အခန်း (၅၇၁-၅၇၃)
Vol. 39 Ch. 571-573
Chapter 571 နတ်ဆိုးမုန်တိုင်း
ထိုသို့သောအချိန်၌ တိုက်ပွဲကွင်းပြင်မှ အော်ဟစ်သံများ ထွက်ပေါ်လာသဖြင့် အင်မော်တယ်ဘုရင်များ မှင်တက်သွားကြသည်။
သူတို့ မြင်ခဲ့သည့်အရာမှာ မရေတွက်နိုင်သော အင်မော်တယ်မျိုးနွယ် သိုင်းပညာရှင်များက ယဲ့ဖန်ထံသို့ ဒီရေသဖွယ် တိုးဝင်သွားခြင်းသာ ဖြစ်သည်။
ထူးဆန်းလှသည်။ ထိုအင်မော်တယ်မျိုးနွယ်များသည် အားတက်သရော ပြေးဝင်သွားကြခြင်း မဟုတ်ဘဲ ထူးဆန်းသော ဆွဲအားတစ်ခု၏ စုပ်ယူခြင်းကို ခံနေရလေ၏။
*ဒါက အင်မော်တယ်ဘုရင်အားလုံး မှင်တက်သွားကြသည်။
သူတို့အားလုံး၏ မျက်စိရှေ့မှ တိုက်ပွဲကွင်းပြင် အလယ်ရှိ ယဲ့ဖန်နားတွင် အလွန်ကြီးမားသော ဆွဲငင်အား တစ်ခု ရှိနေပုံရသည်။ အနားမှ သိုင်းပညာရှင်တစ်ယောက် ထိတ်လန့်သွားပြီး ထွက်ပြေးရန် ပြင်သော်လည်း ထိုကြောက်မက်ဖွယ် ဆွဲငင်အား၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။
ထို့နောက် လူဆယ်ယောက်၊ အယောက်တစ်ရာ၊ အယောက်တစ်သောင်း။
များစွာသော အင်မော်တယ်မျိုးနွယ် သိုင်းပညာရှင်များသည် ပုရစ်ကောင်များကဲ့သို့ ဆွဲငင်အား ပတ်လည်၌ ယက်ကန်ယက်ကန် ဖြစ်နေကြပြီး စုတ်ပြဲသံများ ဆက်တိုက် ထွက်ပေါ်လာသည်။
ပြင်းထန်သော ဆွဲငင်အားသံနှင့် စုတ်ဖြဲအားများက အင်မော်တယ်မျိုးနွယ် သိုင်းပညာရှင်များ၏ ခန္ဓာကိုယ်အား အပြင်းအထန် ဖိအားပေးနေ၏။
သူတို့၏ အရေပြားများကို တစ်စစီ စုတ်ဖြဲပစ်ပြီးနောက် သူတို့အသားများကို ဖြတ်ပိုင်းလာသည်။
“အား…”
အင်မော်တယ်မျိုးနွယ် သိုင်းပညာရှင်များ အလွန် ကြောက်မက်ဖွယ်ကောင်းသော တစ်စုံတစ်ရာနှင့် ကြုံတွေ့ရသကဲ့သို့ နာကျင်စွာ အော်ဟစ်သံများက ရက်စက်ခြင်းဂြိုဟ်အနှံ့သို့ ပဲ့တင်ထပ်သွားသည်။ ကြောက်စရာ ကောင်းလှပေ၏။
“ဘာတွေဖြစ်နေတာလဲ၊ အဲ့ဒီဆွဲငင်အားက ဘာကြီးလဲ”
မီးအင်မော်တယ်ဘုရင်နှင့် အခြားသူများ မျက်နှာဖြူရော်လာပြီး ကိုယ့်မျက်လုံးကိုယ် မယုံနိုင်အောင် ဖြစ်နေကြသည်။
သူတို့နှင့် ဆန့်ကျင်ဘက်တစ်ဖက်တွင်မူ ကောင်းကင်ထက်မှ အင်မော်တယ်ဘုရင်အဆင့် သိုင်းပညာရှင် ဆယ့်ရှစ်ယောက်နှင့် ထောင်သောင်းချီသော အနက်ရောင်ဝတ်စုံနှင့်လူများအားလုံး ဝမ်းသာပျော်ရွှင် သွားလေသည်။
“နတ်ဆိုးမုန်တိုင်း၊ နောက်ဆုံးတော့ နတ်ဆိုးမုန်တိုင်းကို နောက်တစ်ခါ ပြန်မြင်ရပြီပဲ”
သိုင်းပညာရှင်အားလုံး၏ မျက်နှာထက်၌ ဝမ်းသာအားရဟန်နှင့် ရက်စက်လိုဟန်များ ထင်ဟပ်လာသည်။
သူတို့စကားအဆုံးတွင် မြေပြင်ပေါ်မှ ဆွဲငင်အားက ပို၍ ကြောက်စရာကောင်းလာလေသည်။ များစွာသော အင်မော်တယ်မျိုးနွယ် သိုင်းပညာရှင်များသည် ဆွဲငင်အားထဲ၌ ဝဲပျံနေပြီး ဆက်တိုက် စုတ်ဖြဲခံနေရသည်။
ထိုအခါတွင်မှ အောက်ဘက်ရှိ ယဲ့ဖန်၏ ပုံရိပ်ကို အားလုံး တွေ့လိုက်ရသည်။ သူသည် ဦးခေါင်းမဲ့ ဟွမ်အာကို ချီပိုးထားပြီး နတ်ဆိုးစွမ်းအင်များနှင့် ပြည့်နှက်နေ၏။
ထို့အတူ နတ်ဆိုးစွမ်းအင်များကို တစ်ခါလွှတ်လိုက်တိုင်း ကောင်းကင်ထက်မှ စုတ်ဖြဲခြင်းနှင့် ဆွဲငင်အားတို့က ပို၍ ကြမ်းကြုတ်လာသည်။
*နတ်ဆိုးပဲ*
ကြောက်မက်ဖွယ်ကောင်းသည့် နတ်ဆိုးစွမ်းအင်ကို ခံစားမိပြီး ရက်စက်ခြင်း အင်မော်တယ်ဘုရင်နှင့် အခြားသူများ ကြက်သီးထ၍ တုန်ယင်လာကြသည်။
သူတို့စိတ်ထဲတွင် ယဲ့ဖန်သည် ငရဲမှထွက်လာသော ငရဲတစ်ကောင်ဟု ထင်နေကြလေသည်။ သူ့ဦးခေါင်းထက်မှ ပြင်းထန်သော နတ်ဆိုးစွမ်းအင်က အင်မော်တယ်မျိုးနွယ်များကို စုပ်ယူ၍ အရူးအမူး စုတ်ဖြဲနေကြသည်။
ဤမြင်ကွင်းမှာ အလွန် ကြောက်စရာကောင်းလှသည်။ ထိုမျှနှင့် မလုံလောက်သေးချေ။ ယဲ့ဖန်၏ ခေါင်းပေါ်၌ အက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။
