← Chapters

အခန်း (၂၁၄၅-၂၁၄၆)

Vol. 154 Ch. 2145-2146

အခန်း (၂၁၄၅-၂၁၄၆)

Vol. 154 Ch. 2145-2146

အပိုင်း(၂၁၄၅)

"ဂုဏ်ယူပါတယ်... လောကရှန့်ထို အာရုဏ်ဦး... ကောင်းမွန်တဲ့ အဂ္ဂိရတ် သူရဲကောင်းတစ်ဦးကို ပိုင်ဆိုင်ခွင့်ရခဲ့ပြီပဲ..."

အဖြူရောင် ကောင်းကင်၏ စကားလုံးများမှာ ရိုးသားသော စိတ်ရင်းဖြင့် ထွက်ပေါ်လာခြင်း ဖြစ်သည်။ အဂ္ဂိရတ်ပညာရှင်များအတွက် အဂ္ဂိရတ် သူရဲကောင်းတစ်ဦး ရရှိခြင်းမှာ အလွန်အရေးကြီးသော ကိစ္စဖြစ်သည်။

ဝေ့ဝူယင်က ယဉ်ကျေးပျူငှာသော အပြုံးဖြင့် သူမ၏ စကားကို ခေါင်းညိတ် အသိအမှတ်ပြုလိုက်သည်။ အဖြူရောင် ကောင်းကင်မှာ ခဏတာ ကြောင်အသွားရ၏။ ဝေ့ဝူယင်မှာ မည်မျှအထိ ခန့်ညားချောမောသည်ကို သူမ ခေတ္တ မေ့လျော့သွားပြီး သူ၏ ရိုးရှင်းသော အပြုံးလေးတစ်ခုကြောင့်ပင် စိတ်ကူးယဉ် အိပ်မက်များထဲ၌ နစ်မျောလုနီးပါး ဖြစ်သွားရသည်။ အရှင်ကျားနှလုံးသားမှာမူ သူမ စိတ်ပျံ့လွင့်နေသည်ကို ခေါင်းခါယမ်းရင်း တိတ်ဆိတ်စွာ ကြည့်နေမိတော့သည်။

"လောကရှန့်ထို အာရုဏ်ဦးအနေနဲ့ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ အကြောင်း ဘယ်လောက်အထိ သိထားပါသလဲ..."

အဖြူရောင် ကောင်းကင်က လမ်းပြသူအဖြစ် သွယ်ဝိုက်၍ ကမ်းလှမ်းရင်း မေးလိုက်သည်။ ဝေ့ဝူယင်၏ အပြုံးမှာ ပိုမို ပေါ်လွင်လာ၏။ သူသည် အချက်အလက်အချို့ကို အတည်ပြုရန်အတွက်သာ သူမကို ခေါ်ထုတ်လာခဲ့ခြင်း မဟုတ်ဘဲ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ သို့ ဝင်ရောက်နိုင်ရန် သူမကို အခြေကုပ်စခန်းတစ်ခုအဖြစ် အသုံးချရန် အမြဲ ရည်ရွယ်ထားခဲ့သည်။ ထို့ကြောင့် သူမ လမ်းပြအဖြစ် ကမ်းလှမ်းလာခြင်းမှာ သူ၏ ရည်ရွယ်ချက်နှင့် အတိအကျပင် ထပ်တူကျနေသည်။

ဝေ့ဝူယင်သည် ဉာဏ်အလင်းရ သူတော်စင် နွေဦးကွင်းပြင်၏ မှတ်ဉာဏ်များကို ရရှိထားသဖြင့် ဤနယ်မြေအတွင်းရှိ အရှုပ်အထွေးများနှင့် ပတ်သက်၍ အဖြူရောင် ကောင်းကင်ထက်ပင် ပိုမို သိရှိနိုင်သော်လည်း၊ အဖြူရောင် ကောင်းကင်၏ အဆင့်အတန်းကြောင့် သူမတွင် ကြွယ်ဝသော သတင်းကွန်ရက်တစ်ခု ရှိနေမည်မှာ သေချာသည်။

ဝေ့ဝူယင် သူမ၏ ကမ်းလှမ်းချက်ကို ငြင်းပယ်ခြင်း မပြုပဲ...

"ကျုပ် အနည်းအကျဉ်းပဲ သိထားတာပါ..."

အဖြူရောင် ကောင်းကင်မှာ စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ်ပင် ခုန်ပေါက်မိသွားသည်။ သူမသည် ဝေ့ဝူယင်၏ ဘေးသို့ အပြေးအလွှား လျှောက်လာရင်း၊ ဖြည်းညှင်းစွာ နီးကပ်လာသော အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ၏ အပြင်ဘက် မြူခိုးအလွှာကို ကြည့်ကာ လမ်းပြသူတစ်ဦး၏ အရည်အချင်းကို စတင် ပြသတော့သည်။ ကျန်ရှိသော သူတော်စင်များနှင့် မင်ရှုဖုန်းတို့မှာလည်း စကားလုံးတစ်လုံးမျှ မလွတ်စေရန် အသက်ရှူသံပင် မကြားရလောက်အောင် တိတ်ဆိတ်စွာဖြင့် အာရုံစိုက် နားထောင်နေကြ၏။

