပါဘူး”

*ဘာ*

ထိုစကားကြောင့် ဖေးချမ်နှင့် အခြားသူများ မျက်မှောင်ကြုတ်သွားသည်။ အထူးသဖြင့် ဖေးချမ်ပင်၊ သူ့မျက်နှာထားက အလွန် သုန်မှုန်လာ၏။

“ထွက်သွား”

သူ ကျယ်လောင်စွာ အော်ထုတ်လိုက်သောအခါ သူတော်စင် အထွတ်အထိပ်အဆင့် သိုင်းပညာရှင်နှင့် နတ်ဘုရား အစောင့်အကြပ်များ ထိတ်လန့်သွားပြီး နောက်ဆုတ်သွားကြသည်။

သူတို့ ဖျောင်းဖျရန် ပြင်လိုက်ချိန်တွင် ဖေးချမ်က သူတို့အား လူသတ်လိုဟန်နှင့် စိုက်ကြည့်နေသည်ကို ရုတ်တရက် သတိထားမိသွားသည်။

အကယ်၍ နောက်တစ်ခွန်း ထပ်ပြောလိုက်ပါက သူတို့ နေရာမှာတင် အသတ်ခံရလောက်သည်။ ရုတ်တရက် သူတော်စင် အထွတ်အထိပ်အဆင့် သိုင်းပညာရှင်သည် ပြောချင်နေသော စကားများကို အတင်းမျိုချလိုက်ရသည်။

ထိုအခါမှ ဖေးချမ်က ယဲ့ဖန်နှင့် အခြားသူများကိုခေါ်၍ ကျန်းဝမ်ရှင်းဂြိုဟ်ပေါ်သို့ ခြေချလိုက်သည်။

“သခင်ကြီး တောင်းပန်ပါတယ်၊ ဒီလက်အောက်ငယ်သားတွေက စည်းမျဉ်းတွေကို နားမလည်လို့ပါ”

ဖေးချမ်က ယဲ့ဖန်ကို တောင်းပန်လိုက်သည်။ ယဲ့ဖန်က ပြုံး၍သာ ပြုံးနေပြီး စိတ်ထဲ အလေးမထားချေ။ သို့သော် ဘေးပတ်လည်မှ ကျန်းမိသားစုဝင်များ၏ အမူအရာကို မြင်ပြီးနောက် သူ မျက်မှောင်ကြုတ် သွားသည်။

ဘာရယ်ကြောင့်မှန်း မသိသော်လည်း ထိုလူများက သူ့အား ထူးဆန်းသော အကြည့်များဖြင့် ကြည့်နေကြသည်ဟု ခံစားမိသည်။

ဒေါက်! ဒေါက်! ဒေါက်!

မကြာခင်မှာပင် တစ်ဖွဲ့လုံး ကျန်းဘုရင်၏ အိမ်တော်ထံသို့ ရောက်လာကြသည်။ သို့သော် ကျန်းဘုရင်၏ အိမ်တော်ထဲသို့ ယဲ့ဖန် ခြေချမိသည်နှင့် ရုတ်တရက် အော်ပြောသံ တစ်သံ ထွက်လာသည်။

“ဒီကိုလာကြစမ်း၊ ဒီလူသတ်သမားကို ဖမ်းကြ”

Chapter 546 ထူဘုရင် ရောက်လာပြီ

“ဒီကိုလာကြစမ်း၊ ဒီလူသတ်သမားကို ဖမ်းကြ”

ကျန်းဘုရင်၏ အိမ်တော်ထဲသို့ ယဲ့ဖန် ခြေချမိသည်နှင့် မိုးခြိမ်းသံကဲ့သို့ အော်သံတစ်သံ ထွက်ပေါ် လာသည်။ ချက်ချင်းဆိုသလိုပင် အိမ်တော်ထဲမှ နတ်ဘုရား သိုင်းပညာရှင်များ ထွက်လာပြီး ယဲ့ဖန်ကို ဝိုင်းထားကြသည်။

ထိုနတ်ဘုရား အစောင့်အကြပ်များသည် အလွန် ကြောက်လန့်ဖွယ်ကောင်းပြီး ထိုလူတစ်ရာ၏ ခွန်အားက သာလွန်လှသည်။

