← Chapters

အခန်း (၂၁၄၃-၂၁၄၄)

Vol. 154 Ch. 2143-2144

အခန်း (၂၁၄၃-၂၁၄၄)

Vol. 154 Ch. 2143-2144

အပိုင်း(၂၁၄၃)

တစ်ခါက ဂျိုးငှက်နီမြို့ဟု လူသိများသည့် မြို့လေးတစ်မြို့တွင် ဒဿနိကဗေဒနှင့် ယဉ်ကျေးမှုဆိုင်ရာ ပညာရှင်ဟောင်း တစ်ဦးဖြစ်ခဲ့ဖူးသော အိမ်ရာမဲ့ အရက်သမားတစ်ဦး ရှိခဲ့ဖူးသည်။ ထိုအရက်သမားသည် အစ်ကိုဖြစ်သူထံမှ ကျင့်ကြံခြင်းနှင့် ကျင့်ဝတ်မူဝါဒများကို စနစ်တကျ သင်ယူနေသည့် သတ္တိခဲ လူငယ်လေးတစ်ဦးကို ဤသို့ ပြောခဲ့ဖူးသည်။

"ရိုးသားမှုကို ဖော်ပြရာမှာ သုံးကြိမ်သုံးခါ လုပ်တာက အကောင်းဆုံးပဲကွ..."

ထို့နောက် သူက တစ်သက်တာတွင် ပြုလုပ်ရသည့် အခမ်းအနား ဦးညွှတ်မှု သုံးကြိမ်အကြောင်းကို ပြောပြခဲ့သည်။ ၎င်းမှာ ဘဝ၏ အနှောင်အဖွဲ့များကို တစ်ကြိမ်၊ သေခြင်းတရား၏ ထာဝရ လွတ်မြောက်မှုကို တစ်ကြိမ်နှင့် ကောင်းကင်နှင့် မြေကြီးအောက်ရှိ မိမိအပေါ် ကောင်းချီးပေးထားသော အရာအားလုံးကို အသိအမှတ်ပြုသည့်အနေဖြင့် တစ်ကြိမ် ဦးညွှတ်ရခြင်း ဖြစ်သည်။

သို့သော် ထိုလူငယ်လေး၏ စိတ်ထဲတွင် စွဲမြဲသွားခဲ့သည့် အရာမှာ ကောင်းချီးပေးခြင်းနှင့် ချစ်ခြင်းမေတ္တာကို ဖော်ပြရာတွင် သုံး ကြိမ် ပြုလုပ်ရမည်ဟူသော အချက်ပင် ဖြစ်သည်။ အထူးသဖြင့် ကောင်းကင်နှင့် မြေကြီးထံမှ တစ်စုံတစ်ခုကို လက်ဆောင်ပေးခြင်း၊ ကမ်းလှမ်းခြင်း သို့မဟုတ် တောင်းဆိုခြင်းများ ပြုလုပ်ရာတွင် ဖြစ်သည်။ ထိုစကားလုံးများမှာ တစ်ချိန်က ထက်မြက်ခဲ့ဖူးသော်လည်း ယခုအခါ စိတ်ဝေဒနာ ခံစားနေရသော ထိုအရက်သမား၏ စိတ်ကူးယဉ် ဂယောင်ခြောက်ခြား စကားများသာ ဖြစ်နိုင်သော်လည်း ထိုလူငယ်လေးကမူ ၎င်းကို အလေးအနက် ခံစားမိခဲ့သည်။

ဝေ့ဝူယင်သည် ထိုမူဝါဒအတိုင်းပင် သတိမထားမိဘဲ နေထိုင်လာခဲ့သည်။ မိနစ်နှစ်ဆယ်ခန့်မျှသာ ကြာမြင့်ခဲ့သော ထိုအဖိုးအို၏ စကားများကို နားထောင်ခဲ့ရသည့် အဖြစ်အပျက်လေးမှာ သူ၏ ဘဝကို ပုံဖော်ပေးခဲ့သည်။ မကြာသေးမီက ယွီစွန်းလီနှင့် ချိန်းတွေ့မှုမှသည် အတိတ်က အန်နု နှင့် ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်အထိ ၎င်းကို တွေ့မြင်နိုင်သည်။

ဝေ့ဝူယင်သည် သူ၏ ဘဝကို ဖြည်းဖြည်းချင်း ပုံဖော်ပေးခဲ့သော ထိုရှေးဟောင်း မှတ်ဉာဏ်များကို လွမ်းဆွတ်တသစွာ ပြန်လည် စဉ်းစားနေမိသည်။ သာမန်အားဖြင့် ဝေ့ဝူယင်သည် အထွတ်အထိပ် သူတော်စင်များနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ရှောင်ရှားလေ့ရှိသည်။ အထူးသဖြင့် မိမိထက် ကျင့်ကြံခြင်းအဆင့် များစွာ သာလွန်သူများနှင့် သံသယဖြစ်ဖွယ် ကြုံတွေ့ရမှုမျိုးကို ဖြစ်သည်။

သူသည် လင်းမင် ၊ နတ်ဘုရင် ဟန်ရှဲ့ ကဲ့သို့ ကောင်းချီးခံများနှင့် ရှုပ်ထွေးလှသော ကြုံတွေ့မှုများမှ သင်ခန်းစာ ရရှိခဲ့ဖူးသည်။ သို့သော် သူသည် အလွန်အမင်း သန်မာလှသော်လည်း ရိုးသားမှုကို ပြသရန်အတွက် သုံးကြိမ်သုံးခါ မူဝါဒကို အလွယ်တကူ လက်ခံခဲ့သည့် အန်နုနှင့်လည်း တွေ့ဆုံခဲ့ဖူးသည်။ ထိုစဉ်က ဝေ့ဝူယင်သည် အမတေ သွေးသုံးစက်၊ ဝိညာဉ်တည်ငြိမ်ခြင်း ကျင့်စဉ်နှင့် နဂါးစစ်စစ် အသွင်ပြောင်းလဲခြင်း ကျင့်စဉ်တို့ကို ရရှိခဲ့သည်။

