← Chapters

အခန်း (၆၄၇-၆၄၈)

Vol. 53 Ch. 647-648

အခန်း (၆၄၇-၆၄၈)

Vol. 53 Ch. 647-648

အခန်း ၆၄၇ ကုအန်နှင့် လီရွှမ်တောက်

ပိန်ချုံးနေသော အမျိုးသား၏ ပုံမှန်မဟုတ်သည့် အခြေအနေကို ကြည့်ပြီးနောက် ရွှမ်မြှောင်၏ မျက်မှောင်များ ပိုမို တင်းကျပ်သွားပြီး ချက်ချင်း သတိထားလိုက်မိ၏။

ပိန်ချုံးနေသော အမျိုးသား၏ ကျင့်ကြံခြင်းအဆင့်က သူ့အတွက် ခြိမ်းခြောက်မှု မရှိသော်လည်း ထိုအမျိုးသား၏ ကျိန်စာများကို နားထောင်ရင်း သူ၏ ကျောရိုးတစ်လျှောက် ဖြတ်ပြေးသွားသော အအေးဓာတ်က ရှင်းပြ၍ မရနိုင်လောက်အောင် ဖြစ်နေသည်။

သွေးများ ပေကျံနေသော ပိန်ချုံးသည့် အမျိုးသား၏ မျက်နှာက ပြင်းထန်သော မျက်နှာထားတစ်ခုအဖြစ် ရှုံ့မဲ့သွားပြီး သူ၏ မျက်လုံးများက ခါးသီးသော နာကြည်းမှုများဖြင့် ပြည့်နှက်နေကာ ရွှမ်မြှောင်ကို စိုက်ကြည့်နေ၏။

အလျင်အမြန်ပင် ပိန်ချုံးနေသော အမျိုးသားက သွေးအိုင်တစ်ခုအဖြစ် ပျော်ကျသွားပြီး ညှီစော်နံသော ငွေ့တစ်ခုအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားကာ တွင်းတိမ်တိမ်လေး တစ်ခုကိုသာ ချန်ရစ်ထားခဲ့သည်။

ရွှမ်မြှောင်က ထိုတွင်းကို ကြည့်လိုက်ရာ သူ၏ မျက်မှောင်များက တင်းကျပ်စွာ ကုတ်နေပြီး သူ၏ မျက်လုံးများက တွေဝေမှုများဖြင့် ပြည့်နှက်နေကာ သူ၏ နှလုံးသားက မလုံခြုံမှုများဖြင့် လှုပ်ရှားနေ၏။

သူက ထိုထိုက်ရီ အမတအရှင်ကို အလွန် ကြောက်ရွံ့နေပြီး ထိုက်ရီ အမတအရှင်က ဆန်းကြယ်ကြယ်တာရာ အမတအရှင်ထက် ပို၍ ကြောက်မက်ဖွယ် ကောင်းသည်ဟု ခံစားနေရသည်။

ဆန်းကြယ်ကြယ်တာရာ အမတအရှင်က အများဆုံး သက်ရှိအားလုံးကို အရူးလုပ်ရုံသာ ရှိသော်လည်း ထိုက်ရီ အမတအရှင်ကမူ မည်သူ့ထံမှ ငြင်းဆန်မှုကိုမျှ သည်းခံမည် မဟုတ်ဘဲ သူ၏ ကိုယ်ပိုင် နောက်လိုက်များအပေါ်တွင်ပင် ရက်စက်ကြမ်းကြုတ်ပေလိမ့်မည်။

"တောင်စောင့်နတ်ဘုရား ပြောတာ မှန်နေလို့များလား... အမတနတ်ဘုရားတွေက သက်ရှိအားလုံးအပေါ် ကြင်နာဖို့ တာဝန်မရှိဘူးဆိုတာရယ်... သေမျိုးဝိညာဉ်တွေက အမတနတ်ဘုရားတွေ အကြောင်း စဉ်းစားတဲ့အခါ သူတို့ရဲ့ ကိုယ်ပိုင် အမြင်တွေကို ထည့်မတွက်သင့်ဘူးဆိုတာရယ်..."

ရွှမ်မြှောင်က မျက်မှောင်ကြုတ်၍ တွေးလိုက်၏။ ပိန်ချုံးနေသော အမျိုးသား၏ မျက်နှာကို ပြန်လည် အမှတ်ရရုံဖြင့် သူ၏ ကျောရိုးတစ်လျှောက် ကြက်သီးမွေးညင်းများ ထသွားစေသည်။

မဟာယာနအဆင့် ကျင့်ကြံသူ တစ်ဦးက မြေလျှောက်အမတ တစ်ပါးဖြစ်သည့် သူ့ကို ကျိန်စာတိုက်ရန် မည်သည့် အခွင့်အရေး ရှိမည်နည်း။

သို့သော် ထိုနက်နဲလှသော ထိုက်ရီ အမတအရှင် အကြောင်းကို တွေးလိုက်ရုံဖြင့် သူ၏ နှလုံးသားကို တည်ငြိမ်အောင် မလုပ်နိုင်တော့ချေ။

သူ၏ အာရုံကို လွှဲပြောင်းနိုင်ရန် မျှော်လင့်ချက်ဖြင့် ဥယျာဉ်ထဲရှိ ဆေးဘက်ဝင် အပင်များကိုသာ သူ အာရုံစိုက်နေနိုင်တော့သည်။

အဝေးမှ စစ်ပွဲက ရက်အတော်ကြာသည်အထိ မပြတ်တမ်း ဆက်လက် ဖြစ်ပွားနေခဲ့ပြီး နောက်ဆုံးတွင် မူလဘူတ လူသားမျိုးနွယ်မှ မိစ္ဆာဆိုးများကို နှင်ထုတ်နိုင်ခဲ့ကာ ထိုက်ချန်း အင်ပါယာက သူတို့၏ ကိုယ်ပိုင် နယ်မြေကို ပြန်လည် ကာကွယ်နိုင်ခဲ့၏။

နှစ်သောင်းပေါင်းများစွာ တိုင်အောင် ကုအန်၏ ကာကွယ်မှု မရှိဘဲ ထိုက်ချန်း အင်ပါယာက ကံဆိုးမှုများကို ကံကောင်းမှုအဖြစ် အမြဲတမ်း ပြောင်းလဲနိုင်ခဲ့ပြီး ၎င်း၏ အခြေခံက ပိုမို နက်ရှိုင်းလာခဲ့သည်။

ထိုက်ချန်း အင်ပါယာ၏ ဘေးဒုက္ခများ ပြီးဆုံးသွားသော်လည်း ရွှမ်မြှောင်၏ ဝေဒနာကသာ တိုးပွားလာခဲ့၏။

