← Chapters

အခန်း (၂၁၄၁-၂၁၄၂)

Vol. 153 Ch. 2141-2142

အခန်း (၂၁၄၁-၂၁၄၂)

Vol. 153 Ch. 2141-2142

အပိုင်း(၂၁၄၁)

"လုရွှမ်ယွီကိုရော ဘာလုပ်မလဲ"

အဖြူရောင် ကောင်းကင်က မေးလိုက်သည်။

"စေတနာရှေ့ထားပြီး သူ့အသက်ကို အဇူရာမြစ်ဆီ ပြန်ရောင်းမယ်... သူက ကံကောင်းခြင်းအတွက် တိုက်ပွဲဝင်ပြီး ရှုံးနိမ့်သွားတာဆိုတော့ ဒါက တရားမျှတပါတယ်"

ဝေ့ဝူယင်က ဆုံးဖြတ်လိုက်သည်။

"တကယ်လို့ သူက ရန်ငြိုးထားပြီး ကလဲ့စားချေချင်ရင်ရော... ဒါမှမဟုတ် ရှင် ရရှိထားတဲ့ အရာတွေကို တစ်လောကလုံး သိအောင် ကြေညာလိုက်ရင် ဘယ်လိုလုပ်မလဲ"

အီမန်တက်က ချက်ချင်း မေးခွန်းထုတ်သည်။ သူမ၏ အမြင်တွင်မူ ဝေ့စီ သဘောကျသော ဝေ့ယီနန်မှလွဲ၍ ကျန်သူအားလုံးကို သတ်ပစ်ပြီး မှတ်ဉာဏ်များကို ဖျက်ဆီးပစ်ခြင်းက အကောင်းဆုံး နည်းလမ်းဖြစ်သည်။

ဝေ့ဝူယင်က ပုခုံးတွန့်လိုက်၏။

"ငါတို့က ငါတို့ရဲ့ ဘယ်သူဘယ်ဝါ ဖြစ်ကြောင်းကို ဖုံးကွယ်ရမယ်လို့ တစ်ခါမှ မပြောခဲ့သလို ဖုံးကွယ်ဖို့လည်း မကြိုးစားခဲ့ပါဘူး... မင်းတို့ကသာ ကံကောင်းခြင်းတွေအတွက် တိုက်ခိုက်တဲ့အခါ ဓားပြတွေလို မျက်နှာဖုံးစွပ်နေကျ ဖြစ်နေတာလေ..."

ထို့အပြင် လျူစုယင်သည် အမိန့်တော်မျိုးစေ့ကို လည်ပင်းတွင် ဆွဲထားခြင်းအားလည်း သူ မကန့်ကွက်ချေ။ မျိုးစေ့တစ်ခုကို သန့်စင်ရန်မှာ မခက်ခဲသဖြင့် ရရချင်း အသုံးပြုလိုက်သည်ဟုသာ လူတိုင်းက ထင်ကြပေလိမ့်မည်။

"..."

သူတော်စင် လေးပါးမှာ အနည်းငယ် အရှက်ရသွားကြ၏။

အဖြူရောင် ကောင်းကင်သည်လည်း ခေါင်းခါလိုက်မိသည်။ သူမသည် အခြေအနေ အလုံးစုံကို မသိသော်လည်း သူမကဲ့သို့ အဂ္ဂိရတ်ပညာရှင် အဆင့်ရှိသူ သို့မဟုတ် ဝေ့ဝူယင်ကဲ့သို့ ကျွမ်းကျင်သူတစ်ဦးအတွက် မည်သူမည်ဝါဖြစ်ကြောင်း ဖုံးကွယ်နေရန်မှာ လုံးဝ မလိုအပ်ဟု သူမ ခံစားမိသည်။

သာမန် သူတော်စင် တစ်ပါးမှာသာ မိမိကိုယ်ကို ဖုံးကွယ်ရပေလိမ့်မည်။ ဉာဏ်အလင်းရ သူတော်စင်များကို သတ်နိုင်သူ တစ်ဦးအတွက်မူ ထိုသို့ လုပ်ရန် မလိုပေ။

ပုံမှန်အားဖြင့် အေးစက်တည်ငြိမ်သော ပါခက်၏ မျက်နှာထက်တွင် သတိမထားမိနိုင်လောက်သော အပြုံးတစ်ခု ပေါ်လာသည်။ ၎င်းက သူမ၏ ပြင်းထန်သော အလှတရားအောက်တွင် ထူးခြားသော ဆွဲဆောင်မှုတစ်ခုကို တိုးပွားစေသည်။

အဖြူရောင် ကောင်းကင်သည် ဝေ့ဝူယင် ပြောသမျှကို အကြောင်းစုံ မသိသော်လည်း အမှန်တကယ်ပင် ယုံကြည်မိသည်။ သူမသည် ဂုဏ်သတင်းကြီးမားလှသော ဝါရင့် လောကရှန့်ထို အဂ္ဂိရတ်ပညာရှင်ကြီး ဖြစ်ရာ သူမ၏ အလံကို တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် သူမအတွက် တိုက်ပွဲဝင်ပေးမည့် သူတော်စင်များကို အလွယ်တကူ ခေါ်ယူနိုင်သည်။ သူမ၏ စကားတစ်ခွန်းသည် ကံကြမ္မာများကို ပြောင်းလဲပစ်နိုင်သည်။

