← Chapters

အခန်း (၃၈၆)

Vol. 38 Ch. 386

အခန်း (၃၈၆)

Vol. 38 Ch. 386

အခန်း။ ၃၈၆

"မင်းက ယွင်ရှန်းပေါ့။ ငါတို့ ဒါ ပထမဆုံးအကြိမ် ဆုံတာပဲ ထင်တယ်"

ဆရာကြီးဝမ်၏ မာနထောင်လွှားသော အပြုအမူနှင့် စကားလုံးများကြောင့် ဆေးခန်းအတွင်းရှိ လေထုမှာ ရုတ်ချည်း တင်းမာသွားရသည်။

သူမ၏ဆရာကိုယ်တိုင်က သူမအား သူစိမ်းတစ်ယောက်ကဲ့သို့ လျစ်လျူရှုကာ အေးစက်စွာ ဆက်ဆံသည်ကို မြင်တွေ့လိုက်ရသောအခါ ယောင်ရုံ၏ ခန္ဓာကိုယ်လေးမှာ တုန်ရီသွားပြီး မျက်ဝန်းအိမ်တွင် မျက်ရည်များ ဝဲတက်လာသည်။ ဖန်ကျိကမူ ဇနီးဖြစ်သူ၏ ပခုံးကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားရင်း သူမ၏ နာကျင်မှုကို ဝေမျှခံစားပေးနေရှာသည်။

ယွင်ရှန်းအတွက်မူ ဤတွေ့ဆုံမှုမှာ အရေးပါလှသည်။ သူမ၏ရှေ့တွင် ရှိနေသူမှာ ကျိုးပြည်ထောင်စု၏ ဆေးပညာလောကတွင် နတ်ဘုရားတစ်ပါးကဲ့သို့ ကိုးကွယ်ခံထားရသူ၊ သူ၏ အပ်စိုက်ကုထုံးဖြင့် လူသေကိုပင် ပြန်ရှင်စေနိုင်သည်ဟု ကျော်ကြားသော ပုဂ္ဂိုလ်ကြီးပင်။ အသက်ကိုးဆယ်နီးပါး ရှိပြီဖြစ်သော်လည်း သူ၏ သန့်ပြန့်ခန့်ညားသော ပုံစံမှာ သာမန်လူတို့ထက် များစွာထူးခြားနေသည်။

ယွင်ရှန်းသည် ဝါရင့်ပုဂ္ဂိုလ်ကြီးကို လေးစားမှုပြသသော်လည်း သူမ၏ အကြည့်များတွင်မူ အလျှော့ပေးမည့် အရိပ်အယောင် လုံးဝမရှိပေ။

“ဆရာကြီးဝမ်... ရှင့်မှာ အထင်လွဲချက်တစ်ခု ရှိနေပုံပဲ။ စီအန်းက ဆေးဧကရာဇ်ခန်းမကို ဘယ်တုန်းက ယှဉ်ပြိုင်ခဲ့လို့လဲ။ ကျွန်မတို့ရဲ့ ဆေးပင်ထောက်ပံ့မှုကို ဖြတ်တောက်ခဲ့တာ ရှင်တို့ဘက်ကလေ။ တကယ်လို့သာ ကျွန်မတို့ ဆေးခန်းက မှော်ဆေးရည်ကုန်သွယ်မှုကို မလုပ်နိုင်ခဲ့ဘူးဆိုရင် ယွီကျင်းမြို့မှာ စီအန်းဆိုတာ ရှိတော့မှာ မဟုတ်ဘူး”

ယွင်ရှန်း၏ အမှန်တရားကို ထိုးနှက်လိုက်သည့် စကားလုံးများက ဆရာကြီးဝမ်၏ မာနကို တည့်တည့်တိုးသွားစေသည်။ သူ၏ နဖူးမှ သွေးကြောများ ထောင်ထွက်လာသည်အထိ ဒေါသက အထွဋ်အထိပ်သို့ ရောက်ရှိသွားတော့သည်။