ကျိန်စာတိုက်ခံရပြီးကတည်းက သူ၏ ကျင့်ကြံအားထုတ်မှုက ပိုမို၍ ဂနာမငြိမ် ဖြစ်လာခဲ့ပြီး အထူးသဖြင့် ညဘက်များတွင် သူ၏ စိတ်စွမ်းအင်များက ထိန်းမနိုင်သိမ်းမရ ဖြစ်လာကာ သူ၏ ဆွေမျိုးများ၏ ကြောက်မက်ဖွယ်ကောင်းသော သေဆုံးမှုများကို ပုံဖော်ထားသည့် ပုံရိပ်ယောင်များစွာကို သူ စတင် မြင်တွေ့လာရသည်။

သူ့တွင်လည်း သူ၏ ကိုယ်ပိုင် မိသားစုနှင့် ဆွေမျိုးများ ရှိ၏။ ထိုက်ချန်း အင်ပါယာ၏ တော်ဝင်မိသားစု ဖြစ်သော လီမိသားစုကလည်း သူ၏ မျိုးဆက်ပင် ဖြစ်သည်။ လီရွှမ်တောက်၏ သေဆုံးမှု ကြောက်မက်ဖွယ် မြင်ကွင်းနှင့် ထိုက်ချန်း အင်ပါယာ၏ ကြီးမားသော ဖရိုဖရဲ အခြေအနေများကိုပင် သူ မြင်ယောင်လာခဲ့ရာ သူ၏ ထိတ်လန့်မှုကို ပိုမို မြင့်တက်လာစေခဲ့၏။

သူက တောင်စောင့်နတ်ဘုရား၏ ရောက်ရှိလာမှုကိုသာ စောင့်ဆိုင်းနိုင်တော့သည်။

ကုန်ဆုံးသွားသော နှစ်များတစ်လျှောက်လုံးတွင် သူက တစ်လလျှင် နှစ်ကြိမ်၊ သုံးကြိမ်ခန့် တောင်စောင့်နတ်ဘုရားနှင့် တွေ့ဆုံနိုင်ခဲ့၏။ ဤသည်က သူ၏ ယုံကြည်မှုပင် ဖြစ်၏။

တောင်စောင့်နတ်ဘုရားက ထိုထိုက်ရီ အမတအရှင်ဆိုသူထက် ပို၍ အစွမ်းထက်သည်ဟု သူ ခိုင်မာစွာ ယုံကြည်ထားသည်။

ကျိန်စာတိုက်ခံရပြီး သတ္တမမြောက်နေ့တွင် ကုအန်က နောက်ဆုံးတော့ ရောက်ရှိလာခဲ့၏။

နှစ်များတစ်လျှောက် ရွှမ်မြှောင်၏ ကျင့်ကြံခြင်းကို မကြာခဏ လမ်းညွှန်ပေးခဲ့သောလည်း ကုအန်က မျက်နှာဖုံးစွပ် ပုံရိပ်အသွင်ဖြင့်ပင် ပေါ်လာဆဲ ဖြစ်သည်။ ရွှမ်မြှောင်က သူသည် ဆရာသခင်ဓားအရှင် ဖြစ်ကြောင်း ခန့်မှန်းမိခဲ့သော်လည်း ရွှမ်မြှောင်နှင့် တွေ့ဆုံရာတွင် ဤအသွင်ကိုသာ သူ ပို၍ နှစ်သက်ဆဲ ဖြစ်၏။

တောင်စောင့်နတ်ဘုရားက အမိုးစွန်းမှ ခုန်ဆင်းလာသည်ကို မြင်သောအခါ ရွှမ်မြှောင်က စိတ်လှုပ်ရှားစွာ မတ်တတ်ထရပ်လိုက်ပြီး တိုက်ရိုက်ပင် ပြောလိုက်သည်။ "တောင်စောင့်နတ်ဘုရား... ကျွန်တော် ကျိန်စာတိုက် ခံထားရပါတယ်"

ကုအန်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်၏။ "စိတ်မပူပါနဲ့... ငါ ဆေးပင်တချို့ အရင် ခူးလိုက်ဦးမယ်"

ထိုစကားကို ကြားသောအခါ ရွှမ်မြှောင်က ချက်ချင်းပင် သက်ပြင်းချလိုက်မိသည်။

တောင်စောင့်နတ်ဘုရားက သူ၏ အခြေအနေကို သေချာပေါက် ထိုးထွင်းမြင်နိုင်မည် ဖြစ်၏။ သူ့ကို စိတ်မပူရန် ပြောခြင်းက တောင်စောင့်နတ်ဘုရား အနေဖြင့် ဤကိစ္စကို ဖြေရှင်းရန် မခက်ခဲဟု ယုံကြည်နေကြောင်း ဆိုလို၏။

နာရီဝက်ခန့် အကြာတွင် ရွှမ်မြှောင်က မျိုးစေ့ကြဲခြင်း ပြီးဆုံးသွားပြီးနောက် ကုအန်၏ အနားသို့ ချဉ်းကပ်သွား၏။

သူ စကားမပြောနိုင်မီမှာပင် ကုအန်က သူ၏ လက်ဝတ်အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ လတ်ဆတ်သော လေပြေတစ်ခုက သူ့ဆီသို့ တိုက်ခတ်လာသည်။ လေပြေ တိုက်ခတ်သွားပြီးနောက် ဝန်ထုပ်ဝန်ပိုး ကင်းမဲ့သွားသကဲ့သို့ ခံစားလိုက်ရကာ ကြီးမားသော သက်သာရာရမှုကို သူ ခံစားလိုက်ရ၏။

ယင်းက အတော်လေး အံ့သြဖွယ် ကောင်းလှသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က ဖိစီးနေသော ခံစားချက်များက တစ်မုဟုတ်ချင်း ပျောက်ကွယ်သွား၏။

ရွှမ်မြှောင်က ချက်ချင်းပင် ဒူးထောက်ချလိုက်ပြီး သူ၏ အသက်ကို ကယ်တင်ပေးခဲ့သည့်အတွက် ကုအန်ကို ကျေးဇူးတင်လိုက်သည်။

"ဒီလောက် ဖြစ်နေစရာ မလိုပါဘူး... မင်းက ငါ့ကို နှစ်ပေါင်းများစွာ ကိုးကွယ်ခဲ့လို့ တခြားသူတွေရဲ့ ပစ်မှတ်ထားတာကို ခံခဲ့ရတာပဲလေ... တကယ်တော့ မင်း ထွက်သွားလို့ ရတယ်... ဒီနေရာမှာ ဆက်နေစရာ မလိုပါဘူး... ငါက မင်းထင်သလို အမတ ဒါမှမဟုတ် နတ်ဘုရား မဟုတ်ဘူး... ဒီနေရာမှာ ဆက်နေရင် အနာဂတ်မှာ ဒီလို ပြဿနာမျိုးတွေ ထပ်ဖြစ်လာနိုင်တယ်..." ကုအန်က ဒူးထောက်နေသော ရွှမ်မြှောင်ကို ငုံ့ကြည့်၍ ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

