← Chapters

အခန်း (၆၄၁-၆၄၂)

Vol. 52 Ch. 641-642

အခန်း (၆၄၁-၆၄၂)

Vol. 52 Ch. 641-642

အခန်း ၆၄၁ ထျန်ဟောင်၏ ကံကြမ္မာ၊ အမတဧကရာဇ် မျက်လုံး၏ ထွက်ပေါ်လာမှု

အန်ရှင်းက ကပ်ဘေး အန္တိမမျက်လုံးကို စတင် ကျင့်ကြံကတည်းက ၎င်းအပေါ် နက်ရှိုင်းသော စိတ်ဝင်စားမှု ရှိခဲ့၏။

သူမက ထိုနတ်ဘုရား စွမ်းရည်တွင် ကပ်ဘေးများနှင့်သာ အကန့်အသတ် မရှိဘဲ အဆုံးအစမဲ့သော ဆန်းကြယ်သည့် အသုံးဝင်မှုများ ရှိသည်ဟု ယုံကြည်ထား၏။ ကုအန် ကိုယ်တိုင် ကိုယ်ကျ လမ်းညွှန် သင်ကြားပေးသည့် အခွင့်အရေးကိုလည်း သူမက မြတ်နိုးတန်ဖိုးထားပေသည်။

အန်ရှင်း အနေဖြင့် အမတဧကရာဇ် မျက်လုံးကို ကျွမ်းကျင်ပိုင်နိုင်ရန် အလားအလာ ရှိသည်ဟု ကုအန် ခံစားရ၏။ အခြားသူများနှင့် မယှဉ်သာအောင် သူမ၏ ဉာဏ်ပွင့်နိုင်စွမ်းက အဆက်မပြတ် တိုးတက်နေသောကြောင့် အမတဧကရာဇ် မျက်လုံးကို အန်ရှင်း တစ်ယောက်တည်းကိုသာ သင်ကြားပေးရန် သူ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

သူမက နောက်ထပ် အန်ဟောင် တစ်ယောက် အဖြစ်သို့ ကြီးထွားလာနေပေသည်။

ကုအန်က ရွှေရောင်အထွတ်အထိပ် နတ်ဘုရား တစ်ယောက် လူသားကမ္ဘာမှ ပါရမီရှင်များကို လမ်းညွှန်မှုများ ပေးနေသည်ကို စောင့်ကြည့်ရင်းနှင့် တစ်ပြိုင်နက်တည်းမှာပင် အန်ရှင်းကို အမတဧကရာဇ် မျက်လုံးအတွက် လိုအပ်သော ဉာဏ်ပွင့်မှု အခြေအနေသို့ ပိုမို ကောင်းမွန်စွာ ဝင်ရောက်နိုင်ရန် ကူညီပေးနေ၏။

တစ်ချိန်တည်းမှာပင် သူက မည်သည့်အချိန်တွင် အဆင့်ချိုးဖျက်ရမည်ကို တွေးတောနေခဲ့သည်။

နောက်တစ်ကြိမ် အဆင့်ချိုးဖျက်မှုအတွက် သူက သူ၏ တာအိုနည်းစနစ်ကို အားဖြည့်ရန် မဟုတ်ဘဲ တိုက်ရိုက် တက်လှမ်းရန် စီစဉ်ထား၏။

သူက စွမ်းအား လမ်းစဉ်ကို မကြာသေးမီကမှ သိမြင်နားလည်ထားပြီး ကပ်ဘေးကို ဖြတ်ကျော်ရန် နည်းလမ်းများကို အားဖြည့်ထားကာ အတော်လေး အစွမ်းထက်နေပြီဟု ခံစားနေရသည် ဖြစ်ရာ တာအိုနည်းစနစ်ကို အရင် အားဖြည့်နေရန် ဘာအကြောင်း ရှိမည်နည်း။

အမှန်တကယ်ပင် မည်သည့် နည်းလမ်းကမဆို ကြီးမားလှသော သက်တမ်းကို ကုန်ဆုံးစေမည် ဖြစ်ပြီး မည်သည့်အရာက ပိုကောင်းသည်ကို သူ မဆုံးဖြတ်နိုင်ချေ။ သူက လုံလောက်သော သက်တမ်း စုဆောင်းရန်သာ လိုအပ်ပေသည်။

မည်သည့် နည်းလမ်းက သက်တမ်း ပိုသက်သာမည်နည်းဟု စိုးရိမ်နေမည့်အစား ပို၍ များများ စုဆောင်းထားခြင်းက ပိုကောင်း၏။

သက်တမ်း နှစ်ထရီလီယံကို အသုံးပြုခြင်းက အဆင့်ချိုးဖျက်မှုကို တည်ငြိမ်သွားစေနိုင်လောက်ပေသည်။

လိုအပ်ပါက သူက အဆင့်မချိုးဖျက်မီ သက်တမ်း သုံးထရီလီယံ ရရှိသည်အထိ စောင့်ဆိုင်းမည် ဖြစ်၏။

ရွှေရောင်အထွတ်အထိပ် နတ်ဘုရားက ကောင်းကင်ဝိညာဉ် မဟာကမ္ဘာတွင် နှစ်ပေါင်းများစွာ နေထိုင်နေပြီး ကောင်းကင်ဝိညာဉ်နတ်ဘုရားပါ ရှိနေသဖြင့် ဤကမ္ဘာက ဘေးဒုက္ခကြီး တစ်ခုနှင့် ရင်ဆိုင်ရရန် မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။

လက်ရှိတွင် ကောင်းကင်ဝိညာဉ် မဟာကမ္ဘာက ကုအန်၏ အကာအကွယ်ကို မလိုအပ်ချေ။

မှောင်ခိုထဲတွင် ပုန်းကွယ်နေသော ဆန်းကြယ်ကြယ်တာရာ အမတအရှင်ကလည်း ဤနယ်မြေကို ကာကွယ်ရန် နည်းလမ်းများကို ကြံဆပေးလိမ့်မည် ဖြစ်၏။

နွေဦးလေညင်း တစ်ချက် တိုက်ခတ်သွားပြီး အန်ရှင်း၏ ခေါင်းပေါ်သို့ နုပျိုသော သစ်ရွက်စိမ်းလေး တစ်ရွက် လွင့်ကျလာစဉ် သူမက မျက်လုံးများကို ဖွင့်၍ တွေးတောနေကာ သူမ၏ သူငယ်အိမ်များက ထူးဆန်းသော အလင်းတန်း တစ်ခုဖြင့် တလက်လက် တောက်ပနေ၏။