အင်မော်တယ်ဘုရင်များ၏ ထိတ်လန့်နေသော အကြည့်အောက်၌ အင်မော်တယ်မျိုးနွယ်တစ်ယောက်၏ ခန္ဓာကိုယ်က အရိုးအသားများအားလုံး တစ်စုံတစ်ခု၏ စုပ်ယူခြင်း ခံလိုက်ရသကဲ့သို့ အက်ကွဲလာသည်။ ထို့နောက် ထိုသိုင်းပညာရှင် ပေါက်ကွဲသွားပြီး ပြာဖြစ်သွားကာ ရက်စက်ခြင်းဂြိုဟ်ပေါ်မှ ပျောက်ကွယ်သွားလေသည်။
သေခြင်းတရား ပျံ့နှံ့လာသည်ဟု ထင်မှတ်ရသည်။ အင်မော်တယ်မျိုးနွယ် သိုင်းပညာရှင်များ၏ ခန္ဓာကိုယ် ပေါက်ကွဲခြင်းများ ဆက်တိုက် ဖြစ်ပေါ်လာသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် လူတော်တော်များများ ပြာဖြစ်၍ ပျောက်ကွယ်သွားလေ၏။ ဤမြင်ကွင်းကြောင့် အင်မော်တယ်ဘုရင် အယောက်နှစ်ဆယ်ကျော် လုံးဝ မှင်တက်သွားသည်။
သူတို့မျက်နှာထက်၌ အလွန် ကြောက်ရွံ့တုန်လှုပ်စိတ်နှင့် မယုံနိုင်ဟန်များ ပြည့်နှက်နေ၏။ သို့သော် ဤသည်မှာ အစသာ ရှိသေးသည်။ တစ်သောင်းခွဲ၊ နှစ်သောင်း၊ သုံးသောင်း၊ လေးသောင်း။
နောက်ဆုံးသော အင်မော်တယ်မျိုးနွယ် သိုင်းပညာရှင်များသည်လည်း နတ်ဆိုးမုန်တိုင်းကြောင့် သုတ်သင်ခံ လိုက်ရလေသည်။ ကောင်းကင်ထက်၌ အလောင်းပြာများက မိုးကဲ့သို့ ရွာကျလာသည်။
ရက်စက်ခြင်းဂြိုဟ်တစ်ခုလုံးအား ထူထဲသော မြူခိုးများ ဖုံးအုပ်လာသကဲ့သို့ အရှေ့မှ မြင်ကွင်းကို သေချာ မမြင်ရတော့ချေ။ အထူးသဖြင့် ပြာအနည်းငယ်က ရက်စက်ခြင်း အင်မော်တယ်ဘုရင်နှင့် အခြားသူများပေါ် ကျလာချိန်တွင် သူတို့ တုန်ယင်သွားကြလေသည်။
အင်မော်တယ်ဘုရင် တစ်ပိုင်းအဆင့်များ သေမတတ် ကြောက်လန့်နေကြသည်။ သူတို့၏ မျက်နှာသည် သရဲဘသက်နှင့် တွေ့လိုက်ရသကဲ့သို့ ဖြူရော်နေ၏။
*သေပြီ*
*အားလုံး သေကုန်ပြီ*
*ထောင်သောင်းချီတဲ့ အင်မော်တယ်မျိုးနွယ်တွေ*
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
“သေမင်းနတ်ဆိုး ဆုဒြာ၊ ဒါ … ဒါ သေမင်း နတ်ဆိုးဆုဒြာပဲ”
မီးအင်မော်တယ်ဘုရင်၏ ခန္ဓာကိုယ်က တုန်ယင်လာပြီး မျက်နှာထားက အလွန် သွေးပျက်လာသည်။
သူ့စကားများက မိုးခြိမ်းသံကဲ့သို့ ဘေးပတ်လည်မှ အင်မော်တယ်ဘုရင်များအား ခေါင်းထဲ ဗလာနတ္ထိ ဖြစ်သွားလေသည်။
လေတိုးသံနှင့်အတူ ပြာများအားလုံး ရုတ်တရက် ပျောက်ကွယ်သွားပြီး ယဲ့ဖန်၏ ပုံရိပ် ထွက်ပေါ်လာသည်။ သူသည် ဦးခေါင်းမဲ့ ဟွမ်အာအား ချီပိုးထားဆဲပင်။
သို့သော် သူ၏ခွန်အားက ပိုမြင့်လာသည်။ ထောင်သောင်းချီသော အင်မော်တယ်မျိုးနွယ်များကို သန့်စင်ပြီးနောက် သူသည် နတ်ဘုရားဂိုဏ်းချုပ် အလယ်အလတ်အဆင့်နားသို့ နီးကပ်လာသည်။ ကြောက်မက်ဖွယ်ဖိအားက အင်မော်တယ်ဘုရင်များက တုန်လှုပ်သွားစေသည်။
ဂလု!
အင်မော်တယ် နတ်သမီး မနည်း တံတွေးမျိုချလိုက်မိသည်။ သူမ ယဲ့ဖန်ကို မျက်ခုံးတလှုပ်လှုပ်ဖြင့် ငေးကြည့်နေသည်။
“ဆယ်မိနစ် … တကယ်ကို ဆယ်မိနစ်ပဲ”
“ဆယ်မိနစ်အတွင်း ထောင်သောင်းချီတဲ့ အင်မော်တယ်မျိုးနွယ်ရဲ့ သတ်တာကို သူ ခံရတာ မဟုတ်ဘဲ။ ဆယ်မိနစ်အတွင်း သူက ထောင်သောင်းချီတဲ့ အင်မော်တယ်မျိုးနွယ်တွေကို သတ်လိုက်တာပဲ”
အင်မော်တယ် နတ်သမီး မချိပြုံး ပြုံးလိုက်မိသည်။ သူမ၏ ခန့်မှန်းမှုက ပြီးဆုံးသွားပြီး ကပ်ဘေး ကျရောက်လာလေပြီ။
ထိုသည်သာမကချေ။ ထိတ်လန့်နေသော အင်မော်တယ်ဘုရင်များ၏ အကြည့်အောက်၌ ကောင်းကင်ထက်မှ အင်မော်တယ်ဘုရင် ဆယ့်ရှစ်ယောက်က ထောင်သောင်းချီသော အနက်ရောင်ဝတ်စုံနှင့် လူများနှင့်အတူ ဆင်းလာကြသည်။
လူအုပ်ကြီးက ယဲ့ဖန်နောက်၌ ရပ်နေသည်။ ထို့နောက်တွင် အားလုံးက ဒူးတစ်ဖက်ထောက်၍ ရင်ဘတ်ပေါ် လက်တင်ကာ ကြွေးကြော်လာလေ၏။
“နတ်ဆိုးတုယိုက သခင်ကြီးကို ဂါဝရပြုပါတယ်၊ နတ်ဆိုးတွေက မသေဆုံးနိုင်ဘူး၊ နတ်ဆိုးဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေ”
“နတ်ဆိုး သွေးစွန်းရှောင်ဟူက သခင်ကြီးကို ဂါဝရပြုပါတယ်၊ နတ်ဆိုးတွေက မသေဆုံးနိုင်ဘူး၊ နတ်ဆိုးဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေ”
“….”
