← Chapters

အခန်း (၅၉၈-၆၀၀)

Vol. 40 Ch. 598-600

အခန်း (၅၉၈-၆၀၀)

Vol. 40 Ch. 598-600

Chapter 598 မင်းတို့က ဘယ်သွားမလို့လဲ

ဝုန်း!

ထိုဧရာမ ခြေဖဝါးတစ်ဖက်သည် အရှိန်နှင့် ကျဆင်းလာပြီး မြေကြီးပေါ်၌ ဧရာမ ခြေဖဝါးရာ ချိုင့်နက်ကြီး တစ်ခု ဖြစ်ပေါ်လာသည်။

ဤမြင်ကွင်းက ဟွမ်အာနှင့် အခြားသူများကို ခြောက်ခြားသွားစေသည်။ သူတို့အားလုံး ပြိုင်တူ အော်ဟစ်လိုက်မိသလို ခြောက်ခြားလာကြသည်။

ရေခဲမီး သူတော်စင် ခန္ဓာကိုယ်ပိုင်ဆိုင်ထားသည့် အင်မော်တယ် အရှင်သခင်တစ်ပိုင်းအဆင့်သို့ ရောက်နေသောသူ၏ ကန်ချက်သည် အင်မော်တယ်ဘုရင် အထွတ်အထိပ်အဆင့်ကိုပင် နင်းခြေနိုင်သည်။ ယခုအခါတွင်မူ …

အားလုံးသည် ထိုချိုင့်နက်ကြီးကို စိုက်ကြည့်ရင်း နှလုံးခုန် ရပ်တန့်သွားသကဲ့သို့ ခံစားမိနေကြသည်။

တစ်စက္ကန့်၊ ဆယ်စက္ကန့်၊ စက္ကန့်နှစ်ဆယ်။ သို့သော် ထိုချိုင့်နက်တွင်း၌ ဘာမှမရှိသကဲ့သို့ လှုပ်ရှားမှု မရှိချေ။ အားလုံး စိတ်ထဲ၌ ရင်တုန်နေကြသည်။

“ဟားဟားဟား … မြင့်မြတ်တဲ့ နတ်ဆိုးဧကရာဇ်ကြီးက သူ့နတ်ဘုရားရဲ့ သေအောင် တက်နင်းတာကို ခံလိုက်ရပြီပဲ”

ထိုသို့သောအချိန်၌ တိမ်ပျံဘိုးဘေးက ဟက်ဟက်ပက်ပက် ရယ်မောနေသည်။ သူ၏ ခက်ထန်သော မျက်နှာထက်၌ အလွန် ကျေနပ်အားရဟန်များ ပေါ်လွင်နေ၏။

ရေခဲမီး ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး အင်မော်တယ် အရှင်သခင်တစ်ပိုင်းအဆင့်သို့ ရောက်နေသောသူသည် အင်မော်တယ်နယ်မြေ၌ အရှိန်အဝါကြီး၍ စကြဝဠာထဲ၌ တိုးတက်လာမည့် လူတစ်ယောက် ဖြစ်လေသည်။

ဘေးနားမှ ထူရီရှုံးသည် အလွန်အမင်း စိတ်လှုပ်ရှားနေပြီး ကတုန်ကယင်နှင့် ကပျာကယာ ဒူးထောက်လေသည်။

“နတ်ဘုရားအဆင့် ကျင့်စဉ်ကို အပြီးတိုင် ကျင့်ကြံအောင်မြင်ပြီးသွားတဲ့အတွက် ဘိုးဘေးကို ဂုဏ်ပြုပါတယ်”

“တိမ်ပျံဂြိုဟ်စုနယ်မြေကို နတ်ဆိုးဧကရာဇ်ရဲ့ အလောင်းနဲ့ ပုံသွင်းလိုက်ပါ”

ထိုသို့ပြောပြီးနောက် ထူရီရှန်းသည် မြေကြီး၌ ဝပ်တွား၍ သူ၏ဘိုးဘေးအတွက် အလွန် ဂုဏ်ယူနေသည်။

“သူခိုးကြီး နင် ငါ့အစ်ကိုကြီးကို ပြန်ပေးစမ်း”

ဟွမ်အာ ရူးမတတ် ဖြစ်နေသည်။ သူမဆံပင်များက လေထဲ တလွင့်လွင့် ဖြစ်နေပြီး သူမ၏ကိုယ်လေး၌ သတ်ဖြတ်လိုသော အငွေ့အသက်များနှင့် ပြည့်နှက်နေ၏။

သူမသည် ခြေကိုဆောင့်၍ တိမ်ပျံဘိုးဘေးအား အပြင်းအထန် လက်သီးဖြင့် ထိုးနှက်လိုက်သည်။ သူမသည်သာမက နယ်မြေခုနစ်ရာမှ အရှင်သခင်များနှင့် မဟာနတ်ဆိုး ဆယ့်ရှစ်ယောက်တို့သည်လည်း အသည်းအသန် ဝိုင်းတိုက်လာသည်။

သူတို့၏ ဒဏ်ရာများကို လျစ်လျူရှုကာ သူတို့ကိုယ်တွင်းမှ မူလစွမ်းအင်များကို လောင်ကျွမ်းစေပြီး တိမ်ပျံဘိုးဘေးအား အရူးအမူး တိုက်ခိုက်ကြသည်။

ဝုန်း ဝုန်း ဝုန်း။

ထိုပြင်းထန်သော တိုက်ခိုက်မှုများက တစ်ဖက်ရှိ ထူရီရှုံးအား သစ်ရွက်သဖွယ် မီတာတစ်ရာခန့် လွင့်ထွက်သွားစေသည်။

သူ အလွန်ခြောက်ခြားနေဟန် ပေါ်နေသည်။ ဤတိုက်ခိုက်မှုက ဖီးနစ်မလေးနှင့် နတ်ဆိုးတို့ထံမှ ပြင်းထန်သော တိုက်ခိုက်မှုဖြစ်မှန်း သူ သိနေသည်။

“ကောင်းသားပဲ”

သို့သော် ဤမျှ ပြင်းထန်သော တိုက်စစ်နှင့် ရင်ဆိုင်ရသော်လည်း တိမ်ပျံဘိုးဘေးသည် မကြောက်လန့်သွားဘဲ စိတ်လှုပ်ရှား၍ ရက်စက်ဟန် ပြလာသည်။

“လောင်ကျွမ်းစမ်း”

သူသည် နယ်မြေခုနစ်ရာ၏ အရှင်သခင်နှင့် မဟာနတ်ဆိုးဆယ့်ရှစ်ယောက်ဘက်သို့ လက်တစ်ဖက် ဆန့်ထုတ်လိုက်သည်။ ရုတ်တရက် မီးလောင်သည့် အသံများ ထွက်ပေါ်လာ၏။

သိုင်းပညာရှင် နှစ်ဆယ့်ငါးယောက်သည် ကြိုးပြတ်သွားသော စွန်သကဲ့သို့ လွင့်ထွက်သွားကြသည်။ အားလုံး၏ အရေပြားများ လောင်ကျွမ်း၍ နတ်ဆိုးခန္ဓာကိုယ်များ ဝါးမျိုခံရလုနီးပါး ဖြစ်လာသည်။

ထို့နောက် အားလုံး မြေကြီးပေါ် ပြန်ပြုတ်ကျ၍ သွေးများ စိမ့်ထွက်လာကြသည်။ အားလုံး တိုက်ပွဲဝင်ခွန်အားကို ဆုံးရှုံးလိုက်ရလေသည်။

ထိုသို့သောအချိန်၌ ဟွမ်အာ၏ လက်သီးချက်က တိမ်ပျံဘိုးဘေး၏ လက်ဝါးနှင့် ထိပ်တိုက် တွေ့သွားသည်။

ဂျွတ်!

