အခန်း (၂၁၄၇-၂၁၄၈)
Vol. 154 Ch. 2147-2148
အပိုင်း(၂၁၄၇)
အဖြူရောင် ကောင်းကင်သည် အခြေအနေများကို ပေါ်လွင်အောင် အတတ်နိုင်ဆုံး ရှင်းပြနေသော်လည်း တစ်ခါတစ်ရံတွင် သူမ၏ မျက်ဝန်းများမှာ ဝိညာဉ်ကိုပင် တုန်လှုပ်စေနိုင်သည့် ကြောက်မက်ဖွယ်ရာ အတိတ်မှတ်ဉာဏ်များကြောင့် ဖြူရော်သွားတတ်သည်။
သို့သော် သူမသည် ထိုမှတ်ဉာဏ်များကို ခါထုတ်ပစ်ကာ အကောင်းဆုံး ဆက်လက် ရှင်းပြနေ၏။ သူမက အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ တွင် ပြင်းထန်သော ပြိုင်ဆိုင်မှုများ ရှိနေသည်ဟု စောစောက ပြောခဲ့သော်လည်း၊ သူမ၏ ရှင်းပြချက်များကို နားထောင်ပြီးနောက်တွင်မူ အဂ္ဂိရတ် တာအိုကို လက်နက်သဖွယ် အသုံးပြုသည့် အခါတွင် ဖြစ်ပေါ်လာသည့် ရက်စက်ကြမ်းကြုတ်မှုများကို သူမက လျှော့ပေါ့ပြောနေခြင်းသာ ဖြစ်လိမ့်မည်ဟု ခံစားရသည်။
လွန်ခဲ့သော နှစ်ပေါင်း တစ်သန်းခန့်အတွင်း၌ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ အတွင်း ဂိုဏ်းဂဏများ၊ မဟာမိတ်များဖြင့် အလုံးအရင်းနှင့် အင်အားသုံး တိုက်ခိုက်ကြသည့် စစ်ပွဲ အစစ်အမှန်ဟူ၍ အနည်းငယ်သာ ရှိခဲ့သည်။
ပြတ်သေားသော ဆည်းဆာ ဂလက်ဆီမှ သူတော်စင် (၄) ဦးမှာလည်း ထိုကိစ္စများနှင့် ပတ်သက်၍ ကောလာဟလများ သို့မဟုတ် သတင်းအစအနများကိုသာ ကြားဖူးကြခြင်း ဖြစ်ပြီး၊ အဖြစ်အပျက်များ၏ အစနှင့် အဆုံး၊ စိတ်ဝင်စားစရာ ကောင်းကွက်အချို့ကိုသာ သိကြသည်။ ဝိညာဉ်ကျောက်စိမ်းပေါ်တွင် ရိုက်နှိပ်ထားသည့် သတင်းများကို ဖတ်ရှုနေရသည့် ဘေးလူများကဲ့သို့ပင် အဖြစ်အပျက်များ၏ နက်ရှိုင်းသော အနှစ်သာရကို မသိရှိကြပေ။ သူတော်စင် ရစ်ဗာအိုအေစစ် တစ်ဦးတည်းသာလျှင် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ နှင့် တိုက်ရိုက်ထိတွေ့ဖူးသော်လည်း သူမသည်လည်း ဝယ်ယူခဲ့သည့် ပစ္စည်းများနှင့် သူတို့ အကြိမ်ကြိမ် ခံစားခဲ့ရသော ဆုံးရှုံးမှုများအကြောင်းမှလွဲ၍ အခြားအရာများကို ပြောပြလေ့ မရှိပေ။
"အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ထဲမှာတော့ အဂ္ဂိရတ် တာအိုဟာ အမြင့်ဆုံး အာဏာစက်ပဲ... ဒါပေမဲ့ ရှင်တို့ အထဲမဝင်ခင်မှာ သိထားရမယ့် စည်းကမ်းအချို့ ရှိတယ်... ပထမဆုံးနဲ့ အရေးအကြီးဆုံးကတော့ အဂ္ဂိရတ် ကျင့်ကြံခြင်း ဝိညာဉ် ပိုင်ဆိုင်ထားတဲ့ ဘယ်လို အဂ္ဂိရတ်ပညာရှင်ကို မဆို သတ်ဖြတ်ခြင်းဟာ သဘာဝဥပဒေသကို ချိုးဖောက်တာဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ သေဒဏ်ကို ခံရပါလိမ့်မယ်... ဒါပေမဲ့ ဒီစည်းကမ်းဟာ အဂ္ဂိရတ် ကျင့်ကြံခြင်း ဝိညာဉ် ပိုင်ဆိုင်သူ အဂ္ဂိရတ်ပညာရှင် အချင်းချင်း သတ်ဖြတ်ခြင်း ဒါမှမဟုတ် အဂ္ဂိရတ် တိုက်ပွဲ အတွင်း သတ်ဖြတ်ခြင်းတွေမှာတော့ အကျုံးမဝင်ဘူး...”