ရွှမ်မြှောင်က သူ့ကို မော့ကြည့်၍ လေးနက်စွာ ပြောလိုက်သည်။ "အတိတ်က ကျွန်တော့်ရဲ့ အမြင်တွေက အရမ်း ကျဉ်းမြောင်းခဲ့တယ် ဆိုတာကို နားလည်ပါတယ်... ကျွန်တော် အရှင်ကို ထာဝရ ကိုးကွယ်ဖို့ ဆန္ဒရှိပါတယ်... အရှင်က ကျွန်တော့်ကို ဘယ်လို ကျင့်ကြံရမလဲဆိုတာ သင်ပေးခဲ့တာကြောင့် ဖြတ်သွားဖြတ်လာ ဒုက္ခရောက်နေသူတွေကိုလည်း ကျွန်တော် ကူညီပေးနိုင်ခဲ့တယ်... ကျွန်တော့်ရဲ့ လက်ရှိဘဝက ကျွန်တော့်အတွက် အတော်လေး ပျော်စရာ ကောင်းနေပါပြီ..."

သူက အမှန်တရားကို ပြောခဲ့ခြင်း ဖြစ်၏။ ကုအန်၏ လမ်းညွှန်မှု မပါဘဲနှင့် သူက လက်ရှိ အဆင့်သို့ ရောက်ရှိနိုင်မည် မဟုတ်သကဲ့သို့ ဤမျှ နှစ်ပေါင်းများစွာ အသက်ရှင်နိုင်မည် မဟုတ်ကြောင်း သူ ခံစားရသည်။

ကုအန်၏ နောက်သို့ လိုက်ခြင်းဖြင့် အသက်ရှည်ခြင်းအတွက် မျှော်လင့်ချက်ကို သူ မြင်တွေ့ခဲ့ရ၏။

ကုအန်က သူဆန္ဒရှိသော အမတနတ်ဘုရား ဖြစ်လာလိမ့်မည်ဟု သူ မမျှော်လင့်တော့ချေ။ အဘယ်ကြောင့်ဆိုသော် ကုအန်က သူ၏ ကိုယ်ပိုင် ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် စွမ်းအားများကို ပေးစွမ်းနိုင်သောကြောင့် ဖြစ်သည်။

အမတနတ်ဘုရားများက သေမျိုးဝိညာဉ်များကို ကူညီရန် အကြောင်းပြချက် အမှန်တကယ် မရှိသော်လည်း သူက ကူညီနိုင်၏။ အကြောင်းပြချက်မှာ ရိုးရှင်းစွာပင် သူ ကူညီချင်သောကြောင့်ပင် ဖြစ်၏။

ကုအန်က အပေါ်သို့ ခုန်တက်လိုက်ပြီး ကျောခိုင်းလျက် ပြောလိုက်သည်။ "ကျိန်စာတိုက်ခံရတာ ဘယ်လို ခံစားရလဲဆိုတာ သေချာ ပြန်စဉ်းစားကြည့်... အဲဒါက အခွင့်အရေးတစ်ခု ဖြစ်လာနိုင်တယ်..."

ရွှမ်မြှောင်က တစ်ခဏမျှ အံ့အားသင့်သွားပြီး သူ မတုံ့ပြန်နိုင်မီမှာပင် ကုအန်က လေထဲတွင် ပျောက်ကွယ်သွား၏။

ကျိန်စာက လုံးဝ ပျောက်ကွယ်သွားခြင်း ရှိမရှိကို သူ မမေးတော့ဘဲ သူရှိနေသော နေရာတွင်ပင် ထိုင်ချလိုက်ကာ မျက်လုံးများကို မှိတ်၍ လွန်ခဲ့သည့် ရက်အနည်းငယ်က သူ၏ ခံစားချက်များကို စတင် ပြန်လည် အမှတ်ရနေလိုက်သည်။

ကုအန်က ထိုက်ချန်း တိုက်ကြီးမှ ထွက်မသွားသေးဘဲ ထိုက်ချန်း အင်ပါယာ၏ တော်ဝင်နန်းတော်ဆီသို့ သွားလိုက်၏။

လီရွှမ်တောက်က စာကြည့်ဆောင်တွင် လေ့ကျင့်နေခဲ့သည်။ ထိုနေရာကို ဝိညာဉ်ကန်တစ်ခုဖြင့် ကြီးမားသော အတွင်းခန်း နေရာအဖြစ် ပြောင်းလဲထားသဖြင့် မှတ်တမ်းများကို စစ်ဆေးနေစဉ်တွင် သူက ကျင့်ကြံနိုင်မည် ဖြစ်၏။

ခြေသံများက လီရွှမ်တောက်၏ နားထဲသို့ ရောက်လာသောအခါ သူက မျက်လုံးဖွင့်ကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် ချက်ချင်းပင် အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး မတ်တတ်ထရပ်လိုက်၏။ သူ၏ နဂါးဝတ်ရုံက ရေစက်များ ဖြာထွက်လျက် မြင့်တက်လာပြီး လျင်မြန်စွာ အငွေ့ပျံသွားသည်။

"မင်း ရောက်လာပြီပဲ... ဒီနေ့ သေချာ သောက်ကြတာပေါ့..."

လီရွှမ်တောက်က ကုအန်ကို ကြည့်၍ နွေးထွေးစွာ ပြောလိုက်၏။

လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက လီရွှမ်တောက်ကို ကူညီရန် ကုအန်က ယန်ကျန်းကို စေလွှတ်ခဲ့ပြီးကတည်းက သူတို့ နှစ်ယောက်က ပိုမို နက်ရှိုင်းသော ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ခဲ့ကြသည်။ ဆယ်စုနှစ် အနည်းငယ် ကြာတိုင်း ကုအန်က လီရွှမ်တောက်နှင့်အတူ အရက်လာသောက်လေ့ ရှိ၏။

သူက တိကျသေချာသော အကူအညီများကို မပေးတော့ဘဲ လီရွှမ်တောက်နှင့် စကားစမြည်သာ ပြောဆိုလေ့ ရှိသည်။

လီရွှမ်တောက်က သိပ်ပြီး မမျှော်လင့်ထားချေ။ တကယ်တော့ ကုအန်ကို မြင်တွေ့နိုင်ခြင်းကပင် သူ့ကို ကြီးမားသော ယုံကြည်မှုများ ပေးစွမ်းနိုင်၏။