အချိန်တွေ ကုန်ဆုံးသွားမှုက သူမ၏ မျက်လုံးများထဲတွင် မည်သည့် အမှတ်အသားမျှ မချန်ထားခဲ့ချေ။

ပင်လယ်များက ပိုးစာခင်းများ အဖြစ်သို့ ပြောင်းလဲသွားပြီး ကြယ်တာရာများက ရွေ့လျားသွားခဲ့ပြီ ဖြစ်သည်။

နောက်ထပ် နှစ်ပေါင်း သောင်းချီ ကုန်ဆုံးသွား၏။

ယခုနှစ် နှစ်သစ်ကူး အပြီးတွင်လည်း အန်ရှင်းက တောင်ခါးပန်း၌ နေထိုင်ကာ အမတဧကရာဇ် မျက်လုံးကို ကျင့်ကြံနေဆဲ ဖြစ်သည်။

သူမ၏ ကျင့်ကြံခြင်း အဆင့်က ပူပင်မဲ့အမတ အဆင့်တွင်သာ ရှိနေဆဲ ဖြစ်၏။ သက်တမ်းတာအိုနယ်မြေ အတွင်းမှ မည်သူမျှ ဤအဓိက အဆင့်ကြီးကို မကျော်ဖြတ်နိုင်ကြသေးသော်လည်း ပူပင်မဲ့အမတ အဆင့်သို့ ရောက်ရှိလာသည့် တပည့် အရေအတွက်ကတော့ တိုးပွားလာနေပေသည်။

ထျန်ဟောင် အတွက်ကမူ သူက အမြဲတမ်း အတွေ့အကြုံရှာ ခရီးထွက်နေတတ်သဖြင့် နယ်မြေ အတွင်းရှိ သူများထဲတွင် ထည့်သွင်း ရေတွက်ခြင်း မခံရချေ။

နှစ်ပေါင်း တစ်သောင်းတိတိ ပြင်းပြင်းထန်ထန် လေ့လာရှာဖွေပြီးနောက်တွင် အန်ရှင်းက အမတဧကရာဇ် မျက်လုံးနှင့် ပတ်သက်၍ သူမ၏ ကိုယ်ပိုင် နားလည်သဘောပေါက်မှုကို နောက်ဆုံးတွင် ပျိုးထောင်နိုင်ခဲ့၏။

ကပ်ဘေး အန္တိမမျက်လုံး အတွင်းရှိ သူမ၏ စွမ်းရည်မှာ နတ်ဘုရား စွမ်းရည် တစ်ခု သက်သက် မဟုတ်ဘဲ သူမ၏ သွေးဆက်ကို ပြောင်းလဲပေးသည့် လျှို့ဝှက်နည်းစနစ် တစ်ခုနှင့် ပိုတူနေကြောင်း သူမ တွေ့ရှိခဲ့ရပြီး ၎င်းက သူမကို ဤနတ်ဘုရား ကျင့်စဉ်အပေါ် ပို၍ မျှော်လင့်ချက် ကြီးမားလာစေခဲ့သည်။ ဤနှစ်များ အတွင်း သူမက အပြင်ထွက်ခြင်းများကို လျှော့ချခဲ့ပြီး သူမ၏ အချိန် အများစုကို ကျင့်ကြံခြင်းတွင်သာ မြှုပ်နှံထားခဲ့၏။

ဆရာဖြစ်သူက သူမသာ ၎င်းကို ကျွမ်းကျင်သွားပါက ထျန်ဟောင်ကို အမီလိုက်နိုင်မည် ဖြစ်ပြီး သူ့ကိုပင် ကျော်တက်သွားနိုင်သည်ဟု ပြောခဲ့ဖူးသည်။

ဤစကားက မှန်ကန်ပေသည်။ အမတဧကရာဇ် မျက်လုံးတွင် ကောင်းကင်နန်းတော်မှ အမတနတ်ဘုရားများကို စိန်ခေါ်နိုင်စွမ်း ရှိသည်ဟု ကုအန်က အမှန်တကယ်ပင် ယုံကြည်ထား၏။

အမတဧကရာဇ် မျက်လုံးသာ အပြည့်အဝ တိုးတက်လာပါက ကောင်းကင်နန်းတော်က သေချာပေါက် သတိပြုမိလာမည် ဖြစ်ကြောင်း ဆန်းကြယ် မိစ္ဆာဧကရာဇ်က တစ်ခါက ပြောဖူးပြီး ၎င်းက ထိုစွမ်းအားအပေါ် သူတို့၏ ကြောက်ရွံ့မှုကို ပြသနေခြင်း ဖြစ်သည်။

အမှန်တကယ်ပင် အမတဧကရာဇ် မျက်လုံးက ကြောက်မက်ဖွယ် ကောင်းလှ၏။ မည်သည့်အရာကိုမဆို ပြောင်းပြန်လှန်ပစ်နိုင်စွမ်း ရှိသည့် အမတဧကရာဇ် မျက်လုံး နတ်ဘုရား စွမ်းရည်ကို အန်ရှင်း အသုံးပြုလာမည့် အချိန်ကို ကုအန် မျှော်လင့်နေပေသည်။

အမတဧကရာဇ် မျက်လုံးက အစွမ်းထက်လှသော်လည်း လူတိုင်းနှင့် မသင့်တော်ချေ။ လုရှန်နှင့် ချန်ချွမ်းတို့ကဲ့သို့ လူများသာ ၎င်းကို ကျင့်ကြံရန် ကြိုးစားပါက သူတို့၏ ကျင့်ကြံခြင်းကို အဟန့်အတား ဖြစ်သွားစေနိုင်ပေသည်။

အန်ရှင်းက စံကျောင်း အတွင်း၌ အကောင်းဆုံးသော ဉာဏ်ပွင့်နိုင်စွမ်း ရှိသော်လည်း အမတဧကရာဇ် မျက်လုံးကို နှစ်ပေါင်း တစ်သောင်းကြာ ကျင့်ကြံပြီးနောက်တွင် သူမက ၎င်း၏ အနှစ်သာရ တစ်စိတ်တစ်ပိုင်းကိုသာ ဆုပ်ကိုင်နိုင်ခဲ့ရာ ၎င်းကို ကျွမ်းကျင်ပိုင်နိုင်ရန် မည်မျှ ခက်ခဲကြောင်း ပြသနေ၏။

"စီနီယာအစ်မ"

ကောင်းကင်ယံ တစ်ခွင်၌ မိုးခြိမ်းသံကဲ့သို့ အသံကြီး တစ်သံ ထွက်ပေါ်လာပြီး တောအုပ်ထဲရှိ ငှက်များကို လန့်ဖြတ်သွားစေကာ အန်ရှင်း၏ အာရုံစိုက်မှုကို ရယူသွား၏။