“ရှင်းအောင် ပြောရရင် တာအို တိုက်ပွဲ အတော်များများဟာ လောင်းကြေးတွေကြောင့် ဖြစ်စေ၊ ပြိုင်ပွဲရဲ့ ပြင်းထန်တဲ့ ဖိအားတွေကြောင့် ဖြစ်စေ၊ ဒါမှမဟုတ် ပါဝင်တဲ့ အန္တရာယ်တွေကြောင့် ဖြစ်စေ အဂ္ဂိရတ်ပညာရှင်တွေ သေဆုံးတာနဲ့ပဲ အဆုံးသတ်လေ့ ရှိတယ်... တစ်ခါတစ်ရံမှာ သူတို့ဟာ ကျင့်ကြံခြင်း သွေဖီမှု ဖြစ်ပြီး အဲဒီနေရာမှာတင် သေဆုံးသွားတတ်ကြတယ်... အဲဒါတွေကို အသက်နဲ့ တာအို တိုက်ပွဲ လို့ ခေါ်တယ်"
"အဲဒါတွေက ရှင်တို့ ထင်ထားတာထက် ပိုပြီးတော့ ခဏခဏ ဖြစ်လေ့ရှိတာပါ..."
အဖြူရောင် ကောင်းကင်မှာ အနည်းငယ် တုန်လှုပ်သွားပြီး သူမ၏ သေးငယ်သော ခန္ဓာကိုယ်လေးမှာလည်း တုန်ယင်လာကာ သူမ၏ မျက်ဝန်းများမှာ ကြောက်မက်ဖွယ်ရာ အတိတ်မှတ်ဉာဏ်များထဲသို့ နစ်မျောရင်း ဝေးလွင့်သွားရသည်။ သူမက အံကို ကြိတ်လိုက်၏။
"အသက်နဲ့ တာအို တိုက်ပွဲတွေဟာ သာမန် အဂ္ဂိရတ် တိုက်ပွဲတွေနဲ့ မတူဘူး၊ အဲဒီမှာ တာအို စောင့်ရှောက်သူတွေလည်း ပါဝင်လာတတ်ကြတယ်... ဒါတင်မကဘူး၊ ဒါက အဂ္ဂိရတ် တိုက်ပွဲတွေတင် မဟုတ်ပါဘူး... ဖန်တီးခြင်း ပညာရှင် အားလုံးဟာ သူတို့ရဲ့ သက်ဆိုင်ရာ နယ်ပယ်တွေမှာ တာအို တိုက်ပွဲ ဆင်နွှဲခွင့် ရှိကြတယ်... ဥပမာ လက်နက်ဖော်စပ်သူတွေ အချင်းချင်း အထွတ်အထိပ် ကောင်းကင်ရတနာ ဒါမှမဟုတ် လျှို့ဝှက်အဆင့် လက်နက်တွေ ဖန်တီးပြီး ပြိုင်ဆိုင်တာမျိုးပေါ့..."
မင်ရှုဖုန်းက ဤအချက်အလက်များကို လျင်မြန်စွာ မှတ်သားလိုက်ရင်း ချက်ချင်းပင် မေးလိုက်၏။
"အကယ်၍ လက်နက်ဖော်စပ်သူ ဒါမှမဟုတ် ဗိသုကာပညာရှင် တစ်ယောက်က အဂ္ဂိရတ်ပညာရှင် တစ်ယောက်နဲ့ အသေအလဲ တိုက်ပွဲဝင်ချင်ရင်ကော ဘယ်လိုလုပ်မလဲ"
အဖြူရောင် ကောင်းကင်က အသက်ကို ခပ်ဖွဖွ ရှူသွင်းလိုက်ရင်း ခါးသီးသော အပြုံးဖြင့် ရှင်းပြလိုက်သည်။
"အဲဒါကြောင့်ပဲ လျှို့ဝှက်ကစားပွဲ ရှိနေတာပေါ့... အဂ္ဂိရတ်ပညာရှင် အချင်းချင်း တိုက်ခိုက်ဖို့တင် မဟုတ်ဘဲ အခြား သက်မွေးဝမ်းကျောင်း လုပ်ကိုင်သူတွေ ဒါမှမဟုတ် ဘယ် အကူလမ်းစဉ်မှ လိုက်စားမထားတဲ့ စစ်မှန်တဲ့ ကျင့်ကြံသူတွေလည်း ဘယ်သူ့ကိုမဆို စိန်ခေါ်လို့ ရတယ်... အလားတူပဲ ဒါကလည်း တာအို တိုက်ပွဲရဲ့ ဘောင်အတွင်းမှာပဲ ရှိတယ်"
"ကျင့်ကြံသူတွေက သူတို့ရဲ့ ဘဝတစ်ခုလုံးကို ဒီကစားပွဲတွေအပေါ်မှာပဲ ပုံအောထားကြတာလား..."
မင်ရှုဖုန်းမှာ အံ့အားသင့်သွားခဲ့၏။ ဤမျှအထိ ကျိုးကြောင်းဆီလျော်မှု မရှိသော ကိစ္စမျိုး ရှိနိုင်ပါသလော။
"ဒါကို သာမန် ကစားပွဲတစ်ခုလို့ မတွေးလိုက်နဲ့..."
