← Chapters

အခန်း (၅၈၀-၅၈၂)

Vol. 39 Ch. 580-582

အခန်း (၅၈၀-၅၈၂)

Vol. 39 Ch. 580-582

Chapter 580 ခေါက်ဆွဲမစားဘဲ ပွဲကြည့်ရန် လာခြင်း

သုံးရက်ကြာပြီးနောက် အနက်ရောင်ဝတ်စုံနှင့် လူငယ်လေးတစ်ယောက်သည် ဂြိုဟ်တစ်လုံး၏ လမ်းမထက်၌ ဖြည်းညှင်းစွာ လမ်းလျှောက်လျက် ရှိသည်။ သူ့ကျောပေါ်၌ ကြွေထည်ကဲ့သို့ ဝင်းပသော ကောင်မလေးကို ချီပိုးထားသည်။

ထိုကောင်မလေးသည် အလွန်အမင်း လှပလှသည်။ သူမသည် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသဖြင့် မီးနတ်သူငယ်လေးမလေးနှင့် ထင်မှတ်မှားရပြီး သူမအပြုံးတစ်ပွင့်က ရင်ကို တုန်လှုပ်စေသည်။

“အစ်ကိုကြီး … ဒီအနီရောင်ဝတ်စုံကို ကျွန်မ သဘောကျတယ်၊ ဒါက မင်္ဂလာဝတ်စုံနဲ့တောင် တူသေးတယ်”

ဟွမ်အာ၏ ခန္ဓာကိုယ်က ပြန်လည်သက်သာလာပြီ ဖြစ်သည်။ သို့သော် သူမ၌ မှတ်ဉာဏ်ခန္ဓာကိုယ်သာ ရှိသေးပြီး လူကြီးအဖြစ် ပြောင်းလဲရန် လိုအပ်နေသေးသဖြင့် ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ်အရွယ် ကလေးမလေးပုံသာ ရှိနေသေးသည်။

ထိုသို့သောအချိန်၌ သူမ၏ မျက်နှာလေးအား ယဲ့ဖန်၏ ကျောပြင်ပေါ် အပ်ထားမိသည်။ အရိုးထဲထိ မှတ်မိနေသော ကိုယ်နံ့ကို အနံ့ခံရင်း သူမနှုတ်ခမ်းထက်၌ နှစ်လိုဖွယ်ကောင်းသော အပြုံးလေးတစ်ပွင့် ပွင့်လန်းလာသည်။

“ဟွမ်အာက ခန္ဓာကိုယ်ကို ပြန်ရှာတွေ့လို့ရှိရင် ဟွမ်အာ အစ်ကိုကြီးနဲ့ လက်ထပ်မှကို ဖြစ်မယ်”

လက်ထပ်သည့် မြင်ကွင်းကို မြင်ယောင်လှပြီး ဟွမ်အာ၏ မျက်လုံးဝိုင်းကြီးမှနေ၍ မျက်ရည်များ စီးကျလာသည်။

ပျော်ရွှင်နေ၏။ ယခုအချိန်၌ သူမခန္ဓာကိုယ်နှင့် စိတ်တစ်ခုလုံးတွင် ပျော်ရွှင်မှုနှင့် ပြည့်နှက်၍ နေ၏။ ဟွမ်အာစကားကြောင့် ယဲ့ဖန် ခပ်ဖွဖွ ပြုံးလိုက်မိသည်။

“ကောင်းသားပဲ”

စကားလုံး နည်းပါးသော်လည်း ထိုစကားလုံးထဲ၌ နှစ်ထောင်ချီသော ချစ်ခြင်းမေတ္တာများ ပါဝင်နေ၏။ သူမကို သူ အတော်လေး အကြွေးတင်နေခဲ့သည်။ သူမကို အကြွေးတင်နေခဲ့ဆုံးသော အရာမှာ ကြည်နူးဖွယ်ကောင်းသော မင်္ဂလာပွဲပင်။

လက်ရှိတွင် လူရွယ်တစ်ယောက်နှင့် ကလေးမလေးတစ်ယောက်တို့က လမ်းမထက်၌ အေးအေးဆေးဆေး လမ်းလျှောက်နေကြသည်။ မြင်ကွင်းက အလွန် လှပလှပြီး သူတို့သည် နှစ်တစ်သောင်းကြာ အတူ လမ်းလျောက်ခဲ့ပြီး တစ်ဘဝလုံး အတူရင်ဆိုင် ဖြတ်သန်းခဲ့ပုံပေါ်သည်။

ထိုစဉ် ဘေးဘက်မှနေ၍ အထေ့အငေါ့ စကားသံ ထွက်ပေါ်လာ၏။

“ဆရာ ဟိုမူမမှန်တဲ့ကောင်ကို ကြည့်ပါဦး၊ မဟာစစ်သူကြီး ရှောက်ထျန်းလိုပဲ အရွယ်မရောက်သေးတဲ့ ကလေးမလေးကို သဘောကျတယ်။ တော်တော် အရှက်မရှိတာပဲ”

“ပြီးတော့ အဲ့ဒီ ကလေးမလေးကလည်း တော်တော် မောက်မာတာပဲ၊ သူ အလှည့်စားခံနေရတာကို သူ မသိဘူး”

ထိုအကျယ်တဝင့် ပြောဆိုနေသံ၌ အလွန် အထင်သေး စက်ဆုပ်ဟန်များ ပါဝင်နေ၏။ ထိုစကားကိုကြားပြီး ယဲ့ဖန် တုန်လှုပ်သွားသည်။ သူ ရုတ်တရက် နောက်လှည့်ကြည့်လိုက်သောအခါ အဘိုးအိုတစ်ယောက်နှင့် မိန်းကလေးတစ်ယောက်တို့ သူ့နောက်မှ လျှောက်လာသည်ကို တွေ့လိုက်ရသည်။

ထို့အပြင် သူ ကြားလိုက်သောစကားသည် ထိုမိန်းကလေး၏ ပါးစပ်မှ ထွက်လာသော စကားများ ဖြစ်သည်။ ယဲ့ဖန်၏ အကြည့်ကို သတိထားမိဟန်ဖြင့် ထိုမိန်းကလေး၏ လေသံက ပို၍ လှောင်ပြောင်သံ ပြင်းလာသ်ည။

“ဘာလဲ၊ နင်က ဒီလို အရှက်မရှိတဲ့ ကိစ္စမျိုး လုပ်ထားပြီးတော့ အခြားသူတွေ အဲ့ဒါကို ပြောတာကို ခွင့်မပြုတာလား”

“နင်တို့ ပြောနေတာကို ငါ ကြားလိုက်တာလေ၊ ဟဲ့ နင့်လို ယောကျာ်းရင့်မာကြီးက ကလေးမလေးကို ဖြားယောင်းခေါ်ဆောင်ပြီးတော့ အဲ့ကလေးမလေးကို နင့်မိန်းမ လုပ်ခိုင်းတာက တကယ်ကို အရှက်မရှိတာပဲ”

ထိုမိန်းကလေးက ရွံရှာသလို မျက်နှာပေးနှင့် ကြည့်လာသည်။ အကြောင်းရင်းနှင့် အကျိုးတရားကို မသိဘဲ သူမက ယဲ့ဖန်ကို ကြိမ်းမောင်းပြစ်တင်လေသည်။ သို့သော် သူမစကားအဆုံး၌ လမ်းတစ်ခုလုံး၏ အပူချိန်က ရုတ်တရက် ကျဆင်းသွားသည်ဟု သူမ ချက်ချင်း ခံစားလိုက်မိသည်။ သုညမှတ်သို့ ကျဆင်းသွားသည်ဟု ခံစားမိလေသည်။