ဤမျှလောက် ကျယ်လောင်သော အသံဖြင့် ဆိုလျှင် ထျန်ဟောင်သာ ဖြစ်ရပေမည်။

ထျန်ဟောင်က အတွေ့အကြုံရှာ ခရီးများမှ ပြန်လာတိုင်း နယ်မြေ သို့ လာရောက်လေ့ရှိပြီး လူတိုင်းအတွက် လက်ဆောင်များ ယူဆောင်လာတတ်သည်။ သူ၏ အောင်မြင်မှုများက မည်မျှပင် ကြီးမားနေပါစေ စီနီယာအစ်မ အန်ရှင်း အပေါ် သူ၏ ရိုသေလေးစားမှုကို ထိန်းသိမ်းထားခဲ့၏။

အမှန်တကယ်ပင် ကုအန်က သူ၏ တပည့် အန်ရှင်းကို အနှစ်သက်ဆုံး ဖြစ်ကြောင်း လူတိုင်း သိကြပြီး သူမကလည်း တာဝန်ကျေပွန်ကာ သက်တမ်းတာအိုနယ်မြေမှ အတူတူ ကျင့်ကြံနေကြသူများ သူတို့၏ ဆန္ဒများကို ပြည့်ဝလာစေရန် မကြာခဏ ကူညီပေးလေ့ ရှိပေသည်။

ထျန်ဟောင်က အန်ရှင်း၏ ရှေ့သို့ လျင်မြန်စွာ ဆင်းသက်လာပြီး အရိုအသေပေးရန် လက်ကို မြှောက်လိုက်၏။

နှစ်ပေါင်းများစွာ ကွဲကွာနေပြီးနောက် သူ၏ အရှိန်အဝါက ပို၍ပင် အားကောင်းလာခဲ့သည်။

အန်ရှင်းက သူ့ကို ခေါင်းညိတ်ပြလိုက်ပြီး မေးလိုက်၏။ "မင်းကျင့်ကြံခြင်း အဆင့်မှာ တိုးတက်မှုတွေ ရှိလာပြီလား..."

ထျန်ဟောင်က ပြုံး၍ ပြောလိုက်သည်။ "ကျွန်တော် တာအိုဆန်းကြယ်အမတအဆင့်ကို အခုလေးတင် အဆင့်ချိုးဖျက်နိုင်ခဲ့တာ"

အန်ရှင်း တစ်ယောက် တိတ်ဆိတ်သွား၏။

သူတို့က ပူပင်မဲ့အမတ အဆင့်တွင် တစ်ဆို့နေကြပြီး နှစ်ပေါင်း တစ်သောင်း အတွင်း အဆင့်ချိုးဖျက်မှုများက ရှားပါးလှသော်လည်း ထျန်ဟောင်ကမူ သူ၏ ကျင့်ကြံခြင်းရှိ အတားအဆီးများကို ခံစားနေရသကဲ့သို့ ဖြစ်နေပြီး လျင်မြန်စွာ ဆက်လက် တက်လှမ်းနေပေသည်။

တာအိုဆန်းကြယ်အမတ...

သူမနှင့် ထျန်ဟောင် ကြားရှိ ကွာဟချက်က ပိုမို ကြီးမားလာသည်ကို အန်ရှင်း ခံစားလိုက်ရ၏။

သူမက ကိုယ့်ကိုယ်ကိုယ် သံသယ မဝင်ဘဲ မနေနိုင်တော့ချေ။ သူမ ဤနတ်ဘုရား ကျင့်စဉ်ကို ကျွမ်းကျင်သွားလျှင်တောင် ထျန်ဟောင်နှင့် တန်းတူ ရပ်တည်နိုင်ပါ့မလား။

ဤသို့သော တွေဝေမှုများက တစ်ခဏ အတွင်း ပျောက်ကွယ်သွားပြီး ဆရာဖြစ်သူကို ယုံကြည်ရန် သူမ ဆုံးဖြတ်လိုက်၏။ အဘယ်ကြောင့်ဆိုသော် ဆရာသာ မရှိလျှင် သူမ ယနေ့ ဤနေရာတွင် ရှိနေမည် မဟုတ်ချေ။

ဆရာဖြစ်သူက သူမကို လှည့်စားရန် အကြောင်းပြချက် မရှိပေ။

"မကြာသေးခင် နှစ်တွေမှာ မင်း ဘယ်လို နေခဲ့လဲ..." အန်ရှင်းက သူမ၏ စိတ်နေစိတ်ထားကို ချိန်ညှိလိုက်ပြီး စိုးရိမ်တကြီး မေးလိုက်၏။

ထျန်ဟောင်က သူမကို စီနီယာအစ်မဟု ခေါ်သော်လည်း သူမ၏ မျက်လုံးထဲတွင်တော့ သူက ကလေး တစ်ယောက်သာ ဖြစ်နေခဲ့သည်။

ထျန်ဟောင်နှင့် အန်ရှန်ထျန့်တို့ကလည်း ကိုယ့်ကိုယ်ကိုယ် တပည့်များအဖြစ် အမှန်တကယ် မသတ်မှတ်ထားကြချေ။ အန်ရှင်းအပေါ် သူတို့၏ စိတ်နေသဘောထားမှာ အစ်မကြီး တစ်ယောက်အပေါ် ထားရှိသည့် ညီငယ်များကဲ့သို့ပင် ဖြစ်၏။

အန်ရှင်း၏ မေးမြန်းမှုကို ကြားသောအခါ ထျန်ဟောင်က ဝမ်းသာသွားပြီး ဤနှစ်များ အတွင်း သူ၏ အတွေ့အကြုံများကို စတင် မျှဝေလိုက်သည်။

သူက နေရာများစွာသို့ သွားရောက်ခဲ့ပြီး ချမ့်ခွန်းဂိုဏ်း၏ နာမည်ဂုဏ်သတင်းကို အဝေးထိ ပျံ့နှံ့သွားစေခဲ့သည်။ သူ၏ စွမ်းအားဖြင့် ချမ့်ခွန်းဂိုဏ်းမှာ ကမ္ဘာကျော် ဂိုဏ်းတစ်ဂိုဏ်း ဖြစ်လာခဲ့ပြီး ဂိုဏ်းအတွက် အကျိုးကျေးဇူး များစွာကို ယူဆောင်လာပေးခဲ့၏။