အကယ်၍ အာနုသည် ထိုစဉ်က ရိုးသားမှုကို သုံးကြိမ်ထက်နည်း၍ ကမ်းလှမ်းခဲ့ပါက ဝေ့ဝူယင်သည် သူ့ကို ယုံကြည်မည်မဟုတ်ဘဲ ချက်ချင်း ထွက်ခွာသွားပေလိမ့်မည်။ သို့သော် အာနုက လက်ခံခဲ့သည်။ ထိုနဂါးကြီးသည် သူ၏ အလိုဆန္ဒတွင် ရိုးသားပြီး သူ၏ ရည်ရွယ်ချက်မှာလည်း ဖြူစင်သောကြောင့် ဖြစ်သည်။ ၎င်းကို ဝေ့ဝူယင်က စိတ်ရင်းဖြင့် ခံစားမိခဲ့သည်။

ထိုစဉ်က အန်နု၏ လုပ်ရပ်များကြောင့် ဝေ့ဝူယင်သည် မိသားစုသစ်ကို ပြန်လည် ရရှိခဲ့ခြင်း ဖြစ်သည်။ သူ ထပ်မံ အဆုံးရှုံးမခံနိုင်တော့သော မိသားစုပင်...။

ဝေ့ဝူယင်သည် သူ၏ ဟင်းလင်းပြင် နဂါး ကျင့်စဉ်ကို အသုံးပြုကာ ထိုအထွတ်အထိပ် သူတော်စင် သတ်မှတ်ထားသော စည်းကမ်းချက်များအတိုင်း မူလ ဝိညာဉ် ချည်နှောင် ဇော်စိမ်းပန်း ကိုးပွင့်ကို ဘေးကင်းစွာ ယူဆောင်ခဲ့သည်။ သို့သော် သူ ထွက်ခွာခါနီးတွင် ထိုပုဂ္ဂိုလ်က ရိုးသားမှု ပြသသည့်အနေဖြင့် ကမ်းလှမ်းချက် သုံးခု ပေးအပ်ခဲ့သည်။

ပထမအချက် - ထိုဥယျာဉ်ထဲရှိ ပန်းအားလုံး၏ ဧကရာဇ်ဟု ဆိုနိုင်သော ပန်းကို ပေးအပ်ခြင်း ဖြစ်သည်။

ဒုတိယအချက် - အမှုထမ်းရန် ကမ်းလှမ်းခြင်း ဖြစ်သည်။

တတိယအချက် - အီလီစီယမ် အသေး သင်္ဘော၏ ဝန်းကျင်တွင် ထိုပုဂ္ဂိုလ်က မသိမသာ ချန်ထားရစ်ခဲ့သော အကာအကွယ် အစီအရင် ဖြစ်သည်။

၎င်းကို အာရုံခံရန် ခက်ခဲလှသော်လည်း ဝေ့ဝူယင်၏ ကောင်းကင်ဘုံ နတ်မျက်လုံးများမှာမူ ဗေဒင်ဆရာများနှင့် ကံကြမ္မာ ဟောပြောသူများ၏ ရန်မှ ကာကွယ်ပေးထားသော ထိုလျှို့ဝှက် အကာအကွယ် သင်္ကေတကို မြင်တွေ့နိုင်သည်။ ၎င်းတွင် တခြားသော လုပ်ဆောင်ချက်များလည်း ရှိနေနိုင်ပေသည်။

ဝေ့ဝူယင်သည် ခရီးဆက်နေရင်း ထိုအစီအရင်ကို စမ်းသပ်ကြည့်ရာ ၎င်းမှာ ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ သတင်းစကားများ ပေးပို့နိုင်သည့် ဧကရာဇ်ပန်း၏ အော်ရာနှင့် ဆက်နွှယ်နေကြောင်း သိလိုက်ရသည်။ အစပိုင်းတွင် ဝေ့ဝူယင်က ၎င်းမှာ မကောင်းသော ရည်ရွယ်ချက်ဟု ထင်ခဲ့သော်လည်း သူ၏ ဗီဇစိတ်ကို သူ ယုံကြည်သည်။

ထိုအမြင့်မြတ်ဆုံး ပုဂ္ဂိုလ်သည် ရိုးသားပေသည်။

သို့သော် ပြဿနာတစ်ခု ရှိနေသည်။

ဝေ့ဝူယင်သည် ထိုအဖြစ်အပျက်ကို ခေတ္တ ဘေးဖယ်ထားကာ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ သို့ ခရီးဆက်ခဲ့သည်။ သူသည် မင်ရှုဖုန်းထံမှ နောက်ထပ် ကံကောင်းခြင်းများကို ထပ်မံ တွက်ချက်ခိုင်းခြင်း မပြုတော့ဘဲ ဂလက်ဆီဆီသို့ တိုက်ရိုက် ဦးတည်လိုက်သည်။ သူ စိတ်မဝင်စားတော့ခြင်း မဟုတ်ဘဲ အချိန်မှာ အလွန်ပင် နည်းပါးနေပြီ ဖြစ်သောကြောင့် ဖြစ်သည်။

စတုတ္ထမြောက် ကပ်ဘေး၏ သိမ်မွေ့လှသော ခေါ်သံမှာ သူ၏ ဝိညာဉ်ထဲတွင် တိုးတိုးလေး ထွက်ပေါ်နေပြီ ဖြစ်သည်။

ဝေ့ဝူယင် သင်္ဘောကို မောင်းနှင်နေစဉ် ပါခက်သည် သူ၏ ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေရင်း ဟင်းလင်းပြင်ကြီးကို ကြည့်နေသည်။ သူမသည် မိနစ်အနည်းငယ်မျှ တိတ်ဆိတ်နေပြီးမှ စကားစလိုက်သည်။

"ကျွန်မ အစစ်အမှန် ဝိညာဉ် အဆင့်ကို တက်လှမ်းဖို့ ကြိုးစားလို့ ရပြီ..."