သူမသည်သာမက သူမဘေးမှ အင်မော်တယ် သူတော်စင်အထွတ်အထိပ်အဆင့် အဘိုးအိုတောင်မှ စိတ်ဝိညာဉ် တုန်လှုပ်သွားရသည်။ အဘိုးအိုသည် အကြီးအကျယ် မျက်နှာပျက်သွားပြီး ယဲ့ဖန်ကို ခပ်သွက်သွက် တောင်းပန်လိုက်သည်။

“လူကြီးမင်လေး ကျုပ် တောင်းပန်ပါတယ်ဗျာ။ ကျုပ်တပည့်မလေးက တော်တော်လေး မောက်မာခဲ့လို့ လူကြီးမင်းလေးကို ပြဿနာရှာခဲ့မိတာပါ။ ဒီအတွက် ကျုပ်ကပဲ သူ့အစား တောင်းပန်ပါတယ်”

ထိုသို့ပြောပြီးနောက် အဘိုးအိုက ယဲ့ဖန်အား ကိုယ်ကိုရို့၍ အရိုအသေပေးလိုက်သည်။ ဤမြင်ကွင်းက ထိုမိန်းကလေးအား မျက်နှာပျက်သွားစေသည်။

“ဆရာ၊ ဆရာ ဘယ်လိုလုပ် အင်မော်တယ်ဂိုဏ်းချုပ်အဆင့် နှာဘူးကောင်ကို တောင်းပန်ရတာလဲ၊ သူ့ကို အဲ့လိုလုပ်ဖို့ ထိုက်တန်လို့လား”

“ပါးစပ်ပိတ်ထား”

အဘိုးအို၏ မျက်နှာထားက အလွန်အမင်း သုန်မှုန်နေသည်။ ထိုမိန်းကလေးက သတိမမူမိသော်လည်း ယဲ့ဖန် လှည့်ကြည့်လိုက်ချိန်၌ ဘေးပတ်လည်မှ လေထုတစ်ခုလုံး အေးခဲသွားသည်ကို သူ သေချာ သတိထားမိသည်။

ထိုအေးစိမ့်မှုသည် သူကဲ့သို့ အင်မော်တယ် သူတော်စင် အထွတ်အထိပ်အား ကြက်သီးထသွားစေသည်။ သူ့ကိုယ်သူ အမြဲ ဘဝင်မြင့်နေတတ်သော သူမဆရာက အင်မော်တယ်ဂိုဏ်းချုပ်အဆင့်ရှေ့၌ သူမကို ကြိမ်းမောင်းနေသဖြင့် သူမ တစ်ခဏမျှ အံ့ဩသွားကာ ရုတ်တရက် ပြောစရာစကားမရှိလောက်အောင် ဖြစ်သွားသည်။

“အစ်ကိုကြီး သွားရအောင်”

ဤသည်ကိုကြည့်ပြီး ဟွမ်အာက ယဲ့ဖန်၏ အင်္ကျီစကို ဆွဲလေးသည်။ သူမသည် ဧကရီဖြစ်သော်လည်း သူမစိတ်ထဲ၌ ကရုဏာတရား ရှိပါသည်။ ထိုအခါမှ ယဲ့ဖန်၏ မျက်လုံးထဲမှ လူသတ်လိုသော အငွေ့အသက်များ လွင့်ပြယ်သွားပြီး ထိုသူနှစ်ယောက်အား စိုက်ကြည့်၍ မောက်မာစွာ ပြောလိုက်သည်။

“မင်းတို့ အသက်ချမ်းသာရာရသွားတဲ့အတွက် သူ့ကို ကျေးဇူးတင်သင့်တယ်”

ထိုသို့ပြောပြီးနောက် ယဲ့ဖန်သည် သူတို့ကို လှည့်မကြည့်တော့ဘဲ ရှေ့တည့်တည့်သို့သာ ဆက်လျှောက်သွားသည်။

ဤအပြုအမူကြောင့် မိန်းကလေးနှင့် အဘိုးအိုတို့၏ အမူအရာက အလွန်အမင်း သုန်မှုန်လာသည်။ သူတို့နှစ်ယောက်လုံး တောင်းပန်ပြီးသော်လည်း တစ်ဖက်လူက မောက်မာနေလိမ့်ဦးမည်ဟု သူတို့ ထင်မထားမိချေ။

“ဆရာ၊ ဆရာ ဘာလို့ ဒီအင်မော်တယ်ဂိုဏ်းချုပ်အဆင့်ပဲ ရှိတဲ့ နှာဘူးကောင်ကို ကြောက်နေတာလဲ၊ ဆရာ လက်မြှောက်လိုက်တာနဲ့ သူ့ကို သတ်နိုင်နေပြီပဲကို။ သူ့ရဲ့ မောက်မာတဲ့ အမူအရာကို ကြည့်ပါဦး။ ကျွန်မတို့က သူ့ကို ကြောက်နေတယ်လို့ တကယ် ထင်နေပြီ”

ထိုမိန်းကလေးသည် အလွန် ဒေါသူပုန်ထနေ၏။ အဘိုးအိုတောင်မှ အနည်းငယ် ဒေါပွနေသည်။ ယဲ့ဖန်က အလွန် မကျေနပ်ဟန်ဖြင့် ပုရွက်ဆိတ်များကို ကြည့်သကဲ့သို့ ကြည့်သွားသည်မှာ သိသာလှသည်။

“ထားလိုက်တော့၊ အဲ့လူက မလွယ်ဘူး။ သူ့ဆီကနေ အန္တရာယ်များတဲ့ အငွေ့အသက်တွေကို ငါ ခံစားမိနေတယ်”

ထိုသို့ပြောပြီးနောက် အဘိုးအို၏ နှုတ်ခမ်းက တွန့်ကွေးလာသည်။

“ပြီးတော့ ငါတို့ လုပ်စရာ မလိုပါဘူး။ လူတစ်ချို့က သူ့ကို ရှင်းပါလိမ့်မယ်”

*ဟင်*

ထိုစကားကြောင့် မိန်းကလေး အံ့ဩသွားသည်။

“ဆရာ၊ ဆရာက မဟာစစ်သူကြီး ရှောက်ထျန်းကို ပြောနေတာလား”

“ဟုတ်တယ်၊ မင်း ခုနက မပြောခဲ့ဖူးလား။ ရှောက်ထျန်းက ကလေးမလေးတွေကို ကြိုက်တယ်လေ၊ ပြီးတော့ ဒီဂြိုဟ်က ကလေးမလေးတွေကိုလည်း ရှောက်ထျန်း ခေါ်သွားတာ ကြာလှပြီ။ အခု ရုတ်တရက် ဒီလောက် လှတဲ့ ကလေးမလေး ရောက်လာတာ ရှောက်ထျန်းက ဘယ်လိုလုပ် အလွတ်ပေးမှာလဲ”

အဘိုးအို၏ နှုတ်ခမ်း၌ လှောင်ပြုံးတစ်ခု ဖြစ်ပေါ်နေသည်။ အဘိုးအို၏ စကားကို ကြားသည်နှင့် ထိုမိန်းကလေးက ဝမ်းသာအားရ ခေါင်းညိတ်လေသည်။

“ဆရာပြောတာ မှန်တယ်။ သွားကြမယ်လေ၊ သူတို့နောက်လိုက်ပြီး ပျော်စရာကောင်းတဲ့ မြင်ကွင်းလေး သွားကြည့်ရအောင်။ အင်မော်တယ်ဘုရင်ရဲ့ အိမ်တော်က လူတွေ သူတို့နောက် လိုက်လာတာကို ခံရတော့မယ် ထင်တယ်”

ထို့နောက် အဘိုးအိုနှင့် မိန်းကလေးတို့သည် ပျော်ရွှင်နေသော မျက်နှာထားနှင့် ယဲ့ဖန် ထွက်သွားသည့်အရပ်သို့ ခပ်သုတ်သုတ် လိုက်သွားကြသည်။

….