အသံများအားလုံးက မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာသည်။
*နတ်ဆိုးတွေ*
*အားလုံးက နတ်ဆိုးတွေပဲ*
နတ်ဆိုးအားလုံး၏ အသံက တစ်လေသံတည်းပင်။
“နတ်ဆိုးတွေက မသေဆုံးနိုင်ဘူး၊ နတ်ဆိုးဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေ”
အင်မော်တယ်ဘုရင်များ ကြောက်လန့်ပြီး လဲကျသွားလေသည်။
*နတ်ဆိုးဧကရာဇ်*
*သူ … သူက နတ်ဆိုးဧကရာဇ်လား*
အင်မော်တယ်ဘုရင်တိုင်းက ယဲ့ဖန်အား သရဲသဘက်ကို တွေ့ရသကဲ့သို့ ကြည့်နေကြသည်။ အဆိုပါပုဂ္ဂိုလ်သည် စကြဝဠာထဲ၌ အလွန် ကြောက်ဖို့ကောင်းသူ ဖြစ်သည်။ အလွန် ဖျက်ဆီးဝံ့သည့် စိတ္တဇ လူသတ်သမားပင်။
*သူ ပြန်လာပြီတဲ့လား*
ရက်စက်ခြင်း အင်မော်တယ်ဘုရင်နှင့် အခြားသူများ ချက်ချင်း ထရပ်၍ နောက်လှည့်ကာ ထွက်ပြေးကြသည်။ ကြောက်နေကြသည်။ အားလုံး ရင်ထဲ၌ ခြောက်ခြားနေသည်။
လက်နှစ်ဖက်တည်းဖြင့် ထောင်သောင်းချီ၍ သတ်ဖြတ်ခဲ့သည်။ သာမန် အင်မော်တယ်ဘုရင်များက တစ်ဖက်လူ၏ အမြင်တွင် ပုရွက်ဆိတ်သာသာအဆင့်သာ ရှိလေသည်။
ရက်စက်ခြင်း အင်မော်တယ်ဘုရင်နှင့် အခြားသူများသည် သူတို့ နတ်ဆိုးဧကရာဇ်ကို ရန်စမိလိမ့်မည်ဟု ထင်မထားမိကြချေ။ ထိုစဉ် အေးစက်စက် အသံ ထွက်ပေါ်လာသည်။
“သူတို့ကို တားလိုက်”
ထိုစကားအဆုံး၌ ဆယ့်ရှစ်ယောက်သော နတ်ဆိုးများက လျှပ်စီးကဲ့သို့ လှစ်ခနဲ လှုပ်ရှားလာသည်။ သူတို့သည် နတ်ဆိုး တာအိုအရိပ်အသွင်ပြောင်း၍ ရက်စက်ခြင်း ကောင်းကင်သို့ ထွက်ပြေးနေသည့် အင်မော်တယ်ဘုရင်နှင့် အခြားသူများကို တားဆီးလိုက်သည်။
ထိုအခိုက်တွင် အနောက်မှ ထောင်သောင်းချီသော နတ်ဆိုးများက ရှေ့သို့တိုးလာပြီး အင်မော်တယ်ဘုရင် အယောက်နှစ်ဆယ်ကျော်ကို ဝိုင်းထားပြီး သတ်ဖြတ်ချင်ဟန်ဖြင့် ကြည့်နေကြသည်။
ပွဲသိမ်းသွားလေပြီ။ အင်မော်တယ်ဘုရင်တိုင်း သေမတတ် ဖြူရော်လာသည်။ နဖူးမှနေ၍ ချွေးစေးများ အလုံးလိုက် စီးကျလာ၏။ အားလုံး ယဲ့ဖန်ကို ထိတ်လန့်တကြား ကြည့်လိုက်မိသည်။
ထိုစဉ် ယဲ့ဖန်က ရက်စက်ခြင်း အင်မော်တယ်ဘုရင်၏ လက်ထဲမှ ဟွမ်အာ၏ လက်မောင်းနှင့် မီးအင်မော်တယ်ဘုရင် လက်ထဲမှ ဟွမ်အာ၏ ဦးခေါင်းကို စိုက်ကြည့်လာသည်။
“မင်းတို့က လူတွေကို စုတ်ဖြဲရတာကို သဘောကျတာလား”
“ဒါဆိုလည်း မင်းတို့ စုတ်ဖြဲခံရတာတဲ့ အရသာကို မြည်းစမ်းကြည့်လေ”
Chapter 572 အသားစား နတ်ဆိုး
“မင်းတို့ကို စုတ်ဖြဲခံရတဲ့အရသာကို မြည်းစမ်းကြည့်ခိုင်းတာပေါ့”
ယဲ့ဖန်၏ စကားသံအဆုံး၌ အင်မော်တယ်ဘုရင်နှင့် အခြားသူများအားလုံး ကြက်သီးမွေးညင်း ထသွားကြသည်။
*ဘယ်လိုလုပ်မလဲ*
*ထွက်ပြေးလို့လည်း မရဘူး*
*အနိုင်ယူလို့လည်း မရဘူး*
အင်မော်တယ်ဘုရင် အယောက်နှစ်ဆယ်ကျော်လုံး ဟော့ပေါ့အိုးထဲက ပုရွက်ဆိတ်ကဲ့သို့ ကပျာကယာနှင့် တစ်ဖက်လှည့်ကြည့်လာကြသည်။ အားလုံး ချွေးပြန်နေကြလေသည်။
သူတို့သည် ကြောက်စရာကောင်းသော နတ်ဆိုးခေါင်းဆောင် ဆယ့်ရှစ်ယောက်နှင့် နတ်ဆိုးမျိုးနွယ် တစ်သောင်းကျော်တို့ကို ကြည့်ပြီး ခေါင်းစခြေဆုံး အေးစက်သလို ခံစားလိုက်ရသည်။
ပွဲသိမ်းလေပြီ၊ ထိုသို့သော ကြောက်စရာကောင်းသည့် သူများနှင့် ရင်ဆိုင်နေရသဖြင့် ကျောက်တုံးကို ကြက်ဉဖြင့် ပေါက်သကဲ့သို့ အချည်းနှီး ဖြစ်လေပြီ။
ထိုစဉ် ယဲ့ဖန်၏ စကားတစ်ခွန်းက သူတို့အား မှင်တက်သွားစေ၏။
“သွေးစွန်းရှောင်ဟူ သူတို့ကို စုတ်ဖြဲလိုက်”
*ဘာ*
အင်မော်တယ်ဘုရင် အယောက်နှစ်ဆယ်ကျော်လုံး ကိုယ့်နားကိုယ် မယုံနိုင် ဖြစ်သွားကြသည်။ အဖွဲ့လိုက် တိုက်ခိုက်ခြင်းမဟုတ်ဘဲ အယောက်နှစ်ဆယ်လုံးကို တစ်ယောက်တည်း သတ်ခိုင်းသည်တဲ့လား။
*ဒါက …*
ရက်စက်ခြင်း အင်မော်တယ်ဘုရင်နှင့် အခြားသူများအားလုံး ချက်ချင်း ထွက်ပြေးကြလေသည်။ အကယ်၍ ဤသည်က အဖွဲ့လိုက် တိုက်ပွဲသာ ဖြစ်ပါက သူတို့ အယောက်နှစ်ဆယ်ကျော်လုံး သေချာပေါက် အသေဆိုးဖြင့် သေလောက်သည်။ သို့သော် တစ်ယောက်တည်းကိုသာ ကွက်ရွေးပါက သူတို့ ကြောက်မည် မဟုတ်ပါ။