အဖြူရောင် ကောင်းကင်က ပြစ်တင်စကား ဆိုလိုက်သည်။
နတ်ပရီက ခပ်ဖွဖွ ချောင်းဟန့်ရင်း ဖြည့်စွက် ပြောကြားလိုက်သည်။
"လျှို့ဝှက် ကစားပွဲမှာ တကယ့် အသက်တွေ ပါဝင်နေတယ်လေ... သန်းနဲ့ချီတဲ့၊ တစ်ခါတစ်ရံမှာ ဘီလီယံနဲ့ချီတဲ့ သူတွေကြားမှာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ပွဲတွေ ဖြစ်ပွားတတ်ပြီး ကစားသမားတွေရဲ့ အသိဉာဏ်၊ စိတ်ဓာတ်၊ ကြိုတင်မြင်နိုင်စွမ်း၊ အာရုံခံစားမှု၊ ကံတရားအပေါ် ဆုံးဖြတ်နိုင်စွမ်း၊ စရိုက်လက္ခဏာနဲ့ အချိန်ကိုက် လုပ်ဆောင်နိုင်မှုတွေကို အစဉ်တစိုက် စမ်းသပ်ခံရတာပေါ့..."
“...”
မင်ရှုဖုန်း၏ မျက်နှာမှာ တည်ကြည်သွားခဲ့၏။ ဘီလီယံနှင့်ချီသော သူများကြားမှ ရက်စက်သော စစ်ပွဲများလား။ သူမသည် ကံကြမ္မာ ကြည့်ရှုသူအချို့က လျှို့ဝှက် ကစားပွဲကို အသုံးပြု၍ ကျင့်ကြံတတ်ကြသည်ကို သိထားသော်လည်း သူမကိုယ်တိုင်မှာမူ လက်တွေ့နမူနာ အနည်းငယ်ဖြင့်သာ အသေးစား ကျင့်ကြံဖူးခြင်း ဖြစ်သည်။ သူမသည် စုနန်ကျူး သို့မဟုတ် ကျားယန် တို့ကဲ့သို့သော နက်ရှိုင်းသည့် အဆင့်အထိ မကြုံတွေ့ဖူးသေးပေ။ လောကနယ်မြေ တစ်ခုအတွင်း၌ သန်းနှင့်ချီသော အသက်များ ရှိနေပြီး၊ သူတို့၏ ကံကြမ္မာတစ်ခုလုံးမှာ အချို့သော တည်ရှိမှုများ၏ လုပ်ဆောင်ချက်နှင့် အတွေ့အကြုံများအပေါ်တွင်သာ မူတည်နေလေ့ ရှိသည်။
ဝေ့ဝူယင်မှာမူ လျှို့ဝှက်ချက်များ ကစားပွဲနှင့် ကောင်းကင်ဘုံမှ ကောင်းချီးပေးခံရသူများ၊ ထို့အတူ ကောင်းကင်တာအို တို့အကြား ဆက်နွှယ်မှုကို ကြာမြင့်စွာကတည်းက ခံစားမိခဲ့ပြီး ဖြစ်သည်။ ဤအကြောင်းပြချက်ကြောင့်ပင် ကံကြမ္မာ ကြည့်ရှုသူများသည် ကောင်းကင်တာအို၏ သဘာဝနှင့် ပုံစံများကို အတုယူရင်း ကျင့်ကြံခြင်းနှင့် ထိုးထွင်းသိမြင်မှုများအတွက် ဤကစားပွဲကို အသုံးပြုကြခြင်း ဖြစ်သည်။ ၎င်းသည် များသောအားဖြင့် မတရားပေ။ များသောအားဖြင့်လည်း လျစ်လျူရှုတတ်ပေသည်။
သူတို့ စကားပြောနေကြစဉ်မှာပင် ဝေ့ဝူယင်သည် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ၏ အစွန်အဖျား နယ်စပ်သို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့သည်။ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ကို ဝန်းရံထားသည်မှာ အရေအတွက် သိန်းနှင့်ချီသော ကင်းလှည့် ဟင်းလင်းပြင် သင်္ဘောအုပ်စုကြီးများ ဖြစ်သည်။
ဂလက်ဆီ၏ ပါးလွှာသော အပြင်ဘက်အလွှာနှင့် မိုင်ပေါင်း နှစ်သန်းခန့် အကွာအဝေးတွင် ရှိနေစဉ်မှာပင် မမြင်ရသော အင်အားတစ်ခုက သူတို့အား ဖြတ်သန်း လွှမ်းမိုးသွားပြီး၊ သူတို့၏ ဝိညာဉ်အာရုံ အသီးသီးသို့ ပြင်းထန်သော သတိပေးသံတစ်မျိုး ပေးပို့လိုက်သည်။ ထိုအသံမှာ အလွန်ပင် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလှပြီး စိတ်ကိုပင် ကျိန်းစပ်သွားစေတော့သည်။
