← Chapters

အခန်း (၅၆၈-၅၇၀)

Vol. 38 Ch. 568-570

အခန်း (၅၆၈-၅၇၀)

Vol. 38 Ch. 568-570

Chapter 568 သေမင်းခေါ်သံ

တုယိုထျန်းမို၏ ရင်ဘတ်ရှေ့မှ မှော်စာလုံးသည် ထျန်းမို မှော်စာလုံးဟုလည်း သိထားကြသည်။ နတ်ဆိုးဧကရာဇ် စိုးမိုးခဲ့စဉ်အခါက နတ်ဆိုးဧကရာဇသ်သည် ငရဲမီးကိုသုံး၍ နတ်ဆိုးသင်္ကေတကို ရေးထွင်းခဲ့သည်။

သာမန်မှော်စာလုံးများနှင့် မတူသည်က မြေကမ္ဘာနတ်ဆိုးများနှင့် ကျန်နတ်ဆိုးများ၏ အရိုးထဲထိ ရေးထွင်းထားသော နတ်ဆိုးမှော်စာလုံးသည် နတ်ဆိုးဧကရာဇ် ငရဲမီးကို သုံးလိုက်သည့်အချိန်တိုင်း အားလုံး၏ ကိုယ်တွင်းမှာ မှော်စာလုံးက ခံစားမိသည်။ ယခုအခါတွင် …

“သခင်ကြီး၊ သခင်ကြီး … ပြန်လာတာများလား”

တုယိုထျန်းမို၏ မျက်နှာထက်၌ ဝမ်းသာရိပ်များ စွန်းထင်းလာသည်။ သူ တစ်ကိုယ်လုံး တုန်ယင်၍ ဝမ်းသာလာသည်။

နှစ်ရာချီ၍ စောင့်ခဲ့ရသည်။ နှစ်ရာချီ၍ တောင့်ခံခဲ့ရသည်။ ယခုအခါတွင် စောင့်ခဲ့ရသမျှ အရာအားလုံး အရာရောက်ခဲ့လေပြီ။

ဂါး!

နတ်ဆိုးတစ်ကောင်၏ ဟစ်ကြွေးသံက ဂြိုဟ်များကြားထဲ၌ ဆင့်ခေါ်သံကဲ့သို့ ပဲ့တင်ထပ်သွားလေသည်။ ထိုအော်သံအဆုံး၌ သူရှိရာ ဘေးပတ်လည်မှ ဂြိုဟ်များရှိ သူတောင်းစားများ ခေါင်းမော့လာကြသည်။

သူတို့ကြားသည်။ ဘုရင်၏ ဟစ်ကြွေးသံကို သူတို့ ကြားကြသည်။ လက်ရှိတွင် ဘေးပတ်လည်မှ ရာချီသော ဂြိုဟ်များရှိ အားအနည်းဆုံး သူတောင်းစားများ မားမားမတ်မတ် ရပ်လာကြသည်။

သူတို့ထံမှ ပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်လာ၏။ ထို့နောက် အားလုံးက သူတို့၏ အင်္ကျီများကို အားနှင့် စုတ်ဖြဲလိုက်ကြသည်။

ထိုအဝတ်အစားများ စုတ်ပြဲသွားသောအခါ အတွင်းမှ အနက်ရောင် နတ်ဆိုးဝတ်စုံများ ထွက်ပေါ်လာလေသည်။ ထို့နောက် ကောင်းကင်ယံသို့ ပျံတက်သွားကြသည်။

…

တစ်ချိန်တည်းမှာပင် အလှမ်းဝေးသော စကြဝဠာတစ်နေရာရှိ ဂြိုဟ်တစ်ခုပေါ်၌ တစ်ကိုယ်တော် ခရီးသွားသူ တစ်ယောက်က မိုးမျှော်စားသောက်ဆိုင်တစ်ဆိုင်၌ ငြိမ်သက်စွာ ထိုင်နေသည်။ သူ့စားပွဲပေါ်၌ ပုလင်းပေါင်းများစွာ ရှိနေသည်။

ပုလင်းပွထ၍ ရှုပ်ပွလျက် ရှိပြီး ပုလင်းပေါင်း တစ်ရာနီးပါး ရှိသည်။ တစ်ပုလင်းလာချပေးတိုင်း သူ အကုန် သောက်ပစ်လိုက်သည်။ သို့သော် သူ မည်မျှ သောက်နေပါစေ၊ သူ မူးကိုမမူးချေ။

“ဘာလို့ ငါ မမူးရတာလဲ၊ ဘာလို့လဲ”

တစ်ကိုယ်တော် ခရီးသွားက ဆိုင်ပိုင်ရှင်အား အော်ပြောလေသည်။

“လောင်ချီ မင်း ဝိုင်အတုတွေ စရောင်းနေပြီလား၊ ဘာလို့ ဒီဘိုးဘိုးကြီးက မမူးရတာလဲ”

ထိုစကားကြောင့် ဆိုင်ပိုင်ရှင်က နှုတ်ခမ်းကိုတွန့်ကွေး၍ ခနဲ့ပြုံးပြုံးလိုက်သည်။ ထို့နောက် အနားသို့ ခပ်သွက်သွက် လှမ်းလာပြီး တီးတိုး ပြောလေသည်။

“ရှောင်ဟူ၊ အရက်သောက်တာက မင်းကို ထိခိုက်စေတယ်လေ”

ဆိုင်ပိုင်ရှင်က သက်ပြင်းချလိုက်သည်။ တစ်ကိုယ်တော် ခရီးသွားများ ဘာကြောင့် ဝိုင်အလွန် သောက်တာလဲဆိုတာကို သူ နားလည်ပါသည်။ တစ်ကိုယ်တော် ခရီးသွားများသာမက သူတို့သည်လည်း ညအချိန် ရောက်သည်နှင့် သောက်ကြသည်ပင်။

အရက်မူးနေမှသာလျင် အရာအားလုံးကို မေ့ပျောက်နိုင်မည် ဖြစ်သည်။ ဆိုင်ပိုင်ရှင်၏ နားချသော စကားကြောင့် တစ်ကိုယ်တော် ခရီးသွား၏ မျက်နှာထက်၌ ခါးသီးဟန်များ ထင်ဟပ်လာသည်။

“ဟုတ်တယ်၊ အရက်သောက်တာက ထိခိုက်တယ်၊ ဒါပေမဲ့ မသောက်ရင် ဝမ်းနည်းတယ်”

ထိုသို့ပြောပြီး တစ်ကိုယ်တော် ခရီးသွားက ဆိုင်ပိုင်ရှင်ကို မော့ကြည့်လေသည်။

“လောင်ချီ၊ မင်း ပြောကြည့်စမ်း ... ငါတို့ သူ့ကို ဆက်စောင့်နိုင်ဦးမှာလား”

*သူ့ကိုလား*

ထိုစကားကြောင့် ဆိုင်ပိုင်ရှင် တုန်ယင်သွားသည်။ သူ့မျက်လုံး၌ မျက်ရည်များ ဝေ့လာသလို ရင်ထဲ၌ ခါးသီး၍ နာကျင်လာရသည်။

“ရှောင်ဟူ၊ ယုံကြည်မှုဆိုတာ ဘယ်တော့မှ မသေဆုံးဘူး၊ အဆုံးသတ်ကို မရောက်သေးခင်အထိ စောင့်ကြတာပေါ့”

“သူ သေသွားရင်တောင်မှ သူ ပြန်လည်ဝင်စားခြင်း လုပ်လိမ့်မယ်လို့ ငါ ယုံကြည်တယ်”