ဉာဏ်အလင်းရ သူတော်စင် နွေဦးကွင်းပြင်နှင့် လောက ပရောဟိတ်ပိုင်တို့မှာ အချိန်မတိုင်မီ သေဆုံးသွားခဲ့ကြသော်လည်း... သူမနှင့် သူမ၏ တာအိုအစောင့်အရှောက် အသက်ရှင်နေရခြင်းမှာ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ၏ ထိပ်တန်းအဂ္ဂိရတ်ပညာရှင် တစ်ဦးဖြစ်သောကြောင့်သာ ဖြစ်သည်ဟု အဖြူရောင် ကောင်းကင် တွေးထားသည်။

ဝေ့ဝူယင်အနေဖြင့် သူမထံမှ အကြွေးများစွာ ရယူပြီးနောက် သူမကို အိမ်ပြန်ပို့ပေးမည်ဟု သူမ ယုံကြည်နေသည်။ ထိုအကြွေးများကိုလည်း သူမအနေဖြင့် ကျေးဇူးတင်စွာဖြင့် ပေးဆပ်ရန် အသင့်ရှိနေသည်။ အဓိကမှာ သူမ အသက်ရှင်နေခြင်းပင်။

သူမသည် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီရှိ သူမ၏ နယ်မြေသို့ ပြန်ရောက်ပါက ဝေ့ဝူယင်ကို ကျေးဇူးတင်စကား ပြောရန်အတွက် သူမ၏ ကိုယ်ပိုင်ဘဏ္ဍာတိုက်ထဲမှ လက်ဆောင်ပစ္စည်းများကို စိတ်ကူးဖြင့်ပင် ခွဲဝေထားပြီး ဖြစ်သည်။ ကလဲ့စားချေရန်လား။ သူမ လုံးဝ စိတ်မဝင်စားပါချေ။

မည်သို့ပင် ဆိုစေ... သူမ အသက်ရှင်နေသေးသည် မဟုတ်ပါလား။

အဂ္ဂိရတ်ပညာရှင် တစ်ဦးဖြစ်ခြင်းကြောင့် အသက်ဘေးမှ လွတ်မြောက်ရခြင်းမှာ သူမအတွက် ပထမဆုံးအကြိမ် မဟုတ်ပေ။ ကလဲ့စားချေရန်သာ အာရုံစိုက်နေသူ သို့မဟုတ် အရူးတစ်ယောက်မှလွဲ၍ မည်သူမျှ အဂ္ဂိရတ်ပညာရှင်များကို မဆင်မခြင် သတ်ဖြတ်လေ့မရှိကြချေ။

သူမ၏ အမြင်တွင် ဝေ့ဝူယင်မှာ တိုက်ခိုက်ရေးစွမ်းရည်၌ အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး နွေဦးကွင်းပြင်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ရန်သူများကို သုတ်သင်နိုင်စွမ်းရှိသူ ဖြစ်သည်။

နွေဦးကွင်းပြင်မှာ ဤနေရာရှိ သူတော်စင်များထက် ကျင့်ကြံခြင်းအဆင့် တစ်ဆင့် ပိုမြင့်ရုံသာမက သစ်သား ဥပဒေသ အပေါ် သာမည အာဏာကို ပိုင်ဆိုင်ထားသူ၊ ကောင်းကင်ရတနာ သုံးပါးကို ပိုင်ဆိုင်ထားသူနှင့် ပြီးပြည့်စုံသော ကျင့်ကြံခြင်း အခြေခံကြောင့် လျှို့ဝှက်နယ်မြေကိုပါ ပိုင်ဆိုင်ထားသူ ဖြစ်သည်။

ပြတ်သားသော ဆည်းဆာ ဂလက်ဆီမှ သူတော်စင် ဆယ်ပါးလုံးမှာပင် လျှို့ဝှက်နယ်မြေ မရှိကြချေ။ ၎င်းကို ရရှိရန်အတွက် ပြင်ပအကူအညီမပါဘဲ သေမျိုးတာအို အခြေခံမှာ အပြစ်ပြောစရာမရှိအောင် ခိုင်မာရန် လိုအပ်သည်။ အဖြူရောင် ကောင်းကင်၏ တာအိုအစောင့်အရှောက် အရှင်ကျားနှလုံးသားပင်လျှင် သူ၏ လျှို့ဝှက်ဝိညာဉ်ကို လောင်ကျွမ်းစေခြင်းဖြင့်သာ ထိုစွမ်းအားကို ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် အဖြူရောင် ကောင်းကင်အနေဖြင့် အခြေအနေအရပ်ရပ်ကို သိနေရန် မလိုပေ။ ဝေ့ဝူယင်ကဲ့သို့ ပုဂ္ဂိုလ်တစ်ဦးမှာ အမိန့်တော်မျိုးစေ့ကို ကိုင်ဆောင်ထားသော်လည်း မည်သည့် ပြဿနာမျှ ရှိမည်မဟုတ်ဟု သူမ ယူဆသည်။ အထွတ်အထိပ် သူတော်စင်များပင်လျှင် အမိန့်တော် မျိုးစေ့အတွက် ကျင့်ကြံခြင်း လောကတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်သော်လည်း ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးကိုမူ အကြပ်ကိုင်ပြီး အရှုံးကြီးကြီး ရင်ဆိုင်ရအောင် လုပ်ဝံ့မည် မဟုတ်ချေ။

ဝေ့ဝူယင်သည် အဖြူရောင် ကောင်းကင်၏ ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေသော အမူအရာကို တစ်ချက်ကြည့်ကာ သူမ၏ ကလေးဆန်သော ယုံကြည်မှုကို လျစ်လျူရှုလိုက်သည်။ ထို့နောက် ဆွေ့ယု၊ ချန်မင်ဟွေးနှင့် ချောင်ကျူးလျန်တို့ကို ပါခက်ထံသို့ ပေးအပ်လိုက်သည်။ ဝေ့ဝူယင်ထံမှ ညွှန်ကြားချက် မလိုဘဲ ပါခက်က ထိုရှုပ်ထွေးလှသော သုံးပွင့်ဆိုင် အချစ်ကျေးကျွန် လူငယ်သုံးဦးကို သူမ၏ အတွင်းပိုင်း လောကထဲသို့ သိမ်းဆည်းလိုက်သည်။

"လောကရှန့်ထို အာရုဏ်ဦး... အစောပိုင်းက ပြောခဲ့တဲ့ စကားနဲ့ ပတ်သက်လို့..."

