အခန်း (၂၁၁၅-၂၁၁၆)
Vol. 152 Ch. 2115-2116
အပိုင်း(၂၁၁၅)
ပြတ်သားသော ဆည်းဆာ ဂလက်ဆီ...
ဂလက်ဆီ၏ အမည်နာမကို အသစ်ပြောင်းလဲခဲ့ပြီးနောက်တွင် ကမ္ဘာလောက၏ လုပ်ဆောင်ချက် သို့မဟုတ် ရည်ရွယ်ချက်တို့၌ ကြီးမားသော အပြောင်းအလဲများ မရှိခဲ့သော်လည်း မကြာသေးမီက ဖြစ်ပွားခဲ့သော ကြေကွဲဖွယ်ရာ ကိစ္စရပ်များမှာမူ အားလုံးနီးပါး ပြေလည်သွားခဲ့လေပြီ။ အာရုဏ်ဦး အာဏာရှင် ဧကရာဇ်သည် ထိုကပ်ဘေးသင့် အခြေအနေကို ကုစားရန် ပထမဆုံး အစပျိုးမှုအဖြစ် သေမျိုးအဆင့် အဆင့်သုံးမှ အဆင့်ကိုး အထိ အဂ္ဂိရတ် ထုတ်ကုန် အမြောက်အမြားကို အဖွဲ့အစည်း အသီးသီးသို့ ပေးပို့ခဲ့သည်။ ထိုပေးပို့မှုများကို သူတော်စင် ဟားသွော၏ သာယာဝပြော မဟာမိတ် အဖွဲ့များက တာဝန်ယူ ဆောင်ရွက်ခဲ့ကြသည်။ ဤလုပ်ရပ်ကြောင့် ဝေ့ဝူယင်၏ ကတိတည်နိုင်မှုအပေါ် သံသယရှိနေသူတို့၏ ပါးစပ်ကို ပိတ်ပစ်နိုင်ခဲ့လေသည်။
ဆက်လက်၍ ကျင့်ကြံခြင်း အရင်းအမြစ်များကို ပေးပို့ရာတွင် သူတော်စင် နတ်ပရီ နှင့် သူတော်စင် ခွန်ရှူးတို့၏ တပ်ဖွဲ့များက ပူးပေါင်း၍ နှစ်စဉ် စနစ်တကျနှင့် အချိန်ကိုက် ပေးပို့သွားမည် ဖြစ်သည်။ ထိုအစီအစဉ်ဇယားကို လက်ခံရရှိပြီးနောက် ဂလက်ဆီအတွင်းရှိ ထိပ်သီးအဖွဲ့အစည်း အများစုမှာ သက်ပြင်းချနိုင်ခဲ့ကြပြီး အနာဂတ်သည် တစ်ဖန်ပြန်၍ လင်းလက်လာခဲ့ပြန်သည်။
မူလ အာရုဏ်ဦး နန်းတော်...
ဝေ့ဝူယင်သည် သပ်ရပ်စွာ စီစဉ်ထားသော ကျောက်ပြားများ၊ ပုရပိုက်များနှင့် ဝိညာဉ်ကျောက်စိမ်းများ ပြည့်နှက်နေသည့် စားပွဲတစ်ခု၏ ရှေ့တွင် ရပ်နေသည်။ ထိုစားပွဲ၏ အလယ်ဗဟိုတွင် အာရုဏ်ဦး ခြေချခြင်း အဂ္ဂိရတ် မှော်သန့်စင် ဆေးအိုး ရှိနေပြီး အထဲ၌ စိမ်းဖန့်ဖန့် အရည်များ ဆူပွက်နေ၏။ လျှို့ဝှက် သင်္ကေတများ ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေပြီး သိပ်သည်းသည့် အဂ္ဂိရတ်ရနံ့များ ထွက်ပေါ်နေသည်။
အဂ္ဂိရတ်အိုး၏ အနားသတ်တွင် ပိုင်ရှုသည် သူမ၏ သေးငယ်သော ကိုယ်ဟန်ဖြင့် စိတ်လှုပ်ရှားစွာ ငုံ့ကြည့်နေသည်။ သူမ၏ မျက်နှာထက်တွင် စွဲလမ်းရူးသွပ်မှုများ ပြည့်နှက်နေပြီး မည်သူမဆို မြင်တွေ့ပါက ရင်ထဲ၌ တစ်စုံတစ်ရာ ခံစားသွားရလောက်သည်။
"မင်း ပြောတာ မှန်တယ်..."