“တောက်... မိုက်မဲလိုက်တာ မင်းသာ စစ်သူကြီးယန်ရဲ့ မြေးမလေး မဟုတ်ရင် ယွီကျင်းမြို့မှာ ဆက်နေခွင့်ရမယ် ထင်နေလား”

ဆရာကြီးဝမ်၏ အော်ဟစ်သံက ဆေးခန်းတစ်ခုလုံးကို တုန်ခါသွားစေသည်။ သူသည် ကျိုးပြည်ထောင်စု၏ ဧကရာဇ်မင်းမြတ်ပင်လျှင် အားကိုးအားထားပြုရသည့် ပုဂ္ဂိုလ်ဖြစ်ရာ မည်သူကမျှ ဤကဲ့သို့ ရဲရဲတင်းတင်း ပြန်လည်ချေပရဲခြင်း မရှိခဲ့ဖူးပေ။

"ယွီကျင်းမြို့မှာ ကျွန်မ ရပ်တည်နိုင်တာက ယန်ဆိုတဲ့ မျိုးရိုးနာမည်ကြောင့် တစ်ခါမှ မဟုတ်ခဲ့ပါဘူး။ ဖြစ်နိုင်ရင်တော့ ဒီမျိုးရိုးနာမည်နဲ့ တစ်သက်လုံး ပတ်သက်မနေချင်တာ အမှန်ပဲ"

ယွင်ရှန်း၏ မျက်နှာထက်တွင် မာနနှင့် အာခံလိုစိတ်တို့မှာ အတိုင်းသား မြင်တွေ့နေရသည်။ သူမသည် တကယ့်ကို မောက်မာလွန်းသော မိန်းကလေးတစ်ဦးပင်။ ဆရာကြီးဝမ်မှာ ဒေါသထွက်လွန်းသဖြင့် သွေးအန်မတတ် ဖြစ်သွားရရှာသည်။ သို့သော် သူမ၌ ထိုသို့ မောက်မာနိုင်စွမ်းရှိသော အရည်အချင်းများ တကယ်ပင် ရှိနေခဲ့ခြင်းမှာ ငြင်းမရသော အမှန်တရားဖြစ်သည်။

တော်ဝင်မှော်ပညာအကယ်ဒမီတွင် ဆေးတစ်ခွက်တည်းဖြင့် နာမည်ကျော်ကြားခဲ့သည်မှစ၍၊ မုဆိုးစစ်သည်မြို့တော်၏ သွေးစွန်းသော လိုလီတာအဖြစ် ကျော်ကြားခဲ့ခြင်းနှင့် ဝူရွှမ်းဝူကျိခန်းမ၏ ဆေးခန်းတွင် အကြီးအကဲတစ်ဦး ဖြစ်လာသည်အထိ သူမသည် ယန်နေအိမ်တော်၏ အင်အားကို တစ်ခါမျှ အားမကိုးခဲ့ပေ။ ယန်နေအိမ်တော်သည် နေဝင်ရိုးရီအချိန်သို့ ရောက်ရှိနေပြီဆိုလျှင် သူမကမူ အနာဂတ်တွင် အကန့်အသတ်မရှိ တောက်ပမည့် ထွက်ပြူစ နေဝန်းအသစ်တစ်ခုကဲ့သို့ပင်။

“ယွင်ရှန်း... စကားကောင်းကောင်းပြောတုန်း နားထောင်စမ်း။ ဆရာကြီးဝမ်ကိုယ်တိုင် ဒီကိုလာပြီး ငြိမ်းချမ်းရေးစကားဆိုတာ မင်းအတွက် မျက်နှာသာပေးလွန်းတာပဲ။ မင်းတစ်ယောက်တည်းနဲ့ မင်းပတ်ဝန်းကျင်က လူအားလုံးကို ကာကွယ်ပေးနိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား”

ချီဖန်းဖေးက ယွင်ရှန်းဘေးရှိ ရှောင်ယန်လေးကို စူးစိုက်ကြည့်ရင်း ခြိမ်းခြောက်လိုက်သည်။ သူမသည် ယွင်ရှန်းကို တိုက်ရိုက်မယှဉ်နိုင်သောအခါ သူမနှင့် ပတ်သက်နေသည့် ရွာသားများနှင့် စီအန်း ဆေးခန်းမှ လူများကို ဒုက္ခပေးရန် ကြံစည်နေခြင်းပင်။

