ကူးစက်ခံရခြင်း
Vol. 4 Ch. 54
လင်းစစ်ကျားအား ကျန်းရီနှင့် အခြားသူများသည် ဗီလာတွင် ဖမ်းဆီးထားခြင်း ဖြစ်သည်။ သူမသည် အိမ်သာ သွားမည်ဟု အကြောင်းပြကာ ရဲ့ရှင်းချန်ထံ ဖုန်းဖြင့် မက်ဆေ့ချ် ပို့လိုက်လေသည်။
“ကျန်းရီ ဓားနဲ့အထိုးခံရလို့ ကျွန်မကို ပတ်တီး လာစည်းခိုင်းတယ်”
လင်းစစ်ကျားသည် ထပ်ခါတလဲလဲ စဉ်းစားနေမိလေသည်။ ရဲ့ရှင်းချန်အား သူမအား ကယ်တင်ရန် ရုတ်တရက် တောင်းဆိုခြင်းသည် မသင့်လျော်ဟု သူမ ထင်မိခြင်းကြောင့်လည်း ဖြစ်ပေသည်။ မည်သို့ပင်ဆိုစေ ရဲ့ရှင်းချန်သည် သူမအား ကူညီနိုင်ကြောင်း အရင် အချိန်များတွင် ပြောခဲ့ဖူးသော်လည်း သူမသည် သူ့အတွက် အသုံးဝင်သူ ဖြစ်ရဦးမည် ဖြစ်သည်။
“ဟုတ်ကဲ့ ရှင် ကျွန်မကို ခိုင်းစရာတစ်ခုခု ရှိလား”
ကျန်းရီမှ ရဲ့ရှင်းချန်၏ အိမ်အား မက်မောစွာ မျက်စိကျနေကြောင်း လင်းစစ်ကျား သဘာဝကျကျပင် သိထားလေသည်။ အရင်လည်း အဖွဲ့ထဲတွင် ကျန်းရီ ပြောခဲ့သည်များအား ရဲ့ရှင်းချန်ထံ သူမ ပြောပြခဲ့ပြီး ဖြစ်လေသည်။
ကျန်းရီမှ စတင်၍ စားသောက်နေပြီ ဖြစ်ကာ ရဲ့ရှင်းချန် အတွက်လည်း နေ့လယ်စာစားချိန် ရောက်နေပြီ ဖြစ်သည်။ အရသာ ပြောင်းလဲရန် ဟင်းရည်အချို့ ချက်ပြုတ်မည် ပြုစဉ် လင်းစစ်ကျား၏ မက်ဆေ့ချ်သည် သူ၏ ဖုန်းတွင် ပေါ်လာခဲ့သည်။
လင်းစစ်ကျားအား ကျန်းရီ၏ နေအိမ်သို့ ခေါ်ဆောင် သွားကြောင်း ရဲ့ရှင်းချန် စောင့်ကြည့်ကင်မရာများ မှတစ်ဆင့် သိရှိထားခဲ့သည်။ သို့သော် ဤအချိန်တွင် လင်းစစ်ကျားမှ သူ့ထံသို့ တက်ကြွစွာ လာရောက် ရှာဖွေလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ချေ။ တာဝန်ပေးအပ်ခံရတာများလား...