ဝေ့ဝူယင်သည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ ဆူပွက်နေသော အစိမ်းရောင် အရည်များပေါ်သို့ လက်ဖဝါး တင်လိုက်သည်။ သူသည် အဂ္ဂိရတ် ဖော်စပ်ခြင်း၏ နောက်ဆုံး အဆင့်ကို လုပ်ဆောင်နေပြီး လွင့်ပျံနေသော သင်္ကေတများကို အရည်ထဲသို့ ပေါင်းစပ်ထည့်သွင်းလိုက်သည်။ အစိမ်းရောင် အရည်သည် ချက်ချင်းပင် သံပရာရောင်သို့ ပြောင်းလဲသွားပြီး သင်္ကေတများသည် အရည်ထဲတွင် ငါးအုပ်စုကဲ့သို့ မာန်ပါလှစွာ ကူးခတ်နေကြကာ ပုံရိပ်များမှာလည်း ထင်ရှားပြတ်သားလာပြီး အားကောင်းသော မန်နာ အော်ရာများ ထွက်ပေါ်လာသည်။
ပိုင်ရှုသည် အဂ္ဂိရတ် အေးအိုး အနားသတ်ကို တင်းတင်းဆုပ်ကိုင်ကာ စိတ်လှုပ်ရှားစွာဖြင့် ခြေဖျားထောက်၍ ငုံ့ကြည့်နေသည်။ ဤသည်မှာ လျှို့ဝှက်လောက အဆင့်မြင့် ထုတ်ကုန်တစ်ခု ဖြစ်ပြီး မူလ တရားသူကြီးများနှင့် လျှို့ဝှက်အရှင်များပင် လိုချင်တပ်မက်ကြသည့် လှိုင်းကိုးသွယ် ကောင်းကင်မူလ အမြုတေဆေးရည် ပင် ဖြစ်သည်။ ၎င်းသည် ကျင့်ကြံသူတစ်ဦး၏ မူလအခြေအနေကို မြှင့်တင်ပေးရာတွင် အထူးအစွမ်းထက်လှသည်။
သူတော်စင် ခွန်ရှူးက အဆင့်နိမ့် ဟု သမုတ်ခဲ့သော ကောင်းကင်ရှန့်ထို အဂ္ဂိရတ် မျိုးဆက်တွင်လည်း ကောင်းကင်မူလ အစစ်အမှန် အသက်ရှု ဆေးရည် ဟူသော လျှို့ဝှက်ကောင်းကင်အဆင့် ဆေးဖော်စပ်နည်း ရှိသော်လည်း ယခု ဝေ့ဝူယင် ဖော်စပ်လိုက်သည့် ဆေးရည်မှာ ထိုထက် များစွာ သာလွန်လှသည်။
ဝေ့ဝူယင်သည် သူ၏ အမြင်အာရုံထဲမှ အဂ္ဂိရတ် ကြယ်တာရာများကို ရုပ်သိမ်းလိုက်ပြီး ခေါင်းခါလိုက်သည်။ အစောပိုင်းက သူ သံသယ အနည်းငယ် ရှိခဲ့သော်လည်း အဂ္ဂိရတ် မျိုးဆက်များကို လက်ဝယ်ရရှိပြီးနောက်တွင်မူ ယခု သူဖော်စပ်လိုက်သည့် ဆေးရည်မှာ ပိုမို အစွမ်းထက်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
"ဂလက်ဆီတွေကြားက အဂ္ဂိရတ် လောကမှာ ဝမ်းနည်းစရာ ကောင်းတဲ့ အချက်တွေ ရှိနေတာပဲ..."
ဝေ့ဝူယင်သည် တွေးတောနေမိသည်။ အဆင့်နိမ့် ထုတ်ကုန်များကို ဖော်စပ်ပြီး မိမိကိုယ်ကိုယ် အမွှမ်းတင်ကာ နာမည်ကျော်အောင် လုပ်နေကြသည့် ကျင့်ကြံသူ ဘယ်နှယောက်တောင် ရှိနေပါသနည်း။ သို့သော်လည်း လျှို့ဝှက်ကောင်းကင် အဆင့် ထုတ်ကုန်တစ်ခုကို ဖော်စပ်နိုင်ခြင်းမှာမူ ချီးကျူးထိုက်သည့် ကိစ္စဖြစ်သည်မှာ မြေကြီးလက်ခတ် မလွဲပင်။
"သူတို့က သနားစရာ ကောင်းလိုက်နော် ဆရာ..."
ပိုင်ရှုက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး ဆေးရည်ထဲသို့ လက်ညှိုးလေး နှစ်လိုက်သည်။ သူမ လက်ညှိုးလေးကို ပြန်ထုတ်လိုက်သောအခါ သိပ်သည်းသော ခုနစ်ရောင်ခြယ် မြူခိုးများ ပါလာ၏။ သူမ၏ မျက်ဝန်းများမှာ ပို၍ပင် တောက်ပလာသည်။ ထိုအရာမှာ အသန့်စင်ဆုံး မြူခိုး ပင် ဖြစ်သည်။ ၎င်းမှာ အလွန် မြင့်မားသော အဆင့်ဖြစ်သည်။
"ကဲ... စားတော့လေ"