တောက် တောက်။

ထိုစကားကြောင့် တစ်ကိုယ်တော် ခရီးသွား၏ မျက်လုံးမှ ပူနွေးသော မျက်ရည်စက်များ ဆက်တိုက် စီးကျလာသည်။ သူသည် ရုတ်တရက် စားပွဲပေါ်လှဲ၍ ကျယ်လောင်စွာ ငိုလေသည်။

“လောင်ချီ၊ ငါ သူ့ကို လွမ်းတယ်၊ ငါ ... အိမ်ပြန်ချင်တယ်”

ရင်ကွဲနာကျခြင်း။ ခါးသီးနာကျင်ရခြင်း။

ဆိုင်ပိုင်ရှင်သာမက ဘေးပတ်လည်မှ လူများပါ မျက်ရည်ကို တိတ်တဆိတ် ခိုးသုတ်ကြသည်။

*သူတို့ရော သူ့ကို မလွမ်းဘဲ နေပါ့မလား*

*သူတို့ရော အိမ်မပြန်ချင်ဘဲ ... နေပါ့မလား*

သို့သော် အားလုံး ဝမ်းနည်းနေစဉ်တွင် တစ်ကိုယ်တော် ခရီးသွား၏ ရင်ဘတ်၌ အနက်ရောင်မီးတောက်တစ်ခု တောက်လောင်လာသည်။

*ဒါက*

တစ်ကိုယ်တော် ခရီးသွား မှင်တက်သွားသလို ဆိုင်ပိုင်ရှင်နှင့် ဆိုင်ထဲမှ လူများအားလုံး မှင်တက်သွားကြသည်။

အားလုံးသည် ထိုအနက်ရောင် မီးတောက်ကို စိုက်ကြည့်ရင်း ထိတ်လန့်တုန်လှုပ်၍ ဝမ်းသာလာကြသည်။

“ပြန်လာပြီ၊ သူ ... သူ နောက်ဆုံးတော့ ပြန်လာပြီကွ၊ ဟားဟားဟား ...”

အသည်းမာသော သူသည် အရူးတစ်ယောက်ကဲ့သို့ ငိုလိုက်၊ ရယ်လိုက် ဖြစ်နေ၏။ သူသည် တစ်ဖက်လှည့်၍ ဆိုင်ပိုင်ရှင်ကို လှမ်းဖက်၍ အရူးအမူး အော်ပြောလေသည်။

“လောင်ချီ၊ ငါ အိပ်မက်မက်နေတာလား၊ သူ ပြန်လာပြီတဲ့ကွ”

ထိုသို့သောအချိန်၌ တစ်ကိုယ်တော် ခရီးသွားသည် ထင်ယောင်ထင်မှား ဖြစ်သည်ဟု ထင်မည်စိုး၍ ထိုမီးတောက်ကို ထပ်မကြည့်ရဲတော့ချေ။ ထို့အတူ ဆိုင်ပိုင်ရှင်သည် ဝမ်းသာအားရ ငိုကြွေးရင်း ရယ်လေသည်။

“ကျားကြီး၊ မင်း အိပ်မက်မက်နေတာ မဟုတ်ဘူး၊ အိမ်ပြန်မယ်၊ သူနဲ့ဆိုရင် မင်းမှာ အိမ်ရှိလာပြီ”

“ငါတို့ ... အိမ်ပြန်ကြမယ်”

ဆိုင်ပိုင်ရှင်သည် ထိုသို့ပြောပြီးနောက် သူနှင့် တစ်ကိုယ်တော် ခရီးသွားတို့သည် သူတို့၏အဝတ်အစားကို စုတ်ဖြဲလိုက်ကြသည်။ သူတို့သည်သာမက ဆိုင်ထဲမှ လူစုများကလည်း သူတို့အဝတ်အစားများကို ဆွဲဖြဲလာသည်။ စုတ်ဖြဲသံများက အတောမသတ်တော့ချေ။

ထို့နောက် တစ်ကိုယ်တော် ခရီးသွားက တိမ်တိုက်များထဲအထိ ပဲ့တင်ထပ်သွားအောင် ဟစ်ကြွေးလိုက်သည်။ ထိုအခိုက်တွင် ဂြိုဟ်စုနယ်မြေတိုင်းရှိ ဆိုင်များတွင် တူညီသော အဖြစ်အပျက်များ ဖြစ်ပေါ်လာသည်။

များစွာသော အနက်ရောင်ဝတ်စုံနှင့် အဖွဲ့များက ဂြိုဟ်များ၌ အရူးအမူး ပျံသန်း၍ ခရီးဆက်နေကြသည်။

....

ရှေးကျ၍ ကြောက်မက်ဖွယ်ကောင်းသော ဂြိုဟ်များပေါ်၌ များစွာသော အနက်ရောင်ဝတ်စုံနှင့်လူများက ဘေးချင်းယှဉ်၍ ထိုင်ကာ အရူးအမူး ကျင့်ကြံနေကြသည်။

သူတို့သည် အင်မော်တယ်မျိုးနွယ်များ မဟုတ်ချေ။ အားလုံး၏ အဝတ်အစား၌ အနက်ရောင်ဦးခွံတစ်ခုကို ရေးထိုးထားကြသည်။ ထိုအရာသည် ပိန်းနက်နေအောင် မဲမှောင်နေ၏။

ကြောက်မက်ဖွယ် အရှိန်အဝါများက သူတို့ထံမှ ဆက်၍ ထွက်ပေါ်လျက်ရှိသည်။ အမြင့်တစ်နေရာ၌ ကြောက်စရာကောင်းသော လူတစ်ယောက်ထိုင်နေသည်။

သူသည် ထိုနေရာ၌ ရက်စက်သော ရှေးဦးသားရဲကဲ့သို့ ငြိမ်သက်၍ ထိုင်နေကာ ဘေးပတ်လည်မှ လေထုသည် တုန်ခါ၍နေ၏။

ထိုစဉ် ရုတ်တရက် ထိုပုဂ္ဂိုလ်၏ ရင်ဘတ်၌ အနက်ရောင်မီးတောက်တစ်ခု တောက်လောက်လာသည်။ သူရင်ဘတ်၌ ရေးထိုးထားသော အနက်ရောင်ဦးခွံပုံစံသည် ယခုအခါ၌ မီးလောင်လျက် ရှိပြီး ကြောက်မက်ဖွယ် အရှိန်အဝါများ ထုတ်လွှတ်လာ၏။

ထိုမြင်ကွင်းကြောင့် မျက်စိရှေ့မှ သိုင်းပညာရှင်များအားလုံး မျက်လုံးပြူးသွားကြသည်။ အားလုံးက စင်ပေါ်မှ ပုဂ္ဂိုလ်အား ထိတ်လန့်တကြား ကြည့်နေကြသည်။

“ဒါ ... ဒါက”

သူ့ရင်ဘတ်မှ မီးတောက်ကို ကြည့်ပြီး သူ အံ့ဩကာ ဝမ်းသာဟန် ပေါ်လာသည်။

“ငရဲမီး”

“ဒါ အနီးအနားက တောက်လောင်တာပဲ”

*ဘာ*

ထိုစကားကြောင့် စင်အောက်မှ အနက်ရောင်ဝတ်စုံနှင့် သိုင်းပညာရှင်များအားလုံး မတ်တပ်ထ ရပ်လာသည်။