အကယ်၍ ဤအသံကို ဟင်းလင်းပြင် သားရဲများ၊ အထူးသဖြင့် ဟင်းလင်းပြင်အတွင်း ပုန်းအောင်းနေထိုင်တတ်သည့် အမျိုးအစားများ ကြားလိုက်ရပါက သူတို့၏ တည်နေရာမှာ ချက်ချင်းပင် ပေါ်ထွက်သွားပေလိမ့်မည်။ ဝေ့ဝူယင်သည် သူ၏ ဟင်းလင်းပြင် ပေါ်တယ်များကို အသုံးပြုရန် မကြိုးစားခဲ့ပေ။ အကြောင်းကား သူတို့မှာ ဟင်းလင်းပြင်ကိုလည်း အမြဲမပြတ် စောင့်ကြည့်နေသောကြောင့် ဖြစ်၏။ ဝေ့ဝူယင်သည် ကျူးကျော်သူ သို့မဟုတ် ဟင်းလင်းပြင် သားရဲတစ်ကောင်အဖြစ် အထင်မှားမခံရစေရန်အတွက် ဟင်းလင်းပြင် တံခါးကို အဝေးတစ်နေရာကတည်းက အသုံးပြုခဲ့ခြင်း ဖြစ်သည်။
ဝေ့ဝူယင်၏ မျက်ဝန်းများတွင်မူ သာလွန် သန့်စင် အဂ္ဂိရတ် ကြယ်တာရာများ ၏ လေးထောင့်ကြယ်ပုံစံ သူငယ်အိမ်များကို အထင်းသား ဖော်ပြထားပြီး၊ မက်ဂီး တစ်ဦး၏ အဆင့်အတန်းကို သတ်မှတ်ပေးသည့် ငွေရောင်မျက်ဝန်းလွှာ၏ နက်ရှိုင်းသော သဘာဝကို ဖုံးကွယ်ထားသည်။ ဂလက်ဆီ အတိုင်းအတာဖြင့် ခိုးယူမှုကြီး ပြုလုပ်ပြီးကတည်းက ဝေ့ဝူယင်သည် သူ၏ အဂ္ဂိရတ် ကြယ်တာရာများ ကို တစ်စက္ကန့်မျှ မရပ်နားဘဲ အမြဲတမ်း ဖွင့်လှစ်ထားခဲ့သည်။
အဖြူရောင် ကောင်းကင်သည် ဝေ့ဝူယင်၏ အဂ္ဂိရတ် ကြယ်တာရာများကို မြင်တွေ့ရချိန်တွင် အစပိုင်း၌ တုန်လှုပ်သွားသော်လည်း၊ ထိုပုဂ္ဂိုလ်ကြီမှာ အစွမ်းထက်ပြီး အသက်အရွယ်ကြီးရင့်သော ရှေးကျသည့် ကျွမ်းကျင်သူတစ်ဦး ဖြစ်လိမ့်မည်ဟု ကျိုးကြောင်းဆီလျော်စွာ တွေးတောရင်း စိတ်ကို ထိန်းချုပ်လိုက်သည်။
သို့သော်လည်း ဤအချက်မှာ သူ၏ အဂ္ဂိရတ် တာအို နက်ရှိုင်းမှုကို သံသယဖြစ်ဖွယ်မရှိ ဖော်ပြနေပြီး၊ ကံကြမ္မာ ကြည့်ရှုသူများ ဟောကိန်းထုတ်ခဲ့သည့် အာရုဏ်ဦး အဂ္ဂိရတ် မျိုးဆက် ၏ အံ့မခန်း အာနိသင်များကို အပြည့်အဝ သက်သေထူနေသကဲ့သို့ ရှိပေသည်။
ယခုအခါ နယ်စပ်သို့ ရောက်ရှိလာပြီဖြစ်ရာ အဖြူရောင် ကောင်းကင်သည် ရှေ့တန်းမှနေ၍ တာဝန်ယူရန် ပြင်ဆင်လိုက်သည်။ ဝေ့ဝူယင်အနေဖြင့် သူမနှင့် သူမ၏ တာအို စောင့်ရှောက်သူကို အသက်ချမ်းသာပေးခဲ့ခြင်းမှာ သူမ၏ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ နှင့် ပတ်သက်သော အဆက်အသွယ်များကြောင့် ဖြစ်သည်ကို သူမ မသိဘဲ မနေပေ။
သူမသည် သူ၏ ဝင်ပေါက်ဖြစ်ပြီး၊ သူမဘက်မှလည်း ထိုအချက်ကို လုံးဝ လက်ခံထားသည်။ အရာရာထက် အရေးကြီးသည်မှာ သူမ အသက်ရှင်နေသေးခြင်း ဖြစ်သည်။ ၎င်းသည်ပင် သူမအတွက် ကောင်းကင်ဘုံမှ ပေးသနားသော ကောင်းချီးတစ်ရပ် ဖြစ်နေပြီ မဟုတ်ပါလော။
အဖြူရောင် ကောင်းကင်က ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းတွင် အဂ္ဂိရတ် တာအို၏ ကြီးထွားခြင်း ကဏ္ဍကို ကိုယ်စားပြုသော ထူးခြားသည့် အရောင်အသွေးများ ရှိနေပြီး လှပခန့်ညားသော စာလုံးများဖြင့် "ပင်လယ်နှင့် ကောင်းကင် တက္ကသိုလ်" ဟု ရေးထိုးထားသည်။ အဖြူရောင် ကောင်းကင်သည် ဝါရင့် လောကရှန့်ထို အဂ္ဂိရတ်ပညာရှင်တစ်ဦး ဖြစ်သည့်အတွက် ကိုယ်ပိုင်အဖွဲ့အစည်း ရှိနေသည်မှာ မဆန်းပေ။
ဝမ်... ဝမ်...