ထိုလက်သီးချက် ကျရောက်လာပြီးနောက် အရိုးကျိုးသံ ထွက်ပေါ်လာပြီး တိမ်ပျံဘိုးဘေး တုန်ယင်သွားသည်။

“ချီးတဲ့မှပဲ၊ မင်းက ငါ့အရိုးကို ကျိုးအောင်လုပ်နိုင်ပေါ့လေ”

“သေလိုက်တော့”

တိမ်ပျံဘိုးဘေး၏ မျက်နှာထားက ခက်ထန်လာပြီး သူသည် လက်ကိုဝင့်၍ ဟွမ်အာကို ပြန်လည်ထိုးနှက်လိုက်သည်။

ဝုန်း။

ထိုလက်သီးချက်ကြောင့် ဟွမ်အာ၏ ဖြူဝင်းသော လက်မောင်းတစ်ဖက်လုံး ကျိုးသွားရသည်။ သူမ၏ ကိုယ်သည်လည်း တုန်ခါသွားပြီး သွေးအန်ကာ မီတာတစ်ထောင်ခန့် လွင့်ထွက်သွားပြီးမှ ပြုတ်ကျလာ၏။

“ဧကရီ”

နတ်ဆိုးဆယ့်ရှစ်ယောက်လုံးနှင့် နယ်မြေခုနစ်ရာ၏ အရှင်သခင်တို့ ခြောက်ခြားသွားကြသည်။ သူတို့ ကယ်ချင်သော်လည်း လုံးဝ မထူနိုင်မထနိုင် ဖြစ်နေသည်။

“ဧကရီတဲ့လား”

လေထဲမှ တိမ်ပျံဘိုးဘေးသည် တစ်ခဏမျှ မှင်တက်သွားပြီးနောက် ခနိုးခနဲ့ပြုံးလာ၏။

“ဟားဟား … နတ်ဆိုးဧကရာဇ်ကို သေအောင် နင်းချေနိုင်ရုံတင်မကဘဲ နတ်ဆိုး ဧကရီကိုပါ သတ်နိုင်မယ့် ဒီနေ့လိုနေ့မျိုး ရောက်လာလိမ့်မယ်လို့ ငါ တစ်ခါမှ ထင်မထားမိဘူးကွ”

ထိုစကားသံနှင့်အတူ တိမ်ပျံဘိုးဘေး၏ လက်သီးချက်က ထပ်မံ၍ ကျရောက်လာပြန်သည်။ ဟွမ်အာတစ်ယောက် လွင့်ထွက်သွားပြီး ပါးစပ်အပြည့် သွေးတစ်လုပ် အန်မိကာ တစ်ကိုယ်လုံး သေလုမျောပါး ရိုက်နှက်ခံလိုက်ရပြီး တိုက်ပွဲဝင်ခွန်အားကို ဆုံးရှုံးသွားသည်။

တောက် တောက်။

ရဲရဲနီသော သွေးများက ဟွမ်အာ၏ နှုတ်ခမ်းထောင့်မှ စီးကျလာသည်။ သူမ၏ မျက်နှာလေးက စက္ကူကဲ့သို့ ဖြူရော်နေ၏။

သူမသည် မှတ်ဉာဏ်ခန္ဓာကိုယ်သာလျင် ဖြစ်ပြီး သူမကိုယ်သူမ လူအသွင် ပြောင်းနိုင်သည်မှာလည်း အချိန်မကြာသေးချေ။ သူမ၏ တိုက်ပွဲဝင်ခွန်အားက အင်မော်တယ်ဘုရင် အထွတ်အထိပ်အဆင့်ထက် အနည်းငယ်မျှသာ ပိုသန်မာသည်။ သို့သော် သူမသည် ရေခဲမီး ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် အင်မော်တယ် အရှင်သခင်တစ်ပိုင်းအဆင့်နှင့် လုံးဝ မယှဉ်နိုင်ချေ။

ထိုသို့သောအချိန်၌ နယ်မြေခုနစ်ရာ၏ အရှင်သခင်နှင့် မဟာနတ်ဆိုး ဆယ့်ရှစ်ယောက်တို့အားလုံး မျက်ရည်ဝဲ၍ စိတ်ဓာတ်ကျသွားကြသည်။

*သွားပြီ*

*ဒီနှစ်ခြောက်ထောင် သက်တမ်းရှိတဲ့ တိမ်ပျံဘိုးဘေးက မယုံနိုင်လောက်အောင် ကြောက်ဖို့ ကောင်းလွန်းတယ်*

*အားလုံး သေကိုသေမှာပဲ*

“ဧကရီ စိတ်ဓာတ်မကျပါနဲ့၊ ဒီနတ်ဘုရားက မင်းကို နတ်ဆိုးဧကရာဇ်နဲ့ ပြန်ဆုံအောင် ပို့ပေးမှာပါ ဟဲဟဲ …”

တိမ်ပျံဘိုးဘေးက သရော်ပြုံးပြုံး၍ ဟွမ်အာအား ထပ်မံ၍ တိုက်ခိုက်လာသည်။ ပြင်းထန်သော လက်တစ်ဖက်က တစ်လောကလုံးကို ဖုံးအုပ်လုနီးပါး ဖြစ်နေ၏။ ယခုအချိန်၌ ဟွမ်အာ၏ မျက်နှာလေးက အလွန် အေးစက်နေသည်။

ထိုအခိုက်တွင် သူမရှေ့၌ လူရိပ်တစ်ခု လှစ်ခနဲ ပေါ်လာသဖြင့် ဟွမ်အာ မသိမသာ အံ့အားသင့်သွားရသည်။

“အန်းရှီ နင် ဘာလုပ်နေတာလဲ၊ မြန်မြန် အဝေးကို ရှောင်လေ”

ဟွမ်အာရှေ့၌ ပေါ်လာသောသူက အန်းရှီပင်။ သူမက ခပ်ဖွဖွ ပြုံးနေ၏။

“အစ်မဟွမ်အာ ရှင်က အစ်ကိုကြီးအတွက် သေရဲတယ်ဆိုရင် ကျွန်မကရော ဘာလို့ မသေရဲရမှာလဲ”