သူတို့သည် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ နှင့် အကြိမ်ကြိမ် ဆက်ဆံခဲ့ဖူးသော်လည်း၊ သူတော်စင် အိုအေစစ်မြစ် တစ်ဦးတည်းသာ သံတမန်အဖြစ် ထိုနေရာ၏ အတွင်းပိုင်းအထိ ဝင်ရောက် လေ့လာဖူးသည်။ သူတို့သည် ဈေးနှုန်းကြီးလွန်းသော ထွက်ကုန်များဖြင့် အကြိမ်ကြိမ် လိမ်လည်လှည့်ဖြားခံခဲ့ရသော်လည်း၊ မိမိတို့လူအင်အား ဆုံးရှုံးသွားမည်ကို စိုးရိမ်သဖြင့် ထိုနေရာသို့ ကိုယ်တိုင် မသွားရဲကြပေ။ အကယ်၍ ကျင့်ကြံဖော် ကျင့်ကြံဖက်များ ဖြစ်သွားပါက ခက်ခဲကြမ်းတမ်းသော ကျင့်ကြံခြင်း လမ်းခရီးတွင် ဆက်လက် လျှောက်လှမ်းနိုင်မည့် အလားအလာများ ပိတ်ဆို့သွားမည်ကို ကြောက်ရွံ့နေကြခြင်း ဖြစ်သည်။

"အရင်ဆုံး သိထားရမှာက အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ကို ဂလက်ဆီဇုံ (၇) ခုနဲ့ ဖွဲ့စည်းထားတာပါ... ဂလက်ဆီဇုံ တစ်ခုချင်းစီကို အဂ္ဂိရတ် တာအိုရဲ့ ကဏ္ဍ (၇) ခုဖြစ်တဲ့ ထုတ်ယူခြင်း၊ ကြီးထွားခြင်း၊ ထိန်းသိမ်းခြင်း၊ သန့်စင်ခြင်း၊ ဖန်တီးခြင်း၊ ပြောင်းလဲခြင်းနဲ့ ပေါင်းစပ်ခြင်း ဆိုတဲ့ အမည်တွေအတိုင်း ပေးထားတာပါ... အဲဒါတွေကတော့ နတ်ဘုရားထုတ်ယူခြင်း၊ အမတေကြီးထွားခြင်း၊ ဖန်တီးမှု ထိန်းသိမ်းခြင်း၊ လောက ပြောင်းလဲခြင်း၊ ကောင်းကင်သန့်စင်ခြင်း၊ လောကပြောင်းလဲခြင်းနဲ့ ဝိညာဉ်ပေါင်းစပ်ခြင်း တို့ပဲ ဖြစ်ပါတယ်..."

"အာ့..."

အဖြူရောင် ကောင်းကင်၏ စကားကြောင့် မင်ရှုဖုန်းမှာ နှုတ်မှရော စိတ်ထဲမှပါ အာမေဍိတ်သံ ထွက်ပေါ်သွားရသည်။ သူမ၏ နှလုံးခုန်သံမှာ မြန်ဆန်လာပြီး လျှို့ဝှက်ဝိညာဉ်မှာလည်း တောင့်တမှုများဖြင့် ဟစ်အော်နေတော့သည်။ သူမသည် တစ်ခါမှ မခံစားဖူးသည့် လိုအင်ဆန္ဒနှင့် မျှော်လင့်ချက်များကို ခံစားနေရပြီး မျက်ဝန်းများမှာလည်း ဝေဝါးသွားကာ အာရုံတစ်ခုလုံးမှာ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ဆီသို့ ဆွဲခေါ်ခြင်း ခံလိုက်ရသည်။

ဝေ့ဝူယင်က လက်ချောင်းကို ခပ်ဖွဖွလေး တောက်တစ်ချက် ခေါက်လိုက်သည်။ ထိုအသံမှာ တိုးညင်းသော်လည်း မင်ရှုဖုန်း၏ စိတ်ထဲတွင်မူ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်သွား၏။ သူမ သတိပြန်ဝင်လာချိန်တွင် သူမ၏ ကျောပြင်၊ လက်ဖဝါးနှင့် နဖူးတို့၌ ချွေးများဖြင့် စိုရွှဲနေပြီး၊ ဆီးပင် မထိန်းနိုင်တော့မည့် အခြေအနေသို့ ရောက်ရှိနေသည်။ အကယ်၍ ဝေ့ဝူယင်သာ အချိန်မီ ဝင်ရောက် မတားဆီးခဲ့ပါက သူမသည် အရှက်ရစရာ ဖြစ်သွားပေလိမ့်မည်။

အဖြူရောင် ကောင်းကင်က မင်ရှုဖုန်းကို ကြည့်ကာ အံ့အားသင့်သွားပြီးနောက် အခြေအနေကို နားလည်သွားဟန်ဖြင့် ဝေ့ဝူယင်ကို အားနာစွာ ကြည့်လိုက်သည်။

"ကျွန်မ ပေါ့လျော့သွားပါတယ်... တောင်းပန်ပါတယ်။"

သို့သော်လည်း ဝေ့ဝူယင်၏ ဖြေလျှော့ပေးသည့် မန္တန်ကို မြင်လိုက်ရပြီးနောက် သူမ၏ မျက်ဝန်းများမှာ ပိုမို တောက်ပလာပြန်သည်။

"ဘာ... ဘာဖြစ်သွားတာလဲ..."