အားလုံးသည် ကျန်းမိသားစု၏ အကြီးအကဲများပင် ဖြစ်လေသည်။ လူတစ်ရာလုံး အတူတကွ ပေါင်းစည်းလိုက်သောအခါ ၎င်းတို့၏ ခြိမ်းခြောက်နိုင်သော အရှိန်အဝါက ကြောက်မက်ဖွယ် ကောင်းလှသည်

ကောင်းကင် နတ်ဘုရင် သိုင်းပညာရှင်တောင်မှ နောက်ဆုတ်သွားရလောက်သည်။ ဤမြင်ကွင်းကြောင့် ဖေးချမ် အကြီးအကျယ် မျက်နှာပျက်သွားသည်။ သူ့ကို စိုက်ကြည့်နေသော အဘိုးအိုတစ်ယောက်အား အံ့ဩ၍ ဒေါသထွက်နေသော အကြည့်များဖြင့် လှမ်းကြည့်လိုက်သည်။

“ဒုတိယဘိုးဘေး၊ ခင်ဗျား ဒါဘာလုပ်တာလဲ”

ထိုအဘိုးအိုသည် ကျန်းမိသားစု၏ ဘိုးဘေးဖြစ်သူ ကျန်းချမ်၏ ညီဖြစ်ပြီး ကျန်းမိသားစု၏ ဒုတိယ တာဝန်ခံလည်း ဖြစ်ပေသည်။

ဖေးချမ်၏ စကားသံအဆုံး၌ လူအုပ်နောက်မှနေ၍ လောကအတွေ့အကြုံ ရင့်သန်နေသော အဘိုးအို တစ်ယောက် ထွက်လာသည်။

သူသည် ပါးရေနားရေ တွန့်နေပြီး အတော်လေး အိုမင်းနေသည်။ သူ၏ မျက်လုံးများက အဆိပ်ပြင်းသော မြွေကဲ့သို့ စူးရှ၍ စဉ်းလဲဟန်ပေါ်သည်။

“ဖေးချမ်၊ ဒီလာခဲ့စမ်း၊ အဲ့နေရာက မင်းနဲ့မဆိုင်ဘူး”

“မင်းဘေးကလူက နတ်ဘုရားမျိုးနွယ်ရဲ့ ရန်သူတော်ကြီးဖြစ်တဲ့ ပြန်လည်မွေးဖွားလာတဲ့ နတ်ဆိုးဧကရာဇ်ပဲ၊ သူက မိုနာဒိုဘုရင်ရဲ့ သားတော်ကိုတောင်မှ သတ်ခဲ့သေးတယ်၊ သူ့ကြောင့် ငါတို့ ကျန်းမိသားစု ဒုက္ခရောက်လို့ မဖြစ်ဘူး”

*ဘာ*

ထိုစကားကြောင့် ဖေးချမ် မျက်မှောင်ကြုတ်လာသည်။ ထိုမျှနှင့် မကျေနပ်သေးဘဲ ကျန်းမိသားစု၏ ဒုတိယဘိုးဘေးက ဆက်ပြောလေသည်။

“အခု မိုနာဒို နတ်ဘုရားနယ်မြေက နတ်ဘုရား အမိန့် ထုတ်ပြန်လိုက်ပြီးတော့ ငါတို့ ကပ်ဆိုးဂြိုဟ်က ကျန်းမိသားစုကို လူသတ်သမားကို ဖမ်းဆီးခိုင်းလိုက်တယ်။ မဟုတ်ရင် ကပ်ဆိုးဂြိုဟ်တစ်ခုလုံး ဒုက္ခရောက်တော့မှာ”

“မင်းက သူ့ကို ကာကွယ်ပေးဦးမလို့လား”

ထိုစကားကြောင့် ဖေးချမ် မျက်လုံးများ နီစွေးလာသည်။ သူသည် လှစ်ခနဲ လှုပ်ရှား၍ ယဲ့ဖန်ရှေ့ ပိတ်ရပ်ကာ ကျန်းမိသားစု၏ ဒုတိယဘိုးဘေးကို စိုက်ကြည့်၍ မာမာထန်ထန် ပြောလိုက်သည်။

“ဒုတိယ ဘိုးဘေး၊ ကျုပ်သခင်ကြီးက ကျုပ်ကို ကယ်ဖို့အတွက် မိုနာဒိုဘုရင်ရဲ့ သားတော်ကို သတ်လိုက်တာ”