ဝေ့ဝူယင်က ပြုံးလျက် တိုက်တွန်းလိုက်သည်။ ပိုင်ရှုသည် ကလေးငယ်တစ်ဦးကဲ့သို့ လက်ညှိုးလေးကို စုပ်ကာ ထိုမြူခိုးများကို မြိန်ရည်ယှက်ရည် စားသုံးနေတော့သည်။ သူမ၏ ညည်းတွားသံလေးများမှာ အနည်းငယ် ထူးဆန်းနေသည်။ အသုတ်သုံးဆယ့်သုံးသုတ်စာ အထွတ်အထိပ် အဆင့် ဆေးရည်မှ ထွက်ပေါ်လာသော ထိုမြူခိုးများသည် ပိုင်ရှုကဲ့သို့ အဂ္ဂိရတ် တာအို ဝိညာဉ်တစ်ခုအတွက် အလွန် အဖိုးတန်လှရာ သူမသည် လက်ခုပ်ဖြင့် ခပ်ယူကာ တမြိန်မြိန် သောက်သုံးနေတော့သည်။
"ငါ ပြောတာ မှန်တယ်ဆိုတာ သိတယ်မလား"
ကောင်းကင် စစ်ဝိညာဉ်က ယခင် စကားဝိုင်းကို ဆက်လိုက်သည်။ သူတို့သည် ဝေ့ဝူယင်၏ ကျင့်ကြံခြင်း လမ်းစဉ်နှင့် ပတ်သက်၍ ဆွေးနွေးနေခဲ့ကြခြင်း ဖြစ်သည်။ ကောင်းကင် စစ်ဝိညာဉ်က ဝေ့ဝူယင်အား ယခု အဆင့်တွင် ဥပဒေသ များအပေါ် အလွန်အမင်း အားကိုးခြင်းသည် မကောင်းကြောင်း အကြိမ်ကြိမ် သတိပေးခဲ့သည်။ သေမျိုးအဆင့်နှင့် လျှို့ဝှက် တက်လှမ်းခြင်း အစောပိုင်း အဆင့်များသည် မိမိ၏ ကျင့်ကြံသူ အမှတ်အသားကို ခိုင်မာအောင် တည်ဆောက်ရမည့် အချိန်ဖြစ်ပြီး ဥပဒေသများကို အားကိုးလွန်းပါက ထိုတည်ဆောက်မှုကို အဟန့်အတား ဖြစ်စေနိုင်သည်။
ဥပဒေသများသည် အလွန် အစွမ်းထက်သော်လည်း ၎င်းတို့သည် ဝေ့ဝူယင်၏ သီးခြား ထူးခြားချက်များကို ဖုံးလွှမ်းသွားနိုင်သည်။ ကောင်းကင် စစ်ဝိညာဉ်၏ အဆိုအရ ဥပဒေသများသည် လက်ရှိ အင်အား အခြေခံကို မြှင့်တင်ပေးမည့် ကိရိယာ များသာ ဖြစ်သင့်ပြီး အဓိက အင်အား မဖြစ်သင့်ပေ။ ဝေ့ဝူယင်သည် ယခင်က ထိုအချက်ကို နားလည်သော်လည်း ကြီးမားသော ပြဿနာဟု မယူဆခဲ့ပေ။ သို့သော် ပါခက် အပါအဝင် သူတော်စင် ရှစ်ပါးနှင့် တိုက်ခိုက်ပြီးနောက်တွင်မူ ကောင်းကင် စစ်ဝိညာဉ်၏ အကြံပြုချက်မှာ မည်မျှ တန်ဖိုးရှိကြောင်း ကောင်းစွာ နားလည်သွားခဲ့သည်။
ခရာတို ဟူသော ဟင်းလင်းပြင် နဂါးဝိညာဉ်၌ ဝေ့ဝူယင် လျစ်လျူရှုထားမိသည့် အံ့ဖွယ် စွမ်းအားများစွာ ရှိနေသည်။ ဟင်းလင်းပြင် နဂါး လျှို့ဝှက် စွမ်းအား၊ နဂါး အင်အား၊ ဟင်းလင်းပြင် အင်အားနှင့် အစစ်အမှန် နဂါး သွေးမျိုးဆက်တို့ပင် ဖြစ်သည်။ ဝေ့ဝူယင်သည် သူ၏ ခန္ဓာကိုယ်အတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားများကို ရှာဖွေတွေ့ရှိခဲ့သည်။ လျှို့ဝှက် ဒဏ္ဍာရီ ပထမအဆင့် သာ ရှိသေးသော်လည်း ကောင်းကင် ရတနာများ ကိုင်ဆောင်ထားသည့် သူတော်စင်များကို ယှဉ်ပြိုင်နိုင်စွမ်း ရှိနေသည်။ အစစ်အမှန် နဂါးတစ်ကောင်၏ အရှိန်အဝါမှာ အမှန်တကယ်ပင် ထူးကဲလှပေသည်။
ဟင်းလင်းပြင် ကူးပြောင်းခြင်းနှင့် ပုန်းကွယ်ခြင်းတို့တွင် အကန့်အသတ်ရှိကြောင်း သူသိလာရပြီး၊ လျှို့ဝှက်နယ်မြေ သုံး၍ သူ့ကို ဟင်းလင်းပြင်ထဲမှ ဆွဲထုတ်နိုင်ကြောင်းလည်း သင်ခန်းစာ ရခဲ့သည်။ မိမိ၏ အားသာချက်ကို သိရုံသာမက အားနည်းချက်ကိုပါ မြင်လာရခြင်းက သူ၏ လိုအပ်ချက်ကို ဖော်ပြနေသည်။
လက်ရှိတွင် သူ၏ ရန်သူများမှာ ထူးချွန်သော အစစ်အမှန် သူတော်စင်၊ အစစ်အမှန် ဝိညာဉ် နှင့် ပဲ့တင်ထပ် ဝိညာဉ်အဆင့် ကျင့်ကြံသူများသာ ဖြစ်ပြီး အစစ်အမှန် သူတော်စင်တစ်ဦးက သူ့ကို မပြေးနိုင်အောင် တားဆီးနိုင်ခဲ့သည်။ ဤသည်မှာ သူ၏ ယုံကြည်မှုကို အနည်းငယ် ထိခိုက်စေခဲ့သည်။