ထျန်ဟောင်က ရေတွက်၍ မရနိုင်သော ပါရမီရှင်များနှင့် အင်အားကြီးသူများကို အနိုင်ယူခဲ့သော်လည်း ယင်ယန် အမတနယ်မြေတွင် ကြုံတွေ့ခဲ့ရသော လျှို့ဝှက်ဆန်းကြယ်သည့် ပါရမီရှင်ကို သူ ရှင်းလင်းစွာ မှတ်မိနေဆဲ ဖြစ်သည်။

"အဲဒီလူက ကျွန်တော် အစွမ်းကုန် ထုတ်သုံးတာတောင် အနိုင်မယူနိုင်ခဲ့တဲ့ တစ်ဦးတည်းသော သူပဲ... သူ့ကို ထပ်ပြီး တိုက်ချင်သေးတယ်..." ထျန်ဟောင်က ရိုးသားစွာ မှတ်ချက်ချလိုက်၏။

အန်ရှင်း၏ မျက်နှာ အမူအရာက ထူးဆန်းသွားသည်။

အဆင့်တူ ကျင့်ကြံသူ တစ်ယောက်က ထျန်ဟောင်ကို ဖိနှိပ်ထားနိုင်ခဲ့တယ်ပေါ့။

သူမ ယုံပင် မယုံနိုင်ချေ။ ဆရာဖြစ်သူက ထျန်ဟောင်ကို ကစားရန်၊ ဤလူငယ်လေး မာနကြီး မလာစေရန် တားဆီးဖို့ ရုပ်ဖျက်ထားခြင်းများ ဖြစ်နေမလား။

သူမ ပိုတွေးမိလေလေ ပိုဖြစ်နိုင်ခြေ ရှိလေလေ ဖြစ်၏။ ထိုသို့သော ပြိုင်ဘက်က ထျန်ဟောင်ကို ဒဏ်ရာလည်း မပေးခဲ့သလို နာမည်လည်း မချန်ရစ်ခဲ့ဘဲ အရာအားလုံးက အလွန် တိုက်ဆိုင်ကာ အလွန် လျှို့ဝှက်ဆန်းကြယ်နေပေသည်။

ဤသည်က အမှန်တကယ်ပင် သူမ ဆရာ လုပ်မည့် အလုပ်မျိုးနှင့် တူနေ၏။

သူမက သူမ၏ ခန့်မှန်းချက်ကို ထုတ်မပြောဘဲ ပြုံး၍ ပြောလိုက်သည်။ "ပြိုင်ဘက် တစ်ယောက် ရှိနေတာက ကောင်းတဲ့ အရာပဲ... သူက မင်းအတွက် အမြဲတမ်း စိတ်ခွန်အား ဖြစ်နေခဲ့တာပဲ... စောစောဖြစ်ဖြစ်၊ နောက်ကျမှဖြစ်ဖြစ် မင်းတို့ ပြန်ဆုံတွေ့ကြမှာပါ... မင်း လုပ်ဖို့ လိုတာက အဲဒီမတိုင်ခင်အထိ မင်းရဲ့ ကျင့်ကြံခြင်း စိတ်သဘောထားကို ထိန်းသိမ်းထားပြီး နောင်တရစရာ အကြောင်းပြချက်တွေ မပေးမိဖို့ပဲ..."

ထျန်ဟောင်က ခေါင်းညိတ်လိုက်ပြီးနောက် ပြုံး၍ ပြောလိုက်၏။ "အစ်မတို့လည်း အပြင်ထွက်ပြီး လက်ထဲက တာအိုရတနာတွေကို သုံးမယ်ဆိုရင် သေချာပေါက် နာမည်ကြီးလာနိုင်မှာပဲနော်"

သူက အမြဲတမ်း ကိစ္စတစ်ခုနှင့် ပတ်သက်၍ တွေဝေနေခဲ့၏။ ဆရာက ဘာကြောင့် သူ့တစ်ယောက်တည်းကိုသာ အတွေ့အကြုံရှာရန် အပြင်ထွက်ခွင့် ပြုထားရသနည်း။

ချန်ချွမ်နှင့် အန်ရှန်ထျန့်တို့က သူတို့၏ အားကျမှုများကို တိတ်တဆိတ် ထုတ်ဖော် ပြောဆိုခဲ့သည်မှာ တစ်ကြိမ်ထက်မက ရှိပြီ ဖြစ်သည်။

အန်ရှင်းက ခေါင်းယမ်း၍ ပြောလိုက်သည်။ "ငါတို့ အပြင်မထွက်ပါဘူး... ငါတို့က ဆရာ့ကို အမြဲတမ်း အဖော်ပြုပေးနေမှာ"

အဖော်ပြုပေးမယ် ဟုတ်လား။

ထျန်ဟောင်က ပို၍ပင် တွေဝေသွား၏။ ဆရာကလည်း မကြာခဏ အပြင်ထွက်တတ်သည် မဟုတ်ပါလား။

သူက ဆရာ့အကြောင်းကို ဆွေးနွေးရန် မရဲသဖြင့် အကြောင်းအရာကို လျင်မြန်စွာ ပြောင်းလိုက်သည်။

သူတို့ နှစ်ယောက်က ခဏကြာအောင် ဆက်ပြောပြီးနောက် ထျန်ဟောင်က ပြင်ဆင်ထားသော လက်ဆောင်ကို ထုတ်ပေးကာ နှုတ်ဆက် ထွက်ခွာသွား၏။

အန်ရှင်းက ထျန်ဟောင် ပေးသွားသော ကျောက်စိမ်း ဆံထိုးလေးကို ဆော့ကစားရင်း သူ ထွက်ခွာသွားသော ပုံရိပ်ကို မျက်လုံး မှေး၍ ကြည့်လိုက်သည်။

ဟင်...