“သူက ကျုပ်သခင်ကြီးပဲ၊ သူ့ကို ဖမ်းချင်တဲ့ ဘယ်သူမဆို ကျုပ်ကို သတ်မှပဲ ရမယ်”

ထိုသို့ပြောပြီးနောက် ဖေးချမ်ထံမှ ထိတ်လန့်ဖွယ် အရှိန်အဝါများ ထွက်ပေါ်လာသည်။ သူ့ဘေးမှ ရာချီသော နတ်ဘုရားမျိုးနွယ် အစောင့်အကြပ်များ တုန်ယင်လာကြသည်။ ကျန်းမိသားစု၏ ဒုတိယဘိုးဘေးတောင်မှ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။

“ဖေးချမ် မင်း ပုန်ကန်မလို့လား”

“ဒီတစ်ခေါက် မိုနာဒို နတ်ဘုရားနယ်မြေက ထူဘုရင်နဲ့ စစ်သား ငါးသောင်းကို စေလွှတ်လိုက်တယ်ဆိုတာ မင်း သိရဲ့လား။ သူသာ အရင်တုန်းက နတ်ဆိုးဧကရာဇ်ဆိုရင် ငါတို့ ကျန်းမိသားစုက သူ့ကို လေးစားပြီး ကာကွယ်ပေးလို့ရတယ်။ ဒါပေမဲ့ အခု သူက နတ်ဘုရား ဂိုဏ်းချုပ်တစ်ပိုင်းအဆင့်ပဲ ရှိတာကို မင်း ဘယ်လိုလုပ် ထူဘုရင်နဲ့ နတ်ဘုရား စစ်တပ်ကို ခုခံမလဲ”

ထိုသို့ပြောပြီးနောက် ကျန်းမိသားစု၏ ဘိုးဘေးက ဖေးချမ်းကို ကြိမ်းမောင်လိုက်သည်။

“မင်းက ကျန်းမိသားစုက ဒီလူနောက်လိုက်ပြီး ဖျက်ဆီးခံရမှာကို ဘာမှမလုပ်ဘဲ ထိုင်ကြည့်နေခိုင်း စေချင်တာလား”

ကျန်းမိသားစုမှ ဒုတိယဘိုးဘေး၏ စကားအဆုံး၌ ဘေးပတ်လည်မှ ရာချီသော အစောင့်အကြပ်များက ဓားကိုယ်ဆီ ဆွဲထုတ်၍ ယဲ့ဖန်ကို ဝိုင်းထားကြသည်။

အမိန့်ရသည်နှင့် သူတို့ ရှေ့တိုး၍ ဖမ်းဆီးတော့မည့်ပုံ ပေါ်သည်။ ဖေးချမ်၏ မျက်နှာထားက ပျက်ယွင်းလာသလို သုန်မှုန်လာလေတော့သည်။

“ကျုပ်တို့ကို သွားခွင့်ပေး၊ ကျုပ်တို့ ကျန်းမိသားစုကို မထိခိုက်စေရဘူး”

*သွားမယ်ဟုတ်လား*

ကျန်းမိသားစု၏ ဒုတိယဘိုးဘေးက ပျက်ရယ်ပြုလေသည်။

“ငတုံး၊ အဲ့လူက ဒီကိုရောက်လာမှတော့ ထွက်သွားခွင့် ဘယ်ပေးနိုင်မှာလဲ”

“သူ့ကို ဖမ်းမိတာနဲ့ ငါတို့ကျန်းမိသားစုက သေဆုံးရမယ့် ကပ်ဘေးကို ရှောင်တိမ်းနိုင်ရုံတင်မကဘဲ မိုနာဒို နတ်ဘုရားနဲ့ အင်မော်တယ်မျိုးနွယ်တွေဆီက ကြီးမြတ်တဲ့ ဆုလက်ဆောင်တွေ ရဦးမှာကွ”

“ဒီလောက် လွယ်ကူနေတာကို ဘယ်လိုလုပ် လွှတ်ပေးနိုင်မှာလဲကွ”