*ငရဲမီးက အဲ့ပုဂ္ဂိုလ်ရဲ့ ပစ္စည်းမဟုတ်လား*

*ဘယ်လိုလုပ်*

“ပေါ်လာပြီ၊ သခင်ကြီး၊ သူ ... သူ ပြန်လာပြီ”

ထိုလူ၏ ဟစ်ကြွေးသံအဆုံး၌ ထောင်ချီသော သိုင်းပညာရှင်များ လှုပ်လှုပ်ရွရွ ဖြစ်လာသည်။ အားလုံး မှင်တက်အံ့အားသင့်နေကြသည်။

ထိုအချိန်တွင် ထိုလူက ရှိသမျှလူအားလုံးအား အလွန် စိတ်လှုပ်ရှား၍ ဝမ်းသာနေသော မျက်လုံးများဖြင့် ဝေ့ကြည့်၍ ပြောလိုက်သည်။

“ရောင်းရင်းတို့”

“ဒီနေ့ ငရဲမီး တောက်လောင်တယ်ဆိုတော့ သခင်ကြီး ပြန်လာတာ ဖြစ်ကိုဖြစ်ရမယ်။ ငါတို့ နတ်ဆိုးမျိုးနွယ်တွေရဲ့ အမုန်းတရားကို ချေဖျက်ဖို့ အချိန်ကျပြီ။ ငါတို့ နတ်ဆိုးမျိုးနွယ်ရဲ့ မကျေနပ်ချက်တွေအတွက် တုံ့ပြန်ရမယ့် အချိန်ရောက်ပြီ”

ထိုစကားအဆုံး၌ ထောင်သောင်းချီသော နတ်ဆိုးများ ဟစ်ကြွေးလာကြသည်။

“သတ်၊ သတ်၊ သတ်”

သူတို့သည် နှစ်ရာချီ၍ လှောင်ပြောင်ခြင်းကို အံတုခံခဲ့ရသည်။ နှစ်ရာချီ၍ သွေးကြွေးဆပ်ရန် စောင့်နေခဲ့ရသည်။

နောက်ဆုံးတွင်တော့ သွေးကြွေးကို သွေးကြေးနှင့်သာ ပြန်ဆပ်ရမည့် အချိန်ရောက်လာလေပြီ။ ထိုကြောက်စရာကောင်းသော ပုဂ္ဂိုလ်က လက်ကိုဝေ့ပြလိုက်ပြီးနောက် လျှပ်စီးသဖွယ် ကောင်းကင်ထက်သို့ ပျံသန်းသွားသည်။ သူ့နောက်မှ သိုင်းပညာရှင်များစွာတို့ လိုက်ပါသွားကြသည်။ ထို ပြင်းထန်သော အရှိန်အဝါက ဂြိုဟ်တစ်ခုလုံးအား တုန်ခါသွားစေမည်။

….

ဤသည်မှာ အစသာ ရှိသေးသည်။ စကြဝဠာတွင်းမှ ရာနှင့်ချီသော ဂြိုဟ်များတွင် သိုင်းပညာရှင်တစ်ယောက်စီ၏ ရင်ဘတ်မှ အနက်ရောင် မီးတောက်များ တောက်လောင်လာပြီး အနက်ရောင်ဦးခွံတစ်ခုလုံး ထွက်ပေါ်လာသည်။

ဤသည်က သေမင်းခေါ်သံတစ်ခုလိုပင်။ လေပြင်းမုန်တိုင်း တိုက်ခတ်၍ သွေးမိုးရွာရန် ကံပါလာလေတော့သည်။

Chapter 569 ဆယ်ဆ ပြန်ပေးဆပ်ရမည်

အင်မော်တယ်နယ်မြေများထဲ၌ ဂြိုဟ်နယ်မြေ အဖွဲ့အစည်းတစ်ခု ရှိသည်။ ထိုအဖွဲ့အစည်းသည် အဓိက ဂြိုဟ်နယ်မြေကြီး ရှစ်ခုဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်လေသည်။

ဒါဇင်နှင့်ချီသော ဂြိုဟ်စုနယ်မြေများကြားထဲ၌ ရက်စက်ခြင်း ဂြိုဟ်စုနယ်မြေသည် အင်အားအကြီးဆုံး ဂြိုဟ်စုနယ်မြေ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူတို့၌ အင်မော်တယ်ဘုရင် စဦးအဆင့် သိုင်းပညာရှင်နှစ်ယောက် ရှိနေသည်။

ကြမ်းကြုတ်သော အင်မော်တယ်ဘုရင်နှင့် မီးအင်မော်တယ်ဘုရင်။ သူတို့နှစ်ယောက်လုံး၏ အသွင်အပြင်က ကြောက်မက်ဖွယ်ကောင်းလှသည်။ သူတို့အားလုံးသည် ဂြိုဟ်စုနယ်မြေ အဖွဲ့အစည်းတစ်ခုလုံး၏ အရှင်သခင်များ ဖြစ်ကြသည်။

ယခုအချိန်တွင် ရက်စက်ခြင်း ဂြိုဟ်၌ နန်းတော်တစ်ခုက သားရဲကြီးတစ်ကောင်ကဲ့သို့ ဝင့်ကြွားစွာ တည်ရှိလျက် ရှိသည်။ နန်းတော်ထဲ၌ သိုင်းပညာရှင်များစွာ ရှိနေသည်။

သူတို့ထဲတွင် အင်မော်တယ်ဘုရင် စဦးအဆင့် သိုင်းပညာရှင် ကိုးယောက်နှင့် အင်မော်တယ်ဘုရင် တစ်ပိုင်းအဆင့် သိုင်းပညာရှင် အယောက် နှစ်ဆယ် ရှိသည်။ အင်မော်တယ်ဘုရင် ပွဲတော်ဟုပင် ထင်မှတ်မှားရပြီး သူတို့ထံမှ ထွက်ပေါ်လာသော အရှိန်အဝါက ကြောက်မက်ဖွယ်ကောင်းလှသည်။

အင်မော်တယ်ဘုရင်များထဲတွင် လူနှစ်ယောက်က ထင်ရှားလှသည်။ သူတို့နှစ်ယောက်သည် အမြွှာညီအစ်ကိုများ ဖြစ်ကြလေသည်။ သူတို့မျက်နှာထက်တွင် အမာရွတ်များနှင့် ပြည့်နှက်နေပြီး မျက်လုံးများ၌ ခက်ထန်ကြမ်းကြုတ်ဟန်များ ထင်ဟပ်နေသည်။

ကျန်အင်မော်တယ်ဘုရင်များတောင်မှ သူတို့ကို လှမ်းကြည့်မိလျင် မသိမသာ ကြောက်ရွံ့သွားကြသည်။ အမြွှာညီအစ်ကိုနှစ်ယောက်က အတော်လေး ကြောက်စရာကောင်းပုံပေါ်သည်။

ထိုညီအစ်ကိုနှစ်ယောက်သည် ရက်စက်ခြင်း အင်မော်တယ်ဘုရင်နှင့် မီးအင်မော်တယ်ဘုရင်တို့ ဖြစ်ကြလေသည်။ ယခင်က ဟွမ်အာ၏ လက်မောင်းတစ်ဖက်ကို ဖြတ်ခဲ့သူမှာ ရက်စက်ခြင်း အင်မော်တယ်ဘုရင်ဖြစ်ပြီး မီးအင်မော်တယ်ဘုရင်က သူမခေါင်းကို ဖြတ်ခဲ့သည်။