မင်ရှုဖုန်း၏ အက်ရှရှအသံမှာ သင်္ဘောတစ်စီးလုံး ပဲ့တင်ထပ်သွားပြီး သူမက အဖြေတောင်းလိုက်သည်။

နတ်ပရီက သူမကို ကြည့်ကာ ခါးသီးစွာ ပြုံးလိုက်၏။ ထို့နောက် သူက စတင်၍ ရှင်းပြလိုက်သည်။

"အမည်နာမတွေမှာ စွမ်းအားရှိတယ်... စစ်မှန်တဲ့ အမည်နာမတွေက နတ်ဘုရားကံကြမ္မာကို ဆုပ်ကိုင်ထားတယ်... ကောင်းကင်ဘုံကလည်း အမြင့်ကနေ စောင့်ကြည့်နေတယ်... ဒါက ထူးဆန်းတဲ့ စကားစုတစ်ခုပဲ... အမှန်တရားကတော့ ကောင်းကင်ရှန့်ထို ကျင့်ကြံခြင်း အဆင့်မရှိဘဲနဲ့ အချို့သော ပုဂ္ဂိုလ်တွေ၊ တည်ရှိမှုတွေ ဒါမှမဟုတ် နေရာဒေသတွေရဲ့ အမည်နာမတွေဟာ ကောင်းကင်ဘုံရဲ့ စွမ်းအားနဲ့ ကာကွယ်မထားတဲ့ မင်းရဲ့ ဝိညာဉ်၊ စိတ်နဲ့ ခန္ဓာကိုယ်ကို ပျက်စီးသွားအောင် လုပ်နိုင်စွမ်း ရှိတယ်... အဲဒါက မင်းကို ဒုက္ခိတဖြစ်စေတာ ဒါမှမဟုတ် အသက်ဆုံးရှုံးစေတာမျိုးအထိ ဖြစ်နိုင်တယ်"

မင်ရှုဖုန်းသည် အမည်နာမများတွင် စွမ်းအားရှိသည်ကို မသိနားမလည်သော ကျင့်ကြံသူတစ်ဦး မဟုတ်ပေ။ အာဏာရှင် ရှန့်ထိုများတွင် အမည်နာမများအကြောင်း သူမ သိထားသော်လည်း အဖြူရောင် ကောင်းကင် ပြောခဲ့သည်မှာ ဂလက်ဆီဇုံများ၏ အမည်များသာ ဖြစ်သည်။ ဂလက်ဆီဇုံများ၏ အမည်များတွင် ဤမျှအထိ နက်ရှိုင်းစွာ ဆွဲဆောင်နိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားများ မည်သို့ရှိနေနိုင်ပါသနည်း။

ပါခက်၊ အီမန်တက်၊ နတ်ပရီ၊ နက်ပစ် သို့မဟုတ် အခြားသော သူတော်စင်များ ဖြစ်ကြစေကာမူ သူတို့အားလုံးသည် မိမိတို့၏ ကျင့်ကြံခြင်း လူ့အဖွဲ့အစည်းအပေါ် မူတည်၍ တာအိုအမည်၊ ဘာသာရေး အမည်၊ လူသိရှင်ကြား ပေးထားသော အမည် သို့မဟုတ် နတ်ဘုရား အမည်နာမများကိုသာ အသုံးပြုကြသည်။

ထို့အတူ သူတို့၏ လက်ရှိ အမည်နာမများမှာလည်း ထျန်းလန် အရှင်သခင် ငရဲ အရှင်သခင်၊ ကောင်းကင် အရှင်သခင် နှင့် မိစ္ဆာအရှင်သခင် စသည်တို့ကဲ့သို့သော ဘွဲ့အမည်များသာ ဖြစ်ကြရာ မည်သည့် ကျင့်ကြံသူမဆို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုနိုင်ကြသည်။

စန်းယွန်းလီသည် တစ်ကြိမ်က ကျောက်စိမ်းအတွင်းရှိ အမျိုးသမီး၏ ကယ်တင်ခြင်းကို ခံခဲ့ရဖူးပြီး၊ ထျန်းလန် အရှင်သခင် ၏ အမည်ရင်းကို မည်သည့်အခါမျှ ထုတ်ဖော်မပြောရန် သတိပေးခြင်း ခံခဲ့ရသည်။ သူမသည် ထိုအမည်၏ တစ်ဝက်ခန့်ကိုသာ ပြောဆိုခဲ့မိသော်လည်း အရာရာ ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရဖူး၏။ ကံကောင်းထောက်မစွာဖြင့် မင်ရှုဖုန်းသည် ထိုအမည်နာမများကို ကြားရုံသာ ကြားခဲ့ခြင်းဖြစ်ပြီး ကိုယ်တိုင် တိုက်ရိုက် ရွတ်ဆိုခြင်း မရှိခဲ့ပေ။