ယဲ့ဖန်ကို ဖမ်းမိသည်နှင့် ရလာမည့် ဆုလာဘ်များကို တွေးမိပြီးနောက် ကျန်းမိသားစု ဒုတိယဘိုးဘေး၏ မျက်နှာထက်တွင် လောဘရိပ်များနှင့် ပြည့်နှက်လာသည်။ သူ၏အသက်ရှူသံတောင်မှ ပြင်းထန် လာလေသည်။

“သွား၊ ဖေးချမ်ကိုရှောင်ပြီး အဲ့ဒီ ပြန်လည်မွေးဖွားတာနဲ့ နတ်ဆိုးဧကရာဇ်ကို ဖမ်းကြ”

ဒုတိယဘိုးဘေး၏ စကားအဆုံး၌ ရာချီသော နတ်ဘုရား အစောင့်အကြပ်များက အသည်းအသန် ပြေးဝင်လာသည်။ သိုင်းပညာရှင်တစ်ယောက်က ယဲ့ဖန်ထံ ပြေးဝင်လာ၏။

နတ်ဘုရားဘုရင် စဦးအဆင့်သို့ ရောက်နေသည့် ဒုတိယဘိုးဘေးတောင်မှ ရှေ့သို့တိုးလာပြီး ယဲ့ဖန်ထံ ဝင်ရောက်တိုက်ခိုက်လေသည်။

လေဟာနယ်တစ်ခုလုံး အက်ကွဲလာပုံပေါ်သည်။ မရဏ အငွေ့အသက်များက ယဲ့ဖန်ကို လွှမ်းခြုံလာသည်။

“ချီးတဲ့မှပဲ”

ဤမြင်ကွင်းကြောင့် ဖေးချမ် အကြီးအကျယ် ပျက်ယွင်းလာပြီး ယဲ့ဖန်အတွက် ခုခံပေးချင်နေသည်။ သို့သော် ထိုအချိန်၌ လေးနက်သော အသံတစ်သံ ထွက်ပေါ်လာသည်။

“အားလုံး ရပ်လိုက်ကြစမ်း”

ထိုအသံနှင့်အတူ ထိတ်လန့်ဖွယ်ကောင်းသော လူတစ်ယောက်က လေထဲ၌ ပျံသန်းလျက် ပေါ်လာလေသည်။ ထိုလူကြီးကို မြင်သည်နှင့် အားလုံး တိုက်ခိုက်လိုက်သည်ကို ရပ်လိုက်ကြသလို ဒုတိယ ဘိုးဘေးတောင်မှ ချက်ချင်း ရပ်လိုက်ကြသည်။

အားလုံး၏ အကြည့်အောက်တွင် စွတ်စွတ်ဖြူနေသော ဆံပင်များနှင့် အဘိုးအိုတစ်ယောက်က ကျန်းမိသားစု၏ စီမံခန့်ခွဲရေးအဖွဲ့နှင့်အတူ မြေကြီးပေါ် ဆင်းလာသည်။

ထိုအဘိုးအိုသည် ကျန်းမိသားစု၏ ဘိုးဘေးဖြစ်သူ ကျန်းချမ်ပင် ဖြစ်လေတော့သည်။ ယခုအချိန်၌ သူ့မျက်နှာထက်တွင် တော်ဝင်ဆန်သော အငွေ့အသက်များနှင့် ပြည့်နှက်နေ၏။ သူ၏လှုပ်ရှားမှုတိုင်းက အခြားသူများကို တုန်ယင်သွားစေသည်။

“ဘိုးဘေး”

ကျန်းချမ်ကို မြင်သည်နှင့် ဖေးချမ် စိတ်အေးသွားရသည်။ ဒုတိယဘိုးဘေးက အသည်းအသန် ဝင်ပြောလေသည်။

“အစ်ကိုကြီး ဘာတွေစောင့်နေတာလဲ၊ ဒီအားနည်းတဲ့ နတ်ဆိုးဧကရာဇ်က မျက်စိရှေ့ရောက်လာပြီလေ၊ ကျုပ်တို့ကျန်းမိသားစုရဲ့ ဂုဏ်ကျက်သရေက အခုကစပြီး မြင့်တက်လာတော့မှာ”

“သူ့ကိုဖမ်းလိုက်ပါ၊ သူ့ကို ထူဘုရင်ဆီ ပေးလိုက်တာနဲ့ ကျုပ်တို့ ကျန်းမိသားစုလည်း အမြင့်ကို တက်သွားမှာ အသေအချာပဲဗျ”

ဖြောင်း!