ထိုသို့သောအချိန်၌ ခန်းမထဲရှိ လူများကို တစ်ချက်ကြည့်ပြီး ရက်စက်ခြင်း အင်မော်တယ်ဘုရင်က ချက်ချင်း မတ်တပ်ထရပ်၍ လက်သီးကိုဆုပ်ပြီး ဂါဝရပြုလေသည်။

“မိတ်ဆွေအပေါင်းတို့၊ လာရောက်ကူညီပေးကြလို့ ကျေးဇူးအများကြီး တင်ပါတယ်။ ဒီတစ်ခေါက် အဲ့လူကို သတ်ပြီး မှတ်ဉာဏ်မိန်းကလေးကို ရနိုင်မယ်ဆိုရင် အင်မော်တယ်ဘုရင် လင်ထျန်းက ကျုပ်တို့ကို ဆုထပ်ချမှာ အသေအချာပဲ”

အင်မော်တယ်ဘုရင် လင်ထျန်း။ ထိုနာမည်ကို ကြားသည်နှင့် အင်မော်တယ်ဘုရင်အားလုံး ကြက်သီးထ သွားကြသည်။

ရက်စက်ခြင်း အင်မော်တယ်ဘုရင်နှင့် မီးအင်မော်တယ်ဘုရင်နောက်၌ ရာနှင့်ချီသော ဂြိုဟ်စုနယ်မြေတို့၏ အရှင်သခင်ဖြစ်သူ လင်ထျန်း ရှိနေမှန်း အားလုံး သိကြသည်။

ထိုတည်ရှိမှုသည် အားလုံး၏ ခေါင်းထက်၌ ဓားသွား ချိတ်ဆွဲထားသလိုပင်၊ ထိလိုက်သည့်မည်သူမဆို သေသွားနိုင်သည်။

“ရက်စက်ခြင်း အင်မော်တယ်ဘုရင် အဲ့လူက ဘယ်သူလဲ၊ တော်တော် ကြောက်ဖို့ကောင်းတယ်။ ပျက်သုဉ်းခြင်းဂြိုဟ်တောင်မှ သန့်စင်ခံလိုက်ရတယ်”

ထိုအချိန်တွင် အင်မော်တယ်ဘုရင်အဆင့် တစ်ယောက်က မတ်တပ်ထရပ်၍ မေးလိုက်သည်။ သူ့အမေးကြောင့် ရက်စက်ခြင်း အင်မော်တယ်ဘုရင်၏ မျက်လုံး၌ လူသတ်လိုဟန် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

“အဲ့လူက ဘယ်သူလဲဆိုတာ သေချာ မသိဘူး။ ဒါပေမဲ့ ကမ္ဘာဦးချောက်နက်က မှတ်ဉာဏ်မိန်းကလေးက ခေါ်ထုတ်ခံသွားရပြီးတော့ မှတ်ဉာဏ်အမွေအနှစ်ကို လုယူခဲ့တဲ့လူအားလုံး အသတ်ခံလိုက်ရတယ်ဆိုတဲ့ သတင်းတော့ ရနေတယ်”

“ပြီးတော့ ပျက်သုဉ်းခြင်းဂြိုဟ်ကလည်း သန့်စင်ခံလိုက်ရပြီးတော့ ပျက်သုဉ်းခြင်း အင်မော်တယ် ဘုရင်လည်း ဖျက်ဆီးခံလိုက်ရပြီ။ မှတ်ဉာဏ်မိန်းကလေးရဲ့ ခန္ဓာကိုယ်ကို ပြန်ရဖို့ဆိုရင် သူ ငါတို့ ဂြိုဟ်နယ်မြေ အဖွဲ့အစည်းဆီ လာကိုလာလိမ့်မယ်”

ထိုစကားကြောင့် သူ့ဘေးနားမှ လူများအားလုံး စိုးရိမ်စိတ်ဝင်လာကြသည်။ ဂြိုဟ်များကိုပင် မီးလောင်တိုက်သွင်းခဲ့သည့် ကြောက်မက်ဖွယ်ပုဂ္ဂိုလ်အား သူတို့ ဆန့်ကျင်ရန် မလိုလားကြချေ။

အားလုံး၏ အတွေးကို သိနေဟန်ဖြင့် မီးအင်မော်တယ်ဘုရင်က ထရပ်၍ ပြောလာသည်။

“အဲ့ကိစ္စကို မစိုးရိမ်ပါနဲ့။ ငါတို့မှာ အင်မော်တယ်ဘုရင် ကိုးယောက်ရှိတယ်၊ အဲ့အပြင်ကိုမှ အင်မော်တယ်ဘုရင် တစ်ပိုင်းအဆင့် အယောက်နှစ်ဆယ်၊ အင်မော်တယ်မျိုးနွယ် သိုင်းပညာရှင်တွေလည်း ထောင်သောင်းချီပြီးတော့ ရှိတယ်။ အဲ့လူ ဘယ်လောက်ပဲ သန်မာပါစေ သူ သေရမှာပဲ”

“အဲ့ဒါတင် မကသေးဘူး။ အင်မော်တယ်ဘုရင် လင်ထျန်းလည်း သတင်းရပြီးပြီမို့ ဒီကို ရက်နည်းနည်းကြာရင် ရောက်လာလိမ့်မယ်”

မီးအင်မော်တယ်ဘုရင်၏ စကားကြောင့် အားလုံး အုတ်အော်သောင်းတင်း ဖြစ်သွားလေသည်။

*လင်ထျန်း လာမှာလား*

ထိုသူ၏ ကြောက်မက်ဖွယ်ကောင်းပုံကို တွေးမိပြီး အင်မော်တယ်ဘုရင်တိုင်း စိတ်သက်သာရာရသလို သက်ပြင်းချမိသည်။

အင်မော်တယ်ဘုရင် လင်ထျန်းနှင့်ဆိုလျင် ထိုသူ သေချာပေါက် သေလိမ့်မည်ကို သူတို့အားလုံး သိနေကြသည်။ ထိုသို့သောအခိုက်တွင် အားလုံးသည် ထိုရန်သူကို စိတ်မပူကြတော့ချေ။

“အင်မော်တယ်ဘုရင် နှစ်ပါးတို့၊ မှတ်ဉာဏ်မိန်းကလေးရဲ့ ခေါင်းနဲ့ လက်ကို ထုတ်လာတာ ပိုမကောင်းဘူးလား၊ ကျုပ်တို့ ဘယ်လိုပုံလဲဆိုတာကို သိရတာပေါ့”

“ဟုတ်တယ်၊ ကျုပ် တကယ် သိချင်နေတာ၊ မှတ်ဉာဏ်မိန်းကလေးဆိုတာ ဘယ်လိုပုံစံမျိုးလဲ”

“အင်မော်တယ်ဘုရင် နှစ်ပါးတို့ ထုတ်ပြပါဦး၊ ကျုပ်တို့ ကြည့်ချင်လို့”

“…”

အင်မော်တယ်ဘုရင် တော်တော်များများ မစောင့်နိုင်ကြတော့ချေ။ ထိုအခါ ရက်စက်ခြင်း အင်မော်တယ်ဘုရင်နှင့် မီးအင်မော်တယ်ဘုရင်တို့က အသာပြုံး၍ အချက်ပြလိုက်သည်။

ရုတ်တရက် သူတော်စင်အဆင့် သိုင်းပညာရှင်နှစ်ယောက်က သစ်သားပန်းကန်ပြားကို သယ်၍ လျှောက်လာသည်။ အဖုံးကို ဖွင့်လိုက်သောအခါ မိန်းကလေးတစ်ယောက်၏ ဦးခေါင်းနှင့် သေးသွယ်သော လက်မောင်းတစ်ဖက်တို့က အားလုံး၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်။