သို့သော်လည်း ပြင်ပမှ ကောင်းကင် အော်ရာနှင့် အလင်းတန်းများကို ဝါးမြိုနိုင်သော သူ၏ သွေးမျိုးဆက် ခုခံအားမှာ အံ့ဩစရာ ဖြစ်ခဲ့သည်။ ဤသည်မှာ အစစ်အမှန် နဂါး သွေးမျိုးဆက်ကြောင့်လား သို့မဟုတ် သားရဲတိုင်းတွင် ထိုသို့သော ကောင်းကင်ကို ဝါးမြိုနိုင်သည့် စွမ်းရည်ရှိသလားဆိုသည်ကို ဝေ့ဝူယင် သိလိုနေသည်။ သားရဲများသည် မန်နာကို တိုက်ရိုက် စားသုံးနိုင်သူများ ဖြစ်ရာ ဥပဒေသများကို ဝါးမြိုနိုင်ခြင်းမှာလည်း မထူးဆန်းဟု ဆိုနိုင်သည်။
ကောင်းကင် စစ်ဝိညာဉ်ကပင် ဤအချက်ကို အဖြေမပေးနိုင်သလို ဝေ့ဝူယင် ခိုးယူထားသော မှတ်ဉာဏ်များတွင်လည်း မပါရှိပေ။ တန်ခိုးရှင် မသေမျိုး အဆင့် တက်လှမ်းရန် ရှုံးနိမ့်ခဲ့သည်ဆိုသော ကျောက်လုံ မှလွဲ၍ ပဲ့တင်ထပ် ဝိညာဉ်အဆင့်ရှိသော သားရဲ တစ်ကောင်မှ ရှိကြောင်း သက်သေ မရှိပေ။
ဂလက်ဆီ အနှံ့ လှည့်လည်ခဲ့ဖူးသော ကျန်းကျန့်ဝမ်၏ မှတ်ဉာဏ်တွင်ပင် အထွတ်အထိပ် သူတော်စင် အဆင့် သားရဲများ မရှိဘဲ ကြောက်မက်ဖွယ်ကောင်းသော ဟင်းလင်းပြင် သတ္တဝါများအကြောင်းသာ ပါရှိသည်။ ထို့ကြောင့် ဝေ့ဝူယင်သည် ထိုစွမ်းရည်ကို သူ၏ ထူးခြားသော ကျင့်ကြံမှုကြောင့် ရရှိလာခြင်းဟုသာ ယူဆလိုက်သည်။ သားရဲများ၏ ကျင့်ကြံမှုသည် ဝိညာဉ်များ၏ ကျင့်ကြံမှုထက် မနိမ့်ကျလှပေ။
ထို့အပြင် အစစ်အမှန် နဂါး ခြေချခြင်း အကြောင်းရှိသည်။ ၎င်းကို အသုံးပြုခဲ့သော်လည်း ပါခက်အပေါ် အောင်ပွဲမှာ အကြွင်းမဲ့ မဟုတ်ခဲ့ပေ။ အတွေ့အကြုံ မရှိမှုကြောင့် လက်မောင်းသေးသေးဖြင့် တူကြီးကို ရမ်းနေသကဲ့သို့ ဖြစ်ခဲ့သည်။ ပါခက်သည် အထွတ်အထိပ် သူတော်စင် သို့မဟုတ် ဉာဏ်အလင်းရ သူတော်စင် မဟုတ်ခဲ့ခြင်းမှာ ကံကောင်းခြင်းပင်။ ဥပဒေသ တစ်ခု၏ စွမ်းအားမှာ သူထင်ထားသည်ထက် များစွာ ပိုမြင့်မားနေသည်။
သူမသာ သူမ၏ လျှို့ဝှက်စွမ်းအားနှင့် ဥပဒေသကို ကျွမ်းကျင်စွာ ပေါင်းစပ်နိုင်ခဲ့ပါက ဝေ့ဝူယင်အနေဖြင့် သူ၏ သာမည ဥပဒေသများကို အသုံးမပြုဘဲ အနိုင်ရရန် မလွယ်ကူပေ။ ဝေ့ဝူယင်က အားနည်းခြင်း မဟုတ်ဘဲ သူ၏ ကျင့်ကြံမှု အဆင့်က နိမ့်လွန်းနေခြင်းသာ ဖြစ်သည်။ ဤအချက်က အထွတ်အထိပ် သူတော်စင်များသည် သူထင်ထားသည်ထက် ပိုအစွမ်းထက်နိုင်ကြောင်း သက်သေပြနေသည်။
"ဝေ့ဝူယင်... နင့်ရဲ့ ကျင့်ကြံခြင်း စွမ်းအားတွေကို ဆက်ပြီး လေ့ကျင့်နေဖို့ လိုတယ်၊ နင့်ရဲ့ အကန့်အသတ်တွေနဲ့ အားနည်းချက်တွေကို နားလည်ပြီး အားသာချက်တွေကို ဆုပ်ကိုင်ထားရမယ်"
ကောင်းကင် စစ်ဝိညာဉ်က ထပ်မံ အကြံပေးပြန်သည်။ ဝေ့ဝူယင်သည် ပိုင်ရှု၏ ပါးဖောင်းဖောင်းလေးကို အသာအယာ ဆွဲလိုက်ရာ သူမက နှုတ်ခမ်းဆူသွားသည်။ သူမ၏ ထိုအမူအရာလေးက ဝေ့ဝူယင်၏ စိုးရိမ်ပူပန်နေသော စိတ်ကို ပြေလျော့စေသည်။
သူ စိုးရိမ်နေသည်မှာ သူ၏ အားနည်းချက်ကြောင့် မဟုတ်ပါချေ။
[ဘယ်ဘက်လက်မောင်း - ရမ္မက်]
ကမ္မ တန်ဖိုး... ၀
ပထမကပ်ဘေး အောင်မြင်ခြင်း... (၇/၇)
ဒုတိယကပ်ဘေး အောင်မြင်ခြင်း... (၁/၁)
တတိယကပ်ဘေး အောင်မြင်ခြင်း... (၃/၃)
စတုတ္ထကပ်ဘေး တားဆီးခြင်း... ၁ နှစ်
...