ယဲ့ဖန်နှင့် ဟွမ်အာတို့ကမူ ထိုအကြောင်း လုံးဝ မသိကြချေ။ ဟွမ်အာသည် ဘေးပတ်လည်မှ မြင်ကွင်းများကို ကြည့်ရင်း ယဲ့ဖန်နှင့် စကားပြောနေကာ ဤသို့ ရှားပါးလှသည့် ကြည်နူးမှုကို ခံစားပျော်ရွှင် နေသည်။

ထိုစဉ် သူမမျက်လုံးလေးများက လမ်းတစ်ဖက်မှ စားသောက်ဆိုင်တစ်ဆိုင်ကို မြင်သွားပြီး မျက်လုံးများ ဝင်းလက်သွားသည်။

“အစ်ကိုကြီး ကျွန်မ ခေါက်ဆွဲစားချင်တယ် …”

သူတို့နှစ်ယောက်လုံး ငယ်စဉ်အချိန်က သူတို့ အများဆုံး စားခဲ့သော အစားအစာမှာ ခေါက်ဆွဲပင် ဖြစ်လေသည်။ ထိုခေါက်ဆွဲများမှ အကြွင်းအကျန် ခေါက်ဆွဲများသာ ဖြစ်လေသည်။

လူတို့သည် စားသောက်ြိးနောက် မကုန်သည့် ခေါက်ဆွဲများကို အမှိုက်ပုံးထဲ လွင့်ပစ်ကြသည်။ ဤသည်ကို ယဲ့ဖန်က သေချာ သန့်စင်၍ တစ်ခုချင်းစီထုပ်၍ ပြန်သယ်ပြီး ဟွမ်အာနှင့်အတူ စားခဲ့သည်။

သူမစကားကြောင့် ယဲ့ဖန် မသိမသာ တောင့်တင်းသွားပြီးနောက် ခပ်ဖွဖွ ပြုံးလိုက်သည်။

“အင်း … ဒါဆိုလည်း ငါတို့ ခေါက်ဆွဲသွားစားကြတာပေါ့၊ နောက်မှ နှလုံးသားကို လိုက်ရှာမယ်”

ထိုသို့ပြောပြီး သူက ဟွမ်အာကို ကျောပိုး၍ ခေါက်ဆွဲဆိုင်ထဲသို့ ဝင်သွားလိုက်သည်။ ထိုခေါက်ဆွဲသည် ခြင်္သေ့နက် ခေါက်ဆွဲဆိုင် ဖြစ်လေသည်။

လင်ထျန်းဂြိုဟ်ပေါ်၌ ထူးဆန်းသော ခြင်္သေ့နက် ခေါက်ဆွဲအား စကြဝဠာထဲမှ ထူးဆန်းသော ခြင်္သေ့၏ အသားနှင့် အရိုးတို့ဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ထိုခေါက်ဆွဲသည် အလွန်အမင်း အရသာ ရှိလှသည်။

သူတို့နှစ်ယောက်သား ခေါက်ဆွဲဆိုင်ထဲ ခြေချလိုက်သည်နှင့် လူပြည့်နေသည်ကို တွေ့လိုက်ရသည်။ ထိုအခိုက်တွင် ယဲ့ဖန်သည် စားပွဲဝိုင်းအလွတ်တစ်ခုကို တွေ့သွားပြီး ဟွမ်အာနှင့်အတူ ထိုင်လိုက်သည်။

ထိုစဉ် အားလုံး၏ အကြည့်များက သူနှင့်ဟွမ်အာပေါ် ကျရောက်နေသည်ကို သတိထားမိသဖြင့် ယဲ့ဖန် ထိတ်လန့်သွားသည်။ ထိုအကြည့်များက ထူးဆန်း၍ သနားနေဟန် ပေါ်နေသည်။ တစ်ခုခု ဖြစ်လာတော့မည်ကို ပြနေသော ရှေ့ပြေးနိမိတ်တစ်ခုဟု ထင်မှတ်ရသည်။

ယဲ့ဖန်သည် ခေါင်းခါလိုက်ပြီးနောက် အရေးမစိုက်တော့ဘဲ ခြင်္သေ့နက်ခေါက်ဆွဲနှစ်ပွဲသာ မှာလိုက်ပြီး ဟွမ်အာအား ဖြည်းဖြည်းချင်း စားစေလိုက်သည်။

ထိုအခိုက်တွင် ယဲ့ဖန်၏ သုန်မှုန်နေသော အကြည့်အောက်၌ အဘိုးအိုနှင့် မိန်းကလေးတို့က ခေါက်ဆွဲဆိုင်ထဲ ဝင်လာကြသည်။

သူတို့နှစ်ယောက်သည် ယဲ့ဖန်တို့အား လူနှစ်ယောက်ဟု မြင်ပုံမပေါ်ချေ။ သူတို့သည် နောက်ဆုံးဝိုင်း၌ တိတ်တိတ်ဆိတ်ဆိတ် ဝင်ထိုင်၍ ပွဲကြည့်သကဲ့သို့ ကြည့်နေကြသည်။ ခေါက်ဆွဲမစားဘဲ ပွဲကြည့်ရန် သက်သက် ဝင်လာသည့်ပုံ ပေါ်သည်။ ထိုအခါ ယဲ့ဖန်၏ မျက်လုံးက ပို၍ သုန်မှုန်လာလေသည်။

Chapter 581 သတ်ရမှာလား မသတ်ရဘူးလား

ထိုအဘိုးအိုနှင့် မိန်းကလေးတို့ သူတို့နောက် လိုက်လာလိမ့်မည်ဟု ယဲ့ဖန် ထင်မထားမိပါ။ ပြောရလျင် သူတို့၏ အမူအရာက ပွဲကြီးပွဲကောင်းကို စောင့်မျှော်နေသကဲ့သို့ ဖြစ်နေသဖြင့် ယဲ့ဖန် သုန်မှုန်သွားရသည်။

တစ်ခုခု ဖြစ်လာတော့မည်ဟု သူ သိနေသည်။ ထိုသို့သောအချိန်၌ ဘေးပတ်လည်မှ လူများ၏ စကားသံများ ပျံ့နှံ့လာသည်။

“မင်းတို့ ကြားပြီးပြီလား၊ အင်မော်တယ်ဘုရင် လင်ထျန်းရဲ့ စိတ်ဝိညာဉ်မီးအိမ်က ငြိမ်းသွားတယ်တဲ့”

“ဘာ အဲ့ဒါက … ဘယ်လိုလုပ် ဖြစ်နိုင်ချေရှိမှာလဲ၊ အင်မော်တယ်ဘုရင် လင်ထျန်းက ရက်စက်ခြင်းဂြိုဟ်ကို အင်မော်တယ်မျိုးနွယ်တွေ ခေါ်သွားတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် သူက ဖျက်ဆီးခံရမှာလဲ”

“အဲ့ဒါတင် မကသေးဘူးကွ၊ ရက်စက်ခြင်းဂြိုဟ်တစ်ခုလုံး ကြောက်စရာကောင်းတဲ့သူ တစ်ယောက်ရဲ့ သန့်စင်တာကို ခံလိုက်ရပြီးတော့ သက်ရှိအားလုံး သုတ်သင်ခံလိုက်ရတယ်ဆိုတဲ့ ကောလာဟလကိုလည်း ငါ ကြားလိုက်ရတယ်ကွ”