“ဒါဆို ရှင်တို့ဘက်ကရော... ရှင်တို့နောက်ကွယ်က အင်အားစုတွေက ဆေးဧကရာဇ်ခန်းမရဲ့ ဆေးဆိုင်ပေါင်းများစွာကို အချိန်ပြည့် ကာကွယ်ပေးနိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား”

ယွင်ရှန်းသည် ထိုခြိမ်းခြောက်မှုကို အမှုမထားဘဲ လှောင်ပြုံးပြုံးလိုက်သည်။ ထိုအခါမှသာ ဆေးဧကရာဇ်ခန်းမမှ လူများသည် အချက်ကို လက်ခနဲ သိရှိသွားကြတော့သည်။ ယွင်ရှန်းသည် မြွေကို ခေါင်းဖြတ်သည့် နည်းလမ်းကို အသုံးပြုနေခြင်းဖြစ်သည်။ ဆေးဧကရာဇ်ခန်းမကဲ့သို့ ကြီးမားသော အဖွဲ့အစည်းကြီးအတွက် တိုက်ကြီးတစ်ခုလုံးတွင် ဖြန့်ကျက်ထားသည့် ဆေးဆိုင်များသည် သူတို့၏ အသက်သွေးကြော အစစ်အမှန် ဖြစ်နေခြင်းပင်။

လူအုပ်ကြီး နားမလည်နိုင်သည်မှာ လနှင့်ချီ၍ ယွီကျင်းမြို့မှ အပြင်မထွက်ဘဲ ရှိနေသော ယွင်ရှန်းက ဘယ်လိုနည်းဖြင့် ဆေးဧကရာဇ်ခန်းမ ၏ ဆေးဆိုင်များကို သွားရောက်ဖျက်ဆီးနိုင်ခဲ့သနည်း ဆိုသည်ပင်။

သို့သော် ဆရာကြီးဝမ်နှင့် ချီဖန်းဖေးတို့၏ မျက်နှာပျက်နေပုံကို ကြည့်ရုံမျှဖြင့် ယွင်ရှန်းသည် သူတို့ကို အကြီးအကျယ် အထိနာအောင် လုပ်လိုက်ပြီဆိုသည်မှာ ထင်ရှားလှသည်။ တိုက်ကြီးတစ်ခုလုံးရှိ ဆေးဆိုင်ရာပေါင်းများစွာထဲမှ ဘာကြောင့် ဆယ်ဂဏန်းခန့်သာ အဖျက်ဆီးခံရသနည်းဆိုသည့် အဖြေကိုလည်း သူတို့ ရိပ်မိသွားကြပြီဖြစ်သည်။

ယွင်ရှန်းသည် အကုန်လုံးကို ဖျက်ဆီးပစ်ရန် အစွမ်းအစ မရှိခြင်းမဟုတ်ဘဲ ယခုကဲ့သို့ ညှိနှိုင်းမှု မျိုး ဖြစ်လာလိမ့်မည်ကို ကြိုတင်တွက်ဆထားသောကြောင့်ပင်။ သူမသည် ဤညှိနှိုင်းပွဲအတွက် အပေးအယူလုပ်မည့် အနိုင်ဖဲများကို ကြိုတင်စုဆောင်းထားခဲ့ခြင်းပင်။

အရာအားလုံးမှာ သူမ၏ လက်ခုပ်ထဲကရေလို ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။

ဒီကလေးမလေးက တကယ်ပဲ ရှစ်နှစ်၊ ကိုးနှစ်အရွယ် ကလေးတစ်ဦး ဟုတ်ရော ဟုတ်ရဲ့လား။

သူမ၏ တည်ငြိမ်မှုနှင့် အကွက်စေ့မှုများက အတွေ့အကြုံရင့် ဆရာကြီးဝမ်ကိုပင် ရှက်ရွံ့သွားစေရန် လုံလောက်နေသည်။