နက်ပစ်က စကားစလိုက်ရာ နတ်ပရီက သူမကို အံ့ဩတကြီး ကြည့်လိုက်ပြီး အီမန်တက်ကမူ အေးစက်စွာ ရယ်မောလိုက်သည်။ ပါခက်ကတော့ သူမဘက်ကို လှည့်ပင် မကြည့်ချေ။ နက်ပစ်၏ လောဘနှင့် အခွင့်အရေး လိုချင်စိတ်မှာ အကန့်အသတ် မရှိတော့ချေ။ သို့သော် နက်ပစ်က စိတ်ကို တင်းထားသည်။ အမိန့်တော်မျိုးစေ့က တန်ဖိုးကြီးလွန်းလှသည် မဟုတ်ပါလား။

ဝေ့ဝူယင်က ခပ်ရေးရေး ပြုံးလိုက်၏။

"စိတ်မပူပါနဲ့ သူတော်စင် နက်ပစ်... သူတော်စင် ပါခက်က သူ့ရဲ့ တာဝန်ကျေပွန်မှုအတွက် ဆုလာဘ် အပြည့်အဝ ရမှာပါ... သူ့ရဲ့ အကျိုးအမြတ်အတွက် ခင်ဗျားက အခုလို တောင်းဆိုပေးတာ တကယ့်ကို စေတနာ ကောင်းတာပဲ"

ထိုကဲ့သို့ ဆိုပြီးနောက် သူက သူမကို လျစ်လျူရှုပြီး သင်္ဘောဦးပိုင်းသို့ ထွက်ခွာသွားသည်။ အဖြူရောင် ကောင်းကင်မှာ ဝေ့ဝူယင်နောက်သို့ လိုက်ရန် ပြင်စဉ် ဝတ်စုံဖြူနှင့် သခင်လေးရှန့် ကို မြင်လိုက်ရသည့်အခါ ခြေလှမ်းများ ရပ်တန့်သွားပြီး မှတ်ဉာဏ်များကို ပြန်လည် တူးဆွကြည့်လိုက်သည်။

"..."

နက်ပစ်မှာ မျက်နှာ အတော်ပင် ပျက်သွားရ၏။ ဝေ့ဝူယင်က သူမ၏ လောဘကို လှောင်ပြောင်ရုံသာ ပြုလုပ်ခဲ့သည့်အတွက် နတ်ပရီကတော့ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။

သူက နက်ပစ်ကို ဆွဲခေါ်သွားရန် ကြိုးစားသော်လည်း သူမက ရုန်းကန်ကာ သူ့ကို စိုက်ကြည့်နေသည်။ သူမ တစ်ခုခု ပြောရန် ပြင်စဉ်မှာပင် အာမေဍိတ်သံတစ်ခု ထွက်ပေါ်လာသည်။

"ဩော်..."

အဖြူရောင် ကောင်းကင်၏ မျက်လုံးများတွင် အသိတစ်ခု ရသွားဟန်ဖြင့် တောက်ပလာသည်။

"ရှင်ကိုး..."

ရုတ်တရက် သူမ၏ မျက်လုံးများ ပြူးကျယ်သွားပြီး လက်ဖဝါးနှင့် ဂျိုင်းကြားများတွင် ချွေးအေးများ ထွက်လာသည်။ သူမသည် ဟန်မပျက် ချောင်းတစ်ချက် ဟန့်လိုက်၏။

"သခင်လေးရှန့် လောကကြီးက တကယ်ကို ကျဉ်းတာပဲနော်..."

ထိုကဲ့သို့ ဆိုပြီးနောက် သူမသည် ကျင့်ကြံနေသော သခင်လေးရှန့်ကို အနှောင့်အယှက် မပေးတော့ဘဲ ဝေ့ဝူယင်နောက်သို့ အပြေးလိုက်သွားတော့သည်။

နက်ပစ်မှာမူ အီလီစီယမ် အသေး ၏ အစွန်းဘက်သို့ တစ်ဦးတည်း ထွက်ခွာသွားပြီး စိတ်ကောက်နေလေသည်။ နတ်ပရီမှာမူ သူမကို ကြည့်ကာ ဘာလုပ်ရမှန်းမသိ ဖြစ်နေရုံသာ ရှိတော့၏။ အီမန်တက်ကလည်း ထိုစုံတွဲကို စိတ်ပျက်သလို ကြည့်ကာ လျှို့ဝှက်မြူနှင်း သင်္ဘောပေါ်သို့ ပြန်သွားလေသည်။

ပါခက်သည် သင်္ဘောပေါ်တွင် နေရာတစ်ခု ရှာကာ ထိုင်ချလိုက်သည်။ ဝေ့ယီနန်၏ သံကြိုးများမှာ ပျောက်ကွယ်သွားသော်လည်း လုရွှမ်ယွီမှာမူ ဆက်လက် ချည်နှောင်ခံထားရဆဲ ဖြစ်သည်။