“မြတ်စွာဘုရား ဘယ်သူများ လုပ်လိုက်တာလဲ၊ အဲ့ဒါ အရမ်း ကြောက်ဖို့ကောင်းတာပဲ၊ ဒါပေမဲ့ အဲ့ဒီမှာ အင်မော်တယ်ဘုရင် ရာကျော်နဲ့ ထောင်သောင်းချီတဲ့ အင်မော်တယ်တွေ ပါသွားတာလေ၊ တော်တော် ကြောက်ဖို့ကောင်းတာပဲကွ”

“…”

ဘေးပတ်လည်မှ လူများက အင်မော်တယ်ဘုရင်နှင့် ရာချီသော ဂြိုဟ်စုနယ်မြေမှ အင်မော်တယ်များ ပျက်စီးသွားသည့်အကြောင်းကို အာပေါင်အာရင်း သန်သန်ပြောနေကြသည်။ အားလုံး အထိတ်တလန့် ဖြစ်နေကြလေသည်။

ထိုအချိန်တွင် မိန်းကလေးက သူ့ဘေးမှ အဘိုးအိုအား တအံ့တဩနှင့် မေးလိုက်သည်။

“ဆရာ၊ ဘယ်လိုကြောက်စရာကောင်းတဲ့သူမျိုးက အင်မော်တယ်ဘုရင် လင်ထျန်းနဲ့ ထောင်သောင်းချီတဲ့ အင်မော်တယ်မျိုးနွယ်တွေကို သတ်နိုင်မယ်လို့ ဆရာ ထင်လဲဟင်”

“ဒါ … ဒါက တော်တော် ကြောက်ဖို့ကောင်းတာပဲ”

အင်မော်တယ်ဘုရင်များနှင့် အင်မော်တယ်မျိုးနွယ်များ အသတ်ခံရသည့် မြင်ကွင်းကို မြင်ယောင်ကြည့်ရင်း ထိုမိန်းကလေး ထိတ်လန့်သွားသည်။ သူမဘေးမှ အဘိုးအိုသည်လည်း အံ့ဩနေ၏။

“ငါ မသိဘူး။ ဒါပေမဲ့ အနည်းဆုံး အင်မော်တယ်ဘုရင် နောက်ဆုံးအဆင့် ရောက်နေတဲ့ လူတစ်ယောက်ယောက်က လုပ်လိုက်တာလို့တော့ ထင်တယ်”

“မဟုတ်ရင် ဒီလိုမျိုး လုံးဝ ဖြစ်နိုင်စရာ မရှိဘူး”

ဆရာတပည့်နှစ်ယောက်သား စောင့်ဆိုင်းရင်း ခန့်မှန်းနေကြသည်။ သူတို့ မသိလိုက်သည်က သူတို့ ပါးစပ်ဖျားမှ ပြောဆိုနေသော ကြောက်စရာကောင်းသည့် ပုဂ္ဂိုလ်က သူတို့ကြား၌ ထိုင်၍ ခေါက်ဆွဲစားပြီး ထိုင်စကားပြောဆိုနေခြင်းပင်။

တစ်ခဏကြာပြီးနောက် ခေါက်ဆွဲဆိုင်အပြင်မှ ခပ်သွက်သွက် လှမ်းလာနေသော ခြေသံများ ကြားလိုက်ရသည်။ အားလုံး၏ ကြောက်ရွံ့နေသော အကြည့်အောက်၌ ဒါဇင်ကျော်သော သိုင်းပညာရှင်များက ခေါက်ဆွဲဆိုင်ထဲသို့ ဝင်လာကြသည်။

ထိုလူများသည် တစ်ယောက်ချင်းစီတိုင်းက ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားပြီး ရက်စက်ကြမ်းကြုတ်ပုံ ပေါ်ပြီး အားအနည်းဆုံးသူပင် အင်မော်တယ် သူတော်စင်အဆင့် ရှိလေသည်။

“လင်ထျန်း” ဟူသည့် စကားလုံး ရေးထွင်းထားသည့် ဝတ်စုံများကို ဝတ်ဆင်ထားသော ထိုသူများကို မြင်ပြီး ခေါက်ဆွဲဆိုင်ထဲမှ လူများအားလုံး မျက်နှာပျက်သွားကြသည်။

အင်မော်တယ်ဘုရင် အစောင့်အရှောက်။ ထိုအဖွဲ့သည် အင်မော်တယ်ဘုရင် အိမ်တော်၏ ဂြိုဟ်အစောင့်အရှောက်များ ဖြစ်ကြသည်။

*တကယ် ရောက်လာတာပဲ*

ထိုအချန်တွင် ဆရာတပည့်နှစ်ယောက်နှင့် ခေါက်ဆွဲဆိုင်ထဲမှ လူများသည် ယဲ့ဖန်နှင့် ဟွမ်အာတို့အား သနားသော မျက်လုံးများဖြင့် မကြည့်ဘဲ မနေနိုင် ဖြစ်သွားလေသည်။

“တကယ်ပဲ ဒီမှာရှိနေတာကိုး”

လှောင်ပြောင်သော မျက်နှာထားဖြင့် အင်မော်တယ် သူတော်စင်အဆင့်တစ်ယောက်က ယဲ့ဖန်နှင့် ဟွမ်အာထံသို့ လျှောက်လာလေသည်။ ထို့နောက် ကျန်အစောင့်အရှောက်များက ယဲ့ဖန်ကို ပြိုင်တူ ဝိုင်းထားလိုက်ကြသည်။

“ငါ့ညီအစ်ကိုတို့ နားထောင်ကြ၊ ဒီမှာ အင်မော်တယ်မျိုးနွယ် ကလေးမလေး တစ်ယောက် ရှိနေတယ်။ အင်း … တော်တော် လှတာပဲ”

မျက်နှာပြဲပြဲနှင့် လူတစ်ယောက်က ပြုံး၍ ပြောလာသည်။

“ကောင်လေး၊ ငါတို့ဆီကို ဒီကလေးမလေး ခေါ်လာပေးတဲ့အတွက် ကျေးဇူးပဲ၊ ငါတို့ သူ့ကို မဟာစစ်သူကြီးဆီ ပို့လိုက်မယ်ဆိုရင် သူ တော်တော် သဘောကျမှာ သေချာတယ်”

ထို့နောက် သူက ယဲ့ဖန်ထံသို့ ဟင်းလင်းပြင်အိတ်တစ်အိတ် ပစ်ပေးလိုက်သည်။

“ဒီမှာ မင်းအတွက် ဆုကြေး၊ ပိုက်ဆံယူပြီး ထွက်သွားလိုက်တော့”

ထိုစကားကြောင့် ခေါက်ဆွဲဆိုင်ထဲမှ လူများအားလုံး မသိမသာ မှင်တက်သွားကြပြီး ကြောက်စိတ်များဖြင့် ပြည့်နှက်လာလေသည်။ ဤအင်မော်တယ် အစောင့်အရှောက်များသည် သတ်ဖြတ်ပိုင်ခွင့် အခွင့်အာဏာ ရှိသည်ကို သူတို့ သိထားကြသည်။

ယဲ့ဖန်သာ စိတ်ပါလက်ပါ ထွက်သွားပါက အဆင်ပြေပါသည်။ သို့သော် တင်းခံမည်ဆိုပါက သူ့ကို စောင့်ကြိုနေသည့် အရာက သေခြင်းတရားသာလျင် ရှိပေတော့သည်။