“တကယ့်ကို ရက်စက်တဲ့ ကောင်မလေးပဲ”

ချီဖန်းဖေးမှာ အားကိုးရာမဲ့သလို ခံစားလိုက်ရသည်။ သူမကိုယ်တိုင်မှာ ရက်စက်တတ်သူဖြစ်သော်လည်း ယွင်ရှန်းနှင့် ရင်ဆိုင်ရသည့်အခါတွင်မူ တကယ့်ကို အားမတန်၍ မာန်လျှော့ရသလို ဖြစ်နေရပြီဖြစ်သည်။

“ချီးမွမ်းစကားအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ လူရော စိတ်ပါ အဆိပ်အတောက်တွေ ပြည့်နေတဲ့ ဆေးဆရာမချီရဲ့ အဆင့်မျိုးကိုတော့ ကျွန်မ မမှီသေးပါဘူး”

ယွင်ရှန်းက မျက်တောင်လေးတစ်ချက်ပင့်ကာ ခပ်အေးအေးပင် ပြန်လည်ပြောဆို လိုက်သည်။

နောက်ဆုံးတွင်မူ ဆရာကြီးဝမ်လည်း အလျှော့ပေးလိုက်ရသည်။ ဆေးဧကရာဇ်ခန်းမ အနေဖြင့် ဆေးပင်ထောက်ပံ့မှု လမ်းကြောင်းသာ ပြတ်တောက်သွားမည်ဆိုပါက လပိုင်းအတွင်းမှာပင် တစ်တိုက်လုံးရှိ သူတို့၏ အရှိန်အဝါများ ပြိုလဲသွားနိုင်သည်။ ယွင်ရှန်း၏ ခြိမ်းခြောက်မှုမှာ ရိုးရှင်းသော်လည်း အထိရောက်ဆုံး ဖြစ်ခဲ့သည်။

စီအန်းနှင့် ဆေးဧကရာဇ်ခန်းမတို့သည် ဤညှိနှိုင်းမှုကြောင့် ခဏတာ စစ်ပြေငြိမ်းသွားခဲ့ကြသည်။ ယွင်ရှန်းက ဆေးစိုက်ခင်းများမှ မပုရွက်ဆိတ်မိစ္ဆာများကို ပြန်လည်ရုပ်သိမ်းပေးခဲ့သလို ဆေးဧကရာဇ်ခန်းမကလည်း စီအန်းထံသို့ ဆေးဘက်ဝင်အပင်များ ပုံမှန်အတိုင်း ပြန်လည်ထောက်ပံ့ပေးရန် သဘောတူခဲ့သည်။

ဆရာကြီးဝမ်ပြန်လည်ထွက်ခွာသွားချိန်တွင် ဒေါက်တာဖန်နှင့် ယောင်ရုံတို့အနားမှ ဖြတ်သွားရင်း "မင်းတို့ကိုယ်မင်းတို့ သတိထားနေကြ" ဟူသော စကားတစ်ခွန်းကိုသာ ခပ်အေးအေး ပြောသွားခဲ့သည်။ ဤထွက်ခွာမှုနှင့်အတူ ဆရာတပည့် သုံးဦးကြားက သံယောဇဉ်မှာလည်း အဆုံးသတ်သွားခဲ့ရပြီ ဖြစ်သည်။

ယွင်ရှန်းရော ဆေးဧကရာဇ်ခန်းမပါ ကောင်းကောင်းသိထားသည်မှာ သူတို့မှာ အမှန်တကယ် ပြန်လည်သင့်မြတ်သွားခြင်း မဟုတ်ဘဲ တစ်ဖက်နှင့်တစ်ဖက် အသက်ရှူချောင်ရန် အခွင့်အရေးပေးလိုက်ခြင်းသာ။

ယွင်ရှန်းအတွက် စီအန်း၏ လက်ရှိအင်အားမှာ ဆေးဧကရာဇ်ခန်းမကဲ့သို့သော အင်အားကြီးအဖွဲ့အစည်းကို အမြစ်ပြတ်ချေမှုန်းရန် မလုံလောက်သေးပေ။