မိန်းကလေး၏ မျက်နှာထားက ဖြူရော်နေပြီး သူမမျက်လုံးများကို မှိတ်ထားသည်။ သူမ၏ လှပသော မျက်နှာထက်၌ သွေးများ စီးကျနေသည်။

ကလေးမလေးတစ်ယောက်သာ ဖြစ်သော်လည်း မျက်နှာလေးက အလွန် လှပလှသည်။

“မြတ်စွာဘုရား၊ ဒီကောင်မလေးက ကြီးလာရင် သိပ်လှတဲ့ နတ်မိမယ်လေး ဖြစ်မှာ အသေအချာပဲ၊ တကယ်ကွာ … တော်တော်လှတယ်”

အင်မော်တယ်ဘုရင်တိုင်း အသက်ရှူမှားမတတ် ဖြစ်နေကြသည်။ ဖြူရော်နေသော မျက်နှာလေးကို ကြည့်ပြီး သူတို့ ရူးမတတ် ရင်ခုန်လာသည်။ အကယ်၍ ဤမိန်းကလေးသာ တကယ် ကြီးပြင်းလာပါက သူမ မည်မျှ လှပ၍ စွဲမက်ဖွယ်ကောင်းလိုက်လေမလဲဆိုသည်မှာ မတွေးဝံ့နိုင်စရာပင်။

တက်ကြွနေသော မျက်နှာထားများကို ကြည့်ပြီး ရက်စက်ခြင်း အင်မော်တယ်ဘုရင်နှင့် မီးအင်မော်တယ် ဘုရင်တို့က ပြုံးရုံပြုံးနေသည်။

“မှတ်ဉာဏ်မိန်းကလေးရဲ့ လက်ကို အင်မော်တယ်ဘုရင် လင်ထျန်းဆီကို ဆက်သဖို့ ကျုပ်တို့ ရည်ရွယ်ထားတယ်”

“အင်မော်တယ်ဘုရင် လင်ထျန်းက ကျုပ်တို့ကို အနီးအနားက ဂြိုဟ်စုနယ်မြေ ရာကျော်ကို ကျုပ်တို့ညီအစ်ကိုကို ဆုချမယ်လို့ ကတိပေးထားပြီးပြီ”

*ဘာ*

ထိုစကားကြောင့် အားလုံး တောင့်တင်းသွားပြီး လူတိုင်း အလွန်အမင်း အားကျသွားကြသည်။ ဤရတနာနှစ်ခုကိုသာ လင်ထျန်းဆီ ဆက်သလိုက်ပါက ရက်စက်ခြင်းဘုရင်နှင့် မီးဘုရင်တို့ ဆုချခံရမည်မှာ အသေအချာပင်။

ဤဂြိုဟ်စုနယ်မြေ အဖွဲ့အစည်း မဆိုထားနှင့် ဘေးပတ်လည်မှ ရာချီသော ဂြိုဟ်စုနယ်မြေကြားထဲမှာတောင်မှ အမြွှာ အင်မော်တယ်ဘုရင် နှစ်ပါး၏ ဂုဏ်သိက္ခာက ပို၍ မြင့်တက်လာပြီး အားလုံးကို စိုးမိုးသွားပေလိမ့်မည်။

ထိုစဉ် ကျန်ရှိသော အင်မော်တယ်ဘုရင်များက ရက်စက်ခြင်းဘုရင်နှင့် အင်မော်တယ်ဘုရင်တို့အား မသိမသာ ဦးညွှတ်လေသည်။

“ရာနဲ့ချီတဲ့ အင်မော်တယ်တွေရဲ့ ခေါင်းဆောင်ဖြစ်လာတဲ့အတွက် အင်မော်တယ်ဘုရင်နှစ်ပါးကို ဂုဏ်ပြုပါတယ်”

အားလုံး၏ လေးစားသော အမူအရာကို ကြည့်ပြီး ရက်စက်ခြင်း အင်မော်တယ်ဘုရင်နှင့် မီးအင်မော်တယ် ဘုရင်တို့က ဂုဏ်ယူဝင့်ကြွားသလို ပြုံးလာသည်။

ဤသည်မှာ အဆင့်အတန်းပင်။

ထိုအချိန်တွင် သူတော်စင်အဆင့် အင်မော်တယ် သိုင်းပညာရှင်တစ်ယောက်က အသည်းအသန် ဝင်လာသည်။

“အင်မော်တယ်ဘုရင်ကို သတင်းပို့ပါတယ်၊ ပစ်မှတ် ပေါ်လာပါပြီ”

ထိုစကားကြောင့် အားလုံး အံ့ဩသွားပြီးမှ ပွက်လောရိုက်သွားသည်။

*လာပြီတဲ့*

အားလုံး စိတ်လှုပ်ရှားလာသည်။ အကယ်၍ ထိုသူကို သတ်ပြီး မှတ်ဉာဏ်မိန်းကလေးကို ယူနိုင်ခြင်းသည် အားလုံးအတွက် အလွန် ကြီးကျယ်သော မက်လုံးပင် ဖြစ်လေသည်။

“သွားကြစို့၊ တစ်ယောက်ယောက် ရောက်လာပြီး လက်ဆောင်ပေးလိုက်ရင် ငါတို့ သေသွားလိမ့်မယ်”

ရက်စက်ခြင်း အင်မော်တယ်ဘုရင်နှင့် မီးအင်မော်တယ် ဘုရင်တို့က အသာပြုံး၍ အင်မော်တယ် ဘုရင်များနှင့်အတူ ထွက်လာကြသည်။

သူတို့ နန်းတော်အပြင်သို့ ထွက်လိုက်သည်နှင့် ရက်စက်ခြင်းဂြိုဟ်တစ်ခုလုံး၌ အင်မော်တယ်မျိုးနွယ် သိုင်းပညာရှင်များနှင့် ပြည့်နေသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။

လမ်းမထက်သာမက ကောင်းကင်ထက်၌ပါ အင်မော်တယ်မျိုးနွယ်များနှင့် ပြည့်နေသည်။ အားလုံးက အင်မော်တယ်ဘုရင်များ၏ ထိန်းချုပ်မှုအောက်မှ လူများ ဖြစ်လေသည်။

ဤမြင်ကွင်းကိုကြည့်ပြီး ရက်စက်ခြင်း အင်မော်တယ်ဘုရင်နှင့် မီးအင်မော်တယ် ဘုရင်တို့ လှောင်ပြုံးပြုံးလိုက်ကြသည်။

ဤမျှများပြားသော သိုင်းပညာရှင်များ ‌ရှိနေပါက အင်မော်တယ်ဘုရင် အလယ်အလတ်အဆင့်ပင် လွတ်မြောက်နိုင်မည် မဟုတ်ချေ။

ထိုစဉ် ကောင်းကင်ထက်မှ ထွက်ပေါ်လာသော အသံကြောင့် အားလုံး စိတ်ဝင်စားသွားကြသည်။ အနက်ရောင်ဝတ်စုံနှင့် လူငယ်လေးက ဦးခေါင်းမဲ့ မိန်းကလေးကို ချီ၍ ရက်စက်ခြင်းဂြိုဟ်ထံသို့ လှမ်းလာနေသည်ကို တွေ့လိုက်ရသည်။