သူမ၏ စကားများမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့် ရှိနေသော်လည်း ဝေ့ဝူယင်ကိုမူ အသိပေးတိုင်ပင်ခြင်း ဖြစ်သည်။ ဝေ့ဝူယင် သိထားသလောက် ပါခက်သည် သူမ၏ နောက်ထပ် ကျင့်ကြံခြင်း အဆင့်အတွက် အရေးကြီးသော ထိုးထွင်းသိမြင်မှုကို ရှာဖွေနေခြင်း ဖြစ်ကြောင်းပင်။ သူတို့၏ တိုက်ပွဲနှင့် အထွတ်အထိပ် သူတော်စင်နှင့် ကြုံတွေ့ခဲ့ရမှုများအပြီးတွင် ဝေ့ဝူယင်၏ အမြင်အပေါ် သူမ၏ ယုံကြည်မှုမှာ များစွာ မြင့်မားလာခဲ့သည်။

"မင်းရဲ့ အခြေခံတွေက လုံလောက်ပါတယ်..."

ဝေ့ဝူယင်က ပြန်ဖြေလိုက်သည်။ ချက်ချင်းပင်... သူမ၏ မျက်ဝန်းထဲ၌ စိတ်သက်သာရာရမှုများ ဖြတ်ပြေးသွားသည်။ လျှို့ဝှက် အာဏာရှင် အဆင့်၏ ကပ်ဘေးတိုင်းမှာ အန္တရာယ်များလှပြီး ကျရှုံးရန် အခွင့်အလမ်းလည်း များပြားလှသည်။ ထို့အပြင် သူမသည် သူမ၏ ကျင့်စဉ်မှာ နောက်ပိုင်းတွင် မည်သို့ ပြောင်းလဲသွားမည်ကိုလည်း စိုးရိမ်နေမိသည်။ သူမ၏ အခြေအနေမှာ အလွန်ပင် ထူးခြားလှသည်။ သူမသည် တခြား သူတော်စင် ခုနစ်ပါးနှင့် ဝိညာဉ်ချင်း ချိတ်ဆက်ထားပြီး သူတို့၏ လျှို့ဝှက်တာအို ကျင့်ကြံခြင်းများကို မျှဝေခံစားနေရသည်။ အကယ်၍ သူမ အဆင့်တက်ပါက ကျန်ရှိသူများလည်း လိုက်ပါ အဆင့်တက်ကြပေလိမ့်မည်။

သူမသည် အခြေခံနှင့် ခွန်အားပိုင်းတွင် ပျမ်းမျှထက် သာလွန်သော်လည်း ၊ ပျမ်းမျှထက် သာလွန်ရုံ သာ ရှိသေးကြောင်း သူမ ကောင်းကောင်း သိထားသည်။ ဥပမာအားဖြင့် ဉာဏ်အလင်းရ သူတော်စင် နွေဦးကွင်းပြင်သာ အစစ်အမှန် ဝိညာဉ်အဆင့်တွင် သူတို့နှင့် တွေ့ဆုံခဲ့ပါက သူတို့ ရှစ်ယောက်စလုံးကို ယှဉ်ပြိုင်နိုင်ပေလိမ့်မည်။

ဝေ့ဝူယင်သည် နတ်ပရီက သူ၏ တာအို လက်တွဲဖော် အတွက် သူ၏ အခြေခံကို အလွန်အမင်း အသုံးပြုခဲ့မှုကြောင့် အားနည်းနေပုံနှင့် အီမန်တက်၏ မဆင်မခြင် ကြိုးပမ်းမှုများကြောင့် သူတို့၏ အခြေခံ ထိခိုက်နေပုံကို မြင်တွေ့ခဲ့ရသည်။ ထိုအရာများမှာ သူတို့၏ ဝိညာဉ်နှင့် အခြေခံ ကျင့်ကြံခြင်းများတွင် ဖုံးကွယ်နေသော ဒဏ်ရာများကို ချန်ရစ်ခဲ့ပြီး ၎င်းမှာ အစစ်အမှန် ဝိညာဉ်နှင့် ချိတ်ဆက်ရာတွင် အကျိုးသက်ရောက်မှု ရှိနိုင်ပေသည်။

သူမသည် ယုံကြည်မှု ရှိနေသော်လည်း စိုးရိမ်ပူပန်နေဆဲ ဖြစ်သည်။

"ဒါပေမဲ့... လုံလောက်ရုံပဲ ရှိသေးတာပါ"

ဝေ့ဝူယင်က ရိုးသားစွာ ပြောလိုက်သည်။

"..."

ပါခက်၏ မျက်ဝန်းများမှာ အရောင်မှိန်သွားခဲံ၏။

ဝေ့ဝူယင်သည် ဂြိုဟ်သိမ်ဂြိုဟ်မွှားများကြားမှ အီလီစီယမ် အသေး ကို ကျွမ်းကျင်စွာ မောင်းနှင်နေရင်း သူမဘက်ကို လှည့်မကြည့်ဘဲ တိုက်ရိုက်ပင် ပြောလိုက်သည်။

"မင်းအပေါ် ငါ့ရဲ့ စိတ်ဝင်စားမှုက ဘယ်လိုမျိုးလဲဆိုတာ မင်း အကြမ်းဖျင်း သိလောက်ပြီ ထင်တယ်..."

ဝေ့ဝူယင်သည် ဂလက်ဆီ၏ နယ်နိမိတ်အနားတွင် ဟင်းလင်းပြင်တံခါးကို အသုံးမပြုဘဲ မိုင်ပေါင်း ကုဋေကုဋာ ဝေးကွာသော ခရီးကို သဘာဝအတိုင်းသာ မောင်းနှင်လာခဲ့ခြင်း ဖြစ်သည်။

"..."

ပါခက်က ဆက်လက် တိတ်ဆိတ်နေဆဲပင်။

"မင်းဘက်က ကန့်ကွက်စရာမရှိဘူးဆိုရင်... မင်းရဲ့ နောင်တတွေကို ကုစားပေးဖို့နဲ့ မင်းရဲ့ ကျင့်ကြံခြင်း လမ်းခရီးကို ခိုင်မာတောင့်တင်းတဲ့ အခြေခံအုတ်မြစ်တွေ၊ မင်းရဲ့ နှလုံးသားကို ထောက်မပေးထားမယ့် ဖျက်ဆီးလို့မရတဲ့ မဏ္ဍိုင်တွေနဲ့ တည်ဆောက်ပေးဖို့ ငါ အစွမ်းကုန် ကြိုးစားပေးမယ်..."

"..."