[ညာဘက်လက်မောင်း - မာန]
ကမ္မ တန်ဖိုး... ၀
...
ထိုအရာက နီးကပ်လာနေသောကြောင့် ဖြစ်သည်။ စတုတ္ထမြောက် ကပ်ဘေးသည် တဖြည်းဖြည်း နီးကပ်လာနေပြီး လအနည်းငယ်သာ လိုတော့ကြောင်း သူ ခံစားနေရသည်။ ထို့ပြင် သူသည် ကမ္မ တန်ဖိုး အမြောက်အမြားကို ဆုံးရှုံးထားခဲ့ရရာ အနာဂတ်တွင် ကံကောင်းမှုများ ရရှိရန် အခွင့်အရေး နည်းပါးနေသည်။
"ဆရာ..."
ပိုင်ရှုက မြူခိုးများကို မျိုချရင်း မေးလိုက်သည်။
"နောက်ကျရင် ကျွန်မတို့ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီကို သွားမှာလား"
***
အပိုင်း(၂၁၁၆)
ဝေ့ဝူယင်က သူ့လက်မောင်းများထံမှ အကြည့်လွှဲလိုက်၏။
"အဲဒါက ငါတို့ရဲ့ နောက်ထပ်ခြေလှမ်းပဲလေ... ဘာလဲ... မင်းက တခြား အဂ္ဂိရတ် ပညာရှင်တွေဆီက မြူခိုးတွေကို ခိုးဖို့ ကြံနေတာလား၊ အများကြီးစားရင် မင်းရဲ့ ကိုယ်လုံးလေး ပျက်သွားဦးမယ်"
သူက နောက်ပြောင်လိုက်သည်။
ပိုင်ရှုက မျက်မှောင်ကြုတ်ကာ တည်ငြိမ်သွားပြီး တိုးတိုးလေး ပြောလိုက်၏။
"ကျွန်မ ခံစားနေရတယ်... အပြင်မှာ တစ်ခုခု ရှိနေတယ်၊ ပြီးတော့ ကျွန်မတို့က..."
"ကျွန်မတို့က ဘာဖြစ်လဲ"
ဝေ့ဝူယင်က မေးလိုက်သည်။
"ကျွန်မတို့ ပိုပြီး နီးကပ်လာပြီလို့ ခံစားရတယ်..."
နီးကပ်လာပြီ...
ဝေ့ဝူယင် အံ့အားသင့်သွားသည်။
"ဘာနဲ့ နီးတာလဲ"
"မသိဘူး... ဒါပေမဲ့ ပိုပြီး နီးကပ်လာတယ်"
ပိုင်ရှုက ထိုမျှသာ ပြောပြီး မြူခိုးများကို ဆက်စားနေတော့သည်။ ပတ်ဝန်းကျင် အခြေအနေမှာ ရုတ်တရက် လေးလံသွားသလို ခံစားလိုက်ရသည်။
ဝေ့ဝူယင်သည် ပိုင်ရှုထံမှ ဘာမှ ထပ်မေး၍ မရတော့ပေ။ သူမ ပြောသည်မှာ ဝေဝါးနေသော်လည်း ဝေ့ဝူယင်သည် ထိုသို့သော ဝေဝါးသည့် ခံစားချက်များကို ဖော်ထုတ်ရင်း အသက်ရှင်လာခဲ့သူ ဖြစ်သည်။ ဖြစ်နိုင်သည်မှာ ပိုင်ရှု၏ စကားသည် သူမ၏ ဝိညာဉ်နှင့် ဆက်နွှယ်နေသော သူမ၏ မူလအစ ဖြစ်နိုင်ပေသည်။
ပိုင်ရှုသည် ရှေးယခင်က ထျန်းရှောင်လော့နှင့် ချင်ကူးယဉ်တို့ အတွက် အခွင့်အရေးတစ်ခု ဖြစ်ခဲ့သည်။ သို့ဆိုလျှင် နောင်တစ်ချိန်တွင် သူမသည် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီသို့ ရောက်ရှိကာ သူမ၏ မူလအစကို ရှာဖွေတွေ့ရှိရန် ကံပါလာခြင်း ဖြစ်နိုင်ပေသည်။
"ကိစ္စမရှိပါဘူး... ကမ္မ တန်ဖိုး ရှိရှိ မရှိရှိ၊ ငါ့ရှေ့ကို ရောက်လာတဲ့ အခွင့်အရေး မှန်သမျှကို ငါ အမိအရ ဆုပ်ကိုင်သွားမှာပဲ..."
ဝေ့ဝူယင်၏ အတွေးများက ခိုင်မာ ပြတ်သားနေသည်။ သူသည် လည်ပင်းတွင် ဆွဲထားသော လျှို့ဝှက် ကျောက်စိမ်း သလင်းကျောက်လေးကို အသာအယာ ပွတ်သပ်လိုက်သည်။
မကြာခင်မှာ... သူမလည်း ပြန်လာတော့မည် ဖြစ်သည်။
...