အားလုံး၏ မှင်တက်နေသော အကြည့်အောက်၌ သွေးစွန်းရှောင်ဟူက ရှေ့သို့ တိုးလာသည်။ သူ၏ ခန္ဓာကိုယ်သည် မယုံနိုင်လောက်အောင် ကြွက်သားများနှင့် ပြည့်နှက်နေပြီး ရူးသွပ်ကြမ်းကြုတ်ဟန် ရှိသည်။
သူသည် အင်မော်တယ်ဘုရင် အယောက်နှစ်ဆယ်ကျော်အား သိုးကောင်များကို ကြည့်သကဲ့သို့ မီးဝင်းဝင်း တောက်သော မျက်လုံးများဖြင့် ကြည့်နေသည်။
“နှစ်ရာချီပြီ၊ အင်မော်တယ်မျိုးနွယ်ရဲ့ အသားကို ငါ မစားရတာ နှစ်ရာချီခဲ့ပြီ”
“ဒီနေ့တော့ ငါ အားရပါးရ စားပစ်မယ်”
*အမ်*
နတ််ဆိုး သွေးစွန်းရှောင်ဟူ၏ စကား၌ အလွန် ဖိနှိပ်ဟန်များ ပါဝင်နေသည်။ အင်မော်တယ်ဘုရင် အယောက်နှစ်ဆယ်ကျော်လုံး မှင်တက်သွားကြသည်။ ရုတ်တရက် ရက်စက်ခြင်း အင်မော်တယ်ဘုရင်နှင့် အခြားသူများအားလုံး သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက်လာသည်။
“ကောင်းပြီလေ၊ တော်တော် မောက်မာတဲ့ နတ်ဆိုးပဲ”
“ဒီလိုဆိုမှတော့ ဘယ်သူက ဘယ်သူ့ကို စုတ်ဖြဲနိုင်သလဲဆိုတာကို ကြည့်ရတာပေါ့”
သေရတော့မည်ဟု ထင်မှတ်ထားကြသည့် အင်မော်တယ်ဘုရင်များသည် တစ်ယောက်ချင်းစီတိုင်းက စိတ်ပိုင်း ဖြတ်လာကြပြီး ရူးသွပ်ဟန်များ ပြလာကြသည်။
ဝှစ်! ဝှစ်! ဝှစ်!
အယောက်နှစ်ဆယ်ကျော်လုံး လှစ်ခနဲ လှုပ်ရှား၍ နတ်ဆိုး သွေးစွန်းရှောင်ဟူအား ဝိုင်းထားလိုက်ကြပြီး ရူးသွပ်သော စိတ်များဖြင့် ထွက်ပြေးခွင့် မပေးကြချေ။
နတ်ဆိုး သွေးစွန်းရှောင်ဟူ တစ်ချက်လှုပ်လိုက်သည်နှင့် လူနှစ်ဆယ်ကျော်က သူ့အား ဝိုင်းသမကြမည့်ပုံပေါ်သည်။
ဤသည်ကို မြင်သော်လည်း ယဲ့ဖန်နှင့် ကျန်နတ်ဆိုးများက နည်းနည်းလေးမျှ မစိုးရိမ်ကြချေ။ ထိုသို့ဖြစ်မည့်အစား အားလုံးက သွေးစွန်းရှောင်ဟူအား အားကျသလို ပြုံး၍ ကြည့်နေကြသည်။
“အင်း … ဒီရှောင်ဟူကြီး နောက်ဆုံးတော့ သူ့ဘဝကို တိုးတက်အောင် လုပ်နိုင်တော့မှာပဲ”
“ဒီကိစ္စကို ငါတို့ နှစ်ရာနဲ့ချီပြီး တောင့်ခံခဲ့ရတာ၊ ငါတို့ ဒီနေ့ ကြီးကြီးမားမား ပြန်ပေးဆပ်မှရမယ်”
“ဒီအသားစားနတ်ဆိုးက ဒီတစ်ခေါက် အင်မော်တယ်တွေကို ဘယ်လိုခံစားရအောင် လုပ်မှာလဲ၊ ဘယ်သူနဲ့ စလိုက်မှာလဲ’
“…”
ယဲ့ဖန်နှင့် အခြားသူများက သွေးစွန်းရှောင်ဟူကို မျှော်လင့်တကြီးဖြင့် လှမ်းကြည့်နေကြသည်။
“သေစမ်း”
ထိုစဉ် ရက်စက်ခြင်း အင်မော်တယ်ဘုရင်က ဤအခွင့်အရေးကို အကောင်းဆုံး အသုံးချ၍ သွေးစွန်းရှောင်ဟူ၏ နောက်ကျောကို ဓားဖြင့်ထိုးလိုက်သည်။
ထိုတိုက်ကွက်သည် လျှပ်စီးကဲ့သို့ လျင်မြန်၍ မိုးကြိုးကဲ့သို့ ပြင်းထန်လှသည်။ ထိုဓားချက်သည် လေဟာနယ်တစ်ခုလုံးကိုထိုးခွင်းသွားပြီး သွေးစွန်းရှောင်ဟူ၏ နောက်ကျောသို့ ထိုးစိုက်လာသည်။
လျင်မြန်လှသည်။ ဤဓားချက်သည် အလွန် လျင်မြန်၍ ကြမ်းကြုတ်လွန်းလှသည်။ သွေးစွန်းရှောင်ဟူ၏ နောက်ကျောအား ထိုဓားချက် ကျရောက်လုနီးပါး ဖြစ်လာသည်။
ရက်စက်ခြင်း အင်မော်တယ်ဘုရင်သာမက ဘေးပတ်လည်မှ အင်မော်တယ်ဘုရင်များက မယုံသင်္ကာ ဖြစ်သွားကြသည်။ ဓားချက် တစ်ချက်တည်းဖြင့် ဤမျှ ရှောရှောရှူရှူ သတ်နိုင်လိမ့်မည်ဟု သူတို့ ထင်မထားမိကြချေ။
ချွင်!
ထိုစဉ် သံသံချင်း ထိသည့်အသံ ထွက်ပေါ်လာပြီး သူ့လက်မှ ဓားသည် နှစ်ထောင်ချီ သက်တမ်းရှိသော သံကြီးကို ထုနှက်လိုက်ရသည်ဟု ခံစားမိသွားသည်။ အစင်းရာတစ်ခု ပေါ်လာရန်ပင် ခက်ခဲလှသည်။
“မကောင်းတော့ဘူး”
ရက်စက်ခြင်း အင်မော်တယ်ဘုရင်သည် သူ၏ တိုက်ကွက် ကျရှုံးသွားသည်နှင့် အသည်းအသန် နောက်ဆုတ်ပြေးလေသည်။ ထိုအချိန်တွင် နတ်ဆိုး သွေးစွန်းရှောင်ဟူက အသာပြုံးလာသည်။
“အင်မော်တယ်တွေ စားပစ်တာကို မင်းနဲ့ စလိုက်မယ်”
ထို့နောက် သူ၏ဦးခေါင်း၊ လက်များနှင့် ခြေထောက်များအားလုံးသည် ရုတ်တရက် အသွင်ပြောင်းလာလေသည်။ ထို့နောက် ကြောက်စရာကောင်းသော ကျားလက်သည်းများက ရက်စက်ခြင်း အင်မော်တယ်ဘုရင်၏ ဓားကို ဖမ်းဆွဲလာသည်။
ထိုအခါ ထိုဓားသည် သူ၏လက်သည်းများကြောင့် ကျိုးပဲ့သွားပြီး ကျားလက်သည်းများက ရက်စက်ခြင်း အင်မော်တယ်ဘုရင်၏ လက်မောင်းတစ်ဖက်ကို ဖမ်းဆုပ်လာသည်။
ဂျွတ်!