သူမက ကျောက်စိမ်းပြားအတွင်းသို့ ဝိညာဉ်စွမ်းအင်များ ထည့်သွင်းလိုက်သောအခါ ကြွယ်ဝလှသော အဂ္ဂိရတ် အလင်းတန်းများမှာ မီးပြတိုက်တစ်ခုကဲ့သို့ တောက်ပစွာ ထွက်ပေါ်လာပြီး အီလီယမ် အသေး သင်္ဘောကို အမှောင် ဟင်းလင်းပြင် အတွင်း သိသာ ထင်ရှား သွားစေခဲ့တော့သည်။
***
အပိုင်း(၂၁၄၈)
ချက်ချင်းဆိုသလိုပင် ဟင်းလင်းပြင် သင်္ဘော (၇) စီးပါဝင်သော အုပ်စုတစ်စုသည် V ပုံစံဖြင့် သူတို့ဆီသို့ ပျံသန်းလာကြသည်။ ထိပ်ဆုံးတွင်မူ အနည်းငယ် ပိုကြီးပြီး ပို၍ ခန့်ညားသော သင်္ဘောတစ်စီး ရှိနေ၏။ အံ့အားသင့်စရာကောင်းသည်က သင်္ဘောတိုင်းသည် V ပုံစံဖြစ်ပြီး၊ တွန်းအားပေး စနစ်များကို ဘေးတစ်ဖက်တစ်ချက်၊ အောက်ခြေနှင့် အပေါ်ဘက်တို့တွင် တပ်ဆင်ထားခြင်း ဖြစ်သည်။ သင်္ဘော၏ ထိပ်ဖျားတွင်မူ စုစည်းထားသော စွမ်းအင်တန်းများကို ပစ်လွှတ်ရန် အသင့်ရှိနေသည့်အလား မှိန်ဖျော့သော မီးတောက်အလင်းများ တဖျတ်ဖျတ် တောက်ပနေသည့် စက်ဝိုင်းပုံ အပေါက်တစ်ခု ပါရှိသည်။
၎င်းတို့ အားလုံးမှာ အီလီစီယမ် အသေး ထက် သိသိသာသာ ပိုမိုကြီးမားကြပြီး၊ သင်္ဘောတစ်စီးချင်းစီတွင် လူပေါင်း သိန်းနှင့်ချီ၍ တင်ဆောင်နိုင်သည်။
သူတော်စင်များ၏ မျက်လုံး အစအရင်၊ ဝေ့ဝူယင်၏ ကောင်းကင်ဘုံ နတ်မျက်လုံး တို့ဖြင့် ကြည့်လိုက်လျှင် သင်္ဘောတစ်စီးစီ၌ လှုပ်ရှားနေသော အသက်ဓာတ်ပေါင်း သိန်းနှင့်ချီ၍ ရှိနေပြီး၊ သင်္ဘော၏ အောက်ခြေရှိ အပေါက်မှတစ်ဆင့် သန်းနှင့်ချီသော လူများ နေထိုင်နိုင်သည့် ရွေ့လျား လျှို့ဝှက်နယ်မြေ သို့ ဆက်သွယ်ထားသည်ကို တွေ့ရပေလိမ့်မည်။
သင်္ဘောကိုင်း သင်္ဘောတိုင်းမှာ ရွေ့လျားနေသည့် ကမ္ဘာငယ်လေးများပင် ဖြစ်တော့သည်။
"ဒါတွေက ခုနစ်ကြိမ်မြောက် လောက အမျိုးအစား ဟင်းလင်းပြင် သင်္ဘောတွေပါ... ဟင်းလင်းပြင် သင်္ဘောတွေ ထုတ်လုပ်တဲ့ နေရာမှာ အထူးပြုတဲ့ ထိပ်တန်း လက်နက် ဖန်တီးရေး အဖွဲ့အစည်းဖြစ်တဲ့ လောင်ကျွမ်းသော ခရီးစဉ် ခန်းမက တိုက်ပွဲဝင်ဖို့အတွက် ပြုပြင်မွမ်းမံထားတာပေါ့... ဥပမာ ပြောရရင် နွေဦးကွင်းပြင်ကတော့ သင်္ဘောကတော့ သုံးလွှာ ၆၁ ခုမြောက် ပုဂ္ဂိုလ်ရေး သင်္ဘော အမျိုးအစားပါ"