အန်ရှင်း တစ်ယောက် ရင်ထဲတွင် အံ့အားသင့်သွား၏။ သူမက ထျန်ဟောင်၏ ပတ်လည်တွင် ထူးဆန်းသော ကံကြမ္မာ တစ်ခုကို မြင်တွေ့လိုက်ရပြီး ၎င်းက သူ့ကို နဂါးတစ်ကောင်ကဲ့သို့ ရစ်ပတ်ထားကာ ပူပြင်းသော အလင်းတန်းများ ဖြာထွက်နေပေသည်။

အဲဒီ ကံကြမ္မာက ဘာလဲ။

အန်ရှင်းက စူးစမ်းလိုစိတ်ဖြင့် တွေးတောလိုက်၏။

ထို့နောက် သူမ၏ မျက်နှာပေါ်တွင် ဝမ်းသာမှုများ ပေါ်လာပြီး သူမ၏ မျက်လုံးများကို ထိရန် လက်ကို မြှောက်လိုက်ကာ ၎င်းတို့ အတွင်းမှ ဆန်းကြယ်သော စွမ်းအားတစ်ခု ဆူပွက်လာသည်ကို ခံစားလိုက်ရသည်။

အခန်း ၆၄၂ ဟုန်မုန့် မဟာကမ္ဘာ

ထျန်ဟောင်နှင့် ပြန်လည် ဆုံတွေ့ပြီးနောက် အန်ရှင်းက မျှော်လင့်မထားဘဲ အမတဧကရာဇ် မျက်လုံး၏ စွမ်းအားကို ခံစားလိုက်ရ၏။ သူမက မျက်လုံးများကို မှိတ်ကာ သိမြင်နားလည်မှု အတွင်းသို့ နက်ရှိုင်းစွာ နစ်ဝင်သွား၏။

အဝေးရှိ ချမ့်ခွန်းဂိုဏ်း အတွင်း၌ အရက်သောက်နေသော ကုအန်ကလည်း ဤဖြစ်ရပ်ကို ခံစားမိသွားသည်။

အမတဧကရာဇ် မျက်လုံးများကြားရှိ အာရုံခံစားနိုင်စွမ်းက အလွန်တရာ ထက်မြက်လှပြီး သူက စိတ်အေးသွားသကဲ့သို့ စူးစမ်းလိုစိတ်လည်း ဖြစ်ပေါ်လာ၏။

မူလဘူတ အမတနတ်ဘုရားတွေရဲ့ ကံကြမ္မာက အမတဧကရာဇ် မျက်လုံးကို လှုံ့ဆော်ပေးလိုက်တာများလား...

နေဦး...

အမတဧကရာဇ် မျက်လုံးက မူလဘူတ အမတနတ်ဘုရားတွေဆီ သွားတဲ့ လမ်းကြောင်းများ ဖြစ်နေမလား...

ဒါက ကောင်းကင်နန်းတော်က အမတဧကရာဇ် မျက်လုံးကို ကြောက်ရွံ့ရတဲ့ အကြောင်းရင်းများ ဖြစ်နေမလား...

ကုအန်က ဤသို့ ခန့်မှန်းမိသော်လည်း သူ သေချာ မသိနိုင်သေးချေ။ မည်သို့ပင်ဆိုစေကာမူ သူက ကောင်းကင်နန်းတော်ကို မမြင်ဖူးသေးပေ။

"ညီအစ်ကိုကု... ဘာတွေ တွေးနေတာလဲ... ဘာလို့ အရက် မသောက်တာလဲ..."

ကုအန်၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ကျင့်ကြံသူက ပြုံး၍ မေးလိုက်၏။ သူက ပြီးခဲ့သည့် နှစ်များအတွင်း ချမ်ခွန်းဂိုဏ်းတွင် ကုအန် ရရှိခဲ့သော မိတ်ဆွေကောင်း တစ်ဦး ဖြစ်ပြီး ကွမ်ချိုး ဟု အမည်ရသည်။

သူတို့ နှစ်ယောက်က သောက်ဖော်သောက်ဖက် မိတ်ဆွေများသာ ဖြစ်ပြီး တစ်ယောက်၏ ကျင့်ကြံခြင်း တိုးတက်မှုကို အခြား တစ်ယောက်က ဂရုစိုက်လေ့ မရှိကြချေ။ သူတို့ တွေ့ဆုံကြလျှင် အရက်နှင့် အသားကိုသာ မြည်းစမ်းကြပြီး ဘဝ၏ သာယာမှုများ အကြောင်းကိုသာ စကားစမြည် ပြောဆိုလေ့ ရှိကြ၏။

ကွမ်ချိုး၏ ရုပ်ရည်က မချောမောသော်လည်း သူ၏ ရွှင်လန်းသော ကိုယ်ရည်ကိုယ်သွေးနှင့် တောက်ပသော အပြုံးတို့ ပေါင်းစပ်သွားသောအခါ အခြားသူများနှင့် အလွယ်တကူ ရင်းနှီးသွားစေနိုင်သည်။

ကုအန်က အပြုံးတစ်ခု ပြသလိုက်ပြီး ပြောလိုက်သည်။ "မင်း ပြောခဲ့တဲ့ ဖျော်ဖြေရေးမယ်လေးတွေ မြို့ထဲ ဘယ်တော့ ရောက်လာမလဲ ဆိုတာကို တွေးနေတာပါ..."

ကွမ်ချိုးက ရယ်မောလိုက်ပြီး သဘောကျစွာဖြင့် ခေါင်းယမ်းလိုက်၏။ "ဒီနေရာက ချမ်ခွန်းဂိုဏ်းလေ... ဒီလို ကခုန် ဖျော်ဖြေတဲ့ နေရာမျိုး ဘယ်ရှိပါ့မလဲ... မင်း စိတ်ဝင်စားရင် နောက်ကျရင် ငါ မင့်ကို အင်ပါယာ မြို့တော်ဆီ ခေါ်သွားပေးမယ်... အဲဒီမှာက လူသားကမ္ဘာက မှူးမတ်တွေ ဘယ်လို ကောင်းကောင်း ပျော်ပါးရမလဲ ဆိုတာကို သိကြတယ်..."

သူတို့ နှစ်ယောက်က ဤအကြောင်းအရာနှင့် ပတ်သက်၍ အချိန်အတော်ကြာအောင် စကားစမြည် ပြောဆိုနေကြ၏။

နောက်ဆုံးတွင် ကွမ်ချိုးက အရင်ဆုံး မတ်တတ်ရပ်၍ နှုတ်ဆက်လိုက်ပြီး ညည်းတွားလိုက်သည်။ "ငါ နောက်ထပ် တာဝန်တစ်ခု ထွက်လုပ်ရဦးမယ်... ဆင်းရဲဒုက္ခတွေကို ကယ်တင်ပေးရဦးမယ်... ငါ ပြန်လာဖို့ နှစ်နဲ့ချီ ကြာလိမ့်မယ်လို့ ထင်တယ်"

သူက ချမ့်ခွန်းဂိုဏ်း၏ သာမန် အောက်ခြေ တပည့်တစ်ဦးသာ ဖြစ်သဖြင့် သူ့အတွက် နှစ်အနည်းငယ် ဆိုသည်မှာ အတော်လေး ရှည်လျားလှပေသည်။