ထိုသို့ပြောပြီးနောက် သူမသည် ဆန်းကြယ်ရေခဲ ခန္ဓာကိုယ်၏ မူလရင်းမြစ်ကို ချက်ချင်း လောင်ကျွမ်းစေလိုက်သည်။ ထူးခြားဆန်းကြယ်သော ရေခဲများက ထိုလက်ဝါးထံသို့ ပျံ့နှံ့သွားသည်။

ထိုအခိုက်တွင် ကောင်းကင်၌ နှင်းမြူများနှင့် ပြည့်နှက်လာသည်။ တိမ်ပျံဘိုးဘေး၏ လက်ဝါးသည် တစ်ခဏမျှ ရပ်တန့်သွားပြီး အေးခဲသွားသည်ကို တွေ့လိုက်ရသည်။

“ဟမ် … ဆန်းကြယ်ရေခဲ ခန္ဓာကိုယ်လား”

“ဟားဟားဟား … လက်ဝါးတစ်ချက်တည်းနဲ့ နတ်ဆိုးဧကရီကိုတင်မကဘဲ စကြဝဠာထဲက ထိပ်တန်းခန္ဓာကိုယ် ဆယ်ခုထဲက တစ်ခုဖြစ်တဲ့ ဆန်းကြယ်ရေခဲ ခန္ဓာကိုယ်ပိုင်ရှင်ကိုပါ သတ်နိုင်တော့မှာပဲ၊ စိတ်လှုပ်ရှားလိုက်တာ၊ တော်တော် စိတ်လှုပ်ရှားဖို့ကောင်းတာပဲ”

တိမ်ပျံဘိုးဘေး၏ မျက်နှာက နီမြန်းနေပြီး လက်ဝါး၌ ပို၍အားထည့်လိုက်သည်။ ထိုအခါ လက်ဝါးပေါ်မှ နှင်းခဲများ ချက်ချင်း အက်သွားလေသည်။ ပြင်းထန်သော ဖိအားတစ်ခုက အန်းရှီ၏ကိုယ်ပေါ်သို့ သက်ရောက်လာသည်။

သူမတစ်ကိုယ်လုံး မိုးကြိုးပစ်ချခံရသကဲ့သို့ တုန်ယင်သွားပြီး ပါးစပ်အပြည့် သွေးအန်မိကာ မြေကြီးပေါ်သို့ ပြန်ပြုတ်ကျသွားသည်။

“အရူးမလေး နင် ဘာလို့ ဒီလိုလုပ်ရတာလဲ”

ဟွမ်အာ ရင်ထဲ နင့်နေအောင် ခံစားလိုက်ရသည်။ အန်းရှီ၏ လက်လေးတစ်ဖက်ကို သူမ လှမ်းကိုင်လိုက်သောအခါ ထူးခြားသော ခံစားချက်တစ်ခုကို သူမ ခံစားမိလိုက်မိသည်။

*ရင်းနှီးနေသလိုပဲ၊ အရိုးထဲ အသွေးအသားထဲကအထိ ရင်းနှီးနေသလိုပဲ*

*ချစ်ရတဲ့သူထက် ပိုသာတဲ့ ခံစားချက်မျိုးပဲ*

“အစ်မဟွမ်အာ ညီမတို့ အတူတူ သေကြရအောင်လေ”

အန်းရှီက နှစ်လိုဖွယ်ကောင်းစွာပြုံး၍ ဟွမ်အာ၏ လက်ကို ပြန်ဆုပ်ကိုင်ထားလိုက်သည်။ ယခုအချိန်၌ အမျိုးသမီးနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်၍ ပြုံးနေကြသည်။

သူတို့သည် သေရမည်ကို မကြောက်ဘဲ စိတ်သက်သာရာရသွားသကဲ့သို့ ဖြစ်နေကြလေသည်။ ထိုအချိန်တွင် ကောင်းကင်ထက်မှ လေထုသည် အက်ကွဲလာပြီး ပြင်းထန်သော ဖိအားကြောင့် အားလုံး ခေါင်းမွေးထောင်သွားရသည်။ ထို့အတူ ကောင်းကင်ထက်မှနေ၍ ပြင်းထန်သော လက်ဝါးချက် ကျရောက်လာ၏။

“သေစမ်း”

ထိုမာန်မဲသံနှင့်အတူ လက်ဝါးချက်က အရှိန်အဟုန်ဖြင့် ကျရောက်လာ၏။ ထိုအသံကြောင့် ဟွမ်အာနှင့် အန်းရှီတို့ ကတုန်ကယင် ဖြစ်သွားကြသည်။ သို့သော် သူတို့ခန္ဓာကိုယ်မှ မည်သို့သော နာကျင်မှုကိုမှ မခံစားရသဖြင့် နှစ်ယောက်သား မျက်မှောင်ကြုတ်သွားလေသည်။

ထို့နောက် နှစ်ယောက်လုံး မျက်လုံးဖွင့်ကြည့်လိုက်မိသည်။ လက်ဝါးတစ်ဖက်က သူတို့နှစ်ယောက်ပေါ်သို့ ကျရောက်ပြီးသား ဖြစ်နေသည်ကို သူတို့ ရုတ်တရက် တွေ့လိုက်ရသည်။ သို့သော် လူတစ်ယောက်က ထိုလက်ဝါးချက်ကို သွေးအလိမ်းလိမ်းနှင့် ခုခံထားလေ၏။ သူ၏ သွေးများပေကျံနေသော မျက်နှာထက်၌ နတ်ဆိုးဆန်သော အငွေ့အသက်များ ရှိနေသေးသော်လည်း ဟွမ်အာနှင့် အန်းရှီတို့အား ပြုံး၍ သနားသလို ကြည့်နေသည်။

“ငါက ဘယ်မှမသွားရသေးတာကို မင်းတို့က ဘယ်သွားမလို့လဲ”

Chapter 599 သေချာပေါက်၊ သေချာပေါက်၊ သေချာပေါက်

“အစ်ကိုကြီး ယဲ့ဖန်”

သွေးအလိမ်းလိမ်း ဖြစ်နေသောလူကို မြင်ပြီး ဟွမ်အာနှင့် အန်းရှီတို့ တုန်ယင်သွားကာ မျက်ရည်များ စီးကျလာသည်။

ယခုအချိန်၌ ယဲ့ဖန်သည် အတော်လေး ထိခိုက်ဒဏ်ရာ ရထားသည်။ သူ၏ ဘယ်ဘက်လက်မောင်း ကျိုးနေပြီး လှုပ်ရှားမှု မပြုနိုင်ဘဲ အောက်သို့ တွဲလောင်းကျနေသည်။ ရင်ဘတ်၌ ဒဏ်ရာတစ်ခု ရှိနေကာ အထဲမှ အသားများကိုပင် မြင်နေရပြီး သွေးများ တစိမ့်စိမ့် စီးကျနေ၏။ လူတစ်ကိုယ်လုံး သွေးပင်လယ်ထဲမှ ထွက်လာလေသလားဟု ထင်မှတ်မှားရသည်။