အဖြူရောင် ကောင်းကင်က နတ်ပရီ၏ ရှင်းပြချက်ကို ဆက်လက်၍ ဖြည့်စွက်လိုက်၏။

"အမည်နာမတွေနဲ့ ဘွဲ့ထူးတွေမှာ စွမ်းအားတွေ အပ်နှင်းထားလို့ ရတယ်... ကျင့်ကြံသူတွေအတွက်တော့ ဒါက သဘာဝပါပဲ... နေရာဒေသတွေအတွက်ဆိုရင်တော့ အဲဒီအမည်တွေကို အခြားအင်အားစုတစ်ခုခုကဖြစ်ဖြစ်၊ ဒါမှမဟုတ် အထွတ်အထိပ် ကောင်းကင်ရတနာ အဆင့်နဲ့အထက် ရှိတဲ့ ပစ္စည်းတစ်ခုခုကဖြစ်ဖြစ် ပေးထားတတ်ကြတာ... အဲဒီနာမည်တွေကို ဘယ်တော့မှ လိုက်မရွတ်ပါနဲ့... ဂလက်ဆီဇုံ တစ်ခုချင်းစီကို ခေါ်ဝေါ်တဲ့အခါ အခြားနည်းလမ်းနဲ့ပဲ ခေါ်ရတဘ်... ဇုံအများကြီးအကြောင်း သိထားတဲ့ သာမန်ကျင့်ကြံသူတွေကတော့ သူတို့ရဲ့ သက်ဆိုင်ရာ ဂလက်ဆီဇုံတွေကို ထုတ်ယူခြင်းဇုံ ဒါမှမဟုတ် ထုတ်ယူခြင်း ဂလက်ဆီဇုံ လို့ပဲ အတိုကောက် ခေါ်ဝေါ်ကြတယ်"

"..."

မင်ရှုဖုန်းသည် ထိုသတိပေးချက်ကို အပြည့်အဝ နှလုံးသွင်းလိုက်မိသည်။ သာမန် နေရာဒေသ အမည်များကပင် အသက်ဆုံးရှုံးစေနိုင်သည်အထိ ထူးခြားသော စွမ်းအားများ ကိန်းအောင်းနေနိုင်သည်ဟူသော အချက်က သူမကို အကြီးအကျယ် ထိတ်လန့်သွားစေခဲ့သည်။

"ဒါတင်မကဘူး၊ ပေါ့ပေါ့ဆဆ မနေပါနဲ့ဦး... တစ်ချို့ ယုတ်မာကောက်ကျစ်တဲ့ တည်ရှိမှုတွေဆိုရင် သူတို့ရဲ့ အမည်နာမတွေထဲမှာ ကောင်းကင်ရှန့်ထိုတွေကိုတောင် တိုက်ရိုက် သတ်ဖြတ်နိုင်တဲ့ စွမ်းအားတွေ သွင်းထားတတ်ကြတယ်... ဒါက အခြားကျင့်ကြံသူတွေရဲ့ မျက်လုံး အစီအရင်နဲ့ ကြည့်ရှုတာ ဒါမှမဟုတ် တိတ်တဆိတ် စုံစမ်းထောက်လှမ်းတာတွေကို ကာကွယ်ဖို့အတွက် တည်ဆောက်ထားတဲ့ ခံစစ်တစ်မျိုးလည်း ဖြစ်တယ်"

နတ်ပရီက တင်းမာစွာ သတိပေးလိုက်သည်။

မင်ရှုဖုန်းသည် နတ်ပရီ၏ စေတနာပါသော သတိပေးချက်ကို လေးနက်စွာ ခေါင်းညိတ် လက်ခံလိုက်၏။

အဖြူရောင် ကောင်းကင်က ထပ်မံ၍ ရှင်းပြပြန်၏။

"အခြားသူတွေ ထင်ထားသလို မဟုတ်ဘဲ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ထဲမှာ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေ အမြဲရှိနေတယ်... အဲဒီမှာ အဓိကကျတဲ့ အဖွဲ့အစည်း ပုံစံ (၃) မျိုး ရှိတယ်၊ အဲဒါတွေကတော့ မျှော်စင်၊ တက္ကသိုလ် နဲ့ အကယ်ဒမီတို့ပဲ... အမည်မဲ့ ဂလက်ဆီ မှာလို ကျင့်ကြံမှုအဆင့်၊ ကုသိုလ်နဲ့ ဘွဲ့ထူးတွေအပေါ် မူတည်ပြီး ခွဲခြားထားတဲ့ ဘုန်းတော်ကြီးတွေ၊ သီလရှင်တွေ ဒါမှမဟုတ် ဝတ်ပြုသူတွေ ဆိုတဲ့ အဆင့်အတန်းမျိုး မရှိသလို၊ ရတနာတောင်ကြား ဂလက်ဆီ မှာ သုံးတဲ့ ဂိုဏ်းဂဏတွေ၊ အင်ပါယာတွေ၊ တိုင်းနိုင်ငံတွေနဲ့ မှူးမတ်မျိုးနွယ်တွေ ဆိုတဲ့ ပုံစံမျိုးလည်း မရှိဘူး...”