ဝေ့ယီနန်မှာ အော်ဟစ် ရုန်းကန်ရန် ပြင်သော်လည်း ဝေ့စီက သူမကို ဖျောင်းဖျလိုက်သဖြင့် သူမ ငြိမ်ကျသွားသည်။ သူမသည် သင်္ဘောပေါ်ရှိ သူတော်စင်များနှင့် ထူးခြားသော ပုဂ္ဂိုလ်များကို ကြည့်ရင်း ရှုပ်ထွေးနေသော စိတ်ဖြင့် တိတ်ဆိတ်သွားတော့သည်။

သူမသည် အဖြူရောင် ကောင်းကင်ကို ချက်ချင်း မှတ်မိသွားခြင်းက သူမကို ပို၍ ငြိမ်သက်သွားစေခြင်းပင် ဖြစ်သည်။

ဝေ့ဝူယင်သည် အီလီစီယမ် အသေး ကို မောင်းနှင်နေပြီး မင်ရှုဖုန်းနှင့် အဖြူရောင် ကောင်းကင်တို့မှာလည်း သူ့အနားသို့ ရောက်လာကြသည်။ သူသည် အဖြူရောင် ကောင်းကင်နှင့် သခင်လေးရှန့်တို့ကို တစ်ချက် ကြည့်လိုက်ပြီးနောက် မင်ရှုဖုန်း တွက်ချက်ထားသည့် နောက်ထပ် ကံကောင်းခြင်း နေရာတစ်ခုသို့ ဦးတည်လိုက်သည်။ အဖြူရောင် ကောင်းကင်နှင့် သခင်လေးရှန့်တို့အကြားက အပြန်အလှန် အခြေအနေကို တခြားသူများ သတိမထားမိသော်လည်း ဝေ့ဝူယင်ကမူ သူ၏ ကောင်းကင်ဘုံ နတ်မျက်လုံးများဖြင့် အကုန်လုံးကို မြင်တွေ့ထားသည်။

ဝိညာဉ်နှင့် စိတ်အာရုံထက် ပိုမိုနက်ရှိုင်းကာ လျှို့ဝှက်လျသည့် သတင်းစကားတစ်ခုမှာ အဖြူရောင် ကောင်းကင်၏ အစစ်အမှန် ဝိညာဉ်ထံသို့ တိုက်ရိုက် ရောက်ရှိသွားခဲ့သော်လည်း သူတော်စင်များမှာမူ ဘာမျှ သတိမပြုမိကြချေ။

သူတို့အမြင်တွင် အဖြူရောင် ကောင်းကင်က သခင်လေးရှန့်ကို မှတ်မိသွားပြီး အေးအေးဆေးဆေး နေခိုင်းလိုက်သည်ဟုသာ ထင်ကြသည်။ ဝေ့ဝူယင်မှာ ဂလက်ဆီ ပြင်ပတွင် ထင်ရှားသူဖြစ်သဖြင့် သူနှင့် အတူပါလာသူတစ်ဦးကို လူသိများနေခြင်းမှာ ထူးဆန်းသည်ဟု သူတို့ မယူဆကြချေ။ အထူးသဖြင့် သခင်လေးရှန့်က ဝေ့ဝူယင်ကို ယောက်ဖ ဟု ဂုဏ်ယူစွာ ခေါ်ဆိုနေခဲ့သည် မဟုတ်ပါလား။

‘ဆိုတော့ ငါ့ယောက်ဖလေးမှာ အင်အားကြီး ကျင့်ကြံသူတစ်ဦးရဲ့ မျိုးဆက်ဆိုတာထက် ပိုတဲ့ အရာတစ်ခု ရှိနေတာပေါ့...’

ဝေ့ဝူယင်သည် သခင်လေးရှန့်တစ်ယောက် ကြယ်တစ်လုံး ဂလက်ဆီ ပတ်ဝန်းကျင်ရှိ မမြင်နိုင်သော ချိပ်ပိတ်မှုကို စိတ်လှုပ်ရှားစွာ ကြည့်နေစဉ်ကတည်းက ၎င်းကို ခန့်မှန်းမိပြီးသား ဖြစ်သည်။ ထူးခြားချက်အချို့ ရှိနေသော်လည်း ဝေ့ဝူယင်က ထိုလျှို့ဝှက်ချက်ကို လိုက်လံ စူးစမ်းရန် စိတ်မကူးသေးချေ။

သူတို့ ရတနာချိုင့်ဝှမ်း ဂလက်ဆီနှင့် ကောင်းချီးခံ ရီအင်ပါယာ သို့ ရောက်ရှိသည့်အခါ ထိုလျှို့ဝှက်ချက်များမှာ အလိုအလျောက် ပေါ်ပေါက်လာပေလိမ့်မည်။

အဖြူရောင် ကောင်းကင်မှာ ဝေ့ဝူယင်၏ အာကာသနယ်မြေထဲမှ ထွက်လာရသဖြင့် အစပိုင်းတွင် အလွန် စိတ်လှုပ်ရှားနေခဲ့သည်။ သို့သော်လည်း မကြာခင်မှာပင် သူမသည် သူမ၏ တာအိုအစောင့်အရှောက် လျှို့ဝှက်အရှင်ကျားနှလုံးသားကို သတိရလာသည်။ ဝေ့ဝူယင်ကလည်း အလိုက်တသိပင် ထိုခက်ထန်လှသော အဂ္ဂိရတ် သူရဲကောင်းကြီးကို ခေါ်ထုတ်ပေးလိုက်ရာ အဖြူရောင် ကောင်းကင်နှင့် အတူ အဖွဲ့သားအသစ်အဖြစ် ပူးပေါင်းလိုက်ပါလာလေတော့သည်။