အော်သံနှင့်အတူ သွေးများ ပန်းထွက်လာသည်။ ရက်စက်ခြင်း အင်မော်တယ်ဘုရင်၏ လက်မောင်းတစ်ဖက် စုတ်ပြဲသွားလေသည်။
“အား…”
ရက်စက်သော အင်မော်တယ်ဘုရင် ခြောက်ခြားသွားပြီး အသည်းအသန် နောက်ဆုတ်မိသည်။ သူ၏ ပြတ်သွားသော လက်မောင်းမှနေ၍ သွေးများ ဒလဟော စီးကျနေသည်။ သူ ထိတ်လန့်၍ ကြောက်လန့်နေ၏။
သွေးစွန်းရှောင်ဟူ၏ ကျားလက်သည်းသာ သူ့ခေါင်းကို ဖမ်းမိသွားပါက သူ လုံးဝ ပြေးမလွတ်နိုင်လောက်ဟု ရက်စက်ခြင်းဘုရင် သေချာ ခံစားမိနေသည်။
တိတ်ဆိတ်၍နေသည်။ ဤမြင်ကွင်းသည် ဘေးပတ်လည်မှ အင်မော်တယ်ဘုရင် နှစ်ဆယ်ကျော်အား အေးစိမ့်သွားစေသည်။
*တစ်ချက်တည်းပါလား*
လူတိုင်း ကိုယ့်မျက်လုံးကိုယ် မယုံနိုင်လောက်အောင် ဖြစ်နေသည်။
*မြင့်မြတ်သော အင်မော်တယ်ဘုရင်က တစ်ချက်တည်းနဲ့ လက်တစ်ဖက် ပြတ်သွားတယ်တဲ့လား*
*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
သို့သော် သွေးစွန်းရှောင်ဟူက အားလုံး၏ ကြောက်လန့်စိတ်ကို ဂရုမစိုက်ချေ။ သူသည် ပြတ်သွားသော လက်မောင်းကို ကောက်ယူ၍ ခပ်အေးအေး ကိုက်ဝါးလိုက်သည်။
ဂျွတ်! ဂျွတ်!
အင်မော်တယ်ဘုရင် အယောက်နှစ်ဆယ်ကျော်လုံး မျက်စိရှေ့မှ ရက်စက်သော မြင်ကွင်းကြောင့် ကြောက်လန့်သွားကြသည်။
သူတို့ ကြည့်နေစဉ်မှာပင် သွေးစွန်းရှောင်ဟူက သွေးစများ ပေနေသော ပါးစပ်ဖြင့် လက်မောင်းပြတ်၏ အသားနှင့် အရိုးများကို ကိုက်ဝါး၍ မျိုချလိုက်လေသည်။ အားလုံး ကြက်သီးမွေးညင်းထ၍ ခေါင်းမွေးထောင်လာသည်။
*ဒီနတ်ဆိုးက အင်မော်တယ်ကို စားနေပါလား*
ဤမြင်ကွင်းကြောင့် အင်မော်တယ်ဘုရင်မျာအားလုံး တုန်ယင်လာကြသည်။
“အရသာရှိတယ်”
လက်မောင်းတစ်ဖက်လုံးကို စားပစ်ပြီးနောက် သွေးစွန်းရှောင်ဟူက သူ့ပါးစပ်ကို လျှာဖြင့်သပ်လေသည်။
“မင်းတို့ အင်မော်တယ်မျိုးနွယ်တွေက သဘာဝ အစားအစာလို့ ပြောရမှာပဲ”
ဂလု!
ရက်စက်သော နတ်ဆိုး သွေးစွန်းရှောင်ဟူကို ကြည့်ပြီး အင်မော်တယ်ဘုရင်များအားလုံး လိပ်ပြာလွင့်မတတ် ကြောက်လန့်လာကြသည်။
“သူ … သူက နတ်ဘုရားတွေကို စားတဲ့ အသားစားနတ်ဆိုးဆိုတာလား”
အသားစားနတ်ဆိုး။ ကြီးမားသော စစ်ပွဲအချိန်အခါက နာမည်ကြီး နတ်ဆိုးတစ်ကောင် ရှိခဲ့သည်။ နတ်ဘုရားဖြစ်စေ၊ အင်မော်တယ်ဖြစ်စေ၊ မကောင်းဆိုးဝါး ဖြစ်စေ၊ အားလုံးက သူ့ပါးစပ်ထဲတွင် အစားအသောက်သာ ဖြစ်ခဲ့သည်။
သူသည် နတ်ဘုရား အသားကိုစား၍ အင်မော်တယ်သွေးများကို သောက်ကာ နတ်ဆိုးများအား ကြက်သေ သေသွားစေခဲ့သည်။ ထိုသူက ဦးခေါင်းကို ခွက်အဖြစ် အသုံးပြု၍ အင်မော်တယ်သွေးကို လောင်းထည့်ကာ စားသောက်သည်ဟု ဆိုခဲ့ကြသည်။ သူသည် မျိုးနွယ်စု သုံးခုလုံးကို စားသူ ဖြစ်လေသည်။ ယခုအခါတွင်လည်း …
“အဲ့ဒီ နတ်ဆိုးပဲ”
“ချီးတဲ့မှပဲ၊ သူ့ကို မြန်မြန်သတ်ကြ”
ရက်စက်ခြင်း အင်မော်တယ်ဘုရင် ကြက်သီးမွေးညင်း ထလာပြီး ထအော်လိုက်သည်။ ထိုအခါ အင်မော်တယ်ဘုရင်များက နတ်ဆိုး သွေးစွန်းရှောင်ဟူအား သတ်ဖြတ်ရန် အစွမ်းကုန် ကြိုးစားလာကြသည်။
ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။
နတ်ဆိုး သွေးစွန်းရှောင်ဟူသည် ရူးသွပ်နေသည့်ဟန်ဖြင့် သားရဲတစ်ကောင်ကဲ့သို့ မာန်ဖီလာပြီး ကျားလက်သည်းများကို ဝင့်၍ အင်မော်တယ်ဘုရင်၏ ခန္ဓာကိုယ်အား ရိုက်ထုတ်လိုက်သည်။
သူသည် အင်မော်တယ်ဘုရင်၏ အသားကို ကိုင်ထားလျင်နှင့် အင်မော်တယ်၏ သွေးကိုသောက်လိုက်သည်။ ဤသည်က ကျားတစ်ကောင်က သိုးကို စားသောက်နေဟန်ဖြင့် သဏ္ဌာန်တူလေသည်။
အင်မော်တယ်ဘုရင်များ၏ တိုက်ခိုက်မှုသည် သွေးစွန်းရှောင်ဟူ၏ ခန္ဓာကိုယ်ပေါ်၌ မီးပွားဖြစ်ရုံလောက်မျှသာ ဖြစ်နေသည်။ တစ်ဖက်တွင်မူ သွေးစွန်းရှောင်ဟူက လက်မောင်းပေါင်းများစွာကို ဆွဲဖြုတ်နေသည်။