ကုအန် အကြောင်းကို တွေးလိုက်ရုံဖြင့် သူ့ကို အကြောက်အလန့် ကင်းသော ခွန်အားတစ်ခု ဖြစ်ပေါ်လာစေခဲ့သည်။

ကုအန်က ပြုံး၍ ခေါင်းညိတ်လိုက်ပြီး အတန်ကြာသောအခါ နန်းတွင်းသူများက အရက်နှင့် ဟင်းလျာများကို ယူဆောင်လာကြပြီး စားပွဲရှည်ပေါ်တွင် တည်ခင်းပေးကြ၏။ သူတို့က ကုအန်ကို သိချင်စိတ်ဖြင့် ခိုးကြည့်ကြ၏။ သူတို့ တစ်သက်တွင် အရှင်မင်းကြီးက စာကြည့်ဆောင်တွင် တစ်စုံတစ်ယောက်ကို ဧည့်ခံနေသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပြီး ထိုသူက အတော်လေး ငယ်ရွယ်နေ၏။

သူတို့ ပြင်ဆင်နေစဉ်တွင် လီရွှမ်တောက်က လုံထန်၏ မကြာသေးမီက တိုးတက်မှုများ အကြောင်းကို ထုတ်ဖော်ပြောဆိုလာသည်။

သူက လုံထန်ကို ပြုစုပျိုးထောင်ရာတွင် သူ၏ ကြိုးပမ်းအားထုတ်မှု အားလုံးကို မြှုပ်နှံထားခဲ့ပြီး သူ့ကို နယ်ပယ်အနှံ့တွင် နာမည်ကြီးသော ပါရမီရှင် တစ်ဦးအဖြစ်နှင့် ထိုက်ချန်းမင်းဆက်၏ အကြီးမားဆုံးသော ဂုဏ်ယူစရာအဖြစ် ဖန်တီးပေးခဲ့၏။

ထိုနေ့က လုံချင့် ဆင့်ခေါ်ခဲ့သော ဓမ္မပုံရိပ်က ကုအန်နှင့် အလွန် တူညီနေသဖြင့် လုံထန်သည် ကုအန်၏ မျိုးဆက် ဖြစ်နိုင်ကြောင်း သူ့ဘာသာ သေးငယ်သော ခန့်မှန်းချက်တစ်ခု ရှိထားသည်။

သူ မှားနေမည် ဆိုလျှင်တောင်မှ အနည်းဆုံးတော့ လုံထန်က ကုအန်၏ မြေးတပည့်တစ်ယောက် ဖြစ်နေဆဲ ဖြစ်၏။

ကုအန်က သူ၏ အတွေးများကို နားလည်သော်လည်း စိတ်မဆိုးချေ။ ရလဒ်က အပြုသဘောဆောင်ပြီး လုပ်ငန်းစဉ်က ပျော်စရာ ကောင်းနေသရွေ့ သူ လက်ခံမည် ဖြစ်သည်။

ထို့အပြင် သူက လုံထန်ကို အတော်လေး သဘောကျ၏။ ဤကောင်လေးက လုံချင်းထက် ပိုမို အစွမ်းထက်ကာ သူ၏ ဖြောင့်မတ်မှုက အခြား တပည့်များထက် ပို၍ ထင်ရှားနေသည်ဟု ခံစားမိ၏။

နန်းတွင်းသူများ ထွက်သွားပြီးနောက် ကုအန်က ပြောလိုက်သည်။ "ဒီကမ္ဘာမှာ နောက်ထပ် အမတအရှင် တစ်ပါး ပေါ်ထွက်လာလိမ့်မယ်..."

ထိုစကားကို ကြားသောအခါ လီရွှမ်တောက်၏ အပြုံးက ပျောက်ကွယ်သွားပြီး မျက်မှောင်ကြုတ်သွား၏။

လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ဆန်းကြယ်ကြယ်တာရာ အမတအရှင်၏ နောက်လိုက်များကို သိမ်းသွင်းသည့် အကြောင်းကို သူက ကုအန်အား ကြိုတင် ပြောပြခဲ့ပြီး ဤသည်က သူသည် ကုအန်ကို ပိုမို ယုံကြည်ကြောင်း ပြသနေခြင်းလည်း ဖြစ်သည်။

ဆန်းကြယ်ကြယ်တာရာ အမတအရှင်၏ နောက်လိုက်များက သူ့ကို ကြီးမားသော ထောက်ပံ့မှုများ ပေးခဲ့သဖြင့် သူက သူတို့ကို တမင်သက်သက် ဖိနှိပ်ခြင်း မပြုခဲ့ချေ။ သူက အင်ပါယာ အတွင်းတွင် ဆန်းကြယ်ကြယ်တာရာ အမတအရှင်၏ နတ်ဘုရား ရုပ်တုများကို အများအပြား စိုက်ထူပေးခြင်းဖြင့် သူ၏ ကတိကို တည်ခဲ့သော်လည်း အမတအရှင်နှင့် ပတ်သက်၍ အမြဲတမ်း သံသယ ရှိနေခဲ့၏။

ယခု အခြား အမတအရှင် တစ်ပါး ပေါ်ထွက်လာသဖြင့် လောကကြီး၏ ဘေးဒုက္ခများက ထင်သလောက် မရိုးရှင်းကြောင်း သူ ရုတ်တရက် ခံစားလိုက်ရသည်။

မူလဘူတ လူသားမျိုးနွယ် ပေါ်ထွက်လာခြင်းက တိုက်ဆိုင်မှုတစ်ခု ထက်ပို၍ ဖြစ်နိုင်မည်လား။

ကုအန်က ရွှမ်မြှောင်၏ အတွေ့အကြုံများကို ပြန်လည် ပြောပြလိုက်၏။ ရွှမ်မြှောင်နှင့် လီရွှမ်တောက်တို့က မျိုးဆက်တစ်ခုတည်း ဖြစ်ကြသဖြင့် ရှည်လျားသော နှစ်များတစ်လျှောက် လီရွှမ်တောက်ကလည်း ရွှမ်မြှောင်ထံသို့ အကြိမ်များစွာ သွားရောက်ခဲ့ဖူးသည်။

ရွှမ်မြှောင်၏ ကျိန်စာ အကြောင်းကို ကြားသောအခါ လီရွှမ်တောက်၏ မျက်နှာက မှုန်ကုပ်သွား၏။

ကုအန်က ဤအရာများကို သူ့ကို ပြောပြနေခြင်းမှာ သူ တစ်ခုခု လုပ်ပေးရန် မျှော်လင့်နေ၍ မဟုတ်ဘဲ မိတ်ဆွေတစ်ယောက် အနေဖြင့် မကြာသေးမီက သူ ကြုံတွေ့ခဲ့ရသော ထူးဆန်းမှုများကို ဝေမျှနေခြင်းသာ ဖြစ်၏။