သေချာသည်မှာ ရဲ့ရှင်းချန်သည် လင်းစစ်ကျား၏ လုံခြုံရေးအား လျစ်လျူရှုလိမ့်မည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေ အနီးအနားတွင် ဆရာဝန် တစ်ဦးတည်းသာ ရှိလေသည်။ သူမအား သူ တစ်ချိန်ချိန်တွင် အသုံးပြုကောင်း အသုံးပြုရနိုင်ပေသည်။
ကျန်းရီ၏ လုပ်ရပ်များသည် သူ ကြောက်ရွံ့နေသည့် အတွက်ကြောင့် ဖြစ်သည်မှာ သေချာလှပေသည်။ ထို့ကြောင့်ပင် လင်းစစ်ကျားအား အတင်းအကျပ် အကျယ်ချုပ် ချထားခြင်း ဖြစ်နိုင်သည်။ လင်းစစ်ကျားမှ မပြောသော်လည်း သတင်းအား မြင်ပြီးနောက် ရဲ့ရှင်းချန် အကြမ်းဖျင်း ခန့်မှန်းနိုင်လေသည်။ ဖြစ်နိုင်သည်မှာ သူ၏ စကားများသည် အကျိုးသက်ရောက်မှု ရှိခဲ့ခြင်း ဖြစ်ပေမည်။
“လောလောဆယ် မရှိသေးဘူး ဟိုဘက်မှာ သတိထားနေ သူ့ရဲ့ လှုပ်ရှားမှုတိုင်းကို သတိထားပြီး ငါ့ကိုပြောပြ ဪ ဒါနဲ့ ချက်တင် မှတ်တမ်းတွေကို ဖျက်ဖို့ မမေ့နဲ့နော်”
လင်းစစ်ကျားသည် ဆရာဝန် တစ်ဦး ဖြစ်သောကြောင့် သူမအတွက် အိမ်တွင် နေရသည်ထက် ကျန်းရီနှင့် ချည်နှောင်ခံထားရခြင်းက ပို၍ သက်တောင့်သက်သာ ရှိနိုင်ပေမည်။ အနည်းဆုံးတော့ ကျန်းရီသည် သူမအား လိုအပ်နေသဖြင့် သူမအား သေချာပေါက် အစာအငန် မထားနိုင်ပေ။ ရဲ့ရှင်းချန်သည် အရာအားလုံးအား စဉ်းစားထားခဲ့ခြင်း ဖြစ်သည်။
သူမသည် ကျန်းရီ၏ အိမ်တွင် အချိန်အနည်းငယ် ပိုနေရန်ပင် သူ အလိုရှိခဲ့သည်။ သို့မှသာ သူမသည် သူ၏ အရင်းအမြစ်များအား များစွာ သုံးစွဲနိုင်လိမ့်မည် ဖြစ်သည်။ သို့သော် လင်းစစ်ကျားသည် ကျန်းရီ၏ အိမ်တွင် အစာမစားရဲကြောင်း သူ မသိခဲ့ချေ။
ရဲ့ရှင်းချန်၏ ပေါ့ပါးလှသည့် သဘောထားနှင့် နှိုင်းယှဉ်ပါမူ မာချောင်းဝမ်နှင့် ကျန်သူများသည် အိမ်ပြန်ရောက်သောအခါ ပုံမှန်မဟုတ်ဘဲ စိတ်ဓာတ် ကျနေကြလေသည်။ နှစ်ရက်ရှိပြီ ဖြစ်သော်လည်း ရဲ့ရှင်းချန်၏ အိမ်အား မည်မျှပင် ကြိုးစားကြိုးစား ဖျက်ဆီး၍ မရနိုင်ချေ။ အစပိုင်းတွင် သူတို့သည် မကောင်းသည့် အတွေးများဖြင့် ပြည့်နှက် နေသော်လည်း ယခုအခါ သူတို့၏ အတွေးများတွင် စိတ်ပျက် အားငယ်မှုများဖြင့်သာ ပြည့်နှက်နေကြတော့သည်။
ပဋိဇီဝဆေးများ ကုန်သွားခဲ့ပြီ ရောင်ရမ်းကျဆေးများလည်း ကုန်သွားခဲ့ပြီ အပူပေးစက်လည်း ကုန်သွားပြီ အရသာရှိတဲ့ အစားအစာတွေ အများကြီး ကုန်သွားပြီ သူတို့ရဲ့ ဘဝတွေ အားလုံး ကုန်ဆုံးလုနီးပါး ဖြစ်နေပြီချေပြီ။
သူတို့ သုံးဦးသည် မှုန်မှိုင်းလှသည့် မျက်လုံးများဖြင့် ခေါင်းငိုက်စိုက်ကျလျှက် ဆိုဖာပေါ်တွင် ထိုင်နေကြလေသည်။ စွန်းမင်မှာမူ စိုးရိမ်တကြီး ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေခဲ့သည်။