***

အပိုင်း(၂၁၄၂)

ဝေ့ဝူယင်တို့ ဟင်းလင်းပြင် ပေါ်တယ် များမှတစ်ဆင့် ဂလက်ဆီကို ဖြတ်ကျော်ခုန်ကူးကြသောအခါ အဖြူရောင် ကောင်းကင်နှင့် ကျားနှလုံးသားတို့ နှစ်ဦးမှာ အကြီးအကျယ် ထိတ်လန့်သွားကြသည်။ သူတို့နှစ်ဦးစလုံးမှာ အလွန်အမင်း သန်မာသော ကျင့်ကြံသူများဖြစ်ပြီး ဝေ့ဝူယင်ကလည်း သူတို့၏ ကျင့်ကြံခြင်း အခြေခံကို ပိတ်ဆို့ထားခြင်း မရှိပေ။

သို့သော် ဟင်းလင်းပြင်တံခါးက သူတို့ကို တစ်နေရာမှ တစ်နေရာသို့ မည်သို့ ပို့ဆောင်ပေးလိုက်သည်ကိုလည်းကောင်း၊ ခုန်ကူးလိုက်သည့် အကွာအဝေးကိုလည်းကောင်း ချက်ချင်း တွက်ချက်၍မရနိုင်လောက်အောင် မြန်ဆန်လွန်းလှသဖြင့် သူတို့၏ စိတ်နှင့် နှလုံးသားမှာ လက်မခံနိုင်လောက်အောင် ဖြစ်သွားရသည်။

သူတို့ ခုန်ကူးလိုက်သည့် အကွာအဝေးမှာ တစ်ကြိမ်တည်းနှင့် မိုင်ပေါင်း သန်းနှင့်ချီ၍ ဝေးကွာလှကြောင်း သိလိုက်ရရန် အတော်ပင် အချိန်ယူခဲ့ရသည်။

‘ဒါ သင်္ဘောရဲ့ စွမ်းအားလား...’

သူတို့ တွေးနေမိသည်။ သို့သော်လည်း... သူတို့ အမှန်တရားကို သဘောပေါက်သွားသည့်အချိန်တွင် ဝေ့ဝူယင်က ပါခက်ကို ကြယ်တံခွန်တစ်ခုထံသို့ စေလွှတ်လိုက်ပြီး ဖြစ်သည်။ ၎င်းမှာ လွန်ခဲ့သော နှစ်ပေါင်း တစ်သန်းကျော်က ပျက်စီးသွားသော ဂြိုဟ်တစ်ခု၏ အပိုင်းအစဖြစ်ပြီး နှစ်ပေါင်းများစွာ ကြာရှည်လှသော ဖြစ်စဉ်များကြောင့် သဘာဝအတိုင်း သန့်စင်ပြီးသားဖြစ်သည့် မန်နာရေခဲပြင်များ ပါဝင်နေသည်။ ၎င်းမှာ အဆင့်နိမ့် လျှို့ဝှက်ကောင်းကင် အဆင့်ရှိသော ကုန်ကြမ်းပစ္စည်း ဖြစ်၏။

အပိုင်းအစ လေးခုသာ ရရှိခဲ့သော်လည်း အဖြူရောင် ကောင်းကင်က ၎င်းကို အဆင့်မြင့်နှင့် အထွတ်အထိပ် လျှို့ဝှက်လောက ထုတ်ကုန်များအပြင် ဝိညာဉ်ဆေးလုံးဖော်စပ်ရာတွင် အသုံးပြုရသည့် ပစ္စည်းအဖြစ် အသိအမှတ်ပြုလိုက်သည်။ ၎င်း၏ အမည်မှာ ရိုးရှင်းလှသည်။ နှစ်တစ်သန်း မန်နာ ကျောက်မျက် ပင် ဖြစ်၏။ အဖြူရောင် ကောင်းကင်မှာ ထိုပစ္စည်းကို ကြည့်ရင်း သွားရည်ကျမတတ် ဖြစ်နေတော့သည်။

သူတို့ ကံထူးခဲ့ကြသည်ဟု ဆိုနိုင်သော်လည်း ပါခက်မှာ ထိုကြယ်တံခွန်ကို တားဆီးရန် ကြိုးပမ်းရင်း အနည်းငယ် ဒဏ်ရာရရှိသွားသည်။ ကြယ်တံခွန်မှာ လောကကြီးကို ဖျက်ဆီးပစ်နိုင်လောက်သော အရှိန်အဟုန်ဖြင့် ပြေးလွှားနေခြင်းဖြစ်ရာ သူမအနေဖြင့် သတ္တု ဥပဒေသ၏ အဓိက အာဏာကို ခေတ္တမျှ အသုံးပြုကာ အရှိန်အဟုန် အတော်များများကို လျှော့ချခဲ့ရသည်။