ဂြိုဟ်ခြောက်လုံး ပါဝင်သည့် ကြယ်အစုအဝေးတစ်ခု၏ အလယ်ဗဟိုတွင် အပြာရောင်တောက်ပကာ ငယ်ရွယ်နုပျိုသော နေမင်းတစ်စင်းသည် အရှိန်အဝါ ပြင်းပြင်းထန်ထန်နှင့် လှပစွာ တောက်လောင်နေသည်။ ထိုနေမင်း၏ အနီးအနား၊ ရေထုပေါကြွယ်ဝပြီး စိုပြည်လှပသော ဂြိုဟ်တစ်လုံး၏ အပြင်ဘက် ဟင်းလင်းပြင်ထဲတွင် ငွေရောင်နှင့် အနက်ရောင် ရောယှက်နေသော ဝတ်ရုံကို ဆင်မြန်းထားသည့် လူတစ်ယောက်သည် အနားယူနေသည့်အလား ပျင်းရိပျင်းတွဲ လမ်းလျှောက်နေသည်။ ထိုသူမှာ မိမိအိမ်တွင် ရှိနေသကဲ့သို့ အလွန်အမင်း စိတ်အေးလက်အေး ရှိနေသည့်ပုံပင်။
အစစ်အမှန် ဟင်းလင်းပြင် နဂါး သွေးမျိုးဆက်ကို ရရှိပြီးနောက်တွင် ဝေ့ဝူယင်သည် ဂြိုဟ်များနှင့် ကုန်းမြေများ၏ အကန့်အသတ်ကို ကျော်လွန်ကာ ဟင်းလင်းပြင်ထဲတွင် ပျံသန်းနိုင်စွမ်း ရရှိခဲ့သည်။ သူသည် ကျယ်ပြောလှသော အာကာသ ဟင်းလင်းပြင်ကို သက်သောင့်သက်သာရှိပြီး ရင်းနှီးကျွမ်းဝင်သော နေရာတစ်ခုအဖြစ် အမြဲတမ်း ခံစားခဲ့ရသည်။ သူ၏ မူလအာရုဏ်ဦး နန်းတော်ကိုလည်း များသောအားဖြင့် ဟင်းလင်းပြင်ထဲ၌သာ တည်ဆောက်လေ့ရှိပြီး အမှောင်ဟင်းလင်းပြင်ထဲတွင် လှည့်လည်သွားလာနေသော နဂါးတစ်ကောင်ကဲ့သို့ အခြေချလေ့ရှိသည်။
သုံးဆယ့်သုံးသွယ် ကောင်းကင် ဆေးဖော်စပ်နည်းကို အသုံးပြု၍ လှိုင်းကိုးသွယ် ကောင်းကင်မူလ အမြုတေဆေးရည် ကို ဖော်စပ်ပြီးနောက် ဝေ့ဝူယင်သည် သူ၏ အဆင့်အတန်းကို စီနီယာ လောကရှန့်ထို အဂ္ဂိရတ်ပညာရှင် အဖြစ် အပြည့်အဝ အတည်ပြုနိုင်ခဲ့သည်။ အဂ္ဂိရတ် တာအို၏ လျှို့ဝှက်အဆင့်တွင် ကျွမ်းကျင်မှုအလိုက် သတ်မှတ်ချက် သုံးမျိုးရှိသည်။ ၎င်းတို့မှာ - ဂျူနီယာ၊ စီနီယာ နှင့် အထွတ်အထိပ် တို့ပင် ဖြစ်သည်။ ဝေ့ဝူယင်၏ စံနှုန်းအရ သူသည် စီနီယာ လောကရှန့်ထို အဆင့်သို့ ယခုမှ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
အကယ်၍ အခြားသော အဂ္ဂိရတ်ပညာရှင်များသာ ကွယ်လွန်သွားပြီဖြစ်သော ဝေ့ဝူယင်၏ ပထမဆုံး အဂ္ဂိရတ် ဆရာသခင် သင်ကြားပေးခဲ့သည့် ထိုမယုံကြည်နိုင်လောက်အောင် မြင့်မားလှသော စံနှုန်းများကို သိရှိသွားပါက သူတို့မှာ ထိတ်လန့်တကြားဖြင့် နှစ်ပေါင်းများစွာ စကားပင် ပြောနိုင်ကြတော့မည် မဟုတ်ပေ။ အထူးသဖြင့် ဝေ့ဝူယင်၏ လက်ရှိအသက်အရွယ်ကို ထည့်တွက်မည်ဆိုပါက အချို့သော စီနီယာကြီးများမှာ စိတ်ပျက်အားငယ်လွန်းသဖြင့် ထိုနေရာ၌ပင် အသက်ထွက်သွားနိုင်ပါသည်။
"အဲဒီကောင်လေးကို တပည့်အဖြစ် လက်ခံချင်လို့လား..."