သူ ခပ်ဖြည်းဖြည်း လှမ်းလာနေသော်လည်း ခြေတစ်လှမ်းချင်းစီ၌ လေဟာနယ်တစ်ခုလုံး သူ့ကြောင့် ပျက်စီးသွားသည်ဟု ထင်မှတ်ရသည်။ အက်ကွဲသံများနှင့် အရူးအမူး လူသတ်လိုသော အငွေ့အသက်များ ပျံ့နှံ့လာသည်။

*အင်မော်တယ်ဂိုဏ်းချုပ်အဆင့်လား*

အောက်ဘက်ရှိ များစွာသော အင်မော်တယ်ဘုရင်များက ယဲ့ဖန်၏ ခွန်အားကို သေချာ ခံစားမိပြီး လှမ်းကြည့်လာကြသည်။ ထိုသူက အင်မော်တယ်ဂိုဏ်းချုပ်အဆင့်ပဲ ဖြစ်နေလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။ ဤသည်မှာ ကိုယ့်သေတွင်း ကိုယ်တူးခြင်းပင်။

“အစ်ကိုကြီး … နာတယ် …”

ထိုစဉ် ယဲ့ဖန်၏ ကျောပေါ်မှ တုန်ယင်နေသော အသံလေး ထွက်ပေါ်လာသည်။ ဦးခေါင်းမဲ့နေသော ဟွမ်အာအား ခြေထောက်တစ်ဖက် ပြန်ဆက်ထားပေးပြီးပြီ ဖြစ်သည်။ သို့သော် သူမ၏ ဦးခေါင်းနှင့် လက်မောင်းတို့က ဝေဝါးနေသေးသည်။

သူမ မုန်တိုင်းနှင့်နီးလာလေ သူမ ဒဏ်ရာများက ပိုနာကျင်ရလေ ဖြစ်လာသည်။ သူမ၏ ပိန်ပါးပါး ကိုယ်လေးက တုန်ယင်လာလေ၏။ အလွန် မခံမရပ်နိုင်သော နာကျင်မှုကို ခံစားနေရသကဲ့သို့ သူမကျောပြင်၌ ဇောချွေးများဖြင့် ရွှဲစိုနေသည်။

ဤသည်ကိုကြည့်ပြီး ယဲ့ဖန် နှလုံးသား၌ သွေးစိမ်းရှင်ရှင် ယိုစီးရလေတော့သည်။

“ဟွမ်အာက လိမ်မာပါတယ်။ သူတို့ ပေးတဲ့ နာကျင်မှုအတွက် ဒီအစ်ကိုကြီးက သူတို့ကို ဆယ်ဆ ပြန်ပေးဆပ်ခိုင်းမယ်”

ထိုသို့ပြောလိုက်ပြီးနောက် ယဲ့ဖန်က ရှေ့သို့ ဆက်၍ ဦးတည်လိုက်သည်။

Chapter 570 ငါ့သခင်ကြီး ဘယ်မလဲ

ဝုန်း!

ရက်စက်ခြင်းဂြိုဟ်ပေါ်သို့ ယဲ့ဖန် ခြေချလိုက်သည်နှင့် တောင်တစ်လုံးက ရုတ်တရက် ကြေမွသွားသည်။ ဂြိုစ်တစ်ခုလုံး အပြင်းအထန် တုန်ခါသွားလေသည်။ ထိုခြေဖဝါးအောက်၌ အားလုံး ပေါက်ကွဲသွား လေမလားဟု ထင်မှတ်ရသည်။

အင်မော်တယ်ဘုရင် တော်တော်များများ မျက်နှာပျက်သွားကြသည်။ ဤအင်မော်တယ်ဂိုဏ်းချုပ်အဆင့် သိုင်းပညာရှင်လေး၌ ဤမျှ လူရှိန်လောက်သည့် အင်အားမျိုး ရှိနေလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။

ဤနေရာသည် ပျက်စီးခြင်းဂြိုဟ် ဖြစ်သည်။ သာမန် အင်မော်တယ် သူတော်စင်အဆင့်တောင်မှ တောင်တစ်လုံးကို မဖျက်ဆီးနိုင်ပါ။ ယခုအခါတွင် …

“အဲ့ဒါ တကယ်ပဲ မှတ်ဉာဏ်မိန်းကလေးကိုး”

နန်းတော်ရှေ့၌ ရက်စက်ခြင်း အင်မော်တယ်ဘုရင်နှင့် မီးအင်မော်တယ်ဘုရင်တို့က ယဲ့ဖန်နောက်ကျောမှ ဟွမ်အာကိုသာ စိုက်ကြည့်နေကြသည်။ သူတို့မျက်လုံးနှင့် မျက်နှာထက်တွင် လောဘတရားများနှင့် ပြည့်နှက်လာသည်။

ဦးခေါင်းမဲ့ ဟွမ်အာ၏ ပြတ်သွားသော ခြေထောက်တစ်ဖက်က ပြန်ဆက်သွားပြီဆိုတာကို သူတို့ သတိထားလိုက်မိသည်။ ဦးခေါင်းနှင့် လက်တစ်ဖက်သာ မဲ့နေခဲ့သည်။

“ကောင်းတယ်၊ ဒါ ဘုရားသခင်က ပေးလိုက်တဲ့ အခွင့်အရေးပဲ”

ရက်စက်ခြင်း အင်မော်တယ်ဘုရင်နှင့် မီးအင်မော်တယ်ဘုရင်တို့က အချင်းချင်း ပြုံးကြည့်လိုက်ကြသည်။ ထို့နောက် များစွာသော အင်မော်တယ်ဘုရင်များနှင့် အင်မော်တယ်မျိုးနွယ် သိုင်းပညာရှင်များကို ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“အားလုံးပဲ၊ အဲ့ဒါက မှတ်ဉာဏ်မိန်းကလေးပဲ၊ သူမကိုယ်က အသားတစ်စတိုင်းနဲ့ သွေးတစ်စက်တိုင်းမှာ အမွေအနှစ်တွေ ပါဝင်နေတယ်”

“အတူတူ လှုပ်ရှားကြမယ်၊ အဲ့လူကို သတ်ပြီး အဲ့မိန်းကလေးကို ဆွဲဖြဲပစ်ရအောင်”

“အင်မော်တယ် လင်ထျန်းလာတာကို စောင့်ကြမယ်၊ ဒီလိုဆို ငါတို့ ဆုချခံရမှာပဲ”

ရက်စက်ခြင်း အင်မော်တယ်ဘုရင်နှင့် မီးအင်မော်တယ်ဘုရင်တို့၏ စကားကြောင့် ထောင်သောင်းချီသော အင်မော်တယ်မျိုးနွယ်များ တက်ကြွသွားကြသည်။ သွေးတစ်စက်နှင့် အသားတစ်စထဲတွင် အမွေအနှစ်များ ပါဝင်နေ၏။ ဤသည်မှာ သက်ရှိရတနာတစ်ခုပင်။

အင်မော်တယ်မျိုးနွယ် သိုင်းပညာရှင်တိုင်း အသက်ရှူသံ ပြင်းလာပြီး လောဘမောဟစိတ်များဖြင့် ပြည့်နှက်လာသည်။ ယခုအခါတွင် အားလုံးက လက်ထဲက ဓားကိုဝင့်၍ ယဲ့ဖန်ရှိရာ အရပ်သို့ အသည်းအသန် ပြေးဝင်သွားကြသည်။

သတ်၊ သတ်၊ သတ်။

ထိုသို့သောအချိန်၌ ရက်စက်ခြင်း ဂြိုဟ်ပေါ်တွင် ရူးသွပ်မှုများနှင့် ပြည့်နှက်နေသည်။ မြေပြင်ပေါ်နှင့် ကောင်းကင်ထက်တွင် အင်မော်တယ်မျိုးနွယ် သိုင်းပညာရှင်များက ယဲ့ဖန်အား အပြင်းအထန် တိုက်ခိုက်လာကြသည်။