ထိုအခိုက်တွင် ကျန်ရှိနေသော နယ်မြေခုနစ်ရာမှ အရှင်သခင်များနှင့် မဟာနတ်ဆိုး ဆယ့်ရှစ်ယောက်တို့သည် အလွန် ဝမ်းသာသွားကြသည်။

“သခင်ကြီး”

ဤသို့သော သေရေးရှင်ရေး အခြေအနေ၌ ယဲ့ဖန်တစ်ယောက် ချိုင့်နက်ထဲမှ အားတင်း၍ ထွက်လာနိုင်လိမ့်မည်ဟု သူတို့ ထင်မထားမိချေ။

အားလုံး ဝမ်းသာစိတ်လှုပ်ရှားနေချိန်၌ တိမ်ပျံဘိုးဘေး၏အသံ ထွက်လာသည်။

“စိတ်ဝင်စားစရာပဲ၊ တကယ်ကို စိတ်ဝင်စားစရာပဲ”

“အင်မော်တယ် ဂိုဏ်းချုပ်အဆင့်လေးက ငါ့တိုက်ကွက်ကို တောင့်ခံနိုင်တယ်ပေါ့လေ။ နတ်ဆိုးဧကရာဇ်က နတ်ဆိုးဧကရာဇ်ပါပဲလို့ ငါ ပြောရမယ်ထင်တယ်”

တိမ်ပျံဘိုးဘေးသည် အတော်လေး အံ့အားသင့်နေပုံရသည်။ သူသည် ယဲ့ဖန်ထက် အဆင့်ဆယ့်ရှစ်ဆင့် ပိုမြင့်သည်။ ထို့အပြင် သူသည် နှစ်ခြောက်ထောင်မျှ အချိန်ယူ၍ ရေခဲမီး သူတော်စင် ခန္ဓာကိုယ်ကို သန့်စင်မွမ်းမံခဲ့သည်။

သို့ရာတွင်မူ ယခုအခါ၌ သူ၏တိုက်ကွက်ကို အင်မော်တယ်ဂိုဏ်းချုပ်အဆင့်တစ်ယောက်က တားဆီးလိုက်သဖြင့် တိမ်ပျံဘိုးဘေးသည် အံ့ဩဒေါသထွက်နေလေ၏။

“ဒါပေမဲ့ မင်းက သန်မာနေရင်တောင်မှ မင်း သေရမှာပဲ”

ထိုအသံသည် အလွန်အမင်း ခက်ထန်နေသည်။ ထို့နောက် တိမ်ပျံဘိုးဘေး၏ လက်သီးတစ်ချက်က ရုတ်တရက် ကျရောက်လာသည်။

ကောင်းကင်ယံတစ်ခွင်၌ လေဟာနယ်သည် ဖန်ခွက်ကဲ့သို့ တစ်လွှာပြီးတစ်လွှာ အက်ကွဲလာလေသည်။ မရဏ အငွေ့အသက်များက ယဲ့ဖန်ကို လွှမ်းခြုံလာသည်။

“စုစည်းစမ်း”

ယဲ့ဖန်၏ မျက်လုံးများက အေးစက်၍ ရက်စက်ဟန် ပေါ်လွင်နေ၏။ သူ့စကားအဆုံး၌ ဟိန်းသံတစ်သံ ထွက်ပေါ်လာပြီး နဂါး၏ ခန္ဓာကိုယ်တစ်ခုလုံးက ရုတ်ချည်းဆိုသလို တစ်ဟုန်ထိုး ကြီးမားလာသည်။

ထို့နောက် နဂါးအမြီးက ကောင်းကင်ထက်မှ ကျရောက်လာသော တိမ်ပျံဘိုးဘေး၏ လက်သီးကို ဖြတ်ရိုက်လိုက်သည်။ ထို့အတူ နဂါး၏အောက်၌ ရှိနေသော ဝိညာဉ်စား ပုရွက်ဆိတ်များသည် ချက်ချင်း စုဝေး၍ အနက်ရောင် သံမဏိလက်သီးသဏ္ဌာန် ဖွဲ့စည်းကာ တိမ်ပျံဘိုးဘေး၏ လက်သီးကို ပြန်ထိုးနှက်လေ၏။

ဝုန်း!

နဂါးအမြီးသည် တိမ်ပျံဘိုးဘေး၏ လက်သီးနှင့် ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံသွားသည်။ ထိုသို့ တိုက်ခိုက်လိုက်သည်နှင့် နဂါးအမြီးမှ ကြေးခွံများ အက်ကွဲလာပြီး သွေးများ ပန်းထွက်လာလေသည်။ နဂါးအမြီးတစ်ခုလုံး ဒဏ်ရာ အပြင်းအထန် ရသွားသည်။ နတ်ဆိုးနဂါးသည်လည်း အော်ဟစ်မိကာ မြေကြီးပေါ် ပြုတ်ကျသွားလေသည်။

တစ်ချိန်တည်းမှာပင် ဝိညာဉ်စား ပုရွက်ဆိတ်များဖြင့် ဖွဲ့စည်းထားသည့် လက်သီးသည် တိမ်ပျံဘိုးဘေး၏ လက်သီးနှင့် ထိုးနှက်မိသွားသည်။

ထိုအခါ အက်ကွဲသံများ ထွက်ပေါ်လာပြီး သူ၏အရိုးများ ကျိုးကြေသွားသည်။ ထိုမျှနှင့် မကသေးချေ။ ဝိညာဉ်စား ပုရွက်ဆိတ်များသည် လက်သီးသဏ္ဌာန် ဖွဲ့စည်းထားရာမှနေ၍ တိမ်ပျံဘိုးဘေး၏ လက်ကို အရူးအမူး ကိုက်ဖြတ်လေတော့သည်။

ဂျွတ် ဂျွတ်။

ကိုက်ဖြတ်သံများနှင့်အတူ အသားစများနှင့် သွေးများ ပန်းထွက်လာသည်။ ထို့အပြင် အရိုးများကိုပါ သည်းကြီးမည်းကြီး ကိုက်ဝါးကြသည်။

*ဘာ*

တိမ်ပျံဘိုးဘေးသည် လက်သီးပေါ်မှ ပုရွက်ဆိတ်များကိုကြည့်ပြီး မျက်မှောင်ကြုတ်သွားသည်။

“ဝိညာဉ်စား ပုရွက်ဆိတ် သားလောင်းတွေပါလား၊ ချီးတဲ့မှ မင်း ဒီကြောက်စရာကောင်းတဲ့ သတ္တဝါတွေကို ထိန်းချုပ်နိုင်တယ်ပေါ့လေ”

တိမ်ပျံဘိုးဘေး ဇောချွေးပြန်လာပြီး တုန်ယင်လာသည်။ အစပိုင်း၌ သူသည် ယဲ့ဖန်အား သိပ်အရေးမစိုက်ခဲ့ချေ။ သူတို့၏ ခွန်အားကလည်း အလွန် ကွာခြားနေသည် မဟုတ်ပါတကား။ သို့သော် ယခုအချိန်၌ သူသည် ပြန်လည်မွေးဖွားလာသော နတ်ဆိုးဧကရာဇ်ကို ပြန်လေ့လာမိသည်။