“နန်းတော်တွေနဲ့ ခန်းမတွေ ရှိပေမဲ့ အဲဒါတွေက အဂ္ဂိရတ်ပညာရှင် မဟုတ်တဲ့ အဖွဲ့အစည်းတွေအတွက်ပဲ သီးသန့် ဖြစ်တယ်... နန်းတော် ဆိုတာက အင်အားစု အစုအဖွဲ့တစ်ခု ဒါမှမဟုတ် အဖွဲ့အစည်း အကြီးကြီးတစ်ခုကို ခေါ်တာဖြစ်ပြီး အချို့ကိစ္စတွေမှာ ဂိုဏ်းတစ်ခုကို ရည်ညွှန်းတာမျိုးလည်း ရှိတယ်... ခန်းမ ဆိုတာကတော့ များသောအားဖြင့် တစ်ဦးတည်းသော တည်ရှိမှု ဒါမှမဟုတ် လူနည်းစု အစုအဖွဲ့ကိုပဲ ကိုယ်စားပြုတယ်... ဥပမာပြောရရင် ကွယ်လွန်သူ... သူတော်စင် နွေဦးကွင်းပြင် အုပ်ချုပ်ခဲ့တဲ့ နွေဦးခန်းမ လိုမျိုးပေါ့...”

“အဓိက အဆောက်အအုံ (၃) မျိုးဖြစ်တဲ့ မျှော်စင်၊ တက္ကသိုလ်နဲ့ အကယ်ဒမီ ဆိုတာတွေကို ကျင့်ကြံခြင်း အခြေခံအဆင့်နဲ့ သတ်မှတ်တာ မဟုတ်ဘူး၊ သူတို့ရဲ့ အဂ္ဂိရတ် တာအို အဆင့်အတန်းနဲ့ သူတို့ ဖန်တီးထားတဲ့ အဂ္ဂိရတ် မျိုးဆက်ရဲ့ နက်ရှိုင်းမှုအပေါ်မှာပဲ မူတည်ပြီး သတ်မှတ်တာ... ဂလက်ဆီဇုံ တစ်ခုချင်းစီမှာ မျှော်စင် (၇) ခုစီပဲ ရှိပြီး အဲဒီမျှော်စင်တွေမှာ ကိုယ်ပိုင်အမည်တွေ ရှိကြပေမဲ့ သာမန်လူတွေကတော့ မိုးကုပ်စက်ဝိုင်း မျှော်စင်တွေလို့ပဲ ခေါ်ကြတယ်... အဲဒီမျှော်စင်တွေဟာ အဲဒီဇုံရဲ့ အဂ္ဂိရတ် တာအို အမြင့်ဆုံး အထွတ်အထိပ်ကို ကိုယ်စားပြုတာပဲ"

***

အပိုင်း(၂၁၄၆)

အဖြူရောင် ကောင်းကင်သည် လူငယ် ပါရမီရှင်များ၏ နောက်ခံကြောင်းကို ရှင်းပြခဲ့ရာ... လုရွှမ်ယွီ အကြောင်းတွင် မိုးကုပ်စက်ဝိုင်း ဖန်တီးခြင်း မျှော်စင် မှ အဇူရာမြစ် အကြောင်း ပါဝင်လာခဲ့သည်။ ဆိုလိုသည်က အထွတ်အထိပ် လောကရှန့်ထို အဇူရာမြစ်သည် ဂလက်ဆီဇုံတစ်ခုလုံး၏ အမြင့်ဆုံးသော အဂ္ဂိရတ် အဖွဲ့အစည်းတွင် ပါဝင်နေသူ ဖြစ်သည် ဟူ၏။

"မိုးကုပ်စက်ဝိုင်း မျှော်စင်တွေကို ထိပ်တန်းလို့ သတ်မှတ်ထားသလို၊ တက္ကသိုလ်တွေကတော့ ပထမတန်းစား အဖွဲ့အစည်းတွေ ဖြစ်ပြီး၊ အကယ်ဒမီတွေကတော့ အဲဒီအောက်က အဆင့်တွေ အားလုံးကို ဆိုလိုတယ်..."

အဖြူရောင် ကောင်းကင်သည် အာရုံစိုက်၍ သင်္ဘောမောင်းနှင်နေသော ဝေ့ဝူယင်ကို လှမ်းကြည့်လိုက်သည်။ ဝေ့ဝူယင်မှာ သူမ၏ စကားကို နားထောင်မနေဘဲ ဟင်းလင်းပြင် သင်္ဘော မောင်းနှင်ရသည်ကိုသာ အလွန်သဘောကျနေကြောင်း သူမ မသိရှာပေ။

"ဥပမာပြောရရင် လောကပရောဟိတ်ပိုင်ဟာ ကြည်လင်လမ်းညွှန် တက္ကသိုလ် ရဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်ပါတယ်... သူတို့က အဓိကအားဖြင့် အဂ္ဂိရတ် အဖွဲ့အစည်းတစ်ခု ဖြစ်ပေမဲ့ နတ်မျက်စိပိုင်ရှင်တွေကို ပြုစုပျိုးထောင်ပေးတဲ့ အဂ္ဂိရတ် မျိုးဆက်တွေကိုပဲ အဓိကထားတာပါ..."