ကောင်းကင် စစ်ဝိညာဉ်က ဝေ့ဝူယင် လှည့်ပတ်ကြည့်ရှုနေသည့် ဂြိုဟ်ကို အာရုံစိုက်ရင်း စပ်စုမိသည်။ မကြာသေးမီက ဝေ့ဝူယင်သည် သာလွန်ခြင်း အဆင့် အရည်အသွေးရှိသည့် အာရုဏ်ဦး နေမီးတောက် ဆေးလုံး တစ်လုံးကို မြှုပ်နှံထားခဲ့ခြင်းဖြင့် ထိုဂြိုဟ်ပေါ်ရှိ ကောင်လေးတစ်ယောက်အတွက် အခွင့်အရေးတစ်ခု ချန်ထားပေးခဲ့သည်။ သူတို့ကဲ့သို့ အဆင့်မြင့် ကျင့်ကြံသူများအတွက် ခဏတာမျှသာ ဖြစ်သော်လည်း ဝိညာဉ်ရုပ်တု အဆင့်သာရှိသေးသည့် ထိုကောင်လေးအတွက်မူ သူ၏ ဘဝလမ်းကြောင်း တစ်ခုလုံးကို ပြောင်းလဲပစ်ရန် လုံလောက်သော အချိန်ပင် ဖြစ်သည်။
ဝေ့ဝူယင်သည် ထိုကောင်လေး၏ လှုပ်ရှားမှုများကို ရံဖန်ရံခါ စိတ်ဝင်တစား စောင့်ကြည့်နေခဲ့သည်။ ကောင်လေး၏ ကျင့်ကြံမှုမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။ သာလွန်ခြင်း အဆင့် အရည်အသွေးရှိ ဆေးလုံး၏ အစွမ်းကြောင့် သူသည် သူ၏ ဂြိုဟ်ပေါ်ရှိ မည်သည့် ပါရမီရှင်ထက်မဆို ပိုမိုကြီးမားသော လျှို့ဝှက်နယ်မြေ မျိုးစေ့ကို ရရှိခဲ့ပြီး အလင်းစွမ်းအင်များကို ဝိညာဉ်အလင်း စွမ်းအင်များအဖြစ် ပြောင်းလဲနိုင်သည့် မွေးရာပါ စွမ်းရည်နှင့် အာကာသ စွမ်းအင်များကို ပိုမိုနားလည်နိုင်စွမ်း ရှိလာခဲ့သည်။
ဆေးလုံး၏ အစွမ်းသက်သက်ဖြင့်ပင် သူသည် ခန္ဓာကိုယ်ကို လျင်မြန်စွာ ကျင့်ကြံနိုင်ခဲ့ပြီး ကြယ်တာရာ အမြုတေ အဆင့်၏ စတုတ္ထအဆင့်ဖြစ်သော အာကာသ ပဲ့တင်သံ အဆင့်သို့ ပဲ့တင်သံလှိုင်းကိုးခုဖြင့် တက်လှမ်းနိုင်ခဲ့သည်။ ထို့ပြင် သူ၏ ဝိညာဉ်အလင်း စွမ်းအင်များအပေါ် နားလည်မှုကြောင့် ဝိညာဉ်အလင်း၏ အမြင့်ဆုံးပုံစံဖြစ်သော မူလခရမ်းရောင် အလင်းရင်းမြစ်ကိုပင် ရရှိနိုင်မည့် အလားအလာ ရှိနေသည်။ သူ လောကသခင်အဆင့်သို့ ရောက်ရှိပြီး လျှို့ဝှက်နယ်မြေ မျိုးစေ့ကို တည်ဆောက်သောအခါ အာရုဏ်ဦး နယ်မြေမျိုးစေ့နှင့် ပေါင်းစပ်သွားမည်ဖြစ်ပြီး သူ၏ မူလအလင်းရင်းမြစ်မှာလည်း အစစ်အမှန် အလင်း သို့မဟုတ် ဝိညာဉ်အလင်းအဖြစ် ပြောင်းလဲသွားနိုင်ပေသည်။
ဆေးလုံးတစ်လုံးတည်းက သာမန်ကောင်လေးတစ်ယောက်အား ကောင်းကင်က ပေးသနားသော အခြေခံအုတ်မြစ်များကို တည်ဆောက်ပေးလိုက်ပြီး ခက်ခဲလှသော ကြယ်တာရာ အမြုတေ အဆင့်တွင် အဆင့်နှစ်ဆင့်ကို ကျော်ဖြတ်ကာ သူ၏ ကမ္ဘာလောကထဲတွင် တောက်ပလာမည့် ကြယ်တစ်ပွင့် ဖြစ်လာစေခဲ့သည်။
"တပည့် ဟုတ်လား..."
ဝေ့ဝူယင်က စိတ်မဝင်စားသည့် လေသံဖြင့် ပြန်မေးလိုက်သည်။ ထိုကောင်လေးသည် ကြယ်တာရာ အမြုတေ အဆင့်၏ စံနှုန်းအရ ငယ်ရွယ် သည်ဟု ဆိုနိုင်သော်လည်း အသက်နှစ်ရာကျော်နေပြီ ဖြစ်ရာ သေမျိုးတစ်ဦး၏ အမြင်တွင်မူ အသက်နှစ်ဆယ်ဝန်းကျင် လူငယ်တစ်ယောက် ဖြစ်နေပြီဖြစ်သည်။ ဝေ့ဝူယင်သည် တပည့်လက်ခံရန်အတွက် အလွန် ငယ်ရွယ်လွန်းနေသေးသည်ဟု ခံစားနေရဆဲပင်။
"..."
ကောင်းကင် စစ်ဝိညာဉ်မှာ ခဏမျှ တိတ်ဆိတ်သွား၏။ ပြီးနောက်မှ...