*ဝိညာဉ်စား ပုရွက်ဆိတ်တွေကို ထိန်းချုပ်နိုင်တဲ့အပြင် ဧရာမ နဂါးကြီးပေါ်၌လည်း ထိုင်နေနိုင်တယ် ဆိုတော့ ဒီလူက အရင်ဘဝကထက် ပိုပြီး ခြိမ်းခြောက်နိုင်စွမ်း ရှိလာတာပဲ*

“သေရမယ်၊ သူ သေကိုသေရမယ်”

တိမ်ပျံဘိုးဘေး၏ မျက်လုံးများ၌ သွေးရောင်လွှမ်းလာသည်။

ဝိညာဉ်စား ပုရွက်ဆိတ်များ ကိုက်လိုက်သည်ကို ခံစားလိုက်မိပြီးနောက် မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏လက်သီးတစ်ခုလုံး ဝါးစားခံလိုက်ရသည်ကို တွေ့လိုက်ရသဖြင့် သူ လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားသည်။

“ငါ့ရှေ့ကနေ ဖယ်စမ်း”

ထိုသို့ပြောပြီးနောက် နောက်လက်တစ်ဖက်ဖြင့် ဝိညာဉ်စား ပုရွက်ဆိတ်များကို ရိုက်ချလိုက်သည်။ များစွာသော ဝိညာဉ်စား ပုရွက်ဆိတ်များသည် အော်မြည်၍ ထိခိုက်ဒဏ်ရာ ရသွားသည်။

သူတို့၏ ဖျက်စီးမရနိုင်သော ခန္ဓာကိုယ်ပေါ်၌ အက်ရာများစွာ ထွက်ပေါ်လာသည်။ ထို့နောက် မျက်တောင်တစ်ခတ် အတွင်းမှာပင် ဝိညာဉ်စား ပုရွက်ဆိတ်များ တဖြုတ်ဖြုတ် ပြုတ်ကျသွားလေသည်။

သို့သော် ဤသည်မှာ အစသာရှိသေးသည်။ တိမ်ပျံဘိုးဘေးက ဝိညာဉ်စား ပုရွက်ဆိတ်များကို နှိမ်နင်းနေချိန်တွင် ယဲ့ဖန်က လေထဲသို့ ရောက်ရှိလာ၏။

“မြည်ဟီးစမ်း”

ရုတ်တရက် ထိတ်လန့်ဖွယ် ခေါင်းလောင်းသံတစ်သံ ထွက်ပေါ်လာသည်။ ထို့အတူ တိမ်ပျံဘိုးဘေး၏ ခန္ဓာကိုယ် တုန်ယင်သွားပြီး သူ၏ စိတ်ဝိညာဉ်သည်လည်း အေးခဲသွားလေသည်။

တစ်ခဏအကြာ၌ သူ အသိပြန်ဝင်လာသောအခါ ရွှေရောင်အလင်းတန်းတစ်ခုက သူ့ခေါင်းပေါ် အရှိန်နှင့် ကျဆင်းလာသည်ကို တွေ့လိုက်ရသည်။

ရွှစ်!

တိမ်ပျံဘိုးဘေး၏ ဦးခေါင်းမှနေ၍ ရဲရဲနီသော သွေးများပန်းထွက်လာသည်။ သူ့ဦးခေါင်းသည်လည်း ကွဲအက်သွားပြီး သွေးများ ဆက်၍ထွက်နေလေသည်။ ပြင်းထန်သော နာကျင်မှုက သူ့အား ရူးမတတ် ဖြစ်သွားစေ၏။

“ချီးတဲ့မှ”

ကျိန်ဆဲပြီးနောက် သူသည် ယဲ့ဖန်အား လက်ဝါးဖြင့် လှမ်းရိုက်လိုက်သည်။

ဝုန်း! ဂျွတ်!

ယဲ့ဖန်၏ ရင်ညွန့်ရိုးကျိုးသွားပြီး ချိုင့်ဝင်သွားကာ တစ်ကိုယ်လုံး သွေးများလောင်းချခံထားရသကဲ့သို့ ဖြစ်နေပြီး မီတာတစ်ထောင်ခန့် လွင့်ထွက်ကာ ပြန်ပြုတ်ကျလာသည်။

“ငါ့ခေါင်း၊ မင်း … မင်းက ငါ့ခေါင်းကိုတောင် ခုတ်ရဲတယ်ပေါ့လေ”

တိမ်ပျံဘိုးဘေး ကြောက်လန့်နေသည်။ အကယ်၍ ယဲ့ဖန်သာ အင်မော်တယ် အရှင်သခင်အဆင့်ကို ရောက်နေပါက အစောပိုင်းက ဓားချက်သည် သူ၏ဦးခေါင်းတစ်ခုလုံးကို ခုတ်ဖြတ်နိုင်လောက်သည်။

ဤသို့တွေးမိပြီးနောက် တိမ်ပျံဘိုးဘေး ဇောချွေးပြန်လာသည်။ သူ၏ ရေခဲမီး သူတော်စင် ခန္ဓာကိုယ်နှင့် အင်မော်တယ် အရှင်သခင်အဆင့်က သူ့ထက် အဆင့်ဆယ့်ရှစ်ဆင့်နိမ့်သော အင်မော်တယ် ဂိုဏ်းချုပ်အဆင့်လေးကို ထိခိုက်ရုံလောက်သာ လုပ်နိုင်သည်ကို လက်မခံနိုင် ဖြစ်နေသည်။

ဤသို့ မူမမှန်သော တိုက်ပွဲဝင်ခွန်အားမျိုးအား တစ်ခါမှ မမြင်ခဲ့ဖူးချေ။ သို့သော် တိမ်ပျံဘိုးဘေးကို ပို၍ ထိတ်လန့်သွားစေသည်က ယဲ့ဖန်သည် သွေးအန်သော်လည်း သွေးအလိမ်းလိမ်းနှင့် မြေကြီးပေါ်မှ ပြန်ထလာခြင်းပင်။ သူသည် အရူးတစ်ယောက်ကဲ့သို့ ပြုံး၍ တိမ်ပျံဘိုးဘေးကို စိုက်ကြည့်လာသည်။

“ခွေးအိုကြီး အံ့ဩစရာက အခုမှစမှာ”

ထိုသို့ပြောပြီးနောက် သူသည် ခြေကိုဆောင့်၍ တိမ်ပျံဘိုးဘေးထံသို့ လှစ်ခနဲ ပြေးဝင်သွားသည်။

“သေချင်နေတာပဲ”

တိမ်ပျံဘိုးဘေး ထိတ်လန့်ခြောက်ခြားနေ၏။ ယဲ့ဖန် သူ့နား ရောက်မလာခင်မှာပင် သူသည် လက်ကိုဝင့်၍ ယဲ့ဖန်ကို ပြန်၍ တိုက်ခိုက်လိုက်သည်။ ဤသည်ကိုကြည့်ပြီး ယဲ့ဖန်က ရယ်လေ၏။