လူတိုင်း ရဲ့ရှင်းချန်၏ အိမ်အား တိုက်ခိုက်သည့် နေ့တွင် နောက်ဆုံး၌ သူမ၏ ဝမ်းကွဲအစ်ကိုနှင့် စကားပြောခွင့် ရခဲ့လေသည်။ သို့သော် အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် စွန်းမင်သည် ယခင် အချိန်များတွင် ယဉ်ကျေးသိမ်မွေ့သည့် သူမ၏ ဝမ်းကွဲအစ်ကိုအား ကြည့်ကာ သူသည် ရဲ့ရှင်းချန်ထက်ပင် ပို၍ ကြောက်စရာ ကောင်းနေခဲ့သည်ဟု ခံစားခဲ့ရသည်။
ကျန်းရီသည် သူမအား သေနေသည့် လူတစ်ယောက်အား ကြည့်သကဲ့သို့ ကြည့်နေခဲ့ခြင်း ဖြစ်သည်။ စွန်းမင်သည် စိတ်ခံစားမှုကတ်အား ကစားခဲ့သော်လည်း နောက်ဆုံးတွင် ကျန်းရီမှ သူမအတွက် အသားအနည်းငယ် ထပ်ဖြတ် ပေးရန်သာ လူတစ်ယောက်အား ခိုင်းခဲ့လေသည်။
“ဟူး အရင်စားကြရအောင်”
စွန်းမင်သည် အစားအစာ ချက်ပြုတ်ရန် အတွက် လျှပ်စစ်မီး လာမည့်အချိန်အား စောင့်နေခဲ့ခြင်း ဖြစ်သည်။ ကျန်းရီတွင်ပင် မည်သည့်ဆေးမှ မရှိချေ။ သူတို့သုံးဦးမှာ သေမည့် အချိန်ကိုသာ စောင့်နေရတော့မည့်ပုံပင် ဖြစ်နေခဲ့လေပြီ။
“အား”
လျှပ်စစ်မီးလာချိန်တွင် အခန်းထဲရှိ မီးများ ချက်ချင်း လင်းလာခဲ့သည်။ စွန်းမင်သည် ကျန်းရီ ပို့ပေးသည့် အသားတုံးများအား ချက်ပြုတ်ရန် အတွက် မီးဖိုအား ကမန်းကတန်း ဖွင့်လိုက်လေသည်။ အနောက်ဘက်မှ မာချောင်းဝမ်၏ အော်သံကြောင့် သူမ လန့်ဖျပ်သွားခဲ့ကာ အသားအား ကြမ်းပြင်ပေါ်သို့ ပြုတ်ကျမတတ်ပင် ဖြစ်သွားခဲ့သည်။
“မဟုတ်ဘူး မဟုတ်ဘူး ငါ မသေချင်ဘူး”
လျှပ်စစ်မီးလာပြီး အိမ်ထဲရှိ အပူပေးစက်သည်လည်း စတင်၍ အလုပ်လုပ်လာခဲ့သည်။ အပူချိန်မှာ အနည်းနှင့်အများ တက်လာခဲ့ပေသည်။ အပူပေးစက်နှင့် အနီးဆုံးဖြစ်သည့် မာချောင်းဝမ်သည် သူ၏ ခြေကျင်းဝတ်တွင် ရုတ်တရက် သည်းမခံနိုင်လှသည့် ယားယံမှုအား ခံစားလိုက်ရတော့သည်။
သူ၏ ခြေကျင်းဝတ်ရှိ ပတ်တီးသည် မူလတွင် အေးခဲ တောင့်တင်းနေသော်လည်း ယခုအခါ ပျော့ပျောင်းလာမည့် လက္ခဏာများ ပြသနေခဲ့သည်။ အရည်တစ်ချို့ စီးထွက် နေသကဲ့သို့ အထဲတွင် ယားယံနေခဲ့သည်။
မာချောင်းဝမ်သည် အံကြိတ်လျှက် တစ်ဝက်တစ်ပျက် ပျော့နေသည့် ပတ်တီးအား ဆွဲဖြဲလိုက်သည်။ ဒဏ်ရာအား ဆွဲဖြဲလိုက်သကဲ့သို့ ဖြစ်သွားခဲ့ရာ ဘေးနားရှိ အကောင်း ပကတိ ဖြစ်နေသည့် အရေပြားကိုပင် ဆွဲဆုတ် လိုက်မိလေတော့သည်။
“ဒါ ဘယ်လိုဖြစ်ရတာလဲ ဒါ ဘယ်လိုဖြစ်ရတာလဲ ငါ မသေချင်သေးဘူး”