သို့သော် ဒုတိယဘိုးဘေး၏ စကားအဆုံးတွင် ကျန်းချမ်က သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သည်။ သူ ရုတ်တရက် ရိုက်လိုက်သောကြောင့် ဒုတိယဘိုးဘေးသည် မြေကြီးပေါ် လဲကျလုနီးပါး ဖြစ်သွားလေသည်။

ဒုတိယဘိုးဘေး၏ ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။ သူ့မျက်နှာကိုအုပ်၍ မယုံနိုင်ဟန်ဖြင့် ကြည့်လာသည်။

“အစ်ကိုကြီး၊ ဘာလို့ ကျုပ်ကို ရိုက်တာလဲ”

ထိုအချိန်၌ သူသည် အိပ်မက်မက်နေသကဲ့သို့ ခံစားမိနေသည်။ နှစ်ထောင်ပေါင်းများစွာ ကြာသည့်တိုင် သူ့အစ်ကိုက သူ့ကို တစ်ခါမှ မရိုက်ခဲ့ဖူးချေ။

သို့သော် ယခုအခါတွင် သူက အားလုံးရှေ့၌ ရိုက်နှက်လာသဖြင့် ဒုတိယဘိုးဘေး မယုံနိုင်သလို ဖြစ်နေလေသည်။

“ရိုက်တယ် ဟုတ်လား၊ ဒီလူအိုကြီးက မင်းကို သတ်ဖို့တောင် မစောင့်နိုင်တော့တာကွ”

ကျန်းချမ်၏ ဆံပင်များ ထောင်နေသလို ဒေါသလည်း ထွက်နေ၏။

“ငါ့ကျန်းမိသားစုက ကျေးဇူးကြွေးကို ပြန်ဆပ်တတ်သလို လက်စားလည်း ချေတတ်တယ်ကွ၊ ယဲ့ဖန်က ဖေးချမ်ကို ကယ်ခဲ့တာမို့ ငါ့ကျန်းမိသားစုရဲ့ ကျေးဇူးရှင်ပဲ၊ မင်းက သူ့ကို တကယ် ဖမ်းပြီး ဆုလိုချင်နေတယ်ပေါ့လေ၊ တကယ် သောက်သုံးမကျလိုက်တာ”

ကျန်းချမ်၏ ဒေါသများက ဖော်မပြတတ်လောက်အောင်ပင်။ ထိုစကားကြောင့် ဒုတိယဘိုးဘေး တုန်လှုပ်သွားသည်။

“တုံးလိုက်တာ၊ တုံးလိုက်တာ”

“အစ်ကိုကြီး၊ ခင်ဗျား တော်တော် တွေဝေနေပြီလို့ ကျုပ် ထင်တယ်”

ထို့နောက် ဒုတိယဘိုးဘေးက ယဲ့ဖန်ကို သတ်ဖြတ်လိုဟန်ဖြင့် လှမ်းကြည့်၍ ပြောလိုက်သည်။

“ကောင်းပြီလေ၊ ခင်ဗျား သူ့ကိုကာကွယ်၊ ဖေးချမ်လည်း သူ့ကို ကာကွယ်လိုက်။ ပြီးတော့ ခင်ဗျားတို့ သူ့ကို အဖော်ပြုပြီး သေလိုက်ကြ။ ကျုပ်တော့ သူ့ကို အဖော်မလုပ်နိုင်ဘူး”

*ဟမ်*

သူ့စကားကြောင့် ကျန်းချမ် မျက်မှောင်ကြုတ်၍ သုန်မှုန်နေသော မျက်နှာထားဖြင့် မေးလိုက်သည်။

“မင်း ဒါ ဘာစကား ပြောတာလဲ”

“ဟမ့်၊ လမ်းခွဲတာလေ”

ဒုတိယဘိုးဘေးသည် လှောင်ပြုံးပြုံး၍ ကျန်းမိသားစု၏ စီနီယာ မျိုးနွယ်ဝင်များကို လှမ်းကြည့်၍ အော်ပြောလိုက်သည်။