ပါခက်သည် ချက်ချင်း အဖြေမပေးဘဲ ဘေးမှ အရှိန်အဟုန်ဖြင့် ဖြတ်သန်းသွားသော ဂြိုဟ်သိမ်ဂြိုဟ်မွှားများကိုသာ စိုက်ကြည့်နေသည်။ ဝေ့ဝူယင်ကလည်း သူမကို အလောမတိုက်သလို ထပ်မံ၍ စကားမပြောတော့ချေ။ ဤသည်မှာ သူမ၏ ဆုံးဖြတ်ချက်သာ ဖြစ်သည်။

ဝေ့ဝူယင်အနေဖြင့် သူမ၏ သဘောတူညီချက်ကို ပို၍ လိုလားသော်လည်း အကယ်၍ သူမ ငြင်းပယ်ခဲ့လျှင်ပင် သူ ကူညီပေးဦးမည်သာ ဖြစ်သည်။ သူ ပါခက်ကို စိတ်ထဲမှ လေးစားမိသည်။ သူမ မည်မျှ မြင့်မားသော အဆင့်သို့ တက်လှမ်းနိုင်မည်ကို သူ အမှန်တကယ် မြင်တွေ့လိုသည်။

ဟူး... ဟူး...

သူတို့သည် ထူထပ်လှသော ဂြိုဟ်သိမ်ဂြိုဟ်မွှား အစုအဝေးထဲမှ လွတ်မြောက်လာကြပြီ ဖြစ်သည်။

"အဲဒါ... အဲဒါလား..."

မင်ရှုဖုန်း၏ မျက်လုံးများမှာ ဝိညာဉ်အလင်းတန်းများဖြင့် တောက်ပသွားပြီး လက်ညှိုးညွှန်ပြလိုက်သည်။ ဂြိုဟ်သိမ်ဂြိုဟ်မွှားများကြားမှ ထွက်လာသည်နှင့် အခြား ဟင်းလင်းပြင်တစ်ခုသို့ ရောက်သွားသကဲ့သို့ နယ်နိမိတ်တစ်ခုကို ဖြတ်ကျော်လိုက်ရကာ ဝေးလံလှသော အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ၏ မြင်ကွင်းတစ်ခုလုံးကို မြင်တွေ့လိုက်ရသည်။

၎င်းမှာ အလွန့်အလွန်ပင် လှပလွန်းလှသည်။ ထူးခြားသော အရောင်ခုနစ်မျိုးဖြင့် လှည့်ပတ်နေသော အစုအဝေးကြီးမှာ ပါးလွှာသော ရောင်စုံမြူနှင်းများဖြင့် လွှမ်းခြုံထားသည်။

ထိုနေရာတွင် ရှိနေသော အသန့်စင်ဆုံး မြူနှင်း ပမာဏမှာ စိတ်ကူးကြည့်၍ပင် မရနိုင်လောက်အောင် များပြားလှသဖြင့် သူမ၏ နှလုံးသားမှာ အံ့ဩတုန်လှုပ်မှုကြောင့် ခုန်ပေါက်နေတော့သည်။

သူတော်စင် အားလုံးသည် ထိုဂလက်ဆီကို အဝေးမှ ငေးကြည့်နေကြသည်။ သူတို့၏ မျက်လုံးများမှာ ကြယ်များအလား တောက်ပနေပြီး ကလေးငယ်တစ်ဦး၏ အပြစ်ကင်းစင်သော ပျော်ရွှင်မှုမျိုးဖြင့် ပြည့်နှက်နေသည်။ တစ်ယောက်မျှ ချွင်းချက်မရှိပေ။ ထိုမြင်ကွင်းက သူတို့၏ မျက်လုံး သူငယ်အိမ်ထဲတွင် မေ့ဖျောက်၍မရနိုင်သော မှတ်ဉာဏ်တစ်ခုအဖြစ် စွဲထင်သွားတော့သည်။

***

အပိုင်း(၂၁၄၄)

အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ...

ကြယ်များ၊ ဓာတ်ငွေ့များ၊ ဖုန်မှုန့်များ၊ မန်နာနှင့် အမတေများဖြင့် ဖွဲ့စည်းထားသော ဤစကြဝဠာကြီးမှာ အဂ္ဂိရတ်ပညာရှင်များအတွက် နိဗ္ဗာန်ဘုံအဖြစ် သတ်မှတ်ခံထားရ၏။ ထိုနေရာမှာ အဂ္ဂိရတ်တာအို စိတ်ကူး၍မရနိုင်လောက်အောင် အစွန်းကုန် ထွန်းကားသော နေရာဖြစ်သည်။

နတ်ပရီသည် အံ့ဩတုန်လှုပ်စွာဖြင့် သက်ပြင်းတစ်ချက် ရှူထုတ်လိုက်သည်။

"အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီကို အဂ္ဂိရတ်တာအိုက လွှမ်းခြုံထားပြီး တစ်လောကလုံးက ကောင်းချီးပေးထားတာပဲ... ဒါက အမှန်တကယ်ပါပဲ... တကယ်ကို အမှန်တကယ်ပဲ..."

နက်ပစ်ကလည်း ထပ်လောင်းပြောဆိုသည်။

"မိုင်ပေါင်း သန်းထောင်ချီ အတွင်းမှာ အချမ်းသာဆုံး ဂလက်ဆီလို့ ဆိုကြတယ်... ဂလက်ဆီ အသီးသီးက သူတော်စင်တွေ၊ ဉာဏ်အလင်းရ သူတော်စင်တွေနဲ့ အထွတ်အထိပ် သူတော်စင်တွေရဲ့ အစပြုရာက ဒီနေရာပဲ... သူတို့ရဲ့ အဂ္ဂိရတ် ထုတ်ကုန်တွေသာ မရှိရင် သမိုင်းတစ်လျှောက်က သူရဲကောင်းတွေနဲ့ ဒဏ္ဍာရီတွေထဲက ပုဂ္ဂိုလ်ကြီးတွေ ဘယ်နှစ်ယောက်တောင် ခက်ခဲလှတဲ့ ကျင့်ကြံခြင်း လမ်းခရီးမှာ ကျဆုံးသွားခဲ့ကြမလဲဆိုတာ ဘယ်သူသိနိုင်မလဲ..."