ဝေ့ဝူယင်နှင့် တိုက်ခိုက်ခဲ့ပြီးကတည်းက သူမ၏ ဥပဒေသ ထိန်းချုပ်နိုင်စွမ်းမှာ သိသိသာသာ မြင့်မားလာပြီး သူမ၏ ကျင့်ကြံခြင်းမှာလည်း အစစ်အမှန် ဝိညာဉ် အဆင့်သို့ ရောက်ရန် နီးစပ်နေပြီဖြစ်ရာ အထိအခိုက် မပြင်းထန်လှပေ။ ကောင်းကင်ဘုံဥပဒေသကို သူမ၏ ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူခြင်း မပြုသရွေ့ အစောပိုင်းက လောကအခွံနှင့် သင်္ဘောများ၏ ကာကွယ်ရေးကို ဖျက်ဆီးစဉ်ကကဲ့သို့ပင် ပြင်ပသို့ အချိန်တိုအတွင်း ထုတ်လွှတ် အသုံးပြုနိုင်သည်။

ဝေ့ဝူယင်က သူမကို ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် လေပွေဇုန် ဆေးလုံးတစ်လုံးနှင့် ဒဏ်ရာများကို ပြန်လည် ကောင်းမွန်စေသည့် ထုတ်ကုန်အချို့ကို ပေးအပ်လိုက်သည်။ သူမက ငြင်းပယ်ခြင်း မရှိဘဲ လက်ခံလိုက်သော်လည်း နက်ပစ်၏ မျက်လုံးများထဲတွင်မူ ဖော်ပြမရနိုင်သော ခံစားချက်အချို့ ဖြတ်ပြေးသွားသည်။

နောက်ဆုံး တတိယမြောက်နေရာသို့ ရောက်သောအခါ ၎င်းမှာ မပြိုလဲသေးဘဲ ကျန်ရှိနေသည့် လျှို့ဝှက်နယ်မြေ အပိုင်းအစတစ်ခုအတွင်းရှိ ရှေးဟောင်းအပျက်အစီးများ ဖြစ်နေသည်။

သခင်လေးရှန့်သည် မျက်လုံးများကို ခေတ္တဖွင့်ကာ ထိုလျှို့ဝှက်နယ်မြေကို စိုက်ကြည့်ပြီးနောက် ပြန်မှိတ်လိုက်သည်။ ဝေ့ဝူယင်က ခေတ္တစဉ်းစားပြီးနောက် သူတော်စင်များနှင့် အဖြူရောင် ကောင်းကင်တို့ကို ထိုနေရာအား သွားရောက် စူးစမ်းနိုင်ကြောင်း၊ သို့သော် အန္တရာယ်နှင့် စွန့်စားမှုများကိုမူ မိမိတို့ဘာသာ တာဝန်ယူရမည်ဖြစ်ကြောင်း ပြောလိုက်သည်။

အဖြူရောင် ကောင်းကင်က မည်သူ့ကိုမျှ မလွှတ်ခဲ့ချေ။ သူမသည် ကံကောင်းခြင်းအတွက် တိုက်ပွဲဝင်ရမှုကို နားလည်သော်လည်း သူမ၏ အသန်မာဆုံး ဝှက်ဖဲမှာ ကျားနှလုံးသား ဖြစ်သည်။ အကယ်၍ သူတော်စင် လေးပါးက ကံကောင်းခြင်းအတွက် ယှဉ်ပြိုင်ကြမည်ဆိုလျှင် သူ အသက်ဆုံးရှုံးသွားနိုင်သည်။ ထို့ကြောင့် သူမက နုတ်ထွက်လိုက်သည်။

တစ်ချိန်တည်းမှာပင် အီမန်တက်နှင့် ပါခက်တို့ကလည်း မဝင်ရန် ဆုံးဖြတ်လိုက်ကြသည်။

နက်ပစ်ကမူ ဤအခွင့်အရေးကို လက်လွှတ်ရန် ဝန်လေးနေပြီး ဘာမျှ မစဉ်းစားဘဲ သူမ၏ အားအကောင်းဆုံးသော လျှို့ဝှက်အစီအရင်များကို အသုံးပြုကာ ပျံထွက်သွားတော့သည်။ နတ်ပရီသည် သူမနောက်သို့ ချက်ချင်း လိုက်သွားခဲ့သည်။ အချိန်အနည်းငယ်အတွင်း စကားများ ငြင်းခုံကြပြီးနောက် တိုက်ခိုက်သံအချို့ ထွက်ပေါ်လာကာ နတ်ပရီက နက်ပစ်ကို ပြန်လည် ခေါ်ဆောင်လာခဲ့သည်။ နတ်ပရီ၏ မျက်နှာမှာ ဖြူလျော့နေပြီး သူ၏ ရင်ဘတ်တွင် လက်ဝါးရာတစ်ခု ထင်ကျန်နေသလို နက်ပစ်မှာလည်း သတိလစ်မတတ် ဖြစ်နေသည်။

‘သောက်ကောင်မ...’

အီမန်တက်မှာ သွေးတစ်ချက် အန်လိုက်ရင်း ကျိန်ဆဲလိုက်မိသည်။ နတ်ပရီသည် သူတို့၏ အခြေခံအုတ်မြစ်မှ အစိတ်အပိုင်းတစ်ခုကို ထပ်မံ အသုံးပြုလိုက်ရပြန်ပြီ ဖြစ်သည်။ အီမန်တက်သည် လျှို့ဝှက်မြူနှင်း ပေါ်မှ ဆင်းလာပြီး နက်ပစ်အား တိုက်ခိုက်လိုစိတ်ကို အနိုင်နိုင် ထိန်းထားရသည်။