ထိုအခိုက်တွင် ခေါက်ဆွဲဆိုင်တစ်ဆိုင်လုံး တိတ်ဆိတ်သွားပြီး အားလုံးက ယဲ့ဖန်ကိုသာ စိုက်ကြည့် နေကြသည်။ သို့သော် အားလုံးကို အံ့အားသင့်သွားစေသည့် အချက်မှာ ယဲ့ဖန်က ထိုကြမ်းကြုတ်သောလူ၏ စကားကို မကြားဟန်ပြုနေခြင်းပင်။ သူသည် ခေါက်ဆွဲကိုသာ တစ်ငုံသောက်လိုက်ပြီး ပါးစပ်ကိုသုတ်၍ ဟွမ်အာကို မေးလိုက်သည်။

“သတ်ရမလား၊ မသတ်ရဘူးလား”

*ဘာ*

အားလုံး ကိုယ့်နားကိုယ် မယုံနိုင် ဖြစ်သွားကြသည်။

*သတ်ရမှာလား မသတ်ရဘူးလားတဲ့*

*ဒီလူက အင်မော်တယ်ဘုရင်ရဲ့ လူကို အာခံရဲတာလား*

*ပြောရရင် သူက အင်မော်တယ်ဂိုဏ်းချုပ်အဆင့်လေးပဲကို၊ အဲ့ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

ဤမြင်ကွင်းကိုကြည့်ပြီး ထောင့်နားမှ ဆရာတပည့်နှစ်ယောက်က သရော်ပြုံးပြုံးလာသည်။ ဤမြင်ကွင်းကို ဖြစ်လာလိမ့်မည်ဟု သူတို့ ထင်ထားပုံရပြီး ကျေနပ်သော အမူအရာဖြင့် ကြည့်နေကြသည်။

အားလုံး၏ စောင့်ကြည့်နေသော အကြည့်အောက်၌ ဟွမ်အာက မချိပြုံးပြုံး၍ ယဲ့ဖန်ကို ပြောလိုက်သည်။

“အစ်ကိုကြီး ဒီခေါက်ဆွဲက စားလို့ကောင်းတယ်”

ထိုစကားကြောင့် ဟွမ်အာ ပြောချင်သည့်စကားကို ယဲ့ဖန် ချက်ချင်း နားလည်သွားသည်။ သူ မတတ်သာဟန်ဖြင့် ပခုံးတွန့်လိုက်သည်။

ဟွမ်အာသည် ဘာမဟုတ်သော လူတစ်ချို့သော သူမ ခေါက်ဆွဲကို အရသာခံစားနေသည့် ခံစားချက်ကို အနှောင့်အယှက် အဖြစ်ခံနိုင်မှန်း သိသာလှသည်။ ယဲ့ဖန်သည်လည်း ဟွမ်အာ ပြန်လည်မွေးဖွားလာပြီးနောက် ပထမဆုံး စားနေသည့် ခေါက်ဆွဲအား ဘာမဟုတ်သောသူများ လာရောက်နှောင့်ယှက်ခြင်းအား အဖြစ်မခံလိုချေ။

ယဲ့ဖန်ကိုယ်တိုင်က လူမသတ်ချင်သော်လည်း အချို့သောသူများက ကိုယ့်သေတွင်း ကိုယ် လာလာတူးနေကြသည်။

ရက်စက်ကြမ်းကြုတ်သော လူကြီးသည် ယဲ့ဖန်က သူ့ကို မျက်လုံးထဲ မထည့်သည်ကို သတိထားမိပြီး ဒေါပွလာသည်။

ချက်ချင်းဆိုသလိုပင် ဘေးနားမှ ဒါဇင်ချီသော အင်မော်တယ်ဘုရင် အစောင့်အရှောက်များက ဓားများကို ဆွဲထုတ်လာကြသည်။

“ဟေ့ကောင် မင်းက တော်တော် နားလေးတာပဲ၊ ငါ မင်းကို …”

ထိုသို့ပြောနေရင်းနှင့် ထိုလူက လက်တစ်ဖက်ဖြင့် ယဲ့ဖန်ကို အကြမ်းပတမ်း လှမ်းဆွဲလေသည်။ ထိုလက်ဝါးအောက်၌ သာမန် အင်မော်တယ်သူတော်စင်အဆင့်တစ်ယောက်ပင် သေသွားလောက်သည်။

ထိုစဉ် ယဲ့ဖန်၏ ပါးစပ်မှနေ၍ မိုးခြိမ်းသံကဲ့သို့သော အသံမျိုး ထွက်ပေါ်လာပြီး ပြင်းထန်သော အသံလှိုင်းတစ်လှိုင်း ဖြစ်ပေါ်လာသည်။

“ထွက်သွား”

ထိုလူကြီး၏ လက်တစ်ဖက်သည် ချက်ချင်း ပေါက်ကွဲပျက်စီးသွားလေသည်။ ထိုပြင်းထန်သော အသံလှိုင်းအောက်၌ ထိုလူနှင့် ဆယ်ယောက်ကျော်သော အင်မော်တယ်ဘုရင် အစောင့်အရှောက်များ လွင့်ထွက်သွားသည်

ထိုလူများ၏ အရိုးစုများပင် အက်ကွဲလာပြီး အားလုံး၏ ခန္ဓာကိုယ်များ အားယုတ်လာကာ လေဖြင့် မှုတ်ထုတ်ခံလိုက်ရသည့် ပုရွက်ဆိတ်များသဖွယ် ခေါက်ဆွဲဆိုင်အပြင်သို့ လွင့်ထွက်သွားလေသည်။

ထိုလူများ အပြင်သို့ လွင့်ထွက်သွားသည်နှင့် ခေါက်ဆွဲဆိုင်တစ်ဆိုင်လုံး တိတ်ဆိတ်သွားသည်။

*မဖြစ်နိုင်လိုက်တာ*

အားလုံး ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်သွားကြသည်။ သူတို့အံ့အားသင့်နေကြသည်။ ခေါက်ဆွဲဆိုင်အပြင်မှ အင်မော်တယ်ဘုရင် အစောင့်အရှောက်များသည်လည်း အားလုံး၏ အရိုးများ ကျိုးကြေသွားသည်ကို တွေ့လိုက်ရသဖြင့် ထိတ်လန့်သွားကြသည်။ သူတို့၏ လည်ပင်းတောင်မှ ထိခိုက်သွားသည်။ သူတို့ အော်ဟစ်ချင်သော်လည်း ဘာသံမှ ထွက်မလာချေ။ လှုပ်လည်းမလှုပ်နိုင်သလို အသံလည်း မထွက်နိုင်ချေ။

ဒုက္ခိတကဲ့သို့ မလှုပ်နိုင်ဘဲ နာကျင်မှုများအားလုံးကို ခံစားနေကြရသည်။ ထိုအခါ ဘေးပတ်လည်မှ ကျန်လူများအားလုံး အုတ်အော်သောင်းတင်း ဖြစ်သွားကြသည်။ အားလုံး ခြောက်ခြားနေကြသည်။

“သွားပြီ၊ အဲ့ဒီ အင်မော်တယ်ဘုရင် အစောင့်အရှောက်အားလုံး ဖျက်ဆီးခံလိုက်ရပြီ။ အရိုးတွေ ကျိုးပြီး သွေးကြောတွေ ပျက်ဆီးသွားပြီ။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

အားလုံး၏ နဖူးမှ ချွေးစေးများ ထွက်လာကြသည်။ သူတို့သည် ယဲ့ဖန်အား သရဲသဘက်ကို တွေ့လိုက်ရသကဲ့သို့ ထိတ်လန့်တကြား ကြည့်နေကြသည်။