ဆယ်ယောက်၊ အယောက်တစ်ရာ၊ အယောက်တစ်ထောင်၊ အယောက်တစ်သောင်း။

ချက်ချင်းဆိုသလိုပင် သိုင်းပညာရှင်များစွာက ဒီရေကဲ့သို့ ယဲ့ဖန်ထံ ပြေးဝင်လာကြသည်။ ကြောက်စရာကောင်းလှပေသည်။ ထိတ်လန့်၊ ခြောက်ခြားစရာ ကောင်းလှ၏။

များပြားလှသည့် လူအုပ်ကြားထဲ၌ နစ်မြုပ်နေသော ယဲ့ဖန်ကိုကြည့်ပြီး အင်မော်တယ်ဘုရင်တိုင်းက လှောင်ပြုံး ပြုံးလိုက်ကြသည်။

“အဲ့ဒီ အင်မော်တယ် ဂိုဏ်းချုပ်အဆင့်လေးက ဘယ်လောက် တောင့်ခံနိုင်ပြီးတော့ ဘယ်လို ဆွဲစုတ်ခံရမလဲဆိုတာကို မှန်းကြည့်စမ်း”

မီးအင်မော်တယ်ဘုရင်က လူအုပ်ကို အသာပြုံးကြည့်၍ ပြောလိုက်သည်။ သူ့စကားကြောင့် လူအုပ်ကြီးက ဟားတိုက် ရယ်မောလာသည်။

“စက္ကန့်သုံးဆယ်အတွင်း အဲ့ကောင်လေး သေလိမ့်မယ်လို့ ကျုပ် ထင်တယ်”

“ချီး … စက္ကန့်သုံးဆယ်၊ ဆယ်စက္ကန့်အတွင်း သူ သေမှာပဲ”

“အဲ့ကောင်လေး ခွန်အားကို ကြည့်မယ်ဆိုရင် တစ်မိနစ်လောက် ကြာမယ်လို့ ကျုပ် ထင်တယ်”

ထိုအချိန်၌ အင်မော်တယ်ဘုရင်များစွာက ပြုံးနေကြသည်။ အကြာဆုံး ခန့်မှန်းချိန်မှာ တစ်မိနစ်သာ ဖြစ်လေသည်။ သို့သော် ထိုအချိန်၌ အင်မော်တယ်ဘုရင် တစ်ပိုင်းအဆင့် အမျိုးသမီးက လင်းလက်နေသော မျက်လုံးများဖြင့် ပြောလာသည်။

“ကျွန်မကတော့ … ဆယ်မိနစ်လို့ ထင်တယ်”

*ဘာ*

ထိုအမျိုးသမီး၏ စကားကြောင့် အားလုံး မှင်တက်သွားကြသည်။ သူတို့ လှည့်ကြည့်လိုက်သောအခါ သူမက အင်မော်တယ် နတ်သမီး ဖြစ်နေသည်ကို သူတို့ တွေ့လိုက်ရသည်။

ဂြိုဟ်စုနယ်မြေ အဖွဲ့အစည်းထဲမှ တစ်ဦးတည်းသော အမျိုးသမီး အင်မော်တယ်ဘုရင်အဆင့် ဖြစ်လေသည်။

“ဆယ်မိနစ်တဲ့လား။ အင်မော်တယ် နတ်သမီး၊ ဒီအင်မော်တယ်ဂိုဏ်းချုပ်အဆင့်က အဲ့လောက် ခံနိုင်မယ်လို့ မင်း ထင်နေတာလား”

အင်မော်တယ်ဘုရင်တစ်ပါးက အေးစက်စွာ ပြုံးလိုက်သည်။ သူ့ဘေးပတ်လည်မှ လူများက ဆက်တိုက် ခေါင်းခါ၍ မယုံနိုင်သလို ဖြစ်နေကြသည်။

“အင်မော်တယ် နတ်သမီး၊ အင်မော်တယ် ဂိုဏ်းချုပ်အဆင့်လေးက ထောင်သောင်းချီတဲ့ အင်မော်တယ်မျိုးနွယ်တွေနဲ့ ရင်ဆိုင်ရတာ ဘယ်လိုလုပ် ဆယ်မိနစ် ခံမှာလဲ၊ လုံးဝပဲ”

“ဟုတ်တယ်၊ အင်မော်တယ် နတ်သမီး ခင်ဗျား ဒီပုရွက်ဆိတ်လိုကောင်ရဲ့ မှိုင်းကြောင့် ထိတ်လန့်နေတာပဲ ဖြစ်မယ်”

“…”

သူတို့အားလုံး အလွန် အထင်သေးနေကြသည်။ အားလုံး၏ စိတ်ထဲတွင် အင်မော်တယ် နတ်သမီးက ယဲ့ဖန်ကို အလွန် အထင်ကြီးနေပြီး အင်မော်တယ်မျိုးနွယ်ကို အထင်သေးလွန်းသည်ဟု တွေးနေမိကြသည်။

လှောင်သံများကို နားထောင်ပြီး အင်မော်တယ် နတ်သမီး၏ မျက်နှာက သုန်မှုန်နေသော်လည်း ပြန်မငြင်းတော့ဘဲ တိုက်ပွဲနေရာသို့သာ စူးစိုက်ကြည့်နေသည်။

ဘာရယ်ကြောင့်မှန်း မသိသေးသော်လည်း ယဲ့ဖန်ကို ပထမဆုံးအကြိမ် တွေ့မိသည့်အခိုက်မှာပင် အလွန် အန္တရာယ်များဟန် ရှိသည်ဟု သူမ ခံစားမိနေ၏။

အင်မော်တယ်ဂိုဏ်းချုပ်အဆင့် လူငယ်လေး၏ ကိုယ်၌ ရူးသွပ်သော ဧရာမသားရဲတစ်ကောင် ရှိနေသကဲ့သို့ သူမ ထင်နေမိသည်။

“ငါ အထင်ကြီးလွန်းနေတာ ဖြစ်မယ်လို့ပဲ မျှော်လင့်ပါတယ်”

အင်မော်တယ် နတ်သမီးက ခေါင်းအသာခါ၍ မဖြစ်နိုင်သော အတွေးကို စိတ်ထဲမှ ထုတ်လိုက်သည်။ ထို့နောက် အားလုံး၏ အကြည့်အောက်၌ အချိန်က ကုန်သထက် ကုန်လာသည်။

ငါးစက္ကန့်၊ ဆယ်စက္ကန့်၊ စက္ကန့်နှစ်ဆယ်။

မျက်စိရှေ့မှ တိုက်ပွဲကွင်းပြင်၌ များစွာသော အင်မော်တယ် သိုင်းပညာရှင်များက ယဲ့ဖန်အား အပြင်းအထန် တိုက်ခိုက်နေကြသည်။

ထိုစဉ် ယဲ့ဖန်၏ ပုံရိပ်ကို လုံးဝ မမြင်ရဘဲ အင်မော်တယ်မျိုးနွယ်များကိုသာ မြင်နေရသည်။ သို့သော် အားလုံး စောင့်ဆိုင်းနေစဉ်တွင် ရက်စက်ခြင်းဂြိုဟ်တစ်ခုလုံး၏ လေဟာနယ်သည် ပေါက်ကွဲလာပြီး စစ်သင်္ဘောတစ်စီး ရုတ်တရက် ရောက်ချလာ၏။