သူမ၏ စကားလုံးများတွင် ပြင်းထန်သော ခံစားချက်များ ပါဝင်နေသည်။ နတ်ပရီသည် သူတို့၏ ငယ်စဉ်ဘဝက သူမအတွက် အလွန်အမင်း ဈေးကြီးလှသော အဂ္ဂိရတ် ထုတ်ကုန်များကို ရရှိရန်အတွက် များပြားလှသော ပေးဆပ်မှုများနှင့် အကျိုးအမြတ်မရှိသော ဆုံးရှုံးမှုများကို ခံစားခဲ့ရသည်။ ပါရမီ အလွန်ပင် သာမန်ကာလျှံကာသာ ရှိပြီး ကောင်းကင်ရှန့်ထိုအဆင့်သို့ပင် ရောက်ရန် မျှော်လင့်ချက်မရှိသူ၊ သူတော်စင်ဖြစ်ရန် ဆိုသည်မှာ ပို၍ပင် ဝေးကွာသူဖြစ်သော သူမ၏ ဘဝကို ထိုအဂ္ဂိရတ်ပစ္စည်းများက ပြောင်းလဲပေးခဲ့ခြင်း ဖြစ်သည်။ သေဆုံးသွားသူနှင့် အသက်ရှင်နေသူ ကျင့်ကြံသူ ကုဋေပေါင်းများစွာ၏ အိမ်မက်များကို သူမက ရရှိပိုင်ဆိုင်ခဲ့သည်။

လူတစ်ယောက်၏ အချစ်နှင့် စိတ်ဓာတ်ခိုင်မာမှုက သူမကို ဂလက်ဆီ၏ အထက်တန်းလွှာ အဆင့်အတန်းအထိ ပို့ဆောင်ပေးခဲ့ပြီး အသန်မာဆုံးသူများနှင့် ရင်ပေါင်တန်းကာ ထူးခြားသော အာဏာနှင့် ဂုဏ်သတင်းများကို ရရှိစေခဲ့သည်။ သူမမှာ ကုဋေကုဋာထဲက တစ်ယောက်ပင် ဖြစ်သည်။

သို့သော် နတ်ပရီမှာမူ တစ်ခါမျှ ညီးတွားခြင်း မရှိခဲ့ချေ။ တစ်ကြိမ်တစ်ခါမျှ မရှိခဲ့သလို၊ နောင်တွင်လည်း ရှိမည်မဟုတ်ပေ။

ဂလက်ဆီကို ဝန်းရံထားသော အသန့်စင်ဆုံး မြူနှင်းမှာ ထူးခြားသော မြစ်တစ်စင်းအလား စီးဆင်းနေပြီး ဂလက်ဆီနှင့်အတူ လှည့်ပတ်နေသည်။ ၎င်းမှာ ဂလက်ဆီ၏ နှလုံးသား နှင့်အတူ လှုပ်ရှားနေဟန်တူသည်။ သာမန်ဂလက်ဆီများနှင့် ခြားနားစွာပင် ဝေ့ဝူယင်သည် ဤဂလက်ဆီ၏ နှလုံးသားမှာ ကျန်ရှိသော အစိတ်အပိုင်းများနှင့်အတူ ရွေ့လျားနေကြောင်း သိမြင်နိုင်သည်။

ပါခက်သည် အမြဲတမ်းလိုလို တည်ငြိမ်ပြီး အေးစက်သော မျက်နှာထားရှိကာ ရက်စက်သကဲ့သို့ လှပပြီး အေးစက်သူ ဖြစ်သည်။ သို့သော် ယခုအခါ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီကို အဝေးမှ ငေးကြည့်နေစဉ် သူမ၏ တစ်ကိုယ်လုံးတွင် သိမ်မွေ့သော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။

ပါခက် ဘာတွေ ခံစားနေရသည်ကို သူမကိုယ်တိုင်သာ သိနိုင်သော်လည်း သူမထံမှ နောက်ထပ်ထွက်ပေါ်လာသော စကားလုံးမှာ ခိုင်မာသော ဆုံးဖြတ်ချက်ဖြင့် ဝေ့ဝူယင်၏ နားထဲတွင် ပဲ့တင်ထပ်သွားတော့သည်။

"ကျွန်မ သဘောတူပါတယ်"

ဝေ့ဝူယင်သည် သူမ၏ ဆုံးဖြတ်ချက်ကို အသိအမှတ်ပြုလိုက်သည်။

"ဒါဆိုရင်... မုန်တိုင်းနဲ့ မိုးစက်တွေရဲ့ ပါခက်... ငါ၊ ဂျိုးငှက်နီမြို့တော်က ဝေ့ဝူယင်က မင်းကို ငါ့ရဲ့ စတုတ္ထမြောက် အဂ္ဂိရတ် သူရဲကောင်း အဖြစ် ကြိုဆိုပါတယ်"

...

အာရုဏ်ဦး အဂ္ဂိရတ် မျိုးဆက်၏ ပထမဆုံးသော အဂ္ဂိရတ် သူရဲကောင်းမှာ ဝူယု ဖြစ်သည်။ သူသည် သစ္စာတရားကို အစဉ်တစိုက် ဆုပ်ကိုင်ထားသည့် မဟာစစ်သည်တော်ကြီး ဖြစ်ရုံမျှမက၊ တစ်ချိန်က ထာဝရ ကြယ်ကွင်းပြင်ကို အပြတ်အသတ် လွှမ်းမိုး အုပ်ချုပ်ခဲ့သူလည်း ဖြစ်၏။

ဒုတိယမြောက် အဂ္ဂိရတ် သူရဲကောင်းမှာမူ နတ်ဘုရားဘုရင် ဟန်ရှဲ့၏ ဝမ်းကွဲညီအစ်ကို တော်စပ်ပြီး၊ မဟာစက်ဝန်း ကြယ်ကွင်းပြင်ရှိ အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ ဒြပ်စင်စောင့်ရှောက်သူ ဟန်ယုဟိုင် ပင် ဖြစ်သည်။

တတိယမြောက် အဂ္ဂိရတ် သူရဲကောင်းမှာ ထျန်းမျိုးနွယ်စု၏ ဘိုးဘေးတစ်ဦးဖြစ်ကာ၊ တစ်ချိန်က အနှိုင်းမဲ့ဟု ကျော်ကြားခဲ့သော ထျန်းထိုက်ကျုံး၏ စီနီယာဖြစ်သူ ထျန်းမူယန် ဖြစ်ပေသည်။