အီလီစီယမ် အသေး ၏ ခံစစ်များကို ပိတ်ပစ်ရန် သတိပေးချက် ရရှိချိန်တွင် အဖြူရောင် ကောင်းကင်က ရှင်းပြလိုက်သည်။ လောင်ကျွမ်းသော ခရီးစဉ်ခန်းမ သည် ဟင်းလင်းပြင် သင်္ဘောများ တီထွင်ရာတွင် လွှမ်းမိုးမှုအရှိဆုံး အဖွဲ့အစည်းဖြစ်ပြီး ဂလက်ဆီအတွင်း ကင်းလှည့်ခြင်းနှင့် ကာကွယ်ခြင်းတို့တွင် အသုံးပြုသည့် သင်္ဘောများကိုပင် ထောက်ပံ့ပေးနေသူ ဖြစ်သည်။ ဤအချက်ကပင် သူတို့၏ သြဇာအာဏာ၊ ကြွယ်ဝမှုနှင့် စွမ်းဆောင်ရည်တို့ကို သိသိသာသာ ဖော်ပြနေပေသည်။
ဝေ့ဝူယင်နှင့် အီမန်တက်တို့က သူတို့၏ သင်္ဘောစွမ်းအင်များကို ပြဿနာမရှိဘဲ ပိတ်ပစ်နေစဉ် အဖြူရောင် ကောင်းကင်က ထပ်မံ၍...
“ခုနစ်ကြိမ်မြောက် လောက အမျိုးအစား ဟင်းလင်းပြင် သင်္ဘောတွေက အဖွဲ့ဝင်အင်အား အမြောက်အမြားကို အလှည့်ကျ တာဝန်ထမ်းဆောင်ဖို့ ခွင့်ပြုပေးထားတယ်... ဒီသင်္ဘောတစ်စီး ကောင်းကောင်း လည်ပတ်နိုင်ဖို့ဆိုရင် အရည်အချင်းရှိတဲ့ ကျင့်ကြံသူ သိန်းနဲ့ချီ လိုအပ်သလို အဲဒါက တော်တော်လေးကို ပင်ပန်းစေတဲ့ အလုပ်ပါ"
ဝေ့ဝူယင်က ခေါင်းညိတ်လိုက်၏။ သူတော်စင် (၄) ဦးမှာလည်း သူတို့၏ ပြင်းထန်ပြီး ကမ္ဘာပျက်မတတ် အော်ရာများကို ဖုံးကွယ်ထားခြင်း မရှိပေ။ သူတို့၏ တည်ရှိမှုကို ချက်ချင်းပင် သိရှိသွားကြပြီး၊ လျှို့ဝှက်အရှင် တစ်ဦးဖြစ်သော အရှင်ကျားနှလုံးသားကိုလည်း ဖော်ထုတ်နိုင်ခဲ့ကြသည်။ အဝေးမှ အခြားသော သင်္ဘောအချို့မှာလည်း သူတို့ဘက်သို့ ဦးတည်ကွေ့လာပြီး အသင့်ပြင်ဆင်ကာ ဖြည်းညှင်းစွာ ချဉ်းကပ်လာကြရာ သူတို့ဘက်မှ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသည်မှာ ထင်ရှားလှသည်။
"ဘာလို့ ဒီလောက်တောင် ဂရုတစိုက် ရှိနေကြတာလဲ..."
အီမန်တက်က မေးလိုက်သည်။ သူမ၏ အမြင်တွင် ဤတုံ့ပြန်မှုမှာ ပုံမှန်မဟုတ်ဟု ယူဆနေမိသည်။
အဖြူရောင် ကောင်းကင်က မျက်လုံးများကို အပေါ်သို့ လှန်လိုက်၏။
"ဘာတွေ မျှော်လင့်နေတာလဲ... နယ်ခြား သူတော်စင် (၄) ယောက်က နယ်စပ်ကို ရောက်လာတာလေ..."