ဆေးဧကရာဇ်ခန်းမအတွက်မှု စီအန်းကြောင့် အင်အားများစွာ ကုန်ဆုံးထားရသဖြင့် အခြေအနေအရပ်ရပ်ကို ပြန်လည်တည်ငြိမ်အောင် လုပ်ဆောင်ရန် အချိန်လိုအပ်နေခြင်းပင်။

ဆရာကြီးဝမ်သည် ကျိမော့အနားမှ ဖြတ်သွားချိန်တွင် ရုတ်တရက် ရပ်လိုက်ပြီး "အတိတ်က သင်ခန်းစာက အနာဂတ်အတွက် လမ်းပြလိမ့်မယ်။ ဒါက ဆေးဧကရာဇ်ခန်းမ တစ်ခုတည်းအပေါ် သက်ရောက်မှာ မဟုတ်ဘူး" ဟု ထူးထူးခြားခြား စကားပြောကာ ကျိမော့ကို တစ်ချက် စူးစိုက်ကြည့်သွားခဲ့သည်။

ယောင်ရုံမှာ စိတ်မကောင်းဖြစ်နေသော်လည်း ဒေါက်တာဖန်က ဘေးမှနေ၍ "လမ်းစဉ်မတူရင် အတူတူ အစီအစဉ်ဆွဲလို့ မရဘူးလေ။ အခု ဆေးဧကရာဇ်ခန်းမက ငါတို့ ငယ်ငယ်က သိခဲ့တဲ့နေရာမျိုး မဟုတ်တော့ဘူး" ဟု နှစ်သိမ့်ပေးခဲ့သည်။ သူတို့နှစ်ဦးစလုံးသည် စီအန်းအတွက်သာ စိတ်ရောကိုယ်ပါ ဆက်လက်အလုပ်အကျွေးပြုရန် ဆုံးဖြတ်လိုက်ကြသည်။ ဤရင်ဆိုင်မှုတွင် ယွင်ရှန်း ပြသခဲ့သည့် ရဲစွမ်းသတ္တိနှင့် ပါးနပ်မှုများက ဒေါက်တာဖန်နှင့် ယောင်ရုံတို့ကို အကြီးအကျယ် အထင်ကြီးသွားစေခဲ့သည်။

"တကယ့်ကို အံ့သြဖို့ကောင်းတာပဲ"

ဆရာကြီးဝမ်တို့ ထွက်သွားပြီးမှ လင်းယောင်အာတစ်ယောက် အိမ်မက်က နိုးလာသလို ရေရွတ်မိသည်။ နတ်ဆေးဆရာမလေး ယွင်ရှန်းက ဆရာကြီးဝမ်ကိုတောင် အနိုင်ပိုင်းပြီး ပြန်လွှတ်လိုက်နိုင်သည်။

"သတိတော့ မလွတ်စေနဲ့ဦး။ မနက်ဖြန်ကစပြီး မှော်ဆေးဆိုင်ကို အဆင့်မြှင့်တင်ဖို့ ပြင်ဆင်ကြမယ်"

ယွင်ရှန်းလည်း သက်ပြင်းချရင်း ပြောလိုက်သည်။ ဤတိုက်ပွဲက သူမကိုလည်း အတော်လေး ရင်ခုန်စေခဲ့သည်မှာ အမှန်ပင်။ ရှေ့ဆက်ပြီး ဘယ်လို အခက်အခဲတွေ စောင့်ကြိုနေဦးမလဲဆိုတာ သူမ မသိသေးပေ။

"ကျိမော့... ရှင့်ကို ကျွန်မ စကားပြောချင်တယ်"

ယွင်ရှန်းက ကျိမော့ကို ကြည့်ကာ ပြောလိုက်သည်။ ယခုအချိန်သည် ကျိမော့နှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးရန် အချိန်တန်ပြီဟု သူမ ခံစားနေရသည်။

All Chapters