ပတ်တီးပေါ်တွင် ပုပ်အက်နေသော အသားစများ အမြောက်အမြား ကပ်နေခဲ့သည်။ ဒဏ်ရာမှာ စတင်၍ ပြည်တည်နေပြီ ဖြစ်ကာ အော့အန် ချင်စရာကောင်းလှသည့် အပုပ်နံ့တစ်ခုသည် သူ၏ နှာခေါင်းထဲသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာခဲ့သည်။ မာချောင်းဝမ်သည် နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့သွားခဲ့ကာ ကြမ်းပြင်ပေါ်တွင် ထိုင်လျှက် မျက်ရည်များ စီးကျလာတော့သည်။
“ဘယ်လို ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်ရတာလဲ”
ကျန်းဖုန်းသည် မာချောင်းဝမ်အား ကြည့်ရင်း အလွန်အမင်း ထိတ်လန့် ကြောက်ရွံ့ သွားသဖြင့် သူ၏ မျက်နှာမှာ ဖြူရော်သွားခဲ့သည်။ အခန်းတွင်း အပူချိန်သည် တဖြည်းဖြည်း တက်လာခဲ့ပြီး လျန်ကျစ်ချောင်နှင့် ကျန်းဖုန်းတို့သည်လည်း သူတို့၏ ဒဏ်ရာများတွင် ယားယံမှုအား တဖြည်းဖြည်း ခံစားလာရလေသည်။
သူတို့သုံးဦး ပတ်တီးများအား ဖယ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် အခန်းတစ်ခုလုံး ပုပ်စော်နံသွားလေတော့သည်။ လျန်ကျစ်ချောင် အံ့အားသင့်သွားခဲ့ရသည်။ သူ၏ လက်ကောက်ဝတ်အား ကိုင်ကာ ငေးမောလျှက် ကြည့်နေမိလေသည်။ ကျန်းဖုန်း၏ မျက်နှာမှာမူ ဖြူရော်သွားခဲ့သည်။
ကျန်းဖုန်းသည် သူတို့သုံးဦးတွင် ဒဏ်ရာ အပြင်းထန်ဆုံး ဖြစ်သည်။ မာချောင်းဝမ်နှင့် လျန်ကျစ်ချောင်တို့မှာ အရေပြားနှင့် အသားများ ပြဲသွားရုံသာ ဖြစ်သော်လည်း သူကမူ မြှားဖြင့် ထိုးဖောက်ခံခဲ့ရခြင်း ဖြစ်သည်။
သူ၏ မျက်လုံးများ မှောင်မိုက်သွားခဲ့ပြီး ပတ်တီးအား တိတ်ဆိတ်စွာ ပြန်ပတ်လိုက်လေသည်။ သူသည် ခေါင်းလှည့်၍ စွန်းမင်အား အော်ပြောလိုက်လေသည်။
“ဝမ်းကွဲအစ်မ ကျွန်တော့်အတွက် အစားအစာ နည်းနည်း ချန်ထားပေးပါ ကျွန်တော် နောက်မှ ပြန်လာခဲ့မယ်”
‘သူ မသေချင်ဘူး အမှိုက်ကောင် ရဲ့ရှင်းချန်ရဲ့ လက်ထဲမှာလည်း မသေချင်ဘူး သူသေသွားရင် ချန်းရူအာက ရဲ့ရှင်းချန်ရဲ့ လက်ထဲ ရောက်သွားမှာ မဟုတ်ဘူးလား ဟင့်အင်း သူ ခွင့်မပြုနိုင်ဘူး’
(** သေခါနီးတောင် မွှန်နေသေးတယ် သူ့ဟာမကဖြင့်....**)
ကျန်းဖုန်းသည် အံကြိတ်လိုက်ကာ သူ၏ အဝတ်အစားများအား ချက်ချင်း တင်းကျပ်စွာ ရစ်ပတ် လိုက်လေသည်။ သူသည် ဂေါ်ပြား တစ်လက်အား ဆွဲရင်းဖြင့် ရဲ့ရှင်းချန်၏ အိမ်ဆီသို့ ထော့နင်းထော့နင်းဖြင့် သွားလိုက်လေသည်။
ထိုအချိန်တွင် ရဲ့ရှင်းချန်သည် သူ၏ နေ့လယ်စာအား ချက်ပြုတ်ရန် လေ့လာနေခဲ့သည်။ သူသည် ဟင်းချက်စာအုပ်မှ သင်ယူကာ ဂျင်ဆင်းကြက်ပေါင်းရည်အား ချက်ပြုတ်ခဲ့သော်လည်း အရသာ နည်းနေသေးသည်ဟု ခံစားရလေသည်။ သူ၏ လက်အား မြှောက်လျှက် ဟင်းခတ်အမွှေးအကြိုင် အချို့ ထပ်ထည့်ရန် စဉ်းစားနေစဉ် အိမ်ရှိ အချက်ပေးသံ ထပ်မံ၍ မြည်လာခဲ့ပြန်သည်။