သူမသည် လောက ပရောဟိတ်ပိုင် တစ်နည်းနည်းဖြင့် အသက်ရှင်ကျန်ရစ်ခြင်း ရှိမရှိကို စုံစမ်းလိုသော်လည်း ဝေ့ဝူယင်ဘက်မှ တုံ့ပြန်မှု မရှိသည်ကို မြင်သောအခါ သက်ပြင်းသာ ချလိုက်မိတော့သည်။

"အဲဒီအဖွဲ့အစည်းတွေကို ကျင့်ကြံခြင်း အဆင့်နဲ့ မဟုတ်ဘဲ အဂ္ဂိရတ် မျိုးဆက်တွေနဲ့ သတ်မှတ်တာဆိုရင် သူတို့ကို ဘယ်လိုမျိုး ခွဲခြားထားတာလဲ... အဲဒီအဆင့်ထဲ ပါဝင်ဖို့ဆိုရင် အဂ္ဂိရတ် တာအိုမှာ ဘယ်လိုအဆင့်မျိုးအထိ ရောက်နေရမှာလဲ..."

မင်ရှုဖုန်းက စိတ်ဝင်တစား မေးလိုက်သည်။

အဖြူရောင် ကောင်းကင်က နှုတ်ခမ်းကို အနည်းငယ် စူလိုက်ရင်း ရှင်းပြလိုက်၏။

"ကျင့်ကြံခြင်း အခြေခံက ဒီအရာတွေကို တိုက်ရိုက် မဆုံးဖြတ်နိုင်ဘူး ဆိုပေမဲ့လည်း တာအို စောင့်ရှောက်သူတွေနဲ့ အပြည့်အဝ ပြုစုပျိုးထောင်ထားတဲ့ အဂ္ဂိရတ် သူရဲကောင်းတွေ ရှိနေတာကြောင့် ကျင့်ကြံခြင်းနဲ့လည်း အချိတ်အဆက်တော့ ရှိပါတယ်... အထွတ်အထိပ် လောကရှန့်ထို အဂ္ဂိရတ်ပညာရှင် တစ်ဦးအနေနဲ့ သူတော်စင် တစ်ဦးကို တာအို စောင့်ရှောက်သူအဖြစ် ရရှိဖို့က မခက်ခဲသလို၊ ထူးခြားတဲ့ အခြေအနေမျိုးမှာဆိုရင် အထွတ်အထိပ် သူတော်စင် တစ်ဦးကိုတောင် ရနိုင်ပါသေးတယ်... သူတို့အတွက် တိုက်ခိုက်ပေးမယ့် စစ်တပ်ကြီးတစ်တပ်ကိုတောင် ပိုင်ဆိုင်နိုင်တာပေါ့... ကျင့်ကြံခြင်း လောကကြီးဟာ အဂ္ဂိရတ် တာအိုရဲ့ သြဇာလွှမ်းမိုးမှု ရှိနေရုံနဲ့တင် ငြိမ်းချမ်းသွားတာ မဟုတ်ဘူးလေ... သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ ဒါမှမဟုတ် အရင်းအမြစ်တွေအတွက် တိုက်ခိုက်ဖို့ နည်းလမ်းတွေ လိုအပ်တာပဲ..."

အဖြူရောင် ကောင်းကင်က ခေတ္တမျှ ရပ်လိုက်၏။ မင်ရှုဖုန်း၏ မျက်ဝန်းထဲတွင် နားလည်သွားသည့် အရိပ်အယောင်များ မြင်လိုက်ရမှသာ သူမက ဆက်လက်၍...

"အကယ်ဒမီ တစ်ခု တည်ထောင်ဖို့ဆိုရင် ဦးဆောင်သူဟာ အနည်းဆုံး ဂျူနီယာ အဆင့် မြေကြီးရှန့်ထို အဂ္ဂိရတ်ပညာရှင် ဖြစ်ရမယ်၊ တက္ကသိုလ် တစ်ခုအတွက်ဆိုရင် ဂျူနီယာ အဆင့် လောကရှန့်ထို အဂ္ဂိရတ်ပညာရှင် လိုအပ်ပြီး၊ မျှော်စင် တစ်ခု တည်ထောင်ဖို့အတွက်ဆိုရင်တော့ ဂျူနီယာ အဆင့် ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် ဖြစ်ရပါမယ်"

"ဘာကြီး... ဒါဆို ဂလက်ဆီ တစ်ခုတည်းမှာ ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် (၇) ယောက်တောင် ရှိနေတာလား..."