သို့သော် နတ်ပရီကမူ နက်ပစ်က သူ့အပေါ် စိမ်းစိမ်းကားကား ဆက်ဆံနေလင့်စကား သူမကို ကာကွယ်ရန်သာ အာရုံစိုက်နေသည်။ နက်ပစ်မှာ ကျန်းမာဘေးကင်းနေသည်ကို မြင်ရသော်လည်း သူမ၏ ရန်လိုသော အကြည့်များကြောင့် အီမန်တက်မှာ ဒေါသထွက်နေတော့သည်။

ပါခက်ကမူ သူတို့၏ ဆုံးရှုံးမှုများကို ဂရုမစိုက်ဘဲ အေးအေးဆေးဆေးပင် ရှိနေသည်။ နတ်ပရီက သက်ပြင်းချကာ ပင်ပန်းနွမ်းနယ်စွာဖြင့် ထိုင်ချလိုက်သည်။

ဝေ့ဝူယင်သည် ဤအဖြစ်အပျက်များကို စောင့်ကြည့်ပြီးနောက် ရှေးဟောင်းအပျက်အစီးများဘက်သို့ လှည့်ကြည့်လိုက်သည်။ ထို့နောက် သူသည် ထူးထူးခြားခြားပင် ထိုအပျက်အစီးများကို သွားရောက် မစူးစမ်းရန် ဆုံးဖြတ်လိုက်သည်။ သူတို့ ဟင်းလင်းပြင်တံခါးမှတစ်ဆင့် ထိုနေရာမှ ထွက်ခွာသွားသောအခါ ဂလက်ဆီ နှစ်ခုအလား တောက်ပနေသော မျက်လုံးတစ်စုံက သင်္ဘောကို စောင့်ကြည့်နေပြီးနောက် ဖြည်းဖြည်းချင်း ပြန်လည် ပိတ်သွားလေတော့သည်။

ဟင်းလင်းပြင်တံခါးမှ ထွက်လာပြီးနောက် ဝေ့ဝူယင်သည် သူ၏ လက်ဖဝါးကို ဖြန့်လိုက်ရာ ရောင်စုံအလင်းတန်းများ ဖြာထွက်နေသော ပန်းတစ်ပွင့်မှာ သူ၏လက်ပေါ်တွင် လွင့်ပျံနေသည်။ ၎င်းမှာ ခရမ်းရောင်နှင့် ရွှေရောင် ရောယှက်နေသော ဇော်စိမ်းပန်း တစ်ပွင့် ဖြစ်၏။

အားလုံးမှာ ထိုပန်း၏ တည်ရှိမှုကြောင့် ချက်ချင်းပင် ဆွဲဆောင်ခံလိုက်ရသည်။ သူတို့သည် ထိုပန်းကို မျက်တောင်မခတ်တမ်း ငေးကြည့်နေမိကြသည်။ အဖြူရောင် ကောင်းကင်၏ မျက်လုံးများမှာ ပြင်းထန်သော အလင်းတန်းများဖြင့် တောက်ပနေတော့သည်။

"အဲ့တာက ဘာလဲဗျ..."

နတ်ပရီက ငေးငေးငိုင်ငိုင် မေးလိုက်သည်။

ဝေ့ဝူယင်က တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။

"ဒါကို ကျုပ် အထွတ်အထိပ် သူတော်စင် တစ်ဦးရဲ့ ဥယျာဉ်နဲ့ ကျင့်ကြံတဲ့ နယ်မြေလို့ ယူဆရတဲ့ နေရာကနေ ခူးလာတာ..."

သူ၏ ရဲတင်းလှသော စကားကြောင့် အားလုံးမှာ ဆွံ့အသွားကြပြီးနောက် မယုံနိုင်လောက်အောင် ထိတ်လန့်သွားကြတော့သည်။

နတ်ပရီ၊ အီမန်တက်နှင့် ပါခက်တို့မှာ အစောပိုင်းက ထိုလျှို့ဝှက်နယ်မြေကို မြင်စဉ်ကတည်းက စိတ်ထဲတွင် မသက်မသာ ခံစားခဲ့ရသော်လည်း အဘယ်ကြောင့်ဟု မသိခဲ့ကြချေ။ သူတို့တွင် သာမည ဥပဒေသများ ရှိနေသဖြင့် သူတို့၏ ဝိညာဉ်များသည် အလွန် သန်မာလှသော အရှိန်အဝါတစ်ခုကို အာရုံခံမိခဲ့သော်လည်း ၎င်းမှာ ဘာကို ဆိုလိုသည်ကို နားမလည်ခဲ့ကြချေ။

သို့သော်လည်း... ယခု အဖြေပေါ်သွားပြီ ဖြစ်သည်။ သူတို့သည် အထွတ်အထိပ် သူတော်စင်တစ်ဦးနှင့် တစ်ခါမျှ မကြုံတွေ့ဖူးခဲ့ကြပေ။

ရုတ်တရက်... အဖြူရောင် ကောင်းကင်က ထိတ်လန့်တကြား အော်ဟစ်လိုက်၏။

"မူလဝိညာဉ် ချည်နှောင် ဇော်စိမ်းပန်း"

လောက၌ ချည်နှောင် ရတနာ သုံးမျိုး ရှိသည်။

၁။ ဝိညာဉ်ချည်နှောင်

၂။ မူလ ဝိညာဉ် ချည်နှောင် နှင့်

၃။ တာအို ချည်နှောင်တို့ ဖြစ်ကြသည်။

"အဲဒီမှာ အခုလို ပန်းတွေ သောင်းနဲ့ချီပြီး ရှိနေတာ..."