ထိုက်ရီ အမတအရှင် သိသွားမည်ကို ကုအန် မကြောက်ချေ။ သူက လီရွှမ်တောက်၏ ကံကြမ္မာကို ပြောင်းလဲပေးနိုင်၏။လီရွှမ်တောက်ကို ဤအရာများ အမှတ်ရနေစေနိုင်သော်လည်း သူက လီရွှမ်တောက်မှတစ်ဆင့် သိရှိခဲ့သည်ကိုမူ အခြားသူများက တွက်ချက်၍ မရနိုင်ပေ။

အခန်း ၆၄၈ ဝူရှီ က ကမ္ဘာကြီးကို ကယ်တင်ခြင်း

"အမတနတ်ဘုရားတွေက ကောင်းကင်ဝိညာဉ် မဟာကမ္ဘာမှာရှိတဲ့ သက်ရှိအားလုံးရဲ့ နှလုံးသားတွေကို အပြိုင်အဆိုင် လုယူချင်နေကြတာလား..." လီရွှမ်တောက်က မျက်မှောင်ကြုတ်၍ မေးလိုက်၏။

ကုအန်က သူ့ဘာသာ အရက်ငဲ့ကာ ပြောလိုက်သည်။ "ဖြစ်နိုင်တယ်... အမတနတ်ဘုရားတွေကြားက ပဋိပက္ခတွေကို ရင်ဆိုင်ရတဲ့အခါ သေမျိုးတွေက ဘာလုပ်သင့်တယ်လို့ မင်း ထင်လဲ"

လီရွှမ်တောက်က တစ်ခဏမျှ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်၏။ "မမြင်ရတဲ့ နေရာမှာ ကောင်းကင်ရဲ့ ဆန္ဒ ရှိနေသလိုမျိုး ရေစုန်မျောလိုက်ပြီး သူတို့ ဘယ်တုန်းကမှ မရှိခဲ့သလိုမျိုး နေရမှာပေါ့..."

ဤစကားများကို ပြောဆိုနေစဉ် သူ၏ နှလုံးသားထဲတွင် အထီးကျန်ဆန်သော ခံစားချက်တစ်ခု ရှိနေသည်။

သေမျိုးများက အမတကျင့်စဉ်ကို ကျင့်ကြံနိုင်ကြသော်လည်း အမှန်တကယ် အမတအဖြစ်သို့ တက်လှမ်းခြင်း အလားအလာက အလွန်ပင် ဝေးကွာလှ၏။

ထိုက်ချန်း အင်ပါယာ၏ ဧကရာဇ် တစ်ပါးအနေဖြင့် လောကကြီး၏ အရင်းအမြစ် အားလုံးကို ချုပ်ကိုင်ထားနိုင်သော လီရွှမ်တောက် ကိုယ်တိုင်ပင်လျှင် တက်လှမ်းခြင်းအတွက် မျှော်လင့်ချက်ကို မမြင်နိုင်သေးချေ။

"ကုအန်... အမတနတ်ဘုရားတွေက တကယ်တော့ ဘယ်မှာလဲ... သူတို့ ဘာတွေ တွေးနေကြတာလဲ..." လီရွှမ်တောက်က ကုအန်ကို ကြည့်၍ မနေနိုင်ဘဲ မေးလိုက်သည်။

ကုအန်က ခေါင်းယမ်း၍ ပြန်ဖြေလိုက်၏။ "ငါက အမတမှ မဟုတ်တာ... သူတို့ ဘယ်မှာလဲ၊ သူတို့ ဘာတွေ တွေးနေကြလဲဆိုတာ ငါ ဘယ်လိုလုပ် သိမှာလဲ..."

လီရွှမ်တောက်က သူ့ကို ကြည့်လိုက်သော်လည်း သူက အမတနတ်ဘုရားများထက် မနိမ့်ကျဟု ခံစားလိုက်ရသည်။

အခြားသူများ မသိနိုင်သော လျှို့ဝှက်ချက်များ ဤနေရာတွင် ဖုံးကွယ်ထားသောကြောင့် ကုအန်က ဤမဟာကမ္ဘာတွင် သီးခြားခွဲနေရန် ရွေးချယ်ခဲ့ခြင်းများ ဖြစ်နိုင်မည်လား။

သို့မဟုတ်လျှင် အမတအရှင် နှစ်ပါးက အဘယ်ကြောင့် ဤနေရာသို့ လာရမည်နည်း။

ကုအန်က သူ၏ နှလုံးသားထဲမှ စကားများကို ကြားသော်လည်း ငြင်းဆန်ခြင်း မပြုခဲ့ချေ။ တကယ်ပင် ထိုက်ရီ အမတအရှင်က အဘယ်ကြောင့် ရောက်လာရသနည်းဟု သူ ကိုယ်တိုင်လည်း တွေးတောနေမိ၏။

ယင်းက ဆန်းကြယ်ကြယ်တာရာ အမတအရှင်နှင့် ရန်ငြိုးကြောင့်လား သို့မဟုတ် အခြား အကြောင်းပြချက် တစ်ခုခုကြောင့်လားမသိချေ။

ကောင်းကင်ဝိညာဉ်အမတအရှင်က ကျီဝေ့ ဧကရာဇ်ထံမှ ခိုးယူသွားသော တာအိုရတနာမှာ ကမ္ဘာအပြစ်ပေး တာအိုပုလဲ ဖြစ်သည်။ ဤရတနာက အန်ဟောင်၏ ဝင်စားခြင်းဘဝတွင် လိုက်ပါလာခဲ့ပြီး ထျန်ဟောင်၏ ဝိညာဉ်ထဲတွင် နက်ရှိုင်းစွာ ပုန်းကွယ်နေ၏။ ဤရတနာ၏ စွမ်းအားကို ကုအန် ခံစားဖူးသည်။ ယင်းက အမှန်တကယ် အစွမ်းထက်သော်လည်း အမတနတ်ဘုရားများကို ရူးသွပ်သွားစေလောက်အောင်တော့ မလုံလောက်ချေ။

ကုအန်က သိချင်စိတ် ဖြစ်မိသော်လည်း သူက အများကြီး အာရုံမစိုက်ခဲ့ပေ။

လောလောဆယ်တွင် ယင်းက အမတအရှင် နှစ်ပါးကြားရှိ လျှို့ဝှက်သော ပဋိပက္ခတစ်ခုသာ ဖြစ်ပုံရပြီး ကောင်းကင်နန်းတော်ကို ကိုယ်စားမပြုသေးချေ။