"နင်က လျှို့ဝှက်ကစားပွဲကို တစ်ကိုယ်တော် ကစားနေတာလား"
ဝေ့ဝူယင်သည် မျက်လုံးကို မှိတ်လျက် အသာအယာ ပြုံးလိုက်သည်။ လျှို့ဝှက်ကစားပွဲ ဆိုသည်မှာ ရှေးဟောင်း ကစားပွဲတစ်ခု ဖြစ်ပြီး မိမိစိတ်ကြိုက် ရွေးချယ်ထားသော နယ်ရုပ်တစ်ခု၏ ကံကြမ္မာကို ကြိုးကိုင်ခြယ်လှယ်ခြင်းဖြင့် သတ်မှတ်ထားသော ပန်းတိုင်တစ်ခုသို့ ရောက်အောင် ပို့ဆောင်ရသည့် ကစားပွဲဖြစ်သည်။ ယခင်က စုနန်ကျူးနှင့် ကျားယန် တို့သည် ချီ ပျစ်ခဲခြင်း အဆင့်၏ စတုတ္ထအဆင့်သို့ မည်သူ့နယ်ရုပ်က အရင်ရောက်မည်နည်းဟု ပြိုင်ဆိုင်ခဲ့ဖူးပြီး ကျားယန် ရှုံးနိမ့်ခဲ့ဖူးသည်။
ဤကစားပွဲသည် အဆင့်မြင့် ကျင့်ကြံသူများက သေမျိုးများ သို့မဟုတ် အောက်ခြေ ကျင့်ကြံသူများကို အသုံးချကာ ကောင်းကင်ဘုံနှင့် နတ်ဘုရားများ၏ လွှမ်းမိုးမှုကို အတုယူ၍ ကစားကြခြင်း ဖြစ်သည်။ ကောင်းကင် နိမိတ်ဖတ်သူများက ဖန်တီးခဲ့ခြင်းဖြစ်ပြီး ကျရှုံးခဲ့သော နယ်ရုပ်များမှာလည်း အာဏာရှင်များ၏ အစေခံအဖြစ် အခွင့်အလမ်းကောင်းများ ရရှိတတ်ကြသည်။ ဥပမာအားဖြင့် ပေ့ရွှမ်း တော်ဝင်မြို့စားသည်လည်း တစ်ချိန်က ထိုကစားပွဲ၏ အခက်ခဲဆုံး စိန်ခေါ်မှုများကို ကျော်ဖြတ်နိုင်ခဲ့သောကြောင့် ယခုအခါ လျှို့ဝှက်အရှင် အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့ခြင်းဖြစ်သည်။
ဝတ်စုံနက် ဝေ့ဝူယင်သည်လည်း ကောင်းကင် တာအိုတို့၏ ဗျူဟာများကို ပိုမိုနားလည်နိုင်ရန် ဤကစားပွဲကို ကစားလိုစိတ် ရှိခဲ့သည်။ သို့သော် ဝေ့ဝူယင်ကမူ ထိုအသိပညာကို အခွင့်အရေး ရတိုင်း အသုံးချကာ ပိုမို နက်နဲသော အကျိုးကျေးဇူးများကို ရယူလေ့ရှိသည်။ ပိုင်ရှု၏ မူလအစကို ခန့်မှန်းနိုင်ခြင်းသည်လည်း သူ၏ ဤအသိပညာကြောင့်ပင် ဖြစ်သည်။ ယခု ဤတစ်ကိုယ်တော် ကစားပွဲကိုမူ စမ်းသပ်မှုသက်သက်အဖြစ်သာ ကစားနေခြင်းဖြစ်သည်။
ဂြိုဟ်ပေါ်ရှိ ထိုလူငယ်သည် သူ၏ တည်ငြိမ်ပြီး ထက်မြက်သော စိတ်နေစိတ်ထားမှလွဲ၍ ကျန်သည့်အချက်များတွင် သာမန်မျှသာ ဖြစ်သည်။ သို့သော် လအနည်းငယ်အတွင်းမှာပင် သူ၏ ဘဝသည် လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ လက်ရှိတွင် ထိုကောင်လေးသည် လောကီမျက်လုံး အဆင့်ရှိသည့် စီနီယာကြီးများ၏ စောင့်ကြည့်ခြင်းအောက်တွင် အခြားသော ပါရမီရှင်များနှင့် ယှဉ်ပြိုင်နေသည်။
"သူ့ကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးဦးမှာလား"
ကောင်းကင် စစ်ဝိညာဉ်သည် နာရီအနည်းငယ်ကြာ စောင့်ကြည့်ပြီးနောက် စိတ်ဝင်စားလာပုံရသည်။ ထိုကောင်လေးသည် အဆင့်မြင့် ကျင့်ကြံသူတစ်ဦးကို အနိုင်ယူနိုင်ခဲ့သော်လည်း တစ်စုံတစ်ဦးကို ပြစ်မှားမိခဲ့ခြင်းကြောင့် သူ၏ အခွင့်အလမ်းများ ပိတ်ပင်ခံထားရသည်။ သို့သော်လည်း သက်တမ်းကုန်ခါနီးဖြစ်သော လောကရှန့်ထို အဘိုးအိုတစ်ဦးက သူ့ကို တပည့်အဖြစ် လက်ခံလိုက်သည်။ ထိုအဘိုးအိုသည် အင်အားနည်းနေသော်လည်း ကောင်လေးကို ကာကွယ်ပေးချင်သည့် စိတ်ရင်းရှိကြောင်း ဝေ့ဝူယင် သတိပြုမိလိုက်သည်။ ဤသည်မှာ နတ်ဘုရားဘုရင် ဟန်ရှဲ့ နှင့် မတူပေ။
***