အင်မော်တယ်ဘုရင် အယောက်နှစ်ဆယ်ကျော်အား မရဏအငွေ့အသက်များက လွှမ်းမိုးလာသည်။ သူတို့ စိတ်ဓာတ်လာကြသည်။ သူတို့ ကြောက်လန့်လာသည်။ သို့သော် လုံးဝ အရာမရောက်ချေ။
ကံဆိုးမိုးမှောင်ကျသကဲ့သို့ အင်မော်တယ်ဘုရင် အားလုံး တုန်ယင်သွားပြီး ဝါးမျိုခံလိုက်ရသည်။ အယောက်နှစ်ဆယ်၊ ဆယ့်ငါးယောက်၊ ဆယ်ယောက်၊ ငါးယောက်။
အင်မော်တယ်ဘုရင်များ ဆက်တိုက် သေဆုံးနေပြီး ကောင်းကင်ထက်မှနေ၍ အင်မော်တယ်ဘုရင်များ၏ သွေးစက်များက မိုးကဲ့သို့ ရွာကျလာသည်။ စိတ်ဓာတ်ကျနေကြသည်။
ထိုအခိုက်တွင် ရက်စက်ခြင်း အင်မော်တယ်ဘုရင်သည် စိတ်ထဲက ပျာယာခတ်စွာ ကြောက်လန့်လာသည်။
ကျန်ရှိနေသော သူများသည် အင်မော်တယ်ဘုရင်များက သွေးစွန်းရှောင်ဟူ၏ အစာဖြစ်သွားသည်ကို သူတို့ မျက်လုံးနှင့် တပ်အပ်မြင်နေရသဖြင့် လိပ်ပြာလွင့်မတတ် ကြောက်လန့်နေကြသည်။
Chapter 573 စားသောက်ပွဲကြီး စတင်လေပြီ
စိတ်ဓာတ်ကျ၍ ကြောက်လန့်နေကြသည်။ ထိုသို့သောအချိန်၌ နတ်ဆိုး သွေးစွန်းရှောင်ဟူကို ကြည့်ပြီး ရက်စက်ခြင်း အင်မော်တယ်ဘုရင်၊ မီးအင်မော်တယ်ဘုရင်နှင့် အခြားသူများသည် မျက်နှာ ပို၍ ဖြူဖပ်ဖြူရော် ဖြစ်လာပြီး ကြောက်လန့်ကာ ကြက်သေသေနေကြသည်။
*သေသွားပြီလား*
အယောက်နှစ်ဆယ်ကျော်သော် အင်မော်တယ်ဘုရင်အဆင့်များသည် မျက်တောင်တစ်ခတ်အတွင်းမှာပင် လူငါးယောက်သာ ကျန်ရှိတော့သည်။ သွေးစွန်းရှောင်ဟူ၏ ပါးစပ်မှ သွေးစများနှင့် သွားကြားထဲမှ အသားစများကိုကြည့်ပြီး ရက်စက်ခြင်း အင်မော်တယ်ဘုရင်နှင့် အခြားသူများ သွေးပျက်လာသည်။
ထိုစဉ် သွေးစွန်းရှောင်ဟူက ရှေ့သို့တိုးလာသဖြင့် ရက်စက်ခြင်း အင်မော်တယ်နှင့် အခြားသူများ လုံးဝ လဲပြိုသွားလေသည်။ သူတို့ငါးယောက်၏ နဖူးမှ ချွေးစေးများ စီးကျလာသည်။
သူတို့၏ ခြေထောက်များက ပျော့ခွေလာပြီး မြေကြီးပေါ် ဒူးထောက်လာကာ ယဲ့ဖန်ရှိရာဘက်သို့ ခေါင်းကိုငုံ့ လာကြသည်။
“အရှင်နတ်ဆိုးဧကရာဇ်ကို အထင်လွဲပြီး ခြိမ်းခြောက်မိပါတယ်။ ဒီငယ်သားတွေ စုံလုံးကန်းပြီး ဒေါသကို ရှေ့ထားခဲ့မိလို့ပါ။ အခု ကျွန်တော်မျိုးတို့ မှတ်ဉာဏ်မိန်းကလေးရဲ့ ဦးခေါင်းနဲ့ လက်မောင်းတစ်ဖက်ကို ပြန်ပေးပါ့မယ်”
“ကျွန်တော်မျိုးတို့ကိုသာ အသက်ချမ်းသာပေးပါ”
“အရှင် နတ်ဆိုးဧကရာဇ် ကျေးဇူးပြုပြီး သက်ညှာပေးပါ၊ အင်မော်တယ်တွေ နတ်ဆိုးမျိုးနွယ်အဖြစ် ခံယူရမယ်ဆိုလည်း ခံယူပါ့မယ်”
ထိုအခိုက်တွင် ရက်စက်ခြင်း အင်မော်တယ်ဘုရင်နှင့် အခြားသူများ မြေကြီးပေါ်၌ ကတုန်ကယင်ဖြင့် ဝမ်တွားနေကြသည်။ အားလုံး၏ မျက်နှာတွင် အလွန်တရာ ကြောက်လန့်နေဟန်များ ထင်ဟပ်နေ၏။
ထိုသို့ပြောပြီးသည်နှင့် သူတို့က ဟွမ်အာ၏ ဦးခေါင်းနှင့် လက်မောင်းတစ်ဖက်ကို မြောက်၍ ယဲ့ဖန်အား တရိုတသေနှင့် ဆက်သလေသည်။
ဤမြင်ကွင်းကိုကြည့်ပြီး သွေးစွန်းရှောင်ဟူက လှောင်ပြုံးပြုံးလိုက်သည်။ ထို့နောက် ရှေ့သို့တစ်လှမ်းတိုးလာပြီး ထိုသူငါးယောက်ထံသို့ လှမ်းလာလေ၏။
ကျားစွန်းရှောင်ဟူက လက်ကိုဆန့်၍ မှတ်ဉာဏ်မိန်းကလေး၏ ဦးခေါင်းနှင့် လက်မောင်းတစ်ဖက်ကို လှမ်းယူရန် ပြင်လိုက်သည်။
“သတိထား”
ထိုစဉ် ယဲ့ဖန် မျက်မှောင်ကြုတ်သွားပြီး ရုတ်တရက် မျက်နှာ ပြောင်းသွားလေသည်။ သူ့စကားအဆုံး၌ သွေးစွန်းရှောင်ဟူနားမှ လေဟာနယ်တွင် အက်ရာတစ်ခု ပေါ်လာသည်ကို မြင်လိုက်ရသည်။
ထိုအက်ရာမှနေ၍ မိုးကောင်းကင်နှင့် မြေကြီးကို ဖိနှိပ်နိုင်သော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ ကျောက်စိမ်းကဲ့သို့ ဖြူဝင်းသော လက်တစ်ဖက်က သွေးစွန်းရှောင်ဟူအား ရိုက်ထုတ်လေသည်။
ဝုန်း!