“ဒီတစ်ခါက ဘယ်သူလဲ ဘယ်လောက် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလိုက်လဲကွာ မင်းတို့ နေ့လယ်စာ စားဖို့ မလိုဘူးလား”
ရဲ့ရှင်းချန် မျက်မှောင်ကြုတ်လျှက် စခရင်အား ကြည့်လိုက်မိသည်။ ထိုသူမှာ ကျန်းဖုန်း ဖြစ်နေခဲ့သည်။ ကျန်းဖုန်းသည် အထူစား သံမဏိပြား နှစ်ချပ်ကြားတွင် ညှပ်ထားသည့် ကြမ်းပြင်မှ မျက်နှာကြက်အထိရှိသော မှန်ချပ်ဆီသို့ ပြေးသွားခဲ့သည်။ သူ၏ လက်ထဲရှိ ဂေါ်ပြားအား မြှောက်ကာ နံရံအား စတင်၍ ရိုက်ချိုးလေတော့သည်။
“ဟူး ဘာလို့ ဒုက္ခခံနေတာလဲ”
ရဲ့ရှင်းချန်မှ သက်ပြင်းချလျှက် အပြန်အလှန် ပြောဆိုမှု ခလုတ်အား ဖွင့်ရန် ဆက်သွယ်ရေးစက်အား ကောက်ကိုင်လိုက်လေသည်။
“ဟူး မင်း ဘာလို့ ဒီလိုလုပ်နေရတာလဲ”
အပြင်ဘက်မှ ကျန်းဖုန်း၏ အချည်းနှီး ဟိန်းဟောက်သံများ ထွက်ပေါ်လာခဲ့သည်။
“အနည်းဆုံးတော့ အရင်က ငါတို့နှစ်ယောက်စလုံး တူတူကံဆိုးခဲ့ကြတာပဲ ငါတို့က တူညီတဲ့ ခွေးမတစ်ကောင်ကို ကြိုက်ခဲ့ကြတာမို့ မင်းကိုလည်း အကြံဉာဏ် နည်းနည်းလောက် ပေးပါရစေ”
“ဒီက ငါ့နံရံကို ရိုက်ချိုးဖို့ ခွန်အားရှိနေရင် မင်းအိမ်ကို ပြန်သွားပြီးတော့ လှဲနေရင်း အစားအစာ နည်းနည်းလောက် ပိုစားတာက ပိုကောင်းလိမ့်မယ် အနည်းဆုံးတော့ မင်း ထွက်သွားတဲ့အခါ ဗိုက်ဝနေတဲ့ သရဲတစ်ကောင် ဖြစ်နိုင်တာပေါ့”
“ဂေါ်ပြား ကိုင်ထားတဲ့ မင်းရဲ့လက်တွေ တုန်နေတာကို ငါမြင်တယ် မင်း အသက်ရှင်ဖို့ နေ့ရက်တွေ သိပ်မကျန်တော့ဘူး ထင်တယ် ဟူး ငါသာ မင်းနေရာမှာဆိုရင် ဒီကို အလကား လာမှာမဟုတ်ဘူး သွေးလည်ပတ်မှု ကောင်းရင် မင်း ပိုမြန်မြန် သေလိမ့်မယ်။ကျန်တဲ့ရက် အနည်းငယ်ကို အခွင့်ကောင်းယူပြီးတော့ မင်းလုပ်ချင်တာကို ဘာလို့ မလုပ်ရတာလဲ”
ကျန်းဖုန်း၏ မျက်နှာတွင် မျက်ရည်များ အပြည့် ဖြစ်နေခဲ့သည်။ သူသည် ဒေါသထွက်ကာ ကြောက်ရွံ့နေခဲ့သည်။ သူသည် မေးခိုင်ရောဂါ ကူးစက်ခံရပြီး ဖြစ်ကာ ကုသမှု မခံယူပါက သေချာပေါက် သေရမည်ကိုလည်း သူ သိရှိနေခဲ့ပါသည်။ သို့သော် ထို လက်တွေ့ အဖြစ်အပျက်များအား သူ လက်မခံချင်ရုံသာ ဖြစ်ပေသည်။ သို့သော် ရဲ့ရှင်းချန်၏ စကားများသည် သူ့အား သတိပေးလိုက်သလို ဖြစ်သွားခဲ့သည်။
သူ အသက်ရှင်ဖို့ နေ့ရက်တွေ သိပ်မကျန်တော့ပေ။ သူ အမြဲတမ်း လုပ်ချင်ခဲ့သည်များအား မြန်မြန် လုပ်ဆောင် လိုက်သည်မှာ ပိုကောင်းပေမည်။ အနည်းဆုံးတော့ သူ၏ ဘဝအား အချည်းနှီး အသက် မရှင်ခဲ့ရတော့ဘူး ဟု မှတ်ယူနိုင်ပေလိမ့်မည်။