အထူးသဖြင့် ဆရာတပည့်နှစ်ယောက်ပင်။ နှစ်ယောက်လုံး၏ ပါးစပ်များက ဟောင်းလင်းပွင့်နေကာ ဘဲပင် ဝင်ဥအု၍ ရနေလေ၏။ မျက်စိရှေ့မှ မြင်ကွင်းကိုကြည့်ပြီး မယုံနိုင်ဟန်ဖြင့် မျက်လုံးကို ပွတ်နေလေသည်။

“ဆရာ၊ ကျွန်မ အမြင်မှားတာလား”

ထိုမိန်းကလေးက မနည်း တံတွေးမျိုချနေရပြီး မျက်လုံးကျွတ်မတတ် ဖြစ်နေ၏။ အဘိုးအိုကမူ ထိတ်လန့်မှုကြောင့် လျှာကိုကိုက်လုနီးပါး ဖြစ်နေသည်။

“မဟုတ်ဘူး … မဖြစ်နိုင်ဘူး။ သူက အင်မော်တယ်ဂိုဏ်းချုပ်အဆင့်လေ၊ ဘယ်လိုလုပ် သူ အော်လိုက်တာနဲ့ အင်မော်တယ်ဘုရင် အစောင့်အရှောက်အများကြီးကို နှင်ထုတ်နိုင်ရတာလဲ”

ထိုအချိန်တွင် ဆရာတပည့်နှစ်ယောက်လုံး ချမ်းစိမ့်စိမ့် ဖြစ်နေကြသည်။ သူတို့ သတိထားမိသည့်အခိုက်မှာပင် သူတို့ကျောပြင်၌ ဇောချွေးများဖြင့် စိုစွတ်လာသည်။

အားလုံးက ထိတ်လန့်နေသော်လည်း ယဲ့ဖန်က အဖက်မလုပ်ချေ။ သူနှင့် ဟွမ်အာတို့သည် ပုရွက်ဆိတ်များကိုသာ မောင်းထုတ်လိုက်ဟန်ဖြင့် ဘာမှမဖြစ်သကဲ့သို့ ခေါက်ဆွဲကိုသာ အေးအေးဆေးဆေး ဆက်စားနေသည်။

ဝုန်း ဝုန်း ဝုန်း

ထိုစဉ် ကမ္ဘာတုန်လောက်သည့် အသံများ ထွက်ပေါ်လာပြီး အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်၌ ထိတ်လန့်ဖွယ်ကောင်းသော လူများက ကောင်းကင်ထက်မှနေ၍ မြေကြီးပေါ်သို့ ဆင်းလာလေသည်။ ထိုလူများကိုမြင်သည်နှင့် အားလုံး အကြီးအကျယ် မျက်နှာပျက်သွားကြသည်။

ထိုသူများကား လင်ထျန်းဂြိုဟ်၏ မဟာစစ်သူကြီး ရှောက်ထျန်းနှင့် တစ်ထောင်နီးပါးသော အင်မော်တယ်ဘုရင် အစောင့်အရှောက်များပင် ဖြစ်လေသည်။

Chapter 582 အမိန့်ပြား ထွက်လာပြီ

“အဲ့ဒါ မဟာ စစ်သူကြီး ရှောင်ထျန်းပဲ”

ထိုသို့သောအချိန်၌ ကောင်းကင်ထက်မှနေ၍ လူတစ်ယောက်နှင့် တစ်ထောင်နီးပါးသော အင်မော်တယ်ဘုရင် အစောင့်အရှောက်များ ဆင်းလာသည်ကိုမြင်ပြီး ခေါက်ဆွဲဆိုင်ထဲမှ သိုင်းပညာရှင်များ အားလုံးနီးပါး ကြောက်လန့်သွားကြသည်။

ရှောက်ထျန်း။ ထိုနာမည်သည် လင်ထျန်းဂြိုဟ်ပေါ်တွင် မိစ္ဆာနာမည်တစ်ခုနှင့် ဆင်တူလေသည်။ အထူးသဖြင့် ထိုသူသည် အလွန် ရက်စက်လေ၏။ သူ၏ သိုင်းပညာရှင်ကို ရန်စမိသည့် မည်သူမဆို ဆိုးရွားသော အဆုံးသတ်နှင့် ကြုံတွေ့ရသည်။

ပို၍ ကြောက်စရာကောင်းသည်က မဟာ စစ်သူကြီး ရှောက်ထျန်းသည် အရွယ်မရောက်သေးသော ကလေးမလေးများကို သဘောကျခြင်းပင်။

လင်ထျန်းဂြိုဟ်တစ်ခုလုံး၌ရှိသော ကလေးမလေးများသည် သူ့ကြောင့် ဖျက်ဆီးခံခဲ့ရပြီး ဂြိုဟ်ပေါ်၌ ကလေးမလေးတစ်ယောက် ဖြတ်သွားဖြတ်လာ လုပ်မိသည်နှင့် သူ၏ ယုတ်ညံ့သောလက်မှ မလွတ်မြောက်နိုင်ချေ။

ထိုအချိန်တွင် ခေါက်ဆွဲဆိုင်ထဲမှ လူများအားလုံး ခေါင်းကိုငုံ့ထားကြသည်။ အားလုံးက ယဲ့ဖန်ကို သနားသလိုသာ ကြည့်နေကြလေသည်။

ယဲ့ဖန်၏ အော်သံကြောင့် အားလုံး ထိတ်လန့်ခဲ့ရသည်။ သို့သော် ယဲ့ဖန်နှင့် ပတ်သက်၍ မည်သူမျှ အကောင်းမြင်စိတ် မရှိချေ။

သူတို့အမြင်တွင် ယဲ့ဖန်သည် မည်မျှ သန်မာပါစေ အင်မော်တယ်ဂိုဏ်းချုပ်အဆင့်သာ ရှိသောသူ ဖြစ်သည်။ သူသည် ဘယ်လိုလုပ် အင်မော်တယ်ဘုရင် စဦးအဆင့်ရှိသော ရှောက်ထျန်း၏ ပြိုင်ဘက် ဖြစ်နိုင်ပါမည်နည်း။ ထို့အပြင် တစ်ဖက်လူက အင်မော်တယ်ဘုရင် အစောင့်အရှောက် တစ်ထောင်ခန့်ကိုပါ ခေါ်လာခဲ့သေးသည်။ ဤသည်မှာ တကယ်ပင် သေစေနိုင်သော အခြေအနေပင် ဖြစ်လေ၏။

“ဆရာ၊ ဒီတစ်ခေါက်တော့ အဲ့လူ ပွဲသိမ်းပြီပဲ”

ထိုမိန်းကလေးသည် ယဲ့ဖန်အား မသိမသာ ဝေခွဲမရဖြစ်နေဟန်ဖြင့် ကြည့်နေသည်။ ယခင်က သူမ ယဲ့ဖန်ကို အထင်သေးခဲ့မိသည်။ အဘိုးအိုသည် ကံကောင်းသလိုလိုနှင့် ကံမကောင်းသလို ခံစားမိနေသည်။

ကံကောင်းသည်က သူ ယဲ့ဖန်ကို ရန်မစခဲ့မိခြင်းပင်။ သို့မဟုတ်ပါက အင်မော်တယ်ဘုရင် အစောင့်အရှောက်များကဲ့သို့ သူ ဇာတ်သိမ်းသွားနိုသည်။

ဤအင်မော်တယ်ဂိုဏ်းချုပ်အဆင့်သာ ရှိသောသူက သန်မာသော်လည်း သေရတော့မည်က သနားစရာပင်။ ကလေးမလေးသည်လည်း မည်မျှပင် လှပပါစေ ဖျက်ဆီးခံရမည်ပင်။