“Aအဆင့် စစ်သင်္ဘောပါလား”

ထိုစစ်သင်္ဘောကိုကြည့်ပြီး ရက်စက်ခြင်းဂြိုဟ်ပေါ်မှ အင်မော်တယ်ဘုရင်များ မျက်နှာပျက်သွားကြသည်။ အထူးသဖြင့် တစ်စထက်တစ်က များလာသည့် စစ်သင်္ဘောများကိုကြည့်ပြီး အင်မော်တယ်ဘုရင်များ အားလုံး သွေးပျက်လာကြသည်။

ငါးစီး၊ ဆယ်စီး၊ အစီးနှစ်ဆယ်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ရက်စက်ခြင်းဂြိုဟ်ပေါ်သို့ Aအဆင့် စစ်သင်္ဘော အစီးနှစ်ဆယ်ကျော် ရောက်ရှိလာ၏။

အလွန် ကြီးမားသော စစ်သင်္ဘောများ လေဟာနယ်ကို ထိုးခွင်း၍ ရောက်လာပြီးနောက် ကောင်းကင်တစ်ခုလုံး နေရာပြည့်မတတ် ဖြစ်လာသည်။

ဧရာမရှေးဦးသားရဲ အကောင်နှစ်ဆယ် ရှိနေသကဲ့သို့ ကြောက်စရာ ကောင်းလှသည်။

“Aအဆင့် စစ်သင်္ဘောတွေက အင်မော်တယ်ဘုရင်ပဲ သုံးနိုင်တဲ့ အရာလေ။ ဘယ်လိုလုပ် … ဒီလောက် အများကြီး ရောက်လာရတာလဲ”

“အင်မော်တယ်ဘုရင် လင်ထျန်းများ ရောက်လာတာလား”

ထိုဖြစ်နိုင်ချေကို တွေးမိပြီးနောက် အင်မော်တယ်ဘုရင်များအားလုံး ဆူညံပွက်လောရိုက်လာသည်။ အားလုံး ကောင်းကင်ထက်သို့ အားတက်သရော မော့ကြည့်လိုက်ကြသည်။

ထိုစဉ် Aအဆင့် စစ်သင်္ဘောများ၏ တံခါးပေါက် ပွင့်လာပြီး နတ်ဆိုးတစ်ကောင်နှင့် သဏ္ဌာန်တူသော လူတစ်ယောက် ထွက်ပေါ်လာသည်။ သူ့နောက်မှနေ၍ လူပေါင်းများစွာ ထွက်ပေါ်လာလေ၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် လူအတော်များများ ရောက်ရှိလာသည်။ သူတို့အားလုံးသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားကြသည်။ သူတို့၏ ကြောက်မက်ဖွယ်ကောင်းသော အန္တရာယ်ပေးနိုင်သည့် အရှိန်အဝါက နတ်ဆိုးတစ်ကောင် ထွက်ပေါ်လာလေသလား ထင်မှတ်ရပြီး ရက်စက်ခြင်းဂြိုဟ်တစ်ခုလုံးအား တုန်ယင်သွားစေသည်။

အထူးသဖြင့် ရှေ့ဆုံးမှ လူဆယ့်ရှစ်ယောက်က အတော်လေး ကျောချမ်းဖွယ်ကောင်းသည်။ အားလုံးက အင်မော်တယ်ဘုရင်များ ဖြစ်နေကြ၏။

*ဟာ*

အင်မော်တယ်ဘုရင်အဖွဲ့ ပွက်လောရိုက်သွားသည်။

“အင်မော်တယ်ဘုရင် စဦးအဆင့် ဆယ့်ရှစ်ယောက်တောင်ပါလား”

ရက်စက်ခြင်း အင်မော်တယ်ဘုရင်၊ မီးအင်မော်တယ်ဘုရင်နှင့် အခြားသူများအားလုံး ကြက်သီးမွေးညင်း ထလာကြသည်။

သူတို့ထဲတွင် ကိုးယောက်သာ အင်မော်တယ်ဘုရင် စဦးအဆင့်သို့ ရောက်ရှိနေပြီး ကျန်လူများအားလုံးက အင်မော်တယ်ဘုရင် တစ်ပိုင်းအဆင့်မျှသာ ဖြစ်ကြသည်။

တစ်ဖက်လူ၏ အင်မော်တယ်ဘုရင် စဦးအဆင့် အရေအတွက်က သူတို့အားလုံး၏ နှစ်ဆမျ ရှိနေသည်။ ကြောက်မက်ဖွယ် ကောင်းလိုက်ပါဘိ။

ကောင်းကင်ထက်မှ အင်မော်တယ်ဘုရင် စဦးအဆင့်များနှင့် ထောင်သောင်းချီသော အနက်ရောင်ဝတ်စုံနှင့် လူများ၏ အရှိန်အဝါကြောင့် အင်မော်တယ်ဘုရင်များ၏ နဖူးမှ ပဲစေ့အရွယ် ချွေးစေးများ စီးကြလာသည်။

ထိုလူဆယ့်ရှစ်ယောက်နှင့်တင် သူတို့ အယောက်နှစ်ဆယ်ကျော်ကို ရှင်းပစ်နိုင်ကြောင်း သူတို့ တပ်အပ် ပြောနိုင်သည်။

“မိတ်ဆွေတို့ ခင်ဗျားတို့ ဘာလို့ ဒီကို ရောက်လာရတာလဲ”

ရက်စက်ခြင်း အင်မော်တယ်ဘုရင် မျက်ခုံးတလှုပ်လှုပ်နှင့် ကိုယ့်ကိုယ်ကိုယ် အားတင်း၍ ကောင်းကင်ထက်မှ အနက်ရောင်ဝတ်စုံနှင့်လူတစ်ယောက်ကို မေးလိုက်သည်။

သူ့စကားကို ကြားပြီးနောက် အင်မော်တယ်ဘုရင် ဆယ့်ရှစ်ယောက်က ရှေ့သို့တိုးလာကြသည်။

“ငါ့သခင်ကြီး ဘယ်မလဲ”

ထိုအသံက မိုးခြိမ်းသံကဲ့သို့ ခြောက်ခြားစရာ ကောင်းလှသည်။

*ဘယ်လို*

ထိုစကားကြောင့် လူတိုင်း မှင်တက်သွားကြသည်။

*သခင်ကြီးတဲ့*

အင်မော်တယ်ဘုရင်များက ကောင်းကင်ထက်မှ အနက်ရောင်ဝတ်စုံနှင့် သိုင်းပညာရှင်ကို မယုံနိုင်ဟန်ဖြင့် မော့ကြည့်နေမိသည်။ မည်သို့သော သွေးပျက်ဖွယ်ကောင်းသည့် ပုဂ္ဂိုလ်မျိုး၌ ဤကဲ့သို့ ကြောက်စရာကောင်းသည့် ကျေးကျွန်မျိုး ရှိနေသလဲဆိုတာကို သူတို့ နားမလည်နိုင်ချေ။

*မယုံနိုင်စရာပဲ*

ထိုစဉ် ရက်စက်ခြင်း အင်မော်တယ်ဘုရင်က သူတို့သခင်ကြီး၏ နာမည်ကို မေးရန် ပြင်လိုက်သည်။ ထိုသို့သောအချိန်၌ တိုက်ပွဲကွင်းပြင်တွင် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာလေ၏။

စာစဉ် (၃၈) ဤတွင်ပြီးပါပြီ။

All Chapters