ဝေ့ဝူယင်က မျက်တောင်ခတ်ရင်း သူမကို ထူးဆန်းစွာ ကြည့်လိုက်မိသည်။ ဟင်းလင်းပြင် သင်္ဘောများမှာ ထပ်မံ၍ မည်သည့်အမိန့်မျှ မပေးသေးဘဲ အခြားသော သင်္ဘောအစင်းပေါင်း ဒါဇင်နှင့်ချီ၍ ချဉ်းကပ်လာနေကြရာ ထူးဆန်းသော လေထုတစ်ခု ဖြစ်ပေါ်လာတော့သည်။
အဖြူရောင် ကောင်းကင်က အခြားသူများ၏ စိုးရိမ်မှုကို ဖျောက်ပစ်ရန် ကြိုးစားလိုက်၏။
"အဆင်ပြေမှာပါ... သူတို့ဘက်က အခြေအနေကို စောင့်ကြည့်ပြီးတာနဲ့ ကျွန်မရဲ့ အထောက်အထားကို စစ်ဆေးလိမ့်မယ်... အဲဒီနောက်မှာတော့ ကျွန်မတို့ အထဲကို ချောချောမွေ့မွေ့ ဝင်နိုင်မှာပါ... ကျွန်မ ရှင့်တို့ကို ကြီးထွားခြင်းဇုံ မှာရှိတဲ့ ကျွန်မရဲ့ တက္ကသိုလ်ကို ခေါ်သွားပြီး အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ရဲ့ ထိပ်တန်း ဧည့်ဝတ်ပြုမှုမျိုးနဲ့ သေချာပေါက် ကြိုဆိုပေးပါ့မယ်"
သူမသည် သူတို့၏ မျက်နှာအမူအရာများကို ကြည့်ကာ တခိခိ ရယ်မောရင်း အပြည့်အဝ ယုံကြည်မှု ရှိနေပုံရသည်။
အရှင်ကျားနှလုံးသားမှာမူ အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။
တစ်ချိန်တည်း၌... သူတော်စင် (၄) ဦးစလုံးသည် ဝေးကွာသော ဂလက်ဆီအတွင်းမှနေ၍ သူတော်စင်တစ်ဦး၏ အရှိန်အဝါသည် သူတို့ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာနေသည်ကို တွေ့ရှိလိုက်ကြသည်။
ထို့နောက် သူတော်စင်များက အဖြူရောင် ကောင်းကင်ဘက်သို့ လှည့်ကြည့်လိုက်ကြ၏။
"စိတ်မပူကြပါနဲ့... စိတ်မပူပါနဲ့... ရှင့်တို့ရဲ့ တည်ရှိမှုက အနည်းငယ် တုန်လှုပ်စရာ ဖြစ်သွားလို့ပါ၊ ဒါတင်ပါပဲ... အချိန်လေး နည်းနည်း ပေးလိုက်ပါဦး"
သူမက ပြုံးရင်း တည်ငြိမ်စွာ အားပေးလိုက်သည်။
"ဟို... ဟိုမှာ..."
မင်ရှုဖုန်းက အဝေးမှ အလင်းတန်းများကို လက်ညိုးထိုးပြလိုက်သည်။
"အဲဒါ ဘာကြီးလဲ"
ပါခက်က လှမ်းကြည့်လိုက်သောအခါ ကြီးမားလှသော ဟင်းလင်းပြင် သင်္ဘောကြီးတစ်စီးသည် အခြားသော သင်္ဘောငယ် ဒါဇင်ဝက်ခန့် ဝန်းရံလျက် သူတို့ရှိရာသို့ တဟုန်ထိုး ပျံသန်းလာနေသည်ကို တွေ့လိုက်ရသည်။ သူတို့သည်လည်း V ပုံစံ ဒီဇိုင်းများပင် ဖြစ်သော်လည်း အရည်အသွေးမှာမူ သိသိသာသာ ပိုမိုမြင့်မားလှသည်။
ပါခက်၏ ဘယ်ဘက်မျက်ခုံးမှာ မြင့်တက်သွားရ၏။ ထိုသင်္ဘောများကို အထွတ်အထိပ် လျှို့ဝှက်လောက ပစ္စည်းများဖြင့် ဖနတီးထားခြင်းဖြစ်ရာ သူတော်စင်များအတွက်ပင် ထိခိုက်ပျက်စီးအောင် လုပ်ရန် ခက်ခဲပေလိမ့်မည်။
"သူတို့ အခြေကျသွားပြီး ဒီလောက်အထိ မကြောက်တော့ဘူးဆိုရင် အားလုံး အဆင်ပြေသွားမှာပါ..."
အဖြူရောင် ကောင်းကင်က ပြောလိုက်သော်လည်း သူမ၏ အသံမှာ စောစောကကဲ့သို့ ယုံကြည်မှု အပြည့် ရှိမနေတော့ပေ။
"နင် သူတို့နဲ့ ဆက်သွယ်ပြီး ငါတို့ရဲ့ အထောက်အထားနဲ့ သူတို့ ဘာလို့လာတာလဲဆိုတာကို ရှင်းအောင် မလုပ်သင့်ဘူးလား"
နက်ပစ်က အေးစက်စွာ ပြောလိုက်သည်။ ဤမိန်းမငယ်လေးသည် သူတို့ကို ထောင်ချောက်ဆင်နေခြင်းလော။ အကယ်၍ ထိုသို့သာ ဖြစ်ခဲ့လျှင် သူမသည် ပြင်းထန်စွာ ဒဏ်ရာရထားသော်လည်း ဤမိန်းမငယ်ကို သတ်ရန်မှာ အသက်တစ်ရှူစာမျှပင် ကြာမည်မဟုတ်ပေ။
"ကျွန်မ... ကျွန်မ..."