“ကျန်းမိသားစုရဲ့ ကလေးတွေ၊ ဒီပြန်လည်မွေးဖွားလာတဲ့ နတ်ဆိုးဧကရာဇ်ကြောင့် ကျန်းမိသားစုက ဒုက္ခ အကြီးအကျယ် ရောက်လိမ့်မယ်။ မင်းတို့ မသေချင်ရင် ငါ့နောက်လိုက်ခဲ့ကြ”

“သေချင်ရင်တော့ နေခဲ့လိုက်”

ဒုတိယဘိုးဘေးက ထိုသို့ပြောပြီးနောက် ကိုယ်ကိုမတ်၌ လေပေါ် ပျံဝဲ၍ ရပ်နေလိုက်သည်။ ထို့နောက် လူတစ်ယောက်ပြီးတစ်ယောက် ကောင်းကင်ထက် ပျံတက်၍ ဒုတိယဘိုးဘေးနောက်၌ ရပ်လာကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကျန်းမိသားစု၏ သုံးပုံတစ်ပုံက ဒုတိယဘိုးဘေးကို ရွေးချယ်သွားကြသည်။

ကျန်းမိသားစု၌ သေရမည်ကို ကြောက်နေကြသော လူများစွာ ရှိနေလိမ့်မည်ဟု ကျန်းချမ်နှင့် ဖေးချမ်တို့သာမက အခြားသူများပါ ထင်မထားမိကြချေ။ သူတို့ ဒေါသထွက်လာသည်။

လက်ရှိတွင် ကျန်းချမ်က ကောင်းကင်ထက်မှ လူအုပ်ကို လှမ်းကြည့်နေသည်။

“မင်းတို့ သေချာ စဉ်းစားကြ၊ အခု မင်းတို့ အဲ့အဖွဲ့မှာ ရပ်တည်လိုက်ပြီဆိုရင် မင်းတို့က ငါ့ကျန်းမိသားစုဝင်တွေ မဟုတ်တော့ဘူး”

“သေသေ၊ ရှင်ရှင် ငါ့ကျန်းမိသားစုနဲ့ မသက်ဆိုင်တော့ဘူး”

ထိုစကားကြောင့် လူတိုင်း ချီတုံချတုံ ဖြစ်လာကြသည်။ ဒုတိယဘိုးဘေးက အောင်နိုင်သလို ပြုံးလာသည်။

“သူပြောတာ နားထောင်မနေနဲ့။ သူတို့အားလုံး သေတော့မှာ၊ နောက်ဆို ကပ်ဆိုးဂြိုဟ်မှာ ငါတို့ ကျန်းမျိုးနွယ်ပဲ ကျန်တော့မှာ။ အဲ့လူတွေအားလုံး ထူဘုရင်ရဲ့ တစ္ဆေတွေ ဖြစ်သွားလိမ့်မယ်”

ဒုတိယဘိုးဘေး၏ စကားအဆုံး၌ တော်တော်များများ ဆုံးဖြတ်ချက် ခိုင်မာသွားကြသည်။ သူတို့သည် အောက်ရှိလူများအား အထင်သေးသလို ကြည့်လာသည်။ သူတို့သည် သေလူများကို ကြည့်သကဲ့သို့ ကြည့်နေသည်။

ဝုန်း! ဝုန်း! ဝုန်း!

ထိုသို့သောအချိန်၌ ကျန်းဝမ်ရှင်းဂြိုဟ်၏ လေထုအလွှာသည် တစ်လွှာပြီးတစ်လွှာ အက်ကွဲလာပြီး ဧရာမ B အဆင့် စစ်သင်္ဘောတစ်စီး ဖြတ်သန်း ဝင်ရောက်လာ၏။

ဆယ်စီး၊ အစီးတစ်ရာ၊ အစီးတစ်ထောင်။

ကောင်းကင်တစ်ခွင်၌ ထောင်ချီသော စစ်သင်္ဘောများနှင့် ပြည့်နှက်လာသည်။ စစ်သင်္ဘောတိုင်း၏ ခေါင်းပိုင်း၌ အလံတစ်လံသာ လွှင့်ထူထားသည်။ ထိုအလံမှာ မိုနာဒို နယ်မြေမှ ထူဘုရင်၏ အလံပင် ဖြစ်လေတော့သည်။

All Chapters