ထိုလက်ဝါးချက်၌ ကြောက်စရာကောင်းသော အငွေ့အသက်များ ပါဝင်နေ၏။ ဘေးပတ်လည်မှ လေဟာနယ်သည် မှန်ချပ်ကဲ့သို့ အက်ကွဲသွားသည်။ ချောင်းမြောင်းတိုက်ခိုက်ခြင်းပင်။
သွေးစွန်းရှောင်ဟူ မတုံ့ပြန်နိုင်ခင်မှာပင် ထိုလက်ဝါးချက်က သူ့ကျောပေါ်သို့ ကျရောက်လာသည်။
ဝုန်း! ဂျွတ်!
ပြင်းထန်သော အသံတစ်သံ ထွက်ပေါ်လာပြီးနောက် သွေးစွန်းရှောင်ဟူ၏ ကျောရိုးမှ အရိုးများစွာ ကျိုးကြေသွားသည်။ လူတစ်ကိုယ်လုံးလည်း မီတာတစ်ထောင်ခန့် လွင့်ထွက်သွားပြီးမှ ပြန်ပြုတ်ကျလာသည်။
“ချီးပဲ”
သွေးစွန်းရှောင်ဟူ၏ ပါးစပ်မှ သွေးများ စီးကျလာသည်။ သူသည် ထိတ်လန့်၍ ဒေါသထွက်နေသော မျက်လုံးများဖြင့် သူ ရပ်ခဲ့သော နေရာကို လှမ်းကြည့်လိုက်သည်။
ထိုနေရာ၌ လေဟာနယ်သည် အက်ကွဲလာပြီးနောက် အဖြူရောင်ဝတ်စုံကို ဝတ်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ထွက်လာသည်ကို သူတို့ တွေ့လိုက်ရသည်။ သူ၏ မျက်နှာက ကျောက်စိမ်းကဲ့သို့ ဖြူဝင်းနေ၏။ သူ၏ စိတ်သည်လည်း ဓားတစ်ချောင်းကဲ့သို့ ထက်မြက်ပုံရသည်။ သူ့ထံမှ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များ ထွက်ပေါ်နေ၏။
သူ၏အရှိန်အဝါကြောင့် ဘေးပတ်လည်မှ လေထုသည် ထိုအရှိန်အဝါကို တောင့်မခံနိုင်ဟန်ဖြင့် အက်ကွဲလာသည်။ ထိုသူကိုမြင်သည်နှင့် ရက်စက်သော အင်မော်တယ်ဘုရင်နှင့် အခြားသူများ မသိမသာ မှင်တက်သွားပြီးနောက် ဝမ်းသာအားရ ဖြစ်သွားကြသည်။
ထိုသို့သောအချိန်၌ သူတို့သည် အဖြူရောင်ဝတ်စုံနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားဘက်လှည့်၍ ဝပ်တွားကာ အော်ပြောလိုက်သည်။
“အင်မော်တယ်ဘုရင် လင်ထျန်းကို ဂါဝရပြုပါတယ်”
လင်ထျန်း။ သူသည် ရက်စက်ခြင်း ဂြိုဟ်စုနယ်မြေ အပါအဝင် ရာနှင့်ချီသော ဂြိုဟ်စုနယ်မြေများကို အစိုးရသော အရှင်သခင် ဖြစ်လေသည်။ သူသည် ရာနှင့်ချီသော ဂြိုဟ်စုနယ်မြေများ၏ ဘုရင်၊ ဂြိုဟ်များ၏ အရှင်သခင် ဖြစ်သည်။ သူသည် အင်မော်တယ်ဘုရင် အလယ်အလတ်အဆင့်ရောက်နေသောသူ ဖြစ်သည်။ လက်တစ်ချက် မြှောက်လိုက်ရုံနှင့် အင်မော်တယ်ဘုရင် စဦးအဆင့်ကို သတ်နိုင်သည်။
ရက်စက်ခြင်း အင်မော်တယ်ဘုရင်နှင့် အခြားသူများသည် ဤသို့သော သေရေးရှင်ရေး အခြေအနေ၌ အင်မော်တယ်ဘုရင် လင်ထျန်းက လေဟာနယ်ကို ထိုးခွင်း၍ ရောက်လာလိမ့်မည်ဟု ထင်မထားမိကြချေ။
ယခုအချိန်၌ သူတို့မျက်နှာပေါ်မှ စိတ်ဓာတ်ကျမှုများ ပျောက်ကွယ်သွားလေသည်။
“သုံးစားမရတဲ့ကောင်တွေ”
ထိုအခိုက်တွင် အင်မော်တယ်ဘုရင် လင်ထျန်း၏မျက်လုံးတွင် စိတ်ပျက်မှုများ စွန်းထင်းနေသည်။ သူ၏ လက်အောက်ငယ်သားများက ဤမျှ အသုံးမကျ ဖြစ်လိမ့်မည်ဟု သူ တွေးမထားမိပါ။ သူတို့သည် ဒူးထောက်၍ အသက်ချမ်းသာပေးရန် တောင်းဆိုနေသဖြင့် ရှက်ဖွယ်ကောင်းလှသည်။
သူ့စကားကြောင့် ရက်စက်ခြင်း အင်မော်တယ်ဘုရင်နှင့် အခြားသူများက တုန်ယင်သွားပြီး အသည်းအသန် ရှင်းပြကြလေသည်။
“အင်မော်တယ်ဘုရင် လင်ထျန်း၊ အဲ့လူက ပြန်လည်မွေးဖွားလာတဲ့ နတ်ဆိုးဧကရာဇ်ပါ၊ ပြီးတော့ မဟာနတ်ဆိုး ဆယ့်ရှစ်ယောက်ကိုလည်း ဆင့်ခေါ်ထားပါသေးတယ်”
“ကျွန်တော် … ကျွန်တော်တို့ မတတ်သာလို့ပါ”
*ဟမ်*
ထိုစကားကြောင့် အင်မော်တယ် လင်းထျန် အနည်းငယ် မှင်တက်သွားသည်။ သူသည် ယဲ့ဖန်နှင့် အခြားသူများကို လှမ်းကြည့်လိုက်ပြီးနောက် ဝမ်းသာအားရ ပြုံးလိုက်သည်။
“ဪ … ကောင်းသားပဲ”
*ဘာ*
ရက်စက်ခြင်း အင်မော်တယ်ဘုရင်နှင့် အခြားသူများသည် ဤသို့ ကြောက်စရာကောင်းသည့်အရာက အင်မော်တယ်ဘုရင် လင်ထျန်း၏ မျက်လုံးထဲတွင် ပျော်စရာကိစ္စ ဖြစ်လိမ့်မည်ဟု ထင်မထားမိကြချေ။
သို့သော် အင်မော်တယ်ဘုရင် လင်ထျန်းသည် သူတို့၏ မယုံသင်္ကာ ဖြစ်နေဟန်များကို ဂရုမစိုက်ဘဲ ပျော်နေလေသည်။ ယဲ့ဖန်နှင့် နတ်ဆိုးမျိုးနွယ်များအား ကောင်းမွန်သော သားကောင်ကိုကြည့်သကဲ့သို့ ရက်စက် သွေးဆာဟန်ဖြင့် ကြည့်နေကြသည်။
“ပြန်လည်မွေးဖွားလာတဲ့ နတ်ဆိုးဧကရာဇ်က အင်မော်တယ်ဂိုဏ်းချုပ် အလယ်အလတ်အဆင့်ပဲ ရှိတာပါလား”