သူတို့အားလုံးသည် အတိုင်းအထက်အလွန် သစ္စာစောင့်သိမှုကို ပြသခဲ့ကြသူများဖြစ်ရာ ဝေ့ဝူယင်၏ လေးစားမှုကို ရရှိရန် ထိုက်တန်ကြသူများ ဖြစ်သည်။ ဝူယုအနေဖြင့် ဝေ့ဝူယင်၏ အစောပိုင်းနှစ်များတွင် ပါဝင်ကူညီပေးခဲ့ခြင်း၊ ကျင့်ကြံခြင်း၏ နက်ရှိုင်းသော အနှစ်သာရကို နားလည်စေရန် ပံ့ပိုးပေးခဲ့ခြင်းနှင့် မဟာ ဧကရာဇ် ကျမ်းစာ အား လမ်းပြအလင်းရောင်သဖွယ် ကူညီပေးခဲ့ခြင်းတို့အပြင် ပြဿနာအရပ်ရပ်ကို ကျွမ်းကျင်ပြတ်သားစွာ ကိုင်တွယ်တတ်သည့် သူ၏ စရိုက်မှာလည်း အသိအမှတ်ပြုဖွယ် ဖြစ်သည်။

ထို့အတူ ဟန်ယုဟိုင်သည်လည်း ဝေ့ဝူယင်၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် မိမိ၏ ဝမ်းကွဲအစ်ကိုဖြစ်သူကိုပင် တစ်ကိုယ်ကောင်းဆန်မှုမရှိဘဲ တားဆီးကာကွယ်ပေးခဲ့သည်။ ထျန်းမူယန်သည်လည်း သူ တတ်စွမ်းသမျှ အကန့်အသတ်အတွင်းမှ ထျန်းတိုက်က်ကျုံး၏ အမိန့်ကို အဆင့်တိုင်းတွင် ဖီဆန်ကာ ဝေ့ဝူယင်ကို အရိပ်တကြည်ကြည့်ဖြင့် ကူညီပေးခဲ့သည်။ ဤသူများအားလုံးမှာ ဝေ့ဝူယင်၏ စိတ်ထဲတွင် အသိအမှတ်ပြုထိုက်သူများသာ ဖြစ်ကြ၏။

စတုတ္ထမြောက် အဂ္ဂိရတ် သူရဲကောင်းဖြစ်သူ ပါခက်မှာမူ ဝေ့ဝူယင်အနေဖြင့် လူတစ်ဦး၏ ပါရမီ၊ နှလုံးသားနှင့် ဝိညာဉ်ရေးရာ စရိုက်လက္ခဏာရပ်များအပေါ်တွင်သာ အခြေခံ၍ ပထမဆုံးအကြိမ် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ မိမိ၏ အမှားကို သိရှိပြီးနောက် ဂလက်ဆီတစ်ခုလုံးအတွက် အရာရာကို စွန့်လွှတ်ဝံ့သည့် သူမ၏ သူရဲကောင်းဆန်သော စိတ်ဓာတ်၊ ဂလက်ဆီသမိုင်းတွင် အကြီးကျယ်ဆုံးသော ခိုးယူမှုတွင် ဝေ့ဝူယင် ပါဝင်ပတ်သက်နေမှုကို ရှာဖွေတွေ့ရှိနိုင်ခဲ့သည့် သူမ၏ ထိုးထွင်းဉာဏ်၊ ထို့ပြင် သူမ ပိုင်ဆိုင်ထားသည့် အံ့မခန်း ပါရမီနှင့် ကံတရားတို့အပေါ် ဝေ့ဝူယင်က အပြည့်အဝ လေးစားမိသည်။

သို့သော်လည်း ဝူယု၊ ဟန်ယုဟိုင်၊ ထျန်းမူယန်တို့နှင့် ခြားနားစွာပင်... ပါခက်၏ စိတ်ထဲတွင် ဝေ့ဝူယင်၏ အဂ္ဂိရတ် သူရဲကောင်း ဖြစ်လာရန်ဟူသော အတွေးမျိုး လုံးဝ မရှိခဲ့ခြင်းပင်။ အမှန်စင်စစ်အားဖြင့် အဂ္ဂိရတ် သူရဲကောင်းဟူသည်မှာ အဂ္ဂိရတ်ပညာရှင်တစ်ဦး၏ ရည်မှန်းချက်များကို မယိုင်လဲသော ဇွဲသတ္တိဖြင့် ရှေ့တန်းမှ မားမားမတ်မတ် ရပ်တည်ပေးရသည့် သစ္စာရှိ အစေခံနှင့် စွမ်းအားကြီး စစ်သည်တော်များ ဖြစ်ကြသည်။

ထို့ကြောင့် သူမအနေဖြင့် ထိုကဲ့သို့ ဖြစ်လာရန် မစဉ်းစားမိခြင်းမှာလည်း မဆန်းလှပေ။ ထိုကဲ့သို့သော အခန်းကဏ္ဍမှာ လုရွှမ်ယွီ ကဲ့သို့ ကျင့်ကြံခြင်း ခရီးလမ်း အစဦးပိုင်းကတည်းက ပြုစုပျိုးထောင်လာသူများအတွက်သာ သီးသန့်ဖြစ်လေ့ရှိသည်။

အရှင်ကျားနှလုံးသား ကဲ့သို့သော တာအို စောင့်ရှောက်သူများမှာမူ အများအားဖြင့် အဂ္ဂိရတ်ပညာရှင်ထက် ဝါရင့်သူများ ဖြစ်ကြပြီး၊ အဂ္ဂိရတ်ပညာရှင်ကို ကာကွယ်ရန်အတွက်သာ စုဆောင်းခြင်း ခံရသူများ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့သည် အဂ္ဂိရတ်ပညာရှင်ထက် သိသိသာသာ ပိုမို အစွမ်းထက်ကြသည်။ အဖြူရောင် ကောင်းကင်သည် ကောင်းကင်ရှန့်ထို တစ်ဦးသာ ဖြစ်သော်လည်း အရှင်ကျားနှလုံးသားမှာမူ အာဏာရှင် ရှန့်ထို ဖြစ်သည်။ ကျင့်ကြံခြင်း အဆင့်မှာ တစ်ဆင့်သာ ကွာခြားသော်လည်း သူတို့၏ အခြေခံ အင်အားချင်းမှာမူ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာဟလွန်းလှသည်။