မင်ရှုဖုန်းမှာ ဦးနှောက် တစ်ခုလုံး ပေါက်ကွဲထွက်မတတ် အံ့သြသွားရသလို၊ နားထောင်နေသော အီမန်တက် အပါအဝင် သူတော်စင်များ အားလုံးမှာလည်း အလွန်အမင်း စိတ်ပျက်အားငယ်သွားရသည်။ သူတို့၏ ရှုပ်ထွေးလှသော ခံစားချက်များကို ဖော်ပြရန်ပင် မစွမ်းသာတော့ပေ။ အဓိကမှာ မင်ရှုဖုန်း၏ နားလည်မှု လွဲမှားနေခြင်းကြောင့်လည်း ဖြစ်သည်။

"အဲဒါက အနည်းဆုံးပဲရှိသေးတာ..."

နက်ပစ်က စိတ်ပျက်လက်ပျက်ဖြင့် လှမ်းပြောလိုက်သည်။ ထိုစံနှုန်းများသည် အလွန်တရာမှပင် ကြာမြင့်လှပြီဖြစ်သော စံနှုန်းများဖြစ်ပြီး မျှော်စင် (၇) ခုတည်းသာ ရှိခဲ့သည် မဟုတ်ပေ။

အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ သည် မိုင်ပေါင်း ကုဋေကုဋာအတွင်း အချမ်းသာဆုံးသော ဂလက်ဆီဖြစ်သည်ဟု ဆိုခြင်းမှာ မည်သို့မျှ အမွှမ်းတင်ထားခြင်း မဟုတ်ကြောင်း ထင်ရှားလှပေသည်။

ဝေ့ဝူယင်ကမူ အီလီယမ် အသေး သင်္ဘောငယ်ကို ပိုမိုကျွမ်းကျင်စွာ မောင်းနှင်လာနိုင်ပြီး ဟင်းလင်းပြင်ထဲရှိ အပျက်အစီး အပိုင်းအစများကို ကျွမ်းကျင်စွာ ရှောင်ကွင်းရင်း အောင်နိုင်သူတစ်ဦးကဲ့သို့ ပြုံးလိုက်မိသည်။

‘ဒါ မောင်းရတာ တော်တော် ပျော်ဖို့ကောင်းတာပဲ...’

ဝေ့ဝူယင်သည် အခြားသူများ၏ မှတ်ဉာဏ်များကို ရှာဖွေဖတ်ရှုခြင်းဖြင့် ဟင်းလင်းပြင် သင်္ဘောမောင်းနှင်ခြင်းဆိုင်ရာ အဆင့်မြင့်ဗဟုသုတများကို ရရှိထားသော်လည်း၊ သူကိုယ်တိုင်မှာမူ အလွန်ပင် ငယ်ရွယ်သေးသူ ဖြစ်သည်။ သူ၏ မှတ်ဉာဏ်များက အတွေ့အကြုံရင့်ကျက်သူတစ်ဦးဟု ထင်ယောင်ထင်မှား ဖြစ်စေသော်လည်း အမှန်တကယ်တွင်မူ သူကိုယ်တိုင် ကိုယ်တိုင်ကိုယ်ကျ မကြုံတွေ့ဖူးသေးသည့် ကိစ္စရပ်များစွာ ရှိနေဆဲပင်။

ဝေ့ဝူယင်သည် ဟင်းလင်းပြင် သင်္ဘောတစ်စီးကို ကိုယ်တိုင် မောင်းနှင်ရခြင်း၏ အရသာ၊ လျင်မြန်စွာ ကွေ့ဝိုက်မောင်းနှင်ရခြင်း၏ စိတ်လှုပ်ရှားမှုနှင့် အခြေအနေအရ လမ်းကြောင်းပြောင်းလဲရခြင်း၏ ရင်ခုန်သံတို့ကို ယခင်က တစ်ခါမျှ မခံစားဖူးခဲ့ပေ။

အာဏာရှင် အင်ပါယာ၊ အာရုဏ်ဦး အဂ္ဂိရတ် မျိုးဆက် တည်ထောင်သူနှင့် ထင်ရှားသော အဂ္ဂိရတ် ပညာရှင် တစ်ဦးဖြစ်သည့် အလျောက်၊ သူသည် ကောင်းကင်သင်္ဘော သို့မဟုတ် ဟင်းလင်းပြင် သင်္ဘောများကို ကိုယ်တိုင် မောင်းနှင်ရန် ဘယ်သောအခါမှ စိတ်မကူးခဲ့ဖူးပေ။ ထိုအစား ပိုင်လင်၏ ကျောပေါ်တွင် စီးနင်းခြင်း၊ သူ၏ အဆုံးမဲ့ ဟင်းလင်းပြင် တောင်ပံများ ကို အသုံးပြုခြင်း သို့မဟုတ် ဟင်းလင်းပြင် တံခါးများ မှတစ်ဆင့် ခရီးနှင်ခြင်းတို့ကိုသာ ပြုလုပ်လေ့ရှိသည်။