“သေချာတာပေါ့၊ သေချာတာပေါ့၊ သေချာတာပေါ့”

ဒေါင် ဒေါင် ဒေါင်။

ထို့နောက် ခေါင်းလောင်းအား သုံးကြိမ်တီးလိုက်သည်။ တိမ်ပျံဘိုးဘေး၏ တိုက်ခိုက်မှုက ရုတ်တရက် အေးခဲသွားသည်။ စိတ်ဝိညာဉ်တစ်ခုလုံး အေးခဲသွားသည့်ပုံပင်။

သူ၏ ထိတ်လန့်နေသော အကြည့်အောက်၌ ယဲ့ဖန်လက်ထဲမှ ရွှေရောင်ဓားကျိုးသည် လျှပ်စီးသဖွယ် သူ့ဦးခေါင်းပေါ်သို့ ကျရောက်လာသည်။

မသဲမကွဲအသံများ ထွက်ပေါ်လာပြီးနောက် နောက်ဆုံးတွင် ကျိုးပဲ့သံနှင့်အတူ သူ့ဦးခေါင်းတစ်ခုလုံး ထက်ပိုင်းပိုင်းခံလိုက်ရသည်။

Chapter 600 စိတ်ဓာတ်ကျခြင်း

ဂျွတ်!

ယဲ့ဖန်၏ တတိယမြောက် ဓားချက် ကျရောက်လာပြီးနောက် အက်ကွဲသံ ရုတ်တရက် ထွက်ပေါ်လာပြီး တိမ်ပျံဘိုးဘေး၏ ဦးခေါင်းတစ်ခုလုံး ထက်ခြမ်း ကွဲသွားလေသည်။ သူ့ခေါင်းမှ သွေးများ တတောက်တောက် စီးကျလာ၏။ ဦးခေါင်းထဲမှ အဖြူရောင်နှင့် အနီရောင်ရောနေသော အရာများက ရွံစရာ ကောင်းလွန်းလှသည်။

“အား”

တိမ်ပျံဘိုးဘေးထံမှ အော်ဟစ်သံ ထွက်ပေါ်လာပြီး မြေကြီးပေါ် လဲကျ၍ ပြတ်သွားသော သူ့ဦးခေါင်းကိုကိုင်ကာ စူးစူးဝါးဝါး အော်ဟစ်နေသည်။

“မဟုတ်ဘူး မဖြစ်နိုင်ဘူး”

တိမ်ပျံဘိုးဘေးသည် ထိတ်လန့်၍ မယုံနိုင်သော မျက်လုံးများနှင့် အော်ဟစ်နေသည်။

“ကောင်းကင်ခွင်း ခေါင်းလောင်း၊ လတ်စသက်တော့ မင်းက ကောင်းကင်ခွင်းခေါင်းလောင်းနဲ့အတူ ပြန်လည် မွေးဖွားလာတာပဲ”

တိမ်ပျံဘိုးဘေးသည် အဘယ်ကြောင့် သူ၏စိတ်ဝိညာဉ် အေးခဲသွားရသလဲ ဆိုသည့်အချက်နှင့် ဘာကြောင့် ထိုခေါင်းလောင်းသံက ကြောက်မက်ဖွယ်ကောင်းနေရသလဲ ဆိုသည်ကို သဘောပေါက် သွားသည်။

*လတ်စသက်တော့ အဲ့ဒါက ကမ္ဘာဦးချောက်နက်ထဲ ကျသွားတဲ့ ရတနာ ဖြစ်နေတာကိုး*

ထိုသို့သောအချိန်၌ နတ်ဆိုးဧကရာဇ်သည် လောကသခင် သုံးပါးနှင့် သေခြင်းရှင်ခြင်း တိုက်ပွဲကို တိုက်ခိုက်ခဲ့ပြီး ဂြိုဟ်များထက်၌ သွေးရောင်လွှမ်းခဲ့စေခြင်းမှာ ဤကမ္ဘာဦး ထိပ်တန်းရတနာကြောင့်ပင်။

သို့သော် ဤထိပ်တန်း ရတနာတစ်ပါးက ယဲ့ဖန်နှင့်အတူ ကမ္ဘာဦးချောက်နက်ထဲ ကျဆင်းသွားပြီးနောက် ပြန်လည်ပေါ်ပေါက်လာလိမ့်မည်ဟု မည်သူမျှ ထင်မထားမိကြချေ။ ပြောရလျင် ဤခေါင်းလောင်းသည် စိတ်ဝိညာဉ်ကို ထိန်းချုပ်နိုင်သည့် ခြောက်ခြားဖွယ်စွမ်းအားမျိုး ရှိလေသည်။

“ဒီမကောင်းဆိုးဝါးကတော့ …”

တိမ်ပျံဘိုးဘေး၏ စိတ်ထဲတွင် အလွန်တရာ ကြောက်လန့်စိတ်များဖြင့် ပြည့်နှက်နေသည်။ ကောင်းကင်ခွင်း ခေါင်းလောင်း၊ ဝိညာဉ်စား ပုရွက်ဆိတ်၊ ကြောက်မက်ဖွယ် ဧရာမနဂါး၊ ထိုအရာထဲမှ မည်သည့်အရာမဆို စကြဝဠာ၌ မုန်တိုင်းထန်၍ သွေးမိုးရွာစေကာ မရေတွက်နိုင်သော အထင်ကရပုဂ္ဂိုလ်များ ရူးမတတ် လိုချင်နေသည့် အရာများသာ ဖြစ်သည်။ သို့ရာတွင် ယခုအခါ၌ ယဲ့ဖန်တွင် ထိုအရာအားလုံး ရှိနေသည်။

သူ၏ သူမတူသော တိုက်ပွဲဝင်ခွန်အားနှင့်ပါ ယှဉ်တွဲလိုက်လျင် သူသာ ထပ်မံ၍ တိုးတက်လာပါက လောကသခင်သုံးပါးပင် သူ့အတွက် ဘာမှမဟုတ်သောလူများ ဖြစ်လာပေလိမ့်မည်။

“ဒီကောင် ဘယ်လိုနည်းနဲ့မှ အသက်ရှင်လို့ မရဘူး”

တိမ်ပျံဘိုးဘေး၏ မျက်လုံး၌ ရူးသွပ်မှုများနှင့် ပြည့်နှက်နေသည်။ ထို့နောက် သူသည် သူ၏ ထက်ခြမ်းကွဲ၍ ပြတ်ထွက်သွားသော ဦးခေါင်းကို ပြန်စေ့ကာ သွေးတိတ်အောင်လုပ်၍ ဒဏ်ရာကို ကုသကာ မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် ယဲ့ဖန်အား စူးစိုက်ကြည့်လာသည်။

တစ်ချိန်တည်းမှာပင် ယဲ့ဖန်၏မျက်နှာက စက္ကူကဲ့သို့ ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ ကောင်းကင်ခွင်း ခေါင်းလောင်းက စိတ်ဝိညာဉ်ကို အေးခဲစေသော်လည်း အင်မော်တယ် အရှင်သခင်တစ်ပိုင်းအဆင့်၏ စိတ်ဝိညာဉ်က ကြောက်မက်ဖွယ်ကောင်းလှသည်။