အားလုံး တွေးတောနေချိန်တွင် မဟာစစ်သူကြီး ရှောက်ထျန်းက ရှေ့သို့တိုးလာပြီး အရိုးကျိုးကြေသွားသည့် အင်မော်တယ်ဘုရင် အစောင့်အရှောက်များထံသို့ လှမ်းလာသည်။

သူ့လူများ၏ ခန္ဓာကိုယ်ကို စိုက်ကြည့်ပြီး သူ မျက်ခုံးလှုပ်သွားပြီး”

“ရက်စက်တဲ့ကောင်ပဲ”

အေးတိအေးစက်သံ ထွက်ပေါ်လာပြီး ခေါက်ဆွဲဆိုင်တစ်ခုလုံးနှင့် လမ်းမတစ်ခုလုံး ရုတ်တရက် အပူချိန် ထိုးကျသွားသည်။ ပြင်းထန်သော လူသတ်လိုသည့် အရိပ်အငွေ့ကြောင့် အားလုံး ကြက်သီးမွေးညင်း ထလာသည်။

ထို့နောက် မဟာစစ်သူကြီး ရှောက်ထျန်းက မျက်လုံးကိုဝေ့၍ ယဲ့ဖန်ကို စူးစိုက်ကြည့်ကာ လေသံမာမာဖြင့် မေးလိုက်သည်။

“ဟေ့ကောင် ဒါ မင်း လုပ်လိုက်တာလား”

အစောပိုင်းတုန်းက အော်သံအား အင်မော်တယ်ဘုရင် စံအိမ်ကတောင်မှ သူ သေချာ ကြားလိုက်ရသည်။ ထိုအော်သံက အင်မော်တယ်ဂိုဏ်းချုပ်အဆင့်ထံမှ ထွက်လာလိမ့်မည်ဟု သူ ထင်မထားမိချေ။

သို့သော် ယဲ့ဖန်က သူ့စကားကို မကြားချင်ယောင်ဆောင်နေသည်။ သူက ဟွမ်အာကိုသာ ကြည့်၍ ခပ်ဖွဖွ ပြုံးလိုက်သည်။

“ဗိုက်ပြည့်ပြီလား”

သူ့စကားကြောင့် ဟွမ်အာက ဖောင်းကားနေသော သူမဗိုက်ကို ထိကြည့်၍ ရုတ်တရက် လပြည့်ဝန်းကဲ့သို့ အပြုံးကြီးပြုံးကာ ချိုသာစွာ ပြန်ပြောလေ၏။

“ကျွန်မ ဗိုက်ပြည့်ပြီ”

*ဟမ်*

သူတို့နှစ်ယောက်၏ အပြန်အလှန် ပြောဆိုနေပုံကြောင့် မဟာစစ်သူကြီး ရှောက်ထျန်းနှင့် အခြားသူများ မျက်နှာ မည်းမှောင်သွားကြသည်။

*မသိချင်ယောင်ဆောင်တယ်ပေါ့လေ*

အားနည်းသော လူနှစ်ယောက်က သူတို့ကို မသိချင်ယောင်ဆောင်လာလိမ့်မည်ဟု သူတို့ တစ်ခါမှ ထင်မထားမိချေ။ ထိုအခိုက်တွင် လူသတ်လိုသော အငွေ့အသက်များက မဟာစစ်သူကြီး ရှောက်ထျန်း၏ မျက်လုံးမှ ဖြတ်ပြေးသွားသည်။

သူသည် အင်မော်တယ်ဘုရင် အစောင့်အရှောက်များကို ဦးဆောင်၍ ခေါက်ဆွဲဆိုင်ထဲသို့ ဝင်လာလေသည်။ သူသည် ဟွမ်အာကို မြင်သည်နှင့် သူ့မျက်လုံး၌ တပ်မက်၍ စဉ်းလဲဟန်များ ထင်ဟပ်လာကာ မသတီစရာ အပြုံးမျိုး ပြုံးလာသည်။

“လှလိုက်တဲ့ ကလေးမလေး၊ ဒီကောင် အင်မော်တယ်ဘုရင် အစောင့်အရှောက်တွေကို ရန်စရဲတာကို ငါ မအံ့ဩတော့ဘူး၊ လတ်စသက်တော့ ဒီကလေးမလေးအတွက် ဒေါပွနေတာကိုး”

ထိုသို့ပြောပြီးနောက် ရှောက်ထျန်း၏ အမူအရာက ပို၍ ခက်ထန်လာသည်။ သူသည် သားကောင်ကို ကြည့်နေသော သားရဲကဲ့သို့ စိုက်ကြည့်လာ၏။

“မင်း လူမှားပြီး ရန်စမိတာက သနားစရာပဲ”

ထိုသို့ပြောကာ ရှောက်ထျန်းက လက်ပြလိုက်သည်။

“အင်မော်တယ်ဘုရင် အစောင့်အရှောက်တွေ နာခံကြစမ်း”

ထိုအခါ ထောင်ချီသော အင်မော်တယ်ဘုရင် အစောင့်အရှောက်များက ပြိုင်တူ သတိဆွဲလာကြသည်။

“ဒီလူက အင်မော်တယ်ဘုရင် အစောင့်အရှောက်ကို ထိခိုက်ဒဏ်ရာရအောင် လုပ်ခဲ့တယ်။ အဲ့အတွက် သူ့ပြစ်ဒဏ်က သေဒဏ်ပဲ”

“အဲ့ကောင်ကိုသတ်ပြီး ကောင်မလေးကို ခေါ်လာခဲ့”

ရှောက်ထျန်း၏ စကားက တိတ်ဆိတ်နေသော နေရာအား ပွက်လောရိုက်သွားစေသည်။ ထိုစကားကို ကြားပြီးနောက် ဘေးပတ်လည်မှလူတိုင်း အကြီးအကျယ် မျက်နှာပျက်သွားကြသည်။

*သွားပြီ*

အားလုံး၏ စိတ်ထဲတွင် ယခုတစ်ခေါက်တွင်တော့ ယဲ့ဖန် သေလိမ့်မည်ဟု ထင်နေကြသည်။ ထိုအခိုက်တွင် လူတစ်ယောက်က သူ ကြားညပ်မည်စိုးသဖြင့် ယဲ့ဖန်နှင့် ဝေးရာသို့ ထွက်ပြေးလေသည်။

ထိုအချိန်တွင် တစ်ထောင်ခန့်ရှိသော အင်မော်တယ်ဘုရင် အစောင့်အရှောက်များက ယုန်ကိုဖမ်းသော ကျားတစ်ကောင်ကဲ့သို့ လှစ်ခနဲ လှုပ်ရှား၍ ယဲ့ဖန်ထံ ပြေးဝင်လာကြသည်။

လူသတ်လိုသော အငွေ့အသက်များက ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပျံ့နှံ့လာသည်။ ထိုသို့သောအချိန်၌ တဝုန်းဝုန်း အသံများ ထွက်ပေါ်လာပြီး လင်ထျန်းဂြိုဟ်တစ်ခုလုံး တုန်ခါသွားသည်။

မဟာစစ်သူကြီး ရှောက်ထျန်းတောင်မှ မှင်တက်သွားလေသည်။

အားလုံး၏ ခြောက်ခြားနေသော အကြည့်အောက်၌ ကောင်းကင်ထက်မှနေ၍ လူရိပ်တစ်ရိပ် ဆင်းလာသည်။ ထို့နောက် လူပေါင်းများစွာ ဆက်တိုက် ဆင်းလာကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် လူတစ်သောင်းနီးပါး ရှိလာပြီး တစ်လမ်းလုံး လူများနှင့် ပြည့်နှက်သွားသည်။