“ပြီးတော့ မဟာနတ်ဆိုး ဆယ့်ရှစ်ယောက်နဲ့ ထောင်သောင်းချီတဲ့ နတ်ဆိုးတွေက ငါ့အတွက်တော့ မိုးကောင်းကင်က ချီးမြှင့်လိုက်တဲ့ လက်ဆောင်ပဲ”
အင်မော်တယ်ဘုရင် လင်ထျန်းက လက်ဝှေ့ယမ်းလိုက်သည်။
“အင်မော်တယ် လာခဲ့စမ်း”
အင်မော်တယ်ဘုရင် လင်ထျန်း၏ စကားအဆုံး၌ ရက်စက်သော ဂြိုဟ်ပေါ်မှ လေတိုးသံတစ်သံ ထွက်ပေါ်လာသည်။
ကောင်းကင်ထက်၌ ကြောက်မက်ဖွယ် A အဆင့် နတ်ဘုရား အလင်းတော်အမြောက်များ ထွက်ပေါ်လာပြီး ရုတ်တရက် နတ်ဆိုးများ၏ စစ်သင်္ဘောများကို ဖောက်ခွဲလေသည်။
A အဆင့် စစ်သင်္ဘောတစ်စီး ပေါက်ကွဲသွားသည်။ စစ်သင်္ဘော အပျက်အစီးများကြား၌ အင်မော်တယ် စစ်သင်္ဘောများ ဝင်ရောက်လာ၏။
တစ်စီး၊ ဆယ်စီး၊ အစီးတစ်ရာ။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရာချီသော စစ်သင်္ဘောများ ရောက်ရှိလာပြီး လေဟာနယ်တစ်ခုလုံး၌ နေရာယူသွားသည်။ ထိုစဉ် တံခါးပေါက်ပွင့်လာပြီး အင်မော်တယ်ဘုရင်များ ဆင်းလာသလို မရေတွက်နိုင်သော အင်မော်တယ်မျိုးနွယ်များ ဆင်းသက်လာသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အင်မော်တယ်ဘုရင် စဦးအဆင့် အယောက်ငါးဆယ်ကျော်နှင့် ရာနှင့်ချီသော အင်မော်တယ်ဘုရင် တစ်ပိုင်းအဆင့်များနှင့် ထောင်သောင်းချီသော အင်မော်တယ်မျိုးနွယ်များ ဆင်းလာကြ လေသည်။
ထိုသူများက ယဲ့ဖန်နှင့် အခြားသူများကို ဝိုင်းရံလာကြသည်။
“ဟားဟားဟား … ဒီလောက်များတဲ့ အင်မော်တယ်မျိုးနွယ်တွေနဲ့ အင်မော်တယ်ဘုရင်အားလုံး ဆင်းလာကြလိမ့်မယ်လို့ ငါ ထင်မထားမိဘူး။ ကောင်းတယ်၊ သိပ်ကောင်းတယ်”
ရက်စက်ခြင်း အင်မော်တယ်ဘုရင်နှင့် အခြားသူအချို့တို့ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်လာကြသည်။
အင်မော်တယ်ဘုရင် လင်ထျန်းနှင့် ရာချီသော အင်မော်တယ်မျိုးနွယ်များနှင့်ဆိုလျင် ပြန်လည်မွေးဖွားလာတဲ့ နတ်ဆိုးဧကရာဇ်နဲ့ ပြန်စုစည်းလာတဲ့ နတ်ဆိုးအားလုံး သေချာပေါက် သေမှာပဲ”
နတ်ဆိုးဧကရာဇ်၏ ဆိုးရွားသော ကံတရားကို တွေးမိပြီးနောက် ရက်စက်ခြင်း အင်မော်တယ်ဘုရင်နှင့် အခြားသူများ အလွန် ဝမ်းသာလာကြသည်။
ထိုစဉ် အင်မော်တယ်ဘုရင် လင်ထျန်းက ရှေ့သို့ တစ်လှမ်းတိုးလာပြီး အေးစက်သော မျက်လုံးများနှင့် ယဲ့ဖန်နှင့် ဦးခေါင်းမဲ့ ဟွမ်အာအား စိုက်ကြည့်လာသည်။
“နတ်ဆိုးဧကရာဇ်တဲ့၊ ဒီလောက်လေးပဲလား”
“ပြန်အသက်ရှင်လာပြီး ငါ့ကို လက်ဆောင်ပေးလို့ ကျေးဇူးပဲကွာ”
“ငါ ကျေးဇူးတင်ကြောင်း ဖော်ပြတဲ့အနေနဲ့ ငါ မင်းအသက်ကို နုတ်ယူမယ်၊ မှတ်ဉာဏ်မိန်းကလေးကို ငါ ယူမယ်၊ မင်းတို့ နတ်ဆိုးတွေကတော့ သေလို့ရပြီ”
ဖိနှိပ်လွန်းသည်။ မောက်မာလွန်းသည်။ ထိုသို့သောအချိန်၌ အင်မော်တယ်ဘုရင် လင်ထျန်း၏ စိတ်ထဲတွင် ယဲ့ဖန်နှင့် အခြားသူများက သူ့ဓားအောက်မှ ငါးများသာ ဖြစ်သည်ဟု တွေးထင်နေသည်။
သူ ခုတ်ချင်သည့်အချိန်တိုင်း စိတ်တိုင်းကျ ခုတ်သတ်နိုင်သည်ဟု သတ်မှတ်ထားသည်။ ထိုစဉ် အင်မော်တယ်ဘုရင် လင်ထျန်း၏ စကားသံ ထွက်ပေါ်လာပြီးနောက် အင်မော်တယ်မျိုးနွယ်အားလုံးက အော်ဟစ်လာသည်။
“နတ်ဆိုးတွေကိုသတ်”
“နတ်ဆိုးတွေကိုသတ်”
“နတ်ဆိုးတွေကိုသတ်”
ရူးသွပ်မတတ် ကြွေးကြော်သံက မိုးကောင်းကင်အား တုန်ခါသွားစေသည်။ အင်မော်တယ်မျိုးနွယ်တိုင်း၏ မျက်လုံး၌ လောဘနှင့် ရက်စက်စိတ်များသာ ရှိနေသည်။
ဤမြင်ကွင်းကြောင့် ယဲ့ဖန်က နှုတ်ခမ်းတွန့်ရုံပြုံး၍ အေးစက်စွာ ပြောလိုက်သည်။
“ပွဲသိမ်းပြီ ထင်နေတာလား”
သူ့စကားကြောင့် အင်မော်တယ်ဘုရင် လင်ထျန်းနှင့် အခြားသူများ အံ့ဩသွားသည်။ ရာချီသော ဂြိုဟ်စုနယ်မြေများမှ အင်မော်တယ်များ၏ ဝိုင်းရံခြင်း ခံရသော်လည်း ယဲ့ဖန်က အလွန် တည်ငြိမ်နေလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။
သို့သော် ဤမျှနှင့် မပြီးသေးချေ။ ယဲ့ဖန်က နတ်ဆိုးများဘက် တစ်ဖက်လှည့်၍ အသာပြုံးလိုက်သည်။
“သူတို့ ပြင်လို့ပြီးပြီ၊ စားကြစို့”
“အင်မော်တယ် စားသောက်ပွဲက အခုမှစမှာ”