ပါခက်သည် ဝေ့ဝူယင်ထက် စွမ်းအား နိမ့်ကျသည်။ နတ်သက်ကြွေ စစ်မြေပြင် တွင် သူမ အရေးနိမ့်ခဲ့စဉ်ကတည်းက ဤအချက်မှာ ထင်ရှားခဲ့ပြီး ဖြစ်သည်။ အကယ်၍ အဂ္ဂိရတ်ပညာရှင်က သူမကို အနိုင်ယူနိုင်နေပါက သူမသည် မည်သို့လျှင် တာအို စောင့်ရှောက်သူ ဖြစ်လာနိုင်ပါမည်နည်း။ ထို့ပြင် သူမ၏ အခြေခံမှာ အတော်အတန် ခိုင်မာနေပြီဖြစ်ပြီး သူမ လျှောက်လှမ်းနေသော လမ်းမှာလည်း ပြောင်းလဲရန် ခက်ခဲလှသည့် မြင့်မားသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ သူမသည် မည်သို့လျှင် အဂ္ဂိရတ် သူရဲကောင်း ဖြစ်လာနိုင်ပါမည်နည်း။

ဝေ့ဝူယင်က သူ၏ အခြားသော အဂ္ဂိရတ် သူရဲကောင်း သုံးဦးအကြောင်း မိတ်ဆက်နေသည်ကို သူမ အထူးအာရုံစိုက်ကာ နားထောင်နေမိပြီး၊ သူမ၏ ရင်ထဲတွင်မူ မငြိမ်သက်သော လှိုင်းလုံးကြီးများ ပဲ့တင်ထပ် လှုပ်ခတ်နေတော့သည်။ ပါခက်ကို စတုတ္ထမြောက် အဂ္ဂိရတ် သူရဲကောင်းအဖြစ် ဝေ့ဝူယင်က ကြေညာလိုက်သည့်အပေါ် ကျန်ရှိနေသော သူတော်စင် သုံးဦးမှာ အလွန်အမင်း ဝေခွဲမရ ဖြစ်နေကြပြီး၊ ဝေ့ဝူယင်၏ ရွေးချယ်မှုမှာ နားလည်ရ ခက်ခဲလှသည်ဟု ယူဆနေကြသည်။

သူတို့အနေဖြင့် တစ်ဦးချင်းစီ၏ နောက်ခံသမိုင်းကြောင်းကို မသိရှိကြသော်လည်း ရွေးချယ်ခံရသူတိုင်းမှာ အသက်အရွယ်ကြီးရင့်ပြီး ကျင့်ကြံမှု အဆင့်မြင့်မားသူများဖြစ်ကြောင်း ခန့်မှန်းနိုင်သည်။ ပုံမှန်အားဖြင့် အဂ္ဂိရတ် သူရဲကောင်း တစ်ဦးကို ရွေးချယ်ရန် အကောင်းဆုံးအချိန်မှာ သေမျိုးအဆင့် ကျင့်ကြံစဉ် ကာလသာ ဖြစ်သဖြင့် ဤလုပ်ရပ်မှာ သူတို့အတွက် နားမလည်နိုင်စရာ ဖြစ်နေ၏။

ဝေ့ဝူယင်က အစောပိုင်းနှစ်များ ဟု အလေးပေး ပြောကြားခဲ့သဖြင့် ဝူယုကို ရွေးချယ်ခြင်းမှာ သူတို့အတွက် ကျိုးကြောင်းဆီလျော်မှု ရှိနိုင်သည်။ တာအို စောင့်ရှောက်သူတိုင်းမှာ အဂ္ဂိရတ် သူရဲကောင်း မဟုတ်ကြသော်လည်း၊ အဂ္ဂိရတ် သူရဲကောင်းတိုင်းမှာမူ ကြီးပွားအောင်မြင်လာသည်နှင့်အမျှ တာအို စောင့်ရှောက်သူများ ဖြစ်လာကြစမြဲ ဖြစ်ရာ ဝူယုမှာ ထိုသို့ ဖြစ်လာခဲ့သည်။ သို့သော် ဟန်ယုဟိုင်နှင့် ထျန်းမုယန်တို့မှာမူ ပုံမှန်အစဉ်အလာနှင့် မကိုက်ညီသော ထူးခြားချက်များ ဖြစ်နေသည်။ အကယ်၍ ဝေ့ဝူယင်အနေဖြင့် သူတို့၏ သစ္စာရှိမှုများအတွက် ဆုလာဘ် ပေးလိုပါက အဂ္ဂိရတ် ထုတ်ကုန်များကို တိုက်ရိုက် ပေးအပ်ကာ ချီးမြှင့်ခြင်းက ပို၍ ရိုးရှင်းပေလိမ့်မည်။ အလွန်ဆုံးမှ သူ၏ အဖွဲ့အစည်းတွင် အဆင့်မြင့် အဖွဲ့ဝင်များအဖြစ် ခန့်အပ်ခြင်းက ပို၍ ကောင်းမွန်သော ရွေးချယ်မှု ဖြစ်ပေမည်။

ထိုအရာက လုပ်ရိုးလုပ်စဉ် မူဟောင်း ဖြစ်သည်။

ဝေ့ဝူယင်ကမူ ထိုသူတို့၏ အတွေးအမြင်များကို ဂရုမစိုက်ပေ။ သူ၏ အဂ္ဂိရတ် သူရဲကောင်းအပေါ် နားလည်မှုမှာ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ၏ ယေဘုယျ သတ်မှတ်ချက်အပေါ် အခြေခံခြင်း မဟုတ်ဘဲ သူကိုယ်တိုင်၏ အယူအဆအပေါ်၌သာ အခြေခံသည်။ သူ၏ စိတ်ထဲတွင်မူ "အဂ္ဂိရတ် တာအိုသည် အကန့်အသတ်မဲ့သည်" ဟူသော အတွေးသာ ရှိသည်။ ဤစကားစုတစ်ခုတည်းကပင် သူ၏ စိတ်နေစိတ်ထားနှင့် ချဉ်းကပ်ပုံကို ဆုံးဖြတ်ပေးထားသည်။ အဂ္ဂိရတ်ပညာရှင် အတော်များများက ဤစကားကို လွယ်လွယ်ကူကူ ပြောဆိုတတ်ကြသော်လည်း ဝေ့ဝူယင်၏ ကျင့်ကြံခြင်း နှလုံးသားမှာမူ ထိုစကားကို အစစ်မှန်ဆုံးသော ပုံစံဖြင့် ကိန်းဝပ်စေခဲ့သည်။