ယခုအခါ ဝေ့ဝူယင်မှာ တစ်သက်လုံး ကားနောက်ခန်းတွင်သာ ထိုင်လိုက်ဖူးပြီး မြင်းစီးခြင်းကိုသာ သိသော ဆယ်ကျော်သက်တစ်ဦးက မြန်နှုန်းမြင့် ပြိုင်ကားတစ်စီးကို ရုတ်တရက် မောင်းနှင်ခွင့် ရလိုက်သကဲ့သို့ ဖြစ်နေသည်။ ဝေ့ဝူယင်သည် ဝေးကွာသော နေရာမှ လှပစွာ မြင်တွေ့နေရသည့် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ဆီသို့ ချဉ်းကပ်ရင်း သူ၏ ဝါသနာသစ်ကို စူးစမ်းနေစဉ်၊ အဖြူရောင် ကောင်းကင်ကမူ သင်္ဘောပေါ်ရှိ သူများအား ထိုဂလက်ဆီနှင့် ၎င်း၏ ဂလက်ဆီဇုံ (၇) ခုအကြောင်း အသေးစိတ် ရှင်းပြခြင်းဖြင့် လမ်းပြကောင်း ပီသနေတော့သည်။

သူမသည် ထိုနေရာ၏ အုပ်ချုပ်မှုနှင့် ပိုင်ဆိုင်မှုဆိုင်ရာ ကိစ္စရပ်များ၊ အထူးသဖြင့် လွှမ်းမိုးထားသော အုပ်ချုပ်သူများအကြောင်းကို အသေးစိတ် ရှင်းပြသည်။

အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ သည် မိမိတို့ နယ်မြေကို အလွန်ကာကွယ်တတ်သော်လည်း ပြိုင်ဆိုင်မှု ပြင်းထန်ပြီး ယဉ်ကျေးသိမ်မွေ့ကြသည်။ သူတို့၏ လုပ်ဆောင်ပုံမှာ အနည်းငယ် ဟိတ်ကြီးဟန်ကြီး နိုင်လှသော်လည်း၊ မြင်းပေါ်မှနေ၍ စစ်ပွဲများကို အဝေးမှ ကြည့်ရှုကာ မလွဲမသွေ ဖြစ်လာမည့် ရလဒ်များကို ကြိုတင် သိမြင်နေကြသည့် မှူးမတ်မျိုးနွယ်များ၏ အပြုအမူနှင့် အလွန်တူလှသည်။

နယ်မြေလုပွဲများကို ချမ်းသာကြွယ်ဝမှုဖြင့်သာ တိုက်ခိုက်သော စစ်ပွဲများ၊ မူးဝေလောက်အောင် များပြားသည့် လေလံဈေးနှုန်းများ သို့မဟုတ် အလွန်တရာ ရှုပ်ထွေးပြီး ကျင့်ကြံခြင်း နှလုံးသားကိုပင် ပျက်စီးစေနိုင်သည့် အဂ္ဂိရတ် တိုက်ပွဲ များဖြင့် ဆုံးဖြတ်ကြသည်။

သို့မဟုတ်ပါကလည်း လျှို့ဝှက် ကစားနည်းဟု ခေါ်ဝေါ်ပြီး တစ်ကမ္ဘာလုံးက အထူးတလည် ဂုဏ်ပြုဆင်နွှဲကြသည့် အလွန်ရေပန်းစားသော ကစားပွဲဖြင့် ဆုံးဖြတ်ကြ၏။ ၎င်းသည် ဖန်တီးခြင်း ပညာရှင်များ၊ ကောင်းကင် နိမိတ်ဖတ် ပညာရှင်များ၊ နတ်မျက်စိပိုင်ရှင်များ၊ ဗေဒင်ဆရာများနှင့် အဆင့်မြင့် ကျင့်ကြံသူများ ပါဝင်ဆင်နွှဲကြသည့် ရှေးကျပြီး ဂုဏ်ယူဖွယ်ရာ ကစားပွဲတစ်ခု ဖြစ်သည်။ ၎င်းကို ယခင်က ‘ကောင်းကင်’ ဟု ခေါ်ဆိုခဲ့သော်လည်း အချို့သော အပြောင်းအလဲများကြောင့် အမည် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။

အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ၏ ယဉ်ကျေးမှု၏ အသက်သွေးကြောသဖွယ် သတ်မှတ်ထားသော ဤကစားပွဲ (၃) မျိုးအပေါ်တွင် နယ်မြေဒေသများနှင့် အံ့မခန်း များပြားလှသော ဥစ္စာဓနများ၊ အရင်းအမြစ်များ မှီတည်နေကြသည်။ ထို့အပြင် အဂ္ဂိရတ်ဆိုင်ရာ တာအို ဆွေးနွေးပွဲများကိုလည်း မျိုးနွယ်စု တစ်ခုလုံး၏ ဂုဏ်သိက္ခာကို ဖျက်ဆီးရန်၊ သမိုင်းစာမျက်နှာမှ ပျောက်ကွယ်သွားစေရန် သို့မဟုတ် အဂ္ဂိရတ်ပညာရှင် တစ်ဦး၏ စိတ်ဓာတ်ကို ချိုးနှိမ်ရန်အတွက် လက်နက်သဖွယ် အသုံးပြုကြပေသည်။

***

All Chapters