ဤသည်ကြောင့် မဟာစစ်သူကြီး ရှောက်ထျန်းနှင့် သူ ဦးဆောင်လာသော တစ်ထောင်ခန့်ရှိသည့် လူအုပ်ကြီးသည် ရူးမတတ် ဖြစ်သွားကြသည်။

*အင်မော်တယ်ဘုရင်အဆင့်တွေ*

ထိုလူများအားလုံးသည် ရာချီသော ဂြိုဟ်စုနယ်မြေများမှ အင်မော်တယ်ဘုရင်များ ဖြစ်နေကြလေသည်။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

မဟာစစ်သူကြီး ရှောက်ထျန်း မျက်နှာပျက်သွားသည်။ ထို့နောက် ခေါက်ဆွဲဆိုင်ထဲမှ ထွက်လာပြီး များစွာသော အင်မော်တယ်ဘုရင်များကို မေးလိုက်သည်။

“အင်မော်တယ်ရောင်းရင်းတို့ ရုတ်တရက် ရောက်လာတာ ဘာကိစ္စများ ရှိလို့လဲ”

ရှောက်ထျန်း မယုံနိုင်လောက်အောင် ဖြစ်နေသည်။ ရာချီသော အင်မော်တယ်ဘုရင်အဆင့် သိုင်းပညာရှင်များနှင့် ထောင်ပေါင်းများစွာသော အင်မော်တယ်များသည် လင်ထျန်းဂြိုဟ်၏ ရာချီသော ဂြိုဟ်စုနယ်မြေများမှဖြစ်ကြောင်း သူ သတိထားမိသည်။

အင်မော်တယ်ဘုရင် လင်ထျန်းနှင့်အတူ ရက်စက်ခြင်းဂြိုဟ်သို့ လိုက်ပါသွားသော အင်မော်တယ်ဘုရင်များ သေသွားပြီးနောက် ဤလူများအားလုံးသည် လင်ထျန်းဂြိုဟ်၏ အသန်မာဆုံးသူများ ဖြစ်လာကြသည်။

ဤလူများက အဘယ်ကြောင့် အင်မော်တယ်ဂြိုဟ်သို့ အတူတကွ ရောက်လာရသလဲဆိုတာကို သူ မတွေးတတ်ချေ။ သူသည်သာမက ခေါက်ဆွဲဆိုင်ထဲမှ လူများအားလုံး ထိတ်လန့်နေကြသည်။

ထိုလူများအားလုံးသည် ကြောက်စရာကောင်းသည်ဟု ကောလာလဟ ထွက်ထားသည့်သူများ ဖြစ်သည်။ ယခုအခါတွင် ထိုသူများက သူတို့မျက်စိရှေ့သို့ ရောက်နေသဖြင့် သိုင်းပညာရှင်များ ကျင်ငယ်ရည်ထွက်ကျလုနီးပါး ကြောက်လန့်လာကြသည်။

“စစ်သူကြီးရှောက်၊ ကျုပ် အင်မော်တယ်ဘုရင်အမိန့်အတွက် ဒီကို လာစောင့်တာ”

အင်မော်တယ်ဘုရင်အဆင့် ထီထန်၏ စကားကြောင့် ရှောက်ထျန်းနှင့် လူအားလုံး မှင်တက်သွားကြသည်။

*အင်မော်တယ်ဘုရင် အမိန့်တဲ့လား*

ထိုအရာသည် အင်မော်တယ်ဘုရင် လင်ထျန်းတစ်ဦးတည်း ကိုင်ဆောင်ထားသည့် ထိပ်တန်း အမိန့်ပြားဖြစ်လေသည်။

အမိန့်တစ်ချက် ပေးလိုက်သည်နှင့် ရာချီသော ဂြိုဟ်စုနယ်မြေများက လိုက်နာရပေသည်။ သို့ရာတွင် ယခုအခါ၌ …

“အားလုံးပဲ၊ အင်မော်တယ် အမိန့်ပြားက အင်မော်တယ်ဘုရင် လင်ထျန်းနဲ့အတူ ပျောက်သွားတာလေ၊ ခင်ဗျားတို့ …”

ရှောက်ထျန်း အလွန် တွေဝေနေ၏။ သူ့စကားကြောင့် အင်မော်တယ်မျိုးနွယ်များက ခေါင်းခါပြသည်။

“မဟုတ်ဘူး၊ ငါတို့ ဒီကို မလာခင်တုန်းက ပိုင်ယုဂြိုဟ်က အင်မော်တယ်ဘုရင်ရဲ့အမိန့်ကို အားလုံး ရခဲ့တယ်။ လင်ထျန်းဂြိုဟ်မှာ အားလုံးစုပြီးတော့ နတ်ဆိုးအဖြစ် အသွင်ပြောင်းခိုင်းတယ်”

ထိုစကားကြောင့် ရှောက်ထျန်းနှင့် အားလုံး အကြီးအကျယ် မျက်နှာပျက်သွားကြသည်။

*အင်မော်တယ်ဘုရင် အမိန့်တဲ့လား*

*နတ်ဆိုးအဖြစ် အသွင်ပြောင်းခိုင်းတယ်လား*

*ဒါက ဘယ်လို …*

အင်မော်တယ်ဘုရင် လင်ထျန်းနှင့် အင်မော်တယ်မျိုးနွယ်များသည် ကြောက်စရာကောင်းသော ပုဂ္ဂိုလ်တစ်ယောက်၏ သတ်ဖြတ်ခြင်း ခံလိုက်ရကြောင်း အားလုံး သိထားကြသည်။

ထို့အတူ ထိုအင်မော်တယ်အမိန့်ပြားသည်လည်း ထိုပုဂ္ဂိုလ်၏ လက်ထဲတွင်သာ ရှိနေနိုင်လောက်သည်။

*အဲ့ဒီပုဂ္ဂိုလ်က လင်ထျန်းဂြိုဟ်ပေါ် ရောက်နေတာများလား*

ဤသို့တွေးမိပြီးနောက် ရှောက်ထျန်းနှင့် သူ့ဘေးမှလူများအားလုံး ကျောချမ်းလာကြသည်။ ထိုစဉ် ပျင်းရိပျင်းတွဲ ပြောလိုက်သည့် အသံ ထွက်ပေါ်လာသည်။

“စားလို့ပြီးသွားပြီ”

“မင်းတို့တွေ သေသင့်ပြီ”

*ဘာ*

အားလုံး ပြိုင်တူလှည့်ကြည့်လိုက်သောအခါ ထိုစကားများက အင်မော်တယ်ဂိုဏ်းချုပ်အဆင့်ရှိသော အနက်ရောင်ဝတ်စုံနှင့် လူငယ်လေးထံမှ ထွက်လာခြင်းဖြစ်ကြောင်း တွေ့လိုက်ရသည်။

ထိုအခါ အားလုံးက ယဲ့ဖန်ကို အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လာကြသည်။

*ဒီလောက် အင်မော်တယ်တွေ ရောက်လာတဲ့အချိန်မှာတောင် ဒီလူက ထဖောက်မှတော့ အရူးမဟုတ်ရင် ဘာဖြစ်နိုင်ဦးမှာလဲ*

ဆရာတပည့်နှစ်ယောက်လုံးနှင့် ခေါက်ဆွဲဆိုင်မှ လူများအားလုံးသည် ယဲ့ဖန်၏ အဖြစ်ဆိုးကို မြင်ယောင်နေဟန်ဖြင့် ခေါင်းခါမိလိုက်ကြသည်။

ချွင်!

ထိုစဉ် ယဲ့ဖန်က အမိန့်ပြားတစ်ခုအား အမှိုက်လွှင့်ပစ်သကဲ့သို့ စားပွဲပေါ် ပစ်တင်လိုက်လေသည်။

All Chapters