ပြင်ပအင်အားစုများ၏ ဝင်ရောက်စွက်ဖက်မှုကြောင့် လောကကြီး၏ ကံကြမ္မာက ပြောင်းလဲသွားနိုင်သော်လည်း ထိုပြောင်းလဲမှုများက သူ၏ မျက်စိရှေ့တွင် ပေါ်လာမည် ဖြစ်သဖြင့် သူ့ကို ကြိုတင် တုံ့ပြန်နိုင်စေမည် ဖြစ်၏။

ရွှမ်မြှောင် အကြောင်းကို ဆွေးနွေးပြီးနောက် လီရွှမ်တောက်က လောကကြီးရှိ ပါရမီရှင်များ အကြောင်းကို ထုတ်ဖော်ပြောဆိုလာသည်။ ကုအန်က ဤအရာများကို သတိပေးချက်တစ်ခု အနေဖြင့် ပြောနေခြင်း မဟုတ်ဘဲ စကားစမြည် ပြောဆိုချင်ရုံသာ ဖြစ်ကြောင်း သူ သိထားသဖြင့် အဆုံးထိ စုံစမ်းမေးမြန်းနေရန် မလိုချေ။

ထိုက်ချန်း အင်ပါယာတွင် သူသည် ကောင်းကင်ကြီး ဖြစ်သော်လည်း နက်နဲလှသော အမတနတ်ဘုရားများနှင့် ယှဉ်လျှင် သူက ဖုန်မှုန့်တစ်ခုနှင့် ဘာမှ မကွာခြားချေ။

သူတို့ စကားပြောနေစဉ် လီရွှမ်တောက်က ထျန်ဟောင် အကြောင်းကို ထုတ်ဖော်ပြောဆိုလာ၏။

ထျန်ဟောင်က တကယ်ကို တောက်ပလွန်းလှသဖြင့် သူ့ကို အန်ဟောင် အကြောင်း တွေးမိစေခဲ့၏။ လက်တွေ့ကျကျ ပြောရလျှင် ထျန်ဟောင်၏ တိုးတက်မှုနှုန်းက အန်ဟောင်ထက် ပို၍ ကြီးမားသော်လည်း အန်ဟောင်သာ ရှိနေသေးလျှင် ထျန်ဟောင်ထက် နိမ့်ကျမည် မဟုတ်ဟု သူ ခံစားရ၏။

သူတို့ နှစ်ယောက်စလုံး၏ နာမည်များတွင် ဟောင် ပါရှိနေခြင်းက အမွေအနှစ် တစ်ခုခုကို ကိုယ်စားပြုနေသကဲ့သို့ ဖြစ်နေ၏။

မူလဘူတ လူသားမျိုးနွယ်သည် လောကကြီးတွင် ဖရိုဖရဲ ဖြစ်အောင် လုပ်နေသော်လည်း သူတို့က ထျန်ဟောင်ထံမှ အာရုံစိုက်မှုကို မလုယူနိုင်ကြချေ။ အဘယ်ကြောင့်ဆိုသော် သူကလည်း မူလဘူတ လူသားမျိုးနွယ်ကို တိုက်ခိုက်နေပြီး ရှုံးပွဲမရှိ မှတ်တမ်းတစ်ခုကို ထိန်းသိမ်းထားသောကြောင့် ဖြစ်၏။

ထျန်ဟောင်က ပါရမီရှင် တစ်ဦး၏ အမှတ်အသားကို စွန့်ခွာနေပြီ ဖြစ်၏။ ဖြစ်နိုင်သည်မှာ ဤကပ်ဘေး ပြီးသွားပြီးနောက် သူသည် ကောင်းကင်နှင့် မြေကြီး၏ ထိပ်တန်းပုဂ္ဂိုလ်ကြီး တစ်ဦး ဖြစ်လာပေလိမ့်မည်။

ကုအန်နှင့် လီရွှမ်တောက်တို့က အရက်သောက်ရင်း စကားစမြည် ပြောဆိုနေကြပြီး တဖြည်းဖြည်းနှင့် လီရွှမ်တောက်က သူ၏ စိုးရိမ်ပူပန်မှုများကို မေ့လျော့သွားခဲ့သည်။ ကုအန်၏ အနားတွင်သာ သူက အလွန်အမင်း သတိထားနေရန် မလိုချေ။ ဤလေထုကို သူ အတော်လေး နှစ်သက်သဘောကျ၏။

...

မိုးချုန်းသံများ ညံသွားပြီး တိမ်ပင်လယ်များက လှုပ်ခတ်သွား၏။ မီးတောက်များ လောင်ကျွမ်းနေသော ဥက္ကာပျံများက ကောင်းကင်ယံမှ ကျဆင်းလာပြီး မီးပင်လယ် ဖုံးလွှမ်းနေသော မြေကြီးပေါ်သို့ ရိုက်ခတ်သွားကာ မြေပြင်ပေါ်ရှိ ကန့်လန့်ဖြတ် အက်ကွဲကြောင်းများက မြင်တွေ့ရသည်မှာ အတော်လေး ထိတ်လန့်ဖွယ် ကောင်းလှသည်။

လေထဲတွင် တွဲလောင်းကျနေသည်က သွေးချီများ ရစ်သိုင်းနေသော ပုံရိပ်များ ဖြစ်ကြပြီး အားလုံးက မူလဘူတ လူသားမျိုးနွယ်မှ ဖြစ်ကြကာ လူတစ်ရာကျော် ရှိပြီး တစ်ယောက်စီတိုင်းက အမတတာအိုအဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားကြ၏။ သူတို့ အားလုံးက အရပ်မျက်နှာ တစ်ခုတည်းသို့ ကြည့်နေကြပြီး သူတို့၏ မျက်နှာများက ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက်မဲ့မှုတို့ဖြင့် ပြည့်နှက်နေသည်။

သူတို့၏ အကြည့်များ ရောက်ရှိရာ အရပ်သို့ ကြည့်လိုက်သောအခါ မိုးကြိုးတိမ်တိုက်များ အောက်တွင် ပုံရိပ်တစ်ခုက ကောင်းကင်ကို ဆန့်ကျင်လျက် ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေ၏။ သွေးများ စွန်းထင်းနေသော သူ၏ ဆံပင်များက လေထဲတွင် လွင့်ကဲနေပြီး သူ၏ ခန္ဓာကိုယ်က တောင့်တင်းခိုင်မာကာ လက်ထဲတွင် ဓားမကြီး တစ်လက်ကို ကိုင်ဆောင်ထားခဲ့သည်။

ဓား၏ အလင်းရောင်က အစွန်းတစ်လျှောက် စီးဆင်းသွားပြီး တိမ်တိုက်များကို ထိုးဖောက်သွားကာ မရေမတွက်နိုင်သော ဥက္ကာပျံများက သူ၏ ဘေးမှ ဖြတ်သန်းသွားပြီး မြေကြီးကို ရိုက်ခတ်ကာ ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေသည်။

ယင်းက သွေးကျဉ်းထောင် သူတော်စင်ပင် ဖြစ်၏။

ဤနေရာက မူလဘူတ လူသားမျိုးနွယ်၏ နယ်မြေတစ်ခု ဖြစ်ပြီး လွန်ခဲ့သည့် တစ်နာရီခန့်က ဤနေရာတွင် ရှိနေခဲ့သော စည်ကားလှသည့် မြို့တော်ကြီးက ယခုအခါ ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

"အဲဒီ ရတနာက တကယ်တော့ ဘာကြီးလဲ..."