အဖြူရောင် ကောင်းကင်သည် ကျောက်စိမ်းပြားမှတစ်ဆင့် ပဉ္စမအကြိမ်မြောက် ဆက်သွယ်ရန် ကြိုးစားရင်း စကားများ ထစ်ငေါ့နေတော့သည်။ သူမသည် လုပ်ထုံးလုပ်နည်းအတိုင်း သင်္ဘောပေါ်ရှိ သူများ၏ အထောက်အထားများ၊ ဝေ့ဝူယင်၏ အဂ္ဂိရတ်ပညာရှင် ဘွဲ့အမည်များအပါအဝင် အားလုံးကို အသေးစိတ် ပို့ဆောင်ထားခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း သူတို့ဘက်မှ ပြန်လာသည့် အဖြေမှာမူ စောင့်ဆိုင်းပါ ဟူ၍သာ ဖြစ်ပြီး မေးသမျှ မေးခွန်းတိုင်းကို ထိုအတိုင်းသာ ပြန်ဖြေနေကြသည်။ သူမ အာခေါင်များ ခြောက်ကပ်လာကာ တံတွေးကို ခပ်ပြင်းပြင်း မြိုချလိုက်မိသည်။
ယခုအခါတွင်မူ သူတို့ကို ဝန်းရံထားသည့် သင်္ဘောပေါင်း (၅၀) နီးပါး ရှိနေပြီဖြစ်ပြီး လက်နက်များမှာလည်း သူတို့ရှိရာသို့ ချိန်ရွယ်ထားကြသည်။ ဘာတွေ ဖြစ်ပျက်နေသည်ကို သူမ လုံးဝ တွေးမရတော့ပေ။ သူမက အခြားလူများဘက်ကို လှည့်ကြည့်ရင်း မေးလိုက်၏။
"ရှင့်တို့ တစ်ခုခု ပြစ်မှုကျူးလွန်ထားတာ ရှိလို့လား..."
ဝေ့ဝူယင်က မျက်တောင်ခတ်ရင်း စဉ်းစားလိုက်မိ၏။ ပြစ်မှုများလော...။ သူသည် ဉာဏ်အလင်းရ သူတော်စင် နွေဦးကွင်းပြင် နှင့် လောကပုရောဟိတ်ပိုင်တို့ကို သတ်ဖြတ်ခဲ့ပြီး၊ ကံတရားအတွက် ဂုဏ်သရေရှိ လောကရှန့်ထို အဇူရာမြစ် နှင့် တိုက်ခိုက်ခဲ့သည်။ သို့သော် ထိုအကြောင်းကို ဘယ်သူ သိနိုင်ပါမည်နည်း။
အနည်းဆုံးတော့ မကြာသေးမီက ဖြစ်ပွားခဲ့သော တိုက်ပွဲသတင်းမှာ ဝိညာဉ်အာရုံဖြင့် သတင်းပို့လျှင်ပင် ရက်သတ္တပတ် အနည်းငယ် ကြာမြင့်ပေလိမ့်မည်။ ဟင်းလင်းပြင် တံခါးများ မပါဘဲ ဤနေရာသို့ ပြန်ရောက်ရန်မှာ ဆယ်စုနှစ်နှင့်ချီ၍ ကြာနိုင်ပေသည်။
ထိုစဉ်အတွင်း... သူတော်စင် တစ်ပါးသည် ခေါင်းအစ ခြေအဆုံး သံချပ်ကာများ ဝတ်ဆင်လျက် လှံရှည်ကြီးတစ်စင်းကို ကိုင်စွဲကာ အရှိန်အဝါကြီးမားစွာဖြင့် ရောက်ရှိလာတော့သည်။ သူသည် ခုနစ်ရောင်ခြယ် လိပ်စာစာစောင်တစ်ခုကို ထုတ်ယူကာ စီးဆင်းနေသော မြစ်တစ်စင်းကဲ့သို့ ဖြန့်ချလိုက်ရာ၊ အဂ္ဂိရတ် အလင်းတန်းများနှင့် မွှေးရနံ့များသည် ဟင်းလင်းပြင်အတွင်းသို့ ရေပန်းတစ်ခုကဲ့သို့ ပန်းထွက်လာတော့၏။ ထိုရနံ့မှာ အလွန်တရာမှပင် ခံချင်စဖွယ်ကောင်းပြီး မြင်တွေ့ရသည်မှာလည်း နတ်ဘုရားဆန်လှပေသည်။
"ပင်လယ်နှင့် ကောင်းကင် တက္ကသိုလ်ရဲ့ စီနီယာ လောကရှန့်ထို အဖြူရောင် ကောင်းကင်... ဒါက သင့်ကို ဖမ်းဆီးဖို့အတွက် ထုတ်ပြန်လိုက်တဲ့ အဂ္ဂိရတ် အမိန့်တော်ပဲ"
ထိုစကားကြောင့် လူတိုင်း၏ အကြည့်မှာ အဖြူရောင် ကောင်းကင်ထက်သို့ ကျရောက်သွားတော့သည်။
နက်ပစ်က လှောင်ပြုံးပြုံးလိုက်၏။
"နင် ဘာရာဇဝတ်မှု ကျူးလွန်ခဲ့တာလဲ"
***