ကုအန်က သူ့ကို ကောင်းချီးပေးလိုက်ပြီးနောက် သူ ထွက်ခွာသွားသည်ကို ကြည့်နေလိုက်၏။

ကွမ်ချိုး ထွက်သွားသောအခါ ကုအန်က တစ်ယောက်တည်း အရက်သောက်ရင်း သူ၏ အကြည့်များက ပြတင်းပေါက်မှတစ်ဆင့် လမ်းပေါ်ရှိ မြင်ကွင်းများကို ငေးကြည့်နေခဲ့သည်။

ချမ်ခွန်းဂိုဏ်း ကဲ့သို့သော ဂိုဏ်းကြီး တစ်ခု အတွင်း၌ပင် အဆင့်စုံမှ ကျင့်ကြံသူများက သူတို့၏ ကိုယ်ပိုင် ကံကြမ္မာအတွက် ကြိုးစား ရုန်းကန်နေကြရ၏။

အရက်သောက်နေစဉ် ကွမ်ချိုး တစ်ယောက် သူ၏ ခရီးစဉ်တွင် အခက်အခဲများနှင့် ကြုံတွေ့ရမည် ဖြစ်ပြီး မိစ္ဆာကျင့်ကြံသူများ၏ ညှဉ်းပန်းနှိပ်စက်မှုကို ခံရကာ သေချင်စိတ် ပေါက်သွားသည် အထိ ဖြစ်သွားမည်ကို ကုအန် ကြိုတင် မြင်တွေ့ခဲ့ပြီး ဖြစ်သော်လည်း သူက ဝင်ရောက် စွက်ဖက်ခဲ့ခြင်း မရှိချေ။

ကွမ်ချိုးက သူ၏ ဘဝတွင် အဆိုးရွားဆုံး စိတ်ပျက်အားငယ်ရသည့် အချိန်၌ ရွှေရောင်အထွတ်အထိပ် နတ်ဘုရားနှင့် ဆုံတွေ့ရမည် ဖြစ်ပြီး ၎င်းက အချိုးအကွေ့ တစ်ခု ဖြစ်လာပေမည်။

ချမ်ခွန်းဂိုဏ်းတွင် ကုအန် ရရှိခဲ့သော သောက်ဖော်သောက်ဖက် မိတ်ဆွေများမှာ တစ်သောင်းကျော်နေပြီ ဖြစ်သည်။ များစွာသော သူများက ဝင်စားခြင်း လမ်းစဉ်ထဲ ဝင်ရောက်သွားကြပြီး အချို့က သူ့ကို မေ့ပျောက်သွားကြ၏။ ဤမိတ်ဆွေများထဲတွင် ကွမ်ချိုးမှာ အလွန် သာမန် ဖြစ်သော်လည်း ရွှေရောင်အထွတ်အထိပ် နတ်ဘုရား ရောက်ရှိလာမှုကြောင့် သူက ထူးကဲသော ဒဏ္ဍာရီလာ လမ်းစဉ် တစ်ခုဆီသို့ လျှောက်လှမ်းရမည် ဖြစ်သည်။

"ညီအစ်ကိုကွမ်... ရှေ့ဆက်ရမယ့်လမ်းက အန္တရာယ် များပေမဲ့ ညအချိန်ကတော့ အမြဲတမ်း ကုန်လွန်သွားမှာပါ..."

ကုအန်က အရက်ပန်းကန်လုံးကို ကောက်ကိုင်လိုက်ပြီး သူ့ဘာသာ ရေရွတ်လိုက်ကာ အဆောက်အအုံ အောက်သို့ ပက်ချလိုက်၏။

ဤလုပ်ရပ်က သူတို့၏ အကြောင်းအကျိုး ဆက်စပ်မှု ပြီးဆုံးသွားခြင်းကို ကိုယ်စားပြုပေသည်။

ကုအန်က ဆက်ဆံရေးကို တမင်တကာ ဖြတ်တောက်ချင်၍ မဟုတ်ချေ။ ယင်းအစား ကွမ်ချိုးက သူ၏ သောက်ဖော်သောက်ဖက် ဆက်ဖြစ်နေတော့မည် မဟုတ်သလို လက်ရှိ တောက်ပသော အပြုံးကိုလည်း ထိန်းသိမ်းထားနိုင်တော့မည် မဟုတ်သောကြောင့် ဖြစ်၏။

"ဘယ်သူလဲ... ဘာလို့ အောက်ကို အရက်တွေ ပက်ချနေတာလဲ..."

လှပသော အမျိုးသမီး တပည့် တစ်ဦးက သူမ၏ ခေါင်းကို ကာကွယ်ရင်း ဒေါသတကြီး အော်ဟစ်လိုက်ပြီး အပေါ်သို့ မော့ကြည့်လိုက်သော်လည်း ကုအန်၏ ပုံရိပ်ကို မမြင်ရတော့ချေ။

လမ်းပေါ်တွင် ဖြတ်သန်းသွားလာနေသော ကျင့်ကြံသူများက သူမကို တစ်ချက် ကြည့်လိုက်ကြသော်လည်း မည်သူကမျှ လာရောက် စကားပြောခြင်း မရှိကြပေ။

အခြား တစ်နေရာတွင် ကုအန်က တောအုပ်ထဲတွင် လမ်းလျှောက်ရင်း သီချင်းတစ်ပုဒ်ကို ညည်းတွားနေကာ လမ်းလျှောက်နေရင်းနှင့်ပင် သူ၏ သက်တမ်း အဆင့်ချိုးဖျက်ခြင်းကို စတင်လိုက်၏။

အဆင့်ချိုးဖျက်ရမည့် အချိန် ရောက်လာပြီ ဖြစ်သည်။

ထိုအတွေး အဆုံးတွင် သူ၏ မျက်စိရှေ့၌ အသိပေးချက်များ ဆက်တိုက် ထွက်ပေါ်လာ၏။

[သင်သည် သက်တမ်း အဆင့်ချိုးဖျက်ခြင်း လုပ်ဆောင်ချက်ကို စတင်လိုက်ပါပြီ... သင့်လက်ရှိ အဆင့်အပေါ် အခြေခံ၍ အောက်ပါ အဆင့်ချိုးဖျက်ရမည့် နေရာများကို သင့်အတွက် ရွေးချယ်ပေးထားပါသည်]

[၁။ မဟာတာအို လမ်းစဉ်]

[၂။ ကျဆုံးနတ်ဘုရားနယ်မြေ]

[၃။ ချောက်နက် တာအိုပင်လယ်]

[၄။ ကောင်းကင်အထွတ်အထိပ် ဘုံကိုးဆင့်]

[၅။ တာအိုအရင်းအမြစ် ဘိုးဘေးသစ်ပင်]

[၆။ လင်တောင်]