ဝေ့ဝူယင်က ထိုပန်းကို စိုက်ကြည့်ရင်း ပြောလိုက်သည်။ မူလ ဝိညာဉ် ချည်နှောင် ရတနာ တစ်ခုလော... သူက အထွတ်အထိပ် သူတော်စင် ရှိရာဘက်သို့ ပြန်လှည့်ကြည့်ပြီး ပုခုံးတွန့်လိုက်သည်။

"သောင်းနဲ့ချီပြီး ဟုတ်လား..."

အဖြူရောင် ကောင်းကင်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။ ကျားနှလုံးသား၏ မျက်လုံးကြီးများမှာလည်း မယုံနိုင်စရာ ဖြစ်ရပ်ကြောင့် ပြူးထွက်လာတော့သည်။ ဝေ့ဝူယင်က လိမ်နေသည်လား၊ သို့မဟုတ် အမှတ်အတိုင်း ပြောနေသည်လား သူတို့ မဝေခွဲနိုင်တော့ချေ။

ဝေ့ဝူယင်က ခေါင်းညိတ်ပြလိုက်၏။ သူသည် သူ၏ အာကာသလက်စွပ်အတွင်းရှိ ကျန်ရှိသော ပန်းရှစ်ပွင့်ကို စစ်ဆေးလိုက်သည်။ သူ ပန်းကိုးပွင့်သာ ယူခဲ့ခြင်း ဖြစ်သည်။ အလွန်အကျွံ ယူလိုက်ပါက ချက်ချင်း သတိထားမိသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ အမှန်စင်စစ် ထိုနေရာတွင် ကုဋေပေါင်းများစွာသော ပန်းများ၊ ဝိညာဉ်ချည်နှောင် ကြာပန်းများနှင့် အလားတူ ရတနာများစွာ ရှိနေသည်ကိုမူ သူ ထုတ်မပြောခဲ့ချေ။

ထိုအရာများကို သူ မထိခဲ့ချေ။

ဥယျာဉ်ထဲရှိ ပန်းများ၏ ဧကရာဇ်အလား တည်ရှိနေသော မပွင့်သေးသည့် ပန်းတစ်ပွင့်ကိုလည်း သူ မထိခဲ့ချေ။ ဤပန်းကိုးပွင့်ကိုသာ သူ ယူခဲ့သည်။

အဘယ်ကြောင့်နည်း။

အဘယ်ကြောင့်ဆိုသော် လျှို့ဝှက်နယ်မြေ၏ အဝင်ဝတွင် ရှုပ်ထွေးနက်နဲလှသော ဆိုင်းဘုတ်တစ်ခု ရှိနေပြီး ၎င်းမှာ တစ်ဦးလျှင် ကိုးပွင့်သာ ယူနိုင်ကြောင်း သွယ်ဝိုက်သော သင်္ချာနည်းဖြင့် ရေးသားထားသောကြောင့် ဖြစ်သည်။ ဝိညာဉ်စွမ်းအား အဆင့်အတန်းအလိုက် ယူနိုင်သည့် အရေအတွက် ကွဲပြားပြီး သာမန် ကျင့်ကြံသူများအနေဖြင့်မူ ဤပန်းများကို ယူဆောင်ရန် လုံးဝ မဖြစ်နိုင်ချေ။ ၎င်းမှာ ကောင်းချီးခံ သို့မဟုတ် ထျန်းတိုက်ကျုံးတို့ ကဲ့သို့သော အဆင့်ရှိသူများအတွက်သာ ရည်ရွယ်ထားပုံရသည်။

ဤသည်မှာ အထွတ်အထိပ် သူတော်စင်က ပေးအပ်ထားသော ကံကောင်းခြင်း ဖြစ်သဖြင့် ဝေ့ဝူယင်က မိမိအတွက်သာ ယူလိုက်ခြင်း ဖြစ်သည်။ တခြားသူများမှာမူ ထိုအခွင့်အရေးကို ငြင်းပယ်ခဲ့ကြသည်။ ထိုနေရာတွင် သေစေနိုင်သော အန္တရာယ်များ ရှိနေသဖြင့် သူလည်း အတင်းအကျပ် မတိုက်တွန်းခဲ့ပေ။

ဝေ့ဝူယင်သည် ပန်းကို သိမ်းဆည်းပြီး ထွက်ခွာရန် ပြင်စဉ်မှာပင် ဟင်းလင်းပြင်အတွင်း လှိုင်းတွန့်တစ်ခု ပေါ်လာသည်။ ဝေ့ဝူယင်၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားပြီး သူ့ထံသို့ ရောက်ရှိလာသော အရာတစ်ခုကို မည်သူမျှ မသိအောင် ဖမ်းယူကာ အာကာသလက်စွပ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် သူ လျှို့ဝှက်နယ်မြေဘက်သို့ လေးနက်သော အကြည့်ဖြင့် ပြန်လှည့်ကြည့်လိုက်၏။

"ကျုပ် အလုပ်တွေ ပြီးသွားရင် ပြန်လာခဲ့မယ်..."

သူက ရုတ်တရက် ပြောလိုက်ပြီး အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ဆီသို့ ဦးတည်ထွက်ခွာလိုက်တော့သည်။

သူ့ထံသို့ ပေးပို့လိုက်သော အရာမှာ ဆယ်ပွင့်မြောက် ဇော်စိမ်းပန်း တစ်ပွင့်နှင့်အတူ ထူးဆန်းသော စာသားတစ်ကြောင်း ဖြစ်လေ၏။

"နှစ်တစ်ထောင် တာအို အမှုထမ်းပေးပါက လွတ်လပ်ခွင့် ပေးသနားမည်။"

***

All Chapters