သူတောင်မှ သူ၏နတ်ဘုရား စိတ်ဝိညာဉ်ကို လောင်ကျွမ်းစေ၍ ခေါင်းလောင်းတီး၍ တိမ်ပျံဘိုးဘေး၏ စိတ်ဝိညာဉ်ကို ထပ်ခါထပ်ခါ အေးခဲအောင် လုပ်နေရသည်။ ယခုအခါတွင် သူ၏နတ်ဘုရား စိတ်ဝိညာဉ်က အတော်လေး ထိခိုက်နေသဖြင့် သူ့အား သွေးမရှိသကဲ့သို့ ဖြူဖပ်ဖြူရော် ဖြစ်နေစေ၏။

“ခွေးအိုကြီး ခင်ဗျား ပိုပြီးလန်းဆန်းချင်သေးလား”

ယဲ့ဖန်သည် လှောင်ပြုံးပြုံး၍ တိမ်ပျံဘိုးဘေးထံသို့ တစ်လှမ်းချင်း လှမ်းသွားလိုက်သည်။

ဒေါက် ဒေါက် ဒေါက်။

ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း တိမ်ပျံဘိုးဘေး မျက်ခုံးလှုပ်လာသည်။ သူ့စိတ်ထဲ၌ ကြောက်စိတ်များနှင့် ပြည့်နှက်နေပြီး မယုံနိုင်ဟန် ဖြစ်နေသည်။

အင်မော်တယ်အရှင်သခင် တစ်ပိုင်းအဆင့်ဖြစ်သည့်သူက အင်မော်တယ်ဂိုဏ်းချုပ်အဆင့်သာ ရှိသော လူတစ်ယောက်ကို ကြောက်လန့်နေသည်က မယုံနိုင်စရာ ကောင်းလှသည်။

ထိုအခိုက်တွင် ယဲ့ဖန်သည် ဖျတ်ခနဲ လှုပ်ရှား၍ ထပ်မံတိုက်ခိုက်လာသောအခါ တိမ်ပျံဘိုးဘေးသည် ကြက်သီးထ၍ လိပ်ပြာလွင့်မတတ် ကြောက်လန့်လာသည်။

“သေစမ်း”

ထိုအခိုက်တွင် သူသည် ရှောင်တိမ်းရန် ပြင်လိုက်သည်။ ထိုစဉ် နောက်ထပ် သာယာနာပျော်ဖွယ် ကောင်းသည့် ခေါင်းလောင်းသံ ထွက်ပေါ်လာသည်။

ဒေါင်!

တိမ်ပျံဘိုးဘေး၏ ခန္ဓာကိုယ်က တောင့်တင်း၍ ငြိမ်သက်သွားလေသည်။ ထိုသို့သောအချိန်၌ နောက်ထပ် ဓားချက်က သူ့ဦးခေါင်းအား ထက်ခြမ်းပိုင်းသွားပြန်သည်။ ပြန်ဆက်ထားသော ဦးခေါင်းသည် ပြန်လည်၍ အက်ကွဲသွားလေသည်။ တိမ်ပျံဘိုးဘေး အသိဝင်လာချိန်တွင် ရူးမတတ် ဒေါသထွက်လာ၏။

“နတ်ဆိုးဧကရာဇ် ငါ မင်းကို အမှုန့်ခြေပစ်မယ်ကွ”

ထိုသို့ပြောပြီး သူသည် အရူးတစ်ယောက်သဖွယ် ဘာကိုမှမမှုတော့ဘဲ ယဲ့ဖန်ကို သည်းကြီးမည်းကြီး တိုက်ခိုက်လေသည်။ ထို့နောက်တွင်မူ အားလုံး ထိတ်လန့်သွားရသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။

ယဲ့ဖန်သည် ခေါင်းလောင်းတီးလိုက်သည့် အကြိမ်တိုင်း သွေးအန်နေပြီး သူ၏ နတ်ဘုရား စိတ်ဝိညာဉ်က ပို၍ ထိခိုက်ပျက်စီးလာလေသည်။

ခေါင်းလောင်းသံ တစ်ကြိမ်ထွက်လာတိုင်း ဓားရောင်လက်လာပြီး တိမ်ပျံဘိုးဘေး၏ ဦးခေါင်းမှနေ၍ သွေးများ ပန်းထွက်လာသည်။

လေးချက်မြောက် ဓားချက်၊ ခြောက်ချက်မြောက် ဓားချက်၊ ရှစ်ကြိမ်မြောက် ဓားချက်။

ယခုအချိန်၌ ယဲ့ဖန်နှင့် တိမ်ပျံဘိုးဘေးတို့ထံမှ သွေးများ ပန်းထွက်လာနေသည်။ ဒဏ်ရာဗလပွနှင့် သေခြင်းရှင်ခြင်း တိုက်ပွဲကို ဆင်နွှဲနေ၏။

ယဲ့ဖန်၏ ရူးသွပ်ဖွယ် လှုပ်ရှားမှုများက အားလုံးကို အံ့အားသင့်စေသည်။ ယဲ့ဖန် ပိုပို၍ သွေးအန်လာပြီး သူ့မျက်နှာက ပို၍ဖြူစုတ်လာသည်ကို အားလုံး တွေ့နေရသည်။ တိမ်ပျံဘိုးဘေးသည်လည်း သူ့ဦးခေါင်းမှ သွေးများ ပို၍စိမ့်ထွက်လာပြီး ပြုတ်လုနီးပါး ဖြစ်နေသည်။

“သခင်ကြီး”

“အစ်ကိုကြီး ယဲ့ဖန်”

ဟွမ်အာ၊ အန်းရှီနှင့် ဘေးပတ်လည်မှ နယ်မြေခုနစ်ရာ၏ အရှင်သခင်များ၊ မဟာနတ်ဆိုး ဆယ့်ရှစ်ယောက်၊ နတ်ဆိုးနဂါးနှင့် ဝိညာဉ်စား ပုရွက်ဆိတ်များအားလုံး တုန်လှုပ်နေကြသည်။ ယဲ့ဖန်၏ ခန္ဓာကိုယ်က ချည့်နဲ့၍ အကန့်အသတ်ကို ကျော်လွန်နေမှန်း သူတို့ သိနေသည်။

သူသည် သူ၏အသက်စွမ်းအင်ကို လောင်မြိုက်နေသည်။ တစ်ဖက်တွင်မူ ထူရီရှုံးသည်လည်း ကြောက်လန့်၍ ဆီးထွက်ကျနေသည်။ အင်မော်တယ်ဂိုဏ်းချုပ် အလယ်အလတ်အဆင့်လေးက ရေခဲမီး သူတော်စင် ခန္ဓာကိုယ်ပိုင်ဆိုင်ထားပြီး အင်မော်တယ် အရှင်သခင်တစ်ပိုင်းအဆင့်ရှိသည့် သူ၏ဘိုးဘေးကို ခုတ်ပိုင်း၍ ခေါင်းပြတ်လုနီးပါး ဖြစ်အောင် လုပ်နိုင်မည်ဟု သူ ထင်မထားမိချေ။

*သူ ဒါကို ဘယ်လိုလုပ်တာပါလိမ့်*

ဒေါင်!