အဘိုးကြီး တစ်ဦးက သွေးကျဉ်းထောင် သူတော်စင်၏ လက်ထဲရှိ ကောင်းကင်ခွဲ သွေးငရဲဓားကို စူးစိုက်ကြည့်ကာ အံကြိတ်၍ မေးလိုက်၏။

သူ၏ ဘေးရှိ အပေါင်းအပါများက သူ့ကို ပြန်မဖြေနိုင်ကြချေ။ ပူပင်မဲ့အမတ အဆင့်ထက် မြင့်မားသော သူများပင် နားလည်နိုင်ခြင်း မရှိကြချေ။

သွေးကျဉ်းထောင် သူတော်စင်၏ အကြည့်က အောက်ဘက်ရှိ အဆုံးမဲ့ မီးပင်လယ်ဆီသို့ ရောက်သွားသည်။ ထောင့်တစ်နေရာတွင် မီးတောက်များက ပူပြင်းသော လေဆင်နှာမောင်းတစ်ခုအဖြစ် လှိုင်းထနေပြီး အလယ်ဗဟိုတွင် လူသောင်းပေါင်းများစွာ ရပ်နေသော ဘေးကင်းသည့် ဇုန်တစ်ခုကို ဖန်တီးထား၏။

ဤလူများ အားလုံးက မူလဘူတ လူသားမျိုးနွယ်၏ ဖမ်းဆီးခြင်းကို ခံထားရသော ကျင့်ကြံသူများ ဖြစ်ကြပြီး သူတို့၏ မျက်လုံးများက သွေးကျဉ်းထောင် သူတော်စင်ကို ကြည့်ကာ ဝမ်းသာအံ့ဩမှုများဖြင့် ပြည့်နှက်နေသည်။

သွေးကျဉ်းထောင် သူတော်စင်က ကောင်းကင်ခွဲ သွေးငရဲဓားကို လက်တစ်ဖက်ဖြင့် မြှောက်ကိုင်ထားပြီး သူ၏ မျက်နှာပေါ်တွင် အံတုသော အပြုံးတစ်ခု ရှိနေကာ သူ၏ နှလုံးသားက ပျော်ရွှင်ကြည်နူးမှုများဖြင့် ပြည့်လျှံနေ၏။

သူက နှစ်ပေါင်း ရှစ်သောင်းတိုင်တိုင် ချုပ်တည်းထားခဲ့ရပြီး ယခု ဤကဲ့သို့သော သတ်ဖြတ်မှုများဖြင့် ပြည့်နှက်နေသည့် တိုက်ပွဲက သူ အမှန်တကယ် တောင့်တခဲ့သော ဘဝပင် ဖြစ်သည်။

မူလဘူတ လူသားမျိုးနွယ်ကို သတ်ဖြတ်ပြီး သက်ရှိအားလုံး၏ ကယ်တင်ရှင်အဖြစ် လေးစားခံရခြင်းက ဘယ်လိုလုပ် မပျော်ရွှင်ဘဲ နေနိုင်မည်နည်း။

"မင်းတို့ အသက်ချမ်းသာပေးဖို့ တောင်းပန်ရင်တောင် ငါ မင်းတို့ကို ခွင့်လွှတ်မှာ မဟုတ်ဘူး..."

သွေးကျဉ်းထောင် သူတော်စင်က မောက်မာစွာ ကြေညာလိုက်ပြီး မိုးခြိမ်းသံကဲ့သို့ ရူးသွပ်စွာ ရယ်မောလိုက်ရာ ကောင်းကင်နှင့် မြေကြီးတစ်လျှောက် ပဲ့တင်ထပ်သွား၏။

မိုင်သန်းဆယ်ချီ ဝေးကွာသော နေရာတွင် ချန်ချွမ်၊ အန်ရှန်ထျန့်နှင့် ကျန်းရှီတို့က ကမ်းပါးတစ်ခုပေါ်တွင် ရပ်နေကြပြီး သူတို့၏ နောက်ကွယ်တွင် စိမ်းလန်းသော တောင်တန်းများ သွယ်တန်းနေကာ ရှေ့တွင်တော့ မှောင်မိုက်ပြီး မီးခိုးများ ဖုံးလွှမ်းနေသော ကမ္ဘာကြီး ရှိနေသည်။

သွေးကျဉ်းထောင် သူတော်စင်၏ စကားများကို ကြားသောအခါ သူတို့က မနေနိုင်ဘဲ အချင်းချင်း အကဲခတ်ကြည့်လိုက်ကြ၏။

"ဘာလို့ ဒီကောင်က တကယ်ကပ်ဘေးမိစ္ဆာဆိုးလို့ ခံစားနေရတာလဲ..." အန်ရှန်ထျန့်က သူ့ကိုယ်သူ မထိန်းနိုင်ဘဲ တိုးတိုးလေး ရေရွတ်လိုက်သည်။

ကျန်းရှီက ခါးသီးသော အပြုံးဖြင့် ခေါင်းယမ်းလိုက်၏။ "ဆရာက အကြောင်းပြချက် တစ်ခုခုကြောင့် သူ့ကို စီးတော်ယာဉ် လုပ်ထားတာ... ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ လူသားကမ္ဘာကို ဘေးဒုက္ခတစ်ခုကနေ ကယ်တင်ပေးလိုက်တာပါပဲ..."

ချန်ချွမ်းက မရယ်ဘဲ မျက်မှောင်ကြုတ်လိုက်သည်။ "မူလဘူတ လူသားမျိုးနွယ်ရဲ့ မိစ္ဆာဆိုးတွေက ဘယ်တော့မှ မကုန်နိုင်သလို ဖြစ်နေတာ ထူးဆန်းတယ်လို့ မထင်ဘူးလား... ငါတို့ အပြင်ထွက်လာတာ နှစ်တစ်ထောင် ရှိပြီ... အများကြီး သတ်ခဲ့ပြီးပြီ... ဒါပေမဲ့ သူတို့ရဲ့ တိုက်ခိုက်မှုတွေက အားနည်းသွားတယ်လို့ ခံစားရလား..."