[၇။ ထိုက်ချင်း နက်ရှိုင်းသောနယ်မြေ]

[၈။ မြူခိုး အမတနန်းတော်]

[၉။ ဟုန်မုန့် မဟာကမ္ဘာ]

နေရာအမည် အများစုက ယခင်က ပေါ်လာဖူးပြီး ဖြစ်သည်။ မျှော်လင့်ချက်မဲ့ ကောင်းကင်သင်္ချိုင်း ပါမလာခြင်းက ကောင်းမွန်သောအရာ ဖြစ်ပြီး အနည်းဆုံးတော့ ကုအန် အနေဖြင့် အပြစ်များထဲတွင် ထပ်မံ ရှုပ်ထွေးနေရတော့မည် မဟုတ်ချေ။

လင်တောင် နှင့် မြူခိုး အမတနန်းတော်တို့ကို ကြည့်ရင်း ကုအန်က အနည်းငယ် တွေဝေသွား၏။

သူက ယုံရှန်းဧကရာဇ် ကိုယ်စားပြုပြီး သူ့နေရာဟောင်းတွေကို ပြန်သွားသင့်သလား...

ထားလိုက်ပါတော့...

ကောင်းကင်ခိုးယူအမတဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်လာပြီးနောက် ယုံရှန်းဧကရာဇ်က ကောင်းကင်နန်းတော်၏ အာရုံစိုက်မှုကို ခံနေရလောက်ပြီ ဖြစ်ရာ စွန့်စားရသည်မှာ မတန်ချေ။

ကုအန်၏ အာရုံက ဟုန်မုန့် မဟာကမ္ဘာထံသို့ ရောက်ရှိသွား၏။

ဟုန်မုန့် ဟူသော စာလုံး နှစ်လုံးမှာ သိသာထင်ရှားစွာပင် မရိုးရှင်းချေ။

သူ၏ ယခင်ဘဝ ဟွာရှား ဒဏ္ဍာရီများတွင် ဟုန်မုန့်က ရှေးဟောင်းကာလကို ကိုယ်စားပြုပြီး အရာအားလုံး၏ အစမှတ်ကို ကိုယ်စားပြုပေသည်။

ဟုန်မုန့်သည် ဖရိုဖရဲနယ်မြေ မတိုင်မီကတည်းက တည်ရှိခဲ့သည် ဟူသော ဆိုရိုးစကားပင် ရှိသေး၏။

ဘာလို့ အဲဒီကို မသွားရမှာလဲ...

ကုအန်က တစ်ခဏမျှ တွေဝေသွားပြီးနောက် ဆုံးဖြတ်ချက် ချလိုက်သည်။

[ဟုန်မုန့် မဟာကမ္ဘာသို့ နေရာပြောင်းရွှေ့ရန် သက်တမ်း နှစ် ၁၀ ဘီလီယံ လိုအပ်ပါမည်... သင် ဆက်လက် လုပ်ဆောင်လိုပါသလား]

ယခု ကုအန်အတွက် သက်တမ်း နှစ် ၁၀ ဘီလီယံ ဆိုသည်မှာ ထည့်စဉ်းစားနေစရာပင် မလိုချေ။

သူက တုံ့ဆိုင်းနေခြင်း မရှိဘဲ သဘောတူလိုက်၏။

ချက်ချင်းပင် ရင်းနှီးနေသော မသက်မသာ ခံစားချက်ကြီး လိုက်ပါလာပြီး သူ့ကို မျက်လုံးများ မှိတ်သွားစေကာ အာရုံခံစားမှုများ ပျောက်ဆုံးသွားစေသည်။

အတန်ကြာပြီးနောက် သူ၏ အာရုံများ ပြန်လည် ရောက်ရှိလာပြီး သူက မျက်လုံးများကို ဖွင့်လိုက်၏။

သူ၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်မှာ ကျယ်ပြောပြီး အဆုံးအစမဲ့သော စကြဝဠာကြီး တစ်ခု ဖြစ်ကာ မှေးမှိန်သော ခရမ်းရောင် မြူခိုးများဖြင့် ပြည့်နှက်နေပြီး ကြယ်တာရာများ၊ တိုက်ကြီးများနှင့် အခြား မည်သည့်အရာနှင့်မျှ မတူသော ခမ်းနားလှသည့် ကြယ်တာရာ မြူတိမ်များကို သူ မြင်တွေ့နိုင်ပေသည်။

သူက သူ၏ သက်တမ်း အတားအဆီးကို ချက်ချင်း အသက်သွင်းလိုက်ပြီးနောက် ဟုန်မုန့် မဟာကမ္ဘာကို ဆက်လက် လေ့လာကြည့်ရှုလိုက်၏။

သက်တမ်း အတားအဆီးကို အသက်သွင်းပြီးသည်နှင့် သူ၏ စိတ်က လုံးဝ အေးချမ်းသွားခဲ့သည်။

တစ်ချက် ကြည့်လိုက်ရုံဖြင့် စကြဝဠာကြီးက အဆုံးအစမဲ့နေပုံ ရပြီး သူ့ကဲ့သို့သော ကောင်းကင်ဖွင့် တာလော့အမတ တစ်ပါးပင်လျှင် တစ်ချက်တည်းဖြင့် အဆုံးသတ်ကို မမြင်နိုင်ချေ။

ဤနေရာရှိ ကြယ်တာရာများနှင့် တိုက်ကြီးများက မည်သည့် သက်ရှိ လက္ခဏာမျှ မပြသဘဲ အရာအားလုံးက သေဆုံး တိတ်ဆိတ်နေပုံ ရ၏။

ဒါက လူသူကင်းမဲ့နေတဲ့ မဟာကမ္ဘာတစ်ခုများ ဖြစ်နေမလား...