ခေါင်းလောင်းသံ ထွက်ပေါ်လာသောအခါ တိမ်ပျံဘိုးဘေး ခြောက်ခြားသွားသည်။ သို့သော် သူ၏ စိတ်ဝိညာဉ်က ထိန်းချုပ်မခံရသေးသည်ကို သတိထားမိပြီး သူ အံ့ဩသွားလေသည်။

“ဟားဟားဟား … ပိုလုပ်နေတာပဲ၊ နတ်ဆိုးဧကရာဇ် မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအင်က ပိုသုံးထားတာတောင် တော်တော်များနေပြီပဲ”

“မင်း ပျောက်ကွယ်ရတော့မှာပဲ”

တိမ်ပျံဘိုးဘေး ဝမ်းသာနေသည်။ ထိုသို့ပြောပြီးနောက် သူသည် ယဲ့ဖန်အား လက်သီးတစ်ချက်ဖြင့် အားကုန် ထိုးနှက်လိုက်သည်။

ဝုန်း! ဂျွတ်!

ယဲ့ဖန်၏ ခန္ဓာကိုယ် အပေါ်ပိုင်းတစ်ခုလုံး ပေါက်ကွဲလုနီးပါး ဖြစ်သွားသည်။ သူ့ထံမှ သွေးများ ပန်းထွက်လာပြီး အရိုးများ ကျိုးကြေကာ အရိုးများက အသားထဲမှ ဖောက်ထွက်လာသည်။ တစ်ကိုယ်လုံး ဖြူဖျော့၍ သွေးအလိမ်းလိမ်းနှင့် ဖြစ်နေသည်။

ယဲ့ဖန် လဲကျသွားချိန်တွင် သူ၏အရိုးတိုင်းနီးပါး ကျိုးကြေသွားသလို ခံစားမိနေသည်။ ပြင်းထန်သော နာကျင်မှုကြောင့် သူ အံကြိတ်မိသည်။

“ဒီတစ်ခါ နောက်ဆုံးပဲ”

ယခုတိုက်ပွဲတွင် တစ်ဖက်လူက အဆင့်ငယ် ဆယ့်ရှစ်ဆင့် ပိုမြင့်ပြီး ရေခဲမီး သူတော်စင် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသဖြင့် အလွန့်ကို အနိုင်ယူရန် ခက်ခဲလှသည်။

ထိုသို့သောသူကို ယှဉ်နိုင်သော သိုင်းပညာရှင် မရှိချေ။ ယခု ယဲ့ဖန်သည်လည်း မတတ်သာချေ။

တိမ်ပျံဘိုးဘေးက ယဲ့ဖန်နှင့် ပို၍နီးကပ်လာပြီး ပြင်းထန်သော မရဏ အငွေ့အသက်ကြောင့် ယဲ့ဖန် မျက်ခုံးလှုပ်သွားရသည်။

“ကြည့်ရတာ အတူတူ သေအောင်လုပ်မှပဲ ရမယ်နဲ့တူတယ်”

ထိုသို့တွေးပြီးနောက် ယဲ့ဖန်သည် ဟွမ်အာနှင့် အခြားသူများကို အလေးအနက် လှမ်းကြည့်၍ ခပ်ဖွဖွ ပြုံးလိုက်သည်။ ထိုအပြုံးက နှုတ်ဆက်စကား ပြောနေသယောင်ယောင်ပင်။ တောင်းပန်စကား ပြောချင်နေပုံလည်း ပေါ်နေသည်။

“သေလိုက်တော့”

ထိုသို့သောအချိန်၌ တိမ်ပျံဘိုးဘေးသည် ရေခဲမီး စွမ်းအင်ကို အားကုန်သုံးလိုက်ပြီးနောက် ရုတ်တရက် သူ့ခြေဖဝါးက ဧရာမ ခြေဖဝါးအသွင်ပြောင်းသွားပြီး ရုတ်တရက် ယဲ့ဖန်အား နင်းခြေရန် ပြင်လာ၏။

တုန်ဟီးသံနှင့်အတူ တိမ်ပျံဂြိုဟ်တစ်ခုလုံး အက်ရာထင်လာသည်။ အက်ကွဲ၍ ပြိုကျမည်ဟု ထင်မှတ်ရသည်။ မရဏ အငွေ့အသက်များက ယဲ့ဖန်ကို ချက်ချင်း လွှမ်းခြုံလာသည်။

“မလုပ်နဲ့”

ဟွမ်အာ၊ အန်းရှီနှင့် အခြားသူများအားလုံး ငယ်သံပါအောင် အော်ဟစ်လိုက်မိသည်။ သူတို့အားလုံး မျက်နှာပြာနှမ်းလာသည်။ ထိုခြေဖဝါးအောက်၌ မည်မျှ သန်မာပါစေ မုချ သေပွဲဝင်ရလောက်သည်။

အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်၌ ထိုဧရာမ ခြေဖဝါးကြီးက အရှိန်နှင့် ကျရောက်လာသည်။ ပြင်းထန်သော ဖိအားကြောင့် အားလုံး ကြက်သီးမွေးညင်း ထနေသည်။ ထိုအရှိန်ကြောင့် ဘေးပတ်လည်မှ အရာအားလုံး အက်ကွဲပျက်စီးလာ၏။ အားလုံး စိတ်ကို တင်းထားချိန်တွင် ထိုဧရာမ ခြေဖဝါးကြီးက လေထဲ၌ တန့်နေပြီး အောက်သို့ မကျလာသည်ကို တွေ့လိုက်ရသည်။

*ဒါက …*

ဟွမ်အာ၊ အန်းရှီနှင့် အားလုံး မှင်တက်နေကြသည်။ ထို့နောက်တွင်မူ ထိုဧရာမ ခြေဖဝါးအောက်၌ ဖြူဖွေးနေသော ဦးခေါင်းခွံတစ်ခုက ခုခံထားသည်ကို သူတို့ တွေ့လိုက်ရသည်။

*ဒါ … ဒါ ချီယန်ရဲ့ ဦးခေါင်းခွံပဲ*

ထိုသည်သာမကချေ၊ အရိုးများ တုန်ခါနေသံ ထွက်ပေါ်လာသည်။ အားလုံး၏ အံ့ဩနေသော အကြည့်အောက်၌ ကောင်းကင်ထက်ရှိ အရိုးခေါင်းတလားထဲမှ ချီယန် နတ်ဆိုးဘုရင်၏ လက်ချောင်းရိုးများ၊ လက်မောင်းရိုးများ၊ ခြေထောက်ရိုးများနှင့် နံရိုးများက တဖျောက်ဖျောက် အသံနှင့်အတူ အလိပ်လိုက် ကွာကျလာလေသည်။

စာစဉ် (၄၀) ဤတွင် ပြီးပါပြီ။

All Chapters