သို့မဟုတ်ပါက သူသည် အဂ္ဂိရတ် တာအိုတွင် အစဉ်တစိုက် ခုန်ပျံကျော်လွှားနိုင်ပါမည်လော။ သမားရိုးကျ အတွေးအခေါ်များနှင့် ရှိရင်းစွဲ စံနှုန်းများကို အကြိမ်ကြိမ် ဖီဆန်နိုင်သည့် ဆေးဖော်စပ်ခြင်း နည်းလမ်းများကို မည်သို့လျှင် ဖန်တီးနိုင်ပါမည်နည်း။

အဖြူရောင် ကောင်းကင် စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်မိသည်။ ဝေ့ဝူယင်မှာ အဂ္ဂိရတ်ပညာရှင် တစ်ဦးဖြစ်ကြောင်း သူမ မသိရှိခဲ့သော်လည်း သူသည် အဂ္ဂိရတ် တာအိုကို စိတ်ဝင်စားသူဖြစ်ကြောင်းကိုမူ သိရှိထားသည်။

သာမန်အသိဉာဏ်ကို ဖီဆန်နေသည့် ဝေ့ဝူယင်၏ မယုံနိုင်စရာ စွမ်းအားများကြောင့် သူ့ကို အဂ္ဂိရတ်ပညာကို လိုက်စားသည့် ပါရမီရှင်တစ်ဦးဟု သူမ မယုံကြည်နိုင်ပေ။ ဝေ့ဝူယင်မှာ အဂ္ဂိရတ် မျိုးဆက် ကောင်းကောင်းကို ဆက်ခံထားပြီး ဆေးဖော်စပ်ရာတွင် ကံကောင်းမှုများစွာ ပိုင်ဆိုင်ထားသည့် အလွန်အသက်ကြီးသော ကျွမ်းကျင်သူတစ်ဦး ဖြစ်လိမ့်မည်ဟုသာ သူမ ယုံကြည်ထားသည်။ ဉာဏ်အလင်းရ သူတော်စင် နွေဦးကွင်းပြင် ကဲ့သို့သော ကမ္ဘာပျက်မတတ် စွမ်းအားနှင့် အကာအကွယ်များ ပိုင်ဆိုင်ထားသူကို သတ်ဖြတ်နိုင်ခြင်းမှာ သေးငယ်သော အောင်မြင်မှု မဟုတ်ပေ။

ဉာဏ်အလင်းရ သူတော်စင် နွေဦးကွင်းပြင်၏ စွမ်းအားကို အမွှမ်းတင်ရန်မှာ ခက်ခဲလှပြီး၊ သူမ သိရှိထားသမျှမှာလည်း ခန့်မှန်းချက်များသာ ဖြစ်သည်။ သို့သော်လည်း သူသည် ပဲ့တင်ထပ် ဝိညာဉ် အဆင့်အောက်ရှိ အစွမ်းအထက်ဆုံး ကျွမ်းကျင်သူများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံရသူ ဖြစ်၏။ အနာဂတ်ဟော ဆရာများ၊ ကံကြမ္မာ ကြည့်ရှုသူများနှင့် ထိပ်သီး ကျင့်ကြံသူများ၏ အမြင်တွင်မူ သူသည် ကျင့်ကြံခြင်း အဆင့်တစ်ခု၏ အထွတ်အထိပ်သို့ ရောက်ရှိနေသည့် ကျွမ်းကျင်သူတစ်ဦးသာ ဖြစ်ပေတော့သည်။

ကြောက်မက်ဖွယ်ရာ အကုသိုလ် အပြစ်များ ရစ်ပတ်နေသော ဤသူတော်စင် နွေဦးကွင်းပြင်သည် လျှို့ဝှက်တာအို၏ လျှို့ဝှက် အာဏာရှင် အဆင့်တွင် အထွတ်အထိပ်သို့ ရောက်ရှိနေသည့် အစစ်အမှန် ကျွမ်းကျင်သူတစ်ဦး ဖြစ်ကြောင်းကိုမူ သိရှိသူမှာ အလွန်တရာမှပင် နည်းပါးလှသည်။

သူသည် လျှို့ဝှက်တာအို ကိုယ်တိုင်ကပင် အထွတ်အထိပ် အဖြစ် သတ်မှတ်ရလောက်အောင် ပါရမီနှင့် စွမ်းအား ပြည့်စုံသူဖြစ်ပြီး အခြားသော တာအိုတစ်ခုနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိသူ ဖြစ်သည်။

အဖြူရောင် ကောင်းကင်သည် ဝေ့ဝူယင်၏ စွမ်းဆောင်ရည် အပေါ် အမြင့်မားဆုံး ချီးကျူးဂုဏ်ပြုနေသော်လည်း၊ သူမ၏ ကိုယ်ပိုင် စိတ်ကူးစိတ်သန်း အကန့်အသတ်များကြောင့် ဝေ့ဝူယင်၏ အမှန်တကယ် စွမ်းဆောင်နိုင်ရည်ကို လျှော့တွက်နေမိဆဲ ဖြစ်သည်။

နောက်ဆုံး၌ သူမက သူမ၏ နေအိမ်ဖြစ်သော အတိုင်းအဆမဲ့ သန့်စင်သော မြူခိုး နယ်မြေကို လှမ်းကြည့်ရင်း ဆိုလိုက်၏။

"ဂုဏ်ယူပါတယ်... လောကရှန့်ထို အာရုဏ်ဦး... ကောင်းမွန်တဲ့ အဂ္ဂိရတ် သူရဲကောင်းတစ်ဦးကို ပိုင်ဆိုင်ခွင့်ရခဲ့ပြီပဲ..."

***

All Chapters