ကုအန်က စူးစမ်းလိုစိတ်ဖြင့် တွေးတောလိုက်သော်လည်း စကြဝဠာထဲတွင် လွင့်မျောနေသော ဝိညာဉ်စွမ်းအင်များကို ခံစားမိသောအခါ ဤမျှလောက်သော ဝိညာဉ်စွမ်းအင်များဖြင့် သက်ရှိများ ရှင်သန် ကြီးထွားလာသင့်သည်ဟု သူ ယုံကြည်လိုက်သည်။

ဤနေရာရှိ တာအို နိယာမများက အလွန် ပြည့်စုံပြီး ပို၍ပင် ပေါကြွယ်ဝကာ သူ ရောက်ဖူးသမျှ ကမ္ဘာများ အားလုံးထဲတွင် တာအို နိယာမ အသိပ်သည်းဆုံး နေရာ ဖြစ်၏။

ဤသို့သော စကြဝဠာမျိုးတွင် မွေးဖွားလာပါက သတ္တဝါ တစ်ကောင်က ပထမဆုံးအကြိမ် ဝိညာဉ်သိဉာဏ်ကို ရရှိချိန်တွင် ၎င်း ပိုင်ဆိုင်ထားသော စွမ်းအားမှာ ကောင်းကင်ဝိညာဉ် မဟာကမ္ဘာရှိ သတ္တဝါများ အားလုံး သူတို့၏ တစ်သက်တာလုံးတွင် မရောက်ရှိနိုင်သော အမြင့်သို့ ရောက်ရှိနေမည် ဖြစ်သည်။

အချိန် အတော်ကြာအောင် စောင့်ကြည့်ပြီးနောက် မည်သည့် သက်ရှိကိုမျှ မမြင်ရသောအခါ သူက လက်လျှော့လိုက်ပြီး သူ၏ အချက်အလက် မျက်နှာပြင်ကို ခေါ်ထုတ်လိုက်၏။

[အမည် - ကုအန်]

[သက်တမ်း - ၈၂,၀၀၂ / ၂,၀၁၄,၀၀၀,၀၈၉,၁၃၇]

[ခန္ဓာကိုယ် - မူလဘူတပြန်လည်မွေးဖွားခြင်းအမတခန္ဓာ]

[ကျင့်ကြံခြင်းအဆင့် - ကောင်းကင်ဖွင့် တာလော့အမတအဆင့် အထွတ်အထိပ်]

...

မသိမသာဖြင့် သူက အသက် ၈၂၀၀၂ နှစ် အရွယ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

အတိတ်ကို ပြန်လည် တွေးတောမိသောအခါ သူက အနည်းငယ် စိတ်လှုပ်ရှားသွား၏။

အဓိပတိ ဂိုဏ်းမှ ထိုမိတ်ဆွေဟောင်းများက

သူ ယနေ့ ဤမျှလောက် ကျင့်ကြံခြင်း အမြင့်သို့ ရောက်ရှိလာမည်ကို စိတ်ကူးယဉ်ဖူးကြမည်လား။

သက်တမ်း နှစ်ထရီလီယံ ဆိုသည်မှာ အဆင့်ချိုးဖျက်ရန်အတွက် ကုအန်၏ ယုံကြည်မှုပင် ဖြစ်၏။

သူက သူ၏ ကျင့်ကြံခြင်းအဆင့် အတွင်းသို့ သက်တမ်းများကို ချက်ချင်း မြှုပ်နှံလိုက်ပြီး သက်တမ်း နှစ် ဆယ်ထရီလီယံဖြင့် စတင်လိုက်သည်။

[သင်သည် ချီစုပ်ယူခြင်း ကျင့်ကြံမှုကို နှစ် ၁ ဘီလီယံ ကြာ ကျင့်ကြံခဲ့ပါသည်။ သင်၏ တာအိုအုပ်စိုးသူ ကျင့်စဉ် ကြီးမားစွာ အောင်မြင်မှုက မြောင်ကျန်းတာလော့အမတအဆင့်ကို အတင်းအကြပ် ထိုးဖောက်လိုက်ပါသည်... ကပ်ဘေး ဖြတ်ကျော်ခြင်းကို စတင်နေပါသည်... သင်သည် ဥပဒေသမဲ့ လွတ်လပ်သော ဖန်ဆင်းခြင်း မဟာကောင်းကင်ကပ်ဘေးကို မခံနိုင်ခဲ့ပါ... ကပ်ဘေး ဖြတ်ကျော်ခြင်း ကျရှုံးပါသည်...]

[သင်သည် ချီစုပ်ယူခြင်း ကျင့်ကြံမှုကို ၂ ဘီလီယံ ကြာ ကျင့်ကြံခဲ့ပါသည်... သင်၏ တာအိုအုပ်စိုးသူ ကျင့်စဉ် ကြီးမားစွာ အောင်မြင်မှုက မြောင်ကျန်းတာလော့အမတအဆင့်ကို အတင်းအကြပ် ထိုးဖောက်လိုက်ပါသည်... ကပ်ဘေး ဖြတ်ကျော်ခြင်းကို စတင်နေပါသည်... သင်သည် ဥပဒေသမဲ့ လွတ်လပ်သော ဖန်ဆင်းခြင်း မဟာကောင်းကင်ကပ်ဘေးကို မခံနိုင်ခဲ့ပါ... ကပ်ဘေး ဖြတ်ကျော်ခြင်း ကျရှုံးပါသည်]

အသိပေးချက် တစ်ကြောင်းပြီး တစ်ကြောင်း ဆက်တိုက် ကျဆင်းလာ၏။

သက်တမ်း ၁၀ ဘီလီယံ က အဆင့်ချိုးဖျက်ရန် ဆယ်ကြိမ် ကြိုးစားမှုအတွက်သာ လုံလောက်ပြီး ပုံမှန်အတိုင်း ကျရှုံးမှုဖြင့်သာ အဆုံးသတ်သွားခဲ့သည်။

သက်တမ်းများက တဖြည်းဖြည်း ယုံကြည်ရမှု နည်းပါးလာသည်ဟု ကုအန်က ရင်ထဲတွင် ခံစားလိုက်ရသော်လည်း မြောင်ကျန်းတာလော့အမတ ဟူသော စာလုံးများကို ကြည့်ရင်း သူ၏ စိတ်နှလုံးက မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေ၏။

သူသာ အဆင့်ချိုးဖျက်မှုကို အောင်မြင်နိုင်သရွေ့ သက်တမ်း ဘယ်လောက် ကုန်သွားပါစေ တန်နေဦးမည်သာ ဖြစ်သည်။

သူက မြှုပ်နှံလိုက်သော သက်တမ်း နှစ် အရေအတွက်ကို ပြောင်းလဲလိုက်ပြီး သက်တမ်း နှစ် ၁ ဘီလီယံ ကို တစ်ထိုင်တည်း လောင်းထည့်လိုက်၏။

ဘယ်လောက်တောင် ရဲတင်းလိုက်တဲ့ လုပ်ရပ်လဲ...

သူ မအောင်မြင်သေးသော်လည်း ကုအန်က မြောင်ကျန်းတာလော့အမတ တစ်ပါး၏ စိတ်ဝိညာဉ်ကို ပိုင်ဆိုင်နေပြီ ဖြစ်သည်။ အနည်းဆုံးတော့ သူ၏ ရင်ထဲတွင် ထိုသို့ ခံစားနေရပေသည်။

All Chapters