သူက သတ်ဖြတ်ခြင်းကို မနှစ်သက်ဘဲ နှစ်တစ်ထောင်ကြာ အတွေ့အကြုံများက သူ့ကို မူလဘူတ လူသားမျိုးနွယ်ကို ရွံရှာသွားစေပြီး အမြန်ဆုံး မောင်းထုတ်ပစ်ရန် ဆန္ဒရှိနေစေ၏။

"ပြင်ပကောင်းကင်နဲ့ ဆက်သွယ်ထားတဲ့ နေရာတစ်ခုကနေ မူလဘူတ လူသားမျိုးနွယ် မိစ္ဆာဆိုးတွေ အဆက်မပြတ် ဝင်လာနေတာ ဖြစ်နိုင်တယ်..." ကျန်းရှီက ခန့်မှန်းလိုက်သည်။

အန်ရှန်ထျန့်က မျက်ခုံးပင့်လိုက်၏။ "ဒါဆို ငါတို့ အဲဒီနေရာကို မဖြေရှင်းနိုင်ရင် ဒီကပ်ဘေးက ပြီးဆုံးမှာ မဟုတ်ဘူးပေါ့..."

ချန်ချွမ်းက မျက်လုံးများကို ကျဉ်းလိုက်သည်။ "ဟုတ်တယ်... ငါတို့ ခေါင်းပြတ်နေတဲ့ ယင်ကောင်တွေလို နေရာအနှံ့ လျှောက်ပြေးနေလို့ မရတော့ဘူး... ငါတို့ရဲ့ ကျင့်ကြံခြင်းအဆင့်က မစွမ်းထက်ပေမဲ့ တာအိုရတနာ လေးခု ပေါင်းစပ်လိုက်ရင် ဒီကပ်ဘေးကို သေချာပေါက် အဆုံးသတ်နိုင်လောက်တယ်။ ဝူရှီရဲ့နာမည်ကို ဆက်လက် ထိန်းသိမ်းထားနိုင်လိမ့်မယ်..."

နှစ်တစ်ထောင်ကြာ လှည့်လည်သွားလာမှုက ဝူရှီ ဆိုသော နာမည်ကို လူသားကမ္ဘာ တစ်ခွင်သို့ ပျံ့နှံ့သွားစေခဲ့သော်လည်း ၎င်းက အလှမ်းဝေးနေသေးကြောင်း ချန်ချွမ် ခံစားရ၏။

သူ၏ ဆရာက လူသားကမ္ဘာကို အကြိမ်ပေါင်းများစွာ ကယ်တင်ခဲ့သော်လည်း လူများက သူ့ကို မေ့လျော့သွားကြပြီး ယခုအခါ နေရာအနှံ့တွင် အမတနတ်ဘုရားများကို ယုံကြည်ကိုးကွယ်သည့် အသံများသာ ထွက်ပေါ်နေသည်။ သူ၏မကျေနပ်မှုက သိသာထင်ရှားလှ၏။

ကောင်းကင်ဝိညာဉ် မဟာကမ္ဘာကို မည်သူက ထောက်ပံ့ပေးထားသည်ကို သက်ရှိအားလုံး သဘောပေါက်စေချင်နေသည်။

ချန်ချွမ်၏ စကားကို ကြားသောအခါ အန်ရှန်ထျန့်၏ နှလုံးသားက လှုပ်ရှားသွားပြီး သူ၏ မျက်နှာက မျှော်လင့်ချက်များဖြင့် တောက်ပလာ၏။

"ငါတို့ ထျန်းယောင်အာ နဲ့ တခြားသူတွေကို သွားရှာလို့ ရတယ်... နောက်ထပ် တာအိုရတနာ သုံးခု ရှိရင် ငါတို့ကို ပိုပြီး ယုံကြည်ချက် ရှိစေလိမ့်မယ်..." ကျန်းရှီက အကြံပြုလိုက်သည်။

ချန်ချွမ်က ခေါင်းညိတ်လိုက်ပြီး သူ၏ မျက်လုံးများက တောက်ပလာ၏။ "ဝူရှီရဲ့ တပည့်တွေက ကြီးမြတ်တဲ့ တာအိုရတနာ ခုနစ်ခုကို ကိုင်ဆောင်ပြီး ကမ္ဘာကို ကယ်တင်တာ... အဲဒီ ဇာတ်လမ်းက ဘယ်လောက်တောင်ကြီးကျယ် ခမ်းနားနေလိုက်မလဲ"

သူတို့ သုံးယောက်က အချင်းချင်း အကဲခတ်ကြည့်လိုက်ကြပြီး သွေးကျဉ်းထောင် သူတော်စင်ကို ကူညီရန် ရှေ့သို့ ခုန်ထွက်သွားကာ နောက်ဆုံး တိုက်ပွဲကို အလျင်အမြန် အဆုံးသတ်ရန် ပြင်ဆင်လိုက်ကြသည်။

တစ်ချိန်တည်းမှာပင် ကမ္ဘာဂိတ်တံခါး အောက်တွင် ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရားက သူတို့ကို စောင့်ကြည့်နေ၏။

ချန်ချွမ်နှင့် အခြားသူများ ပေါ်လာကတည်းက တာအိုရတနာများ၏ စွမ်းအားက ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရား၏ အာရုံကို ဖမ်းစားခဲ့သည်။

ထျန်ဟောင်တွင် တာအိုရတနာ သုံးခု ရှိပြီး ထိုအချိန်က မှော်ရတနာများကို ဖန်တီးနိုင်သည့် ကုအန်၏ စွမ်းရည်ကို သူ အံ့အားသင့်ခဲ့ရ၏။ ယခု ဝူရှီ၏ တပည့်တိုင်းက တစ်ခုစီ ကိုင်ဆောင်ထားသည်ကို မြင်သောအခါ ကုအန်၏ အဆင့်က မည်မျှအထိ မြင့်မားနိုင်မည်ကို သူ သိချင်လာသည်။

"ဆန်းကြယ်ကြယ်တာရာ အမတအရှင်၊ ထိုက်ရီ အမတအရှင် နဲ့ သူ... ဒီစစ်တုရင်ပွဲမှာ ရွှေရောင်အထွတ်အထိပ် နတ်ဘုရား မင်းမှာ အသက်ရှင်ဖို့ မျှော်လင့်ချက် မရှိတော့ဘူး... မင်း အဲဒါကိုတောင် မသိတာ တကယ် သနားစရာပဲ..."

ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရားက သူ၏ စိတ်ထဲတွင် တိတ်တဆိတ် တွေးလိုက်၏။ ထို့နောက် သူက မတ်တတ်ထရပ်၍ ကမ္ဘာဂိတ်တံခါးကို မျက်နှာမူလိုက်ကာ တစ်စုံတစ်ခု ရောက်ရှိလာမည်ကို ကြိုဆိုရန် ပြင်ဆင်နေပုံ ရသည်။

All Chapters